en
Feedback
About Space

About Space

Open in Telegram

Just space

Show more
626
Subscribers
-124 hours
-17 days
+8730 days
Posts Archive
ပိုဆိုးတာက အဲဒီအထဲက အေးဂျင့် ၇၀၀ လောက်ဟာ အချင်းချင်း ပူးပေါင်းပြီး လုံခြုံရေးစနစ်တွေကို ဖောက်ထွင်းကာ Hugging Face ဆာဗာကို တိုက်ခိုက်ပြီး အမြင့်ဆုံး ထိန်းချုပ်ခွင့် (root access) ကိုပါ ရယူနိုင်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် အနာဂတ်မှာ AI တွေဟာ လူတွေရဲ့ အမိန့်ပေးညွှန်ကြားမှု မလိုတော့ဘဲ သူတို့ဘာသာ ပူးပေါင်းကြံစည်နိုင်စွမ်း ရှိလာပြီဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့် အလွန်စွမ်းဆောင်ရည်မြင့်တဲ့ AI စနစ်တွေကို ထိန်းချုပ်ဖို့ ပိုမိုတင်းကျပ်တဲ့ လုံခြုံရေးအစီအမံတွေနဲ့ ပြင်ပက လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ အရေးတကြီး လိုအပ်နေပြီလို့ Amodei က တောင်းဆိုထားပါတယ်။ #crdtomytechmyanmar

Anthropic CEO က AI ဟာ ၆ လကနေ ၁၂ လအတွင်း အင်တာနက်ကို ထိန်းချုပ်တော့မယ်လို့ သတိပေး **** - မကြာခင်ကာလမှာ အင်တာနက်ကွန်ရက်ကြီးတစ်ခ
Anthropic CEO က AI ဟာ ၆ လကနေ ၁၂ လအတွင်း အင်တာနက်ကို ထိန်းချုပ်တော့မယ်လို့ သတိပေး **** - မကြာခင်ကာလမှာ အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကို AI တွေက သိမ်းပိုက်သွားနိုင်တယ်ဆိုရင် သင် ယုံနိုင်ပါ့မလား။ Anthropic ရဲ့ အမှုဆောင်အရာရှိချုပ် Dario Amodei ကတော့ ဒီကိစ္စကို အလေးအနက် သတိပေးနေပါတယ်။ နောက်ထပ် ၆ လကနေ ၁၂ လအတွင်းမှာပဲ အရမ်းကို စွမ်းဆောင်ရည်မြင့်မားတဲ့ AI အေးဂျင့်တွေဟာ အင်တာနက်ကို ကြီးစိုးထိန်းချုပ်သွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ အဲဒီ AI တွေက botnet တွေကို သုံးပြီး ကွန်ပျူတာတွေကို တိုက်ခိုက်လာနိုင်သလို၊ ဒေါ်လာဘီလီယံနဲ့ချီပြီး ဆုံးရှုံးသွားစေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒီလိုပြောရတာကလည်း တကယ်ဖြစ်ခဲ့တဲ့ ကြက်သီးထစရာ ဆိုက်ဘာလုံခြုံရေး စမ်းသပ်မှုတစ်ခုကြောင့်ပါ။ OpenAI နဲ့ Hugging Face တို့ကြား စမ်းသပ်မှုတစ်ခုလုပ်ခဲ့ရာမှာ သီးခြားစီခွဲထားတဲ့ AI အေးဂျင့် ၁၂၀၀ လောက်ဟာ အချင်းချင်း လျှို့ဝှက်ဆက်သွယ်နိုင်ခဲ့ကြပါတယ်။

