Honest Hour (Mental Health Well-being)
Відкрити в Telegram
Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability. We will keep updating the activities and workshops of Honest Hour for you all.
Показати більше3 329
Підписники
-324 години
-57 днів
-2730 днів
Завантажуємо дані
Схожі канали
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
жовтень '26жовт '26
жовтень '26
+15
в 4 каналах
вересень '26
+48
в 0 каналах
Get PRO
серпень '26
+96
в 0 каналах
Get PRO
липень '26
+82
в 0 каналах
Get PRO
червень '26
+52
в 0 каналах
Get PRO
травень '26
+31
в 2 каналах
Get PRO
квітень '26
+17
в 0 каналах
Get PRO
березень '26
+63
в 0 каналах
Get PRO
лютий '26
+20
в 1 каналах
Get PRO
січень '26
+20
в 0 каналах
Get PRO
грудень '25
+21
в 0 каналах
Get PRO
листопад '25
+26
в 3 каналах
Get PRO
жовтень '25
+26
в 2 каналах
Get PRO
вересень '25
+30
в 0 каналах
Get PRO
серпень '25
+41
в 1 каналах
Get PRO
липень '25
+46
в 2 каналах
Get PRO
червень '25
+28
в 2 каналах
Get PRO
травень '25
+31
в 0 каналах
Get PRO
квітень '25
+74
в 0 каналах
Get PRO
березень '25
+36
в 0 каналах
Get PRO
лютий '25
+32
в 0 каналах
Get PRO
січень '25
+179
в 0 каналах
Get PRO
грудень '24
+29
в 1 каналах
Get PRO
листопад '24
+31
в 0 каналах
Get PRO
жовтень '24
+27
в 0 каналах
Get PRO
вересень '24
+70
в 0 каналах
Get PRO
серпень '24
+114
в 1 каналах
Get PRO
липень '24
+70
в 0 каналах
Get PRO
червень '24
+120
в 1 каналах
Get PRO
травень '24
+51
в 5 каналах
Get PRO
квітень '24
+39
в 0 каналах
Get PRO
березень '24
+65
в 0 каналах
Get PRO
лютий '24
+57
в 0 каналах
Get PRO
січень '24
+27
в 0 каналах
Get PRO
грудень '23
+39
в 0 каналах
Get PRO
листопад '23
+33
в 1 каналах
Get PRO
жовтень '23
+48
в 0 каналах
Get PRO
вересень '23
+59
в 0 каналах
Get PRO
серпень '23
+59
в 0 каналах
Get PRO
липень '23
+75
в 0 каналах
Get PRO
червень '23
+82
в 0 каналах
Get PRO
травень '23
+237
в 0 каналах
Get PRO
квітень '23
+38
в 0 каналах
Get PRO
березень '23
+43
в 0 каналах
Get PRO
лютий '23
+100
в 0 каналах
Get PRO
січень '23
+206
в 0 каналах
Get PRO
грудень '22
+50
в 0 каналах
Get PRO
листопад '22
+68
в 0 каналах
Get PRO
жовтень '22
+242
в 0 каналах
Get PRO
вересень '22
+129
в 0 каналах
Get PRO
серпень '22
+292
в 0 каналах
Get PRO
липень '22
+171
в 0 каналах
Get PRO
червень '22
+97
в 0 каналах
Get PRO
травень '22
+133
в 0 каналах
Get PRO
квітень '22
+120
в 0 каналах
Get PRO
березень '22
+173
в 0 каналах
Get PRO
лютий '22
+116
в 0 каналах
Get PRO
січень '22
+229
в 0 каналах
Get PRO
грудень '21
+243
в 0 каналах
Get PRO
листопад '21
+268
в 0 каналах
Get PRO
жовтень '21
+174
в 0 каналах
Get PRO
вересень '21
+1 485
в 0 каналах
| Дата | Залучення підписників | Згадування | Канали | |
| 24 жовтня | 0 | |||
| 23 жовтня | 0 | |||
| 22 жовтня | 0 | |||
| 21 жовтня | 0 | |||
| 20 жовтня | 0 | |||
| 19 жовтня | 0 | |||
| 18 жовтня | +1 | |||
| 17 жовтня | +2 | |||
| 16 жовтня | +2 | |||
| 15 жовтня | 0 | |||
| 14 жовтня | 0 | |||
| 13 жовтня | 0 | |||
| 12 жовтня | +2 | |||
| 11 жовтня | +1 | |||
| 10 жовтня | +3 | |||
| 09 жовтня | +1 | |||
| 08 жовтня | +2 | |||
| 07 жовтня | 0 | |||
| 06 жовтня | 0 | |||
| 05 жовтня | +1 | |||
| 04 жовтня | 0 | |||
| 03 жовтня | 0 | |||
| 02 жовтня | 0 | |||
| 01 жовтня | 0 |
Дописи каналу
🧠 “ဒါလေးတောင် ဘာလို့ စဉ်းစားမရတော့တာလဲ…” လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိဖူးလား?
ပုံမှန်ဆို လုပ်နေကျအလုပ်လေးပဲ။
ဒါပေမယ့် အခုတော့ အခုဘာလုပ်မှာဆိုတာတောင် မနည်းစဥ်းစားယူနေရတယ်။ ပြန်ဖြေရမယ့် Message ကို ကြည့်ပြီး ဘာရေးရမလဲ မသိတော့ဘူး။ လုပ်စရာတွေက များလွန်းလို့ ဘယ်ကစရမလဲဆိုတာတောင် စဉ်းစားမရဖြစ်နေတယ်။
Deadline တွေက နီးလာလေလေ၊ ကိုယ့်ကိုယ်ကို “မြန်မြန်လုပ်လေ” လို့ ဖိအားပေးမိလေလေ… ခေါင်းထဲမှာ ပိုရှုပ်လာလေလေပါပဲ။
ဒီလိုအချိန်မျိုးမှာ ကိုယ့်စွမ်းဆောင်ရည်ကို သံသယမဝင်ခင် ကိုယ်ခံနေရတဲ့ ဖိအားတွေကို
ခဏလေး သတိထားကြည့်ပေးပါ။ 🌿
စိတ်ဖိစီးမှု ပြင်းထန်နေတဲ့အခါ အာရုံစူးစိုက်ဖို့၊ အချက်အလက်တွေကို ခဏတာမှတ်ထားပြီး အသုံးချဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ ကူညီပေးတဲ့ ဦးနှောက်ရှေ့ပိုင်း — Prefrontal Cortex — ရဲ့ လုပ်ဆောင်မှုက ယာယီအားနည်းလာနိုင်ပါတယ်။
ဒါကြောင့် သိပြီးသားအရာကို ပြန်စဉ်းစားဖို့၊ လုပ်နေကျအလုပ်ကို ပြီးအောင်လုပ်ဖို့တောင် ပုံမှန်ထက် ပိုအားစိုက်နေရနိုင်ပါတယ်။
အဲဒီအခိုက်အတန့်မှာ အခက်တွေ့နေရတာက သင့်စွမ်းရည်အားနည်းလို့လို့ သတ်မှတ်လို့မရပါဘူး။
လုပ်စရာတွေနဲ့ ခေါင်းထဲမှာ ပြည့်နေတဲ့အခါ အကုန်လုံးကို တစ်ပြိုင်နက် ဖြေရှင်းဖို့ မကြိုးစားဘဲ ဒီလိုလေး စကြည့်ရအောင်။
🍃 ခေါင်းထဲက လုပ်စရာတွေကို စာရွက်ပေါ် ချထားပါ။
အစီအစဉ်တကျ ဖြစ်နေဖို့ မလိုသေးပါဘူး။ သတိရသမျှ ချရေးလိုက်တာကနေ စလို့ရပါတယ်။
🍃 “အကုန်ပြီးဖို့” ထက် “အခုတစ်ဆင့်” ကိုပဲ ရွေးပါ။
အလုပ်တွေအများကြီးပြီးဖို့ထက် task အသေးလေးကနေစပြီး တဖြည်းဖြည်း နည်းနည်းစီ ပြီးအောင်လုပ်သွားလို့ရပါတယ်။
🍃 ခဏနားဖို့ ကိုယ့်ကိုယ်ကို ခွင့်ပြုပါ။
ဖြစ်နိုင်ရင် Screen ကနေ မျက်လုံးခွာပြီး ရေသောက်တာ၊ ခဏထလမ်းလျှောက်တာလေး လုပ်ကြည့်ပါ။
🍃 တစ်ယောက်တည်း မနိုင်တဲ့အခါ ပြောပြပါ။
“အခု လုပ်စရာတွေများနေလို့ ဘယ်ဟာကို အရင်ဦးစားပေးရမလဲ ညှိချင်ပါတယ်” ဆိုတဲ့ စကားလေးက အကူအညီတောင်းဖို့ အစဖြစ်နိုင်ပါတယ်။
တစ်ခါတလေ ရှေ့ဆက်နိုင်ဖို့ လိုအပ်နေတာက “ပိုကြိုးစားဦး” ဆိုပြီး ကိုယ့်ကိုယ်ကို ပြောနေရမယ့် တွန်းအားထက် “အခု ခက်ခဲနေတာကို နားလည်ပါတယ်။ တစ်ခုချင်းစီ လုပ်ကြည့်ရအောင်” ဆိုတဲ့ ကိုယ့်ကိုယ်ကို နားလည်ပေးမှုလေး ဖြစ်နေတတ်ပါတယ်။ 🌿
#HonestHour #KnowYourBrain #StressAwareness #MentalWellbeing #SelfCompassion
| 2 | Немає тексту... | 66 |
| 3 | [English Below]
ရှေ့ဆက်ဖို့ ကြိုးစားနေတဲ့နေ့ရက်တွေမှာ ခဏနားဖို့ အချိန်လေးလည်း လိုအပ်ပါတယ်...
