ru
Feedback
The La Pyae

The La Pyae

Открыть в Telegram

Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com

Больше

📈 Аналитический обзор Telegram-канала The La Pyae

Канал The La Pyae (@thelapyae_official) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 29 548 подписчиков, занимая 4 423 место в категории Технологии и приложения и 4 913 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 29 548 подписчиков.

Согласно последним данным от 25 августа, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -251, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 10.89%. В первые 24 часа после публикации контент обычно набирает 5.41% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 3 219 просмотров. В течение первых суток публикация набирает 1 599 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 131.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com

Благодаря высокой частоте обновлений (последние данные получены 26 августа, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Технологии и приложения.

29 548
Подписчики
-424 часа
-237 дней
-25130 день
Архив постов
တော်နေပေမယ့် ညံ့နေသေးတာတွေ ရှိနေသေးလို့နေပါလိမ့်မယ် @thelapyae

Financial Stable ရအောင် အလုပ်ထွက်ပြီး ကိုယ်ပိုင်အလုပ်လုပ်လိုက်တာ Mental Stable ပါပျောက်သွားတဲ့သူတွေ အများကြီးတွေ့ခဲ့ဖူးတယ် 😁 ကိုယ်ပိုင်အလုပ်ဆိုတာ လူတိုင်းအတွက်မဟုတ်ဘူး စနစ်မရှိပဲ လုပ်ရင် ရူးသွားနိုင်တယ် 😁 @thelapyae

လောင်းရိပ်မိလို့မတိုးတက်တာဆိုပြီး အော်နေလို့သွားကြည့်တော့ သူက မှို 🍄 လောင်းရိပ်သာမမိရင် သေတာကြာပေါ့ 🤪 @thelapyae

ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်တဲ့ ဒါပေမည့် တွန်းတဲ့ဘက်ကတူနေဦးမှ ၁ ယောက်တည်းထက် ၂ ယောက်ရှိရင် အားပိုရှိတယ် အလုပ်ပိုပြီးတယ်ဆို
ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်တဲ့ ဒါပေမည့် တွန်းတဲ့ဘက်ကတူနေဦးမှ ၁ ယောက်တည်းထက် ၂ ယောက်ရှိရင် အားပိုရှိတယ် အလုပ်ပိုပြီးတယ်ဆိုတာ လူတိုင်းအတွက်မဟုတ်ဘူး ရပ်တည်ချက်မတူတဲ့သူ ဦးတည်ချက်မတူတဲ့သူနဲ့ဆို ကိုယ်က ပိုပင်ပန်းရဖို့ပဲရှိတယ် @thelapyae

M4 mini သုံးနေတာ M5 mini ထွက်ရင်မဝယ်နဲ့တော့ m6 ထွက်မှဝယ်တော့လို့ပြောထားတာ အခု m6 mini တန်းထွက်လာတယ် 😁 ကျေးဇူးပါ Apple  @the
M4 mini သုံးနေတာ M5 mini ထွက်ရင်မဝယ်နဲ့တော့ m6 ထွက်မှဝယ်တော့လို့ပြောထားတာ အခု m6 mini တန်းထွက်လာတယ် 😁 ကျေးဇူးပါ Apple  @thelapyae

ယုံကြည်မှုသာတည်ဆောက်ပါ @thelapyae

ကိုယ့်ကိုမရွေးချယ်တဲ့ လူတွေရော အရာတွေရောကို ကိုယ်ကလဲ မရွေးချယ်ပဲနေလိုက်ရင် နေရတာပေါ့ပါးလာတယ် @thelapyae

