635
المشتركون
+624 ساعات
+37 أيام
-130 أيام
أرشيف المشاركات
636
အခုတလော Cyber Attack တွေခပ်စိတ်စိတ်ဖြစ်နေတာကြားမိမြင်မိဖတ်မိကြမှာပါ မြန်မာနိုင်ငံလိုအတွက်ကတော့ဘာမှမဟုတ်မထိခိုက်ပင်မဲ့ တိုးတက်နေတဲ့နိုင်ငံတွေမှာတော့ အရာရာဟာ နည်းပညာအကူအညီနဲ့အလုပ်လုပ်နေကြပါတယ်
ရေခဲသေတ္တာအပူချိန်အနိမ့်အမြင့်ကအစသွားနေတဲ့ရထားရဲ့အရှိန်အတိုးအလျှော့ကိုပါနည်းပညာအကူအညီနဲ့Runတာပါ
မသမာသူတစ်ယောက်ယောက်က ထိုsystemတွေအထဲHackဝင်ပြီးကမောက်ကမဖြစ်အောင်ဖျက်လိုဖျက်စီးလုပ်ရင်ထိခိုက်တဲ့အပျက်အစီးကတကယ့်စစ်ပွဲလောက်မရှိပင်မဲ့လှိမ့်နေအောင်ခံရပါတယ် ထိုလိုင်းပေါ်ကစစ်ပွဲဟာလည်းသူ့ဟာနဲ့သူအဆိပ်ပြင်းပါတယ် ကြားရတဲ့တွေအရတော့ ကမ္ဘာနိုင်ငံကြီးတွေအကြားကတင်းမာမှုတွေဟာပိုဆိုးလာနိုင်ပြီးပူဖောင်းတစ်လုံးလိုပါပဲအချိန်မရွေးပေါက်ကွဲထွက်သွားနိုင်ပါတယ် ဒါကြောင့် ဘယ်နေရာရောက်ရောက် သတိနဲ့နေပါ လိုအပ်တာတွေကြိုတင်ပြင်ဆင်ထားပါ(Ration pack,ရေ, Medic box)
ကမ္ဘာ့နိုင်ငံကြီးတွေကကြိုတင်ပြင်ဆင်ခိုင်းတာလည်းအလကားမဟုတ်ပါဘူး
ဒီလိုတွေဖြစ်လာရင် Panicking မဖြစ်ပဲအလွယ်တကူဖြေရှင်းနိုင်ရန်အတွက်ပါ
အားလုံးပဲ Take Careပါ
636
"ကမ္ဘာကြီးအပါအဝင်MilkyWay Galaxy ကြီးဟာ မိုင်ပေါင်း2ဘီလီယံနီးပါးကျယ်ဝန်းတဲ့
Cosmic Void(ဗလာနယ်ကြီး)ရဲ့အလယ်ဗဟိုနားမှာရှိနေလောက်တယ်" ဆိုတဲ့စာတမ်းတစ်ခုနောက်နေ့ကြတင်ပါမယ်
636
တတိယအချက်ကတော့ရပ်တန့်ဖို့ခက်ခဲတာပါ
စကြာဝဠာကြီးဟာလေဟာနယ်တွေဖြစ်ပါတယ်ဥပမာပေးရရင်စက်ဘီးတစ်စီးဟာသွားလိုရာခရီးစီရောက်ပါကဘရိတ်ညှစ်လိုက်တာနဲ့ရပ်တန့်သွားမှာပါဘရိတ်မညှစ်ပဲဒီတိုင်းထားလိုက်လည်းသူ့ဟာသူအချိန်တန်ရပ်သွားမှာပါပဲ ဘာကြောင်လဲဆိုတော့ဒီကမ္ဘာမှာက မြေဆွဲအား (Gravity)လေထုရဲ့ခုခံမှု(Air resistance)နဲ့အခြားအခြားသောလက်တံငယ်လေးတွေရှိကြပါတယ် သူတို့ဟာစက်ဘီးဆိုရဲ့ယာဉ်ကြီးတစ်ခုလုံးကိုရပ်တန့်ပေးကြပါတယ် အာကာသထဲမှာတော့ လေဟာနယ်သာရှ်ိတဲ့အတွက်ကြောင့် စက်သတ်လိုက်ရင်လည်းသွားခဲ့တဲ့အရှိန်အတိုင်းနဲ့ဆက်သွားနေဦးမှာပါ
ရည်မှန်းချက်ရောက်ခဲ့သည်ရှ်ိသော်စက်ကိုကြိုသတ် အာကာသယဉ်ရဲ့ Booster engine ကိုပြောင်းပြန်လှည့်ပြီးလာခဲ့တဲ့နှုန်းအတိုင်းတွန်းထားရင်တော့ရပ်ကောင်းရပ်နိုင်ပါတယ်ဒါပင်မဲ့လောင်စာဟာ အသွားအတွက်ရောရပ်ဖို့အတွက်ပါသုံးရမှာဖြစ်တဲ့အတွက်2ဆပိုကုန် သယ်ယူတဲ့နေရာပိုစားပါလိမ့်မယ်
