cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

Більше
Рекламні дописи
27 155
Підписники
-124 години
-1197 днів
-26230 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Repost from RFA Burmese
သက်ငယ်မုဒိမ်းမှုပပျောက်ရေး ပူတာအိုဒေသခံထောင်ပေါင်းများစွာ ဆန္ဒပြတောင်းဆို ~~~ ■ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် ပူတာအိုဒေသခံ ထောင်ပေါင်းများစွာဟာ မေ ၁၃ ရက်နေ့က ပူတာအိုမြို့တွင်းကို လှည့်လည်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ပူတာအိုမြို့တွင်း ရပ်ကွက် ခြောက်ခုလောက်မှာ လှည့်လည်ဆန္ဒပြခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပူတာအိုဒေသခံ တစ်ဦးက ပြောပါတယ်။ "ဒုတ္တန်၊ လုံးစွတ်၊ ကောင်ကထောင်၊ လေယာဉ်ကွင်း၊ အောက်ချိုင့်၊ မြို့မစတဲ့ ရပ်ကွက်တွေမှာ လှည့်လည်ပြီး သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ဆန္ဒပြခဲ့တာပါ" ပူတာအိုဒေသခံ အသက် ၁၅ နှစ်အရွယ် မဒူနော်ဟာ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့ နေ့လယ်က ဒုတ္တန်ရပ်ကွက်မှာရှိတဲ့ လူသွားလူလာပြတ်တဲ့ သက်ကယ်တောမှာ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ပူတာအိုဒေသခံတွေက သက်ငယ်မုဒိမ်းမှုပပျောက်ရေး မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန် ....
Показати все...
သက်ငယ်မုဒိမ်းမှုပပျောက်ရေး ပူတာအိုဒေသခံ ထောင်နဲ့ချီ ဆန္ဒပြတောင်းဆို

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုမှာ အမျိုးသမီးငယ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

