The La Pyae
前往频道在 Telegram
Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com
显示更多📈 Telegram 频道 The La Pyae 的分析概览
频道 The La Pyae (@thelapyae_official) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 28 951 名订阅者,在 技术与应用 类别中位列第 4 578,并在 缅甸 地区排名第 5 041 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 28 951 名订阅者。
根据 27 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -338,过去 24 小时变化为 -13,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 11.02%。内容发布后 24 小时内通常能获得 5.35% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 3 190 次浏览,首日通常累积 1 549 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 95。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Get the good Stuff related to
Tech 🤖
Mindset 🧠
And all the other things I love 💛
To follow up me on other social media
Please visit https://thelapyae.com”
凭借高频更新(最新数据采集于 28 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 技术与应用 类别中的关键影响点。
28 951
订阅者
-1324 小时
-837 天
-33830 天
帖子存档
28 951
အမြဲအချောင်ရနေရင် skill ကျတယ်
အလွယ်ရနေရင် တန်ဖိုးမဲ့တယ်
အချောင်လိုချင်ရင် စိတ်မောရတယ်
သူများတွေတောင်
ရအောင်လုပ်နိုင်သေးရင်
ငါဘာလို့မလုပ်နိုင်ရမှာလဲဆိုတဲ့
စိတ်လေးသာမွေး
အချိန်ပေးပြီးကြိုးစား
ဒါဆိုမျှော်နေစရာမလိုတော့ဘူးဗျ
@thelapyae
28 951
တစ်ခုမဟုတ်တစ်ခုတော့
လိုက်စားနေမှ လူဆိုတာမပျင်းတာ
တချို့က ပညာရေးလိုက်စားတယ်
တချို့က အနုပညာလိုက်စားတယ်
တချို့က အားကစားလိုက်စားတယ်
တချို့က အပျော်အပါးလိုက်စားတယ်
တချို့က ကောင်းတဲ့ဆိုင်တွေလိုက်စားတယ်
ဝါသနာအရဘာလိုက်စားလဲပေါ်မူတည်ပြီး
လူတွေကကွာသွားတော့တာပါပဲ 😋
@thelapyae
28 951
မှတ်ဉာဏ်ကောင်းတာ
တစ်ခုတည်းကိုကြည့်ပြီး
တော်တယ်လို့သတ်မှတ်လို့မရဘူး
မှတ်နိုင်ပြီး မစဉ်းစားတတ်
မတွေးခေါ်တတ်သူတွေမှ အများကြီး
Problem solve မလုပ်နိုင်သူ
Creative thinking မရှိသူတွေမှ
အများကြီး
မှတ်ဉာဏ်ကောင်းသူတွေက
မှတ်ဉာဏ်ကို စစ်တဲ့စာမေးပွဲတွေမှာ
နေရာရနိုင်ပြီး
ဘဝမှာတော့ တီထွင်ကြံဆ
စဉ်းစားတွေခေါ် ဖြေရှင်းမှုတွေ
လုပ်နိုင်သူတွေကနေရာပိုရတယ်
@thelapyae
28 951
ကိုယ့်ဘဝကိုယ်အရမ်းကြီးလဲ
ဇာတ်မနာပြနဲ့ဗျ
တစ်ဖက်က တွေးကြည့်ရင်
ကိုယ့်မိဘအသုံးမကျတာ
လူတိုင်းသိကုန်မယ် 😁
@thelapyae
28 951
သေချာလုပ်နေရင်းတောင်
မသေချာတာတွေဖြစ်လာတတ်တဲ့ဘဝကြီးမှာ