သို့သော်လည်းအာကာသကြီးရဲ့ကန့်သတ်ထားတဲ့ရူပဒေဆိုင်ရာစည်းမျဉ်းစည်းကမ်းချက်ကိုသွေဖယ်နိုင်မဲ့ယာဉ်တစ်မျိုးမျိုးထွင်နိုင်ခဲ့ရင်တော့ လူသားတွေဟာအခြားအခြားသောနေရာတွေမှာပါအခြေချလာနိုင်ကြပါလိမ့်မယ်
636
လူသားတွေတခြားဂြိုလ်တွေပေါ်Galaxyတွေစီရောက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ မဖြစ်နိုင်တဲ့အချက်တွေအများကြီးရှိပါတယ်
ပထမအချက်က လောင်စာပါ ကမ္ဘာရဲ့ဆွဲငင်အားကနေလွတ်ထွက်နိုင်ဖို့လောင်စာအများကြီးလိုပါတယ်အကယ်၍မိမိရဲ့MilkyWay Galaxy ထဲကပဲလွတ်ထွက်နိုင်ပြီပဲထားပါဦး ဒီGalaxyကြီးရဲ့ဆွဲငင်အားကြီးကရှိနေပါသေးတယ်ပြီးတော့လောင်စာကလည်းကမ္ဘာပေါ်မှာအကန့်အသတ်ရှိပါတယ်တခြားနေအဖွဲ့အစည်းထဲကဂြိုလ်တစ်ခုခုပေါ်မှာလောင်စာအသစ်တစ်ခုခုတွေ့ခဲ့သည်ရှိသော်ဒီပြဿနာဟာခေါင်းထဲထည့်စရာမလိုတော့ပါဘူး
ဒုတိယအချက်အလင်းအရှိန်(သို့)အလင်းအရှိန်ရဲ့ 10%လောက်ပဲသွားနေရင်တောင်မှ စကြာဝဠာကြီးဟာအဆုံးအစမရှိပြန်ကားနေလျက်ရှိတာကြောင့်အဝေးမှာရှိတဲ့အရာဝတ္ထုတွေဟာလိုက်လေဝေးလေပါပဲ လမ်းတစ်လျှောက်လဲဥက္ကာခဲအကြွင်းအကျန်တွေကပြန့်ကျဲ့နေမှာဖြစ်တဲ့အတွက်ကျောက်ခဲလက်မလောက်စာလေးကိုအလင်းအရှိန်ရဲ့1%လောက်နဲ့ပဲဝင်တိုက်မိမယ်ဆိုရင်စီးလာတဲ့အာကာသယဉ်တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်
636
Nov 18မှာဆိုရင်တော့ Voyager 1ဟာအလင်းအလျင်နဲ့သွားရင်တောင်တစ်ရက်ကြာမဲ့အကွာအဝေးသို့ရောက်ရှိတော့မှာပါ လူလုပ်ပစ္စည်းထဲကမ္ဘာကြီးနဲ့အဝေးဆုံးမှာရှိနေပြီးအဆုံးအဆမရှ်ိတဲ့အာကာသဟင်းလင်းပြင်ကြီးထဲ စကြာဝဠာကြီးတည်သ၍လွင့်မျော်နေမှာပါ
ဒီပုံကတော့ 1990ခုနှစ်နေအဖွဲ့အစည်းထဲကထွက်မသွားခင်လေးမှာ ကမ္ဘာဘက်ကိုလှည့်ပြီးနောက်ဆုံးရိုက်ခဲ့တဲ့မိုင်ပေါင်းသန်း4000အကွာဓာတ်ပုံတစ်ပုံဖြစ်ပါတယ်
636
Elon Muskရဲ့ Space Xကတော့တစ်ကွက်ပြလိုက်ပြန်ပါပြီ မနေ့ညက Texasပြည်နယ်ကနေလွှတ်တင်လိုက်ပြီးကမ္ဘာကို14ပတ် ပတ်ကာStarlinkဂြိုလ်တု 26လုံးကိုကမ္ဘာ့ပတ်လမ်းပေါ်လွှင့်တင်ပေးခဲ့ပြီးနောက် Ship42ဟာ ကမ္ဘာလေထုကိုပြန်လည်ဝင်ရောက်စဉ်မှာဖြစ်ပေါ်တဲ့ လေထုပွတ်တိုက်မှုအပူချိန်ပြင်းပြင်းကိုကြံ့ကြံ့ခံရင်းလွှတ်တင်ရေးစင်မြင့်စီပြန်လည်ဆင်းသက်နိုင်ခဲ့တာပဲဖြစ်ပါတယ်