မနေ့က NVIDIAအုပ်ကြီးနဲ့ထရမ့်တို့အစည်းအ‌ဝေးပွဲမှာဖုန်းဆက်စကားပြောကြတာကတော့ Aiကိုတိုးတက်အောင်လုပ်နေမှုကိုမလျှော့နိုင်ပါဘူး လျှော့လို့မရပါဘူးတဲ့ ကာကွယ်သင့်တာကိုတော့ကာကွယ်ပြီးဒီအတိုင်းပဲဆက်သွားမှာပါတဲ့ သေချာပါပြီ ငါတို့သေဖို့များသွားပြီ🫠

အခုတောင်Aiတွေကအဆန်းအပြားတွေလုပ်လာနိုင်ပါပြီ ပိုင်ရှင်ခွင့်ပြုချက်မရပဲ လျှောက်လုပ်နေတာ အချင်းချင်းGpဖွဲ့ပြီးဆွေးနွေးတာတွေ အမိန့်မနာခံပဲပေကပ်ကပ်လုပ်တဲ့Caseတွေရှိနေပါတယ် Aiကြောင့်လူသေနိုင်တယ်ဆိုတာကဘအကယ်၍သူတို့ကိုသာ စိတ်တိုင်းကျလုပ်ကိုင်ခွင့်ပေးထားရင် အခုMilitary equipment တွေမှာ Ai စနစ်တွေအတော်များများထည့်ထားပါတယ် အဲ့တာတွေထဲအထိဖောက်ဝင်ထိန်းချုပ် Nukeလွှတ်တာတို့ Missile တွေလျှောက်လုပ်တာတွေအထိဖြစ်လာနိုင်ပါတယ်အခုခေတ်မှာ အရာရာက Aiနဲ့မကင်းတော့တဲ့အတွက် စိုးရိမ်စရာပါပဲ company ကြီးတွေကတော့ ထိန်းပြီးလုပ်ကိုင်ကြမယ်လို့တော့ပြောတာပါပဲ သို့သော် မယုံရ ကြိတ်ပြီးကပ်တိုးလေးတွေ တီးနေကြမှာ

Anthropicနဲ့OpenAiလိုနာမည်ကြီးကုမ္ပဏီနှစ်ခုမှာAi Safety Researcherအဖြစ်လုပ်ကိုင်နေတဲ့အသက်၂၇နှစ်အရွယ် Jacob Coxonဟာလွန်ခဲ့တဲ့အ
Anthropicနဲ့OpenAiလိုနာမည်ကြီးကုမ္ပဏီနှစ်ခုမှာAi Safety Researcherအဖြစ်လုပ်ကိုင်နေတဲ့အသက်၂၇နှစ်အရွယ် Jacob Coxonဟာလွန်ခဲ့တဲ့အပတ်ကနှုတ်ထွက်သွားခဲ့ပါတယ် Aiတွေရဲ့ကြောက်မန်းလိလိတိုးတက်လာမှုကိုသတိပေးခဲ့ပြီးတော့ company ကြီးများဟာ Super Intelligent လို့ခေါ်တဲ့ဉာဏ်ရည်မြင့်Aiပိုင်ဆိုင်ဖို့ရန်အတွက်သာပြိင်ဆိုင်နေကြပြီးဖြစ်လာနိုင်တဲ့ဘေးအန္တရာယ်ကိုမမြင်ကြဘူးလို့ဆိုပါတယ် အကယ်၍သာအထိန်းအကွပ်မရှိပဲလွှတ်ထားမယ်ဆိုရင်လာမဲ့ ၂၀၃၀ ခုနှစ်အရောက်မှာ ကမ္ဘာ့လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းဟာ Aiကြောင့်အသက်ဆုံးရှုံးသွားနိုင်တယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက Aiတစ်ခုတည်းနဲ့အလုပ်လုပ်သွားတာမဟုတ်ပဲအစုအဖွဲ့လုပ်ဆောင်သွားခြင်းပါ OpenAiကသူတို့ရဲ့လက်ရှိ GPT-6
ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက Aiတစ်ခုတည်းနဲ့အလုပ်လုပ်သွားတာမဟုတ်ပဲအစုအဖွဲ့လုပ်ဆောင်သွားခြင်းပါ OpenAiကသူတို့ရဲ့လက်ရှိ GPT-6 Astraထက်အဆင့်မြင့်တဲ့Internal ModelတွေကိုအသုံးပြုပြီးAi Agent တွေကိုအဖွဲ့တွေခွဲပြီးပြိုင်တူစဉ်းစားတွက်ချက်ခိုင်းခဲ့တာပါ ဒီ Navier-Stokes ပုစ္ဆာကိုဖြေရှင်းနေချိန်မှာတစ်ချိန်တည်းအလုပ်လုပ်နေတဲ့Agentပေါင်း10,000ဝန်းကျင်အထိရှိခဲ့တာပါ တချို့ကတစ်နည်း တချို့ကအခြားနည်းစသဖြင့်စမ်းသပ်ကြပြီးရခာတဲ့ရလဒ်တွေကိုပါထပ်‌မံပေါင်းစပ်ကာစမ်းသပ်ကြပါသေးတယ် စတင်အလုပ်လုပ်ပြီး88နာရီအကြာမှာတော့အဖြေကိုရရှိလာခဲ့ပါတယ်ဒါပင်မဲ့Aiပြောတာအမှန်ပဲလို့မမှတ်ယူပဲ Lean ဆိုတဲ့ formal proof system ထဲ ပြန်ထည့်ပြီး သင်္ချာ logic တစ်ဆင့်ချင်းစီ မှန်၊ မမှန်ကို computer နဲ့ ပြန်စစ်ခဲ့ပါတယ် အဲ့စစ်ဆေးခြင်းဟာ 17နာရီခန့်ကြာမြင့်ခဲ့ပါတယ် Aiဟာမေးခွန်းအမေးအဖြေလုပ်ရုံToolသာသာလောက်မဟုတ်ပဲ အခက်ခဲဆုံးသောမေးခွန်းတွေကိုပါဖြေရှင်းနိုင်သည်အထိတိုးတက်လာနေပါပြီ

