en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

နေ့မှာမရယ် ညမှာငို

နေ့မှာမရယ် ညမှာငို

Open in Telegram
1 605
Subscribers
-124 hours
-17 days
-1430 days
Posts Archive
မချစ်တဲ့သူကို နေ့စဉ်မျက်စိအောက်မှာ မြင်နေရတာထက် ချစ်သောသူကို ဘယ်လောက်အဝေးမှာရှိရှိ အသဲနှလုံးမှာ ပိုင်သိမ်းထားနိုင်တဲ့ဘဝက ပိုပျော်ဖို့ ကောင်းပါတယ် ။ - တက္ကသိုလ်ဘုန်းနိုင်

ချစ်ခဲ့တာလည်း အတည် မဖြစ်တော့ဘူးဆိုတာလည်း အတည် ဘယ်အရာမှ ရယ်စရာမဖြစ်ပါဘူး။ -စိုင်းဝင်းမြင့်

ခက်ခဲတဲ့အခါ ပိုပြီးလက်တွဲရတယ် ။ လက်လည်း ဆေးတယ် ဘယ်တော့မှလည်း လက်တွဲ မဖြုတ်တယ် ။ ဘယ်ကမ္ဘာမဆို နှလုံးသားအလိုအရပဲ အရင်လို ကမ္ဘာကြီးကို ပြန်မလိုပါဘူး အခုလို ကမ္ဘာထဲမှာကိုပဲ တစ်ယောက်ကိုတစ်ယောက် လိုတယ် ။ -စိုင်းဝင်းမြင့်

ကဗျာစာစဉ်အမည် - အချစ်ရဲ့ပထမဆုံးစာမျက်နှာ ကဗျာစာစဉ် - ၈ "အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်" ဆိုတဲ့အတိုင်း အချစ်နဲ့
ကဗျာစာစဉ်အမည် - အချစ်ရဲ့ပထမဆုံးစာမျက်နှာ
ကဗျာစာစဉ် - ၈ "အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်" ဆိုတဲ့အတိုင်း အချစ်နဲ့တွေ့မှ ရင်ခုန်သံတွေဟာ ပိုပြီးအသက်ဝင်လာသလို ခံစားဖူးကြတယ်မလား။ အချစ်အတွက် တဖန်‌မွေးဖွားလာတဲ့ ဖူးသစ်စရင်ခုန်သံ‌လေးတွေက ချစ်ခြင်းမေတ္တာဘာသာရပ်အတွက် အစပျိုးတဲ့ နိဒါန်း‌လေးပဲ မဟုတ်လား။ မတူကွဲပြားတဲ့ ခေါင်းစဉ်အသစ်လေးနဲ့ နှလုံးသားအရင်းခံစာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...💗။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၇ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @theartofdyingalive ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

ခွင့်လွတ်ပါ ...   လေထဲဆောက်ခဲ့မိတဲ့ အိမ်တွေအတွက် တိမ်တွေကို အားနာရပါတယ်  ။    -မောင်ခက်လူ

ပန်းမပွင့်တဲ့ ကမ္ဘာမှာ ဘယ်ပျားက ကြာကြာတောင့်ခံနိုင်မလဲ သန်မာတယ်ဆိုတာလဲ မင်းရှိမှ...။ -အောင်ချိမ့်

ကဗျာစာစဉ်အမည် - ထားရစ်လေသူ ကဗျာစာစဉ် - ၇ သံသရာမှာ တသက်တာမမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ ချန်ထားခဲ့တဲ့ တစ်စုံတစ်ယောက်သောသူဆိုတာ လူတ
ကဗျာစာစဉ်အမည် - ထားရစ်လေသူ
ကဗျာစာစဉ် - ၇ သံသရာမှာ တသက်တာမမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ ချန်ထားခဲ့တဲ့ တစ်စုံတစ်ယောက်သောသူဆိုတာ လူတိုင်းဘဝမှာ ရှိဖူးကြမှာပါ။ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် ပြောပြဖြစ်မဲ့ ‌စကား‌‌လုံးလေး‌‌တွေကိုရော ရင်ထဲမှာ သိမ်းဆည်းထားဆဲမလား။ ဒီတစ်ခါမှာတော့ အလွမ်းဓာတ်ခံစာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...❤️‍🩹။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၀ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @theartofdyingalive ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

ရိုးသားခြင်းဟာ ဘဝမှာအရတော့နည်းတယ် ရေရှည်ခံတယ် တသက်လုံးလိပ်ပြာလုံတယ်။ -မောင်သာချို

