cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Infinity Group

ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများ​ဖော်ပြ​နေ​သော လွတ်လပ်​​သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ် သတင်း​ပေးပို့ရန်နှင့်စုံစမ်း​မေးမြန်းရန် – ကိုအနန္တ @iggp21 ကို​ရွှေကြာ @shwekyarinfinitygroup ရင်ငြိမ်းမိုး @iggp23 ကိုဉာဏ်ဇင် @nzigp

Mostrar más
Publicaciones publicitarias
2 973
Suscriptores
-324 horas
+57 días
+1430 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ကျနော်တို့ ကန့်ဘလူနယ်ဘက်က စစ်ဘေးရှောင်တွေ သတိနဲ့နေကြပါနော်။ဒီရက်ပိုင်း စစ်ကိုင်းတိုင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောထားပါတယ်။ အခုထိတော့ ကန့်ဘလူတနယ်လုံး မိုးအုံ့နေပီး မိုးဖွဲဖွဲစရွာတဲ့နေရာရွာနေပါပီ။ကျွန်းလှနယ်ဘက်တော့ မနက် ၃း၀၀ နာရီလောက်ထဲက မိုးရှယ်ရွာနေပါတယ်တဲ့။ ချောင်းဘေး၊မူးဘေးနေပြည်သူများ မိုးကြီးရေလျှံအထူးသတိပြုကြပါ။ #infinitygroup
Mostrar todo...
👍 30😁 3 1
ကန့်ဘလူအခြေအနေက အရင်ကထက်ဆိုးလာပါပီ။ဒီရက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖြစ်နေထိုင်တဲ့မြို့နဲ့ ပျူစောထီးကျေးရွာတွေက လူငယ်၊လူလတ်ပိုင်းတွေကို ထပ်မံပီး အတင်းအဓမ္မမဲနှိုက်တာ၊အလိုမတူပဲ စစ်မှုထမ်းခိုင်းတာတွေကို ရက်ပိုင်းခြားပီး လုပ်လာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရင်ကပျူစောထီးအဖွဲ့ဝင်လုံးဝမရှိသေးတဲ့ သင်ပန်းတော၊စန္ဒယား၊ကျောက်အိုင် အစရှိတဲ့ကျေးရွာတွေကိုလဲ အတင်းအဓမ္မလူသစ်စုဆောင်းကာ သင်တန်းပေးလာတာကို တွေ့ရပါတယ်။ပီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က စစ်တပ်လော်ဘီချန်နယ်လ်တွေမှာ သင်ပန်းတောရွာကပျူစောထီးသင်တန်းဆင်းပွဲဗီဒီယိုဖိုင်ကို ထုတ်ပြန်လာတာတွေရပါတယ်။နီးစပ်သူတွေကတော့ သင်တန်းဆင်းသူဦးရေ ၁၅၀ ရှိတယ်လို့ပြောပါတယ်။ တခါ ကန့်ဘလူနယ်အနောက်ခြမ်းက မွတ်စ်လင်ဘာသာဝင်တွေအများစု နေထိုင်တဲ့ကျေးရွာတွေကိုလည်း ဒီရက်ပိုင်းမဲတွေနှိုက်ပီးလူသစ်စုရာမှာ မွတ်စ်လင်လူငယ်တွေမဲပေါက်ကြလို့ စိတ်သောကရောက်နေတယ်လို့ဆိုပါတယ်။အရင်ကလည်း မဲပေါက်တဲ့မွတ်စ်လင်လူငယ်တွေကို ရွှေဘို လေ့ကျင့်ရေး (၈) ၊ မုံရွာ နမခ တို့ဘက်ကို ရဟတ်ယာဥ်နဲ့ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။ ကန့်ဘလူနယ် ပျူစောထီးကျေးရွာတွေဘက်က ရွာမှာအကြောင်းအမျိုးမျိုးကြောင့် အဝေးမသွားနိုင်တဲ့ အမျိုးသားလူငယ်အများစုဟာ ခရီးထွက်ဖို့သွားရာမှာ ပျူစောထီးဂိတ်တွေက ဖမ်းဆီးပီး ရွာပြန်ပို့ခံရတဲ့အဖြစ်မျိုးတွေတောင် မကြာမကြာဖြစ်လာတယ်လို့ဆိုပါတယ်။ ဒါကြောင့် မိမိတို့ကိုယ်တိုင်က စစ်မှုမထမ်းနိုင်ဘူးဆိုရင် ရွာမှာကျန်ရစ်တဲ့သူတွေက ရရာလမ်းကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေဘက်ကို ရအောင်ထွက်ကြပါ။အဝေးအလုပ်ထွက်လုပ်နေတဲ့သူတွေကလည်း ဘယ်လိုအခက်အခဲကြုံနေပါစေ နေရပ်မပြန်ပါနဲ့။ တော်လှန်ရေးထဲမပါဝင်နိုင်စေအုံးတော့ တော်လှန်ရေးကိုအနှောက်အယှက်ဖြစ်စေမယ့်လူစားမျိုးတွေအဖြစ်မခံပါနဲ့။ဝါသဝလိုအရေခြုံတယောက်ရဲ့ ဝါဒမှိုင်းအောက်ကနေ မိမိတို့အသက်ခန္ဓာကို မပေးဆပ်ပါနဲ့။စစ်ကောင်စီဟာ စစ်ရှုံးနေပီဆိုတာ မမေ့ပါနဲ့။ #infinitygroup
Mostrar todo...
