cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

ဆီသို့ - Towards

အာဏာရှင်တော်လှန်ရေးအတွက်မီဒီယာအခြေပြုလူထုလှုပ်ရှားမှု

نمایش بیشتر
پست‌های تبلیغاتی
6 819
مشترکین
+2124 ساعت
+1517 روز
+37930 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
❐ စစ်ကောင်စီက vpn အသုံးပြုမှုကို ပိုကန့်သတ်ပြီး myspaceဟုခေါ်သော လူမှုကွန်ရက်ကို အစားထိုးရန်ပြင်ဆင်။ ဇွန် ၄၊ ၂၀၂၄။ စစ်ကောင်စီက vpnများကို သုံး၍မရအောင် တင်းကြပ်လာနေပြီး facebookအစား myspaceခေါ် လူမှုကွန်ရက်တစ်ခုကို အစားထိုးရန် ပြင်ဆင်လာနေသည်။ အဆိုပါ myspace ခေါ် လူမှုကွန်ရက်သည် ယမန်နေ့ညပိုင်းအချိန်တွင် စတင်ပျံ့နှံ့လာခဲ့ပြီး စစ်ကောင်စီက facebookကို အစားထိုးနိုင်မည့် လူမှုကွန်ရက် Applicationတစ်ခုကို တရုတ်နည်းပညာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။ စစ်ကောင်စီက my space applicationကို VPN များ လုံး၀ ပိတ်ပင်နိုင်ချိန်တွင် အသုံးပြုမိတ်ဆက်မည်ဖြစ်ကြောင်း ခေတ်သစ်သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပြီး လက်ရှိတွင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ၏ ကြိုးပမ်းမှုကြောင့် အဆိုပါ applicationကို တင်ထားသည့် APP Store၊ Play Store platformများတွင် ဖြုတ်ချနိုင်လိုက်ပြီဖြစ်သည်။
نمایش همه...
🤣 3
ရွှေလုပ်ငန်းရှင်များနှင့် ငွေလဲလုပ်ငန်းရှင်များကို ဖမ်းဝရမ်းထုတ်ပြီးသည့်နောက် ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများအား ရောင်းချနေသူများကိုပါ ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း။ ဖမ်းဆီးထားသူများနှင့် ဖမ်းဝရမ်းထုတ်ခံရသူများတွင် စစ်တပ်နှင့် ဆက်စပ်သူများ မပါဝင်။ ဇွန် ၃၊ ၂၀၂၄။ အကယ်ဒမီ၊ ဝိန့်စိန်၊ ဇွဲထက်နှင့် အောင်သမာဓိစသည့် ရွှေဆိုင်များမှ လုပ်ငန်းရှင်များအပါအဝင် ပွဲစားများကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ကာ လိုက်လံဖမ်းဆီးလျက်ရှိပြီး ယနေ့တွင်လည်း ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား လူမှုကွန်ရက်များမှတဆင့် ရောင်းချနေသူများကို ဖမ်းဆီးရန် စစ်ကောင်စီက ကြိုးပမ်းလာနေသည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ Min Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းအား ဟွန်ဒီလုပ်ငန်းမှတဆင့် တရားမဝင် ငွေကြေးများလွှဲပြောင်းခဲ့သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ အထွေထွေမန်နေဂျာဖြစ်သူ ဦးမင်းသူကျော်အား ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် >>> https://www.facebook.com/share/p/iFkRTfxcsQ2dnZNY/?mibextid=oFDknk
نمایش همه...
🤣 9🔥 2🤬 1
Photo unavailableShow in Telegram
❐ စစ်ကောင်စီက ငွေများကို အဆမတန်ရိုက်ထုတ်နေခြင်းသည် စီးပွားပျက်ကပ်ဖြစ်ရခြင်းအကြောင်းအရင်းဟု ဒေါက်တာရှောင်တာနယ်ဆို။ စစ်ကောင်စီက စီးပွားရေးကျဆင်းမှုအတွက် လုပ်ငန်းရှင်များကို အပြစ်ဖို့ကာ လိုက်ဖမ်းနေ။
ဇွန် ၃၊ ၂၀၂၄။ အာဏာသိမ်းပြီးနောက် (၃) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ငွေကြေးအဆမတန်ရိုက်ထုတ်မှုကြောင့် လက်ရှိ စီးပွားရေးပျက်ကပ်ဖြစ်‌နေရခြင်းဟု စီးပွားရေးပညာရှင် ဒေါက်တာရှောင်တာနယ်က ယနေ့ ဇွန်လ (၃) ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယနေ့ ဇွန်လ (၃) ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင်လက်ထက် စီးပွားရေးအကြောင်း သတင်စာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး၊ ဩစတြေးလျနိုင်ငံသား ဒေါက်တာရှောင်တာနယ်နှင့် အမျိုးသားညီညွတ်ရေးအစိုးက (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ See more...
نمایش همه...
👍 6
❐ ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကိုပါ ဖမ်းဝရမ်းထုတ်ပြန်ပြီ။
ဇွန် ၃၊ ၂၀၂၄။ ယမန်နေ့ ဇွန်လ ၂ ရက်နေ့က ရွှေလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်နှင့် ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးကာ နာမည်ကြီးရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဝရမ်းထုတ်ပြီးနောက် ယနေ့ ဇွန်လ ၃ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံခြားငွေလဲ လုပ်ကိုင်သူများကိုလည်း ဖမ်းဝရမ်းထုတ် စစ်ဆေးမှုများပြုလုပ်‌နေလျက်ရှိသည်။ လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသူများ၊ တရားမဝင်နိုင်ငံခြားငွေအရောင်းအဝယ်ပြုသူများဟုဆိုကာ လုပ်ငန်းရှင် (၁၄) ဦးအား ဖမ်းဆီးစစ်ဆေးနေကာ နောက်ထပ် (၁၁) ဦးကို တိမ်းရှောင်နေသည့်ဟုဆိုကာ ဝရမ်းထုတ်ရှာဖွေနေခြင်းဖြစ်သည်။ See more...
