598
订阅者
+124 小时
+397 天
+6330 天
帖子存档
599
အဘိုးတို့အဘွားတို့ ဆိုဆုံးမရင်းပြောဖူးတာလူတိုင်းကြားဖူးလိမ့်မှာပါ လူဖြစ်လာဖို့မလွယ်ဘူးတဲ့အဲ့စကားကတကယ်မှန်ပါတယ် စကြာဝဠာကြီးတစ်ခုလုံးဒီလိုအခြေအနေထိရောက်လာဖို့ဆိုတဲ့အနေအထားဟာ သုည ထက်ပင်နည်းပါသေးတယ်တဲ့ အခြေအနေအကြောင်းကြောင်းတိုက်ဆိုင်၍သာ ကြယ်တွေဂြိုလ်တွေအစရှိသဖြင့်အသီးသီးဖြစ်တည်လာကြတာပါဒါ့အပြင်ကမ္ဘာပေါ်ကလူသားတွေလိုနဲ့တခြားသောသတ္တဝါတွေလိုCellအများကြီးနဲ့multi complex အဆင့်အထိရောက်အောင်အများကြီးဆင့်ကဲပြောင်းလဲခဲ့ရပါတယ် ထိုအခြေအနေရောက်ဖို့ဆိုသည်မှာလည်းအကြောင်းအရာတွေတိုက်ဆိုင်မှဖြစ်မှာပါ
သိပ္ပံရှုထောင့်ကနေကြည့်ရင်တော့ဗြုန်းဝုန်းဆိုချက်ချင်းထွက်ပေါ်လာတာမဟုတ်ပဲ ပထမဆုံးကြယ်တစ်လုံးမွေးဖွားမယ်ကြယ်ကလည်းသက်ရှိတွေဖြစ်တည်ဖို့အသင့်တော်ဆုံးဖြစ်နေရမယ်ပြီးတော့မှအဲ့ကြယ်ကိုရံတဲ့ဂြိုလ်တွေဖြစ်ပေါ်လာမယ် ထိုဂြိုလ်ကနေထိုင်ဖို့သင့်တော်တဲ့နေရာထဲရောက်သက်ရှိတွေပေါ်ပေါက်လာဖို့ရာနှစ်သန်းပေါင်းများစွာကြာခဲ့ပါတယ်Physicsနဲ့Chemistryအချိုးကျကျပေါင်းစပ်ပြီးမှသာလျှင်သက်ရှိရယ်လို့ပေါ်ပေါက်လာတာပါ သတ္တဝါတွေမဖြစ်ပဲဒီတိုင်းအာကာသထဲနေကိုလှည့်ပတ်နေပြီသက်ရှိကင်းမဲ့နေတဲ့ဂြိုလ်တစ်လုံးလည်းဖြစ်ကောင်းဖြစ်သွားနိုင်သေးပါတယ်ဒါကြောင့်လူဖြစ်လာဖို့ကမလွယ်ပါဘူး။
599
Betelgeuseကြယ်ကြီးရဲ့ထူးဆန်းတဲ့တောက်ပမှုအရောင်ပြောင်းလဲခြင်းတွေဟာထိုမမြင်ရတဲ့ကြယ်ဖော်နဲ့သက်ဆိုင်နေလိမ့်မည်ဟုပညာရှင်တွေဟာအစောကတည်းကသံသယဖြစ်ခဲ့ကြတာရာစုနှစ်တစ်ခုနီးပါးရှိနေခဲ့ပါတယ်ဒါပင်မဲ့ကြယ်နီကြီးဟာအလွန်အင်မတန်မှကြီးမားပြီးတောက်ပလွန်းတဲ့အတွက်သူ့အနီးပတ်ဝန်းကျင်ကဝတ္ထုတွေကိုမြင်ရဖို့ဆိုတာမဖြစ်နိုင်သလောက်ခက်ခဲခဲ့ပါတယ်