👍 31😁 2
Photo unavailableShow in Telegram
ထိုးစစ် ၆ လအတွင်းမှာ AA ဟာ ခရီးတော်တော်ပေါက်နေပြီ။ဒီနှုန်းအတိုင်းသာဆို ၂၀၂၄ ခုနှစ်ကုန်တာနဲ့ ရခိုင်တပြည်လုံး AA ထိန်းချုပ်နိုင်မယ့်အခြေအနေလို့ဆိုနိုင်ပါတယ်။ ရခိုင်က AA ရဲ့ထိုးစစ်အောင်မြင်မှုတင်မက ​ကချင်က KIA ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကလည်း ခြေသံလုံလုံနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရှိရာ မြစ်ကြီးနားမြို့နားထိနီးကပ်နေပီလို့သိရတယ်။ လက်နက်မစုံသေးတဲ့ အညာမြေပြန့် PDF တပ်ရင်းကရဲဘော်တွေ စိတ်ဓာတ်မကျ,ပါနဲ့။အောင်ပွဲတွေ တရက်ထက်တရက် နီးကပ်လာနေပါပြီ။ #infinitygroup
Mostrar todo...
👍 20 3😁 1😢 1
ဝမ်းသာစရာပါပဲဗျာ။အလှူရှင်တွေပေါ်လာလို့ လိုအပ်တဲ့ငွေပမာဏတော့ ရသွားပီလို့ပြောပါတယ်ဗျာ။ကျနော်တို့ဆီ ထပ်မံဆက်သွယ်ထားတဲ့ အလှူရှင်များ ကူညီပေးလိုက်ကြပါအုံးဗျာ။တကယ်အခက်အခဲဖြစ်နေတဲ့ နေရာမို့ပါ။ကျေးဇူးပါခင်ဗျာ။
Mostrar todo...
👍 18😁 2
တနေ့က ဖုန်းမပြောဖြစ်တာကြာပီဖြစ်တဲ့ တော်လှန်ရေးသမားလူငယ်တယောက်နဲ့ စကားပြောဖြစ်ကြတယ်။သူနဲ့ကျနော် အများဆုံးပြောဖြစ်ရင် အဆင်ပြေရဲ့လား၊ဘာလိုအပ်ချက်ရှိသေးလဲ စသဖြင့်နဲ့ပဲ အဆုံးသတ်တာများပါတယ်။ သူ့မှာ လူငယ်တယောက်နဲ့မမျှတဲ့ ဖိအားတွေအများကြီးရှိပါတယ်။မိသားစုကတဖက် တော်လှန်ရေးကတဖက်နဲ့ လူတိုင်းမလုပ်နိုင်တဲ့ တာဝန်မျိုးထမ်းရွက်ထားသူဖြစ်ပါတယ်။အဖွဲ့အစည်းအတွက်လိုအပ်တာတွေလဲ ပြေးပီးစီမံလိုက်ရ မိသားစုစားဝတ်နေရေးအတွက်လဲ မနိုင်တနိုင်ထမ်းပေးရနဲ့ သိပ်တော့အဆင်မပြေလှပါ။ အခုလဲ လာမယ့်မိုးတွင်း စစ်ကြောင်းထိုးရင် တောထဲစစ်ရှောင်တဲတွေကသူတွေ တခြားရွာတွေဖက် သွားရလာရ(ပြေးဖို့လွှားဖို့)အဆင်ပြေစေဖို့ လမ်းဖောက်တာ ၅ သိန်းခွဲဝန်းကျင်လောက်ကျတယ်လို့​ပြောပါတယ်။ ကျတဲ့ကုန်ကျငွေကို ဟိုကဆွဲ ဒီကဆွဲနဲ့ လောလောဆယ် အဆင်ပြေအောင်လုပ်ထားရတယ်လို့ပြောပါတယ်။အကြွေးပြန်ဆပ်ရမယ့်သဘောပေါ့။ " မလုပ်လို့ကလဲမရဘူးလေ၊မိုးတွင်းကျ ကျနော်တို့ဘက်က လမ်းတအားဆိုးတာ၊စစ်ကြောင်းထိုးရင် စစ်ရှောင်တွေ အဆင်ပြေပြေတိမ်းနိုင်ဖို့လိုတယ် " လို့ဆိုပါတယ်။ စစ်ရှောင်တွေသွားလာရတာအဆင်ပြေဖို့ လမ်းဖောက်ထားတဲ့နေရာအတွက် တကယ်လို့ ကူညီနိုင်တဲ့သူများရှိရင် ကျနော်တို့ဆီကိုဆက်သွယ်ပေးပါခင်ဗျ။​အထက်ပါလူငယ်နဲ့တိုက်ရိုက်ချိတ်ဆက်ပေးပါ့မယ်။ကျနော်တို့ကနေတဆင့်တော့ အလှူခံမပေးချင်လို့ပါ။ မြေပြင်လဲရောက်မယ် မိမိတို့ကူညီတဲ့ငွေ အလေအလွင့်လဲမဖြစ်ချင်ဘူး၊တကယ်လဲ အကျိုးရှိတဲ့နေရာမျိုးလှူချင်တဲ့ဆိုတဲ့ အလှူရှင်များ ဆက်သွယ်ပေးပါခင်ဗျ။ ဆက်သွယ်ရန်- ကိုအနန္တ @iggp21 #infinitygroup
Mostrar todo...
👍 12😁 2
ရဲဘော်ရဲဘက်စိတ်အပြည့်ရှိဖို့လိုသည် မေ ၁၅ ၊ ၂၀၂၄ ရဲဘော်တွေက ရဲဘော်စိတ်မွေးကြသလို ခေါင်းဆောင်းပိုင်းကသူတွေကလည်း ရဲဘော်စိတ်အပြည့်အဝမွေးသင့်ပါတယ်။ဘာလို့ဆို တော်လှန်ရေးကာလမှာ အားလုံးဟာ သူ့တာဝန်နဲ့သူ ကြုံသလိုအသီးသီးယူထားကြပေမယ့် ဒီအပေါ်မှာ ရာထူးတခုရထားသလို အခွင့်အရေးယူတာမျိုး၊အသားယူတာမျိုးမလုပ်သင့်ပါ။ ကျနော်နဲ့ညီအကိုတွေလို ရင်းနီးတဲ့ ရဲဘော်တယောက်က မကြာမကြာပြောဖူးတာရှိတယ်။ " အကိုရာ အဆင်မပြေပါဘူးဗျာ။ကျနော်တို့ကသာ တော်လှန်ရေးဆိုပီး စိတ်အားထက်သန်နေလို့သာ၊သူကတော့ ကျနော်တို့ဆိုမကြည့်ဘူး။သူ့တကိုယ်စာ အဆင်ပြေနေရင် ပီးရော့ဆိုတဲ့လူ။ကျနော်တို့မှာတော့ ရှူးရှဲနဲ့ စားနေရတာ။သူကျ ဘယ်လက်က တမျိုး ညာလက်ကတမျိုး ဘီယာ ၁ ဗူးဆီကိုင်ပီး သာယာနေတာ။အနေအထိုင်ကအစ မင်းသားရှုံးတယ်။ကျနော်တို့ရဲဘော်တွေမှာတော့ ပွိုင့်ဖိနပ်အစုတ်နဲ့။ " အပေါ်ကစကားတွေက ကျနော်လုပ်ကြံပြောထားတာမဟုတ်သလို အထက်ကရဲဘော်ဆီက ခံစားချက်ရှိရှိနဲ့ တသီကြီးအံထွက်လာတဲ့ စကားလုံးတွေ။ဒါတွေကိုပြောနေပြန်ရင်လည်း မြေပြင်မရှိ အွန်လိုင်းအာသာပြေတဖက်ပိတ်သမားတချို့ ကျနော့်က သပ်လျှိုနေတယ်ဆိုတာမျိုး ပြောလာလိမ့်မယ်။အဲ့လိုပြောလာတဲ့သူတွေကိုလည်း ကျနော် ဒေါသမဖြစ်ပါ။သူတို့မသိလို့ ပြောကြတာပဲလေ အချိန်တန်ရင်တော့ ကျနော်ပြောရတဲ့အကြောင်းအရင်းကို နားလည်လာမှာပါဆိုတဲ့ စိတ်နဲ့ပဲ ခွင့်လွှတ်ထားပီးသား။ ဆိုလိုရင်း ပြန်ဆက်ရမယ်ဆို အထက်ကအဖြစ်အပျက်အကြောင်းအရာလို ကြုံနေရတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေက အများသားပဲ။ဘာကြောင့် အထက်ကအရာရှိနဲ့အောက်ကရဲဘော်တွေကြား ဒီလိုဖြစ်ရသလဲဆိုရင် ဂရုမစိုက်လို့ဖြစ်တာ။ ဘယ်သူက ဂရုမစိုက်လို့ဖြစ်ရတာလဲဆို အဖြေက ရှင်းပါတယ်။အရာရှိဖြစ်သူက