uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

Honest Hour (Mental Health Well-being)

Honest Hour (Mental Health Well-being)

Відкрити в Telegram

Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability. We will keep updating the activities and workshops of Honest Hour for you all.

Показати більше
3 299
Підписники
-224 години
-37 днів
-2830 днів
Архів дописів
[English Below] 🌿The Oval မှာ Honest Hour နဲ့အတူ ကိုယ့်စိတ်အတွက် အချိန်ပေးခဲ့ကြတဲ့ တစ်ခဏ... နိုဝင်ဘာလ ၁၅ ရက်နေ့က StarCity ရဲ့ The Oval မှာ ကျင်းပခဲ့တဲ့ The FLOW Wellbeing Sessions @ The Oval မှာ Honest Hour က Mindfulness, Breathwork & Meditation အစီအစဉ်နဲ့ ပါဝင်ခဲ့ပြိး အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။​ မနက် ၈ နာရီခွဲကနေ ၉ နာရီအထိ Ma Michelle ရဲ့ လမ်းညွှန်မှုနဲ့အတူ ကိုယ့်ရဲ့ ဝင်သက်ထွက်သက်ကို သတိထားရင်း အသက်ရှူလေ့ကျင့်ခန်းတွေလုပ်ပြီး တရားထိုင်ခဲ့ကြပါတယ်။ နေ့စဉ်လုပ်စရာတွေကို ခဏဘေးဖယ်ထားပြီး ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေခံစားနေရလဲဆိုတာ အေးအေးဆေးဆေး သတိထားကြည့်ဖို့ မိနစ် ၃၀ လေးအချိန်ပေးပြီး ဂရုစိုက်စောင့်ကြည့်ခဲ့ကြပါတယ်။ 🌱 Outdoor Market မှာလည်း Honest Hour Booth ကို လာရောက်သူတွေအတွက် • တစ်ဦးချင်း စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအကြံပေးခြင်း (One-on-one Counselling) • စုံတွဲများအတွက် ဆွေးနွေးအကြံပေးခြင်း (Couples Counselling) • Online မှတစ်ဆင့် တက်ရောက်နိုင်တဲ့ Meditation သင်တန်းများ • ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားခြင်းဆိုင်ရာ သင်တန်းများ (Self-healing Classes) တွေအကြောင်း မျှဝေပေးခဲ့ပါတယ်။ 🎁 Workshop တက်ရောက်သူတွေအတွက် အထူး Discount Coupon တွေကိုလည်း Honest Hour က စီစဉ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ၅၀,၀၀၀ ကျပ် တန်ဖိုးရှိတဲ့ Gift Voucher (၅) စောင် ကိုလည်း Lucky Draw လက်ဆောင်အဖြစ် ပေးအပ်ဖို့ စီစဉ်ပေးဖြစ်ခဲ့ပါတယ်။ ✨ ဒီလို တန်ဖိုးရှိတဲ့ မနက်ခင်းလေးကို အတူဖန်တီးခွင့်ပေးခဲ့တဲ့ ပွဲစီစဉ်သူတွေ၊ Workshop ကို လမ်းညွှန်ပေးခဲ့တဲ့ Ma Michelle၊ ကိုယ့်စိတ်အတွက် အချိန်ပေးပြီး အတူလေ့ကျင့်ခဲ့ကြသူတွေနဲ့ Booth မှာ လာရောက်စုံစမ်းကြသူတိုင်းကို Honest Hour က ကျေးဇူးတင်ပါတယ်။ 🤍 🌿 Making time for the mind at The Oval On 15 November, Honest Hour joined The FLOW Wellbeing Sessions @ The Oval at StarCity, where Ma Michelle led our Mindfulness, Breathwork & Meditation workshop. From 8:30 to 9:00 AM, participants set aside their Sunday to-do lists and practised together. Ma Michelle guided the group through breathing exercises and meditation, inviting everyone to notice each breath and check in with how they were feeling, both physically and emotionally. 🌱 At the Outdoor Market, visitors stopped by the Honest Hour booth to meet our team and learn about four ways to access support or build a personal wellbeing practice: - One-on-one counselling - Couples counselling - Online meditation classes - Self-healing classes 🎁 Honest Hour also arranged special discount coupons for the workshop participants and provided five gift vouchers worth MMK 50,000 each for the lucky draw. Thank you to the organizers for bringing us together, to Ma Michelle for guiding the practice, and to everyone who joined the workshop or stopped by our booth. We’re grateful for the chance to spend a quiet half-hour together and to continue the conversation about mental wellbeing at the market. 🤍 #HonestHour #TheWellbeingSessions #WellbeingAtTheOval #Mindfulness
25 лист, 02:17

photo content
+3
25 лист, 02:17

🏮 တန်ဆောင်တိုင်ရဲ့ မီးရောင်လေးတွေနဲ့အတူ ကိုယ်စိတ်နှလုံး နွေးထွေးလုံခြုံကြပါစေ... မြတ်နိုးရသူတွေနဲ့အတူ နွေးထွေးတဲ့အချိန်လေးတွေ ဖြတ်သန်းရင်း မေတ္တာနဲ့ ပျော်ရွှင်မှုတွေ မျှဝေနိုင်တဲ့ တန်ဆောင်တိုင်အခါသမယလေး ဖြစ်ပါစေ။ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကြားက ခဏတာ အနားယူပြီး ကိုယ့်စိတ်နဲ့ ကိုယ်ခန္ဓာကို ဂရုစိုက်ဖို့ အချိန်လေးလည်း ရရှိပါစေ။ တန်ဆောင်တိုင်ပွဲတော် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေလို့ Honest Hour မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🤍 #HonestHour #တန်ဆောင်တိုင် #တန်ဆောင်တိုင်ဆုမွန်ကောင်း
23 лист, 21:32