အခုမှ @spadesolution ကို တည်ထောင်ပြီး Customized Software တွေရောင်းမယ်ဆို အလုပ်ဖြစ်နိုင်သေးလား? ဒီမေးခွန်းကို ကျနော် ခဏခဏမေးဖြစ်တယ် ၂၀၁၄ မှာ စခဲ့တုန်းက Software ရေးနိုင်တဲ့သူ နည်းတယ် လိုအပ်တဲ့သူလည်း နည်းတယ် ၂၀၂၆ မှာတော့ ပြောင်းပြန်ဖြစ်သွားပြီ Software လိုအပ်တဲ့ လုပ်ငန်းတွေ အများကြီးရှိလာတယ် တစ်ဖက်မှာလည်း AI ကြောင့် Software ကို ကိုယ်တိုင်လုပ်နိုင်တဲ့သူတွေ အများကြီးဖြစ်လာတယ် ဒါဆို Software ရေးပြီးရောင်းတဲ့ Business က သေသွားပြီလား? ကျနော်ကတော့ မထင်ဘူး AI ရှိတာနဲ့ လူတိုင်း Software ရေးချင်တာမဟုတ်ဘူး Website တစ်ခု ကိုယ်တိုင်လုပ်လို့ရတာနဲ့ လူတိုင်း ကိုယ်တိုင်လုပ်မယ်လို့လည်း မဆိုလိုဘူး လုပ်နိုင်တာနဲ့ လုပ်ချင်တာက မတူဘူး ကိုယ်တိုင်လုပ်ဖို့ အချိန်မရှိတဲ့သူ မလေ့လာချင်တဲ့သူ ကိုယ့် Business ကိုပဲ အာရုံစိုက်ချင်တဲ့သူတွေ အများကြီးရှိနေသေးတယ် ဒါကြောင့် အခုမှစလည်း နောက်မကျသေးဘူးလို့ ကျနော်မြင်တယ် 😁 ပြောင်းသွားတာက Software ရေးပေးနိုင်တာတစ်ခုတည်းက တန်ဖိုးမရှိတော့တာပဲ Customer ရဲ့ ပြဿနာကို နားလည်ပြီး AI နဲ့ ပိုမြန်မြန်၊ ပိုကောင်းကောင်း ဖြေရှင်းပေးနိုင်ရင် အခွင့်အရေးက အရင်ကထက်တောင် ပိုများနိုင်တယ် — @thelapyae

ဘာမှသတိမထားမိရင် ဘာမှ စိတ်မဝင်စားဘူး ဘာမှစိတ်မဝင်စားတော့ ဘာမှ မလေ့လာဖြစ်ဘူး ဘာမှ မလေ့လာဖြစ်တော့ လာမှ စတင်မလုပ်ဖြစ်ဘူး ဒီတော့ ကိုယ်ဘာဖြစ်ချင်လဲ သေချာမသိသေးရင် သတိလေးနဲ့နေကြည့်ဖို့ကနေစတင်ပါ ပတ်ဝန်းကျင်မှာရော ကမ္ဘာကြီးမှာရော သေချာသတိထားကြည့်ရင် ကိုယ်မသိသေးတာတွေအများကြီးရှိတယ် ဒီထဲကတစ်ခုလောက်စိတ်ဝင်စားသွားရင်တောင် ကိုယ့်အတွက်လမ်းအသစ်တွေပွင့်လာနိုင်တယ် @thelapyae

2026 မှာ Content Creator မလုပ်သင့်တော့ဘူး

ခက်ခဲတာတွေဆို ယုံကြည်မှုနဲ့ဖြတ်သန်းတယ် ကျပ်တည်းတာတွေဆို ပညာနဲ့ ဖြတ်သန်းတယ် ပင်ပန်းတာတွေဆို မျှော်လင့်ချက်နဲ့ ဖြတ်သန်းတယ် တည်ဆောက်ရမှာတွေဆို သည်းခံမှုနဲ့ဖြတ်သန်းတယ် ပျော်စရာတွေဆို မိသားစုနဲ့ဖြတ်သန်းတယ် ကိုယ့်ကိုယ်ကိုပြန်ရှာဖို့အတွက် တစ်ယောက်တည်းဖြတ်သန်းတယ် @thelapyae

ဘဝလက်တွဲဖော်ရွေးတဲ့အခါ ကိုယ့်မှာရှိတဲ့ဂုဏ်တွေ ငွေတွေထက် ကိုယ့်ရဲ့ ရည်မှန်းချက်ကြီးတာကို ကြိုက်တဲ့သူကို ရွေးပါ ကိုယ်ဘယ်လောက် အောင်မြင်နေပြီလဲဆိုတာထက် ဘယ်လောက်ဝေးဝေး သွားချင်သေးလဲဆိုတာကို နားလည်ပေးတဲ့သူ ရထားတဲ့အရာတွေကြောင့် ဂုဏ်ယူတာထက် ကြိုးစားနေတဲ့ကိုယ့်ကို ဂုဏ်ယူပေးတဲ့သူ ဂုဏ်တွေ ငွေတွေက တက်လိုက်ကျလိုက် ဖြစ်နိုင်တယ် ရည်မှန်းချက်နဲ့ ကြိုးစားချင်စိတ်ကတော့ ကျနော်တို့ ဘယ်လိုလူလဲဆိုတာနဲ့ ပိုဆိုင်တယ် ကိုယ်ပိုင်ဆိုင်တာတွေကိုထက် ကိုယ့်ရဲ့ Ambition တွေကိုနားလည်တဲ့သူကို ရွေးပါ — @thelapyae

