ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

The La Pyae

The La Pyae

الذهاب إلى القناة على Telegram

Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام The La Pyae

تُعد قناة The La Pyae (@thelapyae_official) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 28 738 مشتركاً، محتلاً المرتبة 4 648 في فئة التكنولوجيات والتطبيقات والمرتبة 5 037 في منطقة ميانمار.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 28 738 مشتركاً.

بحسب آخر البيانات بتاريخ 24 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -219، وفي آخر 24 ساعة بمقدار -6، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 12.77‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.78‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 3 673 مشاهدة. وخلال اليوم الأول يجمع عادةً 1 662 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 132.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Get the good Stuff related to Tech 🤖 Mindset 🧠 And all the other things I love 💛 To follow up me on other social media Please visit https://thelapyae.com”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 25 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التكنولوجيات والتطبيقات.

28 738
المشتركون
-624 ساعات
-567 أيام
-21930 أيام
أرشيف المشاركات
အမြဲမှန်ချင်လို့ကိုမှားနေပြီးသား ဒါကိုနားလည်သွားရင် အမြဲမှန်ဖို့ တကူးတက မကြိုးစားဖြစ်တော့ဘူး @thelapyae
25 نوفمبر, 06:41

25 نوفمبر, 05:02

မွေးထဲကတော်တဲ့သူဆိုတာမရှိဘူး ပါရမီပါရင်တောင် လေ့ကျင့်မှုမရှိရင်မရဘူး တော်ချင်ရင် ကိုယ့်ရဲ့ skill တွေ Knowledge တွေ mental framework တွေဆိုတာ အချိန်ယူလေ့ကျင့်ပြီး တည်ဆောက်ယူမှကိုရတယ် Build yourself ✌🏻 @thelapyae
25 نوفمبر, 00:39

Local Ai တွေက ပိုပိုကောင်းလာတယ် ဒါပေမယ့် ပြဿနာက memory မလောက်တာပဲ 😁 ဘာနဲ့တူလဲဆိုတော့ မင်းလိုချင်ရင်ရော ဒီမှာ ဆင်ကြီး 🐘 အိမ်
Local Ai တွေက ပိုပိုကောင်းလာတယ် ဒါပေမယ့် ပြဿနာက memory မလောက်တာပဲ 😁 ဘာနဲ့တူလဲဆိုတော့ မင်းလိုချင်ရင်ရော ဒီမှာ ဆင်ကြီး 🐘 အိမ်ကိုအလကားယူသွား ကြိုက်သလိုခိုင်း ပြဿနာက ကိုယ့်အိမ်ကသေးသေးလေး ထားဖို့လဲမပြေလည်သလို အစာကျွေးဖို့လဲ အဆင်မပြေတာတွေဖြစ်နိုင်တယ် 😁 ဒီတော့ သုံးလို့ရတဲ့ စက်တွေရင်းမလား? လစဉ်နဲနဲပဲပေးပြီးသုံးလို့ရတာသုံးမလား ? လက်တလောစမ်းကြည့်တာမှာဆိုရင် Inkling 2 mini uncensored က တော်တော်ကိုကောင်းတယ် 12GB Ram ရှိတဲ့ စက်ပေါ်မှာတောင် Run လို့ရတယ် ဒါပေမယ့် .... chatgpt လိုမျိုး chat တာပဲကောင်းတယ် အလုပ်လုပ်ဖို့လောက်ထိတော့ စမ်းကြည့်သလောက် Ram 24 GB နဲ့တောင် သိပ်အဆင်ပြေမနေဘူး Pi coding agent နဲ့တွဲရင် init တောင် လုပ်လို့မရဘူး တစ်ဝက်တင်ရပ်တယ် 😁 Hermes agent နဲ့တွဲပြီး email summary လောက် cron job တွေလောက် သုံးမယ်ဆိုရင်တော့ အဆင်ပြေတယ် ဒီတော့ subscribe လုပ်ပြီးသုံးလို့ရတဲ့ Chatgpt ကြီးနဲ့ပဲဆက်သုံးဖြစ်မယ်ထင်ပါတယ် @thelapyae
24 نوفمبر, 22:21

