uk
Feedback
Honest Hour (Mental Health Well-being)

Honest Hour (Mental Health Well-being)

Відкрити в Telegram

Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability. We will keep updating the activities and workshops of Honest Hour for you all.

Показати більше
3 352
Підписники
+324 години
+27 днів
+730 день

Триває завантаження даних...

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
липень '26
липень '26
+68
в 0 каналах
червень '26
+52
в 0 каналах
Get PRO
травень '26
+31
в 2 каналах
Get PRO
квітень '26
+17
в 0 каналах
Get PRO
березень '26
+63
в 0 каналах
Get PRO
лютий '26
+20
в 1 каналах
Get PRO
січень '26
+20
в 0 каналах
Get PRO
грудень '25
+21
в 0 каналах
Get PRO
листопад '25
+26
в 3 каналах
Get PRO
жовтень '25
+26
в 2 каналах
Get PRO
вересень '25
+30
в 0 каналах
Get PRO
серпень '25
+41
в 1 каналах
Get PRO
липень '25
+46
в 2 каналах
Get PRO
червень '25
+28
в 2 каналах
Get PRO
травень '25
+31
в 0 каналах
Get PRO
квітень '25
+74
в 0 каналах
Get PRO
березень '25
+36
в 0 каналах
Get PRO
лютий '25
+32
в 0 каналах
Get PRO
січень '25
+179
в 0 каналах
Get PRO
грудень '24
+29
в 1 каналах
Get PRO
листопад '24
+31
в 0 каналах
Get PRO
жовтень '24
+27
в 0 каналах
Get PRO
вересень '24
+70
в 0 каналах
Get PRO
серпень '24
+114
в 1 каналах
Get PRO
липень '24
+70
в 0 каналах
Get PRO
червень '24
+120
в 1 каналах
Get PRO
травень '24
+51
в 5 каналах
Get PRO
квітень '24
+39
в 0 каналах
Get PRO
березень '24
+65
в 0 каналах
Get PRO
лютий '24
+57
в 0 каналах
Get PRO
січень '24
+27
в 0 каналах
Get PRO
грудень '23
+39
в 0 каналах
Get PRO
листопад '23
+33
в 1 каналах
Get PRO
жовтень '23
+48
в 0 каналах
Get PRO
вересень '23
+59
в 0 каналах
Get PRO
серпень '23
+59
в 0 каналах
Get PRO
липень '23
+75
в 0 каналах
Get PRO
червень '23
+82
в 0 каналах
Get PRO
травень '23
+237
в 0 каналах
Get PRO
квітень '23
+38
в 0 каналах
Get PRO
березень '23
+43
в 0 каналах
Get PRO
лютий '23
+100
в 0 каналах
Get PRO
січень '23
+206
в 0 каналах
Get PRO
грудень '22
+50
в 0 каналах
Get PRO
листопад '22
+68
в 0 каналах
Get PRO
жовтень '22
+242
в 0 каналах
Get PRO
вересень '22
+129
в 0 каналах
Get PRO
серпень '22
+292
в 0 каналах
Get PRO
липень '22
+171
в 0 каналах
Get PRO
червень '22
+97
в 0 каналах
Get PRO
травень '22
+133
в 0 каналах
Get PRO
квітень '22
+120
в 0 каналах
Get PRO
березень '22
+173
в 0 каналах
Get PRO
лютий '22
+116
в 0 каналах
Get PRO
січень '22
+229
в 0 каналах
Get PRO
грудень '21
+243
в 0 каналах
Get PRO
листопад '21
+268
в 0 каналах
Get PRO
жовтень '21
+174
в 0 каналах
Get PRO
вересень '21
+1 485
в 0 каналах
Дата
Залучення підписників
Згадування
Канали
25 липня+4
24 липня+3
23 липня+1
22 липня+3
21 липня+1
20 липня+1
19 липня+3
18 липня+5
17 липня+2
16 липня+1
15 липня+5
14 липня+5
13 липня0
12 липня+5
11 липня+1
10 липня+3
09 липня+1
08 липня+4
07 липня+2
06 липня+3
05 липня+6
04 липня+3
03 липня+4
02 липня+2
01 липня0
Дописи каналу
"ဒီနေ့ရော... ကိုယ့်စိတ်လေး ဘယ်လိုရှိလဲလို့ မေးကြည့်ပေးပြီးပြီလား။" နေ့ရက်တိုင်းမှာ အလုပ်တွေ၊ တာဝန်တွေနောက်ကိုပဲ အပြေးအလွှား လိုက်ပါရင်း ကိုယ့်ရဲ့ စိတ်အခြေအနေ ဘယ်လိုရှိနေလဲဆိုတာကို လှည့်ကြည့်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ International Self-Care Day မှာ ကိုယ့်စိတ်ကို ပြန်လည်ဂရုစိုက်ပေးတဲ့ အလေ့အထလေး စတင်နိုင်ဖို့အတွက် Honest Hour ကနေပြီး ကိုယ်တိုင်နေ့စဉ် ကိုယ့်ကိုယ်ကို Emotional Check-in ဝင်ပြီး Self-care ပြုလုပ်နိုင်မယ့် Emotional Check-In Activities လေးကို အတူတူ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီ Challenge လေးက ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ ညမအိပ်ခင် မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး ဒီ Post လေးမှာရေးပေးထားတဲ့ မေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကိုယ် မေးပြီး ပြန်လည်ဆန်းစစ်ပေးရုံပါပဲ။ ကိုယ့်ရဲ့ ခံစားချက်ကို ဖုံးကွယ်မထားဘဲ အမှန်အတိုင်း အသိအမှတ်ပြုပေးခြင်းက စိုးရိမ်ပူပန်မှုတွေကနေ ကင်းဝေးဖို့ အကောင်းဆုံး စတင်ခြင်း ဖြစ်ပါတယ်။ ✨ Challenge မှာ ပါဝင်ပြီး စာအုပ်လက်ဆောင်ရယူနိုင်ဖို့အတွက်… ဒီ Activity လေးမှာ ပါဝင်ပေးတဲ့သူတွေထဲကမှ Honest Hour ရဲ့ နောက်ဆုံးထွက်လမ်းညွှန်စာအုပ်ဖြစ်တဲ့ "စိုးရိမ်စိတ်မှလွတ်မြောက်ရာ (လမ်းညွှန်)" စာအုပ်ကို မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 📌 ပါဝင်ရမည့် အဆင့်များ- ✨ဒီ Post လေးကို Public ဖြင့် Share ပေးပါ။ ✨Post မှာဖော်ပြထားတဲ့ Emotional Check-in လေးတွေကို လုပ်ပြီးသွားပြီဆိုရင် ဒီ post ရဲ့ Comment မှာ “Done” ဆိုပြီးရေးပေးခဲ့ရုံပါပဲ။ ✨Comment မှာပါဝင်ထားတဲ့သူတွေထဲက (၁၀) ဦးကို Randon ရွေးချယ်ပြီးတော့ “စိုးရိမ်စိတ်မှလွတ်မြောက်ရာ (လမ်းညွှန်)” စာအုပ်ကို လက်ဆောင်ပို့ပေးမှာဖြစ်ပါတယ်။ -ဒီနေ့ ငါ့ရဲ့ စိတ်အခြေအနေက ရာသီဥတုနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုမျိုးဖြစ်နေလဲ။ -ဒီနေ့မှာ ငါ့စိတ်ထဲ အဓိက လွှမ်းမိုးနေတဲ့ ခံစားချက်က ဘာလဲ? အဲဒီခံစားချက်ကို ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ခံစားရလဲ?" -ဒီနေ့ ငါ့ရဲ့ စိတ်ခံစားချက်က ငါ့ကို ဘာလိုအပ်နေတယ်လို့ ပြောနေသလဲ?" (ဥပမာ - အနားယူဖို့ လိုအပ်နေတာလား၊ တစ်ယောက်ယောက်ရဲ့ နားလည်ပေးမှုကို လိုချင်တာလား?) -ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့အထဲက ငါ့ကို အပြုံးတစ်ခု ပေးစွမ်းနိုင်ခဲ့တဲ့ အရာအသေးအမွှားလေး တစ်ခုက ဘာဖြစ်မလဲ။ -ဒီနေ့ စိုးရိမ်စိတ်တွေ ဝင်လာတဲ့အခါ ငါ့ကိုယ်ငါ ပြန်လည်နှစ်သိမ့်ပေးခဲ့တဲ့ စကားတစ်ခွန်းက ဘာလဲ။ -ငါ့စိတ်ကို သက်သာရာရစေဖို့ အခုလောလောဆယ်မှာ ငါ ဘာလုပ်ပေးဖို့ လိုအပ်နေလဲ။ -နောက်ဆုံးနေ့မှာ ကိုယ့်ကိုယ်ကိုယ် "အဆင်မပြေလည်း ဖြစ်တယ်" လို့ ခွင့်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒီမေးခွန်းလေးတွေကို အချိန်ယူပြီး ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဆန်းစစ်ပြီးတော့ International Self-care day မှာ မိမိကိုယ်ကို ဂရုစိုက်ပေးလိုက်ပါဦးနော်… #HonestHour #Self-care #Mental_health #challenge

2
Немає тексту...
111
3
လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှု ခရီးစဉ်မှာ ဘေးနားကနေ နားလည်ပေးမယ့်၊ အတူတူလျှောက်လှမ်းပေးမယ့် အဖော်မွန်ကောင်းရှိဖို့က တကယ့်ကို အရေးကြီးပါတယ်။ သင်ကိုယ်တိုင် Honest Hour ရဲ့ Programs တွေ၊ Counselling Sessions တွေနဲ့  Workshops တွေကနေတစ်ဆင့် ပိုမိုပေါ့ပါးလန်းဆန်းတဲ့ စိတ်အခြေအနေကို ခံစားရရှိခဲ့ဖူးတယ်ဆိုရင်... ဒီအတွေ့အကြုံကောင်းတွေကို ကိုယ့်ပတ်ဝန်းကျင်က ချစ်ရတဲ့သူတွေဆီ ဝေမျှပေးရမှာပေါ့နော်😊 အခုဆိုရင် Honest Hour ရဲ့ "Share the Wellness" Referral Program လေး ရှိနေပါပြီ! သင့်ရဲ့ လမ်းညွှန်ပေးမှု (Referral) ကတစ်ဆင့် သင့်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ချစ်ရတဲ့သူတွေက Honest Hour ရဲ့ သင်တန်း၊ Retreat နဲ့ Counselling sessions တွေကို တက်ရောက်ခွင့်ရရှိမယ့်အပြင်၊ သင်ရော သင့်သူငယ်ချင်းပါ အထူးခံစားခွင့်တွေကို ရရှိဦးမှာ ဖြစ်ပါတယ်။ 👇 ဒီအစီအစဉ်မှာ ဘယ်လိုပါဝင်မလဲ? 1. Honest Hour ကို ဆက်သွယ်ပြီး သင့်အတွက် Referral Form Link ကို ရယူပါ။ 2. Well-being ခရီးစဉ်ကို အတူတူလျှောက်လှမ်းချင်တဲ့ သူငယ်ချင်းတွေကို ဒီ Referral Form link လေးကို မျှဝေပေးပါ။ 3. သင့်သူငယ်ချင်းက စာရင်းသွင်းတာနဲ့ နှစ်ဦးလုံးအတွက် Referral Benefits တွေကိုအတူတူ ရယူလိုက်ပါ။ "စိတ်ကျန်းမာပျော်ရွှင်ခြင်းဆိုတာ မျှဝေလေလေ၊ ပိုပြီး တိုးပွားလာလေလေ ဖြစ်ပါတယ်။" ✨ အခုပဲ သင့်သူငယ်ချင်းတွေကို ဖိတ်ခေါပြီးတော့ ပိုမိုကျန်းမာပျော်ရွှင်တဲ့ Community တစ်ခုကို အတူတူ တည်ဆောက်လိုက်ကြရအောင်။ 👉 Referral ရဲ့ အထူးခံစားခွင့်တွေရဲ့ အသေးစိတ်ကိုတော့ Honest Hur Facebook Page Messenger ကနေ ဖြစ်စေ Phone – 09 79 282 4522 သို့ဖုန်းခေါ်ဆိုပြီးတော့ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။ #HonestHour #WellBeing #ReferralProgram #ShareTheWellness #Mindfulness #HolisticHealth
186
4
Немає тексту...
