532
Підписники
-124 години
-27 днів
+6430 день
Архів дописів
532
WarpDrive
WarpDrive ဆိုတာအာကသယာဥ်တစ်စင်းကိုအလင်းထက်မြန်တဲ့အရှိန်နဲ့တွန်းကန်မောင်းနှင်မှုစနစ်ဖြစ်ပါတယ်၎င်းရဲ့အလုပ်လုပ်ပုံကတော့ယာဉ်ရဲ့ရှေ့မျက်နှာစာမှာရှိတဲ့SpaceTimeကိုကျုံ့သွားစေပြီးနောက်ကျောဘက်ကိုတော့ချဲ့ကားခြင်းမျိုးပါ ယာဉ်ကိုယ်တိုင်ရွေ့လျားခြင်းမျိုးမဟုတ်ပဲယာဉ်ကိုဝန်းရံထားတဲ့အာကာသဟင်းလင်းပြင်ပူဖောင်း(Space bubble)တစ်ခုလုံးကိုသာရွေ့လျားစေခြင်းပါထိုသို့ရွေ့လျားအောင်ပြုလုပ်ဖို့အတွက်စွမ်းအင်အမြောက်အများလိုအပ်မှာပါလက်ရှိအချိန်အထိမထုတ်လုပ်နိုင်သေးသလိုထိန်းချုပ်နိုင်ခြင်းလည်းမရှိသေးတဲ့အနုတ်သဘောဆောင်စွမ်းအင်(negative energy)နဲ့ထူးခြားဆန်းပြားတဲ့ဒြပ်ဝတ္ထု(exotic matter)ပမာဏအမြောက်အများလိုအပ်ပါလိမ့်မယ်လူသားတို့သက်တမ်းတစ်လျှောက်ထုတ်ယူသုံးစွဲခဲ့တဲ့စွမ်းအင်ပမာဏစုစုပေါင်းရဲ့အဆပေါင်းများစွာကိုပင်လိုအပ်လိမ့်မည်ဟုယူဆကြပါတယ်ထိုသို့သွားလာခြင်းသည်သီအိုရီအရသာရှိနေနိုင်သေးပြီးအမှန်တကယ်အပြင်မှာလက်တွေ့စမ်းသပ်ဖို့ရာကတော့ဝေးနေပါသေးတယ်
532
Quantum Immortality (အသက်ရှင်လျက်ရှိနေမဲ့timelineတစ်ခု)
သင်သေခါနီးဆဲဆဲအချိန်မျိုးနဲ့ကြုံဖူးပါသလား မတော်တဆမှုမျိုးဖြစ်ဖြစ်အဆိပ်ပြင်းမြွေပေါက်တာခံရကာနီးဖြစ်ဖြစ်ရေနစ်တာမျိုးအစရှိသဖြင့်ကြုံဖူးပြီးလွတ်မြောက်ခဲ့ရင်တော့ ဒီစာကိုသင်ဖတ်နေရပါလိမ့်မယ်ဂုဏ်ယူပါတယ်သင်ဟာအသက်ဘေးအန္တရာယ်ကင်းတဲ့အချိန်စီးကြောင်းအတွင်းမှာရောက်နေတာပါ ဒါပင်မဲ့တစ်ခုသောအချိန်စီးကြောင်းတစ်ခုမှာတော့သင်ဟာကံဆိုးခဲ့ပါတယ်သင့်မိသားစုဝင်တွေဟာဘယ်တော့မှမကြားချင်တဲ့သတင်းစကားကိုကြားနေရပါပြီသင့်သူငယ်ချင်းတွေဟာလည်းသင့်ကိုလွမ်းနေကြပါပြီ သင်ဟာထိုအရာတွေကိုမကြုံတွေ့ရတဲ့အကြောင်းတရားကတော့သင့်ရဲ့အသိစိတ်ဟာအသက်ရှင်လျက်ရှင်သန်တဲ့အချိန်စီးကြောင်းစီမှာပဲဆက်လက်ဖြစ်တည်နေတာမို့လို့ပါထိုအဖြစ်အပျက်မျိုးဟာ ဖြစ်တည်မှု၂ခုစီခွဲသွားနိုင်ပြီးတစ်ခုမှာတော့သင်ဟာသေဆုံးသွားပြီးတစ်ခုမှာတော့ကံကောင်းထောက်မစွာရှင်ကျန်နေဦးမှာပါသင်ကတော့သတိထားမိမှာမဟုတ်ပါထားစရာလည်းမရှိတော့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒီအရာကိုတော့ Quantum Immortality လို့ခေါ်ပါတယ်ဒီအဆိုကတော့ ၁၉၅၇ခုနှစ်မှာရူပဗေဒပညာရှင် Hugh Everett
ရဲ့ ကမ္ဘာများစွာတည်ရှိမှုအနက်ဖွင့်ဆိုချက်(Many-Worlds Interpretation - MWI)ပေါ်မှာအခြေခံထားတာပါ
532
ထိုBarcodeအချက်အလက်များကိုစစ်ဆေးလိုက်ချိန်မှာတော့ Carbon atomလေးခုပါဝင်နေတဲ့
Erythruloseသကြားဓာတ်အများအပြားကိုအံ့အားသွင့်ဖွယ်တွေ့ရှိခဲ့ပါတယ်နဂိုကပညာရှင်များဟာမော်လီကျူးများဟာကာဗွန်အက်တမ်တစ်ခုပြီးတစ်ခုပေါင်းထည့်သောကြောင့်ကြီးထွားလာသည်ဟုယူဆထားကြတာပါဟိုသော်ယခုတွေ့ရှိချက်မှာတော့ကာဗွန်အက်တမ်၃ခုပါတဲ့သကြားဓာတ်ကိုသိပ်မတွေ့ရပဲ၄ခုပါသောသကြားဓာတ်ကိုတွေ့ရသောကြောင့် အက်တမ်၂ခုစီပါဝင်တဲ့မော်လီကျူးနှစ်ခုပေါင်းစပ်သွားတာမျိုးဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်
လက်ရှိအာကာသအတွင်းမှာတော့မော်လီကျူးပေါင်း၃၀၀ကျော်အထိတွေ့ရှိထားပြီးအများစုဟာလုတွေအတွက်အဆိပ်သင့်စေနိုင်တဲ့အရာတွေပါဒါပင်မဲ့တိုးတက်လာတဲ့နည်းပညာများနှင့်ထိုမော်လီကျူးတိမ်တိုက်များကိုနက်ရှိုင်းစွာလေ့လာခြင်းများကနေသက်ရှိတွေကိုဖြစ်တည်လာစေမဲ့ရှုပ်ထွေးလှတဲ့ဓာတ်ပေါင်းများကိုပါတွေ့ရှိလာနေပြီဖြစ်ပါတယ်
532
အာကသအတွင်းကBarcodeတွေကိုဖော်ထုတ်ဖို့ဆိုရင်တော့အရင်ဆုံးထိုမော်လီကျူးများကိုဓာတ်ခွဲခန်းအတွင်းမှာအငွေ့ပျံစေပြီးစမ်းသပ်ကြည့်ဖို့လိုပါတယ်သိုသော်သကြားဟာပျစ်ချွဲချွဲအရည်သဘာဝရှိသောကြောင့်စမ်းသပ်ဖို့ရာခက်ခဲပါတယ်သိုသော်တာကွန်ပေါင်ဒါ(Talcum Powder)လို့ခေါ်တဲ့အမှုန့်တစ်မျိုးနဲ့ရောစပ်ကာအခဲဖြစ်အောင်အရင်လုပ်ပြီးလေ့ဆာနဲ့ပစ်ခတ်ကာအငွေ့ပျံအောင်လုပ်လိုက်ရင်တော့၎င်းရဲ့အလင်းလှိုင်းBarcodeကိုရရှိနိုင်ပါတယ်
532