သူတာဝန်ယူထားတဲ့အပိုင်းကြောင့် သူပေါင်းသင်းရတဲ့ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း သူလုပ်ရတဲ့အလုပ်တာဝန်တွေကြောင့်သော်လည်းကောင်း ရဲဘော်တွေနဲ့ ထိတွေ့ဆက်ဆံတာမရှိတော့လို့ဖြစ်ပါတယ်။တချို့ဆိုရင် ၆ လကြာမှ ၁ ခါလေးတောင် သက်ဆိုင်ရာတပ်ခွဲတွေကို မရောက်ဘူးဆိုတာမျိုးရှိတယ်။ ဖြစ်သင့်လားဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ပြောရမှာပဲ။အရာရှိတယောက်ဟာ အလုပ်တာဝန်ကြောင့်ဖြစ်စေ၊သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်အပေါင်းအသင်းကြောင့်ဖြစ်စေ မိမိရဲ့သက်ဆိုင်ရာ တပ်ရင်း၊တပ်ခွဲက ရဲဘော်တွေကို ထိတွေ့ဆက်ဆံခြင်းမရှိဘူးဆိုရင် ဒါဟာ တာဝန်ပျက်ကွက်တာအပြင် ရဲဘော်ရဲဘက်စိတ်မရှိတာပဲလို့ ပြောရမှာပါ။ အရာရှိဖြစ်သူဟာ အောက်ခြေရဲဘော်ရဲဘက်တွေနဲ့ မကြာမကြာတွေ့ဆုံနေရမှာဖြစ်ပီး သူတို့လိုအပ်တာ၊သူတို့ဖြစ်ချင်တာတွေကို အမြဲတစေ နားထောင်ပေးသင့်ပါတယ်။မလုပ်ပေးနိုင်တဲ့ကိစ္စဖြစ်ပါစေအုံးတော့ ဘယ်လိုအခြေအနေလေးတော့ရှိတယ်ဆိုတာမျိုး အကျိုးအကြောင်းသင့်သင့် ပြောပြပေးနိုင်မှသာ အောက်ခြေရဲဘော်တွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုအမြဲလေးစားနေမှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ငါတို့ကျ ဘယ်လိုစားရတယ်၊ဘယ်လိုနေရတယ်၊သူကျတော့ ဘယ်လိုပါကွာဆိုတာမျိုးဟာ ရဲဘော်ရဲဘက်စိတ်ပျောက်ဆုံးဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အရာရှိဖြစ်သူတွေဟာ ထစ်ကနဲရှိ အချုပ်ထဲထည့်ဖို့၊ခြောက်ပေါက်ချဖို့လောက်ပဲ မဆုံးဖြတ်သင့်ပါ။ ဘာကြောင့် ဒီရဲဘော် အရက်ခိုးသောက်ရသလဲ၊ရည်းစားနဲ့ခိုးတွေ့ရသလဲ ကုန်ကုန်ပြောရရင် ဘာကြောင့် တပ်ပြေးဖြစ်ရသလဲဆိုတာတွေဟာ မိမိတို့အရာရှိဖြစ်သူတွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်လို့ပဲ မှတ်ယူသင့်ပါတယ်။ ဒါကြောင့်မို့ တော်လှန်ရေးကာလအတွင်းမှာ မိမိကိုယ်ကို အခွင့်ထူးခံဆိုတဲ့ပုံစံမျိုးတွေမေ့ထားပီး အောက်ခြေနဲ့အထက် တသားတည်းဖြစ်လာစေဖို့ အရာရှိဖြစ်သူတွေဟာ ရဲဘော်ရဲဘက်စိတ်အပြည့်အဝမွေးဖို့ လိုပါတယ်။ရဲဘော်ရှူးရှဲ ဆို မိမိလည်း ရှူးရှဲဖြစ်ဖို့လိုပါတယ်။ (PDF အတွေအတွက်ရည်ညွှန်းတာဖြစ်ပါတယ်) ကိုအနန္တရေးသည် #infinitygroup
Mostrar todo...