photo content
23 лист, 21:32

👯 “တွေ့ကြမယ်နော်” လို့ ပြောရင်း မတွေ့ဖြစ်တာကြာနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိလား? အရင်ကတော့ ဘာအကြောင်းမှမရှိလည်း တွေ့ဖြစ်ကြတယ်။ စကားတွေပြော၊ ရယ်မောကြရင်း အချိန်ကုန်လို့ကုန်မှန်းတောင် မသိခဲ့ဘူး။ အခုတော့ ကိုယ်စီအလုပ်တွေ၊ တာဝန်တွေနဲ့… “ဒီတစ်ပတ် မအားသေးဘူး၊ နောက်တစ်ပတ်မှနော်” လို့ ပြောရင်း တွေ့ဖို့အစီအစဉ်လေးက ရွှေ့ရင်းရွှေ့ရင်း မတွေ့ဖြစ်တဲ့ သူငယ်ချင်းတွေရှိရင်... ဒီတစ်ခါတော့... သူငယ်ချင်းနဲ့အတူ ဂိီတသံစဥ်တွေကြားမှာ ကခုန်ရင်း စိတ်ထွက်ပေါက်တစ်ခုရှာဖွေကြည့်ကြဖို့ Somatic Dance Flow Class ကနေ ဖိတ်ခေါ်လိုက်ပါတယ်။ သူငယ်ချင်းနဲ့အတူ သီချင်းသံကြားမှာ လှုပ်ရှားကြမယ်။ ကခုန်ကြမယ်။ ကိုယ့်အတွက်လည်း အချိန်ပေးရင်း တစ်ယောက်နဲ့တစ်ယောက် အတူရှိဖြစ်တဲ့ အခိုက်အတန့်လေးတစ်ခု ဖန်တီးကြမယ်။ 💃 Honest Hour ရဲ့ Somatic Dance Flow မှာ အကကွက်တွေ လှလှပပကနိုင်ဖို့ထက် ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုခံစားနေရလဲဆိုတာ နားထောင်ရင်း ကိုယ်အဆင်ပြေတဲ့ အရှိန်နဲ့ လှုပ်ရှားကြည့်ဖို့ကို ရည်ရွယ်ပါတယ်။ စကားနဲ့ ဖော်ပြဖို့ခက်တဲ့ ခံစားချက်တွေကို လှုပ်ရှားမှုကနေ ဖော်ပြကြည့်ဖို့၊ နေ့စဉ်လုပ်စရာတွေကနေ ခဏနားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အာရုံစိုက်ဖို့ အချိန်လေးတစ်ခုပါ။ တစ်ယောက်တည်းဆို “သွားရမလား၊ မသွားရဘူးလား” လို့ တွန့်ဆုတ်နေမိပေမယ့် “လာ… ငါလည်း အတူလိုက်မယ်” လို့ ပြောပေးမယ့် သူငယ်ချင်းရှိတော့ အတူတူ Join ဖြစ်သွားပြီး အကကနေတစ်ဆင့် စိတ်ထွက်ပေါက်တစ်ခု ရှာတွေ့သွားစေနိုင်ပါတယ်။ 👯အတူလာမယ့် သူငယ်ချင်းတွေအတွက် Bring Your Friend Discount လည်း ရှိပါတယ်။ 💰 Original Price — 30,000 MMK 🌟 Early Bird Price — 28,000 MMK Bring Your Friend Discount Bring one friend : 50,000 MMK For Both Bring two friend : 70,000 MMK In Total Class အသေးစိတ်ကို အောက်ပါ post link ကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/share/p/1PNixAwh4E/ 💌 ဒီစာလေးဖတ်ရင်း သတိရမိတဲ့ သူငယ်ချင်းဆီ ပို့ပြီး “ဒီတစ်ခါတော့ တို့အတူသွားကြမလား?” လို့ မေးလိုက်ပါနော်... အတူလာဖို့ အချိန်ညှိပြီးပြီဆိုရင် Honest Hour Page Messenger မှာ တက်ရောက်မယ့် လူဦးရေလေး ပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ 📞 09 792824522 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ #HonestHour #SomaticDanceFlow #BringYourFriend #MoveTogether
20 лист, 08:03

photo content
20 лист, 08:03

သုံးပြီးမှစိတ်ပူပန်နေမယ့်အစား… မသုံးခင်သေချာစီစစ်ကြည့်ပါ… 💙 သုံးပြီးမှ စိတ်ပူနေပြီး စိတ်ပင်ပန်းမနေရအောင်… မသုံးခင် ဒီလိုမျိုး စီစဉ်ကြည့်ရအောင်။ အရင်လို အရာရာမလွယ်ကူတော့တဲ့ကာလမှာ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့တောင် ပိုပြီးချင့်ချိန်လာရပါတယ်။ စားစရိတ်၊ သွားလာစရိတ်၊ အိမ်အတွက်ပေးစရာတွေကြားမှာ ကိုယ့်အတွက် တစ်ခုခုဝယ်လိုက်ပြီးရင်တောင် “ဒီငွေကို မသုံးလိုက်ရင် ကောင်းသား” လို့ ပြန်တွေးပူမိတတ်ပါတယ်။ ဒါကြောင့် ငွေကြေးကို ကြိုတင်စီမံတာက ကိုယ့်စိတ်အတွက်ပါ ဂရုစိုက်ပေးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်နိုင်ပါတယ်။ ဘာအတွက် ဘယ်လောက်သုံးနိုင်လဲ ပိုရှင်းလင်းလာတဲ့အခါ သုံးပြီးမှ နောင်တရတာနဲ့ လကုန်မှာ မလောက်မှာကို စိုးရိမ်ရတာတွေ လျော့ပါးစေနိုင်ပါတယ်။ 🌿 ကိုယ့်ကိုယ်ကို အလွန်အကျွံချုပ်တည်းစရာမလိုဘဲ လက်တွေ့လုပ်နိုင်မယ့် နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ၁။ ငွေဝင်လာတဲ့အခါ သုံးနိုင်တဲ့ငွေကို အရင်ခွဲသိပါ။ လက်ထဲရှိသမျှကို သုံးနိုင်တဲ့ငွေလို့ မယူဆဘဲ နောက်တစ်ကြိမ်ဝင်ငွေမရခင် ပေးရမယ့် အိမ်လခ၊ စားစရိတ်၊ ဆေးဝါး၊ သွားလာစရိတ်နဲ့ အခြားမဖြစ်မနေ ပေးစရာတွေကို အရင်ဖယ်ထားပါ။ တတ်နိုင်ရင် အရေးပေါ်အတွက် ငွေအနည်းငယ်ပါ ခွဲထားပြီးမှ ကျန်တဲ့ငွေထဲက ဘယ်လောက်သုံးနိုင်မလဲ ဆုံးဖြတ်ပါ။ ၂။ ဈေးဝယ်မထွက်ခင် ရှိပြီးသားကို စစ်ပြီး စာရင်းရေးပါ။ အိမ်မှာရှိပြီးသား စားသောက်ကုန်နဲ့ အသုံးအဆောင်တွေကို အရင်ကြည့်ပါ။ လိုတာတွေကို စာရင်းရေးပြီး သုံးမယ့်ပမာဏကို သတ်မှတ်ထားရင် ထပ်ဝယ်မိတာ၊ မြင်သမျှလိုချင်လာတာတွေကို လျှော့ချနိုင်ပါတယ်။ အစားအသောက်အတွက်လည်း ရက်အနည်းငယ်စာ ဘာချက်မလဲ ကြိုစဉ်းစားထားရင် ဝယ်ပြီး မသုံးဖြစ်လို့ ပျက်စီးသွားတာတွေ နည်းလာနိုင်ပါတယ်။ ၃။ “ဈေးလျှော့ထားလား” ထက် “တကယ်လိုလား” ကို အရင်မေးပါ။ ဝယ်ခါနီးမှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ • အခုတကယ်လိုနေတာလား? • အိမ်မှာရှိပြီးသားနဲ့ အစားထိုးသုံးလို့ရလား? • ဝယ်လိုက်ရင် မဖြစ်မနေသုံးရမယ့်ငွေကို ထိခိုက်မလား? မလိုအပ်တဲ့ပစ္စည်းကို Discount နဲ့ ဝယ်လိုက်တာကလည်း အသုံးစရိတ်တစ်ခုပါပဲ။ အရေးမကြီးတဲ့ဝယ်ယူမှုဆိုရင် တစ်ရက်လောက် စောင့်ပြီးမှ ဆုံးဖြတ်ကြည့်ပါ။ ၄။ ပစ္စည်းဈေးတင်မက စုစုပေါင်းကုန်ကျစရိတ်ကို တွက်ပါ။ Online မှာ ဈေးသက်သာပေမယ့် Delivery ခ ထည့်လိုက်ရင် ပိုကုန်သွားနိုင်ပါတယ်။ ပို့ခနဲ့တန်ဖို့ဆိုပြီး မလိုတဲ့ပစ္စည်း ထပ်ထည့်မိတာမျိုးကိုလည်း သတိထားပါ။ ၅။ တစ်လစာကို တစ်ပတ်ချင်း ခွဲသုံးကြည့်ပါ။ မဖြစ်မနေ ပေးစရာတွေ ဖယ်ထားပြီးနောက် နေ့စဉ်သုံးဖို့ ကျန်တဲ့ငွေကို နောက်ဝင်ငွေရမယ့်အချိန်အထိ တစ်ပတ်ချင်း ခွဲထားနိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ် ပြန်ကြည့်ပြီး လိုသလိုညှိပါ။ မျှော်လင့်မထားတဲ့စရိတ်ကြောင့် ပိုသုံးမိရင် ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ထက် နောက်တစ်ပတ်မှာ ဘာကို ပြန်ညှိနိုင်မလဲ စဉ်းစားပါ။ ၆။ ကိုယ့်ပျော်ရွှင်မှုအတွက်လည်း တတ်နိုင်သလောက် နေရာလေးထားပါ။ Budget စီမံတယ်ဆိုတာ ကိုယ်ကြိုက်တာအားလုံးကို ဖြတ်တောက်ပစ်ဖို့ မဟုတ်ပါဘူး။ အခြေခံလိုအပ်ချက်တွေ ပြည့်မီပြီး တတ်နိုင်ရင် ကိုယ်နှစ်သက်တဲ့ မုန့်လေးတစ်ခု၊ သူငယ်ချင်းနဲ့ လက်ဖက်ရည်သောက်ချိန်လေးအတွက် ကြိုဖယ်ထားလို့ရပါတယ်။ ကိုယ်သုံးနိုင်တဲ့ပမာဏအတွင်း စီစဉ်ထားပြီးသားဆိုရင် အဲဒီအချိန်လေးကို အပြစ်ရှိသလို မခံစားဘဲ ပျော်ရွှင်ခွင့်ပေးပါ။ 🤍 #HonestHour #FinancialWellbeing #MentalWellbeing #MindfulSpending
19 лист, 08:01

