cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

MPANews

နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။

نمایش بیشتر
پست‌های تبلیغاتی
19 254
مشترکین
+6124 ساعت
+5257 روز
+1 28630 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
ကုန်ဈေးနှုန်းတက်ခြင်းသည် လုပ်ငန်းရှင်များ၏လောဘကြောင့်ဟု စစ်ကောင်စီ အပြစ်ပုံချ ဖမ်းဆီးနေဟုဆို 1 July 2024 By Ra Wai / MPA ကုန်ဈေးနှုန်း မြင့်တက်နေခြင်းသည် စစ်ကောင်စီတွင် တာဝန်မရှိဘဲ လုပ်ငန်းရှင်တို့၏ လောဘကြောင့်ဟု အပြစ်ပုံချကာ ဖမ်းဆီးနေကြောင်း ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးကပြောသည်။ နာမည်ကြီးဈေးဝယ်စင်တာများမှ တာဝန်ရှိသူများနှင့် ဆန်ကုန်သည်အချို့ကို ဈေးကွက်ဈေးနှုန်းထက် ပိုမို၍ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချနေသည်ဟုဆိုကာ အရေးယူသွားမည်ဟု စစ် ကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုသည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2yynf7ey Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
نمایش همه...
🔥 4👍 2
Photo unavailableShow in Telegram
စစ်ကိုခေါ်သော စစ်တပ် ရှမ်းမြောက်တွင် အစဉ်အလာမပျက် အသက်ငင် 1 July 2024 By MPA Editorial တအောင်းတပ်မတော် TNLA နှင့်ပူးပေါင်းတပ်တို့၏ သေနတ်ပြောင်းဝမှ ကျည်စတင်ထွက်ရှိသည်နှင့် တစ်ပြိုင်နက် မြို့သိမ်းတိုက်ပွဲများကို ရဲဝံ့စွာ ဆင်နွှဲလိုက်ခြင်းမှာ ၁၀၂၇စစ်ဆင်ရေး၏ ယုံကြည်စိတ်ကြီးမှုနှင့် အောင်စိတ်ကို ဖော်ပြနေပေသည်။ စစ်ကောင်စီတပ်က တရုတ်ဆေးမြီးတို ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ဖောက်ဖျက် ရန်စ တိုက်ခိုက်နေမှုအပေါ် ဇွန်၂၅ရက်တွင် TNLAပူးပေါင်းတပ်က သေနတ်ကိုသေနတ်ချင်း ဆိုင်ကာ ၁၀၂၇စစ်ဆင် ရေး ၊ဒုတိယအကျော့အား စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/3hvj57at Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
نمایش همه...
15👍 12
Photo unavailableShow in Telegram
မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ တက်လာသဖြင့် ပြည်သူအချို့ အရေးပေါ်ရွှေ့ပြောင်းနေရ 1 July 2024 By Nway / MPA ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာသဖြင့် ကမ်းနားနှင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ နေထိုင်နေသူတို့ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ဇွန်လ ၃၀ရက်၊ ညနေ ခြောက်နာရီ တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာကို ကျော်လွန်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yc6aw6cv Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
نمایش همه...
😢 10👍 2🔥 1
MPA ညပိုင်းသတင်း ( ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်) - စစ်တပ်ပစ်ခတ်မှုကြောင့် ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့များရှိ ဒေသခံ ၂၀ ကျော်သေဆုံး - ဟိုင်ဂင်သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်ခဲ့ခြင်းကြောင့် ရှမ်းမြောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် - ဒေါနတောင်ပေါ်လမ်းကို အတက်၊ အဆင်းရက် သေချာသတ်မှတ်ကြေညာပေးသင့်ဟုဆို - မိုးရွာသွန်းမှုများကြောင့် ကောလင်းမြို့ရှောင်လမ်း အသုံးပြု၍မရခြင်းကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေ Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/QBF1JpbQKBc
نمایش همه...
MPA ညပိုင်းသတင်း ( ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