ဘာလုပ်ချင်မှန်းသေချာမသိတာက
မရေမရာဘဝကိုသာ ခေါ်ဆောင်သွားလိမ့်မယ်
ကပ်မယ့် ကမ်းမသိရင် လမ်းပျောက်နေတဲ့
ရွက်လှေလိုပဲ လေသယ်ရာလွင့်မြောနေမယ်
ဘာလုပ်ချင်လဲရှာလို့လုံးဝမရရင်
ကိုယ်ဟာဘာမှ ဝါသနာမပါသူလို့ခံယူလိုက်
ဝါသနာမရှိသူဖြစ်တဲ့အတွက်
သူများထက်တော့ အပင်ပန်းခံပြီး
သင်ယူမှုကိုလုပ်ရလိမ့်မယ်
ပင်ပင်ပန်းပန်း သင်ယူမှုက
ပင်ပင်ပန်းပန်းအလုပ်တွေကထွက်နိုင်အောင်
ကူညီပေးသွားပါလိမ့်မယ်
@thelapyae
28 951
Logical thinking အားကောင်းလာရင်
Emotional သိပ်မဖြစ်တော့ဘူး
တော်တဲ့သူတွေက
သွေးအေးတယ်ထင်ရတယ်
ဒါပေမယ့်သွေးအေးတာမဟုတ်ဘူး
ဦးနှောက်ရဲ့ emotion တွေလုပ်တဲ့အပိုင်းထက်
Logical လုပ်တဲ့အပိုင်းက အားပိုကောင်းသွားတာ
ခံစားတာများရင် မစဉ်းစားတတ်ဘူး
မစဉ်းစားပဲလုပ်ရင် အမှားများတယ်
ဒါကြောင့် thinking pattern တွေ
အားကောင်းလာအောင်
လေ့လာသင်ယူမှုတွေလုပ်ဖို့လိုတယ်
@thelapyae
28 951
တစ်ခုခုကို Yes လို့ပြောလိုက်တာက
တစ်ခုခုကို အလိုလို No ပြောလိုက်တာပဲ
ဒီ သဘောကိုနားလည်သွားထဲက
boundary ထားရတာအရမ်းအဆင်ပြေသွားတယ်
လုပ်နိုင်တာတွေကို YES ပြောလိုက်တာက
မလုပ်နိုင်တာတွေကို အလိုလို No ပြောတာပဲ
မလုပ်ချင်တာတွေကို No ပြောလိုက်တာက
လုပ်ချင်တာတွေကို YES လို့ပြောတာပဲ
Boundary ထားတတ်သူက စိတ်ချမ်းသာတယ်
မဟုတ်ရင် သူများအပူတွေယူပြီး
စိတ်ညစ်နေရဦးမှာဗျ
@thelapyae
( From today MoonBase Topic )
28 951
စိတ်ချမ်းသာ ကိုယ်ကျန်းမာနေတဲ့သူ
အဆင်ပြေနေတဲ့သူတွေက
ဘယ်သူ့ကိုမှ တကူးတက
စိတ်အနှောက်အယှက်ဖြစ်အောင်
ဒုက္ခလိုက်မပေးဘူး
ဒါကိုနားလည်သွားရင် ရန်သူကိုတောင်
ဂရုဏာတရားထားရတာလွယ်သွားတယ်
@thelapyae
28 951
ကောင်းတာတွေကိုချက်ချင်းလုပ်ပြီး
မကောင်းတာတွေကိုနောက်မှလုပ်မယ်လို့
စိတ်ထားတတ်ပြီဆိုရင်
၈၀% သူတွေထက် ရှေ့ပိုရောက်နိုင်ပြီ
၈၀% သောသူတွေက မကောင်းတာတွေကို
ချက်ချင်းလုပ်ပြီး ကောင်းတာဆိုနောက်မှ
လုပ်မယ်ဆိုပြီး လုပ်တာကများတယ်
@thelapyae
28 951
အလွယ်ဆုံး ကျန်းမာရေး
ထိန်းသိမ်းနည်းတွေထဲမှာ နေ့စဉ်
လမ်းလျှောက်တာ ပါပါတယ်
( read more in comment )
@thelapyae
28 951
နေ့စဉ်ဘဝမှာ မနာလိုမှု မရှိ
လောဘမရှိ ဒေါသမရှိ နောင်တမရှိတဲ့
တစ်နေ့တာကို ဖြတ်သန်းနေရပြီဆိုရင်
သင်လျှောက်နေတာဟာ မှန်တဲ့ဘက်ကို
ဦးတည်ပြီးသွားနေတယ်လို့ပြောလို့ရတယ်
@thelapyae
28 951
စိတ်ထွက်ပေါက်ကတော့ တော်တော်များများရှာတတ်ကြပါတယ်
ပျော်မယ်လို့ထင်တာတွေလုပ်ရင်းနဲ့ပေါ့
စိတ်ဝင်ပေါက်ကို သိဖို့က ပိုပြီးအရေးကြီးတယ်
ကိုယ့်ရဲ့ စိတ်ကို ဘယ်အရာတွေက