photo content
19 лист, 08:01

ပြဿနာက ရှိနေတုန်းပဲ… ဒါပေမယ့် သူနဲ့ စကားပြောပြီးတော့ စိတ်နည်းနည်း ပေါ့သွားတယ်။ ဒီလို ခံစားရဖူးလား? ရင်ထဲမှာ ပြည့်ကြပ်နေတဲ့အရာတွေကို ပြောပြလိုက်ရတယ်။ စကားတွေ အစီအစဉ်မကျလည်း သူက စိတ်ရှည်ရှည် နားထောင်ပေးတယ်။ “ဒါလေးနဲ့များ…” လို့ မဝေဖန်ဘူး။ “နင်က ဒီလိုလုပ်သင့်တာ” ဆိုပြီးလည်း အလျင်စလို မဆုံးဖြတ်ဘူး။ ကိုယ့်အခက်အခဲကို ချက်ချင်း ဖြေရှင်းပေးနိုင်တာ မဟုတ်ပေမယ့် စကားပြောပြီးတဲ့အခါ ရင်ထဲမှာ နည်းနည်း သက်သာသွားတယ်။ “ငါခံစားနေရတာကို နားထောင်ပေးမယ့်သူ ရှိပါလား” ဆိုတဲ့ ခံစားချက်လေးက အဲဒီအချိန်မှာ ကိုယ့်အတွက် အများကြီး အဓိပ္ပာယ်ရှိနေတတ်ပါတယ်။ 🌿 တစ်ခါတလေ ကိုယ်ကြုံနေရတဲ့ကိစ္စအပြင် “ဒါတွေကို ငါတစ်ယောက်တည်း ရင်ဆိုင်နေရတယ်” ဆိုတဲ့ ခံစားချက်ကပါ ပိုပင်ပန်းစေတတ်ပါတယ်။ ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ကိုယ့်ခံစားချက်ကို ဖုံးကွယ်မထားဘဲ ပြောခွင့်ရတဲ့အခါ၊ အပြစ်တင်ခံရမှာကို စိုးရိမ်နေစရာမလိုတဲ့အခါ တစ်ယောက်တည်း ရင်ဆိုင်နေရသလို ခံစားချက်က နည်းနည်း လျော့သွားနိုင်ပါတယ်။ အဲဒီလို ဆက်သွယ်မှုဆိုတာ စကားအများကြီး ပြောရမှလည်း မဟုတ်ပါဘူး။ “ပြောချင်တဲ့အချိန် ပြောလို့ရတယ်နော်” လို့ ပြောပေးတာ၊ အေးအေးဆေးဆေး အတူထိုင်ပေးတာလေးကလည်း ကိုယ့်အတွက် အားဖြစ်နိုင်ပါတယ်။ 🤍 ဒါပေမယ့် စိတ်ထဲမှာ ပြည့်နေတဲ့အချိန် “နားထောင်ပေးပါဦး” လို့ စပြောဖို့တောင် ခက်နေတတ်တဲ့ အချိန်တွေလည်း ရှိပါတယ်။ စကားကို လှလှပပ စီစဉ်ထားဖို့ မလိုပါဘူး။ ကိုယ့်လိုအပ်ချက်ကို ဒီလို ရိုးရိုးလေး ပြောကြည့်လို့ရပါတယ်။ 💬 “ဒီနေ့ နည်းနည်းပင်ပန်းနေတယ်။ ခဏလောက် နားထောင်ပေးဖို့ အချိန်ရှိလား?” 💬 “အခုတော့ ဘာလုပ်ရမလဲဆိုတဲ့ အကြံဉာဏ်ထက် ရင်ဖွင့်ချင်သေးတာပါ။ နားထောင်ပေးလို့ရမလား?” 💬 “အားလုံးကို ပြောပြဖို့တော့ အဆင်သင့် မဖြစ်သေးဘူး။ ခဏလေး အတူရှိပေးလို့ရမလား?” တစ်ယောက်ယောက်က ကိုယ့်ဆီ ရင်ဖွင့်လာတဲ့အခါလည်း အဖြေတစ်ခု ချက်ချင်းရှာပေးရမယ်လို့ ဖိအားမထားပါနဲ့။ “အတူတူ အဖြေရှာပေးရမလား၊ အရင် နားထောင်ပေးရမလား?” လို့ မေးပေးတာက သူလိုအပ်နေတဲ့ ပံ့ပိုးမှုကို နားလည်စေနိုင်ပါတယ်။ ကိုယ့်အကြောင်းကို လူတိုင်းဆီ ပြောပြဖို့ မလိုပါဘူး။ ကိုယ့်အတွက် ယုံကြည်ရပြီး သက်သောင့်သက်သာရှိတဲ့သူကို ကိုယ်အဆင်ပြေတဲ့အချိန်မှာ မျှဝေချင်သလောက်ပဲ ပြောပြလို့ရပါတယ်။ အကူအညီတောင်းဖို့ ပြဿနာတွေ အရမ်းကြီးလာတဲ့အထိ စောင့်နေစရာ မလိုပါဘူးနော်။ “ဒီနေ့ နည်းနည်းပင်ပန်းနေတယ်” ဆိုတာလေးကနေပဲ စလို့ရပါတယ်။ 💛 #HonestHour #PowerOfConnection #SocialWellbeing #YouAreNotAlone
17 лист, 08:02

