cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

Ko'proq ko'rsatish
Reklama postlari
27 041
Obunachilar
+724 soatlar
+117 kunlar
-25930 kunlar
Post vaqtlarining boʻlagichi

Ma'lumot yuklanmoqda...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Nashrni tahlil qilish
PostlarKo'rishlar
Ulashishlar
Ko'rish dinamikasi
01
စစ်တွေဗျိုင်းဖြူရွာမှ အပြစ်မဲ့ ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိစေရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်တောင်းဆို AB News-ဇွန် ၄၊ ၂၀၂၄
6932Loading...
02
မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ အထိ မြင့်တက်လာ မင်းကင်း၊ ဇွန် ၄၊ ၂၀၂၄ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာ မင်္ဂလာဆောင်ကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၈ ဦးအပါအဝင် သေဆုံးသူ ၃၀ အထိ စာရင်းရှိလာပြီလို့ သိရပါတယ်။ သေဆုံးသူတွေအားလုံးဟာ မတောရွာဝန်းကျင် ရွာ ၅ရွာက ပြည်တွေသူဖြစ်တယ်လို့ မတောရွာဒေသခံတဦးက ပြောပါတယ်။ “ ကျနော်တို့က လေယာဉ်သံကြားလို့ ဝပ်ပစ်လိုက်တာ၊ အဲ့တာမို့ လွတ်ခဲ့တာ။ တယောက်ဆို မှန်လို့သေတာ မဟုတ်ဘူး၊ အုန်းပင်ပိလို့ သေတာ၊ အုန်းပင်တွေဆိုအမြစ်ကနေကို ကျွတ်ပြီးလဲတာ။ ဗုံးထိပ်တိုက်ကျတဲ့သူတွေက ခါးပြတ်ကြီးနဲ့ လွင့်သွားတာ။ အော်နေတဲ့သူတွေကတော့ ဒုနဲ့ဒေးပဲ၊ ခြေထောက်ပြတ်တဲ့သူဆို ဒရွတ်တိုက်ဆွဲနေရတာ၊ ကယ်ကြပါဦး ပစ်မထားကြပါနဲ့၊ ခြေထောက်ကြီး ဘာဖြစ်သွားလဲမသိဘူး လုပ်ကြပါဦး။ အော်တဲ့သူတွေရော၊ အော်ငိုတဲ့ကလေးက ငို၊ ပွဲချင်းပြီး သေတဲ့ကလေးကသေ တော်တော်ဆိုးဆိုးပါ "လို့ လေကြောင်းတိုက်ခိုက်မှုကလွတ်မြောက်လာတဲ့ မတောရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။ https://www.myaelattathan.org/articles/မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု_ကလေးငယ်_၈ဦးအပါ_သေဆုံးသူ၃၀အထိ_မြင့်တက်လာ
8772Loading...
03
သို့/ ဗဟိုကော်မတီ ကယန်းပြည်သစ်ပါတီ အကြောင်းအရာ။ ။ နှစ် (၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားသို့ သဝဏ်လွှာပေးပို့ခြင်း။ ကလလတ
8801Loading...
04
သို့/ ဗဟိုကော်မတီ ကယန်းပြည်သစ်ပါတီ အကြောင်းအရာ။ ။ နှစ် (၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားသို့ သဝဏ်လွှာပေးပို့ခြင်း။
8270Loading...
05
ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည် စစ်​ရေးအ​ခြေအ​နေဘယ်လိုရှိ​နေလဲ ဇွန် ၄ ၊ ၂၀၂၄ အကြမ်းဖက်စစ်တပ်နဲ့သူတို့လက်​အောက်ခံပျူ​စောထီး​တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလက​နေစပြီး​တော့ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်​ရေးအရအ​ရေးပါပြီး အချက်အခြာကျ​တဲ့ နေရာတချို့ကို အထိုင်ချတပ်စွဲလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ရေပိုလွှဲ ၁၂ ​ပေါက်အနီးဘုရားကုန်း၊တန့်ဆည်မြို့နယ်နဲ့ကန့်ဘလူမြိူ့နယ်အစပ်က သဲကုန်းရွာ အဲ့ဒီ​နေရာ ၂ ခုကို စစ်​ကောင်စီနဲ့ပျူ​စောထီးပူး​ပေါင်းအဖွဲ့​တွေက အထိုင်ချတပ်စွဲခဲ့ပါတယ်။ ​စစ်​ကောင်စီတပ်ဟာ အထက်က ၂ ​နေရာတပ်စွဲပြီးတစ်လအကြာ မေလ​နောက်ဆုံးအပတ်ထဲမှာ​တော့ ကန့်ဘလူမြို့နယ် ကင်းတပ်ဆည်အနီးက ကင်း​တောင်၊တန့်ဆည်မြို့​ပေါ်က ယခင်လက်လွှတ်ခဲ့ရ​သော မြို့အဝင်အထွက်​နေရာအများစု၊တန့်ဆည်မြို့နယ် ဝါးရငယ်၊ရွာသစ်နဲ့ခနုသည်ရွာ​တွေအနီးကို စစ်​ရေးအရနယ်​မြေတိုးချဲ့အထိုင်ချတပ်စွဲလာတာကို ​တွေ့ရပါတယ်။ ယခုစစ်​ကောင်စီတပ်နဲ့ပျူ​စောထီး​တွေအထိုင်ချတပ်စွဲလာတဲ့​နေရာအများစုဟာ ယခင်က ၄င်းတို့တပ်ဖွဲ့​တွေအထိုင်ချတပ်စွဲထားတဲ့ မြို့၊ပျူ​စောထီးရွာ​တွေနဲ့ စစ်တပ်အထိုင်​စခန်းတွေအနီးမှာဖြစ်တာ​ကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်​တွေအ​နေနဲ့ ထိုးစစ်ပြုလုပ်တဲ့အချိန်မှာ ယခင်ကထက် ပိုမိုခက်ခဲလာမယ့်အ​ခြေအ​နေလို့ဆိုနိုင်ပါတယ်။ စစ်​ကောင်စီဟာ ၄င်းတို့အထိုင်ချတပ်စွဲနိုင်ရန် ပြင်ဆင်​နေစဥ်ကာလမှာလည်း ​စစ်​​ကြောင်းထိုးလှုပ်ရှားလျက်ရှိပြီး ​​ကျေးရွာတွင်း​နေအိမ်များသာမက စစ်​ရှောင်တဲများအထိပါ လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။ဒါ့အပြင် စစ်​ဘေး​ရှောင်ပြည်သူများကို ပစ်မှတ်ထားကာ ဒရုန်း၊လက်နက်ကြီးများနဲ့ မကြာခဏပစ်ခတ်လာတာကိုလည်း ​တွေ့ရပါတယ်။ အခုလိုစစ်​ကောင်စီတပ်က အထိုင်စခန်း​တွေ ထပ်မံတိုးချဲ့လာတာ​ကြောင့် ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်တပ်အထိုင်စခန်းနဲ့နီးတဲ့ ​ကျေးရွာ ၁၀ ရွာ​ကျော်က စစ်ရှောင် ၅၀၀၀ နီးပါးဟာလက်ရှိအချိန်ထိထွက်​ပြေးတိမ်း​ရှောင်​နေရပြီး အမြဲတမ်းစစ်​ဘေး​ရှောင်ရ​တော့မယ့်အ​ခြေအ​နေဖြစ်ကာ လယ်ယာစိုက်ပျိုး​ရေးလုပ်ငန်း​တွေပါ စွန့်ပစ်ရမယ့်အ​နေအထား​ကြောင့် စားဝတ်​နေ​ရေးကြပ်တည်းလာနိုင်ပါတယ်။ တခါ အကြမ်းဖက်စစ်​ကောင်စီတပ်ဟာ ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်​​တွေထဲကရွာ​တွေကို အမျိုးသား​တွေသာမက အမျိုးသမီး​တွေကိုပါ စစ်မှုထမ်းဖို့ဆိုပြီး မလိုက်မ​နေရပုံစံနဲ့ အတင်းအကြပ်လိုက်လံစည်းရုံး​နေတာ​ကြောင့် ​နေရပ်စွန့်ခွာ​ထွက်​ပြေးတိမ်း​ရှောင်သူ​တွေ ပိုမိုများပြားလာ​နေပါတယ်။ လက်ရှိအချိန်ထိ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲမှာ စစ်​ကောင်စီနဲ့ပျူ​စောထီး​​တွေ ပူး​ပေါင်းအထိုင်ချတပ်စွဲထားတဲ့ စစ်စခန်းနဲ့ပျူ​စောထီးစခန်းကြီးငယ် ၆၀ ​ကျော်အထိရှိ​နေပါတယ်။ ဓါတ်ပုံ–ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့​နယ်​တွေထဲက စစ်စခန်းများအ​ခြေပြ​မြေပုံ #infinitygroup
1 0661Loading...
06
Media files
9500Loading...
07
တရုတ်ဝယ်လက် မရှိသလောက်ဖြစ်ပြီး ဈေးကွက်ပျက်နေကာ အရောင်းအဝယ်များ ရပ်တန့်နေသော် လည်း နေပြည် တော် ကျောက်မျက်ပွဲများတွင်မူ လက်ရှိ ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းများကြောင့် ငွေသားကိုင် မထား လိုသည့် လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများက သိုလှောင်ရန် အများဆုံး ဝယ်ယူနေကြောင်း Website တွင် ဖတ်ရန် https://bit.ly/455lBNP #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
1 0110Loading...
08
ထိုင်းတွင် ကွန်ဒိုဝယ်ယူမှုဖြင့် လူ ၅ ဦးကို စစ်ကောင်စီဖမ်းဆီး - ပြည်ပနိုင်ငံများမှ တိုက်ခန်းများကို ရောင်းသူများသာမက ဝယ်ယူသူများကိုပါ ဖမ်းမည်ဟုကြေညာ - ပြည်ပတွင်ဘဏ်စာရင်းဖွင့်ထားသူများကိုပါ ဖမ်းမည်ဟုခြိမ်းခြောက် Myanmar Now ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူမှုဖြင့် မြန်မာနိုင်ငံမှ တိုက်ခန်းရောင်းချပေးသူ နှစ်ဦးနှင့် ဝယ်ယူသူသုံးဦးတို့ကို ဖမ်းဆီးကြောင်း စစ်ကောင်စီက ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင် ကြေညာခဲ့သည်။ ထို့ပြင် ထိုင်းအပါအဝင် ပြည်ပနိုင်ငံများတွင် တိုက်ခန်းဝယ်ယူသူများကို ဆက်လက်ဖမ်းဆီးမည်ဟုလည်း စစ်ကောင်စီကြေညာခဲ့သည်။ https://www.facebook.com/myanmarnownews/posts/pfbid027s1156nsQRi2HjNEZsEwqxf69i7Ptic6EcmSKEkAs5CTptqmBg5SFLc59qFpUWtul
1 8063Loading...