G+0.693-0.027 လို့နာမည်ပေးထားတဲ့တိမ်တိုက်ကြီးဟာဓာတုပစ္စည်းများပေါကြွယ်ဝပြီးကြယ်သစ်နဲ့ဂြိုလ်သစ်များကိုမွေးဖွားပေးနေပါတယ်ထိုတိမ်တိုက်ကြီးရဲ့မှောင်မှိက်အေးစက်နေတဲ့နေရာမှာရှိတဲ့ဖုန်မှုန့်များဟာAtomsတွေတွယ်ကပ်နေတဲ့မျက်နှာပြင်များကိုဖန်တီးရုံသာမကကြီးထွားလာတဲ့ဓာတ်ပေါင်းများကိုပျက်စီးစေနိုင်သောခရမ်းလွန်ရောင်ခြည်(UV RAY)များကိုပါအကာအကွယ်ပေးထားပါတယ်
ပညာရှင်များဟာထိုတိမ်တိုက်ကြီးတွေကိုလေ့လာဖို့စပိန်နိုင်ငံရှိဧရာမTelescopeကြီးနှစ်ခုကိုအသုံးပြုခဲ့ရပါတယ် အလင်းရောင်နဲ့မတူပဲဓာတ်ငွေ့တိမ်တိုက်ကြီးများကိုရေဒိီယိုလှိုင်းများဟာအလွယ်တကူဖြတ်သန်းသွားနိုင်ပါတယ်အာကာသထဲမှာရှိတဲ့မော်လီကျူးများဟာလည်ပတ်နေရင်းနဲ့မှိန်ပျပျရေဒီယိုလှိုင်းလေးများကိုထုတ်လွှင့်ပေးပါတယ် တစ်ခုချင်းစီမှာကိုယ်ပိုင်BarCodeပုံစံလေးတွေကိုယ်စီရှိကြပြီးထိုလှိုင်းများကိုအရောင်အဖြစ်ပြန်ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာထိုမော်လီကျူးအမျိုးအစားကိုအတိအကျသိနိုင်ပါတယ်
532
အာကာသဟင်းလင်းပြင်ထဲကသကြားတွေ
သကြားဆိုတဲ့အရာကကျနော်တို့အများစုချက်ချင်းမျက်မှန်းတန်းမိကြမှာကတော့ မုန့်လုပ်ဖို့ရယ်အချိုကဲဖို့ခပ်တဲ့အရာလောက်ပါပဲ
တကယ်တော့မတူညီတဲ့သကြားဓာတ်အမျိုးမျိုးဟာကျနော်တို့ရဲ့ဆဲလ်တွေကိုစွမ်းအင်ပေးသလိုမျိုးရိုးဗီဇဆိုင်ရာအခြေခံအုတ်မြစ်များဖြစ်ကြတဲ့DNAနှင့်RNAလိုဇီဝဗေဒဆိုင်ရာအုတ်မြစ်များတည်ဆောက်ရာမှာလည်းမရှိမဖြစ်လိုအပ်ပါတယ် Erythruloseလို့ခေါ်တဲ့သကြားဓာတ်တစ်မျိုးကိုကမ္ဘာကနေအလင်းနှစ်26,745အကွာနဂါးငွေ့တန်းဂလက်စီရဲ့ဗဟိုချက်နားကအာကာသဟင်းလင်းပြင်နားမှာထောက်လှမ်းတွေ့ရှိခဲ့တာပါထိုသကြားဓာတ်ဟာကမ္ဘာပေါ်က Raspberryသီး၊Kimiသီးနှင့်အနီရောင်ရှိသောအသီးများ၊အသားကိုညိုစေတဲ့အလှကုန်လိမ်းဆေး(Self-tanners)များမှာပါဝင်ပါတယ် စပိန်နိုင်ငံမှဦးဆောင်သုသေတီတစ်ဦးဖြစ်တဲ့ Izaskun Jiménez-Serra ရဲ့အဆိုအရဧရာမမော်လီကျူးတိမ်တိုက်ကြီးများဟာသကြားဓာတ်များကိုဖန်တီးပေးနိုင်တဲ့ဧရာမဓာတုစက်ရုံကြီးများဖြစ်နေပါတယ်ဟုဆိုပါတယ်
