fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Infinity Group

Infinity Group

رفتن به کانال در Telegram

ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများ​ဖော်ပြ​နေ​သော လွတ်လပ်​​သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ် သတင်း​ပေးပို့ရန်နှင့်စုံစမ်း​မေးမြန်းရန် – ကိုအနန္တ @iggp21 ကို​ရွှေကြာ @shwekyarinfinitygroup ရင်ငြိမ်းမိုး @iggp23 ကိုဉာဏ်ဇင် @nzigp

نمایش بیشتر
2 878
مشترکین
اطلاعاتی وجود ندارد24 ساعت
-167 روز
-4630 روز

در حال بارگذاری داده‌ها

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '260
در 0 کانال‌ها
سپتامبر '260
در 0 کانال‌ها
Get PRO
اوت '260
در 0 کانال‌ها
Get PRO
ژوئیه '260
در 0 کانال‌ها
Get PRO
ژوئن '260
در 0 کانال‌ها
Get PRO
مه '260
در 0 کانال‌ها
Get PRO
آوریل '260
در 0 کانال‌ها
Get PRO
مارس '260
در 0 کانال‌ها
Get PRO
فوریه '260
در 0 کانال‌ها
Get PRO
ژانویه '260
در 1 کانال‌ها
Get PRO
دسامبر '250
در 1 کانال‌ها
Get PRO
نوامبر '250
در 0 کانال‌ها
Get PRO
اکتبر '250
در 0 کانال‌ها
Get PRO
سپتامبر '250
در 0 کانال‌ها
Get PRO
اوت '250
در 0 کانال‌ها
Get PRO
ژوئیه '250
در 0 کانال‌ها
Get PRO
ژوئن '250
در 0 کانال‌ها
Get PRO
مه '250
در 0 کانال‌ها
Get PRO
آوریل '250
در 0 کانال‌ها
Get PRO
مارس '25
+13
در 0 کانال‌ها
Get PRO
فوریه '25
+21
در 0 کانال‌ها
Get PRO
ژانویه '25
+42
در 0 کانال‌ها
Get PRO
دسامبر '24
+56
در 0 کانال‌ها
Get PRO
نوامبر '24
+40
در 0 کانال‌ها
Get PRO
اکتبر '24
+46
در 0 کانال‌ها
Get PRO
سپتامبر '24
+65
در 1 کانال‌ها
Get PRO
اوت '24
+131
در 1 کانال‌ها
Get PRO
ژوئیه '24
+96
در 1 کانال‌ها
Get PRO
ژوئن '24
+97
در 2 کانال‌ها
Get PRO
مه '24
+77
در 1 کانال‌ها
Get PRO
آوریل '24
+53
در 1 کانال‌ها
Get PRO
مارس '24
+68
در 2 کانال‌ها
Get PRO
فوریه '24
+187
در 9 کانال‌ها
Get PRO
ژانویه '24
+241
در 1 کانال‌ها
Get PRO
دسامبر '23
+169
در 6 کانال‌ها
Get PRO
نوامبر '23
+298
در 5 کانال‌ها
Get PRO
اکتبر '23
+73
در 2 کانال‌ها
Get PRO
سپتامبر '23
+21
در 0 کانال‌ها
Get PRO
اوت '23
+65
در 0 کانال‌ها
Get PRO
ژوئیه '23
+34
در 0 کانال‌ها
Get PRO
ژوئن '23
+86
در 0 کانال‌ها
Get PRO
مه '23
+147
در 0 کانال‌ها
Get PRO
آوریل '23
+293
در 0 کانال‌ها
Get PRO
مارس '23
+90
در 0 کانال‌ها
Get PRO
فوریه '23
+169
در 0 کانال‌ها
Get PRO
ژانویه '23
+151
در 0 کانال‌ها
Get PRO
دسامبر '22
+151
در 0 کانال‌ها
Get PRO
نوامبر '22
+509
در 0 کانال‌ها
Get PRO
اکتبر '22
+1 685
در 0 کانال‌ها
پست‌های کانال
၁၆.၁၂.၂၀၂၄ ရက်​နေ့က ကန့်ဘလူ​​မြောက်ခြမ်း မန်ကျည်းကုန်းရွာတိုက်ပွဲအတွင်း ​သေဆုံးခဲ့​သော ပျူ​စောထီး ၁၁ ဦး၏ရုပ်အ​လောင်းများအား သက်ဆိုင်ရာ​ကျေးရွာအသီးသီးတွင် ယ​နေ့(၁၈.၁၂.၂၀၂၄)သင်္ဂြိုလ်မည်။ #infinitygroup

2
လက်နက်ကြီးအန္တရာယ် သတိပြုရန် နိုဝင်ဘာ ၇ ၊ ၂၀၂၄ ကန့်ဘလူမြို့နယ်အ​နောက်ခြမ်း ကံရိုးအုပ်စု ယင်းသာရွာ၌ ​ဟောင်ဝှစ်ဇာလက်နက်ကြီးအထို
လက်နက်ကြီးအန္တရာယ် သတိပြုရန် နိုဝင်ဘာ ၇ ၊ ၂၀၂၄ ကန့်ဘလူမြို့နယ်အ​နောက်ခြမ်း ကံရိုးအုပ်စု ယင်းသာရွာ၌ ​ဟောင်ဝှစ်ဇာလက်နက်ကြီးအထိုင်ချကာ တန့်ဆည်မြို့အနီးဝန်းကျင်သို့ ပစ်ခတ်လျက်ရှိပါသည်။ လက်နက်ကြီးအထိုင်ချထား​သောရွာမှ ဦးတည်ပစ်ခတ်ရာအရပ်ရှိ ၁၅ မိုင်အတွင်းမှ တန့်ဆည်မြို့နယ်တွင်းကျေးရွာ​နေပြည်သူများ သတိပြု​နေထိုင်သင့်ပါတယ်ခင်ဗျာ။ #infinitygroup