ဒါဟာကမ္ဘာပတ်လမ်းကြောင်းသွားအာကာသယာဉ်တစ်စင်းကိုသမာရိုးကျ ပင်လယ်ထဲထိုးဆင်းသို့အာကာသဟင်းလင်းပြင်ထဲစွန့်ပစ်ခြင်းထက် သက်တမ်းရှိသ၍ထပ်ကာထပ်ကာပြန်လည်အသုံးပြုနိုင်ကြောင်းကိုပထမဆုံးအကြိမ်အဖြစ်သက်သေထူလာနိုင်တာပဲဖြစ်ပါတယ် ဒါဟာအနာဂတ် လကမ္ဘာနဲ့မားစ်ဂြိုလ်တို့ကိုသွားရောက်လေ့လာတဲ့နေရာမှာအထောက်အကူအများကြီးပြုနိုင်ပါတယ်
636
Plank Satelliteမှရှိသောအချက်အလက်များကိုအသုံးပြု ၊ ၎င်းတို့လက်တွေ့ပြုလုပ်ထားတဲ့ကောင်းကင်မြေပုံပေါင်း ၁၀၀၀ကျော်နှင့်နှိုင်းယှဥ်ကြည့်ရာမည်သည့်မြေပုံတွင်မှ လက်တွေ့ကောင်းကင်ပြင်ရှိ Hotspot များ၏ဘေးပတ်လည်မှအပူချိန်ပြောင်းလဲမှုနှုန်းကဲ့သို့ပြင်းထန်မတ်စောက်နေခြင်းမရှိကြောင်းတွေ့ရပါတယ် ယင်းအဆိုကိုတော့စကြာဝဠာဗေဒဆိုင်ရာပညာရှင်အများစုကလက်မခံကြပေ University of British Columbia မှ James Zibinက ယင်းတွေ့ရှိချက်သည် စာရင်းအင်းဆိုင်ရာ မတော်တဆ တိုက်ဆိုင်မှု (statistical fluke) ဖြစ်နိုင်ခြေ အကြိမ် ၅၀ တွင် ၁ ကြိမ်အထိ မြင့်မားနိုင်ကြောင်း ထောက်ပြခဲ့ပြီး ဤအယူအဆမှာ လူနည်းစုသာ လက်ခံထားသည့် အမြင်တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်
636
နိုဘယ်လ်ဆုရရူပဗေဒပညာရှင် Roger Penroseကမဟာပေါက်ကွဲမှု(Big Bang)သည်စကြာဝဠာကြီးရဲ့အစမဟုတ်ပဲအရင်အဟောင်းသောစကြာဝဠာတစ်ခုရဲ့အဆုံးသတ်သာဖြစ်တယ်လို့အခိုင်အမာယူဆပါတယ် သူ့ရဲ့ထိုအယူအဆကိုတော့ Conformal Cyclic Cosmology(အဆုံးမရှိသံသရာလည်ပတ်နေသောစကြာဝဠာဗေဒ)လို့ခေါ်ပြီး၎င်းရဲ့သဘောတရားပုံစံအရစကြာဝဠာကြီးဟာ Aeons(ကမ္ဘာကပ်ကာလကြီးများ)ဟုအမည်ပေးထားတဲ့အဆုံးမရှိတဲ့သံသရာစက်ဝန်းများကိုဖြတ်သန်းနေရပါတယ်
စက်ဝန်းတစ်ခုချင်းစီဟာအဆုံးမရှိသေးငယ်ချောမွေ့ပြီးဝေးကွာလှတဲ့အနာဂတ်အချိန်တစ်ခုမှာတော့တွင်းနက်ကြီးများဟာHawking Radiationနဲ့အတူအငွေ့ပျံပျောက်ကွယ်သွားပြီး
နောက်ထပ်Big Bangတစ်ခုဖြစ်ပေါ်လာစေရန်အစပျိုးပေးတယ်လို့ဆိုပါတယ် ဤအဆိုကို၂၀၁၈ခုနှစ်မှာတင်ပြခဲ့တာဖြစ်ပြီး၂၀၂၀ခုနှစ်ကထုတ်ဝေသောစာတမ်း၌ပင်သူနဲ့သူ၏လုပ်ဖော်ကိုင်ဖက်များဟာ Hawking pointလို့ခေါ်တဲ့အရာများကိုတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ် ထိုအရာများဟာမဟာပေါက်ကွဲမှုကြီးဖြစ်ပြီးကြွင်းကျန်ရစ်တဲ့နောက်ခံအလင်းအလင်းရောင်(Cosmic Microwave Background)အတွင်းရှိ Hotspotsများဖြစ်ပြီး