166
5
ပြီးပြည့်စုံခြင်းမှာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ရှိနေတတ်ပါတယ်။ “ လူကောင်းတစ်ယောက်” ဖြစ်ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပျောက်ဆုံးသွားလဲဆိုတာရော မေးမိရဲ့လား? လူ့အဖွဲ့အစည်းမှာ ကျွန်မတို့တွေဟာ ငယ်ငယ်ကတည်းက ရိုသေခြင်း၊ အနစ်နာခံခြင်းနဲ့ ကိုယ်ကျိုးစွန့်ခြင်းတွေကို အလေးထား ကြီးပြင်းလာကြရပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အဲဒီတန်ဖိုးတွေက ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်တစ်ခု ဖြစ်လာတတ်တာကို သတိပြုမိကြရဲ့လားရှင်။ ✨ မိသားစုထဲက သမီးလိမ္မာ/သားလိမ္မာ - မိဘစိတ်ချမ်းသာဖို့၊ အိမ်သားတွေကြား ပဋိပက္ခမဖြစ်ဖို့အတွက် ကိုယ်ဘာပဲလိုချင်လိုချင်၊ ဘယ်လောက်ပဲ မွန်းကြပ်မွန်းကြပ် ကိုယ့်ရဲ့ဆန္ဒတွေကို အမြဲတမ်း နောက်တန်းပို့ပြီး အလိုက်တသိ စုစည်းပေးရသူ။ ✨ လုပ်ငန်းခွင်က လူတော် - “သူမရှိရင် မဖြစ်ဘူး၊ အမြဲအားကိုးရတယ်” ဆိုတဲ့ အသိအမှတ်ပြုမှုကို ထိန်းထားချင်တာကြောင့် ညဘက်တွေအထိ အလုပ်လုပ်၊ အလုပ်တွေအကုန် ခေါင်းခံပြီး ဘယ်တော့မှ မငြင်းရဲဘဲ အမြဲတမ်း တာဝန်ယူပေးနေသူ။ ✨ ချစ်ရသူရဲ့အမြင်မှာ အကောင်းဆုံးလက်တွဲဖော် - အချစ်ရေး သို့မဟုတ် အိမ်ထောင်ရေးမှာ ပြဿနာမတက်စေဖို့၊ တစ်ဖက်လူ ချစ်ခင်နှစ်သတ်နေစေဖို့ ကိုယ့်ရဲ့ခံစားချက်တွေ၊ ဖြစ်တည်မှုတွေကို တိတ်တိတ်ဆိတ်ဆိတ် မျိုသိပ်ပြီး သူများအကြိုက် လိုက်လျောပေးနေသူ။ အဲ့ဒီလို ကြိုးစားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပျောက်ဆုံးသွားတာလဲ? တခြားသူတွေရဲ့ မျှော်လင့်ချက်တွေ၊ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပုံသွင်းညှိနှိုင်းနေရတဲ့အခါ... “ငါ တကယ်ကော ဘာကို လိုချင်တာလဲ?”၊ “ငါ ဘာကို ခံစားနေရတာလဲ?” ဆိုတဲ့ ကိုယ်ပိုင်အသံတွေ ပျောက်ဆုံးသွားရပါတယ်။ သူတစ်ပါးကို ဂရုစိုက်ဖို့ ကြိုးစားရင်း ကိုယ့်အတွင်းစိတ်လေးကို ပစ်ပယ်ထားမိတဲ့အတွက် အောင်မြင်မှုတွေ ဘယ်လောက်ရရ ဘဝမှာ ရှင်သန်နေရသလို မခံစားရတော့ဘဲ စိတ်ကလေးက တဖြည်းဖြည်း မွန်းကြပ်လာတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာရော ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ? အပြင်ပန်းက ကြည့်ရင် အရာရာကို အမြဲတမ်း ထိန်းချုပ်ထားနိုင်ပုံရပေမယ့်၊ အတွင်းစိတ်ထဲမှာတော့ စိတ်အခြေအနေတွေ ပြိုလဲမသွားအောင် အသက်ကို မနည်းအောင့်ထားရသလို ခံစားရတတ်ပါတယ်။ ဒါတွေဟာ ရေရှည်မှာ - အိပ်စက်နားနေရုံနဲ့ မပျောက်ကင်းနိုင်တဲ့ ရှင်းပြရခက်တဲ့ “နက်ရှိုင်းတဲ့ ပင်ပန်းနွမ်းနယ်မှုကြီး” (Deep Exhaustion) မရေရာတဲ့ မနက်ဖြန်တွေအတွက် ကြိုပြီး စိတ်ပူတတ်တဲ့ စိုးရိမ်သောက (Anxiety) နဲ့ စိတ်ကျဝေဒနာ (Depression) သာမန် နေ့စဉ်အခိုက်အတန့်တွေမှာတင် အကြောင်းရင်းမရှိဘဲ ရင်တုန်ပြီး ထိတ်လန့်တုန်လှုပ်ခြင်း (Panic Attacks) တွေအဖြစ် ခန္ဓာကိုယ်နဲ့ စိတ်က အချက်ပြ အော်ဟစ်လာတတ်ပါတယ်။ ဒီထောင်ချောက်ထဲကနေ ဘယ်လို ရုန်းထွက်မလဲ? ကုစားခြင်း (Healing) ဆိုတာ ကိုယ့်ရဲ့ မိသားစုတန်ဖိုးတွေ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာတွေကို ပစ်ပယ်ရတာ မဟုတ်ပါဘူး။ တခြားသူတွေကို အမြဲပေးလေ့ရှိတဲ့ ဂရုစိုက်မှုဝိုင်းဝန်းထဲမှာ “မိမိကိုယ်ကိုယ်ပါ ထည့်သွင်း” ဖို့နဲ့ မျှခြေ (Balance) တစ်ခု ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ 🌱 “ဟင့်အင်း / မလုပ်နိုင်ဘူး” လို့ ငြင်းဆိုတတ်ပါစေ - အပြစ်ရှိစိတ်မဝင်ဘဲ ကိုယ့်ရဲ့ Limit ကို သတ်မှတ်တတ်ပြီး ကိုယ်တကယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်လာတာဟာ ရဲရင့်တဲ့ စိတ်ခွန်အားတစ်ခုပါ။ 