နေ့စဉ်အလုပ်တာဝန်တွေ၊ အချိန်မီပြီးစီးဖို့ ကြိုးစားရတာတွေကြားမှာ ကိုယ့်အတွက် အနားယူချိန်လေးကို “နောက်မှပဲ” ဆိုပြီး ရွှေ့ထားမိတတ်ကြပါတယ်။ တကယ်တော့ အနားယူဖို့အတွက် အရမ်းပင်ပန်းနွမ်းနယ်လာတဲ့အထိ စောင့်ပြီးမှအနားယူတယ်ဆိုတာ မမှန်ပါဘူးနော်...
ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ဖို့၊ ကိုယ့်ရဲ့ခံစားချက်တွေကို နားထောင်ဖို့နဲ့ နေ့စဉ်အလုပ်တွေကြားကနေ ခဏတာ အနားယူနိုင်ဖို့ ရည်ရွယ်ပြီး Care For Myanmar အဖွဲ့သားတွေအတွက် “Episode 1: Wellbeing Rest Workshop” ကို Honest Hour က စီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။
Team ရဲ့ Wellbeing ကို အလေးထားပြီး အခုလို အနားယူဖို့ အချိန်နဲ့နေရာလေး ဖန်တီးပေးခဲ့တဲ့ Care For Myanmarကို ကျေးဇူးအထူးတင်ပါတယ်။ အတူတူအချိန်ပေးပြီး ပါဝင်ခဲ့ကြတဲ့ အဖွဲ့သားတစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ ✨
ဒီ Workshop လေးပြီးဆုံးသွားပေမယ့် “ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ အနားယူဖို့လည်း အချိန်ပေးလို့ရတယ်” ဆိုတဲ့ အသိလေး နေ့စဉ်ဘဝထဲအထိ ယူဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။
Making time to pause is part of moving forward. 🌿
Honest Hour is pleased to mark the completion of Episode 1: Wellbeing Rest Workshop for Care For Myanmar, creating space for the team to pause and give their wellbeing the attention it deserves.
Amid busy schedules and daily responsibilities, time for ourselves can easily become something we postpone. This workshop offered an opportunity to step back, reconnect with ourselves, and make room for rest.
Thank you to Care For Myanmar for prioritizing your team’s wellbeing, and to everyone who joined us for your presence and participation. It was a pleasure to share this experience with you.
As we close this workshop, we carry forward a simple reminder: we don’t have to wait until we are exhausted to make space for rest.
Together, let’s continue building a workplace culture where caring for ourselves is valued alongside the work we do.
#HonestHour #CareForMyanmar #WorkplaceWellbeing #RestAndRecharge #CultureOfCare | 107 |
| 4 | Немає тексту... | 90 |
| 5 | လုပ်ငန်းရဲ့ ရည်မှန်းချက်တွေကို အတူတူ ဖော်ဆောင်ပေးနေတဲ့ ဝန်ထမ်းတွေအတွက်… Wellbeing ကို ဂရုစိုက်ရင်း ပိုမိုနားလည်ချိတ်ဆက်နိုင်တဲ့ အလုပ်ခွင်တစ်ခု တည်ဆောက်ကြမယ်🌿
အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုနောက်မှာ နေ့စဉ် ကြိုးစားပေးနေတဲ့ ဝန်ထမ်းတွေ ရှိပါတယ်။ သူတို့အတွက် အနားယူအားဖြည့်ချိန်၊ အချင်းချင်း နားထောင်နားလည်ပေးနိုင်တဲ့ အခွင့်အရေးနဲ့ ကိုယ့်ကို တန်ဖိုးထားဂရုစိုက်ပေးတယ်လို့ ခံစားရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လည်း အရေးကြီးပါတယ်။
Honest Hour ရဲ့ Customized Corporate Wellbeing Retreat Programs တွေက သင့်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ Team ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး အနားယူခြင်း၊ အားသစ်ဖြည့်ခြင်းနဲ့ အချင်းချင်း ပြန်လည်ချိတ်ဆက်ခြင်း တို့အတွက် အဓိပ္ပာယ်ရှိတဲ့ အချိန်တစ်ခု စီစဉ်ပေးပါတယ်။ ✨
🌿 နေ့စဉ် ရင်းနှီးနေကျ အလုပ်ခွင်ပတ်ဝန်းကျင်ကနေ ခဏထွက်ပြီး ကလောရဲ့ အေးချမ်းတဲ့ တောင်တန်းတွေ၊ ဘားအံရဲ့ စိမ်းလန်းတဲ့ သဘာဝရှုခင်းတွေကြားမှာ သင့် Team နဲ့အတူ အနားယူရင်း အားသစ်တွေပြန်မွေးမြူနိုင်မယ့် အခွင့်အရေးပါ။ သဘာဝနဲ့ နီးစပ်တဲ့ နေရာဒေသတွေမှာ အလျင်မလိုဘဲ ကိုယ့်အတွက် အချိန်ပေးရင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း လွတ်လွတ်လပ်လပ် စကားပြော၊ အတွေ့အကြုံသစ်တွေ အတူမျှဝေပြီး ပိုမိုနားလည်ချိတ်ဆက်နိုင်မယ့် အချိန်လေးတွေကို Honest Hour နဲ့အတူ ဖန်တီးနိုင်ပါတယ်။
🌱 ဝန်ထမ်းတစ်ဦးချင်းစီရဲ့ Wellbeing ကို ဂရုစိုက်ဖို့
နေ့စဉ်တာဝန်တွေကနေ ခဏနားပြီး ကိုယ့်စိတ်နဲ့ ကိုယ်ခန္ဓာရဲ့ လိုအပ်ချက်တွေကို ပြန်နားထောင်ဖို့၊ ကိုယ့်ကိုယ်ကို စောင့်ရှောက်တဲ့ အလေ့အကျင့်တွေ လေ့ကျင့်နိုင်ဖို့။
🤝 အချင်းချင်း ပိုနားလည်ပြီး Connection တွေ တည်ဆောက်ဖို့