نمایش همه...
👍 4🤣 2
❐ Photo News: မေလအတွင်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများ၊ စစ်ရှောင်စခန်းများသို့ ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့ လှည့်လည်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သည့် မှတ်တမ်းပုံရိပ်များကို ထုတ်ပြန်။
ဇွန် ၃၊ ၂၀၂၄။ သတင်းဓာတ်ပုံ - တကသများ (ရန်ကုန်) #တကသများရန်ကုန် #ကျောင်းသားလက်ရုံးတပ်တော် #စစ်ကိုင်းတိုင်း #ဘုတလင် #ယင်းမာပင် #ဆီသို့ #Towards
نمایش همه...
👍 1
Photo unavailableShow in Telegram
❐ ပေါက်တောနှင့် ပုဏ္ဏားကျွန်းရှိ လူနေရွာများပေါ်သို့ စစ်ကောင်စီက Y-12 လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲချ။
ဇွန် ၃၊ ၂၀၂၄။ စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့ရှိ သဲခုံကျေးရွာနှင့် ကြိမ်ခွေမော်ကျေးရွာတို့အားလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအားလည်းကောင်း လေကြောင်းမှ ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။ ဇွန်လ (၁) ရက်နေ့ နံနက် (၉) နာရီ နှင့် (၉) နာရီ (၄၅) မိနစ်ကြားတွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာနှင့် ကြိမ်ခွေမော်‌‌ကျေးရွာအားလည်းကောင်း၊ နံနက် (၁၀) နာရီ (၂၄) မိနစ်အချိန်၌ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအားလည်းကောင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် Y-12 လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ See more...
نمایش همه...
🤬 4
❐ စစ်တွေမြို့ ဗျိုင်းဖြူရွာမှ စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအပေါ်ကန့်ကွက်ရှုတ်ချကြောင်း AA ထုတ်ပြန်။
ဇွန် ၃၊ ၂၀၂၄။ ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သားပြည်သူလူထုများအပေါ် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများအား ကန့်ကွက်ရှုတ်ချကြောင်း အာရက္ခတပ်တော် AA က သတိပေးထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် AA သည် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို ပြင်းထန်စွာရှုတ်ချပြီး ၄င်းလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် နောက်ထပ်အလားတူအဖြစ်မျိုးမဖြစ်ရန် ပြင်းထန်စွာ သတိပေးကြောင်း၊ ယခု ဗျိုင်းဖြူကျေးရွာဖြစ်စဥ်တွင် ပါဝင်ပတ်သက်ခဲ့သူအားလုံးကို ပြင်းထန်စွာ လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။ See more...
نمایش همه...
👍 5 2
Photo unavailableShow in Telegram
❐ မင်းကင်းမြို့တွင် မင်္ဂလာပွဲတခုအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ အရပ်သားများ သေဆုံး။
ဇွန် ၃၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာတွင် ပြုလုပ်နေသည့် မင်္ဂလာဆောင်ပွဲတခု‌ပေါ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲချခဲ့သဖြင့် အရပ်သားများ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ ၃ ရက် နံနက် ၈ နာရီဝန်းကျင်တွင် မင်းကင်းမြို့၌ မင်္ဂလာဆောင် ဘိသိတ်သွန်းနေစဉ် မကွေးမှ တက်လာ‌သော ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဆောင်တက်ရောက်သူပြည်သူ စုစုပေါင်းဦးရေ ၂၀ ကျော် ၃၀ ဝန်းကျင်သေဆုံးခဲ့ကြောင်း သိရသည်။ See more...
نمایش همه...
😢 8🤬 5👍 2🥰 1
❐ ဗျိုင်းဖြူရွာမှ အရပ်သားပြည်သူ ၄၀ ကျော်အား စစ်ကောင်စီတပ် နှင့် ALP ၏တပ်တို့ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်တို့ သဘောထား ကြေညာချက်ထုတ်ပြန်။
ဇွန် ၂၊ ၂၀၂၄။ ဗျိုင်းဖြူရွာမှ အရပ်သားပြည်သူ ၄၀ ကျော်အား စစ်ကောင်စီတပ် နှင့် ALP ၏တပ်တို့ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်တို့ သဘောထား ထုတ်ပြန်ခဲ့ပြီး ထိုကဲ့သို့ လူသားမျိုးနွယ်အပေါ်ကျူးလွန် နေသည့် စစ်ရာဇဝတ်မှုများအား တရားမျှတမှုဖော်ဆောင်နိုင်ရေး အတွက် တော်လှန်ရေးအင်အားစုအသီးသီးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ See more...
نمایش همه...
👍 6
Photo unavailableShow in Telegram
❐ ရခိုင်အမျိုးသားပါတီ လူငယ်အဖွဲ့ဝင်နှင့် ရခိုင်လူငယ်လေးဦးကို စစ်ကောင်စီဖမ်းဆီး။
ဇွန် ၂၊ ၂၀၂၄။ ရခိုင်အမျိုးသားပါတီ (ANP) အဖွဲ့ဝင် လူငယ်ခေါင်းဆောင်တဦးဖြစ်သည့် ကိုခင်မောင်ဝင်း (ခ) ဂန်ဘာရီ အပါအဝင် ရခိုင်လူငယ် ၄ ဦးကို စစ်ကောင်စီက မေ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးရခြင်းအကြောင်းအရင်းကို မသိရှိရပဲ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း နီးစပ်သူများက ဆိုသည်။ See more...
نمایش همه...
😢 12👍 3 1