ယခင်အရှေ့ကစကြာဝဠာကြီးများရဲ့တွင်းနက်ဟောင်းများရဲ့လက်ကျန်ရောင်ခြည်တွေလို့ဆိုပါတယ်
636
"စကြာဝဠာကြီးရဲ့အစဟာ ရှေ့စကြာဝဠာကြီးတစ်ခုရဲ့အဆုံးသတ်ပဲ"လို့ ရူပဗေဒနိုဘယ်ဆုရှင် Roger Penrose ရဲ့အဆိုသီအိုရီတစ်ခုကိုတော့ညနက်မှဖတ်ပါလေ ဖုန်းအားနည်းသွားတာကြောင့်မို့လို့ပါ
636
ထိုမျှလောက်သေးငယ်တဲ့အမှုန်လေးတွေကိုအသည်းအသန်ရှာဖွေနေရခြင်းအကြောင်းအရင်းကနှစ်ချက်ရှိပါတယ်ထိုနှစ်ချက်ဟာလည်းစကြာစဠာကြီးရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ထဲကနှစ်ခုဖြစ်ပါတယ် ပထမတစ်ခုကတော့စကြာဝဠာထဲမှာရှိကြတဲ့ဂြိုလ်တွေကြယ်တွေဂလက်စီတွေအားလုံးကိုတစ်စုတစ်စည်းတည်းဖြစ်နေအောင်ပင့်ကူအိမ်သဖွယ်ချိတ်ဆက်ထိန်းချုပ်ပေးထားတဲ့မျက်စီနဲ့မမြင်ရတဲ့အမှောင်ဒြပ်ထု(Dark Matter)များဖြစ်ပါတယ် သူဟာစကြာဝဠာကြီးတစ်ခုလုံးရဲ့အခြေခံငြမ်းစင်ကြီးသဖွယ်ဖြစ်နေပင်မဲ့ဘာနဲ့ဖွဲ့စည်းထားသလဲဆိုတာယနေ့အထိပဟေဠိဖြစ်နေစဲပါ
ဒုတိယအနေနဲ့ကတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မဟာပေါက်ကွဲမှုကြီး(Big Bang)ဖြစ်ပွားအပြီးနောက်မှာဘာကြောင့်စကြာဝဠာကြီးဟာဆန့်ကျင့်ဒြပ်ထု(antimatter)များနဲ့အချင်းချင်းတိုက်မိကာပျက်စီးမသွားပဲ ဒြပ်ထု(Matter)တွေအဖြစ်ကျန်ရစ်ခဲ့သလဲဆိုတာကိုပါ
သို့သော်လက်ရှိရူပဗေဒပညာရပ်ရဲ့စံသတ်မှတ်ချက်တွေအရတော့ထိုပဟေဠိတွေကိုအပြည့်အဝဖြေရှင်းလို့မရသေးပါ ဒါပင်မဲ့Zeptoverseအတွင်းမှာတော့ကျွန်ုပ်တို့လုံးဝမသိသေးတဲ့အမှုန်အသစ်တွေနဲ့Dark Matterအမှုန်များဟာBeauty quarkအမှုန်များနဲ့အပြန်အလှန်သက်ရောက်မှုရှိနေမယ်လို့ပညာရှင်တွေဟာယုံကြည်ထားကြပါတယ်
636
Cambridgeတက္ကသိုလ် Cavendishဓာတ်ခွဲခန်းမှDr.Harry Cliff ဦးဆောင်တဲ့အဖွဲ့ဟာထိုBeautyအမှုန်လေးတွေပြိုကွဲသွားတဲ့ဖြစ်စဉ်ကိုစောင့်ကြည့်နေခဲ့ကြတာပါသူတို့လိုက်ရှာလျက်ရှိတဲ့ဖြစ်စဉ်က
Beauty အမှုန်တစ်ခုဟာသူ့ထက်ပိုသေးငယ်တဲ့
Muons အမှုန်နှစ်ခုအဖြစ်ပြိုကွဲပြောင်းလဲသွားတဲ့ Bd to mu muဖြစ်စဉ်ကိုပါ ထိုဖြစ်စဉ်ဟာအလွန်ရှားပါးပြီး Beautyအမှုန်ပေါင်း 10Billion(သန်းတစ်သောင်း)မှာတစ်ကြိမ်လောက်သာဖြစ်ပေါ်တတ်ပြီး ရူပဗေဒပညာရှင်တွေဟာသူမမွေးခင် ၁၉၈၄ခုနှစ်ထဲကထိုရှားပါးဖြစ်စဉ်ကိုရှာဖွေနေခဲ့တာလို့ Dr.Harry Cliffကဆိုပါတယ် 2024ခုနှစ်LHCbစက်ကြီးကိုအဆင့်မြှင့်တင်လိုက်ပြီးနောက်ရလာတဲ့dataအချက်အလက်တွေကို Aiနည်းပညာအကူအညီနဲ့စစ်ဆေးလိုက်တဲ့အခါမှာမှနှစ်ပေါင်း40ကျော်ကြာပုန်းအောင်းလျက်ရှိနေတဲ့ထိုရှားပါးဖြစ်စဉ်ရဲ့သက်သေအထောက်အထားကိုပထမဆုံးအနေနဲ့ရရှိခဲ့တာပါ