photo content
17 лист, 08:02

ပြဿနာက ရှိနေတုန်းပဲ… ဒါပေမယ့် သူနဲ့ စကားပြောပြီးတော့ စိတ်နည်းနည်း ပေါ့သွားတယ်။ ဒီလို ခံစားရဖူးလား? ရင်ထဲမှာ ပြည့်ကြပ်နေတဲ့အရာတွေကို ပြောပြလိုက်ရတယ်။ စကားတွေ အစီအစဉ်မကျလည်း သူက စိတ်ရှည်ရှည် နားထောင်ပေးတယ်။ “ဒါလေးနဲ့များ…” လို့ မဝေဖန်ဘူး။ “နင်က ဒီလိုလုပ်သင့်တာ” ဆိုပြီးလည်း အလျင်စလို မဆုံးဖြတ်ဘူး။ ကိုယ့်အခက်အခဲကို ချက်ချင်း ဖြေရှင်းပေးနိုင်တာ မဟုတ်ပေမယ့် စကားပြောပြီးတဲ့အခါ ရင်ထဲမှာ နည်းနည်း သက်သာသွားတယ်။ “ငါခံစားနေရတာကို နားထောင်ပေးမယ့်သူ ရှိပါလား” ဆိုတဲ့ ခံစားချက်လေးက အဲဒီအချိန်မှာ ကိုယ့်အတွက် အများကြီး အဓိပ္ပာယ်ရှိနေတတ်ပါတယ်။ 🌿 တစ်ခါတလေ ကိုယ်ကြုံနေရတဲ့ကိစ္စအပြင် “ဒါတွေကို ငါတစ်ယောက်တည်း ရင်ဆိုင်နေရတယ်” ဆိုတဲ့ ခံစားချက်ကပါ ပိုပင်ပန်းစေတတ်ပါတယ်။ ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ကိုယ့်ခံစားချက်ကို ဖုံးကွယ်မထားဘဲ ပြောခွင့်ရတဲ့အခါ၊ အပြစ်တင်ခံရမှာကို စိုးရိမ်နေစရာမလိုတဲ့အခါ တစ်ယောက်တည်း ရင်ဆိုင်နေရသလို ခံစားချက်က နည်းနည်း လျော့သွားနိုင်ပါတယ်။ အဲဒီလို ဆက်သွယ်မှုဆိုတာ စကားအများကြီး ပြောရမှလည်း မဟုတ်ပါဘူး။ “ပြောချင်တဲ့အချိန် ပြောလို့ရတယ်နော်” လို့ ပြောပေးတာ၊ အေးအေးဆေးဆေး အတူထိုင်ပေးတာလေးကလည်း ကိုယ့်အတွက် အားဖြစ်နိုင်ပါတယ်။ 🤍 ဒါပေမယ့် စိတ်ထဲမှာ ပြည့်နေတဲ့အချိန် “နားထောင်ပေးပါဦး” လို့ စပြောဖို့တောင် ခက်နေတတ်တဲ့ အချိန်တွေလည်း ရှိပါတယ်။ စကားကို လှလှပပ စီစဉ်ထားဖို့ မလိုပါဘူး။ ကိုယ့်လိုအပ်ချက်ကို ဒီလို ရိုးရိုးလေး ပြောကြည့်လို့ရပါတယ်။ 💬 “ဒီနေ့ နည်းနည်းပင်ပန်းနေတယ်။ ခဏလောက် နားထောင်ပေးဖို့ အချိန်ရှိလား?” 💬 “အခုတော့ ဘာလုပ်ရမလဲဆိုတဲ့ အကြံဉာဏ်ထက် ရင်ဖွင့်ချင်သေးတာပါ။ နားထောင်ပေးလို့ရမလား?” 💬 “အားလုံးကို ပြောပြဖို့တော့ အဆင်သင့် မဖြစ်သေးဘူး။ ခဏလေး အတူရှိပေးလို့ရမလား?” တစ်ယောက်ယောက်က ကိုယ့်ဆီ ရင်ဖွင့်လာတဲ့အခါလည်း အဖြေတစ်ခု ချက်ချင်းရှာပေးရမယ်လို့ ဖိအားမထားပါနဲ့။ “အတူတူ အဖြေရှာပေးရမလား၊ အရင် နားထောင်ပေးရမလား?” လို့ မေးပေးတာက သူလိုအပ်နေတဲ့ ပံ့ပိုးမှုကို နားလည်စေနိုင်ပါတယ်။ ကိုယ့်အကြောင်းကို လူတိုင်းဆီ ပြောပြဖို့ မလိုပါဘူး။ ကိုယ့်အတွက် ယုံကြည်ရပြီး သက်သောင့်သက်သာရှိတဲ့သူကို ကိုယ်အဆင်ပြေတဲ့အချိန်မှာ မျှဝေချင်သလောက်ပဲ ပြောပြလို့ရပါတယ်။ အကူအညီတောင်းဖို့ ပြဿနာတွေ အရမ်းကြီးလာတဲ့အထိ စောင့်နေစရာ မလိုပါဘူးနော်။ “ဒီနေ့ နည်းနည်းပင်ပန်းနေတယ်” ဆိုတာလေးကနေပဲ စလို့ရပါတယ်။ 💛 #HonestHour #PowerOfConnection #SocialWellbeing #YouAreNotAlone
16 лист, 00:02
16 лист, ~00:02