ဒီပုံရိပ်အသစ်ကိုတော့တောက်ပတဲ့ကြယ်တွေအနီးကမှိန်ဖျော့တဲ့အရာဝတ္ထုတွေရဲ့ပုံကိုဖမ်းယူဖို့ ဒီဇိုင်းထုတ်ထားတဲ့SPHEREလို့ခေါ်တဲ့ ကိရိယာဆီကနေရရှိခဲ့တာပါထိုအဖော်ကြယ်ဟာနဂိုမှန်းဆထားတာထက်ပိုပြီးထုထည်ကြီးမားပုံပေါ်ပြီးနေထုထည်ရဲ့နှစ်ဆမှသုံးဆအထိပိုမိုကြီးမားပါတယ်ဒါဟာ Betelgeuse ရဲ့ဒြပ်ဆွဲအားနဲ့ဆက်နွယ်နေတယ်ဆိုတာကိုအတည်ပြုဖို့ရာကတော့ဒုတိယအကြိမ်ထပ်မံလေ့လာရန်လိုအပ်နေဆဲပါပဲယခုအချိန်မှာတော့ရှင်းရှင်းလင်းလင်းသံသယမရှိပဲသိလိုက်ရပါပြီ ကောင်းကင်ယံမှာစောင့်ကြည့်မှုအများဆုံးတွေထဲကတစ်လုံးဖြစ်တဲ့ Betelgeuse ကြယ်ကြီးဟာတကယ်တော့ Binary Star Systemကြီးဖြစ်နေတာပါ။
599
Betelgeuse ကြယ်ကြီးဟာ တစ်လုံးတည်ရှိနေတာမဟုတ်ပါ
နက္ခတ္တဗေဒပညာရှင်တွေဟာအိုရိုင်ယွန် (Orion)ကြယ်စုတန်းထဲကနာမည်ကြီး ကြယ်နီကြီး(red supergiant)ဖြစ်တဲ့Betelgeuseမှာ ဖုံးကွယ်နေတဲ့အဖော်ကြယ်တစ်လုံးရှိနေကြောင်းအခိုင်မာဆုံးအထောက်အထားကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်ထိုကြယ်ကိုတော့ Betelgeuse Bလို့ခေါ်ဝေါ်ပြီးချီလီနိုင်ငံရှိEuropean Southern Observatory(ESO)ရဲ့အလွန်ကြီးမားတဲ့Telescopeကိုအသုံးပြုပြီး2024ဒီဇင်ဘာလမှာBetelgeuseနဲ့အလွန်နီးကပ်လျက်ရှိတဲ့မှိန်ဖျော့ဖျော့အလင်းအရင်းအမြစ်တစ်ခုကိုတိုက်ရိုက်ပုံဖော်နိုင်ခဲ့ပါတယ်ထိုအချိန်ကလည်းထိုအဖော်ကြယ်ဟာအမြင်သာဆုံးဖြစ်လိမ့်မယ်လို့ခန့်မှန်းထားတဲ့အချိန်ပါထိုချိန်ကိုက်မှုကအရေးကြီးပါတယ်
599
Marsဂြိုလ်ရဲ့ နံနက်ခင်းနေတက်ချိန်ပါ
ဘာလို့တိမ်တွေရှိနေရလဲဆိုတော့ လေထုကခပ်ပါးပါးလေးရှိနေသေးတာမို့လို့ပါ
599
ပိုပြီးထူးဆန်းတာကဟီလီယမ်ဓာတ်ငွေ့တွေဟာတစ်စက္ကန့်ကိုကီလိုမီတာရာနဲ့ချီတဲ့နှုန်းနဲ့ အပြင်ဘက်ကိုအရှိန်ပြင်းပြင်းမှုတ်ထုတ်နေတာကိုပြသနေပြီးဒါဟာတွင်းနက်အနီးမှာပြင်းထန်တဲ့ဓာတ်ငွေ့စီးကြောင်းတွေရှိနေကြောင်းကို ညွှန်ပြနေပါတယ် BiRDဟာအလွန်အရေးပါ ပါတယ် စကြာဝဠာကြီးနုပျိုစဉ်ကအချို့သောတွင်းနက်များဟာအဘယ်ကြောင့်ထိုမျှဒြပ်ထုအလွန်ကြီးမားလာကြပြီးမြန်မြန်ဆန်ဆန်ကြီးထွားလာသလဲဆိုတာကို့ထိုအရာကဖော်ထုတ်နိုင်လာမှာမို့လို့ပါ JWSTဟာအဝေးကအရာဝတ္ထုတွေကိုလေ့လာဖော်ထုတ်ရန်သက်သက်မဟုတ်ပါ စကြာဝဠာအတွင်းရှိဧရာမသားရဲကြီးတွေရဲ့ ကွယ်ပျောက်လျက်ရှ်ိနေတဲ့ကြီးထွားလာမှုအဆင့်ဆင့်ကိုပါဖော်ထုတ်နိုင်တော့မှာပါ