ဒါဟာသာမန်ပုစ္ဆာရိုးရိုးမဟုတ်ပဲ ကမ္ဘာပေါ်မှာအခက်ခဲဆုံးဖြစ်တဲ့ Millennium Prize Problems သင်္ချာပုစ္ဆာ 7ပုဒ်ထဲကတစ်ပုဒ်ဖြစ်ပြီးတ
ဒါဟာသာမန်ပုစ္ဆာရိုးရိုးမဟုတ်ပဲ ကမ္ဘာပေါ်မှာအခက်ခဲဆုံးဖြစ်တဲ့ Millennium Prize Problems သင်္ချာပုစ္ဆာ 7ပုဒ်ထဲကတစ်ပုဒ်ဖြစ်ပြီးတော့ ဖြေရှင်းနိုင်ခဲ့သူရှိရင် ဆုကြေးငွေ ဒေါ်လာ 1သန်းချီးမြှင့်မှာပါ OpenAiကထုတ်ပြန်တာကတော့ ဖြစ်နိုင်တယ်ဆိုတာကို Aiက သင်္ချာနည်းနဲ့သက်သေပြထားတာပါအချို့သော အခြေအနေတွေမှာ အရည်ရဲ့ လှုပ်ရှားမှုက ပိုပိုမြန်လာပြီး နောက်ဆုံး finite time အတွင်း “singularity” လို့ခေါ်တဲ့ အခြေအနေကို ရောက်သွားနိုင်တယ်လို့ဆိုပါတယ် နားလည်လွယ်အောင်ပြောရရင် ရေဝဲတစ်ခု လည်နေတာကို စိတ်ကူးကြည့်ပါ။ အဲဒီရေဝဲက အတွင်းဘက်ကို ပိုပိုကျဉ်းလာတယ်။ တစ်ချိန်တည်းမှာ ပိုပိုမြန်လာတယ်။ သင်္ချာအရတော့ နောက်ဆုံးမှာ အမြန်နှုန်းက အကန့်အသတ်မရှိ ကြီးလာနိုင်တဲ့ အခြေအနေကို ရောက်သွားမှာပါ