532
နောက်နေ့ဒီလိုထူးထူးဆန်းဆန်းTheoryတွေတင်မှာပါ ဖတ်ပြီးတော့တွေးစရာတစ်ခုရတာပေါ့ အမှန်တကယ်လို့တော့မှတ်မယူလိုက်ပါနဲ့ Theroy အတွေးအခေါ်လောက်သာရှိသေးတဲ့အတွက် ဖတ်စရာတစ်ခုအနေနဲ့သာ ရှုပါလေ
532
Modern Physicsရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုအရ မနက်ဖြန်ဆိုတာဟာ တကယ်တော့ဖြစ်ပြီးနေခဲ့ပြီးပါပြီ အချိန်ခရီးသွားလိုက်ခြင်းကြောင့်လည်းမဟုတ်သလို အရာရာပျက်သုန်းသွားခြင်းကြောင့်လည်းမဟုတ်ပါ အဲ့အရာကို Block Universeလို့ခေါ်ပါတယ်
အဲ့မှာအချိန်ဟာမြစ်တစ်ခုလိုစီးဆင်းနေတာမျိုးမဟုတ်ပဲ အတိတ် ပစ္စုပ္ပန်နဲ့အနာဂတ်တို့ဟာတစ်ချိန်တည်းမှာပဲဖြစ်တည်နေတာပါ
အဲ့လိုသာဆိုရင်ပထမမြန်မာကျူးကျော်စစ်ဟာလက်ရှိဖြစ်နေဆဲဖြစ်ပြီးကိုလံဘတ်ဟာလည်းအမေရိကားတိုက်ကိုရှာဖွေနေဆဲပါ ဥပမာပေးရရင် စာအုပ်တစ်အုပ်လိုပါပဲ အကုန်စာစီရေးထားပြီးသားပါ သင်ကသာတစ်ရွက်ချင်းဖတ်နေ၍မသိသေးတာပါ ရုပ်ရှင်တစ်ကားလိုပါပဲအစကနေအဆုံးအထိအကုန်ဖြစ်တည်နေပြီးသားပါ သရုပ်ဆောင်နေရာကကြည့်မယ်ဆိုရင်သူဟာ တဖြည်းဖြည်းခြင်းအချိန်ကုန်ဆုံးနေတာဖြစ်ပြီး ကြည့်ရှုသူဘက်ကနေကြည့်ရင်တော့ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်နေတာမျိုးပါအချို့ရူပဗေဒပညာရှင်များဟာဤအဆိုကိုအမှန်တကယ်လို့ယူဆကြပါတယ် အကယ်၍အမှန်တကယ်သာဆိုရင်တော့မနက်ဖြန်ဆိုတာဟာဖြစ်နေခဲ့ပြီးပါပြီ တစ်ဘဝလုံးပြောမဲ့စကားတွေဟာပြောခဲ့နေပြီးပါပြီ သင်ဟာအနာဂတ်ကြီးကိုပုံဖော်နေတာမျိုးမဟုတ်ပဲကြုံတွေ့နေရတာပါ
532
ပိုပြီးထူးဆန်းတာကထိုပြောင်းပြန်စီးဆင်းမှုဟာသမာရိုးကျမဟုတ်ပဲ ထောင့်ဖြတ်သဏ္ဍာန်ဖြစ်နေပြီးအနီးအနားကဂလက်စီပတ်ဝန်းကျင်များအထိဖြတ်သန်းသွားနေတာပါ
သံလိုက်စက်ကွင်းများဟာ ဓာတ်ငွေ့များရွှေ့လျားခြင်း ကြယ်များဖြစ်ပေါ်ခြင်းနှင့်Cosmicရောင်ခြည်များဖြတ်သန်းသွားလာခြင်းများကိုပုံဖော်တဲ့အတွက်ယင်းအချက်ဟာအလွန်မှအရေးကြီးလှပါတယ်