636
ဒီလောက်သေးငယ်တဲ့ကမ္ဘာလေးတစ်ခုကိုသာမန်မှန်ဘီလူးနဲ့ကြည့်လို့မရပါဘူး ဒါ့ကြောင့်
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အနီးက ဥရောပ နျူကလီးယား သုတေသနအဖွဲ့ (CERN) ရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းကြီးထဲမှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး အမှုန်အရှိန်မြှင့်စက်ကြီး (Large Hadron Collider - LHC) ကို အသုံးပြုခဲ့ကြရပါတယ် အမှုန်တွေကိုအလင်းအလျင်နီးပါးအရှိန်နဲ့တိုက်မိစေပြီးထွက်ပေါ်လာတဲ့အပိုင်းအစလေးတွေကနေ Beauty quarkလို့ခေါ်တဲ့အမှုန်လေးများကိုလေ့လာခဲ့ကြပါတယ် ထိုအမှုန်လေးများဟာသူ့ဟာသူသဘာဝအတိုင်းရှိမနေကြပဲစက်ကြီးထဲမှာအရှိန်ပြင်းပြင်းနဲ့တိုက်မိကြတဲ့အခါမျိုးမှသာထွက်ပေါ်လာတတ်ကြတာဖြစ်ပြီးသက်တမ်းဟာဆိုရင်လည်းတစ်စက္ကန့်ရဲ့ တစ်ထရီလီယံပုံ တစ်ပုံခွဲမျှသာရှည်လားပြီးချက်ချင်းဆိုသလိုတခြားအမှုန်အများအဖြစ်နဲ့ပြိုကွဲပျက်စီး(Decay)သွားတတ်ကြပါတယ်
636
လူသားတွေဟာ စကြာဝဠာကြီးရဲ့အနက်ရှိုင်းဆုံးသောနေရာများထိTelescopeကြီးတွေကိုအသုံးပြုပြီးဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကြတာကြာမြင့်ခဲ့ပါပြီ သို့သော်စကြာဝဠာကြီးဘယ်လိုစတင်ခဲ့သလဲဆိုတဲ့အဖြေဟာအဝေးဆုံးသောနေရာမှာရှိနေတာမျိုးမဟုတ်ပဲကျွန်ုပ်တို့ရဲ့အနီးဆုံးနေရာမှာရှိနေတာပါ နှစ်ပေါင်း40ကျော်ကြာအောင်သိပ္ပံပညာရှင်တွေလိုက်လံရှာဖွေနေခဲ့တဲ့လျှို့ဝှက်ချက်တစ်ခုကို Cambridge တက္ကသိုလ်ကဦးဆောင်တဲ့သုတေသီအဖွဲ့ဟာရှာဖွေ့တွေ့ရှိခဲ့ပြီးပါပြီ ထိုအရာကတော့ Atomတစ်လုံးထက်အဆပေါင်းBillionရာနဲ့ချီပိုမိုသေးငယ်တဲ့ Zeptoverseလို့ခေါ်တဲ့ကမ္ဘာသစ်တစ်ခုကိုပါ
သိပ္ပံဘာသာရပ်တွင်တော့အရာဝတ္ထုအားလုံးကို Atomများဖြင့်ဖွဲ့စည်းထားတာဖြစ်ပြီးထိုAtomအထဲမှာ Proton,Neutronနဲ့Electronဆိုပြီးထပ်ရှိနေသေးပါတယ်နောက်ပိုင်းမှာသူတို့ထက်ပင်ပိုမိုသေးငယ်တဲ့Quarksလို့ခေါ်တဲ့အခြေခံအမှုန်လေးတွေကိုပါတွေ့ရှိခဲ့ပါတယ် Zeptoverseဆိုတဲ့အတိုင်းအတာကတော့ထို့ထက်ပင်ပိုမိုသေးငယ်နေတာပါ Atomတစ်လုံးကို အဆပေါင်းသိန်းတစ်သိန်း(ဘီလီယံ၁၀၀)အထိထပ်ပြီးညှစ်ချေလိုက်တော့မှ Zeptometreတစ်နည်းအားဖြင့်Zeptoverseကမ္ဘာသစ်စီသို့ရောက်ရှိသွားမှာပါ ကိန်းဂဏန်းအားဖြင့်ဆိုရင်တော့1မီတာရဲ့တစ်ထရီလီယံပုံတစ်ဘီလီယံပုံခန့်သာရှိပါတယ်
