fa
Feedback
The La Pyae

The La Pyae

رفتن به کانال در Telegram

Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com

نمایش بیشتر

📈 تحلیل کانال تلگرام The La Pyae

کانال The La Pyae (@thelapyae_official) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 29 175 مشترک است و جایگاه 4 451 را در دسته فناوری و برنامه‌ها و رتبه 5 007 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 29 175 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 06 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -285 و در ۲۴ ساعت گذشته برابر -11 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 10.83% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.55% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 3 161 بازدید دریافت می‌کند. در اولین روز معمولاً 1 619 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 110 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 07 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته فناوری و برنامه‌ها تبدیل کرده‌اند.

29 175
مشترکین
-1124 ساعت
-837 روز
-28530 روز
آرشیو پست ها
တစ်ခါတစ်လေတော့လဲ Coffee က မချမ်းသာတဲ့သူတွေ အတွက်လို့ပြောရမယ်ထင်တယ် တကယ်ချမ်းသာတဲ့သူတွေက အိပ်ချင်ရင် အလုပ်တွေချထားပြီး အိပ်လိုက်လို့ရတယ် ကျနော်တို့လို ဘဝသမားတွေပဲ အိပ်ချင်တာကိုမအိပ်အောင်အတင်း ကိုယ့်ကိုယ်ကို coffee နဲ့ နှိုးဆော်နေရတာ 😁😁😁 @thelapyae

လူတွေမှာ အကြိုက် အကျင့် အကြည့် ကွာရင် ကြိုးစားတာချင်းတူတောင် Result တွေကကွာသွားတယ် ကြိုးစားမှုတစ်ခုတည်းနဲ့ ဘယ်တုန်းကမှ မလုံလောက်ဘူး ကြိုးစားရင်းနဲ့ တွေ့ရှိလာတဲ့ အမှန်တရားအသစ်တွေ အချက်အလက်တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ အကြိုက် ကိုယ့်ရဲ့အကျင့် လောကကိုမြင်တဲ့ အကြည့်ဆိုတာ ပြောင်းလဲနိုင်ရတယ် ဥပမာ - weight ချချင်တယ် လေ့ကျင့်ခန်းကြိုးစားလုပ်တယ် ကြိုက်တာက healthy မဖြစ်တာတွေ စားပြီးတန်းအိပ်တဲ့ အကျင့်ဆိုးတွေ လေ့ကျင့်ခန်းဆိုတာ နှိပ်စက်မှုလို့ မြင်နေသ၍ ဘယ်တော့မှ Result ကောင်းမရနိုင်ဘူး @thelapyae

https://gears.thelapyae.com ခဏခဏ မေးခံရလို့ သုံးသမျှ gears တွေကို တစ်နေရာတည်း စုပေးထားလိုက်ပါတယ် 🫰🏻 ChatGPT ရဲ့ site နဲ့ Build လုပ်ပြီး Cloudflare plugin နဲ့ Custom domain ပြန်ထည့် ထားတာပဲဖြစ်ပါတယ် Done everything with chatgpt on iphone 13 pro @thelapyae

ရွေးချယ်မှုလုပ်နေရတာကိုက ဘဝပဲ အိပ်ရာက ထမယ် မထသေးဘူး မျက်နှာသစ်ပြီးရေချိုးမယ် မချိုးဘူး Healthy ဖြစ်တာစားမယ် မစားဘူး လေ့ကျင့်ခန်းလုပ်မယ် မလုပ်ဘူး စာဖတ်မယ် မဖတ်ဘူး ဒါတွေအားလုံးက ရွေးချယ်မှု သေးသေးလေးတွေပဲဗျ အဲ့ရွေးချယ်မှုတွေက တစ်ခါနှစ်ခါဆို အကြောင်းမဟုတ်ပေမယ့် မှားတဲ့ ရွေးချယ်မှုကို အကြိမ်အများကြီး လုပ်မိလာတဲ့အခါ လူမှန် နဲ့ လူမှား ကွာသွားတာပါပဲ @thelapyae

Talk2Notion အတွက် tester link များပို့ထားပါတယ် Lifetime account ရှိပြီးတော့ android သုံးနေသူများ ကျနော်စီမှာ beta tester အနေနဲ့ ပါဝင်ဖို့ email လာပေးနိုင်ပါတယ် so excited to lunch soon @thelapyae

အိပ်ရေးဝလားဆိုတာကို App ထဲသွားကြည့်ပြီးမှ အော် ငါအိပ်ရေးဝတယ်လို့သိရင် အဲ့ဒါ ပိန်းတာလား ခေတ်မှီတာလား ဟင် ? 😁 @thelapyae

