uk
Feedback
The La Pyae

The La Pyae

Відкрити в Telegram

Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com

Показати більше

📈 Аналітичний огляд Telegram-каналу The La Pyae

Канал The La Pyae (@thelapyae_official) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 30 138 підписників, посідаючи 4 555 місце в категорії Технології та додатки та 4 707 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 30 138 підписників.

За останніми даними від 11 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -158, а за останні 24 години на -5, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.67%. Протягом перших 24 годин після публікації контент зазвичай збирає 5.14% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 2 916 переглядів. Протягом першої доби публікація в середньому набирає 1 548 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 78.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com

Завдяки високій частоті оновлень (останні дані отримано 12 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Технології та додатки.

30 138
Підписники
-524 години
+127 днів
-15830 день
Архів дописів
တစ်ခါတစ်လေကောင်းမှုတစ်ခုက အဲ့ဒီနေရာမှာပဲ မပြီးသွားဘူး လူတစ်ယောက်ကို • အချိန်ပေးနားထောင်လိုက်တာ • စကားလေးကောင်းကောင်းပြောလိုက်တာ • အကူအညီသေးသေးလေးပေးလိုက်တာ ကိုယ့်အတွက်တော့ သေးသေးလေးပဲထင်ရတယ် ဒါပေမယ့် သူ့အတွက်တော့ အဲ့ဒီနေ့တစ်နေ့ကိုပြောင်းသွားစေနိုင်တယ် စိတ်ပင်ပန်းနေတဲ့သူကို kindness တစ်ခုရလိုက်ရင် သူလည်း နောက်တစ်ယောက်ကို နူးညံ့သွားတတ်တယ် အဲ့ဒီနူးညံ့မှုက နောက်ထပ်တစ်ယောက်ဆီကူးသွားတယ် ဒီလိုနဲ့ကောင်းမှုတစ်ခုက chain reaction လိုပဲ တဖြည်းဖြည်း ပျံ့သွားတတ်တယ် ပြဿနာက လူတွေက kindness ကို အကျိုးသက်ရောက်မှုသေးတယ်လို့ ထင်တတ်ကြတာ ဒါပေမယ့် လောကမှာ ပြောင်းလဲမှုအများကြီးက အဲ့ဒီလိုသေးသေးလေးက စတာ ကိုယ်ရဲ့ kindness တစ်ခုက ကိုယ်မသိတဲ့ လူတစ်ယောက်ရဲ့ story ကို လုံးဝပြောင်းသွားစေနိုင်တယ် ဒါကြောင့် စိတ်ကောင်းထားတာကို ဘယ်တော့မှ မလျှော့ပါနဲ့ ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်လိုက်တဲ့ kindess wave က ဘယ်လောက်ဝေးဝေးထိရောက်မလဲ မမြင်နိုင်ဘူး — @thelapyae

ငယ်ငယ်က ဆရာမတွေပြန်တွေ့ရင် ဝမ်းသာရပေမယ့် တစ်ဖက်မှာလဲ ဆယ်စုနှစ်တွေ ကြာသွားတာတောင် ဒီစာကိုပဲထပ်တလဲလဲ သင်ရတာ ရိုးအီမသွားဘူးလားလို့တွေးမိတယ် Creator လုပ်သူတွေလဲဒီတိုင်းပဲ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဒီအကြောင်းကိုပဲထပ်ခါထပ်ခါပြောနေရရင် ရိုးအီမသွားဘူးလား တွေးမိတယ် လူဆိုတာတိုးတက်ပြောင်းလဲလာတာပဲဆိုတော့ ကိုယ်သိလာတဲ့ အသစ်တွေကိုလဲ တိုးတက်လာတာတွေကိုလဲချပြသင့်တယ် ဒါမှလဲ audience အသစ် Opportunity အသစ်တွေရလာမယ်လို့ယုံတယ် ကိုယ့်ကိုယ်ကိုလဲ ပြန်မေးကြည့်ရမှာက ငါရော ရိုးအီတဲ့ အရာတွေပဲလုပ်နေတာလားလို့ 🤔🤔🤔 @thelapyae