636
ကမ္ဘာမှအလင်းနှစ် 238နှစ်ခန့်အကွာမှတည်ရှိပြီးသက်ရှိတွေရှင်သန်နိုင်ချေရှိပြီး Super-earthတွေလည်ပတ်လျက်ရှိနေတဲ့ K2-155ကြယ်စုစီကနေထွက်ပေါ်လာတဲ့ထူးဆန်းတဲ့ရေဒီယိုလှိုင်းတွေကိုဖမ်းယူရခဲ့မိပါတယ် တရုတ်နိုင်ငံအမှာတည်ဆောက်ထားတဲ့ကမ္ဘာ့အကြီးမားဆုံးရေဒီယိုTelescopeကြီးဖြစ်တဲ့FASTကနေဖမ်းယူရရှိခဲ့တာဖြစ်ပြီးရရှိတဲ့အချက်အလက်တွေကို Software အသစ်နဲ့ပြန်လည်စစ်ဆေးရာကနေ NBS 260108 လို့အမည်ရတဲ့အဆိုပါရေဒီယိုလှိုင်းကိုတွေ့ရှိခဲ့တာပါဘာကြောင့်ထူးခြားနေရသလဲဆိုရင်ထိုကဲ့သို့သောလှိုင်းမျိုးဟာတည်ငြိမ်ပြီးသာဘာဝအာကာသဖြစ်စဉ်တွေကနေထွက်လာဖို့ခဲယဉ်းပြီးစက်ပစ္စည်းအကူနည်းပညာနဲ့သာထုတ်လွှင့်နိုင်ပါတယ်လှိုင်းတွေဟာတစ်နေရာတည်းကလာကြတာဖြစ်ပြီးလှိုင်းဖမ်းစနစ်19ခုအနက်ထိုကြယ်စုကိုတည့်တည့်ချိန်ထားတဲ့စနစ်တစ်ခုတည်းမှာပဲဖမ်းမိခဲ့တာဖြစ်ပြီးလှိုင်းနှုန်းဟာအချိန်နဲ့အမျှပြောင်းလဲရွေ့လျားနေပြီးအာကာသထဲမှာရွေ့လျားနေတဲ့နည်းပညာတစ်ခုခုကထုတ်လွှင့်တဲ့ပုံပေါက်နေပါတယ်
ပညာရှင်တွေကတော့အတည်မပြုနိုင်သေးပဲလူတွေရဲ့စက်ပစ္စည်းကြောင့်ဖြစ်တဲ့Interferenceကြောင့်လည်းဖြစ်နိုင်သည်ဟုဆိုပြီးကမ္ဘာပြင်ပသက်ရှိများရဲ့လှိုင်းများဟုတ်မဟုတ်ဆက်လက်စစ်ဆေးစုံစမ်းသွားမည်ဟုဆိုပါတယ်
636
သူတို့ရဲ့အလေးချိန်ဒြပ်ထုဟာဂြိုလ်သိမ်တစ်ခုစာမျှသာရှိပင်မဲ့ဆွဲငင်အားကြောင့်ကျုံဝင်နေတဲ့အရွယ်အစားဟာ Atomတစ်ခုထက်ပင်သေးငယ်ပါသေးတယ်အရွယ်အစားကအက်တမ်လောက်ပဲရှိပြီးအလင်းမထွက်တဲ့အတွက်တယ်လီစကုပ်တွေနဲ့ရှာလို့မတွေ့နိုင်သလို လုံလောက်တဲ့ဒြပ်ထုရှိသောကြောင့်စကြဝဠာထဲကဂလက်ဆီတွေကိုထိန်းချုပ်ထားတဲ့Dark Matterရဲ့ ဆွဲငင်အားကိုပေးစွမ်းနိုင်ပါတယ်
နေအဖွဲ့အစည်းရဲ့နောက်ဖေးပေါက်မှာထိုPBHသာရှိနေမယ်ဆိုပါက ထိုPBHရဲ့အရွယ်အစားဟာ ကျွဲကောသီး အရွယ်အစားခန့်သာရှိပါလိမ့်မယ် သို့သော်ခန့်မှန်းချေ 300AUခန့်မှာရှိနေတာကတစ်ကြောင်းအလင်းလည်းမပြန်မထုတ်နိုင်တာကြောင့်တကယ်ရှိမရှိကတော့အတည်မပြုနိုင်ခြင်းမရှိသေးပါ