🌱 တောင်းပန်စရာမလိုဘဲ အနားယူပါ - ဘဝရဲ့ အရှိန်ကို ခဏလျှော့ချ slow down လုပ်ပြီး ကိုယ့်ရဲ့လိုအပ်ချက်တွေဟာ တခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးဆိုတာကို ယုံကြည်ပေးပါ။ 🌱 ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ - အရာရာကို ခေတ္တရပ်တန့်လိုက်ပြီး၊ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းကာ “အခု ငါ ဘာကို ခံစားနေရလဲ?” ဆိုတဲ့ ကိုယ့်စိတ်ထဲက အသံကို နားထောင်ပေးပါ။ သင်ဟာ တစ်စုံတစ်ယောက်ရဲ့ သား/သမီးကောင်း၊၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် လက်တွဲဖော် သက်သက်ပဲ မဟုတ်ပါဘူး။ သင်ဟာ သင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သင့်ရဲ့ ကိုယ်ပိုင်ဘဝထဲမှာ ကိုယ့်ရဲ့ နေရာအပြည့်အဝ ယူပိုင်ခွင့်ရှိပြီး သင့်ရဲ့ ဖြစ်တည်မှုအတိုင်းနဲ့တင် လုံလောက်ပြည့်စုံနေပါပြီ။ #HonestHour #SafeSpace #MentalWellness #SelfCare #GoodGirlTrap #BurmeseContext #PsychologicalSafety
214
6
Немає тексту...
171
7
"ပတ်ဝန်းကျင်ရဲ့ မသိနားမလည်တဲ့ အကြည့်တွေ၊ ဝေဖန်မှုတွေကြားထဲမှာ ကိုယ်တစ်ယောက်တည်း အားမွေးနေရသလို ခံစားနေရပါသလား…?" Autism (အော်တစ်ဇင်) ကလေးငယ်တစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းဟာ သတ်မှတ်ချက်တွေနဲ့ မတူညီတဲ့ အရည်အချင်းတွေ၊ ဖြစ်တည်မှုတွေကို နားလည်ရင်း ပြုစုပျိုးထောင်နေပေမယ့် တစ်ဖက်မှာလည်း စိုးရိမ်စိတ်၊ မောပန်းနွမ်းနယ်မှုနဲ့ လူမှုရေးအရ အထီးကျန်မှုတွေကို အမြဲတမ်း ရုန်းကန်ရင်ဆိုင်နေရတတ်ပါတယ်။ ကလေးငယ်တွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ဖို့ဆိုရင် အရင်ဦးဆုံး မိဘတွေရဲ့ စိတ်မှာနွေးထွေးလုံခြုံတဲ့ ခွန်အားတွေ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ Honest Hour မှ ဖေဖေ၊ မေမေတို့ရဲ့ လေးလံနေတဲ့ သောကတွေကို ဖေးမပေးဖို့နဲ့ စိတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ရည်ရွယ်ပြီး "Empowering Autism Parents" Free Workshop လေးကို စီစဥ်ပေးထားပါတယ်။ ဒီအစီအစဉ်လေးမှာ Tr Yadana ကနေပြီး မိဘတွေရဲ့ စိန်ခေါ်မှုတွေကို စာနာနားလည်မှုအပြည့်နဲ့ အတူတူ ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။ ✨ Workshop မှာ ဘာတွေရင်ဖွင့် ဆွေးနွေးသွားမလဲ? 1️⃣ မိဘတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချခြင်း — ကလေးငယ်ရဲ့စိတ်ခံစားချက်တွေကို ဖေးမရင်း မိဘကိုယ်တိုင် ကြုံတွေ့ရတဲ့ စိတ်ပင်ပန်းမှုတွေကို ကူညီကုစားပေးခြင်း။ 2️⃣ အထီးကျန်မှုနဲ့ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်လွဲမှားမှုများကို ကျော်လွှားခြင်း — အားမလိုအားမရဖြစ်မှုတွေ၊ အထီးကျန်မှုတွေကို Safe Space လေးထဲမှာ စိတ်ချလက်ချ အတူတူ ရင်ဖွင့်ဆွေးနွေးခြင်း။ 3️⃣ ကလေးရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို နားလည်ပေးခြင်း — ကမ္ဘာကြီးရဲ့ သတ်မှတ်ချက်တွေထက် ကိုယ့်ကလေးရဲ့ ဖြစ်တည်မှုနဲ့ အားသာချက်လေးတွေကို ပိုမိုနားလည်ပြီး ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်မယ့် နည်းလမ်းများကို မျှဝေပေးခြင်း။ 📅 Workshop Details Date: 19 July 2026 (Sunday) Time: 7:30 PM – 8:30 PM (မြန်မာစံတော်ချိန်) Duration: 1 Hour Platform: Zoom Cost:FREE ဒီ Free Workshop လေးကို တက်ရောက်ဖို့ comment မှာ “Join” လို့ချန်ထားခဲ့ပြီး စာရင်းပေးခဲ့ဖို့ မမေ့နဲ့အုံးနော်… #HonestHour #SafeSpace #EmpoweringAutismParents #AutismAwareness #FreeWorkshop #MentalWellness
337
8
Немає тексту...