09
စစ်ကောင်စီ ကျောင်းတွေမှာ ကျောင်းအပ်နှံသူ ရှစ်သောင်းခန့် လျော့ကျ
2 3940Loading...
10
ဘန်ကောက်တွင် မြန်မာအပါအဝင် လိင်လုပ်သားများ ရိုက်နှက်စော်ကားခံရသည်ကို ရဲ မတိုင်ရဲကြ 3 Jun 2024 By MPA ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာအပါအဝင် လိင်လုပ်သားများသည် ပြည့်တန်ဆာမှုဖြင့် တရားစွဲခံရမည်ကို ကြောက်သောကြောင့် ရိုက်နှက်စော်ကားခံရသည့်အပေါ် ရဲမတိုင်ရဲကြကြောင်း Bangkok Post သတင်း၌ ဖော်ပြသည်။ ထိုင်းနိုင်ငံ၏ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ ပြည့်တန်ဆာအလုပ်ဖြင့် ၀င်ငွေရှာနေသည့် အသက် ၁၆ နှစ်အထက် မည်သူမဆို ထောင်ဒဏ် ခုနှစ်နှစ်မှ နှစ် ၂၀ အထိနှင့် ဒဏ်ငွေ ဘတ် ၁၄၀၀၀ မှ ဘတ် ၄၀၀၀၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး အခြားသူများကို ပြည့်တန်ဆာလုပ်ကိုင်ရန် အတင်းအကျပ် ခိုင်းစေသူများသည်လည်း ထောင်ဒဏ် တစ်သက် ချမှတ်ခံရနိုင်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yp3uykb8 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
2 4701Loading...
11
မင်းကင်းတွင် ကာကွယ်ရေးအဖွဲ့ဝင်မင်္ဂလာပွဲကို လေကြောင်းမှ ဗုံးကြဲ၊ သတို့သားအပါအဝင် ၇ ဦးသေဆုံး *********************** Myanmar Now / ဇွန် ၃ ယနေ့ (ဇွန် ၃) နံနက်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) အမျိုးသမီး တစ်ဦး၏ မင်္ဂလာပွဲ ကျင်းပနေစဉ် လေကြောင်းမှဗုံးကြဲခံရပြီး သတို့သားအပါအဝင် ၇ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်ဟု တော်လှန်ရေးအင်အားစုများထံမှ ကနဦးသိရသည်။ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးအောက်ဘက်ရှိ မတောကျေးရွာတွင် ပြုလုပ်နေသည့် အဆိုပါမင်္ဂလာပွဲကို နံနက် ၈ နာရီခွဲခန့်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ https://www.facebook.com/myanmarnownews/posts/pfbid0NeX6KfsQPqqbqjTS4uaRw2CNnfueXrTLm2Nb7CdgBXMVUYgqBiUL568hxrzYt6w9l
2 1082Loading...
12
ရခိုင်တွင် သိမ်းပိုက်ရန်ကျန်နေသည့် မြို့များကို AA ထိုးစစ်ဆင်မည် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * အာရက္ခတပ်တော်(AA) သိမ်းပိုက်ရန်ကျန်နေသည့် ရခိုင်ပြည်နယ်ရှိ မြို့များအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု AA က သတင်းထုတ်ပြန်သည်။ ကျန်ရှိနေသောမြို့များဖြစ်သည့် အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မာန်အောင်မြို့တို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို တခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု AAက ၂၀၂၄ခုနှဏ် ဇွန်လ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ရခိုင်ဒေသတွင်းရှိ မြို့များကို AA သည် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နေရာ စစ်ကောင်စီသည် ၎င်းတို့၏ လက်ကျန်စခန်းများ မဆုံးရှုံးစေရန်အတွက် ခုခံစစ်များကို ပြင်ဆင်နေရသည့်အပြင် တန်ပြန်ထိုးစစ်အတွက်လည်း ကြိုးပမ်း‌နေသည်ဟု သိရသည်။ စစ်ကောင်စီသည် ယင်းသို့လုပ်ဆောင်မှုများနှင့်အတူ ဆေးရုံ၊ ရပ်ရွာ၊ မြို့များနှင့် အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရော့ဗုံးချတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေသည်ဟု ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်နှင့် AA တို့သည် သံတွဲမြို့နှင့် မောင်တောမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။ AA သည် ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။ News : https://www.tachileik.net/mm/news/36152 #TachileikNewsAgency
1 8991Loading...