အကျင့်ဟောင်းတွေကို ပြောင်းချင်ရင် အကျင့်ကိုပဲ ပြင်နေလို့ မရဘူး ကိုယ့်ကိုယ်ကို မြင်တဲ့ပုံကိုပါ ပြောင်းဖို့လိုတယ် “ကျနော်က စာမဖတ်တတ်ဘူး” “ကျနော်က Exercise မလုပ်တတ်ဘူး” “ကျနော်က အမြဲနောက်ကျတတ်တယ်” ဒီလိုပြောနေသရွေ့ အကျင့်ဟောင်းတွေဆီ ပြန်ရောက်ဖို့လွယ်တယ် အဲ့ဒီအစား “ကျနော်က စာဖတ်တဲ့သူ” “ကျနော်က ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်တဲ့သူ” “ကျနော်က အချိန်ကို တန်ဖိုးထားတဲ့သူ” ဆိုပြီး ကိုယ့်ကိုယ်ကို မြင်တဲ့ပုံကို ပြောင်းကြည့်ပါ အကျင့်အသစ်တစ်ခု တည်ဆောက်တာဆိုတာ လုပ်ရပ်တစ်ခုကို ပြောင်းတာတင်မဟုတ်ဘူး ကိုယ်ဘယ်လိုလူလဲဆိုတာကိုပါ တဖြည်းဖြည်း ပြောင်းနေတာ@thelapyae

ဘယ် friendship ပဲဖြစ်ဖြစ် ဘယ် relationship ပဲဖြစ်ဖြစ် အမြဲတမ်း ကိုယ့် Energy ကို drain ဖြစ်နေတဲ့ relationship မဖြစ်သင့်ဘူး မိဘကြောင့် drain ဖြစ်နေလား အပြစ်တင်နေတာထက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရအောင် ကြိုးစားပါ ရည်းစားကြောင့် drain ဖြစ်နေလား သည်းခံပြီး စိတ်ထဲသိမ်းထားတာထက် မကျေနပ်တာ၊ မကြိုက်တာကို ဖွင့်ပြောပါ သူငယ်ချင်းကြောင့် drain ဖြစ်နေလား အားနာပြီး အကုန်လိုက်လုပ်ပေးနေတာထက် မလုပ်ချင်တာကို မလုပ်ချင်ဘူးလို့ ပြောတတ်ပါ Relationship ကောင်းတစ်ခုဆိုတာ ပြဿနာမရှိတဲ့ Relationship မဟုတ်ဘူး ပြဿနာရှိလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် မပျောက်ဆုံးဘဲ ပြောလို့ရ၊ ညှိလို့ရ၊ နားလည်မှုယူလို့ရတဲ့ Relationship ပဲ ကျနော်တို့က လူတစ်ယောက်ကို ချစ်လို့ သူ့အတွက် Energy သုံးပေးနိုင်တယ် ဒါပေမယ့် အမြဲတမ်း ကိုယ့်ကိုယ်ကို ဖိနှိပ်ပြီး Relationship တစ်ခုကို ထိန်းထားနေရပြီဆိုရင်တော့ တစ်ခုခု ပြန်ညှိဖို့လိုနေပြီ ကောင်းတဲ့ Relationship တွေက Energy ကိုပဲ ယူမသွားဘူး ပြန်ပြီး Energy ပေးတတ်တယ် — @thelapyae

အရမ်းအရေးပါ အရာရောက်ချင်နေရင် ပြန်စမ်းစစ်ကြည့်ပါ သင့်မှာ သိမ်ငယ်မှုကြီးကြီးမားမားရှိနေနိုင်တယ် @thelapyae

ငယ်ငယ်တုန်းကတော့ သင်ထားတဲ့ စာတွေမှတ်မိဖို့ ချရေးရတယ် ကြီးလာတော့ ဒဏ်ရာတွေကိုမေ့ဖိုံ စာအုပ်ထဲ ချရေးရမယ်တဲ့ ချရေးလိုက်ရင် ပိုမှတ်မိသွားသလား မေ့လိုက်ဖို့လွယ်တာလား ? 🤔 @thelapyae