Input နဲနဲ နဲ့ output များများထုတ်နိုင်ရင် အဲ့အရာတော်တော်များများက အသုံးဝင်တယ် ၅ မိနစ်အားသွင်း တစ်နာရီ သုံးလို့ရတဲ့ battery ဆို very good ပေါ့ ဒီလိုပစ္စည်းဆို market မှာ demand လဲများတယ် ပိုက်ဆံနဲနဲပဲ ကုန်ပြီး အကျိုးများတဲ့ Course တွေဆိုလဲ တက်လိုက်ကြတာ ​ သောက်သောက်လဲ စာလေး ၃ ကြောင်းလောက်ရိုက် စာ ၅ ပိုဒ်လောက် စက္ကန့်ပိုင်းအတွင်းပြန်ရ သိပ်ကောင်း တဲ့ chatgpt လူတွေကြိုက်ကြတယ် Input အများကြီးထည့်ရပြီး Output ကနဲနဲလေးပဲဆို လူတွေက ဈေးကြီးတယ် မတန်ဘူး မကောင်းဘူးပြောကြတယ်မလား လောကကြီးက ဒီလိုပဲလည်ပတ်နေတာ လူတွေလဲဒီလိုပဲ Input ထက် output များများထုတ်နိုင်သူဖြစ်မှ တန်ဖိုးရှိတဲ့သူ အသုံးဝင်တဲ့သူ ဖြစ်နိုင်ပါမယ် မိတ်ဆွေ 🫰🏻 @thelapyae
24 نوفمبر, 22:06

မြန်မာလိုပြောလိုက်ပါ။ ကျန်တာ Talk2Notion ကို ခိုင်းလိုက်ပါ။ 🎙️✨ Talk2Notion iOS update မှာ Voice Keyboard နဲ့ AI Agent ပါလာပါပြီ! ⌨️ ပြောလိုက်တာနဲ့ မြန်မာစာဖြစ်သွားမယ့် Keyboard Gemini-powered Voice Keyboard နဲ့ Facebook၊ Messenger၊ Notes ထဲမှာ မြန်မာလို တိုက်ရိုက်ရေးနိုင်ပါပြီ။ Hold to Talk ကိုဖိ၊ ပြောပြီးလွှတ်လိုက်ရုံပါပဲ။ 🤖 ကိုယ့်စကားကို နားလည်ပြီး အလုပ်လုပ်ပေးမယ့် Agent 💡 စိတ်ကူးပေါ်လာလား? Notion ထဲ သိမ်းခိုင်းလိုက်ပါ။ 📅 အစည်းအဝေးရှိလား? Google Calendar / Apple Calendar မှာ စီစဉ်ခိုင်းလိုက်ပါ။ 🔔 လုပ်စရာမမေ့ချင်ဘူးလား? Reminder ထည့်ခိုင်းလိုက်ပါ။ ⚡ ကိုယ်သုံးနေကျ workflow ရှိလား? Shortcuts ကို run ခိုင်းလိုက်ပါ။ 🎵 သီချင်းနားထောင်ချင်လား? Apple Music ဖွင့်ခိုင်းလိုက်ပါ။ 📱 Web · iOS · Apple Watch · Android Account တစ်ခုတည်း။ Device limit မရှိ။ နောက်ထပ် Connectorsတွေလည်း ဆက်လာဦးမှာပါ။ 🚀 ပြောလိုက်တဲ့စကားကနေ ပြီးမြောက်သွားတဲ့အလုပ်အထိ လုပ်နိုင်ဖို့ — Talk2Notion သုံးကြစို့ talk2notion.com/lifetime @thelapyae
24 نوفمبر, 00:54

မြန်မာလိုအသံနဲ့ keyboard က android မှာတော့ free ပဲ Gboard နဲ့ရနေတာ နှစ်အတော်ကြာပါပြီ ကျနော်တို့ iOS သမားတွေကျ Gboard က burmese မပါ တခြား keyboard app တွေကလဲ မြန်မာအသံနဲ့ မရလို့ ရှာနေခဲ့တာ ကြာပါပြီ လွန်ခဲ့ တဲ့ ၆ လလောက်ကတော့ တစ်ခုတွေ့ပါတယ် ဒါပေမယ့် background မှာ App ကိုဖွင့်ထားပေးဖို့လိုပါတယ် အခု ကျနော့်ရဲ့ talk2notion keyboard ကတော့ Background app လဲ ဖွင့်ထားဖို့မလိုပါဘူး Idea ကိုတော့ Raycast iOS ကနေရသွားတာပါ ( မလျှိုပါဘူး 😁 ) စမ်းသုံးကြည့်ပြီး Review တွေပေးဖို့လဲ မျှော်လင့်ပါတယ် 10000 kyats ထဲက Lifetime license ကို ဝယ်ထားသူတွေအတွက်တော့ ရှယ်တန်တဲ့ product ပေါ့ဗျာ Can’t wait for tomorrow @thelapyae
23 نوفمبر, 10:09