MPA ညပိုင်းသတင်း ( ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်) - စစ်တပ်ပစ်ခတ်မှုကြောင့် ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့များရှိ ဒေသခံ ၂၀ ကျော်သေဆုံး - ဟိုင်ဂင်သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်ခဲ့ခြင်းကြောင့် ရှမ်းမြောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် - ဒေါနတောင်ပေါ်လမ်းကို အတက်၊ အဆင်းရက် သေချာသတ်မှတ်ကြေညာပေးသင့်ဟုဆို - မိုးရွာသွန်းမှုများကြောင့် ကောလင်းမြို့ရှောင်လမ်း အသုံးပြု၍မရခြင်းကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေ

نمایش همه...

🔥 9😢 3
ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ် စာရင်းဝင်နေသည့် စာဝါကျားငှက်ကို ထိန်းသိမ်းရန် လိုအပ်နေ 30 June 2024 By Sayar Ngaat / MPA မြန်မာနိုင်ငံကို ဆောင်းခိုရန်လာရောက်ကြသည့် စာဝါကျားငှက်များသည် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ် စာရင်းဝင်နေသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လျှက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။ စာဝါကျားငှက်သည် စာကလေးမျိုးနွယ်ဝင်ငှက်တစ်မျိုးဖြစ်ပြီး အာရှတိုက်အရှေ့မြောက်ခြမ်းနှင့် ဥရောပတိုက် အရှေ့ဘက်ခြမ်းများမှ ဆောင်းရာသီရောက်သည့်အခါ မြန်မာနိုင်ငံအပါအဝင် အာရှတိုက် တောင်ပိုင်းနိုင်ငံများသို့ အုပ်စုလိုက်ပြောင်းရွှေ့ ဆောင်းခိုလေ့ရှိကြသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/0lfjh Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
نمایش همه...
👍 19 6🔥 1
Photo unavailableShow in Telegram
ကောလင်းမြို့ မြို့ရှောင်လမ်းသည် မိုးရွာသွန်းမှုကြောင့် အသုံးပြုမရဖြစ်နေသဖြင့် ပြည်သူများ အခက်အခဲဖြစ်ပေါ်နေ 30 June 2024 By Mandy / MPA စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ အဓိကလမ်းမကြီးကို စစ်တပ်ကထိန်းချုပ်ထားသဖြင့် ပြည်သူများသည် မြို့ရှောင်လမ်းမှ ကုန်ပစ္စည်းသယ်ယူမှုများပြုလုပ်နေခြင်းဖြစ်ရာ၊ လက်ရှိ မိုးရာသီကာလတွင် အဆိုပါ မြို့ရှောင်လမ်းသည် ကားများသွားလာ၍ မရသဖြင့် ပြည်သူများအခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ကောလင်းမြို့နယ်၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဖြတ်၍ ကတ္တရာလမ်းဖောက်ထားခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလတွင် စစ်တပ်က မြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက် ယင်းလမ်းမကြီးအား အသုံးပြု၍မရတော့ဘဲ၊ ပြည်သူများသည် ကောလင်းမြို့ကို ရှောင်ကွင်းသွားနိုင်သည့် အင်းထဲမှ ဖြတ်သန်းသွားလာမှုများပြုလုပ်နေခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/4GNfP Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
نمایش همه...
🔥 9👍 6
ဒေါနတောင်ပေါ်လမ်းကို အတက်အဆင်းရက် သေချာသတ်မှတ်ကြေညာပေးသင့်ဟုဆို 30 June 2024 By MPA Bywar Oo ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်လမ်းဟောင်းကို အသုံးပြုသွားလာနေသည့် ယာဉ်မောင်းနဲ့ ခရီးသည်များအတွက် တောင်တက်လမ်းက် အတက်ရက်နှင့် အဆင်းရက် သေချာစွာသတ်မှတ်ပေးထားသင့်ကြောင်း ယာဉ်မောင်းများကပြောပါတယ်။ မြဝတီမှ ပြန်ဆင်းလာသည့် ကားများအနေဖြင့် ကရင်ပြည်နယ်၊ ဒေါ်နတောင်ပေါ်လမ်းဟောင်းကနေ ကော့ကရိတ်မြို့တွင်းသို့ ဖြတ်သန်းသွား၍ ရသော်လည်း အတက်ကားတွေကိုတော့ သွားခွင့်မပေးသေးကြောင်း အဲ့ဒီလမ်းကိုအသုံးပြုသွားလာနေသည့် ယာဉ်မောင်းအချို့ထံက သိရသည်။ Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/NHg-uHM-Y8E
نمایش همه...
ဒေါနတောင်ပေါ်လမ်းကို အတက်အဆင်းရက် သေချာသတ်မှတ်ကြေညာပေးသင့်ဟုဆို