တချို့လူတွေက ဘဝပြောင်းဖို့ အချိန်ကောင်းတစ်ခုကို စောင့်နေကြတယ် ပိုက်ဆံပိုရှိတဲ့အချိန် အချိန်ပိုလွတ်တဲ့အချိန် စိတ်ပိုတည်ငြိမ်တဲ့အချိန် ဒါပေမယ့် အမှန်က ဘဝကိုပြောင်းတာ perfect timing ကြောင့်မဟုတ်ဘူး imperfect timing ထဲမှာ စလုပ်လိုက်တာကြောင့် စလုပ်ဖို့ အရာအားလုံး ready ဖြစ်နေဖို့ မလိုဘူး Ready ဖြစ်လာတာက စလုပ်ပြီးနောက်မှ လေ့ကျင့်ခန်းလုပ်ဖို့ fit ဖြစ်ပြီးမှ မစဘူး စပြီးမှ fit ဖြစ်လာတာ Business လုပ်ဖို့ confidence ရပြီးမှ မစဘူး စပြီးမှ confidence တည်ဆောက်လာတာ Relationship ကောင်းဖို့ perfect ဖြစ်ပြီးမှ မဟုတ်ဘူး တဖြည်းဖြည်း သင်ယူရင်းကောင်းလာတာ လူအများစုက Ready ဖြစ်ဖို့စောင့်နေကြတယ် ဒါပေမယ့် တကယ်တိုးတက်သွားတဲ့သူတွေက Ready မဖြစ်သေးပေမယ့် စခဲ့တဲ့သူတွေ စဖို့ perfect moment မရှိဘူး ဒီနေ့ရှိတဲ့ version နဲ့ပဲ စလိုက် Progress က Perfection ထက် အမြဲတန်ဖိုးရှိတယ် — @thelapyae

လူတိုင်းကိုယ်သုံးဖို့ App ကိုယ်ရေးလာကြရင် App ရောင်းစားမယ်ဆိုတဲ့ Dream က အလုပ်မဖြစ်တော့ဘူး အများစုက ရောင်းတဲ့ App ကို Copy ကူးပြီး ကိုယ်တိုင်လုပ်သုံးကြမှာ ဒီတော့ သင်ထားတဲ့ ပညာကို ဘယ်နားမှာအသုံးချမလဲ ? ဆရာကြီးတွေကတော့ သင်တန်းပဲ လှိမ့်ဖွင့်ကြဦးမှာပေါ့ 😁 @thelapyae

Personal Development အတွက် Content တွေကို train ပြီး ဆရာနဲ့ ပြောလို့ရတဲ့ Chat Bot ဆောက်ပြီး subscription ရောင်းစားမယ့် အစားတော့ Ex နဲ့ မပြတ်နိုင်သေးသူတွေအတွက် Chat ထားသမျှ conversations တွေကို Ai နဲ့ train ပြီး Digital Clone ရောင်းစားရင်ပိုမြတ်နိုင်တယ် 3 လတစ်ခါလောက် ငါနဲနင်ပြတ်မယ်ပြောခိုင်းပြီး မပြတ်ချင်ရင် ဈေး ၂ ဆ ပေးခိုင်း 🤪 Same technology , Different profit 😎 @thelapyae

လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲစေတာက အသိပညာအသစ်တွေမဟုတ်ဘူး Motivation အသစ်တွေမဟုတ်ဘူး ကိုယ်လုပ်မယ်လို့ ကတိပေးထားတာကို တကယ်လုပ်လိုက်တာပဲ စာအုပ်ဖတ်မယ်ဆို ဖတ်လိုက်တယ် လေ့ကျင့်ခန်းလုပ်မယ်ဆို လုပ်လိုက်တယ် Content ရေးမယ်ဆို ရေးလိုက်တယ် ရိုးရှင်းတယ် ဒါပေမယ့် လူအများစုမလုပ်နိုင်တဲ့အရာ စိတ်ဝင်စားဖို့ကောင်းတာက Action တစ်ခုလုပ်လိုက်တဲ့အချိန်မှာ Result ကြီးကြီးမားမားမရသေးဘူး ဒါပေမယ့် Evidence ရတယ် “ငါလုပ်နိုင်သားပဲ” ဆိုတဲ့ evidence အဲ့ဒီ evidence က Self-confidence ကို တည်ဆောက်တယ် Confidence ရတော့ ထပ်လုပ်ရဲတယ် ထပ်လုပ်တော့ Evidence ထပ်ရတယ် ဒီလိုနဲ့ cycle တစ်ခုစတယ် လုပ်တယ် → Evidence ရတယ် Evidence ရတယ် → ယုံကြည်မှုတိုးတယ် ယုံကြည်မှုတိုးတယ် → ပိုလုပ်တယ် ပိုလုပ်တယ် → တကယ်ရလာတယ် လူအများစုကResult ရမှ ယုံကြည်မယ်လို့ ထင်တတ်ကြတယ် တကယ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ Result ကနေလာတာမဟုတ်ဘူး ကိုယ်ပေးထားတဲ့ ကတိကို ကိုယ်တိုင်တည်ခဲ့တဲ့ အကြိမ်ရေကနေလာတာ ဘဝကိုပြောင်းချင်ရင် Goal ကြီးကြီးမားမားချတာထက် ဒီနေ့ ကိုယ့်ကိုယ်ကို ပေးထားတဲ့ ကတိတစ်ခုကို တည်အောင်လုပ်ကြည့်ပါ အဲ့ဒါက confidence ရဲ့အစ အဲ့ဒါက transformation ရဲ့အစ — @thelapyae

AI ခေတ်မှာ အဖြေမှန်ကို ရတာထက် မေးခွန်းကောင်းမေးတတ်တာက ပိုအရေးကြီးလာတယ် ဘာလို့လဲဆိုတော့ Tool တွေက လူတိုင်းလက်ထဲရောက်သွားပြီ ဒါ
AI ခေတ်မှာ အဖြေမှန်ကို ရတာထက် မေးခွန်းကောင်းမေးတတ်တာက ပိုအရေးကြီးလာတယ် ဘာလို့လဲဆိုတော့ Tool တွေက လူတိုင်းလက်ထဲရောက်သွားပြီ ဒါပေမယ့် ကိုယ့်ခေါင်းထဲမှာ ရှင်းလင်းတဲ့ direction မရှိရင် အဖြေတွေများလာလေ ပိုရှုပ်လာလေပဲ AI က ကိုယ့်ကို smart ဖြစ်အောင် အလိုအလျောက်မလုပ်ပေးဘူး ကိုယ်ဘာလိုချင်လဲ ဘာကိုမလိုချင်ဘူးလဲ ဘယ်လိုစဉ်းစားမလဲ ဆိုတာကို ပိုပြီးမြင်သာအောင်လုပ်ပေးတာ အဲ့ဒါကြောင့် AI ခေတ်မှာ အရေးကြီးဆုံး skill က tool သုံးတတ်တာမဟုတ်ဘူး ကိုယ့်အတွေးကို design လုပ်တတ်တာပဲ @thelapyae

Opencode ထဲက Deepseek V4 Flash နဲ့ တပြားမှမကုန်ပဲ Meal Tracker စမ်းသပ်ကြည့်ခဲ့တယ် UI ပိုင်းမဆိုးဘူး အရမ်းတော့မကောင်း Logic ပိ
Opencode ထဲက Deepseek V4 Flash နဲ့ တပြားမှမကုန်ပဲ Meal Tracker စမ်းသပ်ကြည့်ခဲ့တယ် UI ပိုင်းမဆိုးဘူး အရမ်းတော့မကောင်း Logic ပိုင်းလဲ အဲ့လောက်တော့မကောင်း Security ပိုင်းတော့ ချာတူးလံတယ် 😁 Prototype လောက်တော့ အေးဆေးပါပဲ Production အတွက်တော့ အဲ့လောက်အဆင်မပြေနိုင်ဘူး But … အလကားဆိုတော့ ဒီလောက်ပဲရမှာပေါ့ 😁 နောက်တော့စိတ်မရှည်လို့ ကိုယ့်ဟာကိုယ် v0 မှာ claude opus နဲ့ auth ပိုင်းတွေ ပြန်ပြင်ရတယ် Telegram Mini app အနေနဲ့ သုံးလို့ရတယ် Open source ချပေးပါမယ် ကိုယ်တိုင်လိုသလို ပြင်ကြပေါ့ @thelapyae