“ခံနိုင်တာ” နဲ့ “ခံနေရတာ” မတူဘူး ခံတတ်ဖို့ အရေးကြီးတယ် တပည့်ခံတတ်ရင် ပညာရတယ် သည်းခံတတ်ရင် အချိန်ယူရမယ့်အရာတွေကို ပြီးမြောက်အောင်လုပ်နိုင်တယ် အပင်ပန်းခံနိုင်ရင် လိုချင်တဲ့နေရာကို ရောက်ဖို့ ပိုနီးလာတယ် ကိုယ့်အမှားကို ဝန်ခံတတ်ရင် ပြင်ဆင်ဖို့အခွင့်အရေးရတယ် အစားအသောက်ကို ထိန်းပြီး ဆာတာခံနိုင်ရင် ဝိတ်လျှော့တဲ့ goal ကို ရောက်ဖို့ ပိုလွယ်တယ် တိုးတက်မှုအများစုရဲ့နောက်မှာ ခံနိုင်စွမ်း တစ်မျိုးမျိုး ရှိတယ် ဒါပေမယ့် ခံသမျှက ကောင်းတာတော့ မဟုတ်ဘူး မတရားပြောဆိုတာကို ခံနေရတာ အနိုင်ကျင့်တာကို ခံနေရတာ အသုံးချခံနေရတာ အဖိအနှိပ်ခံနေရတာ ကိုယ့်တန်ဖိုးကို လျှော့ချပြီး အညံ့ခံနေရတာ ဒါတွေကတော့ ခံနိုင်စွမ်းမဟုတ်ဘူး ခံနေရတဲ့ အရာတွေ လွတ်လမ်းရှာရမယ့်အရာတွေ ဘဝမှာ ပညာရှိဖို့ဆိုတာ အရာအားလုံးကို သည်းခံနိုင်ဖို့မဟုတ်ဘူး ဘယ်အရာကို ခံရမလဲ၊ ဘယ်အရာကနေ ထွက်ရမလဲ ခွဲတတ်ဖို့ပဲ — @thelapyae

အသက်ကြီးလာတော့ ကျနော် ပစ္စည်းတွေရော အဝတ်အစားတွေရော လူတွေရော ရွေးတဲ့အခါ ဘယ်လောက်ကောင်းသလဲဆိုတာထက် ဘယ်လောက် reliable ဖြစ်သလဲ ဆိုတာ ပိုကြည့်ဖြစ်လာတယ် ဈေးအကြီးဆုံးပစ္စည်း ဖြစ်စရာမလိုဘူး လိုတဲ့အချိန်မှာ အလုပ်လုပ်နေရင် ရပြီ အလှဆုံးအဝတ် ဖြစ်စရာမလိုဘူး ဝတ်လိုက်တိုင်း ကိုယ်နဲ့အဆင်ပြေပြီး ဘယ်နေရာသွားသွား စိတ်ချရရင် ရပြီ လူတွေလည်း အတူတူပဲ လူတိုင်းအတွက် အကောင်းဆုံးလူ ဖြစ်စရာမလိုဘူး သူ့နေရာနဲ့သူ ယုံကြည်စိတ်ချလို့ရဖို့က ပိုအရေးကြီးတယ် အလုပ်တစ်ခုအပ်ထားရင် စိတ်ချရတယ် ပြောထားတဲ့စကားကို ယုံလို့ရတယ် လိုအပ်တဲ့အချိန်မှာ ရှိနေမယ်ဆိုတာ သိတယ် ဒီလို ပစ္စည်းတွေ၊ လူတွေ၊ အလေ့အကျင့်တွေနဲ့ ကိုယ့်ဘဝကို ဝန်းရံထားနိုင်ရင် နေ့တိုင်း ဆုံးဖြတ်ချက်အသစ်တွေ ချနေရတာနည်းလာတယ် မျှော်လင့်ပြီး စိတ်ပျက်ရတာတွေလည်း နည်းလာတယ် ကျနော်တို့ဘဝကို ပိုကောင်းစေတာက အမြဲတမ်း best ဖြစ်နေတဲ့အရာတွေ မဟုတ်ဘူး လိုအပ်တဲ့အချိန်တိုင်း စိတ်ချလို့ရတဲ့အရာတွေ များလာတာကလည်း ချမ်းသာမှုတစ်မျိုးပဲ@thelapyae

ချမ်းသာဖို့ နာမည်ကြီးဖို့ ဂုဏ်ရှိဖို့ထက်အရေးကြီးတာက အဖြစ်ရှိတဲ့သူဖြစ်နေဖို့ပဲ အဖြစ်ရှိလာရင်ကျန်တာတွေက အလိုလိုရလာမယ် ကိုယ်လုပ်မယ်ပြောတာတွေကို အဖြစ်ရှိအောင်လုပ်နိုင်ရင် ကိုယ်သင်မယ်ပြောတာတွေကို အဖြစ်ရှိအောင်သင်နိုင်ရင် တည်ဆောက်မယ်ဆိုတာတွေကို အဖြစ်ရှိအောင်တည်ဆောက်နိုင်ရင် ငွေ တွေ ဂုဏ်တွေဆိုတာ သူ့အလိုလို အချိန်တန်ရင်ရလာပါမယ် Focus on what’s matters @thelapyae