သို့သော်တစ်ချိန်ချိန်မှာ ထိုတွင်းနက်နားသို့ဒြပ်ဝတ္ထုတစ်ခုခုဖြတ်သန်းသွားရင်းထိုတွင်းနက်အတွင်းသို့ကျနေရောက်သွားချိန်မှာထွက်ပေါ်လာမဲ့ရုတ်ချည်းအလင်းတန်းတစ်ခုခုကိုမြေပြင်မှဖမ်းယူနိုင်ပါကထိုနေ့ဟာနက္ခတလောကအတွက်အပြောင်းအလဲကြီးတစ်ခုဖြစ်လာပါလိမ့်မယ်
636
စကြဝဠာထဲမှာရှိတဲ့ဒြပ်ဝတ္ထုတွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာမျက်စိနဲ့မမြင်ရတဲ့ အလင်းပြန်ခြင်းမရှိတဲ့Dark Matter (မှောင်မိုက်ဒြပ်ဝတ္ထု)တွေဖြစ်ကြပါတယ်။ သိပ္ပံပညာရှင်တွေကစကြဝဠာအစဦးမှာဖြစ်တည်ခဲ့တဲ့ဒီPBHအသေးလေးတွေဟာDark Matterတွေဖြစ်နေမလားဆိုပြီးယူဆခဲ့ကြပါတယ် ဒါပေမဲ့ Black Hole အရွယ်အစားအများစုကို မဖြစ်နိုင်ဘူးလို့ ပယ်ဖျက်ခဲ့ရပြီး "Asteroid Window" လို့ခေါ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေရဲ့ ဒြပ်ထုပမာဏ (10¹⁷ မှ 10²² ဂရမ်ဝန်းကျင်) ရှိတဲ့ အရွယ်အစားတစ်ခုတည်းသာ Dark Matter ဖြစ်ဖို့ ရာနှုန်းပြည့် အခွင့်အရေးကျန်ပါခဲ့တော့တယ် အရမ်းသေးလွန်းရင်Hawking radiationနဲ့အငွေ့ပျံပျောက်ကွယ်သွားနေပြီးသားဖြစ်ပြီးအရမ်းကြီးလွန်းနေရင်လည်းဆွဲငင်အားအရမ်းပြင်းတဲ့အတွက်
Gravitational Microlensingလို့ခေါ်တဲ့နောက်ခံကြယ်တွေရဲ့အလင်းကိုကွေးညွတ်သွားစေပြီးကမ္ဘာကနေထိုအလင်းကွေးတဲ့ဖြစ်စဉ်ဟာအများကြီးမတွေ့ရတဲ့အတွက်PBHအကြီးစားတွေဟာdark matterများမဖြစ်နိုင်တော့တာပါ
ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုစာလောက်သာလေးလံတဲ့အလယ်အလတ်တန်းစားPBHများဟာအလွန်တည်ငြိမ်ကြမှာပါသူတို့ဟာနှေးကွေးစွာနဲ့အငွေ့ပျံကြမှာဖြစ်ပြီးစကြာဝဠာအစတည်းကယခုထက်တိုင်သက်တမ်းကြာရှည်နေနိုင်ပါတယ်
636
Primordial Blackholeဆိုတာကတော့ စကြာဝဠာကြီးစတင်ဖြစ်တည်တည်ချင်းစက္ကန့်ပိုင်းအကြာမှာပေါ်ပေါက်လာတဲ့တွင်းနက်တွေလို့ပညာရှင်တွေကယူဆကြပါတယ် သူတို့ဟာBigBang မဟာပေါက်ကွဲမှုဖြစ်စဉ်စတာနဲ့တစ်ပြိုက်နက်ပေါ်ပေါက်လာကြတာဖြစ်ပြီးကြယ်တွေGalaxyတွေမရှိသေးခင်ကတည်းဖြစ်တည်နေကြတဲ့သက်တမ်းရင့်တွင်းနက်ကြီးတွေဖြစ်ပါတယ် ၎င်းတို့ဟာကြယ်ကြီးများသက်တမ်းကုန်ဆုံးကာတွင်းနက်ကြီးအဖြစ်သို့ပြိုလဲသွားရတဲ့သာမန်ဖြစ်စဥ်အတိုင်းနဲ့ပေါ်ပေါက်လာကြတာမဟုတ်ပဲ အစောပိုင်းစကြာဝဠာအတွင်းရှိအလွန်အင်မတန်မှပူပြင်းလှတဲ့ဒြပ်ထုတွေဆွဲငင်အားတိုက်ရိုက်ပြိုလဲခြင်းကနေဆင့်ဖြစ်ပေါ်လာကြတယ်လို့ဆိုပါတယ် အရွယ်အစားအားဖြင့်အသေးဆုံးဆိုလျှင်10⁻⁵ grams သန်းဥအရွယ်အစားမျှသာရှိနေနိုင်မည်ဟုခန့်မှန်းထားသော်လည်း 10¹⁵ gramsထက်သေးငယ်ပါက Hawking အငွေ့ပျံခြင်းဖြစ်စဉ်ကြောင့်ပျောက်ကွယ်သွားပြီးဖြစ်ပါတယ် အကြီးဆုံးဆိုလျှင်Galaxyများအလယ်ရှိတွင်းနက်အရွယ်အစားခန့်ရှိနေနိုင်ပါတယ်