1 533
3
ကန့်ဘလူ​၊ကျွန်းလှနဲ့​ကောလင်းနယ် ​လေ​ကြောင်းအန္တရာယ် အထူးသတိပြု​စေလို စက်တင်ဘာ ၃၀ ၊ ၂၀၂၄ ဒီရက်ပိုင်း ကျ​နော်တို့ ကန့်ဘလူနယ်နဲ့ ​ကောလင်းနယ်ထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်​ရေးပစ်မှတ်မဟုတ်တဲ့ ​နေရာ​တွေကို စစ်​ကောင်စီက ဗျူဟာ​မြောက်အစီအစဥ်တရပ်အ​နေနဲ့ ​လေ​ကြောင်းက​နေ ပစ်ခတ်​နေပါတယ်။ စက်တင်ဘာ ၂၉ ရက်​နေ့မှာတင် ကန့်ဘလူနယ်ထဲက ပင်းတည်းရွာ၊မန်ကျည်းကုန်း(​မြောက်)ရွာက ​တောရ​ကျောင်း နဲ့ ​ကောလင်းနယ် ​ပေတပင် ရွာသစ်ရွာကို ဂျက်တိုက်​လေယာဥ်​တွေအသုံးပြုကာ ​လေ​ကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီ​နေ့ စက်တင်ဘာလ ၃၀ ရက်​နေ့မှာလည်း ​ကောလင်းနယ် ဥက္ကံရွာကို ​ဂျက်တိုက်​လေယာဥ် ၂ စီးနဲ့ လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်ထား​ကြောင်း သိရပါတယ်ခင်ဗျာ။ စက်တင်ဘာလ ၂၉ ရက်​နေ့ကလည်း ကန့်ဘလူ​မြောက်ခြမ်း၊ကျွန်းလှနယ်နဲ့​ကောလင်းမြို့နယ်အစပ်ကို တ​နေကုန်နီးပါး Y12 ​စစ်​ထောက်ပို့လေ​ယာဥ်ပျံဝဲထားခဲ့​ကြောင်း သိရပါတယ်။Y12 ​စစ်​ထောက်ပို့လေယာဥ်ပျံဝဲခဲ့​သော ဧရိယာအတွင်း​နေပြည်သူများ ​လေ​ကြောင်းအန္တရာယ် အထူးသတိပြုနေထိုင်ကြပါခင်ဗျာ။ #infinitygroup
2 023
4
အရပ်သားပြည်သူနဲ့မိမိတို့လုံခြုံ​ရေး NUG တာဝန်ခံ​တွေ အ​လေးထား​ပြုမူ​နေထိုင်သင့် စက်တင်ဘာ ၂၆ ၊ ၂၀၂၄ တိုတိုတုတ်တုတ်​ပြောချင်ပါတယ်။အရပ်သားပြည်သူ​တွေနဲ့မိမိတို့ကိုယ်တိုင်ရဲ့လုံခြုံ​ရေးအား​ကောင်းဖို့ဆိုရင် NUGတာဝန်ခံ​တွေအ​နေနဲ့ အသွားအလာ၊အ​နေအထိုင်ကို အ​လေးထားပြုမူ​ဆောင်ရွက်သင့်ပါတယ်။ဒီ​နေရာမှာ မျက်စိဆံပင်​မွှေးစူးစရာကိစ္စရပ်​တခုကို ရှင်းရှင်းလင်းလင်းပဲ တည့်တည့်​​ပြောချင်တာပါ။ NUGတာဝန်ခံ​တွေထဲမှာ လက်ရှိဖြစ်​ပေါ်​နေတဲ့စစ်​ရေး၊နိုင်ငံ​ရေးနဲ့ပတ်သက်လို့ အများပြည်သူအကျိုးအတွက် အ​မြော်အမြင်ရှိရှိနဲ့ ဆင်ဆင်ခြင်ခြင်​နေထိုင်တဲ့ပုဂ္ဂိုလ်​တွေရှိ​နေ​ပေမယ့် တချို့ ဆယ်လီရူး​ရောဂါဖြစ်​နေပုံရတယ်လို့ထင်တယ်။ဒီ​လောက်ဆက်သွယ်​ရေးခက်ခဲ​နေတဲ့ကာလမှာ တခုခုဆို ​ဖေ့စ်ဘုတ်​ပေါ်တင်လိုက်ရမှ၊​ဖေ့စ်ဘုတ်​ပေါ် တက်ယွလိုက်ရမှ အာသာ​ပြေတဲ့အုပ်စုကို​ပြောချင်တာပါ။ ဥပမာဆိုကြပါစို့ ကိုယ်တိုင်က စစ်ဘက်​ရေးရာမှာ မြို့နယ်တာဝန်ခံတ​ယောက်ဖြစ်​နေချိန် ကိုယ်ဘာလုပ်​နေလဲဆိုတာအများသိ​စေဖို့ ကိုယ်​ရောက်တဲ့​နေရာကို မှတ်တမ်းရယူပြီး ​ဖေ့စ်ဘုတ်​ပေါ်တင်တာ၊ကိုယ်သွား​လေရာခရီး ​ချော့​မွေ့ခြင်း ဒါမှမဟုတ် အခက်အခဲဖြစ်ခြင်းကို အများသိ​စေဖို့ ​​ဖေ့စ်ဘုတ်မှာ မျှ​ဝေပြတာ ဒါ​တွေဟာ အပိုကိစ္စ​ရပ်တွေပါ။​ တော်လှန်​ရေးသမားတ​ယောက်ဟာ အခက်အခဲ​တွေကိုအမြဲလိုလို ကြုံရတယ်ဆိုတာ ဦး​နှောက်ရှိတဲ့လူတိုင်း သိနိုင်တာမို့ ဒါမျိုး​တွေကို အွန်လိုင်းမှာမျှ​ဝေတာမျိုး လုပ်ပြဖို့​တောင်မသင့်ဘူးလို့ ကျ​​နော်က​တော့မြင်တယ်။မဟုတ်ရင် ရန်သူက ခင်ဗျားတို့လိုစစ်​ရေးတာဝန်ခံ​တွေ ဘယ်​နေရာသွားတယ်၊ဘာလုပ်တယ်၊ဘယ်လိုသက်​ရောက်မှုရှိလာနိုင်တယ်ဆိုတာမျိုး တွက်ဆနိုင်တာမို့ သတိပြုဆင်ခြင်သင့်ပါတယ်။ ​နောက်ဥပမာတရပ်အ​နေနဲ့ ကိုယ်တိုင်က ကျန်းမာ​ရေးတာဝန်ခံ၊ပညာ​ရေးတာဝန်ခံ၊ဆက်သွယ်​ရေးတာဝန်ခံ၊အမျိုးသမီး၊လူငယ်နဲ့က​လေးသူငယ်အ​ရေး​ဆောင်ရွက်​နေတဲ့တာဝန်ခံ သို့မဟုတ် လူ့အခွင့်အ​​ရေးတာဝန်ခံတ​ယောက်ဖြစ်​နေပါလျက် ​သေနတ်ကြီးတကားကားလွယ်ပြီး အလှပုံရိုက်တင်တာမျိုး​၊ နောက် ကိုယ်​ရောက်ရှိ​နေတဲ့ ရုံးစိုက်ရာ​နေရာ၊စစ်​ရှောင်စခန်း​နေရာ​တွေ၊စာသင်​ကျောင်း​တွေက ကိုယ့်ရဲ့လုပ်​ဆောက်ချက်​တွေကို ​ဖေ့စ်ဘုတ်မှာ ချပြတယ်ဆိုတာ​တွေဟာ လုံးဝမအပ်စပ်ဘူးလို့မြင်တယ်။ ကိုယ်၌က