ပျော်စေလဲ
ဝမ်းနည်းစေသလဲ
တည်ငြိမ်စေသလဲ
ညစ်နွမ်းစေသလဲ
စတဲ့ ဝင်ပေါက်တွေကိုသိပြီး ကာကွယ်နိုင်ရင်
တကူးတကထွက်ပေါက် ပြန်ရှာနေဖို့မလိုအပ်တော့ဘူး
@thelapyae
28 951
သွားတွေရှိတုန်းရယ်ပါ
ဆံပင်တွေရှိတုန်း သပ်သပ်ရပ်ရပ်ဖီးပါ
ဒီနေ့ထက်ပိုပြီး ငယ်မသွားနိုင်တော့တာမို့
ဓါတ်ပုံများများရိုက်ပါ
မျက်စိကောင်းနေတုန်း
သဘာဝအလှတရားတွေကိုခံစားပါ
လမ်းလျှောက်နိုင်တုန်း ခရီးတွေသွားပါ
အကုန်စားနိုင်တုန်း အရသာရှိတာတွေစားပါ
သေရင်အကုန်ထားခဲ့ရမှာတွေကို
ရဖို့အတင်းကြိုးစားနေတာထက်
အပြည့်အဝနေထိုင်သွားနိုင်ဖို့အရေးကြီးတယ်
@thelapyae
28 951
မချမ်းသာတဲ့အိမ်မှာလူဖြစ်လာရင်
ဘဝကခက်တယ်
မချမ်းသာတဲ့အိမ်မှာလူဖြစ်လာပြီး
ကြိုးစားချင်စိတ်ပါမရှိရင် ဘဝကပိုခက်တယ်
မချမ်းသာတဲ့အိမ်မှာလူဖြစ်လာပြီး
စိတ်ကြီးဝင်နေရင် လွတ်လမ်းပါပျောက်တယ်
@thelapyae
28 951
အမြဲအဆင်ပြေနေရင်
ဘဝကပျင်းဖို့ကောင်းတယ်
ထလုပ်တိုင်းအောင်မြင်နေကြည့်
အရသာမရှိဘူး
အပူရှိမှ အအေးက အရသာရှိတယ်
အခက်ရှိမှ ကျော်လွန်ရတာအရသာရှိတယ်
အနားမရှိမှ လွမ်းရတာအရသာရှိတယ်
Risk ရှိမှ ဉာဏ်သုံးရတာအရသာရှိတယ်
ဒီတော့ အဆင်မပြေတာကြုံရင်
ရှေ့မှာကောင်းတာတွေလာရင်
ပိုအရသာတွေ့ဖို့လိုသာမှတ်ထားလိုက်တော့
@thelapyae
28 951
ကိုယ်လုပ်တော့ မသိသာပေမယ့်
ကိုယ်ခံရတဲ့ အလှည့်မှ သိသာတာက
ကိုယ်ချင်းစာတရားရဖို့
အခွင့်အရေးတစ်ခုပဲ
ဒါတောင် မပြောင်းလဲရင်
လူဘယ်ဟုတ်တော့မလဲ
@thelapyae
28 951
နေ့စဉ် တရားအားထုတ်တာ၊ ကျင့်ကြံမှုတွေကို မှတ်သားထားနိုင်ဖို့ Sadhana Log App လေး လုပ်ထားပါတယ်။
Sadhana ဆိုတာ Daily Spiritual Practice လို့ အဓိပ္ပာယ်ရပါတယ်။
Self-realization၊ Inner Transformation နဲ့ ကိုယ့်စိတ်ကိုယ် ပိုနားလည်ဖို့ အချိန်ပေးနေသူတွေအတွက်ပါ။
ဒီနေ့ ဘယ်လောက်ကြာကြာ တရားထိုင်ခဲ့လဲ၊ ဘာတွေထူးခြားခဲ့လဲ၊ ဘာအတွေးတွေ ပေါ်လာခဲ့လဲဆိုတာ မှတ်သားနိုင်ပါတယ်။
Apple Watch ကနေ Heart Rate ကိုလည်း Track လုပ်ပေးပါတယ်။
တရားထိုင်နေချိန် နှလုံးခုန်နှုန်း ဘယ်လိုပြောင်းလဲလဲ ကြည့်နိုင်ပါတယ်။ ဒါက တရားအားထုတ်မှုအဆင့်ကို တိုင်းတာတာမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို နားလည်ဖို့ပါ။
ကျင့်ကြံခဲ့တဲ့အချိန်တွေကိုလည်း Apple Health ထဲမှာ Mindfulness Minutes အနေနဲ့ သိမ်းပေးပါတယ်။
ဓမ္မမိတ်ဆွေ သူတော်ကောင်းများ ထိရောက်စွာ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။
https://apps.apple.com/us/app/sadhana-log/id6823873474
@thelapyae