599
James Webb telescope (JWST)ဟာရှေးဦးစကြာဝဠာအတွင်းမှာပုန်းကွယ်နေတဲ့အနီရောင်အစက်ကြီးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ထိုအရာဝတ္ထုကြီးကိုတော့ Big Red Dotကိုမှည့်ပြီး BiRDလို့ခေါ်ပြီးTelescopeရဲ့မှန်ပြောင်းစီရောက်ဖို့ရာအလင်းနှစ်ပေါင်း 10ဘီလီယံကြာခရီးနှင်ခဲ့ရတာပါ ဒါဟာJWSTရှာဖွေတွေ့ရှိခဲ့တဲ့အနီစက်ကလေးများလို့ဆိုတဲ့နက်နဲဆန်းပြားတဲ့အရာဝတ္ထုသစ်ထဲမှာပါဝင်ပါတယ် သူတို့ကိုတော့စကြာဝဠာကြီးရဲ့အစောပိုင်းကာလမှာတွေ့ရတတ်ပြီးသေးငယ်ကာနီရဲတဲ့အလင်းရောင်အရင်းအမြစ်တွေဖြစ်ကြပင်မဲ့သူတို့ရဲ့စစ်မှန်တဲ့သဘာဝကိုတော့လေ့လာနေကြဆဲပါ BiRDဟာကြယ်တစ်လုံးမဟုတ်သလိုဂြိုလ်တစ်လုံးလည်းမဟုတ်ပါ ဒြပ်ထုအလွန်ကြီးမားတဲ့တွင်းနက်ကြီး(Supermassive BlackHole)ကြောင့်စွမ်းအင်တွေထွက်ပေါ်နေတာဖြစ်ဖို့အများဆုံးပါ နက္ခတ္တဗေဒပညာရှင်တွေဟာ JWST ရဲ့ NIRCam ကိရိယာကို အသုံးပြုပြီးသူ့ရဲ့အလင်းကိုလေ့လာခဲ့ရာမှာ ဟိုက်ဒရိုဂျင်နဲ့ဟီလီယမ်ဓာတ်ငွေ့တွေရဲ့ အမှတ်အသားတွေကိုတွေ့ရှိခဲ့ကြပါတယ်ဒီရောင်စဉ်တန်းလက်ဗွေရာတွေအရဗဟိုမှာရှိတဲ့ တွင်းနက်ကြီးဟာနေရဲ့ဒြပ်ထုထက်အဆပေါင်း သန်း ၁၀၀ မကကြီးမားကြောင်းသိရှိခဲ့ရပါတယ်
599
ဂွန်းကားချန်နယ်ပျက်သွားတော့ ဒီဘက်မှာပဲအတိုးချပြီး ပြန်ကြိုးစားဖို့ပဲရှိပါတယ် ဘယ်တတ်နိုင်မလဲဖြစ်တော့ဖြစ်မှာပါပဲ
599
ထိုသို့ပူးပေါင်းလေ့လာချက်များက Diskအတွင်းရှိအရွယ်အစားအမျိုးမျိုးရှိသော
ဖုန်မှုန့်များမည်ကဲ့သို့လှုပ်ရှားပုံဖော်နေကြသည်ကိုအတူတကွခြေရာခံခဲ့ကြပါတယ်
ဘက်တီးရီးယားအရွယ်အစားမျှသာရှိသေယဖုန်မှုန့်များဟာကျယ်ပြန့်စွာပျံနှံနေကြောင်းကို JW Telescope ကဖော်ပြခဲ့သော်လည်း ပိုမိုကြီးမားသော မီလီမီတာအရွယ်အစားရှိဖုန်မှု့များဟာပါးလွှာသောဗဟိုမျက်နှာပြင်အနားသားတစ်လျှောက်တွင်စုစည်းလျက်ရှိနေကြောင်း ALMAကပြသခဲ့ပါတယ်