လက်နက်ကိုင်ထားတဲ့အရပ်အဝန်းကမဟုတ်လို့ ​သေနတ်ကိုင်ပြီးအွန်လိုင်း​ပေါ်တင်လိုက်တယ်ဆိုတာမျိုးဟာ အထက်ကရေးရာတာဝန်ခံ​တွေရဲ့ ​နေထိုင်ရမယ့်ပုံစံမဟုတ်ဘူးလို့မြင်မိတယ်။​နောက် ကိုယ့်ရဲ့ Activity ​တွေကို ​ဖေ့စ်ဘုတ်မှာချပြတာမျိုး​တွေဟာ ကြည့်ရတဲ့လူ​တွေသိလည်းဘာမှမထူးတဲ့အပြင် မိမိ​ရောက်ရှိတဲ့​နေရာကအစ အန္တရာယ်ရှိတယ်လို့မြင်တယ်။ဒါ​တောင် ကျ​နော်​ပြောတဲ့အထဲ လက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်လို​နေရာမျိုး​တွေမပါ​သေးဘူး​​နော်။ တခြား​ပေးစရာဥပမာ​တွေလည်း အများသားပဲကျန်​သေးတာမို့ ​ရေးရင်လည်းကုန်နိုင်မယ်မထင်ပါ။​​တော်လှန်​ရေးကာလမှာ စိတ်ထွက်​ပေါက်တခုအ​နေနဲ့ ဖေ့စ်ဘုတ်လို ဆိုရှယ်ပလက်​ဖောင်းမှာ ​ကဗျာတို စာတိုလိုမျိုးပိုစ့်​တွေတင်တာ၊အချင်းချင်းစကြ​,နောက်ကြတာဟာ အပြစ်​ပြောစရာမဟုတ်​ပေမယ့် တာဝန်ခံလုပ်​နေတဲ့ခင်ဗျားတို့လိုလူ​တွေအ​နေနဲ့ လုံခြုံ​ရေးစည်းမ​ပေါက်​စေဖို့ မိမိတို့ရဲ့ Activity ​တွေကို အွန်လိုင်းပလက်​ဖောင်း​တွေမှာ ​ပေါ​ပေါပဲပဲတင်လိုက်တာမျိုးဟာ လုံးဝမသင့်ဘူးလို့မြင်မိတာအမှန်ပဲ။ ဒီလိုဆို လူ့ဂွစာအုပ်စုက ​ပြောလာမှာတခုရှိတယ်။ဒို့ ဒီလိုလုပ်​နေတာကို အများသိ​အောင်ပြမှ အများရဲ့ယုံကြည်မှုကိုရနိုင်မယ်လို့ ​ပြောလာနိုင်တယ်။တကယ်တမ်းကမဆိုင်ဘူး။ခင်ဗျားတို့တကယ်အလုပ်လုပ်တယ်မလုပ်ဘူးဆိုတာကို ​​ခင်ဗျားတို့ကတိုက်ရိုက်ချပြမှ ဖေ့စ်ဘုတ်​ပေါ်ကလူ​တွေကအသိအမှတ်ပြုတာမျိုးမဟုတ်ဘူး။ ခင်ဗျားသာ တကယ်အလုပ်မလုပ်တဲ့လူဆို ​ဖေ့စ်ဘုတ်မှာ ခင်ဗျားတို့ဘာတင်တင် လူ​တွေက Like တချက် အားနာနာနဲ့​ပေးရင်​ပေးသွားမယ်၊စိတ်ထဲမှာ​တော့ ခင်ဗျားကို မျက်စိဆံပင်​​မွှေးစူးစရာလူလို့ မြင်လာမယ်။ခင်ဗျားသာ တကယ်အလုပ်လုပ်တယ်ဆို ခင်ဗျားတို့နဲ့အနီးစပ်ဆုံး အမှန်တကယ်မြေပြင်မှာရှိတဲ့ ပြည်သူ​တွေက​နေတဆင့် အဲ့ဒီ​​ဖေ့စ်ဘုတ်သုံး​နေတဲ့လူ​တွေဆီ အလိုလိုပြန့်သွားမှာဖြစ်တယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်သွား​လေရာ​နေရာ၊​ရောက်​လေရာအရပ်၊လုပ်​နေတဲ့ Activity တိုင်း ​ဖေ့စ်ဘုတ်​ပေါ်တင်​နေ​သေးတယ်ဆို တာဝန်ခံတ​ယောက်ဖြစ်တဲ့ခင်ဗျားဟာ ​​​ဖေ့စ်ဘုတ်ဆယ်လီရူး​ရောဂါကျွမ်း​နေပြီလို့ ဆိုရမှာဖြစ်တယ်။​​တော်လှန်​ရေးမှာ ​ခြေသံလုံသည်ထက်လုံဖို့ သတိပြုဆင်ခြင်နိုင်ပါ​စေခင်ဗျာ။ ကိုအနန္တ​ရေးသည် #infinitygroup
2 072
5
​မနက်ပိုင်းက ပုဇဥ်း​တွေ ကမ္ဘာစစ်ဖြစ်​နေသလား​အောက်​မေ့ရတယ်။
​မနက်ပိုင်းက ပုဇဥ်း​တွေ ကမ္ဘာစစ်ဖြစ်​နေသလား​အောက်​မေ့ရတယ်။
1 806
6
ကန့်ဘလူနယ် ပြည်သူ့ပေးစာကဏ္ဍ (၁/၂၀၂၄) စက်တင်ဘာ ၂၁ ၊ ၂၀၂၄ Admin တို့ရေ ကန့်ဘလူခရိုင်ရဲ့ ဆက်သွယ်ရေး ကဏ္ဍနဲ့ ပက်သက်ပီး ပြည်သူသိအောင်ပြောစေချင်တာလေး​တွေရှိပါတယ်။ပြည်သူတွေ ဆက်သွယ်ရေး အဆင်ပြေဖို့အတွက် star link ကို အသုံးပြုခွင့်ပေးနေပါပီ။ ကန့်ဘလူခရိုင်မှာလည်း နီးစပ်ရာ ကာကွယ်​ရေးအဖွဲ့​တွေကို မေးကြည့်မိပါတယ်။ဒီကိစ္စတွေဟာ သူတို့နဲ့ လုံးဝမသက်ဆိုင်ပါဘူးလို့ ငြင်းချက်ထုတ်ထားတာကိုလည်း ကြားမိပါတယ်။ တကယ်ဆိုရင် MOCIT သို့မဟုတ် ပအဖ ဆက်သွယ်ရေးတာဝန်ခံတွေက တာဝန်ယူပီး သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်များနဲ့ ညှီနှိုင်းပီး ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ မြင်မိပါတယ်။သို့ပေမယ့်လည်း ထိုသူတွေက စစ်ရေးသတင်းပေါက်ကြားမှာကိုအကြောင်းပြပီး ခေါင်းရှောင်နေတယ်လို့ မြင်မိပါတယ်။ တကယ့်အရေးကြီး စစ်ဆင်ရေးရဲ့ သတင်းပေါက်ကြားမှုဟာ ပြည်သူဆီက မဟုတ်ဘဲ အတွင်းလူကြောင့်လို့ဘဲ ကျနော်မြင်မိပါတယ်။ဆက်သွယ်ရေး အဆင်မပြေတဲ့ အတွက်ကြောင့်မို့ လူငယ်တွေရဲ့ အသိပညာဖွံ့ဖြိုးရေး ၊ လုပ်ငန်းများရဲ့ နှောင့်နှေးမှုတွေ ဖြစ်စေတယ်လို့ ကျနော်မြင်မိပါတယ်။ တကယ်တော့ အင်တာနက်ဆိုတာ အပျော်သက်သက်အတွက် မဟုတ်ဘူးဆိုတာ ကျနော်တို့အားလုံး သိထားကျပီးသားပါ။ အင်တာနက် Network ကျယ်ပြန့်လာခြင်းနဲ့အမျှ ပြည်သူရဲ့ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေးတို့လည်း ပိုပီးကျယ်ပြန့်တယ်ဆို မြင်မိပါတယ်။ ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုဘဲမဟုတ်လားဗျာ။ဒါကို ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပြည်သူ့အတွက် အခွင့်အရေးမပေးဘူးဆိုတာ ပြည်သူကို မျက်စိပိတ် နားပိတ်ထားချင်တဲ့ သဘောမျိုးများဖြစ်မနေဘူးလား။ပြည်သူရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ခံစားမိပါတယ်။ တစ်ခါတုန်းက ဝန်ကြီးဌာန အစည်းအဝေးတစ်ခုကို online ကနေတက်ရောက်တဲ့ ZOOM meeting တစ်ခုမှာ ပြောသံကြားလိုက်ပါတယ် ။ဒါတွေက ပြည်သူကို အသုံးပြုခွင့်ပေးကို ပေးရမှာပါတဲ့။ ဒါကိုမှ ခရိုင်တာဝန်ခံတွေက စစ်ရေးကို လွှဲချပီး ပြည်သူကို မျက်စိပိတ် နားပိတ်ထားနေတာ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။ မှတ်ချက်။ ။အထက်ပါစာသားအားလုံးသည် Infinity Group ၏ အာ​ဘော် လုံးဝမဟုတ်ဘဲ ပြည်သူတဦးမှ ​ပေးပို့လာသည့် ပြည်သူ့​ပေးစာစစ်စစ်သာဖြစ်ပါသည်။ သူ​ပေးပို့လာသည့်စာအရ အခြား​သောမြို့နယ်များလို ကန့်ဘလူမြို့နယ်အတွင်းရှိပြည်သူများကို အင်တာနက်ကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်​စေချင်သည့် အ​ကြောင်းအရာဖြစ်​ကြောင်း ကျ​နော်တို့ Admin Team မှ နားလည်မိပါသည်။ #infinitygroup
2 103
7
သဖန်းဆိပ်ဆည်​အောက်ပိုင်း​နေပြည်သူများ သိရှိရန် စက်တင်ဘာ ၁၅ ၊ ၂၀၂၄ ဒီရက်ပိုင်း မြန်မာနိုင်ငံ​အောက်ပိုင်း​ဒေသ​တွေမှာ မိုးကြီး​ရေလျှံတာ၊မြို့ရွာ​တွေ​ရေကြီးနစ်မြုပ်တာ၊လူအ​သေအ​ပျောက်များ​တာ စတဲ့သတင်း​တွေကြောင့် သဖန်းဆိပ်ဆည်​အောက်ပိုင်း အထူးသဖြင့် မူးမြစ်ကမ်း​ဘေး​နေထိုင်သူတွေကြားမှာ သဖန်းဆိပ်ဆည်က​နေ ​ရေ​တွေဒလ​ဟော​ဖောက်ချ​နေတယ်ဆိုတဲ့ သတင်းမှား​တွေပျံ့​နေပီလို့ ပြန်ကြားရပါတယ်။ လက်ရှိ ကျ​နော်တို့စုံစမ်းသိရှိရသမျှအချက်အလက်​တွေ၊​သဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်အနီး​နေထိုင်တဲ့ ဒေသခံ​တွေရဲ့​ပြောကြားချက်​တွေအရ သဖန်းဆိပ်ဆည်က​နေ ​ရေ​တွေ​ဒလ​ဟော​ဖောက်ချ​နေတာမရှိ​သေးသလို သဖန်းဆိပ်ဆည်ထဲမှာလည်း စိုးရိမ်​ရေမှတ်​ကျော်တာမရှိ​သေးပါ။လက်ရှိအချိန်ထိ သဖန်းဆိပ်ဆည်ရဲ့ ပင်မ​ရေလွှဲ​ပေါက်က​နေ ပုံမှန်အ​နေအထားအတိုင်း ​ရေလွှတ်ထားတာပဲရှိပါ​သေးတယ်။ သဖန်းဆိပ်ဆည်ရဲ့​အောက်ဖက်က ကင်းတပ်ဆည်မှာ​တော့ ရွာဘင်း​ချောင်းရေစီးဝင်တာ၊သဖန်းဆိပ်ဆည်ပင်မ​ရေလွှဲ​ပေါက်ကလွှတ်ထားတဲ့ မူး​မြစ်ရေတိုးလာတာ​ကြောင့် ဆည်ထဲ​ရေပြည့်​နေပြီး Emergency Spillway (အ​ရေး​ပေါ် ​ရေလွှတ်​ပေါက်) က​နေ ​ရေလျှံ​နေပါတယ်။ဒါ​ကြောင့်မို့ ဒီရက်ပိုင်းမှာ ပုံမှန်မိုးတွင်းကာလများလိုပဲ မူးမြစ်​ရေအနည်းငယ်တိုးလာနိုင်ပါတယ်။ ဒီရက်ပိုင်း​နေရာအနှံ့မိုးများတာ​​၊​ချောင်း​ရေနဲ့မူးမြစ်​ရေတိုးလာတာ စတာ​တွေကြောင့် သဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်ကြားက ပုံမှန်​ရေတက်​နေကျ ကုန်းမြင့်ပိုင်း​တွေထိ ​ရေတက်​နေတာကလွဲလို့ ဆည်နှစ်ခု​အောက်ပိုင်းက မူးမြစ်ကမ်း​ဘေး​ကျေးရွာများနဲ့ကင်းတပ်​‐ရွှေဘိုမူး​ဘောင်​ဘေး​ကျေးရွာများ ​ရေ​ဘေးအန္တရာယ် စိုးရိမ်စရာအ​ခြေအ​နေမရှိပါခင်ဗျာ။ ဓါတ်ပုံက​တော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ​အောက်တိုဘာလတုန်းက ကင်းတပ်ဆည် ​Emergency spillway မှ ​ရေလျှံ​နေတဲ့အ​ခြေအ​နေဖြစ်ပါတယ် #infinitygroup
3 548
8
بدون متن...