ဒေါနတောင်ပေါ်လမ်းကို အတက်အဆင်းရက် သေချာသတ်မှတ်ကြေညာပေးသင့်ဟုဆို 30 June 2024 By MPA Bywar Oo ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်လမ်းဟောင်းကို အသုံးပြုသွားလာနေသည့် ယာဉ်မောင်းနဲ့ ခရီးသည်များအတွက် တောင်တက်လမ်းက် အတက်ရက်နှင့် အဆင်းရက် သေချာစွာသတ်မှတ်ပေးထားသင့်ကြောင်း ယာဉ်မောင်းများကပြောပါတယ်။ မြဝတီမှ ပြန်ဆင်းလာသည့် ကားများအနေဖြင့် ကရင်ပြည်နယ်၊ ဒေါ်နတောင်ပေါ်လမ်းဟောင်းကနေ ကော့ကရိတ်မြို့တွင်းသို့ ဖြတ်သန်းသွား၍ ရသော်လည်း အတက်ကားတွေကိုတော့ သွားခွင့်မပေးသေးကြောင်း အဲ့ဒီလမ်းကိုအသုံးပြုသွားလာနေသည့် ယာဉ်မောင်းအချို့ထံက သိရသည်။

👍 18🔥 1
Photo unavailableShow in Telegram
ဟိုင်ဂင်သဘောတူညီချက်ကို စစ်တပ် ချိုးဖောက်ခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဟု MNDAA ဆို 30 June 2024 By Poe Sangle / MPA စစ်ကောင်စီတပ်သည် အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း MNDAA က ထုတ်ပြန်လိုက်သည်။ ဇွန်လ၂၉ရက်၊နံနက်ရှစ်နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မြောက်ဘက်၊ နမ်ဖူးယိုင်ရှိMNDAA ကာကွယ်ရေး နယ်မြေကို စစ်ကောင်စီတပ်ရင်း ၅၇၉ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ MNDAAတပ်သား နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း MNDAA ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ The Kokang ၌ ထုတ်ပြန်ခဲ့ရာ၌ အထက်ပါအတိုင်း ဖော်ပြထား သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/sWEgP Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
نمایش همه...
👏 18👍 9 1🔥 1
စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ဆိုင်းဘုတ်ထောင် ဝါဒဖြန့်နေ 30 June 2024 By Than Lyan / MPA နိုင်ငံတဝှမ်း တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများ၏ လူမှုစီပွားရေး အထွေထွေကြပ်တည်းနေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ဆိုင်းဘုတ်ထောင်ဝါဒဖြန့်ချီလျှက်ရှိသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတဝှမ်းလုံးတွင်စစ်ကောင်စီနှင့် တော်လှန်ရးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်နေပြီး ပြည်သူ လူမှထုမှာ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မဖြစ်နိုင်ကြောင်း ပြည်သူအများကပြောဆိုကြသည်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။ ၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဦးသိန်းစိန် အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။ #Photo #Census #MPA #Myanmar
نمایش همه...
🔥 11👍 5 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.