ဤကဲ့သို့ ဖုန်မှုန့်များတိကျစွာအနည်ထိုင်ခြင်းသည်ဂြိုဟ်အသစ်များအဖြစ်စုစည်းဖြစ်တည်လာနိုင်မည့်အာကာသကျောက်ခဲငယ်များအတွက်သိပ်သည်းဆမြင့်မားသော ပတ်ဝန်းကျင်ကိုဖန်တီးပေးသည့်အဓိကကျသော ဆင့်ကဲဖြစ်စဉ်အဆင့်တစ်ခုသာဖြစ်ပါတယ်
599
သိပ္ပံပညာရှင်များဟာကြယ်တစ်လုံးစတင်မွေးဖွားလာနေတဲ့အခိုက်အတန့်ကိုရိုက်ကူးနိုင်ခဲ့ကြပါတယ်
နက္ခတ္တဗေဒပညာရှင်များဟာအလင်းနှစ်450အကွာTaurus Molecular Cloudအတွင်းရှိဂြိုလ်စုမွေးဖွားရာနေရာ(proto planetary disk)တစ်ခုဖြစ်တဲ့ HH 30စီသို့ကမ္ဘာ့အဆင့်မှီTelescope ၃ခုကိုအသုံးပြ၍ကြယ်မွေးဖွားခြင်းပုံရိပ်ကိုရင်သပ်ရှုမောဖွယ်ရိုက်ကူးနိုင်ခဲ့ပါတယ် ဥရောပအယကာသအေဂျင်စီ(ESA)မှ၎င်း၏ဘေးတစောင်းပုံအားစံနမူနာအဖြစ်ပြဌာန်းထားပြီးHH30၏အလယ်ဗဟိုရှိမွေးဖွားကာစကြယ်အသစ်မှာထူထပ်ပြီးမှောင်မိုက်သောအာကာသဖုန်မှု့န်များ၏နောက်တွင်လုံးဝပျောက်ကွယ်လျက်ရှိနေဆဲပါသို့သော်လည်း၎င်းရဲ့တောက်ပသောအလင်းရောင်တန်းဟာမှောင်ရိပ်ကျနေသောအလယ်မျဉ်း၏အပေါ်ဘက်နှင့်အောက်ဘက်မှနေ၍လျှံထွက်နေပြီးအာကာသဟင်းလင်းပြင်ထဲသို့ဓာတ်ငွေ့တန်းများမှုတ်ထုတ်ကာလင်းထိန်စေနေပါတယ်
ပုံဖော်ရန်အတွက်သုတေသီများသည်James Webb Space Telescope မှအနီအောက်ရောင်ခြည်ဆိုင်ရာအချက်အလက်များ Hubble Space Telescope မှမြင်နိုင်သောအလင်းတန်းများနှင့် ချီလီနိုင်ငံရှိ ALMA (Atacama Large Millimeter/submillimeter Array) မှရေဒီယိုလှိုင်းအလျားဆိုင်ရာစောင့်ကြည့်လေ့လာချက်များကိုပေါင်းစပ်ခဲ့ကြပါတယ်
599
တကယ်တော့ဗလာနယ်(Vacuum Space)ဆိုတာတကယ်တမ်းကျဘာမှမရှိတာမျိုးမဟုတ်ပါ
Quantum physicsအရစကြာဝဠာကြီးရဲ့ထောင့်စေ့နေရာတိုင်းမှာမျက်စိဖြင့်မမြင်နိုင်တဲ့