Talk2Notion ရဲ့ ios keyboard မနက်ဖြန်ထွက်ပါမယ် Copy paste လုပ်ဖို့မလိုတော့ပါဘူး 🫰🏻 Stay tune 🙌🏻🙌🏻🙌🏻 @thelapyae
Talk2Notion ရဲ့ ios keyboard မနက်ဖြန်ထွက်ပါမယ် Copy paste လုပ်ဖို့မလိုတော့ပါဘူး 🫰🏻 Stay tune 🙌🏻🙌🏻🙌🏻 @thelapyae
23 نوفمبر, 06:53

ချမ်းသာတဲ့သူတွေက ပိုချမ်းသာဖို့ ပိုအလားအလာရှိတယ် ဘာလို့လဲဆိုတော့ လက်ရှိရှိနေတဲ့ Resource တွေကိုသုံးပြီး ပိုစိတ်ရှည်နိုင်ပြီး စာဖတ်တာတွေ လေ့လာတာတွေ ကျန်းမာရေးကောင်းတာတွေ လုပ်ဖို့ အချိန်ရှိတဲ့အခါ ချမ်းသာမှုတည်ဆောက်ရတာပိုလွယ်တယ် တကယ်လို့ကိုယ့်မှာ အဲ့အခြေအနေမရှိနေရင် ရှိတဲ့ အချိန် ငွေ နဲ့ အင်အားတွေကိုသုံးပြီး မဖြစ်မနေ လေ့လာသင်ယူရင်း ကိုယ့်ကိုယ်ကိုတည်ဆောက်နေဖို့လိုတယ် ဒီတိုင်းဘူနေလို့တော့ ဘာမှမထူး @thelapyae
22 نوفمبر, 23:45

Plan မရှိရင် ပက်လက်လန်မယ်ပြောကြတယ် Plan ဆွဲပြီး ပက်လက်လန်နေတဲ့ သူတွေလဲအများကြီးပါပဲ 😁 တစ်ခုခုကို လုပ်ဖို့ plan ရှိဖို့ဆိုတာမှန်တယ် ဒါပေမယ့် plan ဆွဲတာမှာ အားတွေအရမ်းသုံးပြီး Plan ကို perfect ဖြစ်အောင်လုပ်ရင်း တကယ် action ယူဖိူ့ကျတော့ နောက်မှပဲလုပ်တော့မယ် ပင်ပန်းသွားပြီး မလုပ်ဖြစ်တဲ့သူတွေမှ တစ်ပုံကြီးဗျ အဲ့တော့ plan ကို perfect ဖြစ်အောင် မကြိုးစားပါနဲ့ မြန်မြန် action ယူပြီး အမှားကနေ အလုပ်မဖြစ်တာတွေကနေ မြန်မြန်ပြင်ပြီ ရှေ့ဆက်ပါမိတ်ဆွေ စေတနာများစွာဖြင့် @thelapyae
22 نوفمبر, 11:05

မပျက်မကွက်နှစ်စဉ် "အေးကထိန်"အလှူတော် 🙏🏻 Khe Ma Si Ri လှူမည့်ကျောင်း ကြိုတင်မသိ လှူမည့် သံဃာကြိုတင်မသိ လှူမည့် ဒကာ / ဒါယိကာ
မပျက်မကွက်နှစ်စဉ် "အေးကထိန်"အလှူတော် 🙏🏻 Khe Ma Si Ri လှူမည့်ကျောင်း ကြိုတင်မသိ လှူမည့် သံဃာကြိုတင်မသိ လှူမည့် ဒကာ / ဒါယိကာ ကြိုတင်မသိ လှူတဲ့အချိန်မှ တွေ့ရဆုံရပြီး ဆိုင်းသံ ဗုံသံမပါ အပိုကုန်ငွေမရှိပဲ သံဃာကိုတိုက်ရိုက်လှူရသော အလှူမို့ နှစ်စဉ်လှူဖြစ်ပါတယ် 🙏🏻 နတ်လူသာဓုခေါ်စေသော် @thelapyae
22 نوفمبر, 03:36