မနက်ခင်းတစ်စ အားလုံးကို ငါ "မ" ကြည့်ပြီးပြီ မျက်ရည်ဟာအလေးလံဆုံးပဲ ။ မိုးရေထဲ တဖြည်းဖြည်းပျောက်ဆုံး ကိုယ့်ကိုယ်ကိုယ် လုံးလုံးရှာမတွေ့တော့ ။ -သားဦး

အိပ်ပျော်သွားရင် နိဗ္ဗာန် အိပ်မပျော်သေးရင် ငရဲ ငါ့ဦးခေါင်းက ပူလောင်မှုကို မင်း ရယ်မယ်။ အလကားနေ ဘယ်သူမှ အဝေးကို ငေးနေမှာ မဟုတ်ဘူး။ -ခင်ဇော်မြင့်

ဆယ်ခါပြန်ချစ်လို့မှ တစ်ခါပြန်မတောက်သော မီးခြစ်လေး လွှင့်ပစ်လိုက်တာပဲ ကောင်းမယ်။ -ကြည်ဇော်အေး

လူတွေက လူတွေကို မေ့နေတဲ့ ကာလမှာ တရားနဲ့လည်း မဖြေနိုင် အမှားနဲ့လည်း မသေနိုင် မြစ်ထဲက ငါးတွေလို ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။ -လှသန်း

ည ညချမ်းချိန်ခါ ရွှေလသာ ကြယ်ဝါစုံမှာ အလင်းဖြာ။ လေပြည်ဆော်သွေး တိုက်ခတ်သေး နွေးထွေးမှုဟာ လစ်‌ဟင်းကာ။ လူသားအများ အိပ်မက်ကြား ဆီးတားရှိလာ ကင်းဝေးရာ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

ကျွန်တော်အံ့လွန်းပျိုသည် ကလောင်ရှင်ချောသွင်ဆိုသူအား စကားလုံးအမှားအယွင်းပြောဆိုသုံးစွဲမှု ရှိသွားသဖြင့် တောင်းပန်အပ်ပါသည်။ -အံ့လွန်းပျို

မျက်နှာမြင် ချစ်ခင်ပါစေ။ အသံကြား သနားပါစေဆိုတဲ့ ဆုတွေနဲ့ ပြည့်စုံသူလေးရေ မင်းခြေမှုန် တစ်စကအစ ဆံနွယ်တစ်မျှင်အဆုံး ကိုယ်မြတ်နိုးရပါတယ် အသက်ရေ။ -အံ့လွန်းပျို

နေကောင်းအောင်နေပါ မာရီယာ နေမကောင်းရင် ကမ္ဘာကြီးက မင်းကို မောင်းထုတ်ကြလ်ိမ့်မယ်...။ လူတွေ ချစ်တယ်ဆိုတာက သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား...။ -မင်းခိုက်စိုးစန်

ဝဋ်ကြွေးရှိတဲ့အခါ စိန်ပြေးတမ်းကစားချင်တယ်။ မင်းကသူ့ဆီပြေးရင် ငါကမင်းကိုမမီအောင် ဖမ်းပေးပါ့မယ်။ -အံ့လွန်းပျို

ကိုယ် မလွန်ဆန်နိုင်တဲ့အရာ ငါးခု ရှိတယ် တိမ်တွေရယ် တောင်တန်းတွေရယ် စာအုပ်တွေရယ် ကော်ဖီ ပူပူလေးရယ် ပီးတော့ သိပ်ချစ်ရတဲ့ “မင်း”
ကိုယ် မလွန်ဆန်နိုင်တဲ့အရာ ငါးခု ရှိတယ် တိမ်တွေရယ် တောင်တန်းတွေရယ် စာအုပ်တွေရယ် ကော်ဖီ ပူပူလေးရယ် ပီးတော့ သိပ်ချစ်ရတဲ့ “မင်း” ရယ်

မေတ္တာတရား ကို သယံဇာတလို့ သဘောထားတယ် ပိုက်ဆံတွေ နေကောင်းပါစေ စိန်ရွှေငွေရတနာတွေ ပျော်ရွှင်ပါစေ မှောင်မိုက်နေတဲ့အခါ သက်သာရဲ့လား ဆိုတဲ့ မိတ်ဆွေတစ်ယောက်သာ အလိုရှိပါတယ် လမ်းမီးများ လင်းခါစ ။ -ကြည်ဇော်အေး

သဘာဝကို ချစ်တယ်။ သဘာဝအတိုင်း ညိုနေတဲ့ အသားညိုညိုလေးကို ချစ်သလို သဘာဝအတိုင်းပါတဲ့ ပါးချိုင့်ခွက်လေးကိုလဲ ချစ်တယ်။ -အံ့လွန်းပျို