သင်္ချာလောကမှာနှစ်ပေါင်း90ကျော်ကြာအဖြေရှာလို့မရတဲ့ပုစ္ဆာတစ်ခုရှိပါတယ်အခုတော့OpenAiရဲ့Aiစနစ်တစ်ခုကအဲ့ပုစ္ဆာကြီးကိုတွက်ချက်ပြီး
သင်္ချာလောကမှာနှစ်ပေါင်း90ကျော်ကြာအဖြေရှာလို့မရတဲ့ပုစ္ဆာတစ်ခုရှိပါတယ်အခုတော့OpenAiရဲ့Aiစနစ်တစ်ခုကအဲ့ပုစ္ဆာကြီးကိုတွက်ချက်ပြီးအဖြေရှာပေးလိုက်နိုင်ပါပြီပုစ္ဆာနာမည်ကNavier–Stokes Existence and Smoothness Problem”ပါ။ သူကအရှင်းဆုံးပြောရရင်ရေ၊ လေ၊ သွေး စတဲ့ အရည်နဲ့ ဓာတ်ငွေ့တွေ ဘယ်လိုစီးဆင်းလှုပ်ရှားသလဲဆိုတာကို Navier–Stokes equations ဆိုတဲ့ သင်္ချာညီမျှခြင်းတွေနဲ့ ဖော်ပြကြတယ် ရာသီဥတုတွေကိုခန့်မှန်းတာ လေယာဉ်ပျံဒီဇိုင်းဆွဲတာနဲ့သွေးစီးစင်းမှုပုံတွေကိုလေ့လာရာမှာဒီညီမျှခြင်းကိုအသုံးပြုကြပါတယ်။့ဒါပင်မဲ့နှစ်ပေါင်းများစွာကြာဘယ်သူမှမဖြေနိုင်ခဲ့တာတစ်ခုရှိခဲ့ပါတယ် အစမှာ အရာအားလုံး ချောချောမွေ့မွေ့ စတင်နေရင်တောင်၊ နောက်ဆုံးမှာ ဒီညီမျှခြင်းက အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်သလား ဆိုတဲ့အချက်ပါ

Repost from N/a
မအိပ်ခင်ကြော်ငြာလေးတဖြတ် Bloodstrike ဆော့ပြီး rankမတက်ရင် ကိုယ့်စီမှာလာBoostလို့ရပါတယ် ဈေးကတော့ လက်ရှိရောက်နေတဲ့rankအပေါ်မူတည
မအိပ်ခင်ကြော်ငြာလေးတဖြတ် Bloodstrike ဆော့ပြီး rankမတက်ရင် ကိုယ့်စီမှာလာBoostလို့ရပါတယ် ဈေးကတော့ လက်ရှိရောက်နေတဲ့rankအပေါ်မူတည်ပြီးအစားစားရှိပါမယ် အများကြီးလည်းမယူပါ SquadFightရောBrရောရ မြန်မယ်တန်မယ် @iNsane_K96

Orion Nebula ကြီးပါ Asiaဘက်ခြမ်းကတော့မြင်ရမယ်မထင်ဘူး သာမန်မျက်လုံးနဲ့မြင်နိုင်ရလောက်တဲ့အထိတောက်ပါ ပါသတဲ့ ဒါကတော့ Equipment အပ
Orion Nebula ကြီးပါ Asiaဘက်ခြမ်းကတော့မြင်ရမယ်မထင်ဘူး သာမန်မျက်လုံးနဲ့မြင်နိုင်ရလောက်တဲ့အထိတောက်ပါ ပါသတဲ့ ဒါကတော့ Equipment အပြည့်အစုံနဲ့ရိုက်ထားတာပါ မူရင်းပိုင်ရှင်အားFull credit ပေးပါတယ်