ကိုယ်ချစ်တဲ့သူတွေ မိဘတွေ သားသမီးတွေထိခိုက်မယ်ဆို အသက်နဲ့လဲပြီးကာကွယ်မယ် ဆိုတဲ့သူတွေကြိီးပါပဲ အေး …. ဒါပေမယ့် သူတို့အတွက် • မင်းပိုကြိုးစားမလား • ပြောင်းလဲမလား • လေ့ကျင့်ခန်းလုပ်မလား • Diet လုပ်မယ်ဆိုရင်တော့ အင်း …… အဲ့လိုကြီးကျတော့... လို့ဖြစ်သွားတတ်ကြတယ် ကိုယ့်အတွက်ကိုယ် မလုပ်ချင်ရင်တောင် ကိုယ်ချစ်တဲ့သူတွေအတွက်တော့ ပြောင်းလဲပေးရမယ်မဟုတ်လား … @thelapyae

Productivity ကောင်းဖို့နေ့စဉ် ကျနော်သုံးတဲ့ apps တွေက 🗓️ Calander → Notion Calendar ⏳ Timer → Endel Sound 📩 Email → Spark Email 🌐 Browser → Arc Browser 🔬 Research → Perplexity 🧠 Second Brain → Notion 🧘🏻‍♂️ Meditate → insight timer 🎥 Screen Recording → cap.so 🗓️ Booking → Cal.com @thelapyae

Auto car မောင်းတတ်ဖို့ Manual ကား မောင်းတတ်ဖို့လိုသလား ? ဆိုင်ကယ် စီးတတ်ဖို့ စက်ဘီးစီးတတ်ဖို့လိုသလား ? တချို့လဲ အဆင့်ကျော်ပြီး Manual မသင်ပဲ auto နဲ့ အဆင်ပြေနေတာပဲ တချို့လဲ စက်ဘီး မစီးတတ်ပဲ ဆိုင်ကယ်စီးတတ်သူတွေရှိတာပဲ အခြေခံကနေ သိရင်တော့ ပိုကောင်းတာပေါ့ သင်သင့်တယ်လို့လဲမြင်မိပါတယ် Vibe coding လဲထိုနည်းတူပဲ Programming သေချာနားလည်ရင်တော့ အကောင်းဆုံးပဲ သင်သင့်ပါတယ် အဆင့်ကျော်ပြီး လုပ်နေသူတွေကိုလဲ သွားတော့ blame လို့မရနေဘူး သူလဲ ဒီခေတ်မှာလူဖြစ်လာတာဆိုတော့ သူ့အကျိုးခံစားခွင့်နဲ့သူပေါ့ Blame မယ်ဆို ငါတို့တုန်းက အိုးပုတ် ဂျိူးရုပ်နဲ့ဆော့ရတယ် မင်းတို့ အဆင့်ကျော်ပြီး ipad နဲ့မဆော့ရဘူး သွားပြောလို့မှမရပဲ 😁 ခေတ်တွေမတူတာကို လက်ခံနိုင်ဖို့လိုလဲ လက်မခံလဲဒါက new normal ဖြစ်လာတော့မှာပါပဲ Skill အနေနဲ့ degrading ဖြစ်လာပေမယ့် Creativity အနေနဲ့ solve လုပ်နိုင်တာကများလာတယ် အားလုံးကတော့ give and take တွေကြီးပါပဲ @thelapyae