😢 10 3
Repost from Dawei Watch
မွန်ပြည်နယ်သားအချို့ပါသည့် တနင်္သာရီတိုင်း စစ်မှုထမ်းဒုတိယအသုတ် ယခုအပတ်အတွင်း သင်တန်းပေးမည်ဟုဆို စစ်ကောင်စီတပ်က ရပ်ရွာအတွင်းရှိလူငယ်များကို အတင်းအကျပ် လူသစ်စုဆောင်းနေသည့်အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် စစ်မှုထမ်းကင်းလွတ်ရာ ဒေသများကို အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြသည်။ ဓာတ်ပုံ - စစ်ကောင်စီလော်ဘီ တယ်ရီဂရမ်ချယ်နယ်။ သတင်းအပြည့်အစုံဖတ်ရန် > http://www.daweiwatch.com/2024/05/13/news/74693/
Показати все...
👍 17 1
Repost from AA Info Desk
၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းအကြမ်းဖက် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အများပိုင်ဈီးတိ ပျက်စီးမှုများ #AAInfoDesk May 13, 2024
Показати все...
👍 9🤬 1
Repost from MPANews
လွိုင်ကော်ထောင်တွင်း နိုင်ကျဉ်းများ ရိက္ခာပြတ်ပြီး ဗီတာမင်ချို့တဲ့ကာ အသက်အန္တရာယ်ရှိလာ 13 May 2024 By MPA CJ 004 ကရင်နီပြည်နယ်၊ လွိုင်ကော်ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဝင်စာပို့ခွင့်မရသဖြင့် ရိက္ခာပြတ်ကာ ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ၁၁ရက်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် တစ်လအကြာ၌ လွိုင်ကော်ထောင်တွင်း ရိက္ခာများ ပြတ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) ထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yj6up674 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Показати все...
🤬 25😢 5👍 1
Repost from PSLF/TNLA News
😢 12
Repost from PSLF/TNLA News
ကွတ်ခိုင်မြို့နယ်တွင် အမှိုက်မီးရှို့ရာမှ ဂတ်စ်ဗူးပေါက်ကွဲမှုဖြစ်ပွားပြီး မီးရှို့သူအမျိုးသမီးထိခိုက် ကွတ်ခိုင်၊ မေလ ၁၃ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၅) စစ်ဒေသ ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အမှိုက်များမီးရှို့ရာမှ အမှိုက်တွင် ပါလာသည့် ဂတ်စ်ဗူးပေါက်ကွဲပြီး မီးရှို့သူ၏ မျက်လုံးအား ထိမှန်သည့်အတွက် မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ရသည်။ ဖြစ်စဥ်မှာ အသက် (၅၈)နှစ်အရွယ်ရှိ ယာအေးအေးသည် ၎င်းအိမ်ခြံဝန်းအတွင်းရှိ အမှိုက်များကို မီးရှို့ဖျက်ဆီးရာ အမှိုက်ထဲတွင် ပါလာသည့် ဂတ်စ်ဗူးအဟောင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ၎င်း၏ ညာဘက်မျက်လုံးအား ထိမှန်သွားခဲ့သည်။ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ၎င်းအိမ်နီးနားချင်းတစ်ဦးက မြင်တွေ့ခဲ့ပြီး ယာအေးအေးအား ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူနေလျက်ရှိသည်။ နောင်တွင် ထိုကဲသို့ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများအား အမှိုက်စနစ်တကျ စွန့်ပစ်ရန်အတွက် ပညာပေးမှု၊ အရေးယူဆောင်ရွက်မှုအား အရှိန်မြှင့်ကာ လုပ်ဆောင်သွားရန် အထူးလိုအပ်သလို၊ ပြည်သူများအနေဖြင့် ဘေးကင်းရန်အတွက် အမှိုက်များ စနစ်တကျစွန့်ပစ်လိုအပ်ပါကြောင်း ယခုဖြစ်ရပ်မှ မီးမောင်းထိုးပြလိုက်သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Показати все...
😢 18👍 3
Repost from PSLF/TNLA News
🥰 11👍 6
Repost from PSLF/TNLA News
အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ Focal Person Training ကို (၈) ကြိမ်မြောက် သင်တန်းပို့ချ နမ္မတူ၊ မေလ ၁၃ ရက် တအာင်းပြည်တွင်းသတင်း တအာင်းပြည်၊ တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ်တွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ နမ္မတူ မြို့နယ်ရှိ ကျေးရွာ (၁၄) ရွာမှ ဒေသခံအမျိုးသမီး(၂၈) ဦးခေါ်ယူပြီး Focal person Training သင်တန်း ပို့ချပေးခဲ့ပါသည်။ အဆိုပါ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ပို့ချပေးသည့်သင်တန်းမှာ အခြေခံလူအခွင့်အရေး ဘာသာရပ်၊ အမျိုးသမီးအခွင့်အရေးဘာသာရပ်၊ Public Speaking Skill ဘာသာရပ်တို့ကို (၅)ရက်တိုင်တိုင် ပို့ချပေးခဲ့ပါသည်။ သင်တန်းတွင် ရပ်ရွာများအတွင်း လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးပညာပေးလုပ်ငန်းများကို အမျိုးသမီးများမှ ဦးဆောင်ပြီး လုပ်ဆောင်နိုင်ရန်၊ အကယ်၍ ရပ်ရွာထဲတွင် အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သင်တန်းတက်ရောက်လာသည့် အမျိုးသမီးကိုယ်စားလှယ်မှတဆင့် အမျိုးသမီးရုံးသို့ တိုင်ကြားတက်စေရန် သင်ကြားပြသပေးပါသည်။ အဆိုပါ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ပို့ချပေးသည့်သင်တန်း၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး သိရှိနားလည်ရန်၊ အမျိုးသမီးများကိုယ်တိုင် မိမိတို့ ရပိုင်ခွင့်အခွင့်အရေးအား ကာကွယ်မြှင့်တင်နိုင်ရန်အတွက် ပညာပေးသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Показати все...
👍 19 4