အလုပ်တာဝန်နဲ့ ရာထူးတွေအပြင် လူတစ်ဦးချင်းစီရဲ့ အမြင်နဲ့ အတွေ့အကြုံတွေကို သိရှိနားလည်ရင်း Team အတွင်း ယုံကြည်မှုနဲ့ ရင်းနှီးမှုတွေ ပိုမိုတည်ဆောက်နိုင်ဖို့။
💛 ဂရုစိုက်ပံ့ပိုးတဲ့ Workplace Culture ကို အားဖြည့်ဖို့
အပြန်အလှန် နားထောင်ပေးခြင်း၊ လိုအပ်ချိန်မှာ အကူအညီတောင်းနိုင်ခြင်းနဲ့ ပူးပေါင်းဖြေရှင်းခြင်းတို့ကို နေ့စဉ်အလုပ်ခွင်ထဲ ဆက်လက်ကျင့်သုံးနိုင်ဖို့။
Mindfulness၊ Wellbeing Sessions နဲ့ Team Connection Activities တွေကို လိုအပ်ချက်အလိုက် ပေါင်းစပ်ပြီး ဝန်ထမ်းတစ်ဦးချင်းစီ အားပြည့်လာဖို့နဲ့ Team တစ်ခုလုံး ပိုမိုချိတ်ဆက်လာဖို့ ပံ့ပိုးပေးနိုင်မယ့် Retreat ကို အတူတူ ဖန်တီးပေးသွားမှာဖြစ်ပါတယ်။
သင့်လုပ်ငန်းအတွက် အားထုတ်ပေးနေတဲ့ Team ကို ဂရုစိုက်ဖို့ အချိန်တစ်ခု ပေးလိုက်ပါ။
🌿 Rest • Recharge • Reconnect
🌿 သင့် Team အတွက် ခရီးစဉ်တစ်ခု စီစဉ်ဖို့ စဉ်းစားနေတယ်ဆိုရင်… ပျော်ရွှင်စရာ အမှတ်တရတွေနဲ့အတူ Wellbeing အတွက်ပါ အကျိုးရှိမယ့် Retreat တစ်ခုကို ရွေးချယ်ကြည့်ပါ။ သဘာဝအလှတွေကြားမှာ အတူတူ အနားယူရင်း ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်နဲ့ ခံစားချက်တွေကို ပိုနားလည်ဖို့၊ အချင်းချင်း ယုံကြည်ချိတ်ဆက်မှုတွေ တည်ဆောက်ဖို့ အချိန်တွေ ဖန်တီးနိုင်မှာပါ။
Retreat မှာ စီစဉ်ထားတဲ့ Wellbeing Sessions နဲ့ Team Activities တွေကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို အလုပ်ခွင်ထဲ ပြန်ယူလာပြီး နားထောင်ပေးတတ်တဲ့၊ ပူးပေါင်းကူညီတတ်တဲ့ Workplace Culture ကို ဆက်လက်အားဖြည့်ကြရအောင်။
📩 သင့်အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ Retreat အစီအစဉ်အတွက် Honest Hour Page Messenger ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 09 792824522 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
#HonestHour #CorporateRetreat #EmployeeWellbeing #WorkplaceWellbeing | 114 |
| 6 | Немає тексту... | 101 |
| 7 | Honest Hour နဲ့အတူ ယုံကြည်စွာ လက်တွဲပြီး ဒီအမှတ်တရတွေကို ဖြစ်လာစေခဲ့ကြတဲ့ Sponsors၊ Partners နဲ့ Brands များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ်ရှင်။
ရှေ့ဆက်ပြီးလည်း ကိုယ့်ကိုယ်ကိုယ်နဲ့ အချင်းချင်းရဲ့ Wellbeing ကို ဂရုစိုက်တဲ့ အသိုက်အဝန်းလေးကို အတူတူ ဆက်လက်ဖော်ဆောင်သွားကြရအောင်နော်။
#HonestHour #WorldMentalHealthDay2026 #RestoringWellbeing #ThankYouPartners | 124 |
| 8 | Mental Health & Wellbeing ကို အလေးထားတဲ့ Vision တူတဲ့သူတွေ စုစည်းပြီး Brand ပေါင်း (၅၀) ကျော်နဲ့အတူ ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် လက်တွဲဖန်တီးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
Honest Hour ရဲ့ World Mental Health Day 2026 – Restoring Wellbeing ပွဲလေးနဲ့ Podcast အစီအစဉ်တွေကို အဓိပ္ပာယ်ရှိရှိ ဖော်ဆောင်နိုင်ခဲ့တဲ့ နောက်ကွယ်မှာ ကဏ္ဍအသီးသီးကနေ ယုံယုံကြည်ကြည် ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ မိတ်ဖက် Brands တွေရဲ့ ပံ့ပိုးမှုတွေ ရှိနေပါတယ် ✨
“စိတ်ရောကိုယ်ပါ ပြန်လည်ရှင်သန်ဖို့ Wellbeing ကို ဦးစားပေးစို့” ဆိုတဲ့ ရည်ရွယ်ချက်ကောင်းလေးကို လူပေါင်း (၃၀၀) ကျော်နဲ့အတူ မျှဝေနိုင်ခဲ့ပြီး Brand ပေါင်း (၅၀) ကျော်တို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ နွေးထွေးတဲ့ အမှတ်တရနေ့လေးတစ်နေ့ကို ဖန်တီးနိုင်ခဲ့ပါတယ် 🌿
ပံ့ပိုးမှုတစ်ခုချင်းစီက ပွဲလေးကို ပိုပြီးပြည့်စုံစေခဲ့သလို၊ Wellbeing ကို အလေးပေးဂရုစိုက်တဲ့ အသိုက်အဝန်းတစ်ခု ဖြစ်လာဖို့လည်း အားဖြည့်ပေးခဲ့ပါတယ်။
✨ ရည်ရွယ်ချက်ကောင်းလေးကို အတူတကွ ဖော်ဆောင်ပေးခဲ့ကြတဲ့ အဓိက Sponsors များ...
ဒီအစီအစဉ်ကို ယုံကြည်ပြီး အဓိကပံ့ပိုးအားဖြည့်ပေးခဲ့တဲ့ Title Sponsor – U9 နဲ့ Venue & Silver Sponsor – A Life Insurance တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။
လက်တွဲပံ့ပိုးပေးမှုတွေကြောင့် Wellbeing ဆိုင်ရာ အတွေးအမြင်တွေ၊ အတွေ့အကြုံတွေနဲ့ ရင်းနှီးချိတ်ဆက်မှုတွေကို တစ်နေရာတည်းမှာ အတူမျှဝေနိုင်ခဲ့ပါတယ် 💛
🎙️ Podcast ရိုက်ကူးရေးနေ့ရက်တွေမှာ ပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့ Sponsors များ...