Talk2Notion နဲ Notion Meeting feature ဘာတွေကွာလဲ ဘယ်တစ်ခုပိုအဆင်ပြေလဲ ကျနော်လဲသိချင်တာမို့ Head to Head စမ်းကြည့်ထားပါတယ် File Upload Speed မှာတော့ Notion ကပိုမြန်တာကိုတွေ့ရတယ် (တကယ်တော့ file ကို သေးအောင်လုပ်ပြီး တင်လိုက်တာမို့ quality ကျသွားပါတယ် ) Talk2Notion ကတော့ Upload ကြာနေပေမယ့် မြန်မာလို ကောင်းကောင်းလုပ်တာတွေ့ရတယ် စျေးအရကြည့်ရင် ကိုယ်ပိုင် API key နဲ့သုံးလို့ရတဲ့ talk2notion က ရေရှည်အတွက်ပိုကိုက်တယ် ဒါပေမယ့် Notion Ai ကို ဝယ်သုံးရင်ကျတော့ တခြား claude opus တို့ အခုနောက်ဆုံးထွက် Fable 5 တို့တွေကိုပါသုံးလို့ရမယ် စမ်းကြည့်ချင်သူတွေဆိုရင် cloud min ၁၀၀ မိနစ်ကို မြန်မာငွေ 10000 နဲ့ အခုဝယ် အခုချက်ချင်းရ MMQR နဲ့ ငွေချေပြီးသုံးနိုင်ပါတယ် learn more → talk2notion.com/lifetime try here → talk2notion.com @thelapyae

ကြီးကြီးမားမား အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့သူတိုင်းကိုလေ့လာကြည့်ရင် ပြဿနာ ၊ အခက်အခဲ ၊ ဝေဖန်မှု ၊ အမှား မကြုံခဲ့ရပဲနဲ့ ဖြစ်မြောက်လာတာမရှိဘူး ဒါကြောင့်ဘာလေးလုပ်လုပ် - ပြဿနာဖြစ်ခွင့် - အခက်ခဲ ရှိခွင့် - ဝေဖန်ပိုင်ခွင့် - အမှားဖြစ်ပိုင်ခွင့် အစထဲက ပေးထားလိုက်တယ် @thelapyae

တိရစ္ဆာန်ရုံ ကိုသွားလည်တော့ ရေမြင်းကြီးတွေ ကန်စွန်းရွက်တွေ စားနေတာတွေ့တော့ သဘောပေါက်လိုက်တယ် ဝိတ်ကျအောင်လို့ အရွက်တွေကြီးစားတိုင်းသာ ဝိတ်ကျမယ်ဆို ဒီကောင် Paris Fashion Runway ပေါ်မှာ လျှောက်လို့ရတဲ့ body ရှိနေမှာပဲလို့ 😁 @thelapyae

တစ်ခုခုကိုသေချာလုပ်ရင် အချိန်တစ်ခုရောက်ရင် ဘယ်နေရာမှာမဆို ဆရာတစ်ဆူဖြစ်နိုင်တယ် အချိန်တစ်ခုထိ ဘာမှမလုပ်ခဲ့ရင်တောင်မှ "ဘာမှမဟုတ်တဲ့ကောင်" ဖြစ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နိုင်တယ် 😁 @thelapyae

ဖင်မြဲမြဲနဲ့ focus ကောင်းကောင်း အလုပ်လုပ်ချင်ရင် ခန္ဓာကိုယ်အောက်ပိုင်းကို လေ့ကျင့်ခန်းလုပ်ပေးဖို့လိုတယ် ဥပမာ ခြေလှမ်း ၁၀၀၀၀ လမ်းလျှောက်တာမျိုး ဒါပေမယ့် ခြေလှမ်း ၁၀၀၀၀ လျှောက်ဖို့ အချိန် ၂ နာရီလောက်ပေးရတယ် အဲ့အစား ၄၅ မိနစ်ခြား တစ်ခါ squat 10 ကြိမ်ထိုင်တာက တစ်နေကုန်ပေါင်းလို့ အကြိမ် ၁၀၀ ပြည့်ရင် ခြေလှမ်း ၁၀၀၀၀ နဲ့ညီတယ် Be Productive while getting fit @thelapyae