1 661
9
ကန့်ဘလူနယ် သတင်း​ကောင်း​တွေရှိမယ်ဗျို့။
2 995
10
ယောကျ်ားတိုင်း အသက်အရွယ်ခြွင်းချက်မရှိ စစ်မှုထမ်းရ​တော့မည့်အန္တရာယ် ဩဂုတ် ၂၆ ၊ ၂၀၂၄ ပီးခဲ့တဲ့ရက်ပိုင်းက " ပြည်သူ့လုံခြုံ​ရေးစနစ် " ဆိုတဲ့ အ​ကြောင်းပြချက်နဲ့ စစ်​​ခေါင်း​ဆောင်က မြို့​ပေါ်မှာရှိတဲ့ရပ်ကွက်​တွေမှာ အသက် ၃၅ နှစ်က​နေ ၆၀ ကြားရှိတဲ့ အမျိုးသား​တွေကို ကင်း​စောင့်ရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒီမတိုင်ခင်ကလည်း အသက် ၁၈ က​နေ ၃၅ နှစ်ကြားအရွယ် လူငယ်၊လူလက်ပိုင်း​တွေကို " ပြည်သူ့စစ်မှုထမ်းဥပ​ဒေ " ပြဌာန်းပီး ​ယောကျ်ား၊မိန်းမ မ​ရွေး ​စစ်မှုထမ်းဖို့ ဥပ​ဒေ ပြဌာန်းထားပါတယ်။ တနိုင်ငံလုံး စစ်​ရေးအရှိန်ပြင်းထန်ချိန် အကြီးအကျယ်စစ်ရှုံး​နေတဲ့ စစ်အုပ်စုဟာ ဘယ်သူသ​ဘောတူတူမတူတူ ​နိုင်ငံ​ရေးအရ ​အောက်ကြို့ပီးစေ့စပ်ညှိနှိုင်း​ရေးလမ်းစဥ်ကို​တောင် မ​ရွေးချယ်​တော့ပဲ တိုင်းပြည်တခုလုံး ပျက်စီးရာပျက်စီး​တဲ့လမ်းစဥ်ကို​ရွေးချယ်ပီး အ​သေထွက်ထွက်ဖို့ပြင်​ဆင်နေတဲ့အ​ခြေအ​နေပါ။ ဒီ​တော့ အရင်ကလည်း စစ်မှုထမ်းဥပ​ဒေပြဌာန်းပီး အသက် ၁၈–၃၅ နှစ်ကြားအရွယ်​တွေကို စစ်မှုထမ်းခိုင်းသလို အခုလည်း အသက် ၃၅–၆၀ နှစ်ကြားအရွယ်​တွေကို ပြည်သူ့လုံခြုံ​ရေးအ​ကြောင်းပြပီး စစ်မှုထမ်းခိုင်းတာ​ကြောင့် အရွယ်​ရောက်ပီးသူ အသက် ၁၈ နှစ်က​နေ ​သေခါနီး ၆၀ အရွယ်ကြားက ​ယောကျ်ားတိုင်း စစ်မှုထမ်းရ​တော့မှာပါ။ ရပ်ကွက်ထဲမှာ ကင်း​စောင့်ရုံတင်မကပဲ ​အခန့်မသင့်ရင် ​ရှေ့တန်းစစ်မျက်နှာပြင်အထိ ပို့ခံရမယ့်အန္တရာယ်​တွင်းထဲကို မြန်မာပြည်တွင်းက လူငယ်၊လူလက်၊လူကြီးပိုင်း အမျိုးသား​တွေအကုန် မကြာခင်မှာ ကျ​ရောက်တော့မှာဖြစ်တာမို့ စစ်​ကောင်စီတပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်​တော်လှန်တဲ့လမ်းစဥ်ကိုသာ ​ရွေးချယ်ကြဖို့ တိုက်တွန်းနှိုး​ဆော်လိုက်ရပါတယ်။ #infinitygroup
2 986
11
စစ်​ကောင်စီ၏ ရိက္ခာပို့စစ်​ကြောင်းဝင်လာစဥ် ကန့်ဘလူ​မြောက်ခြမ်းမှ ​​ဒေသခံ ၃ ဦးသတ်ဖြတ်ခံရကာ ၁ ဦး​ပျောက်ဆုံး​နေ ဩဂုတ် ၂၅ ၊ ၂၀၂၄ ကန့်ဘလူမြို့နယ်​မြောက်ခြမ်း ချပ်သင်းစံပြရွာ၏ အ​ရှေ့ဘက် ၁ မိုင်ခွဲကွာ​ဝေး​သော ဦးကင်းကြည်ရွာအား ယ​နေ့မနက်အ​စောပိုင်းက အင်အား ၇၀ ခန့်ပါ​သော စစ်​ကောင်စီ၏ရိက္ခာပို့စစ်​ကြောင်းဝင်​ရောက်လာစဥ် ​ဒေသခံ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရကာ ၁ ဦး​ ပျောက်ဆုံး​နေ​ကြောင်း သိရသည်။ ယ​နေ့ ဩဂုတ်လ ၂၅ ရက်​မနက်အ​စောပိုင်း၌ ချပ်သင်းစံပြရွာမှ ဦးကင်းကြည်ရွာသို့ စစ်​ကောင်စီစစ်​ကြောင်းဝင်​ရောက်လာစဥ် အသက် ၃၀ ဝန်းကျင်အရွယ် ကိုလှိုင်မင်း၊ကိုနိုင်မင်းတို့နှင့်အတူ အသက် ၂၇ နှစ်အရွယ် ကိုဇင်ကိုဦးတို့ ၃ ဦးမှာ လည်လှီးသတ်ဖြတ်ခံခဲ့ရကာ အသက် ၅၀ အရွယ် ဦး​မောင်​ငွေမှာ ​ပျောက်ဆုံး​နေ​ကြောင်း သိရသည်။ စစ်​ကောင်စီပူး​ပေါင်းစစ်​ကြောင်းသည် ဩဂုတ်လ တတိယအပတ်မှစတင်ကာ ကန့်ဘလူမြို့နယ်​မြောက်ခြမ်းရှိ စစ်​ကောင်စီနှင့်ပျူ​စောထီးများ ပူး​ပေါင်းအထိုင်ချထား​သော ချပ်ကြီးရွာနှင့်ချပ်သင်းရွာတို့ဘက်သို့ ရိက္ခာပို့ရင်း စစ်​ကြောင်းထိုး​နေခဲ့ခြင်းဖြစ်ကာ စစ်​ကြောင်းထိုးလှုပ်ရှား​နေသည်မှာ ၁ ပတ်​ကျော်ကြာမြင့်​နေပြီဖြစ်သည်။ စစ်​ကောင်စီစစ်​ကြောင်းဝင်​ရောက်​နေစဥ်အ​တောအတွင်း ကန့်ဘလူ​မြောက်ခြမ်းရှိ အခြား​ကျေးရွာများမှ ဖမ်းဆီးခံအရပ်သားပြည်သူအချို့လည်းရှိ​နေ​သေးကာ အ​ရေအတွက်ကိုမူ တိတိကျကျမသိရ​သေး​ပေ။ ယ​နေ့မနက်အ​စောပိုင်းက ဦးကင်းကြည်ရွာသို့ဝင်​ရောက်လာ​သော စစ်​ကောင်စီစစ်​ကြောင်းသည် ​​နေ့လည် ၃း၀၀ အချိန်ခန့်၌ ရွာထဲရှိ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် သုံးဘီးဆိုင်ကယ် ၁ စီးအပါအဝင် ဆိုင်ကယ် ၁၅ စီးနှင့်စားနပ်ရိက္ခာများကိုလည်း ခိုးယူသွားခဲ့​သေးသည်။ #infinitygroup
2 333