စိတ်အဆင်မပြေတဲ့အချိန်မှာတော့ မိခင်ဘာသာစကားနဲ့ ရင်ဖွင့်လိုက်ရမှ စိတ်ပေါ့ပါးသွားတယ်လို့ ခံစားရဖူးလား? ကျောင်းတတ်ဖို့၊ အလုပ်ခွင်ဝင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် အမိမြေကနေစွန့်ခွာပြီး နိုင်ငံရပ်ခြားမှာနေထိုင်နေတဲ့ မြန်မာတွေအနေနဲ့လည်း ခက်ခဲတဲ့အချိန်တွေ၊ နေ့ရက်တွေကို ရင်ဆိုင်ကြုံတွေ့ရပါတယ်။ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်ရယ်မောမော နေခဲ့ပေမယ့် ညစာတစ်ယောက်တည်း ထမင်းစားရတော့ အိမ်က ထမင်းဝိုင်းလေးကို သတိရမိတယ်။ ကျောင်းမှာလည်း အတန်းဖော်တွေကြား ရောက်နေပေမယ့် စိတ်ထဲရှိတာကို ဖွင့်ပြောလို့ရတဲ့ သူငယ်ချင်းတစ်ယောက် ရှိရင်ကောင်းမယ်လို့ တွေးမိတယ်။ အလုပ်လုပ်ဖို့၊ ပညာသင်ဖို့ ပြည်ပရောက်နေတဲ့အခါ အိမ်လွမ်းစိတ်နဲ့ အထီးကျန်တဲ့ ခံစားချက်တွေက ဒီလို သာမန်အခိုက်အတန့်လေးတွေမှာတောင် ပိုသိသာလာတတ်ပါတယ်။ တချို့နေ့တွေမှာ အလုပ်က ဖိအားတွေ၊ စာမေးပွဲအတွက် စိုးရိမ်ရတာတွေပါ ထပ်တိုးလာတယ်။ အိမ်က ဖုန်းဆက်လာလို့ ပြောပြချင်ပေမယ့် မိသားစု စိတ်ပူမှာစိုးတော့ “ဒီမှာ အားလုံးအဆင်ပြေပါတယ်” လို့ပဲ ဖြေလိုက်မိတယ်။ တကယ်တော့ ကိုယ့်စိတ်ထဲမှာ “အဆင်မပြေဘူး”။ “အဆင်မပြေတာတွေကို နားထောင်ပေးဖို့ တစ်ယောက်ယောက်ရှိရင်ကောင်းမယ်” လို့တွေးမိပေမယ့် ရေမြေခြားမှာ ဘယ်သူ့ကိုရင်ဖွင့်ရမလဲ မသိတဲ့အခြေအနေတွေရှိပါတယ်။ ဒီလိုနေ့တွေကို သင်တစ်ယောက်တည်း ရင်ဆိုင်ဖို့ မလိုပါဘူး။ ခက်ခဲတဲ့နေ့ရက်တွေမှာ စိတ်ပိုင်းဆိုင်ရာမွန်းကြပ်မှုတွေကို ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ စိတ်လိုလက်ရ ရင်ဖွင့်နိုင်ဖို့၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးအဖြေရှာပေးဖို့ Honest Hour ရှိနေပါတယ်။ Honest Hour မှာ ပြည်ပရောက် မြန်မာတွေလည်း Online ကနေ တစ်ဦးချင်း ရင်ဖွင့်ဆွေးနွေးနေကြပါတယ်။ သင်လည်း ကိုယ်နေထိုင်ရာကနေ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးသူတွေနဲ့ တွေ့ဆုံပြီး ကိုယ့်မိခင်ဘာသာစကားနဲ့ စိတ်လုံခြုံဲမှုရှိရှိ ပြောပြနိုင်ပါတယ်။ “ဒီရက်ပိုင်း အိမ်အရမ်းလွမ်းနေတယ်” ဆိုတဲ့ စကားလေးကနေ စလို့ရပါတယ်… 📲 ရင်ဖွင့်ဆွေးနွေးချင်တဲ့အခါ Honest Hour Application ကနေတစ်ဆင့် Counselling Appointment booking ရယူနိုင်ပါတယ်။ Honest Hour Facebook Page Messenger နဲ့ 09 792824522 ကိုလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်။ #HonestHour #OnlineCounselling #MentalHealth #MyanmarLanguage #Overseas
14 лист, 21:34

photo content
14 лист, 21:34

[English Below] 🌿 ခဏအနားယူပြီး ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ အချိန်ပေးခဲ့ကြတဲ့နေ့လေးတစ်နေ့ နေ့စဉ် အလုပ်တာဝန်တွေကြားမှာ ကိုယ့်အတွက် အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပေါ့ပေါ့ပါးပါး လှုပ်ရှားရင်း အလုပ်ပုံမှန်လုပ်နေကျ အရှိန်ကနေ ခဏနားလိုက်တာကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုတစ်ခုပါပဲ။ 🤍 ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေအတွက် အချိန်ပေးနိုင်ဖို့ Makro မှာ Honest Hour က စီစဉ်ပေးခဲ့တဲ့ Physical Wellbeing Session လေးကို အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါပြီ။ ✨ ဒီအစီအစဉ်လေးက လုပ်ဖော်ကိုင်ဖက်တွေအတူ နေ့စဉ်အလုပ်ကိစ္စတွေကနေ ခဏအာရုံလွှဲပြီး ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့၊ အချိန်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဝန်ထမ်းတွေရဲ့ ကိုယ်စိတ်ကျန်းမာရေးကို အလေးထားပြီး ဒီအစီအစဉ်လေးကို အတူဖော်ဆောင်ပေးခဲ့တဲ့ Makro နဲ့ ပါဝင်လှုပ်ရှားပေးခဲ့ကြသူ အားလုံးကို Honest Hour က ကျေးဇူးတင်ပါတယ်။ အလုပ်အတွက် အချိန်ပေးသလို ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လည်း အချိန်ပေးနိုင်တဲ့ လုပ်ငန်းခွင်တွေကို အတူဖန်တီးသွားကြရအောင်။ 🌱 Making time for movement, connection, and wellbeing. 🌿 Honest Hour is pleased to have successfully completed a Physical Wellbeing Session at Makro, bringing colleagues together to move, take a break from their routines, and make time for themselves. Amid busy workdays, shared activities like these create opportunities for teams to connect beyond everyday tasks and make wellbeing part of workplace life. Thank you to Makro for prioritising employee wellbeing and to everyone who participated. We appreciate the opportunity to support your team’s wellbeing journey. Let’s continue creating workplaces where caring for ourselves is valued alongside the work we do. 🤍 #HonestHour #Makro #PhysicalWellbeing #WorkplaceWellbeing #EmployeeWellbeing #CultureOfCare
13 лист, 21:32