636
Neptune ဂြိုလ်အလွန်က Icy object များဟာထူးဆန်းစွာပြုမှုကြပါတယ် သူတို့ဟာ လားရာတစ်ဖက်တည်းကိုသာ ဆန့်ထွက်နေကြသလိုနေဖြစ်ပြီး ပလူတိုအလွန်နေအဖွဲ့အစည်းရဲ့ချောင်ကျကျအာကာသဟင်းလင်းပြင်မှာရှိတဲ့အရာဝတ္ထုတစ်ခုကသူတို့ကိုဆွဲငင်နေသလိုမျိုးပြုမှုနေကြတာပါ ထိုအရာတွေကြောင့် နက္ခတ္တဗေဒပညာရှင်တွေဟာ ထိုနေရာတစ်ဝှိုက်မှာ ဂြိုလ်တစ်လုံးရှိနေလိမ့်မယ်လို့ယူဆကြပါတယ် ထိုဂြိုလ်ကိုတော့ Planet Xလို့အမည်ပေးထားပါတယ် သို့သော် Durham တက္ကသိုလ်က theoretical physicist နှစ်ယောက်ဖြစ်ကြတဲ့
Jakub Scholtz နဲ့ James Unwinတို့ရဲ့ 2019ကထွက်ရှိခဲ့တဲ့စာတမ်းဟာပညာရှင်တွေကိုပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့ရပါတယ်ထိုအရာကတော့Planet Xကဂြိုလ်တစ်လုံးမဟုတ်ပဲ Primordial BlackHole(တွင်းနက်အသေးစား)ဖြစ်နေမယ်ဆိုရင်ရောဆိုတာပါ ထိုတွင်းနက်အမျိုးအစားရဲ့အသေးစိတ်ကိုတော့ညဘက်ကျသေချာရေးတင်ပေးပါမယ်
636
နေမှအလင်းနှစ်1.5အကွာဥက္ကာခဲတွေအများအပြားစုဝေးတည်ရှိရာနေရာဖြစ်တဲ့ Oort Cloud မှာအခုလိုဂြိုလ်သိမ်ပေါင်း1000ကျော်အထိရှိနေနိုင်တယ်လို့ခန့်မှန်းထားသော်ငြားလည်းယခုအခါမှာ6လုံးသာတွေ့ရှိပါသေးတယ် ထိုအရာဝတ္ထုတွေဟာပလူလိုအပါအဝင်ရေခဲအများစုနဲ့ဖွဲ့စည်းထားကြပြီးနေကိုသူ့လမ်းကြောင်းနဲ့သူလည်ပတ်နေတာပါ
နေမှအတော်အဝေးဝေးမှာနေပြီးလှည့်ပတ်နေတာကြောင့်ပလူတိုဂြိုလ်ကိုစဝင်တွေ့ရှိကတည်းက နေကိုလည်ပတ်နေတာ အခုချိန်ထိတစ်ပတ်ပင်မပြည့်သေးပါ ထိုဂြိုလ်သိမ်တွေကိုတွေ့ရှိဖို့ကလည်းဂြိုလ်သိမ်အများစုဟာသေးငယ်လှတဲ့အပြင်နေမှအလွန်ကွာဝေးတဲ့နေရာမှာတည်ရှိကြတဲ့အတွက်အလင်းလည်းမပြန်ကြသောကြောင့်ဖြစ်ပါတယ် အခုခေတ်လိုနည်းပညာတိုးတက်လာတဲ့အချိန်မှသာကောင်းကင်ယံတစ်ခုလုံးကို wide angle နဲ့ဖမ်းယူလေ့လာနိုင်တဲ့ Vera Rubin telescopeလိုမျိုးအားကောင်းတဲ့မှန်ပြောင်းတွေပေါ်လာမှသာအခုလိုသိရှိကြရတာပါ ပြီးခဲ့တဲ့နှစ်ကနာမည်ကြီးခဲ့တဲ့
3I/Atlas ကိုလည်းတခြားသောမှန်ပြောင်းတွေမတွေ့ရှိသေးခင်10ရက်ခန့်အလိုတည်းကဒီမှန်ပြောင်းကြီးကရှာဖွေတွေ့ရှိပြီးဖြစ်ပါတယ်