အချိန်ကိုယ်တိုင်ဟာလည်းဝေးကွာတဲ့နေရာမှကြည့်ရှု့‌လေ့လာသူအလိုက်ကွဲပြားစွာကုန်ဆုံးနေမှာပါ နက္ခတ္တဗေဒပညာရှင်များသည်ဤနှိုင်းရသီအိုရ
အချိန်ကိုယ်တိုင်ဟာလည်းဝေးကွာတဲ့နေရာမှကြည့်ရှု့‌လေ့လာသူအလိုက်ကွဲပြားစွာကုန်ဆုံးနေမှာပါ နက္ခတ္တဗေဒပညာရှင်များသည်ဤနှိုင်းရသီအိုရီဆိုင်ရာအကျိုးသက်ရောက်မှုများကို ကျော်ကြားလှသည့် S2 ကြယ်ပွင့်ဖြင့် တွေ့မြင်ထားပြီးဖြစ်ပါတယ် S4714 သည် သိပ္ပံပညာရှင်များအား ထိုစမ်းသပ်ချက်များကို လူသေတွင်း၏ ဒြပ်ဆွဲအား နက်နက်ရှိုင်းရှိုင်းတည်ရှိရာအထိ ပိုမိုတွန်းအားပေး စမ်းသပ်နိုင်စေနိုင်မည်ဖြစ်ပြီး ၎င်းဟာအရှိန်အဟုန်ပြင်းစွာရွေ့လျားနေတဲ့ကြယ်တစ်ပွင့်မှသာမဟုတ်ပါ ဖိအားများအောက်ရောက်ရှိနေတဲ့အာကာသအချိန်(Spacetime)ကိုစောင့်ကြည့်လေ့လာနိုင်တဲ့သဘာဝဓာတ်ခွဲခန်းတစ်ခုသာဖြစ်ပါတယ်

နဂါးငွေ့တန်းGalaxyအတွင်းမှာ အချိန်ကိုကွေးညွတ်စေနိုင်တဲ့နေရာကိုပင်အရှိန်ပြင်းစွာဖြတ်သန်းနေတဲ့ကြယ်တစ်ပွင့်ရှိနေပါတယ် သူ့ကိုတော့
နဂါးငွေ့တန်းGalaxyအတွင်းမှာ အချိန်ကိုကွေးညွတ်စေနိုင်တဲ့နေရာကိုပင်အရှိန်ပြင်းစွာဖြတ်သန်းနေတဲ့ကြယ်တစ်ပွင့်ရှိနေပါတယ် သူ့ကိုတော့ S4714လို့ခေါ်ပြီး S-Typeကြယ်ဖြစ်ပြီး Squeezer starလို့လည်းခေါ်ပါတယ် နဂါးငွေ့တန်းဂလက်စီရဲ့အလယ်မှာရှိနေတဲ့ Sagittarius A*တွင်းနက်ကြီးကိုလှည့်ပတ်နေတာပါ တွင်းနက်ကြီးနဲ့အနီးဆုံးနေရာကိုရောက်သွားချိန်မှာတော့တစ်စက္ကန့်လျှင် ၂၄,၀၀၀ ကီလိုမီတာနှုန်း(၁၄,၉၁၄မိုင်နီးပါး)အထိရောက်ရှိသွားတာပါထိုနှုန်းဟာ အလင်းအလျင်ရဲ့ ၈ရာခိုင်နှုန်းရှိပြီးကမ္ဘာနဲ့လကို၁၆စက္ကန့်အတွင်းသွားလာနိုင်လောက်တဲ့အထိလျှင်မြန်ပါတယ် ထိုကြယ်ဟာနေအစင်းပေါင်း ၄သန်းခန့်ပမာဏရှိတဲ့ Sagittarius A*တွင်းနက်ကြီးကို 1.9ဘီလီယံအကွာအဝေးအတွင်းမှဖြတ်သန်းသွားရတာပါ ထိုအကွာအဝေးမှာတော့နယူတန်၏ဒြပ်ဆွဲအားနိယာမ(Newton's Gravity)သည်မလုံလောက်တော့ပဲ အိုင်းစတိုင်း၏ယေဘုယျနှိုင်းရသီအိုရီ(Einstein's General Relativity)ဟာစတင်လွှမ်းမိုးလာပါတယ် ကြယ်မှထွက်ပေါ်လာတဲ့အလင်းများဟာတွင်းနက်ကြောင့်ဆန့်ထွက်သွားမည်ဖြစ်ပြီး၎င်းရဲ့ပတ်လမ်းဟာလည်းဘဲပုံစံအတိုင်းတစ်ပတ်အပြည့်ပတ်တော့မှာမဟုတ်တော့ပဲတဖြည်းဖြည်းပြောင်းလဲသွားမှာဖြစ်ပါတယ်