photo content
+3
13 лист, 21:32

အလုပ်လုပ်တော့လည်း ထိုင်ရင်း… အနားယူတော့လည်း ထိုင်ရင်း… သင့်တစ်နေ့တာမှာ လှုပ်ရှားဖြစ်တဲ့အချိန် ဘယ်လောက်ရှိလဲ? နေ့စဥ်ဘဝမှာ အလုပ်အများစုကို ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာ ထိုင်ပြိးလုပ်တယ်။ အလုပ်ပြီးလို့ အနားယူချိန်မှာလည်း ဖုန်းကြည့်ရင်း၊ ဇာတ်လမ်းတွဲကြည့်ရင်း၊ လှဲနေရင်းနဲ့ပဲ အချိန်ကုန်သွားတယ်။ ဒီလိုနဲ့ ပခုံးတွေ တင်းနေမှ၊ ခါးတွေ ညောင်းလာမှ၊ ကိုယ်လက်တွေ တောင့်တင်းနေမှ၊ ကျန်းမာရေးတွေထိခိုက်လာမှ “ငါ အထိုင်များ နေမိပါလား” လို့ သတိထားမိဖူးလား? တစ်နေ့တာလုံး အလုပ်များနေခဲ့ပေမယ့် ခန္ဓာကိုယ်က လှုပ်ရှားချိန်နည်းနေသလို စိတ်ထဲမှာလည်း အလုပ်ဖိအားတွေ၊ စိုးရိမ်မှုတွေ၊ ပြောမပြဖြစ်တဲ့ ခံစားချက်တွေ ရှိနေတတ်ပါတယ်။ 🎶 စိတ်ထဲမှာ မွန်းကြပ်လာတဲ့အခါ တချို့က သီချင်းဆိုတယ်။ တချို့က အားကစားလုပ်တယ်။ တချို့ကတော့ ကခုန်ကြတယ်။ အဲဒီလိုလုပ်ရင်း ကိုယ့်ခံစားချက်တွေကို ဖော်ပြခွင့်ရတဲ့အခါ စိတ်နည်းနည်းပေါ့ပါးသွားသလို ခံစားရနိုင်ပါတယ်။ အက ကလည်း ဝမ်းနည်းမှု၊ မွန်းကြပ်မှုတွေကို စကားလုံးတွေနဲ့ ရှင်းပြစရာမလိုဘဲ လှုပ်ရှားမှုတွေကနေ ဖော်ပြကြည့်နိုင်တဲ့ စိတ်ထွက်ပေါက်တစ်ခု ဖြစ်နိုင်ပါတယ်။ သီချင်းစည်းချက်နဲ့အတူ လက်မောင်းတွေ လှုပ်ရှားကြည့်မယ်၊ ခြေလှမ်းတွေ ရွှေ့ကြည့်မယ်၊ ကိုယ်အဆင်ပြေသလို ကခုန်ကြည့်မယ်။ ခံစားချက်အားလုံး ချက်ချင်းပျောက်သွားဖို့ မလိုဘဲ အဲဒီအချိန်လေးမှာ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်စွာ ဖော်ပြခွင့်ပေးကြည့်ကြမယ်။​ 🌿 ဒီတစ်ခါတော့ ကိုယ့်အတွက် တစ်နာရီလောက် အချိန်ပေးပြီး အတူတူ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ကြမယ်။ အလုပ်ကိစ္စတွေကနေ ခဏအာရုံခွာပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ခန္ဓာကိုယ်ရဲ့ ခံစားမှုတွေကို ပြန်သတိထားဖို့ Honest Hour ရဲ့ Somatic Dance Flow Class လေးကို ဖိတ်ခေါ်ချင်ပါတယ် 🤍 💃 ဘာကြောင့် Somatic Dance လဲ? Somatic Dance မှာ အကလှုပ်ရှားမှုတွေကနေတစ်ဆင့် ကိုယ့်ခန္ဓာကိုယ်အတွင်းက ခံစားမှုတွေကို သတိထားမိစေပါတယ်။ “ဒီအကကွက်ကို ငါ မှန်အောင်ကနိုင်ရဲ့လား” ဆိုတာထက် “ဒီလိုလှုပ်ရှားလိုက်တဲ့အခါ ငါ့ခန္ဓာကိုယ်က ဘယ်လိုခံစားရလဲ” ဆိုတာကို သတိပြုမိဖို့ပါ။ လက်မောင်းကို လှုပ်ကြည့်မယ်၊ ကိုယ်အလေးချိန်ကို ခြေလှမ်းတွေနဲ့အတူ ရွှေ့ကြည့်မယ်၊ ကိုယ်အဆင်ပြေတဲ့ အရှိန်နဲ့ ကခုန်ကြည့်မယ်။ အဲဒီလို လှုပ်ရှားရင်း ဘယ်နေရာမှာ တင်းကြပ်နေလဲ၊ ဘယ်လိုလှုပ်ရှားမှုက သက်တောင့်သက်သာရှိလဲ ဆိုတာကို ပြန်နားထောင်ကြည့်နိုင်ပါတယ်။ အက ကနေတစ်ဆင့် ကိုယ့်ခံစားချက်တွေကို ဆန်းစစ်ကြည့်ဖို့၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ပြန်လည်ချိတ်ဆက်ဖို့နဲ့ လှုပ်ရှားရတဲ့ ပျော်ရွှင်မှုကို ခံစားကြည့်ဖို့ အချိန်လေးတစ်ခုပါ။ ▫️ တစ်နေ့လုံး စားပွဲရှေ့မှာ ထိုင်ပြီးအလုပ်လုပ်နေရသူတွေ ▫️ အလုပ်ပြီးသွားပေမယ့် စိတ်ထဲမှာ လုပ်စရာတွေ ဆက်တွေးနေမိသူတွေ ▫️ နေ့စဉ်တာဝန်တွေကြား ကိုယ့်အတွက် အချိန်မပေးဖြစ်တာ ကြာနေသူတွေ ▫️ ငြိမ်ငြိမ်ထိုင်ပြီး အနားယူတာထက် လှုပ်ရှားရင်း စိတ်ကိုအနားပေးကြည့်ချင်သူတွေ ▫️ အကကို စိတ်ဝင်စားပြီး ကိုယ့်ခန္ဓာကိုယ်ရဲ့ ခံစားမှုတွေကို ပိုနားလည်ချင်သူတွေ အတွက် အတန်းလေးပါ။ တစ်နာရီလေးကနေ စပြီး နေ့စဉ်ဘဝထဲမှာ လှုပ်ရှားဖို့အချိန်ကို တဖြည်းဖြည်းချင်း ပေးသွားကြမယ်။ ✨ အလုပ်အတွက် အချိန်ပေးနေရသလို သင့်ကို နေ့တိုင်းသယ်ဆောင်ပေးနေတဲ့ ခန္ဓာကိုယ်အတွက်လည်း အချိန်လေးပေးလိုက်ပါ။ 💃 Somatic Dance Flow | In-person Class 👩‍🏫 Instructor — Ma Khin Mon Thu 📅 Date — 28.11.2026 (Saturday) ⏰ Time — မနက် ၈ နာရီမှ ၉ နာရီအထိ 📍 Location — 19/B (First Floor), Min Ye Kyaw Swar Rd, Kyauk Kone Rd, Yangon. 💰 Original Price — 30,000 MMK 🌟 Early Bird Price — 28,000 MMK Bring Your Friend Discount Bring one friend : 50,000 MMK For Both Bring two friend : 70,000 MMK In Total 📩 အသေးစိတ်မေးမြန်းရန်နှင့် စာရင်းပေးသွင်းရန် Honest Hour Page Messenger နဲ့ ရုံးဖုန်း 09 792824522 ကိုဆက်သွယ်နိုင်ပါတယ်။ #HonestHour #SomaticDanceFlow #MindfulMovement #HolisticWellbeing #MindBodyConnection
13 лист, 07:49