258
9
🎁 ဒီနေ့ရဲ့ စိတ်ခံစားချက်ကို မျှဝေရင်း... "စိုးရိမ်စိတ်မှ လွတ်မြောက်ရာ" စာအုပ်လက်ဆောင် ရယူလိုက်ပါ! 💙 ဒီနေ့ တစ်နေ့တာအတွင်းမှာ... 😊 “Joy”ပျော်ရွှင်ကြည်နူးနေရလား? 😰 “Surprised” အံ့အားသင့်စရာတစ်စုံတစ်ခုများကြုံတွေ့ခဲ့ရသလား? 😥 “Sadness” ဝမ်းနည်းမှုတစ်စုံတစ်ရာများကြုံတွေ့ခဲ့ရသလား? 😠 “Angry” ဒေါသဖြစ်စရာကိစ္စတစ်ခုခုလား? ဘယ်လိုခံစားချက်မျိုးပဲ ဖြစ်ဖြစ်... "ကိုယ့်ရဲ့ Emotion ကို သတိပြုမိတာက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ခြင်း (Self-care) ရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။" ဒါကြောင့် အချင်းချင်း စိတ်ခွန်အားချင်း ဖလှယ်နိုင်ဖို့နဲ့ ကိုယ့်စိတ်လေးကို ပြန်ငုံ့ကြည့်နိုင်ဖို့ Emotional Check-in Challenge လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 💙 📌 ပါဝင်ရမယ့် အဆင့် (၂) ဆင့်! 1️⃣ Step 1: Honest Hour Application ထဲကိုဝင်ပြီး ဒီနေ့ရဲ့ Emotion Check-in ကို ပြုလုပ်ပါ။ 2️⃣ Step 2: ဒီ Post ရဲ့ Comment အောက်မှာ... 💬 ဒီနေ့ ဘယ်လို Emotion ဖြစ်နေလဲ? 💬 အဲဒီ Emotion ကို ဘယ်လို နည်းလမ်းလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်ပြီး “cope” လုပ် ခဲ့လဲ? ဆိုတာကို မျှဝေပေးပါ။ 💡 မျှဝေပေးရမယ့် ပုံစံလေး (ဥပမာ) - "ဒီနေ့ အလုပ်ထဲမှာ စိတ်ဖိစီးမှု နည်းနည်းများနေတယ်။ အလုပ်ပြီးတဲ့အချိန်မှာ ၁၅ မိနစ်လောက် ဖုန်းလေးပိတ်၊ လမ်းလျှောက်ပြီး အသက်ရှူသွင်းရှူထုတ်ပြုလုပ်လိုက်တော့ စိတ်ပေါ့ပါးသွားတယ်။" 🌱 ကိုယ့်ရဲ့ ရိုးရှင်းတဲ့ ရင်ဆိုင်ကျော်ဖြတ်ပုံလေးက စိတ်ဓာတ်ကျနေတဲ့ တခြားသူတစ်ယောက်အတွက် အဖိုးတန်တဲ့ အကြံပြုချက်နဲ့ အားပေးမှုတစ်ခု ဖြစ်သွားနိုင်ပါတယ်။ 🎁 ရရှိမယ့်လက်ဆောင် ပါဝင်သူတွေထဲကမှ ကိုယ့်ရဲ့အတွေ့အကြုံ မျှဝေပေးသူ (၁၀) ဦး ကို random ရွေးချယ်ပြီး Honest Hour မှ နောက်ဆုံးထုတ်လုပ်ထားတဲ့... 📘 "စိုးရိမ်စိတ်မှလွတ်မြောက်ရာ (လမ်းညွှန်)" စာအုပ်ကို လက်ဆောင်အဖြစ် ပေးပို့သွားမှာ ဖြစ်ပါတယ်။ 📅 Period: 16th July 2026 မှ 31st July 2026 အထိ 🎉 Winner Announcement: 3rd August 2026 ဒီနေ့ပဲ Honest Hour App ထဲမှာ Emotion Check-in လုပ်ရင်း ကိုယ့်စိတ်လေးကို ဂရုစိုက်ပေးလိုက်ရအောင်။ 💙 #HonestHour #EmotionalCheckIn #MentalWellbeing #SelfCare #စိုးရိမ်စိတ်မှလွတ်မြောက်ရာ #Giveaway
287
10
+2
Немає тексту...