👍 30 4😁 1
ကန့်ဘလူခရိုင်၊ မလည်ရွာ စစ်ကောင်စီစခန်းအား တိုက်ခိုက် မေလ ၁၁ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီ၊ ရဲ နှင့် ပျူစောထီးအဖွဲ့ အခြေချစခန်းအား ကန့်ဘလူခရိုင် တပ်ရင်း (၂၊ ၃)၊ ရွှေဘိုခရိုင် တပ်ရင်း-၃၊ အမှတ် (၅၁၀) တပ်ရင်းတို့မှ မေလ (၇) ရက်တွင် တိုက်ခိုက်ခဲ့သည်။ ကန့်ဘလူမြို့နယ် ပကဖနှင့် ခင်ဦးမြို့နယ် ပလဖ တို့မှ ထောက်ပို့နှင့် ဖြတ်တောက်ရေး ပါဝင်ခဲ့သည်။ ၎င်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ (၆) ဦး သေဆုံးပြီး လက်လုပ်သေနတ်အပါ လက်နက်ငယ် (၁၄) လက်၊ ကျည်မျိုးစုံ (၇၀၀) ကျော်၊ ကျည်အိမ် (၁၁) ခု၊ လက်ပစ်ဗုံး (၁) လုံး၊ အီနာဂါ (၆) လုံး၊ Jammer (၁) ခု၊ Equipment (၄) ခု၊ Uniform (၃) စုံ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက် တတက-၁၃ မှ လက်နက်ကြီးဖြင့် ဗုံးအလုံး (၆၀) ကျော် ပစ်ခတ်ခဲ့ပြီး ပြင်ဦးလွင် (အနီးစခန်း) မှ Mi-35 (၁) စီးဖြင့် လေကြောင်း ပစ်ခတ်မှု (၁၀) ကြိမ်ပြုလုပ်ခဲ့သည်။ ထို့အပြင် တံတားဦးမှ Jet Fighter (၁) စီးဖြင့် (၄) ကြိမ်ဗုံးကြဲ တိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးအလုံး (၆၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့သည်။ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီ အင်အား (၇၀) ခန့်မှလည်း ကျောက်လုံးကြီးရွာသို့ ရေလမ်းကြောင်းဖြင့် လာရောက်ပြီး စစ်ကူပေးခဲ့သဖြင့် တိုက်ပွဲအတွင်း မိမိတို့ဘက်မှ ရဲဘော် (၁၀) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ ထို့အပြင် ပြည်သူ (၁) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အမှတ် (၁) စစ်ဒေသ
Mostrar todo...