အာရုံမနောက်တဲ့ setup လုပ်စရာမလိုတဲ့ Agent တစ်ကောင်လိုချင်ရင် Poke က တော်တော်အဆင်ပြေတယ် Daily usage limit လဲမဆိုးဘူး ကျနော်ကတေ
အာရုံမနောက်တဲ့ setup လုပ်စရာမလိုတဲ့ Agent တစ်ကောင်လိုချင်ရင် Poke က တော်တော်အဆင်ပြေတယ် Daily usage limit လဲမဆိုးဘူး ကျနော်ကတော့ iMessage ထဲကနေသုံးတယ် Vercel နဲ့ GitHub ကိုချိတ်လိုက်ရင် iMessage ထဲကနေပဲ Feature အသစ်တစ်ခုထည့်တာ Bug fix လုပ်တာကို သွားလာရင်း PR ( pull request ) လုပ်ပြီး Fix လိုက် preview မှာ test လုပ်လိုက် အဆင်ပြေပြီဆိုရင် production ကို promote လုပ်ခိုင်းလိုက်စတာတွေ အေးဆေးလုပ်လို့ရတယ် အထူးသဖြင့် codex က limit ပြည့်တဲ့ အချိန်တွေမှာ ကယ်ဆယ်ရေးအနေနဲ့ သုံးလို့ရတယ် Email စစ်တာ calendar ထဲမှာ event တွေထည့်တာ Research လုပ်ပြီး report လုပ်ခိုင်းတာလဲ အေးဆေးလုပ်လို့ရတယ် Free သုံးလို့ရတော့ ဒါလေးက တော်တော်အဆင်ပြေတယ် စမ်းကြည့်ကြည့်ပါ Android သမားတွေကတော့ Telegram ကနေသုံးလို့ရပါလိမ့်မယ် @thelapyae

ကိုယ့်ကိုယ်ကို သုံးသပ်ဖို့ အချိန်မပေးတဲ့အခါ သူများရဲ့သုံးသပ်ချက်တွေပေါ်ကိုပဲ အားထားမှီခိုရတဲ့သူဖြစ်လာမယ် ဒီအခါ အကောင်းပြောခံရရင်တော့ ပျော်နိုင်ပေမယ့် မကောင်းပြောခံရရင်တော့ အနာပေါ် ဆားဖြူးသလိုဖြစ်လိမ့်မယ် ကိုယ့်အကြောင်းကိုယ်သေချာသိသွားရင် မမှန်တာမဟုတ်တာမကောင်းတာပြောလဲ မတုန်လှုပ်သူဖြစ်လာပါလိမ့်မယ် Give time to analyze yourself @thelapyae

ChatGPT တူတူသုံးနေတာတောင် ဘာလို့ အဖြေတွေမတူတာလဲ Model က တူနိုင်တယ် ဒါပေမယ့် Context မတူဘူး ကိုယ်ဘာတွေပြောခဲ့လဲ ဘာတွေခိုင်းခဲ့လဲ ဘယ်လိုအဖြေကို ကြိုက်လဲ ဘာကိုမကြိုက်ဘူးလဲ ဒီအရာတွေ ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အဖြေက တဖြည်းဖြည်းကွာလာတယ် ပင်မဦးနှောက်က တူတူနီးပါးဖြစ်နေပေမယ့် ထည့်ပေးထားတဲ့ Context နဲ့ Prompt က မတူတော့ ထွက်လာတဲ့ Result က မတူတော့ဘူး အဲ့ဒါကိုကြည့်ရင်း ကျနော်တို့လူတွေကိုပါ စဉ်းစားမိတယ် ဦးနှောက်တည်ဆောက်ပုံတွေ အများကြီးတူတယ် ဒါပေမယ့် မွေးလာတဲ့မိသားစု ကြုံခဲ့ရတဲ့အတွေ့အကြုံ သင်ယူခဲ့တာ ယုံကြည်ထားတာ ပတ်ဝန်းကျင်ကပေးတဲ့ Prompt တွေ မတူတော့ ဘဝတွေကလည်း မတူလာတယ် ဒီလိုသာဆိုရင် ကျနော်တို့တစ်ယောက်ချင်းစီက မတူတဲ့ Context ထဲကနေ Run နေတဲ့ Simulation ထဲက agent တွေပဲလား? ပြီးတော့ တစ်နေရာရာမှာ “All is one” ဆိုတဲ့ Collective Mind ကြီးတစ်ခု ရှိနေနိုင်မလား ? သက်သေပြလို့မရတဲ့အတွေးပဲ ဒါပေမယ့် စဉ်းစားလို့တော့ ကောင်းတယ် တစ်ခါတလေ လူတွေမတူတာက ဦးနှောက်မတူလို့ မဟုတ်ဘူး သူတို့ဘဝက သူတို့ကို ပေးထားတဲ့ Context နဲ့ Prompt မတူလို့လည်း ဖြစ်နိုင်တယ် — @thelapyae