254
11
"ငါ တစ်ခုခု မှားလုပ်မိသွားမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမြဲသံသယဝင်၊ ယုံကြည်မှု ပျောက်ဆုံးနေတာ... လူအများကြားထဲ ရောက်သွားရင် ဘာအကြောင်းရင်းမှမရှိဘဲ အလိုလိုနေရင်း လန့်ဖျန့်ပြီး ရင်တုန်လာတာ၊ အသက်ရှူမဝသလို ခံစားလာရတာ... အလုပ်တစ်ခုကို မစတင်ရသေးခင်ကတည်းက "မဖြစ်နိုင်ပါဘူး ၊တစ်ခုခု ပျက်စီးသွားလိမ့်မယ် " ဆိုတဲ့ အဆိုးဆုံးရလဒ်တွေကို ကြိုတွေးပြီး ခြေလှမ်းတွေ လက်တွန့်နေမိတာ... 😔 ဒီလို ခံစားချက်တွေ နေ့တိုင်းကြုံတွေ့နေရလို့ ကိုယ့်ကိုယ်ကိုယ် "ငါ စိတ်အားငယ်လွန်းလို့လား၊ ငါပဲ ညံ့ဖျင်းနေလို့လား" ဆိုပြီး အပြစ်မတင်ပါနဲ့ဦးနော်။ ဒါတွေဟာ သင့်ရဲ့ အားနည်းချက်ကြောင့် မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ စိတ်အထဲကို မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ "စိုးရိမ်စိတ် (Anxiety)" ရဲ့ ပြင်းထန်တဲ့ လက္ခဏာတွေသာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒီမွန်းကြပ်မှုတွေကို အတင်းအဓမ္မ ခါချပစ်ဖို့ ဒါမှမဟုတ် မျက်ကွယ်ပြုထားဖို့ ကြိုးစားမယ့်အစား... "ငါ့စိတ်ထဲမှာ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ" ဆိုတဲ့ အခြေခံအကြောင်းရင်းကို နွေးထွေးစွာနဲ့ နားလည်ပေးဖို့ ပထမဆုံး လိုအပ်ပါတယ်။ 🤍 "စိုးရိမ်စိတ်မှ လွတ်မြောက်ရာ (လမ်းညွှန်)" စာအုပ်လေးကတော့ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်ထဲမှာ ဘာတွေဘယ်လို ရုန်းကန်လှုပ်ရှားနေရလဲဆိုတာကို သိပ္ပံနည်းကျ အချက်အလက်တွေနဲ့အတူ ရိုးရှင်းလွယ်ကူစွာ ရှင်းပြပေးထားပါတယ်။ ဒီစာအုပ်လေးကို ဖတ်ရှုရင်း မိမိရဲ့ အတွင်းစိတ်ကို သေချာနားလည်လာတဲ့အခါ ဘဝကို စိတ်အေးချမ်းစွာနဲ့ ပြန်လည်ထိန်းချုပ်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်ရှင်။ 🌿✨ 📖 တန်ဖိုး - ၈,၅၀၀ ကျပ် 🛒 “စိုးရိမ်စိတ်မှလွတ်မြောက်ရာ (လမ်းညွှန်)” Anxiety Guide Book ကို အမြန်ဆုံး လက်ဝယ်ရရှိပြီး စိတ်ပေါ့ပါးတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ အောက်ပါ Link ကနေတစ်ဆင့် Order မှာယူလိုက်ပါနော်။ 👉 https://forms.gle/SW6JmKMRxF6nX4Rt5 #HonestHour #AnxietyGuideBook #စိုးရိမ်စိတ်မှလွတ်မြောက်ရာ #AnxietyAwareness #MentalHealthBurma #UnderstandingAnxiety #SafeSpace
312
12
Немає тексту...
240
13
[English Below} Easy Microfinance ရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ "Resilience Building with Clarity and Stability" ခေါင်းစဉ်နဲ့ ဆွေးနွေးမှုလေးတစ်ခု ပို့ချခွင့်ရခဲ့လို့ Honest Hour အနေနဲ့ များစွာဂုဏ်ယူမိပါတယ်။ လုပ်ငန်းတစ်ခု တိုးတက်ကြီးထွားလာတာနဲ့အမျှ ကြံ့ခိုင်တဲ့စိတ်ဓာတ်ဆိုတာ လူတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တင်မကတော့ဘဲ တစ်ဖွဲ့လုံးရဲ့ စုပေါင်းအင်အား ဖြစ်လာပါတယ်။ ဒီဆွေးနွေးပွဲလေးမှာတော့ ကြုံတွေ့ရမယ့် ရင်ဆိုင်ရခက်တဲ့ အခြေအနေတွေကို စိတ်ဖိစီးမှုတွေကြားကနေ စိတ်လိုက်မာန်ပါ မတုံ့ပြန်မိဘဲ၊ မိမိကိုယ်ကို ပိုမိုသိမြင်နားလည်မှု၊ စိတ်ခံစားချက် မျှတညီညွတ်မှု၊ တည်ငြိမ်ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချနိုင်မှုတွေနဲ့အတူ ယုံကြည်မှုရှိရှိ ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေကို အတူတူ လေ့လာဝေမျှခဲ့ကြပါတယ်။ အောင်မြင်မှုတွေနဲ့ ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းနိုင်ခဲ့ခြင်းဟာ ရှေ့ဆက်မယ့် အနာဂတ်အခန်းကဏ္ဍသစ်တွေကို ပုံဖော်မယ့် ဝန်ထမ်းတွေရဲ့ စွမ်းရည်အပေါ် မြှုပ်နှံရင်းနှီးလိုက်တာလည်း ဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ အဖွဲ့အစည်းအောင်မြင်မှုအတွက် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို အလေးထားပေးတဲ့ Easy Microfinance ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ Easy Microfinance အဖွဲ့သားအားလုံးရဲ့ ၁၀ နှစ်ပြည့် မှတ်တိုင်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ နောင်နှစ်ပေါင်းများစွာမှာလည်း အောင်မြင်မှုတွေ၊ ကြံ့ခိုင်မှုတွေနဲ့အတူ ဒီထက်မက ပိုမိုတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ Honest Hour အနေနဲ့ ဝန်ထမ်းတွေအားလုံး စိတ်လက်ပေါ့ပါးစွာနဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင်မြင်နိုင်ဖို့အတွက် ပိုမိုကျန်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးရာမှာ အမြဲတမ်း အတူတကွ ရှိနေပါမယ်နော်။ ✨ သင့်လုပ်ငန်းအတွက် corporate wellbeing session တွေရယူလိုပါက 09 79 282 4522 ကိုဖြစ်စေ၊Email: info@honesthourmm.com ကိုဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ We were honored to be part of Easy Microfinance's 10th Anniversary Celebration, facilitating a meaningful session on "Resilience Building with Clarity and Stability." As organizations grow, resilience becomes more than an individual strength—it becomes a collective capability. During the session, we explored practical approaches to navigating uncertainty with greater self-awareness, emotional balance, and clear decision-making, empowering participants to respond to challenges with confidence rather than react under pressure. Celebrating a decade of impact is not only about reflecting on achievements but also about investing in the people who will shape the next chapter. We are grateful to Easy Microfinance for prioritizing employee wellbeing as an essential part of sustainable organizational success. Congratulations to the entire Easy Microfinance team on this remarkable 10-year milestone. We wish you continued growth, resilience, and success in the years ahead. At Honest Hour, we remain committed to supporting organizations in creating healthier, more resilient workplaces where people can thrive For detailed information regarding Honest Hour’s Corporate Wellbeing Services, please feel free to reach out to us at 09 79 282 4522 or email us at info@honesthourmm.com. #HonestHour #EasyMicrofinance #10YearAnniversary #EmployeeWellbeing #WorkplaceWellbeing #Resilience #Leadership #MentalWellbeing #OrganizationalDevelopment #CorporateWellbeing
282
14
+5
Немає тексту...
