1 616
Subscribers
-124 hours
No data7 days
-430 days
Posts Archive
1 616
ည
ညချမ်းချိန်ခါ
ရွှေလသာ
ကြယ်ဝါစုံမှာ အလင်းဖြာ။
လေပြည်ဆော်သွေး
တိုက်ခတ်သေး
နွေးထွေးမှုဟာ လစ်ဟင်းကာ။
လူသားအများ
အိပ်မက်ကြား
ဆီးတားရှိလာ ကင်းဝေးရာ။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
1 616
ကျွန်တော်အံ့လွန်းပျိုသည်
ကလောင်ရှင်ချောသွင်ဆိုသူအား
စကားလုံးအမှားအယွင်းပြောဆိုသုံးစွဲမှု
ရှိသွားသဖြင့် တောင်းပန်အပ်ပါသည်။
-အံ့လွန်းပျို
1 616
မျက်နှာမြင် ချစ်ခင်ပါစေ။
အသံကြား သနားပါစေဆိုတဲ့
ဆုတွေနဲ့ ပြည့်စုံသူလေးရေ
မင်းခြေမှုန် တစ်စကအစ
ဆံနွယ်တစ်မျှင်အဆုံး
ကိုယ်မြတ်နိုးရပါတယ် အသက်ရေ။
-အံ့လွန်းပျို
1 616
နေကောင်းအောင်နေပါ မာရီယာ
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလ်ိမ့်မယ်...။
လူတွေ ချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား...။
-မင်းခိုက်စိုးစန်
1 616
ဝဋ်ကြွေးရှိတဲ့အခါ
စိန်ပြေးတမ်းကစားချင်တယ်။
မင်းကသူ့ဆီပြေးရင်
ငါကမင်းကိုမမီအောင်
ဖမ်းပေးပါ့မယ်။
-အံ့လွန်းပျို
1 616
ကိုယ် မလွန်ဆန်နိုင်တဲ့အရာ ငါးခု ရှိတယ်
တိမ်တွေရယ်
တောင်တန်းတွေရယ်
စာအုပ်တွေရယ်
ကော်ဖီ ပူပူလေးရယ်
ပီးတော့ သိပ်ချစ်ရတဲ့ “မင်း” ရယ်
1 616
မေတ္တာတရား ကို
သယံဇာတလို့ သဘောထားတယ်
ပိုက်ဆံတွေ
နေကောင်းပါစေ
စိန်ရွှေငွေရတနာတွေ
ပျော်ရွှင်ပါစေ
မှောင်မိုက်နေတဲ့အခါ
သက်သာရဲ့လား ဆိုတဲ့
မိတ်ဆွေတစ်ယောက်သာ အလိုရှိပါတယ်
လမ်းမီးများ
လင်းခါစ ။
-ကြည်ဇော်အေး
1 616
သဘာဝကို ချစ်တယ်။
သဘာဝအတိုင်း ညိုနေတဲ့
အသားညိုညိုလေးကို ချစ်သလို
သဘာဝအတိုင်းပါတဲ့
ပါးချိုင့်ခွက်လေးကိုလဲ ချစ်တယ်။
-အံ့လွန်းပျို
1 616
အမေ့ကမ္ဘာမှာ
အရာရာဖြစ်ခဲ့တဲ့ကောင်က
သူ့ကမ္ဘာမှာတော့
မမွေးလာသင့်တဲ့
လူတစ်ယောက်ပါတဲ့ အမေ...။
-အံ့လွန်းပျို
1 616
ချစ်သည်းကျော်ဖို့မင်းသာ ကိုယ့်ကိုပြန်ချစ်ခဲ့ရင် ကိုယ်ကမင်းအတွက် ကြယ်တွေကို ကြိုးသီပေးမှာပေါ့။ မင်းသာ ကိုယ့်ကိုမေတ္တာမျှခဲ့ရင် ကိုယ်ကမင်းအတွက် သမုဒ္ဒရာကို အိုင်ဖြစ်စေမှာပေါ့။ မင်းသာ ကိုယ့်လက်ကိုရဲရဲကိုင်ခဲ့ရင် ကိုယ်ကမင်းအတွက် ကမ္ဘာကြီးကို မင်းလက်ခုပ်ထဲ ထာဝရထည့်ပေးမှာပေါ့။ ကိုယ်သာ မင်းကိုလွမ်းဆွတ်ခဲ့ရင် မင်းကကိုယ့်အတွက် မီးကို နှလုံးတိုက်သွင်းမှာပေါ့။ ကိုယ်သာ မင်းကိုမြတ်နိုးခဲ့ရင် မင်းကကိုယ့်အတွက် နိဗ္ဗာန်ကို ငရဲဖြစ်စေမှာပေါ့။ ကိုယ်သာ မင်းဘဝထဲဝင်ခဲ့ရင် မင်းကကိုယ့်အတွက် စကြဝဠာကိုပါ ကိုယ့်ဆီက အပြီးတိုင်ယူဆောင်သွားမှာပေါ့။ -အံ့လွန်းပျို
1 616
လူတစ်ယောက်ယောက်ကို
လက်သီးနဲ့ထိုးဖို့ဆိုတာက
ကိုယ့်မှာမေးရိုးရှိရတယ်တဲ့...
-မောင်ချောနွယ်
1 616
ချစ်တယ်မဆိုသာရုံ
နွေးထွေးမှုမှာ ကိုယ်ဟာ
အသက်မပါသွားရုံ
မျှော်လင့်ချက်ကို ရင်းခဲ့ပါတယ်။
-အံ့လွန်းပျို
1 616
ငယ်ရွယ်မှုက
ဘာနဲ့မှတုလို့ မရပါဘူး
ဒါကြောင့် သူတို့ သူတို့
အရူးအမူး ချစ်ကြပါစေ။
-အောင်ချိမ့်
1 616
အနှစ်နှစ် အလလ
စိတ်ကူးယဉ်ခဲ့တာကိုမှ
လက်လွှတ်ရတဲ့အခါ
ကျွန်တော် အိပ်မက်တွေကို
မုန်းခဲ့တယ်...။
-အံ့လွန်းပျို
1 616
အမည်မဲ့
ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ် ။
ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက်မလိုင်ကုန်သွားရ ။
ဖြစ်ရပုံများ
ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလဲ မှားသေး ။
ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံးပျောက်သွားတယ်တဲ့ ။
ဖြစ်ရပုံများ
တံထွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်ခုလုံး ပါသွားတယ်တဲ့ ။
ကဲ. . . ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ် ။
-သစ္စာနီ
1 616
ကျွန်မကတော့
ကိုယ့်ကိုယ်ကိုယ် ယုံတာတစ်ခုက
ကောင်းကောင်းချစ်တတ်တဲ့
နှလုံးရှိတယ်လို့ပဲ။ ချစ်စရာရှိရင်
ကျွန်မကပဲ ချစ်ချင်တယ်။
-ကြည်အေး
1 616
မင်းကို အားမကိုးချင်သလို
ငါ့မှာလဲ အားကိုးစရာဘာမှမရှိ။
ဒါတောင် ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်တည်ချင်သူပါတဲ့လေ။
ခက်ပါရဲ့။
-အံ့လွန်းပျို