Quantum စက်ကွင်းများ၊ဆူပွက်လှုပ်ရှားနေတဲ့စွမ်းအင်များ၊စဉ်ဆက်မပြတ်ဖြစ်ပေါ်လျက်ရှိနေတဲ့အမှုန်များရဲ့အတက်အကျလှိုင်းများနဲ့နောက်ခံဓာတ်ရော်ခြည်များဖြင့်ပြည့်နှက်နေတာပါ ဒြပ်ထု၊လေထုနဲ့အလင်းတန်းအားလုံးကိုဖယ်လိုက်မယ်ဆိုရင်တောင်မှအာကာသဟင်းလင်းပြင်ရဲ့အခြေခံတည်ဆောက်ယက်လုပ်ထားပုံဟာပြီးပြည့်စုံစွာနဲ့ဆက်လက်လှုပ်ရှားအသက်ဝင်လျက်ရှိနေဦးမှာပါ
video ကတော့ကွမ်တမ်လေဟာနယ်ထဲက ဒြပ်မဲ့အမှုန်လေးတွေကို ကွန်ပျူတာနဲ့ ပုံဖော်ပြသထားခြင်းပါ
599
ထိုသို့လေ့လာရာမှတူညီတဲ့အချက်နှစ်ခုတွေ့ခဲ့ရပါတယ်အဲ့တာတွေကတော့Galaxyတစ်ခုနှင့်တစ်ခုထိပ်တိုက်အပြင်းအထန်ပွတ်တိုက်မိကြခြင်း(Head-on collision)နှင့်အဲ့နောက်မှာကကြယ်စုဝိုင်းရဲ့မျက်နှာပြင်ဟာ၉၀ဒီဂရီကျော်အနေအထားထိပြောင်းလဲသွားရတဲ့ Disc Flipဖြစ်စဉ်တို့ပဲဖြစ်ပါတယ်ဒါတွေဟာMilky-way Galaxy တွေ့ကြုံခဲ့ရတဲ့ကြမ်းတမ်းတဲ့အတိတ်သမိုင်းကြောင်းနဲ့လည်းကိုက်ညီနေပါသေးတယ် လွန်ခဲ့တဲ့နှစ်ပေါင်း၁၀ဘီလီယံမှ၁၁ဘီလီယံအတွင်းမှာMilk-Way Galaxy ဟာ Gaia-Sausage-Enceladusလို့ခေါ်တဲ့Galaxyအသေးစားတစ်ခုနဲ့ပွတ်တိုက်ပြီးထိုGalaxyလေးအားဝါးမြိုခဲ့တာပါထိုရှေးဟောင်းပွတ်တိုက်မှုကြီးကြောင့်ပဲယနေ့မြင်တွေ့နေရတဲ့အတိုင်းအစောင်းပုံစံဖြစ်နေရတာပါ MilkyWay Galaxy ဟာဆိုရင်လည်းအမြဲငြိမ်းချမ်းပြီးငြိမ်သက်နေတဲ့ခရုပတ်ပုံGalaxyတစ်ခုမဟုတ်ခဲ့ပါစကြာဝဠာအတွင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့Galaxyချင်းပွတ်တိုက်မှုဖြစ်စဉ်ကနေလွတ်မြောက်ရှင်သန်လာခဲ့တဲ့Galaxyတစ်ခုသာဖြစ်နေနိုင်ပါတယ်
599
လေ့လာတွေ့ရှိချက်အသစ်အရ နဂါးငွေ့တန်းGalaxyရဲ့ပြန့်ပြူးကြယ်စုဝိုင်း(Stellar Disc)ဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်း၁၀ဘီလီယံတုန်းကအထက်အောက်ပြောင်းပြန်လန်ခဲ့ဖူးပါတယ်ထိုဖြစ်ရပ်ဟာအကြွေစေ့တစ်စေ့လိုမျိုးတခဏတည်းနဲ့အထက်အောက်ချက်ချင်းလန်သွားတာမျိုးမဟုတ်ပါထိုဖြစ်စဥ်ဒြပ်ဆွဲအားကြောင့်သက်တမ်းနုနယ်သေးတဲ့galaxyပုံသဏ္ဍာန်ကိုနှစ်သန်းပေါင်းများစွာကြာအောင်တဖြည်းဖြည်းနဲ့အသွင်ပြောင်းခဲ့တဲ့Galaxyပိုင်းဆိုင်ရာအနှေးပြောင်းလဲမှုမျိုးပါဒီအချက်အတွက်အချက်အလက်သဲလွန်စကိုတော့ တောက်ပတဲ့ခရုပတ်ပုံစံကြယ်ဝိုင်း(spiral disc) ကို ဝန်းရံထားတဲ့သက်တမ်းရင့်ကြယ်အိုတွေ စုဝေးနေတဲ့အလင်းမှိန်မှိန်လုံးဝန်းဝန်းပုံသဏ္ဍာန် "ဂလက်ဆီကြယ်စုအနားသတ်ဝန်း" (stellar halo)ကနေတဆင့်ရရှိခဲ့တာဖြစ်ပါတယ်ဥရောပအာကာသအေဂျင်စီ (ESA) ရဲ့ ဂိုင်ယာ (Gaia) မစ်ရှင်ကရရှိတဲ့ အချက်အလက်တွေအရဒီအနားသတ်ဝန်းဟာ ပင်မကြယ်စုဝိုင်းနဲ့နှိုင်းယှဉ်ရင်ပုံမှန်မဟုတ်ဘဲ အလွန်နှေးကွေးစွာလည်ပတ်နေကြောင်းပြသနေပါတယ်။ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုတာကို နားလည်နိုင်ဖို့အတွက် Durham Universityကနက္ခတ္တဗေဒပညာရှင်တွေဟ(Aurigaစူပါကွန်ပျူတာအတုယူဖန်တီးမှု စနစ်တွေထဲကနဂါးငွေ့တန်းနဲ့ဆင်တူတဲ့ ဂလက်ဆီ၂၅ ခုကိုလေ့လာခဲ့ကြပါတယ်
599
၂၀၁၀၊၂၀၁၂နှင့်၂၀၂၀ခုနှစ်များမှHubble၏ရိုက်ကူးချက်များကို Gaia အာကာသဉ်ရဲ့တိကျတဲ့ကြယ်တာရာမြေပုံနှင့်ပေါင်းစပ်ပြီးထိုကြယ်ရဲ့ကောင်းကင်ယံကိုဖြတ်သန်းသွားတဲ့သေးငယ်တဲ့ရွေ့လျားမှုတိုင်းတာခဲ့ကြရာယင်းကြယ်၏အရှိန်နဲ့ဦးတည်ချက်အရ HB9မှရောက်ရှိလာခြင်းမဟုတ်တာကိုတွေ့ရပါတယ် ပိုမိုထူးဆန်းသည့်အချက်မှာထိုရွေ့လျားမှုကိုနောက်ကြောင်းခြေရာလိုက်သော်လည်း၎င်းရဲ့ဖြစ်တည်မှုကိုဖြေရှင်းနိုင်မဲ့SuperNovaအကြွင်းအကျန်(သို့)သက်တမ်းနုကြယ်အစုအဝေးများကိုထင်ထင်ရှားရှားမတွေ့ရခြင်းပါ ၎င်းသည်သက်တမ်းပိုရင့်နေခြင်းဖြစ်နိုင်သလိုကြယ်ဖြူပုများCollapseဖြစ်မှု(သို့) Neutronကြယ်အချင်းချင်းပေါင်းစည်းမှုကနေလည်းဖြစ်လာနိုင်သည်ဟုယူဆထားပါတယ်
ထိုကြယ်ဟာ သဘာဝတရားကြီးကစကြာဝဠာထဲတွင်သံလိုက်စက်ကွင်းအားအပြင်းထန်ဆုံးသောကြယ်များမည်သို့ဖန်တီးပုံဖော်သနည်းဟူသောအချက်အားပြန်လည်သုံးသပ်ရန်အတွက်နက္ခတ္တဗေဒပညာရှင်များကိုတွန်းအားပေးနေပါတော့တယ်
599
နဂါးငွေ့တန်းGalaxyအတွင်းမှာမူလဖြစ်တည်ရာကိုရှာတွေ့နိုင်ခြင်းမရှိသေးပဲရွေ့လျားလျက်ရှိနေတဲ့ Magnetarကြယ်တစ်လုံးရှိနေပါတယ်