စကြာဝဠာကြီးဟာအလွန်ကိုမှကျယ်ပြန့်လှပြီးအမျိုးမျိုးသောဖြစ်နိုင်ချေများနှင့်ပြည့်နှက်နေတာပါကျွန်ုပ်တို့ရဲ့နားလည်မှုပမာဏဟာအနည်းငယ်မျှသာရှိသေးပြီးထိုသို့ရှာဖွေတွေ့ရှိမှုများဟာမသိသေးသောအရာပေါင်းများစွာကျန်ရှိနေသေးကြောင်းကိုမီးမောင်းထိုးပြနေခြင်းပဲဖြစ်အါတယ်
532
သိပ္ပံပညာရှင်များဟာ နဂါးငွေ့တန်းဂလက်စီအတွင်းမှာကွယ်ဝှက်နေတဲ့ ထူးဆန်းသောသံလိုက်စက်ကွင်းအတွန့်အလိမ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ် ၎င်းဟာတောက်ပနေတဲ့အရာဝတ္ထုတစ်ခု(သို့)ကြယ်များဖြင့်ဖွဲ့စည်းထားတဲ့တည်ဆောက်ပုံအသစ်မျိုးမဟုတ်ပဲ Gasများဖုန်မှုန့်များနှင့် Cosmic Rayရောင်ခြည်များအကြားဖြတ်သန်းစီးဆင်းနေတဲ့သာမန်မျက်စိနဲ့မမြင်နိုင်သောဂလက်စီ၏သံလိုက်စက်ကွင်းပြောင်းပြန်ဖြစ်ပေါ်မှုပါကနေဒါနိုင်ငံရှိ Dominion ရေဒီယို နက္ခတ္တရုပ်ဗေဒလေ့လာရေးစခန်း (Dominion Radio Astrophysical Observatory) မှရေဒီယိုလှိုင်းလေ့လာချက်များကိုအသုံးပြု၍သုတေသီများသည်မြောက်ဘက်ကောင်းကင်ပြင်တစ်လျှောက်ရှိ Faraday လည်ပတ်မှု (Faraday rotation)ကိုမြေပုံဖော်ထုတ်ခဲ့ကြပါတယ်ရေဒီယိုလှိုင်းများဟာElectronsနဲ့သံလိုက်စက်ကွင်း(Magnetic Fields)များကိုဖြတ်သန်းသွားတဲ့အခါမှာတိုင်းတာလို့ရတဲ့လှိုင်းများအဖြစ်တွန့်လိမ်သွားကြပါတယ် အံ့အားသင့်ဖွယ်ရာ တွေ့ရှိချက်က တောါSagittarius Arm(လက်တံ)မှာဖြစ်ပွားခဲ့တာပါနဂါးငွေ့တန်းဂလက်စီရဲ့အကြီးစားသံလိုက်စက်ကွင်းအများစုဟာအပေါ်စီးမှကြည့်လိုက်ရင်နာရီလက်တံအတိုင်းလည်ပတ်နေသော်လည်းထိုဒေသမှာတွင်မူပြောင်းပြန်ဖြစ်သွားပြီးဆန့်ကျင်ဘက်အရပ်သို့စီးဆင်းနေတာပါ
532
Hubble telescope ရဲ့ ၁၁ နှစ်ကြာ တိုင်းတာချက်တွေအပြင် ကမ္ဘာမြေအခြေစိုက် တယ်လီစကုပ်တွေရဲ့ နောက်ဆုံးရလေ့လာမှုတွေအရ နက္ခတ္တဗေဒပညာရှင်တွေဟာ အဆိုပါမှန်ဘီလူးသဖွယ်ဖြစ်နေတဲ့အရာဝတ္ထုရဲ့ ဒြပ်ထုဟာ နေရဲ့ဒြပ်ထုထက် ၇ ဆခန့် ရှိကြောင်း တိုင်းတာသိရှိခဲ့ရပါတယ် ဒီအရာဝတ္ထုဆီကနေ ဘာအလင်းမှ ရှာမတွေ့နိုင်တဲ့အချက်နဲ့ ဒီဒြပ်ထုပမာဏတို့ပေါင်းစပ်လိုက်တဲ့အခါ ၎င်းဟာ တွင်းနက်တစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်