photo content
13 лист, 07:49

ဘဝမှာ " ကိုယ်ဘယ်လိုရှင်သန်နေထိုင်ချင်တာလဲ” ဆိုတဲ့ မေးခွန်းလေးကို ကိုယ့်ကိုယ်ကို မေးကြည့်ဖူးလား? 🤍 မနက်နိုးလာတဲ့အခါ ကိုယ်လက်ပေါ့ပါးစွာနေချင်တယ်။ အခက်အခဲတွေကြုံရင် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ချင်တယ်။ ကိုယ့်အတွက် အရေးပါတဲ့အရာတွေကို သိပြီး နေ့ရက်တွေကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တယ်။ အဲဒီလို နေထိုင်နိုင်ဖို့ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုဂရုစိုက်နေလဲ၊ ကိုယ့်ခံစားချက်တွေကို ဘယ်လောက်နားလည်လဲ၊ ဘဝကို ဘယ်လိုခံယူထားလဲဆိုတာတွေကို ပြန်ကြည့်ဖို့ အချိန်လေး ပေးကြရအောင်။ ဒီတစ်ခေါက် Honest Hour ရဲ့ အခမဲ့ Online Workshop “The Art of Living Well — Holistic Wellbeing from Within" မှာ Ma Zar Chi Win နဲ့အတူ စိတ်ရောကိုယ်ပါ ကောင်းမွန်ရေးကို နေ့စဉ်နေထိုင်မှုထဲ ဘယ်လိုထည့်သွင်းနိုင်မလဲဆိုတာ လေ့လာဆွေးနွေးကြမှာဖြစ်ပါတယ် ✨ ဒီ Workshop လေးမှာ… 🍃 ကြံ့ခိုင်မှုကို တည်ဆောက်ဖို့ နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ လိုအပ်တဲ့ စိတ်နဲ့ကိုယ်ရဲ့ ခွန်အားကို ဘယ်လိုပျိုးထောင်ကြမလဲ။ 🍃 အေးချမ်းမှုကို ပျိုးထောင်ဖို့ အလုပ်များပြီး အတွေးတွေရှုပ်နေတဲ့ကြားက ကိုယ့်စိတ်ကို ပြန်သတိထားပြီး တည်ငြိမ်မှုရဖို့ ဘယ်လိုလေ့ကျင့်ကြမလဲ။ 🍃 ဘဝခံယူမှုကို ပြန်လည်ဆန်းစစ်ဖို့ ကိုယ်တန်ဖိုးထားတဲ့အရာတွေ၊ ဘဝအပေါ်ထားတဲ့ အမြင်တွေက နေ့စဉ်ရွေးချယ်မှုတွေအပေါ် ဘယ်လိုသက်ရောက်နေလဲ။ 🍃 ကိုယ်လက်လှုပ်ရှားမှုကို ဂရုစိုက်ဖို့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို နားထောင်ပြီး လှုပ်ရှားသွားလာနိုင်မှုနဲ့ ကြံ့ခိုင်မှုကို နေ့စဉ်ဘဝမှာ ဘယ်လိုထည့်သွင်းဂရုစိုက်ကြမလဲ။ 🗓 Date : 14th Nov 2026 (Saturday) 🕢 Time: 7:30 PM to 8:30 PM (MMT) 💻 Platform : Zoom Online Workshop မှာ ဦးဆောင်ပေးမယ့်သူကတော့ Ma Zarchi Win (Holistic Wellbeing Coach) ပဲဖြစ်ပါတယ်။​ ကိုယ့်ရဲ့ နေထိုင်ပုံကို ပြန်လည်ဆန်းစစ်ချင်သူ၊ စိတ်တည်ငြိမ်မှုနဲ့ ကြံ့ခိုင်မှုကို ပျိုးထောင်ချင်သူ၊ စိတ်ရောကိုယ်ပါ ဂရုစိုက်ဖို့ လက်တွေ့ကျတဲ့ အလေ့အကျင့်လေးတွေ ရှာဖွေနေသူတွေအတွက် ဒီ Workshop လေးကို ဖိတ်ခေါ်ပါတယ်။ လူဦးရေ အကန့်အသတ်ရှိတာကြောင့် ဒီ workshop လေးမှာ အခမဲ့ပါဝင်ဖို့ comment မှာ Join လို့ ချန်ထားခဲ့ပြီး စာရင်းပေးသွင်းခဲ့ပါအုံးနော်... 🤍 #HonestHour #TheArtOfLivingWell #HolisticWellbeing #FreeOnlineWorkshop
11 лист, 02:14