Magnetarကြယ်ဆိုသည်မှာ သံလိုက်စက်ကွင်းအလွန်ပြင်းထန်သောNeutronကြယ်တစ်လုံးဖြစ်ပြီးသာမန်သက်တမ်းကုန်ပြီးကြယ်များနှင့်ယှဥ်လျှင်ပိုမိုပြင်းထန်ကြပါတယ်၎င်းတို့ဟာများသောအားဖြင့်ဒြပ်ထုကြီးမားတဲ့ကြယ်ကြီးများကြယ်ပေါက်ကွဲခြင်းဖြစ်စဥ်(SuperNova)ကြောင့်ဖြစ်တည်လာကြသည်ဟုယူဆထားကြပါတယ် ထိုကြယ်ဟာကမ္ဘာမှခန့်မှန်းချေ အလင်းနှစ်၁၅,၀၀၀အကွာမှာဦးတည်ရာမဲ့လွင့်မြောနေပါတယ် ထိုကြယ်ကိုတော့ SGR 0501+4516လို့အမည်ပေးထားပြီး၂၀၀၈ ခုနှစ်တွင် NASA ၏ Swift နက္ခတ်တာရာလေ့လာရေးစခန်းကနေဂမ္မာရောင်ခြည်လှိုင်းတိုများ တဒင်္ဂပေါက်ကွဲထုတ်လွှတ်မှုကို စတင်တွေ့ရှိခဲ့ရာမှ
သိရှိခဲ့ရသောMagnetarကြယ်တစ်လုံး ဖြစ်ပါတယ် အစပိုင်းတွင်ထိုကြယ်ဟာHB9လို့ခေါ်တဲ့ကြယ်ပေါက်ကွဲမှုအကြွင်းအကျန်အနီး၌တည်ရှိသဖြင့်ထိုနေရာမှမြစ်ဖျားခံဖြစ်တည်လာတယ်လို့ယူဆထားတာပါသိုသော်Hubbleမှန်ပြောင်းကထိုယူဆချက်တွေကိုပြောင်းလဲပစ်ခဲ့ပါတယ်
599
WarpDrive
WarpDrive ဆိုတာအာကသယာဥ်တစ်စင်းကိုအလင်းထက်မြန်တဲ့အရှိန်နဲ့တွန်းကန်မောင်းနှင်မှုစနစ်ဖြစ်ပါတယ်၎င်းရဲ့အလုပ်လုပ်ပုံကတော့ယာဉ်ရဲ့ရှေ့မျက်နှာစာမှာရှိတဲ့SpaceTimeကိုကျုံ့သွားစေပြီးနောက်ကျောဘက်ကိုတော့ချဲ့ကားခြင်းမျိုးပါ ယာဉ်ကိုယ်တိုင်ရွေ့လျားခြင်းမျိုးမဟုတ်ပဲယာဉ်ကိုဝန်းရံထားတဲ့အာကာသဟင်းလင်းပြင်ပူဖောင်း(Space bubble)တစ်ခုလုံးကိုသာရွေ့လျားစေခြင်းပါထိုသို့ရွေ့လျားအောင်ပြုလုပ်ဖို့အတွက်စွမ်းအင်အမြောက်အများလိုအပ်မှာပါလက်ရှိအချိန်အထိမထုတ်လုပ်နိုင်သေးသလိုထိန်းချုပ်နိုင်ခြင်းလည်းမရှိသေးတဲ့အနုတ်သဘောဆောင်စွမ်းအင်(negative energy)နဲ့ထူးခြားဆန်းပြားတဲ့ဒြပ်ဝတ္ထု(exotic matter)ပမာဏအမြောက်အများလိုအပ်ပါလိမ့်မယ်လူသားတို့သက်တမ်းတစ်လျှောက်ထုတ်ယူသုံးစွဲခဲ့တဲ့စွမ်းအင်ပမာဏစုစုပေါင်းရဲ့အဆပေါင်းများစွာကိုပင်လိုအပ်လိမ့်မည်ဟုယူဆကြပါတယ်ထိုသို့သွားလာခြင်းသည်သီအိုရီအရသာရှိနေနိုင်သေးပြီးအမှန်တကယ်အပြင်မှာလက်တွေ့စမ်းသပ်ဖို့ရာကတော့ဝေးနေပါသေးတယ်