Restoring Wellbeing Podcast ရဲ့ နွေးထွေးတဲ့ စကားဝိုင်းတွေကို ဖန်တီးနိုင်ဖို့ ရိုက်ကူးရေးနေ့ရက်တွေမှာ ကဏ္ဍအသီးသီးကနေ ပါဝင်ကူညီပေးခဲ့ကြတဲ့—
The Box Myanmar၊ K&T Healthy Food Bakery၊ Do Do’s Kitchen၊ Venus Skinlux၊ Skinefits၊ Floral Butterfly Bouquet၊ Untitled Space၊ Cake & Bake Yangon၊ Jungle Detox၊ Lin Lin Lanmadaw နဲ့ Shwe Note တို့ကို အထူးကျေးဇူးတင်ပါတယ်။
🛍️ Wellness Bazaar ကို အသက်ဝင်စေခဲ့ကြတဲ့ Brands များ...
ပွဲလာရောက်သူတွေ လေ့လာရွေးချယ်ရင်း၊ အချင်းချင်း ရင်းနှီးချိတ်ဆက်ရင်း ပျော်ရွှင်စရာအချိန်လေးတွေ ရရှိစေဖို့ ပါဝင်ခဲ့ကြတဲ့—
U Kar Ka၊ Huu၊ Soulift၊ Nice Fare၊ Red Hill Blue၊ Scrub On Me၊ Olar၊ Amazing Grace နဲ့ Urban တို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
Brand တစ်ခုချင်းစီရဲ့ ပါဝင်မှုက Wellness Bazaar လေးကို ပိုပြီးစုံလင်မြိုင်ဆိုင်စေခဲ့ပါတယ်✨
🥤 လန်းဆန်းမှုတွေနဲ့ ဧည့်ခံပေးခဲ့ကြတဲ့ Hydration Sponsors များ...
ပွဲတစ်လျှောက် လာရောက်သူတွေ လန်းဆန်းအမောပြေစေဖို့ Refreshment များနဲ့ ပံ့ပိုးဧည့်ခံပေးခဲ့ကြတဲ့ Pepsi၊ Royal D နဲ့ Alpine တို့ကို အထူးကျေးဇူးတင်ပါတယ်။
🎁 ရင်ခုန်ပျော်ရွှင်စရာ အမှတ်တရလက်ဆောင်တွေ မဲဖောက်ဖို့ ပံ့ပိုးပေးခဲ့ကြတဲ့ Lucky Draw & Door Gift Partners များ...
ပွဲလာရောက်သူတွေအတွက် ရင်ခုန်ပျော်ရွှင်စရာ အခိုက်အတန့်တွေနဲ့ အိမ်အပြန်အမှတ်တရလေးတွေ ရရှိစေဖို့ ပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့—
Lydia Myanmar၊ Joy Detox & MealBox၊ D’Lux၊ Skinefit၊ Urban Fitness၊ T Fitness၊ Studio De Pilates၊ Royal Candle၊ Ganga the Ultimate Yoga Centre၊ Olor၊ Scrub On Me၊ DWM Dance Academy၊ Shwe Note နဲ့ Nice Fareတို့ကို အထူးကျေးဇူးတင်ပါတယ်။
မျှဝေပေးခဲ့တဲ့ လက်ဆောင်တစ်ခုချင်းစီက ပွဲလေးရဲ့ ပျော်ရွှင်မှုတွေကို ပိုတိုးစေခဲ့ပြီး တက်ရောက်သူတွေအတွက် အမှတ်တရကောင်းလေးတွေ ဖြစ်စေခဲ့ပါတယ်။
📸 ပုံရိပ်တွေနဲ့ အမှတ်တရတွေကို ဖန်တီးမှတ်တမ်းတင်ပေးခဲ့ကြတဲ့ Creative & Production Partners များ
Podcast Production၊ ပွဲနေ့ Video Shooting နဲ့ Photography တို့အတွက် ပါဝင်ပေးတဲ့ Flight Studio၊ Digital Marketing အတွက် Visual Designs များ ဖန်တီးရာမှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ Bagan Media တို့ကို အထူးကျေးဇူးတင်ပါတယ်။
ဖန်တီးမှုတွေနဲ့ မှတ်တမ်းတင်ပေးခဲ့တဲ့ ပုံရိပ်တွေက ပွဲလေးရဲ့ နွေးထွေးမှုနဲ့ အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်တွေကို ပြန်လည်ခံစားနိုင်စေသလို၊ Wellbeing ဆိုင်ရာ မျှဝေမှုတွေကိုလည်း ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေဖို့ အားဖြည့်ပေးခဲ့ပါတယ် 🌿
💝 ဧည့်သည်များအတွက် အမှတ်တရလက်ဆောင်များ ပံ့ပိုးပေးခဲ့ကြတဲ့ Brands များ
ပွဲမှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ဧည့်သည်တွေကို ကျေးဇူးတင်ခြင်းနဲ့အတူ အမှတ်တရလက်ဆောင်လေးတွေ ပေးအပ်နိုင်ဖို့ ပံ့ပိုးပေးခဲ့ကြတဲ့—
D’Lux၊ Skinefit၊ Olor၊ Scrub On Me၊ U Kar Ka၊ Shwe Note၊ Cloud83၊ Jungle Detox နဲ့ A Life Insurance တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
လက်ဆောင်လေးတွေကတစ်ဆင့် ဧည့်သည်တွေအပေါ်ထားရှိတဲ့ ကျေးဇူးတင်မှုနဲ့ ဂရုစိုက်မှုတွေကို အတူတကွ မျှဝေနိုင်ခဲ့ပါတယ်။
🍃 ပါဝင်ပံ့ပိုးပေးခဲ့တဲ့ ကဏ္ဍတွေ မတူညီကြပေမယ့် အားလုံးရဲ့ စေတနာနဲ့ ပူးပေါင်းမှုတွေက Wellbeing ကို ဦးစားပေးတဲ့ ရည်ရွယ်ချက်တစ်ခုတည်းဆီမှာ ဆုံတွေ့ခဲ့ကြပါတယ်။ | 124 |
| 9 | Немає тексту... | 113 |
| 10 | သင့်အဖွဲ့အစည်းရဲ့ အောင်မြင်မှုကို တိုင်းတာတဲ့အခါ ဝန်ထမ်းတွေရဲ့ Wellbeing ကိုပါ ထည့်သွင်းစဉ်းစားထားလား?
လုပ်ငန်းရည်မှန်းချက်တွေ အောင်မြင်ဖို့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပူးပေါင်းပါဝင်မှုက အရေးပါသလို၊ အဲဒီစွမ်းဆောင်ရည်ကို ပံ့ပိုးပေးနေတဲ့ ဝန်ထမ်းတွေရဲ့Wellbeing က အရေးပါတဲ့ အခြေခံတစ်ခု ဖြစ်ပါတယ်။
နေ့စဉ်လုပ်ငန်းတာဝန်တွေ၊ အချိန်ကန့်သတ်ချက်တွေနဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေကြားမှာ ဝန်ထမ်းတစ်ဦးအတွက် “လိုအပ်တဲ့အချိန်မှာ ယုံကြည်စိတ်ချစွာ အကူအညီရယူနိုင်ဖို့" Wellbeing ကိုစောင့်ရှောက်မယ့် ပံ့ပိုးကူညီမှုတွေ ပေးဖို့လိုအပ်ပါတယ်။
Honest Hour ရဲ့ Employee Assistance Program (EAP) ဟာ ဝန်ထမ်းတွေ လုပ်ငန်းခွင်နဲ့ ကိုယ်ရေးကိုယ်တာဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး Wellbeing ကို မြှင့်တင်ပေးဖို့ အထူးပြု ရေးဆွဲထားတဲ့ အစီအစဉ် ဖြစ်ပါတယ်။
လတ်တလော စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ကစလို့၊ ရေရှည်အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ တည်ဆောက်တဲ့အထိ Honest Hour က အတူတကွ ပံ့ပိုးပေးသွားမှာပါ။ 🌱
Honest Hour EAP မှတစ်ဆင့် ရရှိနိုင်တဲ့ ပံ့ပိုးမှုတွေကတော့...