တစ်ယောက်တည်းနေတာ မဆိုးပါဘူး တစ်ယောက်တည်း ဖြစ်နေတာက ဆိုးတာပါ တစ်ခါတလေ ကိုယ့်ဘဝကို ပြန်ကြည့်ဖို့ တိတ်ဆိတ်တဲ့ အချိန်တွေ လိုပါတယ် စာဖတ်ဖို့၊ စဉ်းစားဖို့၊ ကိုယ့်အသံကို ပြန်ကြားဖို့ တစ်ယောက်တည်းနေတဲ့ အချိန်တွေက အင်မတန် တန်ဖိုးရှိပါတယ် ဒါပေမဲ့ တချို့လူတွေက "တစ်ယောက်တည်းနေတာ ပိုလွတ်လပ်တယ်" ဆိုပြီး တစ်ယောက်တည်း ဖြစ်နေတာကို လွတ်လပ်ခြင်းနဲ့ ရောထွေးကြတယ် လူနဲ့ စကားမပြောတော့တာက အေးချမ်းခြင်း လို့ ထင်တယ် ဆက်ဆံရေးကို ရှောင်တာက ရင့်ကျက်ခြင်း လို့ ထင်တယ် ဘယ်သူ့ကိုမှ မယုံတော့တာက အသိဉာဏ်ရှိခြင်း လို့ ထင်တယ် တကယ်တော့ အဲဒါတွေက လွတ်လပ်တာ မဟုတ်ပါဘူး ထိခိုက်ဖူးတဲ့ နှလုံးသားက ထပ်မနာရအောင် လိုက်ပိတ်ဆို့နေတာပါ ( Trauma response ဆိုပါတော့ ) တစ်ယောက်တည်းနေတဲ့ အချိန်က Reflections တွေလုပ်ပြီး ပိုကောင်းအောင် ရွေးချယ်မှုတွေလုပ်နိုင်စေတယ် ဒါပေမဲ့ တစ်ယောက်တည်း ဖြစ်နေတဲ့ ဘဝက ကိုယ့်နှလုံးသားကို တဖြည်းဖြည်း မာကြောစေတယ် ဒီနှစ်ခုကို ခွဲခြားမြင်နိုင်ဖို့ အရေးကြီးတယ် ဘယ်ဟာက ကိုယ့်ကို ပိုသန်မာစေတယ် ဘယ်ဟာက ကိုယ့်ကို ပိုသေးငယ်စေတယ် သေချာသိဖို့လိုတယ် တစ်ယောက်တည်းနေနေတာလား ? တစ်ယောက်တည်းဖြစ်နေတာလား ? @thelapyae

အကြိုက်ဆုံးတစ်ခုကတော့ Spatial reframing ပဲ သားကြီးတို့အတွက် ဟိုလိုရိုက်လေ ဒီလိုရိုက်လေ သိပ်အပြောမခံရတော့ဘူး ပြီးမှ ပြန်ပြင်လို့ရပြီလေ 😁 @thelapyae

ကြီးပြင်းလာတဲ့ ပုံမတူရင် ပေါင်းသင်းရခက်တယ် ယုံကြည့်ချက်မတူ Risk ယူတာခြင်းမတူ ပြောင်းလဲချငိတာခြင်းမတူ Crisis ဖြေရှင်းတာခြင်းမတူ မိသားစုပေါ်တန်ဖိုးထားတာခြင်းမတူရင် အဲ့လူ ၂ ယောက် ခဏပဲအဆင်ပြေနိုင်မယ် ရေရှည်မှာတော့ မတည့်နေနိုင်ဘူး တည့်ချင်ရင်တော့ ညှိယူချင်တဲ့ Skill ကိုမွေးမှပဲရမယ် မိတ်ဆွေမှာရော ညှိမှ အဆင်ပြေမယ့် သူငယ်ချင်းတွေရှိလား ? @thelapyae