13
မရာအချင်းချင်းအကြား ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ရေး ကိစ္စမှာ အားသွန်ခွန်စိုက် ပါမယ်လို့ MTC ထုတ်ပြန် ဇွန်လ ၃ ရက်။ မရာမျိုးနွယ်စုအချင်းချင်း ထိတွေ့တိုက်ပွဲမရှိစေရန်နဲ့ မရာအချင်းချင်းကြား ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းနိုင်ရေး ဖြစ်စဉ်မှာ အားသွန်ခွန်စိုက် ပါဝင်မယ်လို့ Maraland Territorial Council – (MTC) ကဒီကနေ့ ဇွန် (၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မရာဧဝံဂလိအသင်းတော် - MEC ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် MTC/MDF နဲ့ IMC/CDF-Mara အကြား ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခြင်းနဲ့ ပက်သက်ပြီး ပြန်လည်ပေါင်းစည်းရေးကော်မတီကို စေလွှတ်မယ့် ကိုယ်စားလှယ်ကိုလည်း ရွေးချယ်တည်ပြုတာတွေ ဆောင်ရွက်ခဲ့တယ်လို့ MTC က ထုတ်ပြန်ထားပါတယ်။
1 8241Loading...
14
DAILY HIGHLIGHTS (02 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်မှု အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ဘဲ ရန်သူ့လက်ထဲ ပြန်မရောက်ရေး စုပေါင်းကာကွယ်ရန် KNLA ဗိုလ်မှူးချုပ် တာမလာသော သတိပေး – KT မြဝတီမြို့ဝင်ဆိုင်ဘုတ်အနီးတွင် အောင်ဇေယျစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား – MZM ဟုမ္မလင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်းနှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ – KT စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးကို ရာထူးတိုး အပြောင်းအရွှေ့ပြုလုပ် – KT 📰 နိုင်ငံရေးထူးခြားသတင်းများ KTLA ပြောခွင့်ရ ဗိုလ်မှူးစောအင်္ဂလိပ် BGF နဲ့ပြန်ပူးပေါင်း၊ လက်နက်တချို့ယူဆောင်သွား – SP 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း – RFA 📰 စီးပွားရေးထူးခြားသတင်းများ ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထွက်၊ ဝိန့်စိန်နှင့် အကယ်ဒမီ ရွှေလုပ်ငန်း အပါ အဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ် – KT 📰 အခြားထူးခြားသတင်းများ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက်ကြောင်းရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ စစ်ကောင်စီ လက် အောက်ခံ စသုံးလုံးက လုပ်ဆောင်နေ – KT ဒီနှစ်အတွက် ကျောင်းအပ်နှံသူ ခြောက်သန်းကျော်ရှိကြောင်း စစ်ကောင်စီပြော – RFA #rangoonscoutnetwork
1 7460Loading...
15
ရန်ကုန်တိုင်းအတွင်း မေလ စစ်ရေးဖော်ဆောင်မှုများ •••••••••••••••®••••••••••••••• ဇွန် ၃၊ ၂၀၂၄ ရန်ကုန်တိုင်းအတွင်းတွင် မေလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၂၂) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၁၆) ကြိမ်၊ လုပ်ကြံမှု (၃) ကြိမ်တို့ပါဝင်ခဲ့ကာ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၃) ကြိမ်ထိ ရှိခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်များစေသည့် အောင်မင်္ဂလာအဝေးပြေးရှေ့စစ်ကောင်စီတပ်စခန်း၊ မြောက်ဒဂုံ (၃၂) ရပ်ကွက်ရုံး၊ ဒဂုံဆိပ်ကမ်း လဝကရုံး၊ ပေါက်တောဝဘန်ကာ၊ ရွှေနံ့သာအုပ်ချုပ်ရေးရုံးနှင့် ရွှေပြည်သာ အာမီရမ်စက်ရုံရှေ့ကင်းစခန်းတို့အား ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည့်အပြင် အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက်ရုံးအတွင်းသို့ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ #rangoonscoutnetwork
1 6942Loading...
16
Media files
1 6310Loading...
17
“မြန်မာစစ်တပ်အတွင်းက လူသားများ” Humans Inside Myanmar Military | အနုပညာ တင်ဆက်မှုများ ဖိတ်ခေါ်ခြင်း မြန်မာစစ်တပ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ခွဲခြားဖိနှိပ်မှုအတွေ့အကြုံများ အား ထင်ဟပ်သရုပ်ဖော်ထားသည့် အနုပညာတင်ဆက်မှု (ကဗျာ/ဆောင်းပါး/ပန်းချီ/ ကာတွန်း/သီချင်း/ဗီဒီယို) တွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ရင်ခွင်ခိုလှုံ၍ ပြည်သူနှင့်အတူ ရပ်တည်ခဲ့ကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များနှင့် ၄င်းတို့၏ မိသားစု၀င်များ ကိုယ်တိုင်ရေးသား ထုတ်ဖော် ပြောဆိုသော