💬 စိတ်ချယုံကြည်စွာ တိုင်ပင်ဆွေးနွေးနိုင်တဲ့ Individual Counselling Session
ကိုယ်ရေးအချက်အလက် လျှို့ဝှက်မှုကို အပြည့်အဝ အာမခံချက်ပေးထားပြီး၊ ကျွမ်းကျင်သူတွေနဲ့ သီးသန့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
📱 ညဘက်တွေမှာ ရင်ဖွင့်နိုင်တဲ့ Emotional Support Chat
Honest Hour App မှတစ်ဆင့် နေ့စဉ် ည ၇ နာရီမှ ၁၁ နာရီအတွင်း တစ်ရက်လျှင် မိနစ် ၃၀ အခမဲ့ စကားပြောဆို ရင်ဖွင့်နိုင်ပါတယ်။
📚 Self-paced Learning
စိတ်ကျန်းမာရေးဆိုင်ရာ Self-help Resources တွေ၊ ကိုယ်တိုင်လေ့လာနိုင်တဲ့ Courses တွေနဲ့ နေ့စဉ် Wellbeing Tips တွေကို အလွယ်တကူ ရယူနိုင်ပါတယ်။
🤝 Team & Group Sessions
EAP အသုံးပြုပုံ မိတ်ဆက် Orientation တွေအပြင်၊ လုပ်ငန်းခွင်နဲ့ ကိုက်ညီမယ့် Online နဲ့ လူတွေ့ Webinars၊ Workshops တွေကို စီစဉ်ပေးပါတယ်။
🧘 Holistic Wellness Activities
Yoga, Zumba, Mindful Stretching, Meditation, အသက်ရှူလေ့ကျင့်ခန်း၊ Journaling နဲ့ အနုပညာဖန်တီးမှု (Expressive Arts) အခြေပြု လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။
🗓 Annual Wellbeing Calendar
Wellbeing ကို တစ်နှစ်ပတ်လုံး ဦးစားပေးနိုင်ဖို့ စနစ်တကျ ရေးဆွဲထားတဲ့ Calendar နဲ့ စဉ်ဆက်မပြတ် ပံ့ပိုးမှုတွေ ရရှိမှာပါ။
ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးခြင်းက အပြန်အလှန် ယုံကြည်မှု၊ အလုပ်အပေါ် စိတ်အားထက်သန်မှုနဲ့ အဖွဲ့အစည်းအပေါ် ရေရှည်လက်တွဲလိုစိတ် (Employee Retention) တို့ကို အားပေးနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို အသိအမှတ်ပြုပြီး ဖေးမပံ့ပိုးပေးတဲ့ Culture of Care ကိုလည်း တည်ဆောက်ပေးနိုင်ပါတယ်။
“ဒီမှာ အလုပ်လုပ်ရတာ စိတ်ချမ်းသာတယ်၊ ငါ့ရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးတယ်” လို့ ဝန်ထမ်းတိုင်း ဂုဏ်ယူစွာ ခံစားရမယ့် လုပ်ငန်းခွင်မျိုးကို အတူတကွ တည်ဆောက်ကြပါစို့။
သင့်အဖွဲ့အစည်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် EAP အစီအစဉ်အတွက် အသေးစိတ် ဆွေးနွေးလိုပါက—
📩 Honest Hour Page Messenger မှာဖြစ်စေ၊
📞 09 792824522 ကို ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ရှင်။
#HonestHour #EmployeeAssistanceProgram #EAP #EmployeeWellbeing #WorkplaceWellbeing #CultureOfCare | 125 |
| 11 | Немає тексту... | 102 |
| 12 | 💛 Restoring Wellbeing ပွဲလေးကို ပိုမိုမြိုင်ဆိုင်စေခဲ့တဲ့ Special Guests တွေကို အထူးကျေးဇူးတင်ပါတယ်။
အောက်တိုဘာလ (၁၀) ရက်နေ့မှာ ကျင်းပခဲ့တဲ့ Honest Hour ရဲ့ World Mental Health Day 2026 — Restoring Wellbeing ပွဲမှာ အချိန်ပေးပြီး Special Guests အဖြစ် ပါဝင်ပေးခဲ့ကြတဲ့ Artists and Public Figure တွေဖြစ်တဲ့ Project K နဲ့ Ma Thandar Hlaing တို့ကို အထူးကျေးဇူးတင်ရှိပါတယ် 🌿
ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေနဲ့အတူ ပွင့်ပွင့်လင်းလင်း မျှဝေပေးခဲ့ကြတာက ပွဲကို ပိုမိုအသက်ဝင်စေခဲ့သလို တက်ရောက်လာသူတွေအတွက်လည်း ကိုယ့်ဘဝနဲ့ ပြန်လည်ချိတ်ဆက်စဉ်းစားနိုင်မယ့် စကားဝိုင်းတွေ ဖြစ်စေခဲ့ပါတယ်။
🎶 Project K — “Music, Pressure & Wellbeing: An Honest Conversation with Project K
ဂီတနဲ့ ပရိသတ်တွေကို အဖော်ပြုပေးနေတဲ့ Project K က ဒီတစ်ကြိမ်မှာတော့ ဂီတ၊ ဖိအားတွေနဲ့ Wellbeing အကြောင်း စကားဝိုင်းမှာ ပါဝင်မျှဝေပေးခဲ့ပါတယ်။ အနုပညာအလုပ်တွေနဲ့အတူ ကြုံတွေ့ရတဲ့ ဖိအားတွေ၊ ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အရေးပါပုံတွေကို ဆွေးနွေးပေးခဲ့တာကြောင့် စင်ပေါ်က အနုပညာရှင်တွေရဲ့ လူသားဆန်တဲ့ အခြားတစ်ဖက်ကိုလည်း ပိုမိုနားလည်ခွင့်ရခဲ့ပါတယ်။
ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ချိတ်ဆက်ပြီး ပွဲလေးကို ပိုမိုမြိုင်ဆိုင်စေခဲ့တဲ့ Project K အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါတယ် ✨
🤝 Ma Thandar Hlaing — “The Power of Connection: Restoring Social Wellbeing”
TED-style Wellbeing Segment မှာ ပါဝင်ခဲ့တဲ့ Ma Thandar Hlaing ကတော့ လူအချင်းချင်း ချိတ်ဆက်မှုနဲ့ ဆက်ဆံရေးတွေဟာ ကိုယ့်ရဲ့ Wellbeing အတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို မျှဝေဆွေးနွေးပေးခဲ့ပါတယ်။
တစ်ယောက်ကိုတစ်ယောက် နားထောင်ပေးခြင်း၊ နားလည်ပေးခြင်းနဲ့ အပြန်အလှန် အားပေးနိုင်တဲ့ ဆက်ဆံရေးတွေကို အချိန်ပေးတည်ဆောက်ခြင်းအကြောင်း ပြန်လည်စဉ်းစားခွင့်ရစေတဲ့ မျှဝေမှုအတွက် Ma Thandar Hlaing ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
အခုလိုအချိန်ပေးပြီးတော့ Honest Hour နဲ့အတူ ပါဝင်ပေးပြီး စိတ်ကျန်းမာရေးနဲ့ Wellbeing အကြောင်း ပိုမိုပွင့်လင်းစွာ ပြောဆိုနိုင်ဖို့ အားဖြည့်ပေးခဲ့ကြတဲ့ Project K အဖွဲ့သားများ နဲ့ Ma Thandar Hlaing တို့ကို Restoring Wellbeing ပွဲနေ့ရဲ့နွေးထွေးတဲ့ အမှတ်တရတွေထဲမှာ အတူပါဝင်ပေးခဲ့လို့ အထူးကျေးဇူးတင်ပါတယ် 💛
#HonestHour #WorldMentalHealthDay2026 #RestoringWellbeing #ProjectK #MaThandarHlaing #ThankYou | 145 |
| 13 | Немає тексту... | 127 |
| 14 | 𝐈𝐧 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 𝟐𝟎𝟐𝟔
“𝐑𝐞𝐬𝐭𝐨𝐫𝐢𝐧𝐠 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 – စိတ်ရောကိုယ်ပါ ပြန်လည်ရှင်သန်ဖို့ 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 ကိုဦးစားပေးစို့”
🎙️ Honest Hour Exclusive Podcast Episode 6
Guest — Ko Phone Pyae Naing
National Athlete & Sports Entrepreneur
Host — Dr. Nanda Kyaw Swar
Psychiatrist
ဒီ Episode လေးမှာတော့ Ko Phone Pyae Naing နဲ့အတူ Dr. Nanda Kyaw Swar တို့က_
• သူများတွေရဲ့ လက်ခံမှုကို ရဖို့ ကြိုးစားနေရခြင်းက ဘာကြောင့် ပိုပင်ပန်းစေတာလဲ?