12
NUG ​အောက်က တချို့တချို့​သော ဒို့ဆရာသမားများလည်း ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ကြအုံး။မှန်ထဲမှာ စစ်​ခွေးပုံမ​ပေါ်ရင် ကိုယ့်
NUG ​အောက်က တချို့တချို့​သော ဒို့ဆရာသမားများလည်း ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ကြအုံး။မှန်ထဲမှာ စစ်​ခွေးပုံမ​ပေါ်ရင် ကိုယ့်လုပ်ရပ် မှန်​နေ​သေးလို့ပဲ။
1 542
13
​ရွှေဉာဏ်​​တော်စူး​ရောက်​သော ​ဘောမများ တရက်​သောအခါက ​ဘောမချန်နယ်တခု​တွင် ရေးတင်ထား​သော စစ်​ရေးသတင်းကို ကြည့်မိရာ " အကြမ်းဖက်​တွေက မိမိတို့....ရွာပြည်သူ့စစ်စခန်းကို ​လေယာဥ်လာပစ်ချိန်မှာ မတိုက်ပဲ ပုန်း​နေပြီး ​လေယာဥ်ပြန်သွားချိန်မှ ပုန်း​နေရာကထွက်ပီး တိုက်​ကြောင်း " အစီရင်ခံထား​​သောပိုစ့်အား ဖတ်ရသည်။ မိမိမှာ ပြုံးစိစိဖြင့် အထက်ပါပိုစ့်​အောက်တွင် မန့်ထား​သော ကွန်းမန့်များအား အစဥ်လိုက်ထပ်မံကြည့်ရှုရာ " အကြမ်းဖက်​တွေက အခုလိုမျိုး ​လေယာဥ်သံကြားချိန် ပုန်း​နေလိုက် ​လေယာဥ်သံ​ပျောက်သွားချိန် ပုန်းရာကထွက်တိုက်လိုက် လုပ်​နေတယ်ဆိုရင်ဖြင့် မိမိတို့စခန်းမှာ ​လေယာဥ်သံကို အသံဖမ်းထားပြီး အကြမ်းဖက်​တွေလာတိုက်ချိန်မှ ​လော်စပီကာဖြင့် ဖွင့်ထားရင် မ​ကောင်း​ပေဘူးလား " ဟူ​​သော ​ဉာဏ်ကြီးရှင်တဦး၏ မန့်တခုအား မြင်​တွေ့လိုက်ရ​လေသည်။ #infinitygroup
2 093
14
ထက်​ကောင်းကင်ဆီက မိုး ပြိုမလိုနဲ့ ညို ​တောင်သူ​တွေ ​မျှော်လှ​ပေါ့ ကွင်းလုံး ပြည့်လျှံ​အောင် ရွာပါ​တော့ မိုး..... #infinitygro
ထက်​ကောင်းကင်ဆီက မိုး ပြိုမလိုနဲ့ ညို ​တောင်သူ​တွေ ​မျှော်လှ​ပေါ့ ကွင်းလုံး ပြည့်လျှံ​အောင် ရွာပါ​တော့ မိုး..... #infinitygroup
2 111
15
ဒီပဲယင်းက မြို့တင်မဟုတ်ဘူး​နော် တမြို့နယ်လုံး အကျွတ်ရသွားတာ။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အားလုံးကို အ​လေးပြုပါတယ်။ #infinitygroup
2 311
16
သတင်းမီဒီယာများသို့ ​ဘောမချန်နယ်လ်​တွေကတင်တဲ့သတင်း​တွေဆို ကျ​နော်တို့ဆီ လာလာမ​မေးပါနဲ့။အာရုံ​နောက်လို့ပါ။​ #infinitygroup
2 294
17
ကန့်ဘလူနယ်က ပျူ​စောထီးအဖွဲ့ဝင်တို့ရေ အခုဆို စစ်တပ်က အကြီးအကျယ်စစ်ရှုံး​နေပီဆိုတာ အသိသာကြီးပါ။ကန့်ဘလူနဲ့အနီးစပ်ဆုံးဆိုရင် ဧရာဝတီမြစ်အ​ရှေ့ဘက်ကမ်းက သပိတ်ကျင်းနယ်နဲ့တ​ကောင်းမြို့​တွေကို PDF ​တွေက ၂ ရက်ထဲနဲ့ အလုံးစုံသိမ်းပီးပီ​နော်။ စစ်ရှုံး​နေတဲ့ စစ်တပ်ကြီးက သူ့တပ်ထဲမှာ တိုက်​ပေးမယ့်လူ​တွေမရှိ​တော့လို့ ခင်ဗျားတို့လို ပျူ​စောထီး​တွေကို စစ်ပြင်​နေတဲ့​ဒေသ​တွေဆီပို့ဖို့ စီစဥ်​နေပါတယ်။ဥပမာ မန္တ​လေးတိုင်းဘက်​ပေါ့။ခင်ဗျားတို့လို မ​နေ့တ​နေ့ကမှ စစ်သင်တန်းတက်ထားတဲ့သူ​တွေမ​ပြောနဲ့ နှစ်ချီပီး စစ်တိုက်လာတဲ့​ကောင်​တွေ​တောင် တ​ကောင်မှမကျန်​အောင် အနိုင်တိုက်​နေတဲ့ ​တော်လှန်​ရေးတပ်​တွေရဲ့အင်အားက သိန်းချီ​ရှိတယ်။ မကြာခင် စစ်တပ်က မန္တ​လေးလို ​နေရာမျိုးကို လက်လွှတ်ရ​တော့မယ်။​နောက် စစ်ကိုင်းတိုင်းထဲက မြို့​တွေ တမြို့ပီးတမြို့လက်လွှတ်ရလိမ့်မယ်။အဲ့ဒီထဲ ကန့်ဘလူလည်းပါလိမ့်မယ်။ကန့်ဘလူမပါခင် ခင်ဗျားတို့လို ပျူ​စောထီး​တွေကို အသက်အ​သေခံခိုင်းပီး ဝါသဝလို ​ခွေးလိုးမသားမျိုး​တွေက လွတ်ရာလွတ်​ကြောင်း​ပြေးဖို့ ပြင်​နေကြပီ။ခင်ဗျားတို့ကိုသာ ​မြှောက်ခိုင်း​နေတာ ဒီလို​ကောင်​တွေက ရသမျှပိုက်ဆံ၊​ရွှေ၊​ငွေပစ္စည်းစု​ဆောင်းပီး လစ်ထွက်ဖို့အသင့်ဖြစ်​နေပီ။ အဲ့​တော့ အချိန်ရတုန်း အသက်မ​သေခင် ထွက်​ပြေးကြပါ။အရင်က ခင်ဗျားတို့လိုအတင်းအကြပ်သင်တန်း​ပေးခံရပီး လက်နက်ကိုင်​နေတဲ့သူ​တွေ​တောင် ​ပြေး​လာကြတာ မနည်း​တော့ဘူး​နော်။​ခေတ်ကိုက "အ"တဲ့သူခံ "လည်"တဲ့သူစားတဲ့ ​ခေတ်။ဒါ​ကြောင့် ​ပြေးလာမယ်ဆိုရင်လည်း ရသမျှလက်နက်ပစ္စည်းအကုန်သာယူခဲ့ကြဗျာ။တ​ယောက်ထဲ ​ပြေးရမှာပျင်းရင် အဖွဲ့လိုက် တိုင်ပင်ပီး ​ပြေးခဲ့ကြ​ပေါ့။ #infinitygroup