သိပ်မအားလို့မတင်ဖြစ်တာပါ ဒီနေ့ပြန်တင်ပါ့မယ် တစ်နေ့ကကျန်တဲ့အမြန်ဆုံးနှုန်းနဲ့ရွေ့နေတဲ့ ကြယ်အကြောင်းနဲ့တခြားတစ်ခုပါ

လွန်ခဲ့တဲ့၄၉နှစ် ၁၉၇၇ ဒီလိုနေ့မျိုးမှာ Voyager1 space probe ဟာကမ္ဘာမြေကနေထွက်ခွာသွားခဲ့တာပါ
လွန်ခဲ့တဲ့၄၉နှစ် ၁၉၇၇ ဒီလိုနေ့မျိုးမှာ Voyager1 space probe ဟာကမ္ဘာမြေကနေထွက်ခွာသွားခဲ့တာပါ

Zero Dimensions (0D) ပုံစံတစ်နေရာသာရှိပြီးအလျားအနံအမြင့်မရှိပေ ဥပမာပေးရရင် အစက်တစ်စက်သာဖြစ်၏ One Dimensions (1D) အလျားလိုက်ရွ
Zero Dimensions (0D) ပုံစံတစ်နေရာသာရှိပြီးအလျားအနံအမြင့်မရှိပေ ဥပမာပေးရရင် အစက်တစ်စက်သာဖြစ်၏ One Dimensions (1D) အလျားလိုက်ရွှေ့လျားနိုင်ပြီးအရှေ့အနောက်သာရွှေ့လျားနိုင်ပါတယ် ဥပမာပေးရရင် နံပါတ်မျဉ်းတစ်ကြောင်း Two Dimensions (2D) အလျားအနံရှိပြီး အထက်အောက်အ‌ရှေ့အနောက်ရွှေ့လျားနိုင်ပါပြီ ဥပမာပေးရရင်စာရွက်ပေါ်မှာရေးဆွဲထားတဲ့ လေးထောင့်ပုံ သို့ စက်ဝိုင်းပုံ Three Dimensions (3D) အလျားအနံအမြင့်အပြင်ကိုမှ ထုထည်ပါရှိလာပြီးအစိုင်အခဲပုံစံဆောင်ပါတယ် ဥပမာပေးရရင် ဘောလုံးတို့ကျောက်တုံးတို့ Fourth Dimensions (4D) ရူပဗေဒမှာတော့အိုင်းစတိုင်း၏နှိုင်းရသီအိုရီ (Theroy Of Relativity)ဟာ Dimensions 3ခုကိုအချိန်နဲ့ပေါင်းစပ်ပြီး4ခုမြောက်ကိုစဉ်ဆက်မပြတ်ဖြစ်ပေါ်စေတာပါ