မြန်မာစစ်တပ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ခွဲခြားဖိနှိပ်မှုအတွေ့အကြုံများ အား အများပြည်သူသို့ ထုတ်ပြန်အသိပေးရန်အတွက် “မြန်မာစစ်တပ်အတွင်းက လူသားများ” အနုပညာတင်ဆက်မှု အစီအစဥ်အား ပြည်သူ့ပန်းတိုင်မှ ကမကထပြု လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အစီအစဥ်တွင် မိမိကြိုက်နှစ်သက်ရာ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ သီချင်း၊ ဗီဒီယို စသည့် အနုပညာဖန်တီးသရုပ်ဖော်မှုများဖြင့် ပါဝင်ယှဉ်ပြိုင် ပေးပို့နိုင်ပြီး မေလ (၂၆) မှ ဇွန်လ (၂၅) အထိ တလကြာ ဖိတ်ခေါ် သွားမည်ဖြစ်သည်။ အောက်ပါအချက်များနှင့် ကိုက်ညီသူများ ပါ၀င်နိုင်ပြီး အရွေးချယ်ခံရသည့် artwork များအား ဇူလိုင်လ ပထမပတ်အတွင်း ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ပါသည်။ ရွေးချယ်ခံရသည့် artworks (၁၀) ခု အတွက် စာပေအနုပညာကြေးများ ပေးအပ်သွားမည်ဖြစ်ပြီး ၄င်း သရုပ်‌ဖော်တင်ဆက်မှုများအား မြန်မာ့နွေဦးတော်လှန်ရေးနှင့် တသားတည်းရပ်တည်နေကြသည့် ကမ္ဘာ့ပြည်သူများထံ ပြည်သူ့ပန်းတိုင်က မျှဝေသွားမည်ဖြစ်ပါသည်။ ၁။ အနုပညာသရုပ်ဖော်မှုများသည် မြန်မာစစ်တပ်အတွင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် အခြေခံသည့် တင်ဆက်မှု၊ ဖော်ပြမှု ဖြစ်ရမည်။ ၂။ ရေးသားပေးပို့သူသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက် ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များနှင့် ၎င်းတို့၏ မိသားစု၀င်များ ဖြစ်ရမည်။ ၃။ မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံပေါ် အခြေခံသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဖြစ်ရမည်။ ၄။ မည်သည့် အဖွဲ့အစည်းတွင်မှ ပေးပို့ထားခြင်း မလုပ်ရသေးသည့် ကိုယ်ပိုင်လက်ရာများဖြစ်ရမည်။ ၅။ ပြည်သူ့ပန်းတိုင် အယ်ဒီတာအဖွဲ့၏ မူများနှင့်အညီ ဆုံးဖြတ်သည့် ရလဒ်များအား လေးစားလိုက်နာနိုင်သူဖြစ်ရမည်။ ၆။ ရွေးချယ်ခံရသည့် artworks (၁၀) ခုအား ပြည်သူ့ပန်းတိုင်အဖွဲ့၏ လူမူကွန်ရက်စာမျက်နှာများတွင် အများပြည်သူသို့ တင်ဆက်သွားမည်ဖြစ်သည်။ ၇။ အနုပညာလက်ရာများသည် ပေးပို့လာသူများ၏ မူပိုင်ဖြစ်ပြီး ပြည်သူ့ပန်းတိုင်အနေဖြင့် အခြား platform များတွင် တင်ဆက်မှုများ ပြုလုပ်လိုပါက တိုင်ပင်ညှိနှိုင်းသွားမည် ဖြစ်သည်။ ၈။ စာမူအနုပညာများအား အီးမေးလ် [email protected] သို့ Subject Line တွင် “Art Submission: (မိမိ ၏ တင်ဆက်မှု လက်ရာ အမည်) ကို ပူးတွဲ ရေးသား ပေးပို့ရမည် (သို့) Telegram https://t.me/PeopleGoal သို့ ပေးပို့နိုင်ပါသည်။ ၉။ ပေးပို့ယှဉ်ပြိုင်သူ၏ CDM Code၊ ဆက်သွယ်ရန် ဖုံးနံပါတ်၊ Signal၊ Telegram၊ Viber များ ပူးတွဲပေးပို့ပါရန် နှင့် CDM Code မရရှိသေးပါက မိမိအား ထောက်ခံနိုင်သည့် CDM Code ရှိသူတစ်ဦး၏ ဆက်သွယ်ရန် နံပါတ်ပါ၀င်ရပါမည်။ ၁၀။ နောက်ဆုံးပေးပို့ရမည့် ရက်မှာ ဇွန်လ (၂၅) ရက်နေ့ ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက - ပြည်သူ့ပန်းတိုင် Facebook Page Messenger ၊ Telegram https://t.me/PeopleGoal နှင့် Viber (+66 94 652 9985) တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ #HumansInsideMyanmarMilitary #PeoplesGoal #ပြည်သူ့ပန်းတိုင်
1 5660Loading...
18
ရွှေဈေးကွက်ကို သေနတ်ဖြင့်ထောက် လက်ထိပ်ခတ်ကာ လိုသလိုပုံဖော်ရန် စစ်ကောင်စီ ကြိုးပမ်းနေဟုဆို 2 June 2024 By Bala / MPA ရွှေဈေးကွက်ကို သေနတ်ဖြင့်ထောက် လက်ထိပ်ခတ်ကာ လိုသလိုပုံဖော်ရန် စစ်ကောင်စီ ကြိုးပမ်းနေပြီဟု ရန်ကုန်မြို့တွင်းရှိ ရွှေပွဲစားတစ်ဦးကပြောသည်။ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဈေးကစားနေသည့် ရွှေလုပ်ငန်းရှင်နှင့်ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ် ဆေးလျက်ရှိပြီး ရွှေလုပ်ငန်းရှင်နှင့်ပွဲစား စုစုပေါင်း၁၀ဦးကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ကောင်စီ ဆောင်ရွက်နေကြောင်း ဇွန်လနှစ်ရက်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများ၌ ထုတ်ပြန်ခဲ့ သည့်အပေါ် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4ex36ft8 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
1 5340Loading...