👍 18😢 6 4😁 4
👍 5😁 1
တလောက ပကဖတာဝန်ခံတယောက်နဲ့တွေ့လို့ ခဏတဖြုတ်စကားပြောဖြစ်တယ်။လူတွေက သူ့ကိုစရိုက်ကြမ်းတယ်ဆိုပီး သိပ်မကြိုက်ကြဘူး။သူကလည်း ဆိုးတဲ့နေရာတွေကျတော့ တကယ်ဆိုးတာကိုး။ သူ့ရပ် သူ့ရွာမှာ ပြဿနာတွေဖြစ်လို့ အချင်းချင်း ပြေလည်အောင် အဆင်ပြေအောင်ညှိကြပါလားလို့ ကျနော်ကပြောတော့ ပြုံးစိစိနဲ့ အကြောင်းပြချက်တွေပဲပြောပြသွားတယ်။ပြဿနာတွေတော့ ဆက်တက်နေတုန်းပါပဲ။ ကျနော်တို့က ပကဖ တွေ PDF တွေ ပအဖ ထဲကလူတွေအကြောင်းရေးတာ ဘယ်လိုမြင်လည်းဆိုတော့ ကောင်းပါတယ် ရေးပေါ့တဲ့။ခင်များတို့ရေးတော့ မဟုတ်တာလုပ်မယ်ဆိုရင်တောင် နည်းနည်းတော့ လက်တွန့်တာပေါ့တဲ့။ဒါပေမယ့်လည်း မဟုတ်တာလုပ်တဲ့သူတွေလည်း လုပ်နေကြတာပါပဲ။ ကျနော်ပြောချင်တာကတော့ အထက်က ကျနော်နဲ့ဆုံခဲ့တဲ့ ကျနော့်မိတ်ဆွေပကဖတာဝန်ခံအပါအဝင် မိမိကိုယ်မိမိ ပြည်သူ့အတွက်လုပ်နေတာလို့ ခံယူထားတဲ့ ဘယ်ပုဂ္ဂိုလ်မဆို ဒီအချိန်ကာလမှာ မာန်မာနတွေလျှော့ကြပါ။ ကျနော်တို့သွားနေတဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်တို့လုပ်တဲ့လုပ်ရပ်မျိုးစုံကိုမကြိုက်လို့ သွားနေတဲ့ လက်နက်ကိုင်လမ်းစဥ်ဖြစ်တာကြောင့် ကိုယ့်တဦးတယောက်ထဲကိုပဲ ထိခိုက်တဲ့ အပြောအဆို၊အမူအယာမျိုးဆိုရင်တောင် သည်းခံပီး သဘောထားကြီးပေးကြပါ။ ငါ့ကို ဒီကောင်က ဒီလိုပြောရသလား၊ဒီလိုဝေဖန်ရသလားဆိုပီး ဖမ်းဆီးတာ၊ရိုက်နှက်တာဆိုတဲ့ကိစ္စရပ်တွေဟာ မိမိတို့အဖွဲ့အစည်းအတွက်တင်မက တော်လှန်ရေးအတွက်ပါထိခိုက်နိုင်တဲ့အတွက် မလုပ်ခင် ခေါင်းအေးအေးနဲ့စဥ်းစားပါ။ ကိုယ့်နယ်မြေမှာ တော်လှန်ရေးလုပ်နေတဲ့သူအချင်းချင်းကြား ပြေလည်အောင် မျက်နှာချင်းဆိုင် ဆွေးနွေးပါ၊အဖြေရှာပါ၊ညှိနှိုင်းပါ။အထက်ပုဂ္ဂိုလ်ဆိုတဲ့ လူစားမျိုးတွေကလည်း စာထုတ်တဲ့နေရာလောက်ပဲရကြတာ။တကယ်ပြဿနာတက်လာရင် ဘာမှမဖြေရှင်းနိုင်ပါဘူး။ကိုယ့်နယ်မြေထဲက ကိုယ့်အချင်းချင်းကြား အဆင်ပြေမှသာ တော်လှန်ရေးဟာ ရှေ့ရောက်မှာပါ။ တခါ ပြည်သူငြိုငြင်မယ့် ကိစ္စရပ်တိုင်းကို အတတ်နိုင်ဆုံး ရှောင်ပါ။ဒီကာလမှာ ပြည်သူမထောက်ခံတဲ့ပုဂ္ဂိုလ်၊အဖွဲ့အစည်းဟာ ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ပါ။ပြည်သူသာ အဓိကပါ။ ~ကိုအနန္တရေးသည်~ #infinitygroup
Mostrar todo...
12👍 8😁 1
ဒီမိုကရေစီစနစ်ကို အမှန်တကယ်သွားချင်ရင် ကိုယ်တိုင်က ကွမ်းသွေးကို တွေ့ကရနေရာမှာ မထွေးပါနဲ့။ထွေးခံတခုခုထဲထွေးပီး စနစ်တကျ စွန့်ပစ်ပါ။ #infinitygroup
Mostrar todo...
👍 17 2😁 1