Dimensions ဆိုတာတိုင်းတာလို့ရတဲ့အကွာအဝေး အတိုင်းအတာကိုပြောတာပါ သင်္ချာနှင့် ရူပဗေဒမှာတော့အာကာသအတွင်းမှာအမှတ်တစ်ခု သတ်မှတ်ဖို့
Dimensions ဆိုတာတိုင်းတာလို့ရတဲ့အကွာအဝေး အတိုင်းအတာကိုပြောတာပါ သင်္ချာနှင့် ရူပဗေဒမှာတော့အာကာသအတွင်းမှာအမှတ်တစ်ခု သတ်မှတ်ဖို့ အနည်းဆုံးလိုအပ်တဲ့ကိုဩဒိနိတ်အရေအတွက်ကိုဖော်ပြပါတယ် နေ့စဉ်ဘဝမှာတော့ကျွန်ုပ်တို့ဟာ သုံးဘက်မြင်ကမ္ဘာ(3D)အနေနဲ့အပြန်အလှန်ဆက်ဆံကြပါတယ် သို့သော်ဂျီဩမေတြီကပုံသဏ္ဍာန်တွေကိုဦးတည်ချက်ဘယ်နှစ်ခုရှိသလဲဆိုတာနဲ့ခွဲခြားသတ်မှတ်ပါတယ် လက်ရှိအရတော့ Dimensions ၄ခုရှိတယ်လို့ သတ်မှတ်ထားပါတယ် String Theory အရကျွန်ုပ်တို့မမြင်နိုင်တဲ့Hyperspace Dimensions 6ခုရှိနေနိုင်ပြီးM Theroy ကတော့နောက်ထပ် 7ခုအထိထပ်ပေါင်းထားပါတယ်သက်သေတော့မပြနိုင်သေးပါ

မေးလိုရာမေးပါ ရှာဖွေပြီးတင်ပေးပါမယ်

My name,our name will be at L2 point till it last

ဒီကနေ့ မြန်မာစံတော်ချိန် ညနေ6နာရီလောက်မှာ Nancy Grace Roman Telescope ကြီးကိုသယ်ဆောင်သွားတဲ့ Space X Heavy Rocketကိုအောင်မြင်
ဒီကနေ့ မြန်မာစံတော်ချိန် ညနေ6နာရီလောက်မှာ Nancy Grace Roman Telescope ကြီးကိုသယ်ဆောင်သွားတဲ့ Space X Heavy Rocketကိုအောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါပြီ ကမ္ဘာနဲ့မိုင်တစ်သန်းအကွာ L2 Pointလို့ခေါ်တဲ့နေရာမှာထားရှိမှာဖြစ်ပြီးတော့ အဲ့ကိုရောက်ဖို့ 3လခန့်ခရီးနှင်ရဦးမှာပါ အမှားအယွင်းမရှိပဲရောက်ရှိခဲ့မယ်ဆိုရင် 2027နှစ်စပိုင်းလောက်မှာ သူ့စီကနေပုံရိပ်သစ်တွေကိုတွေ့မြင်ကြရမှာဖြစ်ပြီးတစ်နေ့ကို1.4TB ပမာဏရှိတဲ့သတင်းအချက်အလက်ဓာတ်ပုံတွေကိုရရှိနိုင်မှာပါ သက်တမ်းကတော့ 5နှစ် ထပ်တိုး 5နှစ်နဲ့ဆို ဆယ်နှစ်ကြာအာကာသဓာတ်ပုံတွေကိုရိုက်ကူးပေးမှာဖြစ်ပြီးတော့ ဥရောပနိုင်ငံ 5နိုင်ငံ,NASAနဲ့ဂျပန်(JAXA)တို့ကပူးပေါင်းလွှတ်တင်ခဲ့ပါတယ်

CDG-2 Galaxy အား analysis လုပ်ထားတဲ့ပုံ
CDG-2 Galaxy အား analysis လုပ်ထားတဲ့ပုံ