• ကိုယ်တကယ် Passion ရှိလို့ လုပ်တာနဲ့ သူများတွေ လက်ခံစေချင်လို့ လုပ်တာကြားမှာ ဘာတွေ ကွာခြားသလဲ?
• ပတ်ဝန်းကျင်ရဲ့ အားပေးမှုကို တန်ဖိုးထားရင်း လက်ခုပ်သံတွေအပေါ်မှာပဲ ကိုယ့်ရှေ့ဆက်မှုကို မမှီခိုမိဖို့ ဘယ်လို ခံယူချက်တွေနဲ့ ဖြတ်သန်းခဲ့လဲ?
• အနိုင်ရချင်စိတ် အပြည့်နဲ့ ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတဲ့အခါ ရလဒ်နဲ့ ကိုယ့်ကြိုးစားမှုကို ခွဲမြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်လက်ခံနိုင်ဖို့ ဘာတွေက အထောက်အကူဖြစ်စေခဲ့လဲ?
• အသက်အရွယ်နဲ့အမျှ တာဝန်တွေ များလာပြီး အားလုံးအပေါ် တာဝန်ကျေချင်တဲ့စိတ်ကြောင့် Stress တွေ ပိုများလာတဲ့အခါ ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ခဲ့လဲ?
• Failure နဲ့ Negative Emotions တွေကို လျစ်လျူမရှုဘဲ အဲဒီခံစားချက်တွေနဲ့ ခဏအတူနေပြီး နားလည်ကြည့်တဲ့အခါ ဘယ်လို ပြန်လည်သင်ယူပြီး ရှေ့ဆက်နိုင်ခဲ့လဲ?
…ဆိုတာတွေကို လက်တွေ့အတွေ့အကြုံတွေ၊ ရိုးသားတဲ့ ခံစားချက်တွေနဲ့အတူ မျှဝေဆွေးနွေးထားပါတယ်🤍
🎙️ လက်ခုပ်သံတွေအတွက်သာမဟုတ်ဘဲ ကိုယ်တကယ် Passion ရှိတဲ့အရာအတွက် ရှေ့ဆက်ဖို့၊ အနိုင်ရတဲ့နေ့မှာရော ရှုံးနိမ့်တဲ့နေ့မှာပါ ကိုယ့်ကိုယ်ကိုယ် လက်ခံနားလည်ပေးနိုင်ဖို့ အတွေးအမြင်တွေကို ဒီစကားဝိုင်းလေးမှာ အတူနားဆင်ကြည့်ရအောင်။
Full Video Link: https://youtu.be/p4mfMx_bedA
𝐑𝐞𝐬𝐭𝐨𝐫𝐢𝐧𝐠 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠
စိတ်ရောကိုယ်ပါ ပြန်လည်ရှင်သန်ဖို့ 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 ကို ဦးစားပေးစို့။ 🌿
ဒီလို တန်ဖိုးရှိတဲ့ အစီအစဉ်တွေကို ဖန်တီးနိုင်ဖို့ ပါဝင်ပံ့ပိုးပေးထားကြတဲ့—
🏆 Title Sponsor — U9
🥈 Silver Sponsor — A Life Insurance
တို့ကိုလည်း Honest Hour မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်။ ✨
ပြီးခဲ့တဲ့ Podcast Episode တွေကို အောက်ပါ Link တွေကနေ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/v/19UUhi8XoV/
https://www.facebook.com/share/v/19hztYHoaN/
https://www.facebook.com/share/v/18u8Hv5FaP/
https://www.facebook.com/share/v/194oTgvKLp/
https://www.facebook.com/reel/2208966416711379/
🎧 Podcast Full Episode တွေကို Honest Hour ရဲ့ Facebook နဲ့ YouTube မှာ ကြည့်ရှုနားဆင်နိုင်ပြီး အနှစ်ချုပ်ဗီဒီယိုလေးတွေကို TikTok မှာလည်း ကြည့်ရှုနိုင်ပါတယ်။
YouTube — https://youtube.com/@honesthourmm
TikTok — https://tiktok.com/@honesthour_mm
#HonestHour #World_Mental_Health_Day_2026 #RestoringWellbeing #Podcast | 163 |
| 15 | Немає тексту... | 121 |
| 16 | 🌿 Art Healing နဲ့အတူ ကိုယ့်စိတ်ကို ပြန်လည်ကုစားဖို့ Kalaw ကို ခရီးထွက်ကြမယ်…
နေ့စဉ်ဘဝမှာ အလုပ်တွေ၊ တာဝန်တွေကို ဖြည့်ဆည်းရင်း အခြားသူတွေအတွက် အချိန်ပေးဖြစ်ပေမယ့် “ကိုယ်ရော ဘယ်လိုခံစားနေရလဲ” ဆိုတာ မေးကြည့်ဖို့တော့ မေ့နေတတ်ပါတယ်။ ပြောပြချင်ပေမယ့် စကားလုံးရှာမရတဲ့ ခံစားချက်တွေ၊ ခဏလောက် လွှတ်ချထားချင်တဲ့ စိတ်ပင်ပန်းမှုတွေလည်း ရှိနေတတ်တာပေါ့။
ဒီလိုအချိန်မျိုးမှာ နေ့စဉ်ဖြတ်သန်းနေကျ ပတ်ဝန်းကျင်ကနေ ခဏထွက်ပြီး သဘာဝနဲ့ နီးနီးကပ်ကပ် အနားယူရင်း ကိုယ့်အတွင်းစိတ်ကို ပြန်နားထောင်ကြည့်ရအောင်။ စကားလုံးတွေနဲ့ ဖော်ပြဖို့ခက်နေတဲ့ ခံစားချက်တွေကိုလည်း ဆေးအရောင်တွေ၊ အနုပညာလက်ရာတွေနဲ့ လွတ်လပ်စွာ ပုံဖော်ကြည့်ကြမယ် 🤍
အဲဒီလို ကိုယ့်အတွက် အချိန်ပေးနိုင်ဖို့ Heal With Art by Su Htwe × Honest Hour တို့က ကလောမြို့မှာ ပြုလုပ်မယ့်RETURN TO SELF — 3-Day Art Healing Retreat လေးကို ဖိတ်ခေါ်လိုက်ပါတယ်။
🎨 Art for Healing & Growth
အနုပညာမှတစ်ဆင့် ကုစားခြင်း