မိမိရဲ့တည်ရှိနေမှုကိုသိသာထင်ရှားစေတဲ့အဖော်ကြယ်မရှိပဲတစ်ကိုယ်တည်းတည်ရှိနေကြောင်းပထမဆုံးအတည်ပြုနိုင်ခဲ့တဲ့တွင်းနက်လည်းဖြစ်ပါတယ်
MilkyWayကြယ်စင်စုအတွင်းမှာထိုသို့သော်တွင်းနက်ပေါင်းသန်းနှင့်ချီပြီးတည်ရှိနေနိုင်ပါတယ် ယခုအခါမှာတော့၎င်းတို့တိတ်ဆိတ်စွာနဲ့ကွေးညွတ်လိုက်တဲ့ကြယ်တို့ရဲ့အလင်းတန်းကိုစောင့်ကြည့်ရင်းထိုတွင်းနက်များကိုဖော်ထုတ်နိုင်ပြီပဲဖြစ်ပါတယ်
532
Sagittariusကြယ်စင်စုအတွင်းမှာဦးတည်ရာမဲ့လွင့်မြောနေတဲ့တွင်းနက်ကြီးတစ်ခုရှိတယ်ဆိုတာအတည်ပြုနိုင်ခဲ့ပါပြီထိုတွင်းနက်ကိုတော့
OGLE-2011-BLG-0462 လို့ခေါ်ပြီး နဂါးငွေ့တန်းGalaxyရဲ့ဗဟိုချက်မှအလင်းနှစ်5000အကွာမှာလွင့်မြောလျက်ရှိနေပါတယ်
ထိုအရာဝတ္ထုဟာ အလင်းထုတ်လွှတ်ခြင်းမရှိတဲ့အတွက် နက္ခတ္တဗေဒပညာရှင်တွေအနေနဲ့ ၎င်းကို တိုက်ရိုက်ဓာတ်ပုံရိုက်ကူးလို့မရပါဘူး အဲဒီအစား ဟာဘယ်လ်တယ်လီစကုပ် (Hubble) က ၎င်းရဲ့ဆွဲငင်အားကြောင့် နောက်ခံကြယ်တစ်စင်းရဲ့အလင်း ကွေးညွတ်သွားပြီး ပိုမိုလင်းထိန်လာပုံကို ဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနည်းပညာကို ဆွဲငင်အားသုံး မှန်ပြောင်းနည်းစနစ် (gravitational microlensing) လို့ ခေါ်ဆိုပါတယ်
ဒီဖြစ်စဉ်ဟာ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက အဆိုပါတွင်းနက်ဟာ ဝေးကွာတဲ့နောက်ခံကြယ်ရဲ့ ရှေ့ကနေ ဖြတ်သန်းသွားခဲ့ပါတယ် တွင်းနက်က ကျွန်ုပ်တို့နဲ့ အဲဒီကြယ်ကြားက ဟာလာဟင်းလင်းပြင် (space) ကို ကွေးညွတ်ပစ်လိုက်တဲ့အတွက် ကြယ်ဟာ ပိုမိုလင်းထိန်လာပြီးနောက် ပြန်လည်မှိန်သွားခဲ့ကာ ၎င်းရဲ့တည်နေရာကလည်း အနည်းငယ်ရွေ့လျားသွားသလိုမျိုး မြင်တွေ့ခဲ့ရပါတယ်
အဲဒီ သေးငယ်တဲ့ တည်နေရာရွေ့လျားမှုဟာ အဓိကသော့ချက်ပါပဲ
532