တစ်နေ့ကို coffee တစ်ခွက်ပဲ သောက်တယ်ဆိုပါဆို တစ်နှစ်ဆို ၃၆၅ ခွက် တစ်ခွက်ကို 20 grams ပဲ ဖျော်သောက်တာပါ ဒါပေမယ့် ၁ နှစ်ဆိုရင် က
တစ်နေ့ကို coffee တစ်ခွက်ပဲ သောက်တယ်ဆိုပါဆို တစ်နှစ်ဆို ၃၆၅ ခွက် တစ်ခွက်ကို 20 grams ပဲ ဖျော်သောက်တာပါ ဒါပေမယ့် ၁ နှစ်ဆိုရင် ကော်ဖီကြီးပဲ ၁၆ ပေါင် ( 7 KG ) လောက်သောက်ဖြစ်တယ် ကော်ဖီ 1 kg ရဖို့ ရေ 21000 liter ကုန်တယ်ဆိုရင် ကျနော်တစ်ယောက်တည်းနဲ့ တစ်နှစ်ကို ရေလီတာ 147,000 လောက် Footprint ရှိတယ်လို့ပြောလို့ရတယ် ဒါတောင်ဖျော်သောက်တဲ့ရေမပါသေးဘူး ကျနော်တို့က ဒီတိုင်းမသိလို့သာ ငါဒါလေးပဲလုပ်နေတာ ဘာမှ မထိခိုက်လောက်ပါဘူးထင်ပေမယ့် ကိုယ့်ကြောင့်ထွက်လာတဲ့ water footprint , carbon footprint တွေကလဲ များသားဗျ ဒီတော့ ကော်ဖီတစ်ခွက်သောက်ပြီိး 5 post ရေးတယ်ဆိုရင် တစ် post ကို ရေ ၈၄ လီတာရှိတယ် လူ ၈၄ ယောက်အကျိုးရှိရင် တစ်ယောက် တစ်လီတာပေါ့ 😁 ပြောချင်တာက input → process → output ပါ ကိုယ်တစ်ရက်တစ်ရက် အသက်ရှင်ရပ်တည်နေဖို့ မမြင်ရပဲ ကုန်ကျနေတဲ့အရာတွေရှိတယ် ဒါကြောင့်ရှင်သန်ချိန်တိုင်းကို အလကား မဖြုန်းတီးလိုက်ပါနဲ့ ကိုယ့်အတွက် အများအတွက် မိသားစုအတွက် ရပ်ရွှာအတွက် တိုင်းပြည်အတွက် ကမ္ဘာကြီးအတွက် အကျိုးရှိတာလေးတွေလုပ်ရင်းအသက်ရှင်ပါ စေတနာများစွာဖြင့် @thelapyae
22 نوفمبر, 00:04

အခုတော့ Google Calendar More connector are coming soon https://t.me/talk2notion/161
21 نوفمبر, 07:21

လူတိုင်းကို မပြောပြဖြစ်ပေမယ့် ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါတယ် တချို့က အလုပ်အကိုင် စီးပွားရေးအတွက် ပူပန်နေရတယ် တချို့က မိသားစု၊ ကျန်းမာရေး Relationship တွေအတွက် စိတ်ပင်ပန်းနေရတယ် အပြင်ပန်းကြည့်ရင် အဆင်ပြေနေသလို ထင်ရပေမယ့် ကိုယ်မသိတဲ့ တိုက်ပွဲတွေကို တိတ်တိတ်လေး ရင်ဆိုင်နေရသူတွေလည်း ရှိတယ် အဲ့ဒီအခက်အခဲတွေကို ကျော်လွန်နိုင်ဖို့ဆိုရင် အရာအားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်ဖို့ မလိုပါဘူး 1 . ကိုယ်ထိန်းချုပ်နိုင်တာနဲ့ မထိန်းချုပ်နိုင်တာကို ခွဲသိဖို့ 2. လိုအပ်တဲ့အခါ အကူအညီတောင်းတတ်ဖို့၊ 3. အနားယူသင့်တဲ့အချိန်မှာ အနားယူတတ်ဖို့လည်း လိုပါတယ် တချို့ပြဿနာတွေက ချက်ချင်းဖြေရှင်းလို့ရတယ် တချို့ကတော့ အချိန်ယူရတယ် အရေးကြီးတာက ပြဿနာရှိနေတဲ့အတွက် ကိုယ့်ကိုယ်ကို အရှုံးသမားလို့ မမြင်မိဖို့ပါပဲ ဘဝမှာ အခက်အခဲမရှိအောင် နေထိုင်နိုင်ဖို့ထက် အခက်အခဲတွေကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးသွားဖို့က ပိုအရေးကြီးတယ် ဒါကြောင့် တစ်ဖက်လူ ဘာတွေကြုံနေရလဲ မသိနိုင်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နည်းနည်းပိုပြီး နားလည်ပေးကြဖို့လည်း လိုပါတယ် — @thelapyae
21 نوفمبر, 04:49