230
15
[English Below] Are We More Connected, or More Alone? နေ့စဉ်ဘဝထဲကို AI နည်းပညာတွေ တဖြည်းဖြည်း ရောက်ရှိလာတာနဲ့အမျှ တို့တွေရဲ့မိတ်ဆွေဖွဲ့ပုံ၊ အားပေးကူညီမှုရှာဖွေပုံနဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံပုံတွေဟာ မျှော်လင့်မထားတဲ့ နည်းလမ်းမျိုးစုံနဲ့ ပြောင်းလဲလို့လာနေပါတယ်။ Honest Hour အနေနဲ့ ဒီလိုအကြောင်းအရာတွေကို အတူတူပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ဖို့ အမြဲတစေ အလေးထားပါတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ လူတိုင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုကို အတူတူဝေမျှဆွေးနွေးနိုင်ဖို့အတွက် ပထမဆုံးအကြိမ် "MindLab Dialogues" ရဲ့ Panel Discussion လေးကို ဖိတ်ခေါ်လိုက်ပါတယ်။ MindLab Dialogues #01 Panel Discussion မှာတော့ နော Mini Learning Circles လေးတွေ ရှိပါသေးတယ်။ ဒီအစီအစဉ်မှာတော့ မတူညီတဲ့ နိုင်ငံအသီးသီးက သူငယ်ချင်းအသစ်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောရင်း မိမိတို့ရဲ့ အမြင်ချင်းဖလှယ်ပြီး ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ 📅 Date: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် သင်ဟာ စိတ်ကျန်းမာရေး၊ စိတ်ပညာကို စိတ်ဝင်စားသူပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူသားချင်းဆက်ဆံရေးကို လေ့လာချင်သူပဲဖြစ်ဖြစ်... ဒီစကားဝိုင်းလေးမှာ အတူတူပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🎟️ ဒီ link လေးကနေ စာရင်းပေးသွင်းနိုင်ပါပြီ: https://docs.google.com/forms/d/e/1FAIpQLScDcodsRo12VvsKDegTLUuEqtiZxCJjgyDM7F3RMOtupyzTng/viewform?usp=header](https://docs.google.com/forms/d/e/1FAIpQLScDcodsRo12VvsKDegTLUuEqtiZxCJjgyDM7F3RMOtupyzTng/viewform?usp=header Are We More Connected, or More Alone? As artificial intelligence becomes part of our daily lives, the way we build friendships, seek support, and experience connection is changing in ways we are only beginning to understand. At Honest Hour, we believe these conversations matter. That's why we're excited to share the first edition of MindLab Dialogues, an interactive discussion exploring one of today's most relevant topics: 🧠 MindLab Dialogues #01 The Friendship Recession: Loneliness in the Age of AI Join thought-provoking conversations on how AI is reshaping human relationships, the growing challenge of loneliness, and what meaningful connection looks like in a rapidly evolving digital world. Following the panel discussion, participants will also have the opportunity to join Mini Learning Circles, where people from different backgrounds and countries can exchange perspectives and continue the conversation in a more interactive setting. 📅 Date: 19 July 2026 If you're passionate about mental wellbeing, technology, psychology, or simply curious about the future of human connection, we encourage you to be part of this important dialogue. 🎟️ Registration is now open: https://docs.google.com/forms/d/e/1FAIpQLScDcodsRo12VvsKDegTLUuEqtiZxCJjgyDM7F3RMOtupyzTng/viewform?usp=header](https://docs.google.com/forms/d/e/1FAIpQLScDcodsRo12VvsKDegTLUuEqtiZxCJjgyDM7F3RMOtupyzTng/viewform?usp=header #MindLabDialogues #HonestHour #MentalWellbeing #Loneliness #ArtificialIntelligence #HumanConnection #Friendship #MentalHealth #Community #LearningTogether
230
16
Немає тексту...
215
17
ငါဘာလို့ ဒီလောက်တောင် အတွေးလွန်ပြီး စိုးရိမ်နေရတာလဲ?" "စိတ်ညစ်တာ၊ ဝမ်းနည်းတာကော သာမန်ပဲလား... ဒါမှမဟုတ် စိတ်ကျန်းမာရေး အားနည်းလာတဲ့ လက္ခဏာလား?" တစ်ခါတလေ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ခံစားချက်တွေကို ကိုယ်တိုင် သေသေချာချာ မခွဲခြားတတ်ဘဲ ဝေဝေဝါးဝါးနဲ့ ဖြတ်သန်းနေရလို့ မွန်းကြပ်နေပါသလား။ မိမိကိုယ်ကိုယ် ပိုမိုနားလည်လာဖို့နဲ့ စိတ်ရဲ့ အချက်ပြသံတွေကို စနစ်တကျ သိရှိနိုင်ဖို့အတွက် Honest Hour မှ "Mental Health & Psychotherapy" အခမဲ့ Workshop လေးကို ဖိတ်ခေါ်ချင်ပါတယ်။ ဒီ Workshop လေးမှာ Counsellor Daw Mya Mya Swe (Psychology) ကနေပြီးတော့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ✨ Workshop မှာ ဘာတွေ ဆွေးနွေးသွားမလဲ? 1️⃣ Abnormal Psychology အကြောင်း မိတ်ဆက်ခြင်း — စိတ်ပညာရှုထောင့်ကနေ စိတ်အခြေအနေ အမျိုးမျိုးကို အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နားလည်အောင် ဆွေးနွေးပေးခြင်း။ 2️⃣ စိတ်ကျန်းမာရေး အခြေအနေကို ခွဲခြားခြင်း — စိတ်ကျန်းမာရေး ကောင်းမွန်သူတစ်ဦးနဲ့ စိတ်ကျန်းမာရေး အားနည်းသူတွေကြားမှာ တွေ့ရတတ်တဲ့ အဓိက လက္ခဏာတွေကို ရှင်းပြပေးသွားမှာမို့ ကိုယ့်ရဲ့ စိတ်လေးကို ပြန်လည်ဆန်းစစ်နိုင်မှာပါ။ 3️⃣ Anxiety Disorders (စိုးရိမ်ပူပန်မှုလွန််ကဲခြင်း ရောဂါများ) — နေ့စဉ်ဘဝမှာ သိသိသာသာရော၊ မသိမသာပါ အရိပ်လို လွှမ်းမိုးချုပ်ကိုင်ထားတတ်တဲ့ စိုးရိမ်သောကကြောင့် ဖြစ်တဲ့ စိတ်ကျန်းမာရေး အားနည်းမှုတွေအကြောင်းကို အတူတူ ရင်ဖွင့်အဖြေရှာသွားမှာ ဖြစ်ပါတယ်။ 📅 Workshop အသေးစိတ် Date: 12 July 2026 (Sunday) Time: 7:30 PM – 8:30 PM Duration: 1 Hour Platform: Zoom online Cost: Completely FREE (လုံးဝ အခမဲ့) လူဦးရေ ကန့်သတ်ထားတာကြောင့် Workshop တက်ရောက်ဖို့အတွက် comment မှာ join လို့ စာရင်းပေးနိုင်ပါပြီ။ #HonestHour #SafeSpace #MentalHealthAwareness #FreeWorkshop #Psychotherapy #CounsellingMyanmar #AnxietySupport #DawMyaMyaSwe
393
18
Немає тексту...