လွန်ခဲ့တဲ့47နှစ်ဒီလိုနေ့မှာ Voyager 2ဟာJupiterဂြိုလ်ကြီးအားမိုင်ပေါင်း570,000အကွာကနေဖြတ်သွားခဲ့ပြီးလေ့လာရန်အချက်အလက်နဲ့သတင်းဓာတ်ပုံများစွာကိုပေးပို့ခဲ့ပါသေးတယ်
Voyager 1ဖြတ်သွားပြီး4လအကြာမှာပါ
532
အခုလောလောဆယ်ဆော့Sun diver projectကိုနောက်နှစ်အခါမှာစတင်စမ်းသပ်ပါတော့မယ် ကမ္ဘာပြင်ပဂြိုလ်တစ်လုံးရဲ့ကြည်လင်ပြတ်သားတဲ့ပုံတစ်ပုံကိုမြင်ရဖို့ အနည်းဆုံးနှစ်၅၀လောက်ကြာပါဦးမယ်
532
+1
စကြာဝဌာအတွင်းမှာရှိတဲ့ကြယ်တိုင်းမှာTGLSကိုအသုံးပြုနိုင်ပါတယ် TGLSအချင်းချင်းဆက်သွယ်မှုပြုပြီးပို့ချင်တဲ့Dataကိုအလင်းအနေနဲ့ပို့လက်ခံသူကencodeလုပ်ရမှာဖြစ်ပါတယ်
ထိုအရာကိုGalatic Internet လို့ခေါ်ပါတယ်
532
အားသာတဲ့အချက်ကတော့ဂြိုလ်တစ်လုံးတည်းရိုက်ကူးနိုင်တာမျိုးမဟုတ်ပဲထို planetary systemအထဲမှာရှိသမျှဂြိုလ်တိုင်းကိုရိုက်ကူးလေ့လာနိုင်မှာပါ လေထုမျက်နှာပြင်ကိုလေ့လာရင်းအကယ်၍သက်ရှိတွေ့ရှိတယ်ဆိုတဲ့အထောက်အထားတွေ့ခဲ့လျှင်လည်းထိုသက်ရှိများမှထုတ်လွှတ်တဲ့ဓာတ်ငွေ့များရဲ့အများဆုံးထွက်နေရာဇာစ်မြစ်ကိုရှာဖွေနိုင်ပါဦးမယ်အဓိက ကတော့Methaneဓာတ်ငွေ့ပါကမ္ဘာပေါ်မှာတော့သက်ရှိမျိုးစိတ်များကသာဒီဓာတ်ငွေ့မျိုးထုတ်လွှတ်နိုင်တာမို့လို့ပါGLTSသာအောင်မြင်ခဲ့ပါကလူသားသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးမှတ်တိုင်အဖြစ်စိုက်ထူနိုင်မှာဖြစ်ပြီးလပေါ်ဆင်းသက်ခြင်းAtomအားခွဲထုတ်ခြင်းနဲ့လူရဲ့DNAဖွဲ့စည်းမှုကိုရှာဖွေခြင်းတို့ထက်ပင်သာလွန်မှာပဲဖြစ်ပါတယ်
စုစုပေါင်းကုန်ကျနိုင်ခြေစရိတ်ကတော့နှစ်40စာအတွက်ဒေါ်လာ40ဘီလီယံခန့်တစ်နှစ်လျှင်1ဘီလီယံကုန်ကျမှာဖြစ်ပါတယ် ISS အာကာသစခန်းထက်5ဆ
(200B)ပိုမိုသက်သာပြီးလပေါ်ဆင်းသက်ခဲ့တဲ့Apollo missionထက်အဆ20(800B)ပိုမိုသက်သာမှာပါ
ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်တဲ့အမေရိကန်စစ်တပ်ပင်လျှင်တစ်ရက်ကိုဒေါ်လာ၂.၆သန်းအသုံးပြုနေလျက်ရှိတာပါတစ်နိုင်ငံတည်းခေါင်းခံကာအကုန်ကျခံသင့်တဲ့Projectမျိုးမဟုတ်ပဲနိုင်ငံပေါင်းစုံပူးပေါင်းပါဝင်သင့်ပါတယ်