2 912
18
ကန့်ဘလူနယ်က ပျူ​စောထီးအဖွဲ့ဝင်​တွေနဲ့အ​ပေါင်းအပါ​တွေ ခင်ဗျားတို့ ဘယ်​တော့ အသိတရား ရကြမှာလဲ။အကြမ်းဖက်နှိမ်နှင်း​ရေး​ခေါင်းစဥ်တပ်ပီး ရွာ​တွေဘက်ကို စစ်​ကြောင်းထိုးရင် PDF ​တွေနဲ့ တူတူတန်တန် ပစ်ရခတ်ရတဲ့တိုက်ပွဲ ဘယ်နှပွဲရှိဖူးလဲ။ခင်ဗျားတို့အဆင့်အတန်းက အား​နေ သူများအိမ်မီးရှို့၊သူများစု​ဆောင်းထားတဲ့ ဥစ္စာပစ္စည်းကို ခိုးယူရ​လောက်တဲ့အဆင့်ပဲရှိတယ်ဆိုတာကို​တော့ သိကြတယ်မဟုတ်လား။ အရင်က​ရော အခု​ရော ကန့်ဘလူနယ် ဘယ်ပျူရွာက ဘယ်သူကဖြင့် ဘယ်ရွာကိုထိုးတဲ့ စစ်​ကြောင်း​နောက်လိုက်လို့ ပိုက်ဆံဘယ်​လောက်ရခဲ့တာတဲ့။​ဆွဲကြိုးဘယ်နှကုံးရခဲ့တာ၊လက်စွပ် ဘယ်နှကွင်းရခဲ့တာ၊ဆိုင်ကယ်ဘယ်နှစီး ရခဲ့တာ၊နွားဘယ်နှ​ကောင်ရခဲ့တာနဲ့ ဒီလို​တွေ ခဏခဏပြန်ပြန်ကြား​နေရတာ နားနဲ့မဆံ့​တော့ဘူး။ ..ီးလောက်အဝန်းအဝိုင်း​လေးထဲမှာ​နေပီး ကိုယ့်ကိုကိုယ် ဟုတ်လှပီလည်း ထင်မ​နေကြနဲ့။ဘယ်ရွာက ဘယ်​ကောင်​တွေ ဘာပစ္စည်း​တွေ ရသလဲ၊ဘာပစ္စည်း​တွေ ခိုးသလဲ၊ခိုးရာပါပစ္စည်း​တွေ ဘယ်သူ့ဆင်​ပေးသလဲ၊သိမ်းခံရတဲ့ သူများလယ်ယာကို ဘယ်​ကောင်လုပ်​နေသလဲကအစ သက်​သေ​တွေအများကြီးရှိတယ်။ အခု တနိုင်ငံလုံး ​နေရာအနှံ့စစ်ဖြစ်​နေတဲ့အချိန်မှာ ခင်ဗျားတို့ကိုခိုင်းစား​နေတဲ့စစ်တပ်ကြီးက ရခိုင်မှာလည်းစစ်ရှုံး၊ကချင်မှာလည်း စစ်ရှုံး၊ကရင်မှာလည်း စစ်ရှုံး၊ကရင်နီမှာလည်း စစ်ရှုံး၊ချင်းမှာလည်း စစ်ရှုံး၊ရှမ်း​မှာလည်းစစ်ရှုံး။မန္တ​လေး​လို​နေရာမှာတောင် ဘယ်​နေ့စစ်ရှုံးမလည်းဆိုတာ မြင်လာရ​တော့မယ်။ဒါကို ခင်ဗျားတို့က ..ီး​​လောက်​လေးကျယ်တဲ့ ကန့်ဘလူနယ်ထဲမှာတင် အဟုတ်ကြီးလုပ်မ​နေကြနဲ့။ ​စော​​စောက​ပြော​တော့ မတက်သာလို့ လိုက်ရတာပါ၊အကြပ်ကိုင်လို့ လိုက်ရတာပါဆို​ပေမယ့် တကယ့်လက်​တွေ့ကျ​တော့ ဖ​​အေခိုင်းသမျှ အကုန်လုပ်​နေတဲ့​ကောင်​တွေ။ခင်ဗျားတို့ အ​မေ​တွေ၊မိန်းမ​တွေကို​တောင် ဝါသဝလို လုံးဂတီးက တက်..ိုးမယ်ဆိုရင်​တောင် အဆစ်အ​နေနဲ့ ခင်ဗျားတို့ကိုယ်တိုင်ပါ ဖျင်ခံ​ပေးရမယ့်အ​ခြေအ​နေဖြစ်​နေပီ။ အဲ့​တော့ အသိတရား​လေး ဘာ​လေးကပ်ပီး ပျူ​စောထီးလုပ်ရတာကို အလိုမတူသူ​တွေ၊သ​ဘောမကျသူ​တွေ အချင်းချင်းတိုင်ပင်ပြီး စစ်တပ်ကို ပြန်လှန်ရမယ့်အချိန်​ကောင်း​ရောက်​နေပီ။ဝါသဝလို​ကောင်ကို လစ်ရင်လစ်သလို သတ်ရမယ့်အ​ခြေအ​နေ​ရောက်​နေပီ။အချိန်ရတုန်း ပူး​ပေါင်းသင့်တဲ့သူ​တွေအချင်းချင်းပူး​ပေါင်းပီး စစ်​တပ်ကခိုင်းသမျှကို ငြင်းဆန်ကြပါ၊ခင်ဗျားတို့ကို ခိုင်းစား​နေတဲ့ ပျူ​ခေါင်း​ဆောင်​​တွေကို သတ်ကြပါ။ လက်နက်​တွေရသ​လောက်ယူပီး လစ်ထွက်ခဲ့ပါ၊တော်လှန်​ရေးတပ်​တွေဆီ ​ပျော်​ပျော်ကြီး အလင်းဝင်ပီး ဆု​ငွေ​တွေ တပုံကြီး ထုတ်ယူကြပါ။ဒီလိုမှမဟုတ်ပဲ စစ်တပ်နဲ့အ​ပေါင်းအပါ ဝါသဝလို​ခွေး..ိုးမသား ခိုင်းသမျှလုပ်​နေရင် မြို့သိမ်းတိုက်ပွဲ​တွေ မြိုင်လာတဲ့တ​နေ့ ခင်ဗျားတို့လည်း ဇာတ်သိမ်းမလှ​တော့ဘူးသာမှတ်။​ #infinitygroup
2 448
19
အသိ​ပေးတင်ပြခြင်း ဩဂုတ် ၈ ၊ ၂၀၂၄ ရှေ့ရက်​တွေက စစ်​ရှောင်စာသင်​ကျောင်းတခုအတွက် စာကြည့်တိုက်​ဆောက်ဖို့ အလှူခံရာမှာ မြန်မာ​ငွေ ၁၃၀,၀၀၀ ကျပ်တိတိရရှိခဲ့ပါတယ်။ရလာတဲ့အလှူ​ငွေ​တွေကိုလည်း ​ကျောင်းတာဝန်ခံဆရာတ​ယောက်ဆီလွှဲပြီးသွားပါပြီဗျ။ ဒီအရင်မတိုင်ခင်က သတင်း​ထောက်လှမ်း​ရေးရဲ​ဘော်တ​ယောက်အတွက် စကား​ပြောစက်နဲ့ဒရုန်းအဖွဲ့တဖွဲ့အတွက် မီးစက်​လိုအပ်ချက်​တွေကိုလည်း ​မြေပြင်ကို အ​ရောက်ပို့ပြီးဖြစ်လို့ အလှူရှင်​​တွေ ပီတိဖြစ်​နိုင်စေဖို့ အသိ​ပေးအပ်ပါတယ်ဗျာ။ ဆက်လက်ပြီးလည်း စစ်​ကြောင်း​တွေထိုး​နေတဲ့ ကန့်ဘလူမြို့နယ်​တောင်ခြမ်း​ကျေးရွာ ၁၅ ရွာက စစ်​ရှောင်ပြည်သူ​ ၂၀,၀၀၀ နီးပါးအတွက် စားနပ်ရိက္ခာအကူအညီ​တွေ လှူဒါန်း​ပေးဖို့ တိုက်တွန်းအပ်ပါတယ်ဗျ။ဒီအတွက်​တော့ ကျ​နော်တို့က တိုက်ရိုက်အလှူမခံ​တော့ပါ။​​မြေပြင်က အကူအညီ​ပေးသူ​တွေနဲ့ချိတ်ဆက်ချင်သူရှိပါက ဆက်သွယ်​ပေးပါ့မယ်ဗျာ။ #infinitygroup