ပိုက်ဆံ ကို ကိုယ်ကလိုချင်ပေမယ့် ပိုက်ဆံ က ကိုယ့်ကို မလိုချင်တဲ့ သူတွေလဲရှိတယ် ဘယ်လိုလူတွေနဲ့ ပိုက်ဆံက အတူမနေချင်ဘူးလဲဆိုရင် ၁. သူ့ကိုဂရုမစိုက်တဲ့သူ ၂. သူ့အတွက်အချိန်မပေးတဲ့သူ ၃. သူ့ကို တန်ဖိုးမထားတဲ့သူ ၄. သူ့ကို နားမလည်တဲ့သူ တွေစီမှာ သူကမပျော်တော့ အတူမနေချင်ဘူး ( တစ်စုံတစ်ယောက်နဲ့များ အကျင့်တွေတူနေမလား 😁 ) @thelapyae
20 نوفمبر, 20:46

ကိုယ်မရသေးတဲ့အရာတွေကို ရနေတဲ့သူတွေ ကိုယ်မရောက်သေးတဲ့ level ကို ရောက်နေသူတွေကိုတွေ့ရင် သူတို့ကိုအတုယူပြီးကြိုးစားဖို့ ကိုယ့်ကိုယ်ကိုသတိပေးပါ အားကျဖို့မလိုသလို စိတ်ဓာတ်ကျဖို့လဲမလိုဘူး တူညီတဲ့မိဘကမွေးတဲ့သူတွေမှာတောင် မတူညီတဲ့ ဘဝတွေရှိသေးတာဆိုတော့ သူစိမ်းတွေနဲ့ဆို ပိုလို့တောင် နှိုင်းယှဉ်ပြီး စိတ်ညစ်စိတ်ကျဖြစ်မနေသင့်ဘူး Walk your own path ✌🏻 @thelapyae
19 نوفمبر, 21:43

ကိုယ်လိုချင်တဲ့ အရာကိုသိတယ် လိုလဲလိုချင်တယ် ဒါပေမယ့် မလုပ်ဖြစ်တာ လုံလောက်တဲ့ clarity နဲ့ focus မရှိလို့ဗျ ကိုယ်ဘာကို ဘာလို့လိုချင်တယ်ဆိုတဲ့ clarity တိတိကျကျရှိပြီး ကိုယ်လုပ်ရမယ့်အရာတွေပေါ်မှာ အပြည့်အဝ focus ထားနိုင်ရင် ထင်သလောက်မခက်တော့ဘူးမိတ်ဆွေ Be focus 🧘🏻‍♂️ @thelapyae
18 نوفمبر, 23:19

ကိုယ့်ဘဝအဆင်ပြေလာတာနဲ့အမျှ အဆင်မပြေတဲ့သူတွေနားမှာ နေရတာ အဆင်ပြေမှာမဟုတ်ဘူး ကိုယ့်ဘဝအဆင်မပြေလာတာနဲ့အမျှ အဆင်ပြေတဲ့ သူတွေနားမှာ နေရတာ အဆင်ပြေမှာမဟုတ်ဘူး တူရာတူရာစုတယ်ဆိုတာ အမှန်ပါပဲ @thelapyae
18 نوفمبر, 04:29

တစ်ချိန်က လိုချင်ခဲ့လို့ ထိုင်ဆုတောင်းနေခဲ့ရတဲ့ အလုပ်မှာ ပင်ပန်းခွင့်ရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ ? ဒီမေးခွန်းက ထင်ထားတာထက် ပိုလေးနက်တယ် မရခင်တော့ အရမ်းလိုချင်ပြီး ရပြီးတော့မကြိုက်ကြတဲ့သဘာဝကို သတိထားမိစေတယ် တောင်းတဲ့ဆုတဲ့ရတဲ့အခါ မပျော်နိုင်ရင် ... ဘာလိုနေသေးလဲ ? @thelapyae
17 نوفمبر, 23:52

" ဒါလေးများ မသိရင်ခက်မယ်" အဲ့စကားသိပ်ကြိုက်တယ် အမှန်ပဲလေ မသိရင်တော့ ခက်တာပဲ သိသွားရင် အကုန်အလွယ်လေးပဲ အဲ့ခက်တာကို ကိုယ်မသိရင် သိနေပြီးသားသူစီက သင်ယူလိုက် ဒါဆိုအချိန်ကုန်သက်သာမယ် ကိုယ်ဟာကိုယ်သိအောင် လုပ်လဲရတယ် အချိန်ပိုကြာမယ် ပင်ပန်းမယ် The Choice is Yours @thelapyae
17 نوفمبر, 01:49