310
19
တစ်ခါတလေ ရင်ထဲမှာ စိုးရိမ်မှုတွေအတောမသတ်ဘဲ မွန်းကြပ်လာတာ၊ စိုးရိမ်စိတ်တွေ လှိုင်းလုံးကြီးလို တလိပ်လိပ်တက်လာပြီး အသက်ရှူရခက်လာတာမျိုး ကြုံဖူးပါသလား? 😔 အဲဒီလိုအချိန်မျိုးမှာ အတွေးနွံထဲ နစ်မသွားအောင် လက်ရှိပစ္စုပ္ပန်တည့်တည့်ဆီ စိတ်ကလေးကို နွေးထွေးစွာ ပြန်ခေါ်လာပေးနိုင်မယ့် နည်းလမ်းလေးတစ်ခု ရှိပါတယ်။ ဒါကတော့ "စိုးရိမ်စိတ်မှ လွတ်မြောက်ရာ (လမ်းညွှန်)" စာအုပ်လေးထဲမှာ ဝေမျှပေးထားတဲ့ လက်တွေ့အသုံးချ 5-4-3-2-1 Grounding လေ့ကျင့်ခန်းလေး ပဲ ဖြစ်ပါတယ်။ အခုပဲ အတူတူ လိုက်လုပ်ကြည့်ရအောင်နော်… ၅ ခု ရှာဖွေပါ: သင့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထု ၅ ခုကို ဖြည်းဖြည်းချင်း လိုက်ရှာကြည့်ပါ။ ၄ ခု ထိတွေ့ပါ: မိမိအနားမှာ ရှိနေတဲ့ အရာဝတ္ထု ၄ ခုကို လက်နဲ့ အသာအယာ ထိတွေ့ကိုင်တွယ်ပြီး ၎င်းတို့ရဲ့ အထိအတွေ့ကို အာရုံခံကြည့်ပါ။ ၃ ခု နားထောင်ပါ: အခုလက်ရှိ ကြားနေရတဲ့ အသံ ၃ ခုကို မျက်စိလေးမှိတ်ပြီး ငြိမ်သက်စွာ အာရုံစိုက် နားထောင်ကြည့်ပါ။ ၂ ခု ရှူရှိုက်ပါ: သင့်ဆီ ရောက်ရှိနေတဲ့ အနံ့ ၂ မျိုးကို သတိပြုပြီး ဖြည်းဖြည်းချင်း ရှူရှိုက်ကြည့်ပါ။ ၁ ခု ခံစားပါ: မိမိပါးစပ်ထဲမှာ ရှိနေတဲ့ အရသာ ၁ ခု (ဒါမှမဟုတ် ရေအေးအေးလေး တစ်ငုံရဲ့ အရသာ) ကို ခံစားကြည့်ပါ။ ဒီလိုမျိုး စိုးရိမ်စိတ်တွေ တက်လာတဲ့ မုန်တိုင်းထန်ချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားပေးနိုင်မယ့် "စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း" တွေနဲ့ အဖိုးတန်တဲ့ လက်တွေ့လေ့ကျင့်ခန်းများစွာကို ဒီ Guide Book ထဲမှာ စနစ်တကျနဲ့ နားလည်လွယ်ဆုံး အသေးစိတ် လမ်းညွှန်ပြသပေးထားပါတယ်ရှင်။ 🤍 ဘဝရဲ့ မရေရာမှုတွေကြားမှာ စိတ်ပူပန်မှုတွေကို စနစ်တကျ ရင်ဆိုင်ကျော်လွှားပြီး ကိုယ့်ရဲ့ အတွင်းစိတ်အေးချမ်းမှုအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုကို အခုပဲ စတင်လိုက်ပါ✨ 📖 တန်ဖိုး - ၈,၅၀၀ ကျပ် 🛒 “စိုးရိမ်စိတ်မှလွတ်မြောက်ရာ (လမ်းညွှန်)” ဆိုတဲ့ Guide Book လေးကို အမြန်ဆုံး လက်ဝယ်ရရှိနိုင်ဖို့ အောက်ပါ Link ကနေတစ်ဆင့် Order လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။ 👉 https://forms.gle/SW6JmKMRxF6nX4Rt5 #HonestHour #AnxietyGuideBook #စိုးရိမ်စိတ်မှလွတ်မြောက်ရာ #GroundingTechnique #Mindfulness #MentalHealthBurma #SafeSpace
361
20
Немає тексту...
293