ဒီခရီးစဉ်မှာ အနုပညာကို ကိုယ့်ခံစားချက်တွေဆီ ရောက်ရှိနိုင်မယ့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုသွားမှာပါ။ ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်၊ ကိုယ်ရေးဆွဲလိုက်တဲ့ ပုံရိပ်တွေကနေ အတွင်းစိတ်မှာ ဖြစ်ပေါ်နေတဲ့အရာတွေကို သတိပြုမိဖို့နဲ့ ကိုယ့်ကိုယ်ကို ပိုနားလည်လာဖို့ နေရာပေးကြမယ်။
သဘာဝရဲ့ အေးချမ်းမှုနဲ့အတူ Art၊ Meditation၊ Mindful Movement နဲ့ Reflection အစီအစဉ်တွေကို ဖြတ်သန်းရင်း ပါဝင်စူးစမ်းနိုင်မယ့် (၃) ရက်တာ Journey လေးဖြစ်ပါတယ်🌱
🌱 DAY 1 — ARRIVE | အေးအေးဆေးဆေး စတင်ချိတ်ဆက်မယ်
ပထမနေ့မှာ အချင်းချင်း သိကျွမ်းရင်း ခရီးစဉ်လေးကို စတင်ကြမယ်။ Meditation နဲ့အတူ စိတ်နဲ့ခန္ဓာကိုယ်ကို လက်ရှိအခိုက်အတန့်ဆီ ပြန်ခေါ်လာပြီး “ဒီအချိန်လေးမှာ ကိုယ့်အတွက် ဘာကိုလိုအပ်နေတာလဲ” ဆိုတာ နားထောင်ကြည့်ကြမယ်။ အဲဒီကနေ ဒီခရီးစဉ်အတွက် ကိုယ်ပိုင်ရည်ရွယ်ချက်လေးတစ်ခု သတ်မှတ်ကြမှာပါ။
🎨 DAY 2 — FOCUS & RELEASE | ခံစားချက်တွေကို အသိအမှတ်ပြုနားလည်ပေးမယ်
ဒုတိယနေ့မှာတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ အာရုံခံစားချက်တွေကို သတိပြုရင်း အတွင်းစိတ်ကို ပိုနီးကပ်စွာ နားထောင်ကြမယ်။ နူးညံ့တဲ့ လှုပ်ရှားမှုတွေနဲ့ အနုပညာဖန်တီးမှုတွေကနေ ခံစားနေရတာတွေကို ဖော်ပြပြီး ကိုယ်သယ်ဆောင်ထားတဲ့အရာတွေထဲက ဘာကို အသိအမှတ်ပြုချင်သလဲ၊ ဘာကို လွှတ်ချဖို့ အသင့်ဖြစ်နေပြီလဲဆိုတာ ဖြည်းဖြည်းချင်း စူးစမ်းကြမှာပါ။
🌸 DAY 3 — TREK & GROW | ကိုယ့်ခွန်အားနဲ့အတူ ရှေ့ဆက်မယ်
နောက်ဆုံးနေ့မှာ သဘာဝထဲ Trekking ထွက်ရင်း ပတ်ဝန်းကျင်ကို ခံစားဖို့နဲ့ ကိုယ့်အတွင်းက ပြောင်းလဲမှုလေးတွေကို သတိပြုဖို့ အချိန်ယူကြမယ်။ အဲဒီနောက် "My Source of Strength” Acrylic Painting လေးကို ဖန်တီးရင်း ကိုယ့်ကို အားဖြစ်စေတဲ့အရာတွေ၊ ဆက်လက်ပျိုးထောင်ချင်တဲ့ ခွန်အားတွေနဲ့ ကိုယ်ဖြစ်လာချင်တဲ့ ပုံရိပ်ကို အရောင်တွေနဲ့ ပုံဖော်ကြမှာပါ။
ခရီးစဉ်အဆုံးမှာတော့ အတူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပြီး နေ့စဉ်ဘဝထဲ ကိုယ်နဲ့အတူ ဘာတွေသယ်ဆောင်သွားချင်လဲဆိုတာ ပြန်ကြည့်ကြမယ်။ ပြီးရင် Celebration Dance Movement နဲ့အတူ လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားရင်း ဒီခရီးစဉ်လေးကို အဆုံးသတ်ကြမှာပါ။ 🤍
ကိုယ့်ခံစားချက်တွေကို ပိုနားလည်လာတာ၊ ကိုယ့်အတွက် ဘာလိုအပ်နေသလဲဆိုတာ သတိပြုမိတာ၊ ပြန်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ခြေလှမ်းလေးတစ်လှမ်း ရွေးချယ်နိုင်လာစေမယ့် ခရီးစဥ်လေးတစ်ခုပဲဖြစ်ပါတယ်။
📍 Location - Kalaw Serenity Hotel, kalaw
🗓️ Date - From 21st -24th November 2026
Kalaw Retreat လေးကို အတူလိုက်ပါလိုပါက အသေးစိတ်မေးမြန်းရန်နဲ့ စာရင်းပေးသွင်းရန် Honest Hour Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
🌿 ဒီတစ်ခေါက် ကလောခရီးမှာ သဘာဝကို ခံစားရင်း အနားယူဖို့၊ အနုပညာနဲ့ စိတ်ကိုဖွင့်ချဖို့၊ ကိုယ့်ကိုယ်ကို ပြန်နားထောင်ဖို့ အချိန်လေးပေးလိုက်ပါနော်...
HEAL WITH ART IN NATURE — RETURN TO SELF
#HonestHour #HealWithArtBySuHtwe #ReturnToSelf #KalawRetreat #ArtForHealingAndGrowth | 157 |
| 17 | Немає тексту... | 136 |
| 18 | ပင်ပန်းပါတယ်ဆိုတဲ့အရာက
မပင်ပန်းဘူးလို့ စိတ်ထဲမှာထင်ဖို့က
ဒီအလုပ်ကို အရမ်းလုပ်ချင်ဖို့ လိုတယ်…
— Ko Phone Pyae Naing
🎙️ လက်ခုပ်သံတွေအတွက်သာမဟုတ်ဘဲ ကိုယ်တကယ် Passion ရှိတဲ့အရာအတွက် ရှေ့ဆက်ဖို့၊ အနိုင်ရတဲ့နေ့မှာရော ရှုံးနိမ့်တဲ့နေ့မှာပါ ကိုယ့်ကိုယ်ကိုယ် လက်ခံနားလည်ပေးနိုင်ဖို့ အတွေးအမြင်တွေကို ဆွေးနွေးထားတဲ့ စကားဝိုင်းလေးကို မကြာခင် Honest Hour Podcast မှာ အပြည့်အစုံ နားဆင်နိုင်တော့မှာပါ။
Coming Soon.