19
ရန်ကုန်မှတ်တမ်း (မေ ၃၁ - ဇွန် ၂၊ ၂၀၂၄) •••••••••••••••®••••••••••••••• ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံ တစ်ချက် ကျယ်လောင်စွာကြားလိုက်ရခြင်းမှာ Yangon UG People Army တပ်ဖွဲ့မှ မင်္ဂလာဒုံရဲစခန်းဝန်း အိမ်ထောင်သည်လိုင်းခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ သာယာကုန်းကျေးရွာ၌ ရာအိမ်မှူး ထွန်းထွန်းဦးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရှိရသည်။ ည ၈ နာရီခန့်ကလည်း မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်အနီးဝန်းကျင်မှ သေနတ်ပစ်ခတ်သံများကြားလိုက်ရကြောင်း သတင်းရရှိထားပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းမှာ Together Urban Force တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ ရွှေဈေးနှုန်းများ မြင့်တက်အောင်လုပ်နေသည်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးရှိ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ စသည့် ရွှေဆိုင်လုပ်ငန်းပိုင်ရှင်များနှင့် ကုန်သည် ၁၀ ဦးတို့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ မွန်းလွဲချိန်ကပင် ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင် အယောက် ၂၀ ခန့်ကို စသုံးလုံးရုံးဌာနသို့ ခေါ်ထားခဲ့ပြီး စစ်ဆေးနေခဲ့ကြောင်းလည်း သိရှိရသည်။ ထိုသို့ ရွှေလုပ်ငန်းရှင် စုစုပေါင်း အယောက် ၅၀ ခန့်ကို ခေါ်ယူစစ်ဆေး ဝရမ်းများထုတ်ပြန်ပြီးနောက် ယနေ့တွင် ရွှေဈေးပြန်ကျသွားသည်ဟုလည်း စစ်ကောင်စီ လော်ဘီမီဒီယာများမှ ဆိုထားသည်။ NLD ပါတီ နာယကဖြစ်သည့် သူရဦးတင်ဦး ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိန်အချိန်တွင် ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။ #rangoonscoutnetwork
1 5392Loading...
20
အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းခဲ့ကြပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုများကို လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန်ခဲ့သော ဖက်ဆစ် စစ်ကောင်စီအား ကန့်ကွက်ရှုတ်ချကြောင်း နှင့် သတိပေးထုတ်ပြန်ကြေညာချက် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၁) ရက် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂) ရက်
1 8661Loading...
21
ရွှေစျေးနှုန်းများ မတည်ငြိမ်အောင်လုပ်သည်ဟုဆိုကာ ရွှေလုပ်ငန်းရှင် (၇)ဦးနှင့် ပွဲစား(၃)ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရွှေစျေးနှုန်းများ မတည်ငြိမ်အောင်လုပ်သည်ဟုဆိုကာ ရွှေလုပ်ငန်းရှင် (၇)ဦးနှင့် ပွဲစား(၃)ဦးကို စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂)ရက် နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။ ဖမ်းဝရမ်းထုတ်ခံရသည့် ရွှေလုပ်ငန်းရှင်များမှာ စိန်ကျော်မိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်း၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးမျိုးသူဝင်း၊ ခရမ်းသုံးခွရွှေဆိုင်ပိုင်ရှင် ဦးသက်နောင်ဝင်း၊ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးအေးကြူနှင့် ပွဲစားများဖြစ်သည့် ဦးကျော်ဝင်း(ခ)ပန်းသီး၊ ဦးညီညီဦး(ခ)ချက်ကြီးနှင့် ဒေါ်တင်တင်ခိုင် (ခ)စန္ဒာတင်တို့ ဖြစ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အခေါက်ရွှေတစ်ကျပ်သား ငွေကျပ်(၅၉)သိန်းအထိ မြင့်တက်သွားသဖြင့် စစ်ကောင်စီက လုပ်ငန်းရှင်(၂၁) ဦးအား ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့၏ ထွက်ဆိုချက်အရ အဆိုပါ (၁၀)ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ခြင်းဖြစ်သည်။ အဆိုပါ(၁၀)ဦးသည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ News : https://www.tachileik.net/mm/news/36145 #TachileikNewsAgency
1 9017Loading...
22
Media files
2 2701Loading...
စစ်တွေဗျိုင်းဖြူရွာမှ အပြစ်မဲ့ ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိစေရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်တောင်းဆို AB News-ဇွန် ၄၊ ၂၀၂၄
Hammasini ko'rsatish...