photo content
11 лист, 02:14

💗 ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီး မေမေတို့ရေ… ကိုယ့်စိတ်လေးကို ဂရုစိုက်ဖို့ စစ်တမ်းလေးဖြေဆိုပြီး အခမဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပံ့ပိုးမှု Counselling ရယူလိုက်ပါနော်။ ရင်သွေးလေးကို စတင်လွယ်ထားရတဲ့အချိန်ကနေ မီးဖွားပြီးနောက်အထိ မေမေတစ်ယောက်ရဲ့ ဘဝမှာ ပျော်ရွှင်စရာ အခိုက်အတန့်တွေရှိသလို ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့တဲ့ ခံစားချက်တွေလည်း ရှိနေနိုင်ပါတယ်။ တစ်နေ့တာလုံး ရင်သွေးလေးကို ပြုစုစောင့်ရှောက်ရင်း ကိုယ့်အတွက် အနားယူချိန်တောင် မရှိခဲ့တဲ့နေ့တွေ... စိတ်ရောကိုယ်ပါ ပင်ပန်းနေပေမယ့် မိသားစုကို စိတ်မပူစေချင်လို့ ဘာမှမဖြစ်သလို နေခဲ့ရတဲ့အချိန်တွေ... အကူအညီလိုအပ်နေပေမယ့် ဘယ်သူ့ကို ဘယ်လိုပြောရမလဲ မသိခဲ့တဲ့ အခိုက်အတန့်တွေ... ဒီလို အတွေ့အကြုံတွေကို မေမေတချို့ ကြုံတွေ့ခဲ့ဖူးနိုင်ပါတယ်။ 🌷 မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို နားလည်ဖို့ဆိုတာ သူတို့ ဘယ်လိုနေထိုင်နေရလဲဆိုတာကို သိရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ ဘယ်လိုခံစားနေရလဲဆိုတာကိုလည်း နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက် မိခင်တွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံတွေကို ပိုမိုနားလည်နိုင်ဖို့ PATH နဲ့ Honest Hour တို့ ပူးပေါင်းပြီး Survey လေးတစ်ခုစီစဉ်ထားပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲလိုအပ်တဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း အခမဲ့ ပြုလုပ်ပေးသွားမှာပါ။ ဒီ Survey လေးကို ဘယ်သူတွေ ဝင်ရောက်ဖြေဆိုနိုင်လဲ? - လက်ရှိမှာ ကိုယ်ဝန်ဆောင်နေတဲ့ မိခင်တွေ - မီးဖွားပြီးကာလ တစ်နှစ်အတွင်းမှာရှိတဲ့ မိခင်တွေ လွယ်ကူစွာ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ အချိန် (၅)မိနစ်ခန့်ပဲ ကြာမြင့်မှာ ဖြစ်ပြီး မေးခွန်း (၁၀) ခု ပါဝင်ပါတယ်။ မိမိရဲ့ လက်ရှိအချိန်နဲ့ လွန်ခဲ့တဲ့ တစ်ပါတ်အတွင်း ဖြစ်ခဲ့တဲ့ စိတ်ခံစားချက်တွေနဲ့ ပတ်သက်လို့ ဖြေကြားပေးရမှာဖြစ်ပြီး အဖြေအလိုက် ရရှိတဲ့ ရမှတ်လေးတွေပေါ် အခြေခံပြီး မေမေတွေအတွက် လိုအပ်တဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို စိတ်ကျန်းမာရေးပညာရှင်တွေက အခမဲ့ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Survey လေးကနေ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီးကာလ မေမေတို့ရဲ့... 🌿 ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက် စိတ်ခံစားချက်အပြောင်းအလဲတွေ 🌿 နေ့စဉ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုနဲ့ စိန်ခေါ်မှုတွေ 🌿 ခင်ပွန်း၊ မိသားစုနဲ့ ပတ်ဝန်းကျင်ကနေ ရရှိခဲ့တဲ့ ပံ့ပိုးကူညီမှုတွေ 🌿 စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကြုံတွေ့ရချိန်မှာ လိုအပ်ခဲ့တဲ့ အကူအညီတွေကို ပိုမိုနားလည်နိုင်ဖို့ နဲ့ သင့်တော်တဲ့ စောင့်ရှောက်မှုတွေ ရယူနိုင်ဖို့ရည်ရွယ်ထားပါတယ်။ မေမေတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံတွေက မတူညီကြပါဘူး။ တချို့မေမေတွေအတွက် မိသားစုရဲ့ နားလည်ပေးမှုက အားအင်ဖြစ်စေခဲ့သလို တချို့အတွက်တော့ အကူအညီတောင်းဖို့တောင် ခက်ခဲခဲ့နိုင်ပါတယ်။ ဘယ်လိုအတွေ့အကြုံမျိုးပဲဖြစ်ဖြစ် မေမေတို့ရဲ့ ခံစားချက်နဲ့ အမြင်တွေဟာ အလေးထားနားထောင်ပေးဖို့ ထိုက်တန်ပါတယ်။ 💌 သင့်ရဲ့ အတွေ့အကြုံလေးကို မျှဝေပေးခြင်းက မေမေတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို ပိုမိုနားလည်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။ လက်ရှိ ကိုယ်ဝန်ဆောင်နေတဲ့ မေမေတွေနဲ့ မီးဖွားပြီး တစ်နှစ်တာကာလအတွင်းမှာရှိတဲ့ မေမေတွေကို ဒီ Survey လေးမှာ ပါဝင်ဖြေဆိုပေးဖို့ ဖိတ်ခေါ်ပါတယ်။ 📋 Survey Form - https://bit.ly/4iKyrZ8 🤍 မေမေတိုင်းရဲ့ အသံကို နားထောင်ပေးကြရအောင်။ ဘာကြောင့်လဲဆိုတော့ မေမေတို့ရဲ့ စိတ်ကျန်းမာရေးကလည်း အရေးကြီးလို့ပါ။ 🌷 မေမေတွေရဲ့ စိတ်ခံစားချက်တွေ၊ အတွေ့အကြုံတွေနဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်နိုင်ဖို့ PATH နဲ့ Honest Hour တို့ ပူးပေါင်းပြီး Perinatal Mental Health Awareness Webinar လေးကို စီစဉ်ပေးထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးကာလ မေမေတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အသိပညာတွေကို မျှဝေပေးသွားမှာ ဖြစ်လို့ ၁၄ ၊ နိုဝင်ဘာ၊ ၂၀၂၆ နေ့မှာပြုလုပ်မယ့် Webinar လေးမှာ မိခင်တွေတင်မကဘဲ မေမေတွေကို ဂရုစိုက်ပေးနေရတဲ့ လက်တွဲဖော်တွေ၊ မိသားစုဝင်တွေနဲ့ စိတ်ပါဝင်စားသူတွေအားလုံးကို တက်ရောက်ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Webinar ရဲ့အကြောင်းအသေးစိတ်ကိုတော့ အောက်ပါလင့်ကနေတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://www.facebook.com/share/p/17vErsZiHC/ 💚 မေမေတွေရဲ့ စိတ်ခံစားချက်တိုင်းကို နားထောင်ပေးဖို့၊ နားလည်ပေးဖို့ အတူတူ စတင်ကြရအောင်။ #HonestHour #ThiSayChin #MaternalMentalHealth #PerinatalMentalHealth #EveryMotherMatters #MentalHealthAwareness #PATH #PATHMyanmar
07 лист, 23:07