Talk2notion lifetime ဝယ်ယူထားသူများထဲမှ Android Tester များအလိုရှိသည် https://t.me/talk2notion/153

ငယ်တုန်းမှာဘယ်အရာတွေကို အရေးပေးသလဲပေါ်မူတည်ပြီး ဘဝတွေကကွာသွားတယ် ပျော်ရွှင်မှုကို ဦးစားပေးရင် အကျိုးဆက်အနေနဲ့ ပင်ပန်းမှုကိုခံရမယ် ကြိုးစားမှုကိုဦးစားပေးရင် ရလဒ်တွေကိုအနေနဲ့ သက်သာတဲ့ဘဝကိုရမယ် စောစောအပင်ပန်းခံမလား နောက်ကျပြီးအပင်ပန်းခံမလား ရွေးရတဲ့ game ပါပဲ @thelapyae

Tech လောကမှာနေတာကြာပြီး ငါသိတာတွေလူတိုင်းသိနေပါပြီ ငါလုပ်တာတွေ လူတိုင်းလုပ်တတ်နေပါပြီ ဒါနဲ့ ပိုက်ဆံရှာလို့မရလောက်တော့ဘူးလို့ တွေးမိတိုင်း ရပ်ကွက်ထဲက "Gmail , facebook , tiktok account ရာသက်ပန်အာမခံ ၅၀၀၀ ကျပ်" ဆိုတဲ့ သူကိုပဲသတိရလိုက်တယ် 😁 သူတောင်ခုထိအလုပ်ဖြစ်တုန်း @thelapyae

ငွေကြေးအဆင်ပြေလာပြီး ချမ်းသာလာတော့မယ်ဆိုရင် အရင်ဆုံးပြတဲ့ sign က အပြုံးတွေက လင်းလက်လာပြီး ဗိုက်ကလေးကပူလာတာပဲ 😜 @thelapyae

မသိတဲ့အရာတစ်ခုကို မတတ်သေးတဲ့သူတွေပေါင်းပြီး လုပ်နေတယ် ပြီးတော့မလုပ်တတ်တဲ့သူတွေက ဘေးကနေ ဝေဖန်နေတယ် ဒီလိုနဲ့တော့ တိုးတက်မှုရှိလာဖို့ခက်တယ် မသိရင် သိတဲ့သူဆီက သင်ရမယ် မတတ်ရင် တတ်တဲ့သူကို ခေါ်ရမယ် ဝေဖန်မယ်ဆိုရင်လည်း ကိုယ်တိုင်လုပ်ဖူးတဲ့ အတွေ့အကြုံပေါ်ကနေ ဝေဖန်နိုင်ရင် ပိုတန်ဖိုးရှိတယ် လူအများကြီးရှိတာထက် လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့လူရှိတာက ပိုအရေးကြီးတယ် မသိတာကို လူများများပေါင်းလိုက်လို့ သိလာတာမဟုတ်ဘူး — @thelapyae

အမြဲတမ်းတွေးနေတဲ့သူအတွက် ခေါင်းထဲမှာ အတွေးတွေနဲ့ ပြည့်နေတဲ့ အခါ တကယ့်လောကနဲ့ အဆက်အသွယ်ပျက်သွားပြီး စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲနေချင်တော့တယ် ဒီအခါ အပြင်လောကကြီးက ကိုယ့်အတွက်ငရဲ ဖြစ်လာလိမ့်မယ် @thelapyae

ငယ်တုန်းကတော့ ကိုယ့်အတွက် မိန်းမရှာတယ် ဒီတော့ရုပ်တွေ ခန္ဓာကိုယ်တွေ စကားသံတွေ ပြင်ဆင်တာတွေကိုပိုကြည့်တယ် ကြီးလာတော့ ကိုယ့်ရလာမယ့် ကလေးတွေအတွက် အမေရှာတယ် စိတ်နေစိတ်ထား မိဘနဲ့ relationship မိသားစုအပေါ်ထားတဲ့စိတ် စီမံခန့်ခွဲနိုင်စွမ်း စတာတွေကို ပိုကြည့်ဖြစ်တယ် That’s how your grow you Boy to man @thelapyae

"မီးခလုတ် ဘယ်သူဖွင့်ပြီးတော့ ပြန်မပိတ်တာလဲ!!!"လို့ မိဘတွေဆူခဲ့တာက ကိုယ်တိုင် မီတာဘေလ်ဆောင်ရမှ နားလည်သွားတာမျိုး တချို့အရာတွေက ဆူခံနေရတဲ့အချိန်မှာ ဒါလေးများဘာဖြစ်လဲ လို့တွေးနိုင်ပေမယ့် ကိုယ်တိုင်နေရာရောက်မှ နားလည်လိမ့်မယ် 😁 @thelapyae