👍 12🔥 2
မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ အထိ မြင့်တက်လာ မင်းကင်း၊ ဇွန် ၄၊ ၂၀၂၄ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာ မင်္ဂလာဆောင်ကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၈ ဦးအပါအဝင် သေဆုံးသူ ၃၀ အထိ စာရင်းရှိလာပြီလို့ သိရပါတယ်။ သေဆုံးသူတွေအားလုံးဟာ မတောရွာဝန်းကျင် ရွာ ၅ရွာက ပြည်တွေသူဖြစ်တယ်လို့ မတောရွာဒေသခံတဦးက ပြောပါတယ်။ “ ကျနော်တို့က လေယာဉ်သံကြားလို့ ဝပ်ပစ်လိုက်တာ၊ အဲ့တာမို့ လွတ်ခဲ့တာ။ တယောက်ဆို မှန်လို့သေတာ မဟုတ်ဘူး၊ အုန်းပင်ပိလို့ သေတာ၊ အုန်းပင်တွေဆိုအမြစ်ကနေကို ကျွတ်ပြီးလဲတာ။ ဗုံးထိပ်တိုက်ကျတဲ့သူတွေက ခါးပြတ်ကြီးနဲ့ လွင့်သွားတာ။ အော်နေတဲ့သူတွေကတော့ ဒုနဲ့ဒေးပဲ၊ ခြေထောက်ပြတ်တဲ့သူဆို ဒရွတ်တိုက်ဆွဲနေရတာ၊ ကယ်ကြပါဦး ပစ်မထားကြပါနဲ့၊ ခြေထောက်ကြီး ဘာဖြစ်သွားလဲမသိဘူး လုပ်ကြပါဦး။ အော်တဲ့သူတွေရော၊ အော်ငိုတဲ့ကလေးက ငို၊ ပွဲချင်းပြီး သေတဲ့ကလေးကသေ တော်တော်ဆိုးဆိုးပါ "လို့ လေကြောင်းတိုက်ခိုက်မှုကလွတ်မြောက်လာတဲ့ မတောရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။ https://www.myaelattathan.org/articles/မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု_ကလေးငယ်_၈ဦးအပါ_သေဆုံးသူ၃၀အထိ_မြင့်တက်လာ
Hammasini ko'rsatish...
😢 23🤬 7
သို့/ ဗဟိုကော်မတီ ကယန်းပြည်သစ်ပါတီ အကြောင်းအရာ။ ။ နှစ် (၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားသို့ သဝဏ်လွှာပေးပို့ခြင်း။ ကလလတ
Hammasini ko'rsatish...
👍 10👏 1
သို့/ ဗဟိုကော်မတီ ကယန်းပြည်သစ်ပါတီ အကြောင်းအရာ။ ။ နှစ် (၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားသို့ သဝဏ်လွှာပေးပို့ခြင်း။
Hammasini ko'rsatish...
Repost from Infinity Group
ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည် စစ်​ရေးအ​ခြေအ​နေဘယ်လိုရှိ​နေလဲ ဇွန် ၄ ၊ ၂၀၂၄ အကြမ်းဖက်စစ်တပ်နဲ့သူတို့လက်​အောက်ခံပျူ​စောထီး​တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလက​နေစပြီး​တော့ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်​ရေးအရအ​ရေးပါပြီး အချက်အခြာကျ​တဲ့ နေရာတချို့ကို အထိုင်ချတပ်စွဲလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ရေပိုလွှဲ ၁၂ ​ပေါက်အနီးဘုရားကုန်း၊တန့်ဆည်မြို့နယ်နဲ့ကန့်ဘလူမြိူ့နယ်အစပ်က သဲကုန်းရွာ အဲ့ဒီ​နေရာ ၂ ခုကို စစ်​ကောင်စီနဲ့ပျူ​စောထီးပူး​ပေါင်းအဖွဲ့​တွေက အထိုင်ချတပ်စွဲခဲ့ပါတယ်။ ​စစ်​ကောင်စီတပ်ဟာ အထက်က ၂ ​နေရာတပ်စွဲပြီးတစ်လအကြာ မေလ​နောက်ဆုံးအပတ်ထဲမှာ​တော့ ကန့်ဘလူမြို့နယ် ကင်းတပ်ဆည်အနီးက ကင်း​တောင်၊တန့်ဆည်မြို့​ပေါ်က ယခင်လက်လွှတ်ခဲ့ရ​သော မြို့အဝင်အထွက်​နေရာအများစု၊တန့်ဆည်မြို့နယ် ဝါးရငယ်၊ရွာသစ်နဲ့ခနုသည်ရွာ​တွေအနီးကို စစ်​ရေးအရနယ်​မြေတိုးချဲ့အထိုင်ချတပ်စွဲလာတာကို ​တွေ့ရပါတယ်။ ယခုစစ်​ကောင်စီတပ်နဲ့ပျူ​စောထီး​တွေအထိုင်ချတပ်စွဲလာတဲ့​နေရာအများစုဟာ ယခင်က ၄င်းတို့တပ်ဖွဲ့​တွေအထိုင်ချတပ်စွဲထားတဲ့ မြို့၊ပျူ​စောထီးရွာ​တွေနဲ့ စစ်တပ်အထိုင်​စခန်းတွေအနီးမှာဖြစ်တာ​ကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်​တွေအ​နေနဲ့ ထိုးစစ်ပြုလုပ်တဲ့အချိန်မှာ ယခင်ကထက် ပိုမိုခက်ခဲလာမယ့်အ​ခြေအ​နေလို့ဆိုနိုင်ပါတယ်။ စစ်​ကောင်စီဟာ ၄င်းတို့အထိုင်ချတပ်စွဲနိုင်ရန် ပြင်ဆင်​နေစဥ်ကာလမှာလည်း ​စစ်​​ကြောင်းထိုးလှုပ်ရှားလျက်ရှိပြီး ​​ကျေးရွာတွင်း​နေအိမ်များသာမက စစ်​ရှောင်တဲများအထိပါ လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။ဒါ့အပြင် စစ်​ဘေး​ရှောင်ပြည်သူများကို ပစ်မှတ်ထားကာ ဒရုန်း၊လက်နက်ကြီးများနဲ့ မကြာခဏပစ်ခတ်လာတာကိုလည်း ​တွေ့ရပါတယ်။ အခုလိုစစ်​ကောင်စီတပ်က အထိုင်စခန်း​တွေ ထပ်မံတိုးချဲ့လာတာ​ကြောင့် ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်တပ်အထိုင်စခန်းနဲ့နီးတဲ့ ​ကျေးရွာ ၁၀ ရွာ​ကျော်က စစ်ရှောင် ၅၀၀၀ နီးပါးဟာလက်ရှိအချိန်ထိထွက်​ပြေးတိမ်း​ရှောင်​နေရပြီး အမြဲတမ်းစစ်​ဘေး​ရှောင်ရ​တော့မယ့်အ​ခြေအ​နေဖြစ်ကာ လယ်ယာစိုက်ပျိုး​ရေးလုပ်ငန်း​တွေပါ စွန့်ပစ်ရမယ့်အ​နေအထား​ကြောင့် စားဝတ်​နေ​ရေးကြပ်တည်းလာနိုင်ပါတယ်။ တခါ အကြမ်းဖက်စစ်​ကောင်စီတပ်ဟာ ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်​​တွေထဲကရွာ​တွေကို အမျိုးသား​တွေသာမက အမျိုးသမီး​တွေကိုပါ စစ်မှုထမ်းဖို့ဆိုပြီး မလိုက်မ​နေရပုံစံနဲ့ အတင်းအကြပ်လိုက်လံစည်းရုံး​နေတာ​ကြောင့် ​နေရပ်စွန့်ခွာ​ထွက်​ပြေးတိမ်း​ရှောင်သူ​တွေ ပိုမိုများပြားလာ​နေပါတယ်။ လက်ရှိအချိန်ထိ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲမှာ စစ်​ကောင်စီနဲ့ပျူ​စောထီး​​တွေ ပူး​ပေါင်းအထိုင်ချတပ်စွဲထားတဲ့ စစ်စခန်းနဲ့ပျူ​စောထီးစခန်းကြီးငယ် ၆၀ ​ကျော်အထိရှိ​နေပါတယ်။ ဓါတ်ပုံ–ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့​နယ်​တွေထဲက စစ်စခန်းများအ​ခြေပြ​မြေပုံ #infinitygroup
Hammasini ko'rsatish...
👍 13
Repost from Infinity Group
Photo unavailableShow in Telegram
တရုတ်ဝယ်လက် မရှိသလောက်ဖြစ်ပြီး ဈေးကွက်ပျက်နေကာ အရောင်းအဝယ်များ ရပ်တန့်နေသော် လည်း နေပြည် တော် ကျောက်မျက်ပွဲများတွင်မူ လက်ရှိ ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းများကြောင့် ငွေသားကိုင် မထား လိုသည့် လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများက သိုလှောင်ရန် အများဆုံး ဝယ်ယူနေကြောင်း Website တွင် ဖတ်ရန် https://bit.ly/455lBNP #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Hammasini ko'rsatish...
တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

ကျောက်စိမ်းရောင်းဝယ်ခြင်းများကို အွန်လိုင်း (We Chat)မှ တဆင့် ပြုလုပ်နေကြသော်လည်း တန်ဖိုးကြီး ကျောက်များအရောင်းအဝယ်ဖြစ်မှု အလွန်နည်းကြောင်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျောက်မျက်ဈေးတွင်လည်း We Chat အရောင်းအဝယ်များကိုပါ တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်

3😁 2
Repost from Myanmar Now
Photo unavailableShow in Telegram
ထိုင်းတွင် ကွန်ဒိုဝယ်ယူမှုဖြင့် လူ ၅ ဦးကို စစ်ကောင်စီဖမ်းဆီး - ပြည်ပနိုင်ငံများမှ တိုက်ခန်းများကို ရောင်းသူများသာမက ဝယ်ယူသူများကိုပါ ဖမ်းမည်ဟုကြေညာ - ပြည်ပတွင်ဘဏ်စာရင်းဖွင့်ထားသူများကိုပါ ဖမ်းမည်ဟုခြိမ်းခြောက် Myanmar Now ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူမှုဖြင့် မြန်မာနိုင်ငံမှ တိုက်ခန်းရောင်းချပေးသူ နှစ်ဦးနှင့် ဝယ်ယူသူသုံးဦးတို့ကို ဖမ်းဆီးကြောင်း စစ်ကောင်စီက ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင် ကြေညာခဲ့သည်။ ထို့ပြင် ထိုင်းအပါအဝင် ပြည်ပနိုင်ငံများတွင် တိုက်ခန်းဝယ်ယူသူများကို ဆက်လက်ဖမ်းဆီးမည်ဟုလည်း စစ်ကောင်စီကြေညာခဲ့သည်။ https://www.facebook.com/myanmarnownews/posts/pfbid027s1156nsQRi2HjNEZsEwqxf69i7Ptic6EcmSKEkAs5CTptqmBg5SFLc59qFpUWtul
Hammasini ko'rsatish...
🤣 22👍 7🖕 4 1
Repost from RFA Burmese
01:02
Video unavailableShow in Telegram
စစ်ကောင်စီ ကျောင်းတွေမှာ ကျောင်းအပ်နှံသူ ရှစ်သောင်းခန့် လျော့ကျ
Hammasini ko'rsatish...
SOCIAL - Education.mp477.09 MB
😁 15👍 6
Repost from MPANews

😢 27👍 4🤬 2🔥 1