ဒီလို တန်ဖိုးရှိတဲ့ အစီအစဉ်တွေကို ဖန်တီးနိုင်ဖို့ ပါဝင်ပံ့ပိုးပေးထားကြတဲ့—
🏆 Title Sponsor — U9
🥈 Silver Sponsor — A Life Insurance
တို့ကိုလည်း Honest Hour မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်။ ✨
ပြီးခဲ့တဲ့ Podcast Episode တွေကို အောက်ပါ Link တွေကနေ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/v/19UUhi8XoV/
https://www.facebook.com/share/v/19hztYHoaN/
https://www.facebook.com/share/v/18u8Hv5FaP/
https://www.facebook.com/share/v/194oTgvKLp/
https://www.facebook.com/reel/2208966416711379/
🎧 Podcast Full Episode တွေကို Honest Hour ရဲ့ Facebook နဲ့ YouTube မှာ ကြည့်ရှုနားဆင်နိုင်ပြီး အနှစ်ချုပ်ဗီဒီယိုလေးတွေကို TikTok မှာလည်း ကြည့်ရှုနိုင်ပါတယ်။
YouTube — https://youtube.com/@honesthourmm
TikTok — https://tiktok.com/@honesthour_mm
#HonestHour #World_Mental_Health_Day_2026 #RestoringWellbeing #Podcast | 167 |
| 19 | Немає тексту... | 147 |
| 20 | 𝐈𝐧 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 𝟐𝟎𝟐𝟔
“𝐑𝐞𝐬𝐭𝐨𝐫𝐢𝐧𝐠 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 – စိတ်ရောကိုယ်ပါ ပြန်လည်ရှင်သန်ဖို့ 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 ကို ဦးစားပေးစို့”
ကိုယ့်အိပ်မက်အတွက် လေ့ကျင့်ရတာ၊ ကြိုးစားရတာ၊ အခက်အခဲတွေကို ဖြတ်ကျော်ရတာ ပင်ပန်းပါတယ်။ အဲဒီအပေါ်မှာ ပတ်ဝန်းကျင်ရဲ့ မျှော်လင့်ချက်တွေကိုပါ ဖြည့်ဆည်းပေးဖို့၊ အသိအမှတ်ပြုမှုရဖို့ ကြိုးစားနေရတဲ့အခါ ကိုယ်တကယ်လိုချင်တာ ဘာလဲဆိုတာတောင် မေ့လျော့သွားတတ်ပါတယ်။
ပတ်ဝန်းကျင်ရဲ့ အားပေးမှုက အရေးပါပါတယ်။ ဒါပေမယ့် လက်ခုပ်သံတွေ မကြားရတဲ့နေ့မှာလည်း ရှေ့ဆက်နိုင်ဖို့ဆိုရင် “ဒီအရာကို ကိုယ်တကယ် Passion ရှိလို့ လုပ်နေတာလား၊ သူများတွေ လက်ခံလာဖို့ လုပ်နေတာလား” ဆိုတဲ့ မေးခွန်းလေးကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုအပ်လာပါတယ်။
ကိုယ် Passion ရှိတဲ့အရာကို လုပ်နေရတယ်ဆိုတိုင်း ပင်ပန်းမှုတွေ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တကယ်လုပ်ချင်တဲ့စိတ်က ပင်ပန်းတဲ့နေ့တွေမှာ ရှေ့ဆက်ဖို့ အားတစ်ခု ဖြစ်လာနိုင်ပါတယ်။ အများရဲ့ လက်ခံမှုထက် ကိုယ်အကောင်းဆုံး ကြိုးစားခဲ့တာကို ကိုယ်တိုင်လက်ခံနိုင်တဲ့အခါ ရလဒ်တိုင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် ပိုနားလည်ပေးနိုင်လာပါတယ်။ 🌿
ဒီအကြောင်းအရာတွေကို ဒီတစ်ခေါက် Honest Hour Podcast — Episode 6 မှာ Ko Phone Pyae Naing (National Athlete & Sports Entrepreneur) နဲ့အတူ Dr. Nanda Kyaw Swar (Psychiatrist) တို့က—
• သူများတွေရဲ့ လက်ခံမှုကို ရဖို့ ကြိုးစားနေရခြင်းက ဘာကြောင့် ပိုပင်ပန်းစေတာလဲ?
• ကိုယ်တကယ် Passion ရှိလို့ လုပ်တာနဲ့ သူများတွေ လက်ခံစေချင်လို့ လုပ်တာကြားမှာ ဘာတွေ ကွာခြားသလဲ?
• ပတ်ဝန်းကျင်ရဲ့ အားပေးမှုကို တန်ဖိုးထားရင်း လက်ခုပ်သံတွေအပေါ်မှာပဲ ကိုယ့်ရှေ့ဆက်မှုကို မမှီခိုမိဖို့ ဘယ်လို ခံယူချက်တွေနဲ့ ဖြတ်သန်းခဲ့လဲ?
• အနိုင်ရချင်စိတ် အပြည့်နဲ့ ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတဲ့အခါ ရလဒ်နဲ့ ကိုယ့်ကြိုးစားမှုကို ခွဲမြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်လက်ခံနိုင်ဖို့ ဘာတွေက အထောက်အကူဖြစ်စေခဲ့လဲ?
• အသက်အရွယ်နဲ့အမျှ တာဝန်တွေ များလာပြီး အားလုံးအပေါ် တာဝန်ကျေချင်တဲ့စိတ်ကြောင့် Stress တွေ ပိုများလာတဲ့အခါ ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ခဲ့လဲ?
• Failure နဲ့ Negative Emotions တွေကို လျစ်လျူမရှုဘဲ အဲဒီခံစားချက်တွေနဲ့ ခဏအတူနေပြီး နားလည်ကြည့်တဲ့အခါ ဘယ်လို ပြန်လည်သင်ယူပြီး ရှေ့ဆက်နိုင်ခဲ့လဲ?
…ဆိုတာတွေကို လက်တွေ့အတွေ့အကြုံတွေ၊ ရိုးသားတဲ့ ခံစားချက်တွေနဲ့အတူ မျှဝေဆွေးနွေးထားပါတယ်🤍
🎙️ လက်ခုပ်သံတွေအတွက်သာမဟုတ်ဘဲ ကိုယ်တကယ် Passion ရှိတဲ့အရာအတွက် ရှေ့ဆက်ဖို့၊ အနိုင်ရတဲ့နေ့မှာရော ရှုံးနိမ့်တဲ့နေ့မှာပါ ကိုယ့်ကိုယ်ကိုယ် လက်ခံနားလည်ပေးနိုင်ဖို့ အတွေးအမြင်တွေကို မကြာခင် Honest Hour Podcast — Episode 6 မှာ အပြည့်အစုံ ကြည့်ရှုနားဆင်နိုင်တော့မှာပါ။
𝐑𝐞𝐬𝐭𝐨𝐫𝐢𝐧𝐠 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠
စိတ်ရောကိုယ်ပါ ပြန်လည်ရှင်သန်ဖို့ 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 ကို ဦးစားပေးစို့။ 🌿
Coming Soon.
ဒီလို တန်ဖိုးရှိတဲ့ အစီအစဉ်တွေကို ဖန်တီးနိုင်ဖို့ ပါဝင်ပံ့ပိုးပေးထားကြတဲ့—
🏆 Title Sponsor — U9
🥈 Silver Sponsor — A Life Insurance
တို့ကိုလည်း Honest Hour မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်။ ✨
🎬 ထုတ်လွှင့်ပြီးဖြစ်တဲ့ WMHD Exclusive Podcast Episode တွေကိုလည်း အောက်ပါ link တွေမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/v/19UUhi8XoV/
https://www.facebook.com/share/v/19hztYHoaN/
https://www.facebook.com/share/v/18u8Hv5FaP/
https://www.facebook.com/share/v/194oTgvKLp/
https://www.facebook.com/reel/2208966416711379/
🎧 Honest Hour ရဲ့ Podcast အစီအစဉ်တွေနဲ့ မျှဝေမှုတွေကို ဆက်လက်စောင့်ကြည့်နိုင်ဖို့—
YouTube: https://www.youtube.com/@honesthourmm
TikTok: https://www.tiktok.com/@honesthour_mm
#HonestHour #World_Mental_Health_Day_2026 #RestoringWellbeing #Podcast | 164 |