ချမ်းသာတယ်ဆိုတာကို မြင်တဲ့ပုံ က အရွယ်အလိုက်ပြောင်းလာတယ် ပိုက်ဆံဘယ်လောက်ရှိလဲ ဘာတွေပိုင်လဲဆိုတာတင် မဟုတ်တော့ဘူး ကိုယ့်ကလေးတွေနဲ့ အချိန်ပေးနိုင်သေးတာ မိဘတွေနဲ့ စကားပြောနိုင်သေးတာ ကိုယ်ချစ်တဲ့သူနဲ့ ဘဝရဲ့ အတက်အကျတွေကို အတူဖြတ်သန်းနေရတာ ပြီးတော့ တစ်ယောက်တည်းနေရတဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကို သဘောကျပြီး အေးအေးဆေးဆေး နေနိုင်တာ အသက်ကြီးလာလေလေ ဒီအရာတွေက ပိုတန်ဖိုးကြီးလာလေလေ ပိုက်ဆံက အရေးကြီးတယ် ဒါပေမယ့် ပိုက်ဆံရှာရတဲ့ အကြောင်းရင်းကလည်း နောက်ဆုံးတော့ ဒီလိုအရာတွေအတွက်ပဲ ဖြစ်နေတတ်တယ် အခုကျနော့်အတွက် တကယ်ချမ်းသာတာက ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ရှိပြီး ကိုယ့်ကိုယ်ကိုလည်း သဘောကျနေဖို့လိုတယ်လို့မြင်တယ် မိတ်ဆွေတို့ရဲ့ ချမ်းသာမှုဆိုတာကရော ? — @thelapyae

ကိုယ်ထက်သာနေတဲ့သူတွေက ကိုယ့်ကို မုန်းနေဖို့ သိပ်အချိန်မရှိဘူး သူတို့မှာ သူတို့သွားချင်တဲ့နေရာရှိတယ် လုပ်စရာရှိတာတွေရှိတယ် ကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်နေရတာနဲ့ပဲ အလုပ်များနေတယ် ကိုယ်တိုးတက်လာတာမြင်ရင်တောင် ပြိုင်ဘက်တစ်ယောက်လိုထက် တိုးတက်လာတဲ့သူတစ်ယောက်လိုပဲ မြင်တတ်တယ် ဒါဆို ကိုယ်ကောင်းလာတာကို မကြိုက်တဲ့သူတွေ ကိုယ်ကျသွားတာကို ဝမ်းသာတဲ့သူတွေက ဘယ်သူတွေလဲ? သိတယ်ဟုတ် ? 😁 — @thelapyae

Middle Class တွေမှာ Emergency Fund မရှိတာများတယ် ရှိတာက 🟡 မရောင်းချင်တဲ့ ရွှေလေးတွေ 🟡 အရေးပေါ်ရင် ချေးလို့ရမယ်ထင်တဲ့ ဆွေမျိုးတွေ 🟡 လိုရင် Credit Card ရှိတယ်ဆိုတဲ့စိတ် ပြီးတော့ “ဖြစ်လာမှ ကြည့်လုပ်တာပေါ့” ဆိုတဲ့ Confidence 😁 ပြဿနာမဖြစ်သေးတဲ့အချိန်မှာတော့ အားလုံးအဆင်ပြေတယ် အလုပ်ပြုတ်တာ ဆေးရုံတက်ရတာ Business အဆင်မပြေတာလိုမျိုး တစ်ခုခုဖြစ်လာမှ ပြဿနာကိုကြည့်လုပ်မယ်ဆိုတာက တကယ်တော့မကောင်းဘူးဗျ ကိုယ်ပိုင်ဆိုင်တာရှိတာနဲ့ ချက်ချင်းသုံးလို့ရတဲ့ Cash ရှိတာ မတူဘူး ဆိုတာ သိဖို့လိုတယ် Emergency Fund ဆိုတာ Return ကောင်းဖို့ထားတဲ့ ပိုက်ဆံမဟုတ်ဘူး မထင်ထားတာတစ်ခု ဖြစ်လာတဲ့အခါ 🟡 မရောင်းချင်တာတွေ ရောင်းစရာမလိုအောင် 🟡 မတောင်းချင်တဲ့သူတွေဆီ ပိုက်ဆံတောင်းစရာမလိုအောင် ကိုယ့်ကို အချိန်ဝယ်ပေးထားတဲ့ ပိုက်ဆံ Financial Planning ရဲ့အစက ပိုက်ဆံပိုရှာဖို့တင်မဟုတ်ဘူး တစ်ခုခုဖြစ်ရင် မပြိုလဲအောင် ကြိုပြင်ထားဖို့လည်း ပါတယ် — @thelapyae