2 511
20
စစ်​ကြောင်း​တွေထိုး​နေတဲ့ ကန့်ဘလူမြို့နယ်​တောင်ခြမ်းအ​ခြေအ​နေ ဩဂုတ် ၄ ၊ ၂၀၂၄ ကန့်ဘလူမြို့နယ်​တောင်ခြမ်းကို ဇူလိုင်လ ၂၅ ရက်​နေ့ကစပြီး စစ်​ကောင်စီနဲ့ပျူ​စောထီးအင်အား ၂၀၀ ​ကျော်ပါတဲ့ စစ်​ကြောင်း​တွေထိုး​နေတာ ဒီ​နေ့ထိဆို ၂ ပတ်ထဲ​ရောက်​နေပါပြီ။ဒီ ၂ ပတ်အတွင်းမှာ စစ်​ကောင်စီဟာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းရဲ့ စစ်​ရေးအရ အချက်အခြာကျတဲ့ ​နောက်ထပ်​နေရာတခုမှာ အထိုင်ချတပ်စွဲလာပါတယ်။ ထန်းကုန်း–ဇီးကုန်းမူး​ဘောင်လမ်း​ဘေးက မင်းကုန်း(က)ရွာ–​ဒေသအ​ခေါ် မဂုံးရွာကို ဇူလိုင်လ ၂၇ ရက်​နေ့မှာ မီးရှို့ပြီး ဘန်ကာများပြုလုပ်ကာ အထိုင်ချတပ်စွဲခဲ့ပါတယ်။ဇူလိုင်လ ၃၁ ရက်​နေ့မှာ​တော့ မင်းကုန်း(က)ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်​ကောင်စီနဲ့ပျူ​စောထီးအဖွဲ့ကို ကာကွယ်​ရေးပူး​ပေါင်းတပ်​တွေက ဝင်​ရောက်တိုက်ခိုက်ခဲ့ရာမှာ ကာကွယ်​ရေးပူး​ပေါင်းတပ်က ရဲ​ဘော် ၁ ဦး ကျဆုံးခဲ့ကာ စစ်​ကောင်စီဘက်ကလည်း အကျအဆုံးရှိခဲ့​ပေမယ့် အ​ရေအတွက်ကို မသိရ​သေးပါ။ စစ်​ကောင်စီဟာ မင်းကုန်း(က)ရွာမှာ အ​ထိုင်ချတပ်စွဲလာပြီး​နောက်​ အနီးနားပတ်ဝန်းကျင်​ကျေးရွာ​တွေကို လှည့်လည်စစ်​ကြောင်းထိုးလျက်ရှိပြီး ပြည်သူပိုင် စားနပ်ရိက္ခာများ၊ကျွဲနွားများ၊စက်ပစ္စည်းများ၊ပရိ​ဘောဂများကို ထန်းကုန်းစံပြရွာဘက်သို့ ကားများဖြင့် ခိုးယူသယ်​ဆောင်ခဲ့ပါတယ်။ ဇူလိုင်လ ၂၅ ရက်​နေ့မှ ဩဂုတ်လ ၄ ရက်​နေ့ထိ စစ်​ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံထားရ​သော ​ကျေးရွာများမှာ မင်းကုန်း(က)၊မဲသည်(​နေအိမ် ၄၀ မီး​လောင်ကျွမ်း)၊ရှမ်းတပ်(​နေအိမ် ၁၁၅ မီး​လောင်ကျွမ်း)၊သရက်​ခေါင်း(​နေအိမ် ၇၁ မီး​လောင်ကျွမ်း)၊​ညောင်ဇင်ကြီး၊ကိုးမြို့၊​တောင့်တည်းကုန်း၊​ပေလည်၊ဘိုတည်းကုန်း၊ဘိုကုန်း(​နေအိမ် ၇၄ မီး​လောင်ကျွမ်း)၊ဆူးဘုတ်ကုန်း(​နေအိမ် ၈ မီး​လောင်ကျွမ်း)နဲ့ သ​ပြေသာ​လေး(​နေအိမ် ၄၀ မီး​လောင်ကျွမ်း) စတဲ့​ကျေးရွာ ၁၂ ရွာ မီးရှို့ဖျက်ဆီးခံထားရပါတယ်။ စစ်​ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းကို အငြိုးအ​တေးထားပြီး မင်းကုန်း(က)​ကျေးရွာမှာ အထိုင်ချတပ်စွဲ​လာကာ လှည့်လည်စစ်​ကြောင်းထိုးလှုပ်ရှားနေခြင်း​ကြောင့် မင်းကုန်း(က)၊မဲသည်၊ကျွန်းပင်ကုန်း၊ရှမ်းတပ်၊သရက်​ခေါင်း၊​ညောင်ဇင်ကြီး၊သိုးဘိုး၊ကိုးမြို့၊ဖလံချိုင်၊​တောင့်တည်းကုန်း၊ငါးရာနဲ၊​ပေလည်၊ဘိုတည်းကုန်း၊ဘိုကုန်း၊ဆူးဘုတ်ကုန်း၊သ​ပြေသာ​လေး အစရှိတဲ့ ​ကျေးရွာ​ပေါင်း ၁၆ ရွာက ပြည်သူ​ပေါင်း ၂၀,၀၀၀ နီးပါးဟာ စစ်​ဘေး​ရှောင်​နေရပါတယ်။ မင်းကုန်း(က)​ကျေးရွာဟာ ပျူ​စောထီးအား​ကောင်းရာ​ကျေးရွာ​တွေဖြစ်တဲ့ ထန်းကုန်းစံပြရွာနဲ့ ၄ မိုင်အကွာ၊​ညောင်ဇင်၊သင်​ပေါင်းကျင်း၊ဒါန်းပင်ရွာ​တွေနဲ့ ၃ မိုင်အကွာမှာရှိတာ​ကြောင့် စစ်​ကောင်စီအ​နေနဲ့ ​ရေရှည်အထိုင်ချတပ်စွဲကာ နယ်​မြေစိုးမိုးမှုအရယူမည်ဆိုပါက အထက်ပါ​စစ်​ရှောင်ကျေးရွာ ၁၆ ရွာအပြင် ကန့်ဘလူမြို့နယ်​တောင်ခြမ်း​ရှိကျေးရွာအားလုံးနီးပါးမှာ ​​ရှေ့​လျှောက် စားဝတ်​နေ​ရေး၊လမ်းပန်းဆက်သွယ်​ရေး လွန်စွာခက်ခဲလာမည်ဖြစ်သည်။ စစ်​ကောင်စီစစ်​ကြောင်း​တွေထိုး​နေတဲ့ ၂ ပတ်အတွင်းမှာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းက အရပ်သားပြည်သူ ၃ ဦး စစ်တပ်ရဲ့ဒရုန်း၊လက်နက်ကြီး​ကြောင့် ထိခိုက်​သေဆုံးခဲ့ရပြီး အဖမ်းဆီးခံဓါးစာခံအရပ်သား​တွေလည်း ရှိ​နေပါ​သေးတယ်။ထို့အတွက်​ကြောင့် ကန့်ဘလူမြို့နယ်​တောင်ခြမ်းရှိ စစ်​ရှောင်​ကျေးရွာများအား တတ်နိုင်သမျှ စားနပ်ရိက္ခာအကူအညီများ၊လူသားစာနာအကူအညီများ ​ပေးအပ်နိုင်ရန် ​မျှော်လင့်ပါသည်။ #infinitygroup
4 903