es
Feedback
နေ့မှာမရယ် ညမှာငို

နေ့မှာမရယ် ညမှာငို

Ir al canal en Telegram
1 704
Suscriptores
-324 horas
-177 días
-6730 días
Archivo de publicaciones
လူ့လောကမှာနေတတ်ရင် နေပျော်ပါတယ်။ ဖြစ်ချင်တာမှန်သမျှ ဖြစ်မလာတာကစလို့ မင်းကို မပိုင်ဆိုင်ရတာအဆုံး ကိုယ့်အတွက် ပျော်စရာပဲ။ -အံ့လွန်းပျို

ကဗျာ အံ့ဩလွန်းလှ သူ့ဘဝ သူမှခုံမင် ကဗျာအင်။ စာပေရေးသား ကဗျာများ ဓားသွားထက်လျှင် ကလောင်ယဉ်။ မြတ်နိုးမိရာ လူကိုသာ ပေါင်းကာတွဲချင် သူ့စိတ်တွင်။ သူ့လက်ရာ၏ ကာရန်ထိ အက်တိစာစဉ် ပြိုလဲသွင်။ လူတို့စိတ်ဓာတ် မြင်ရလျက် အခက်တွေ့ဉာဉ် ပျက်သုဉ်းနှင်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

Repost from N/a
ဖြစ်လွယ်ပျက်လွယ်နေတဲ့ လောကထဲ ငါဟာမင်းအတွက် တစ်ဘဝစာလူတဲ့လား ခင်။ မင်းရဲ့ ခဏတာတွယ်တာခြင်းမှာ ငါက တစ်ဘဝစာနစ်နာပေးရဦးမယ်။ -အံ့လွန်းပျို

မေတ္တာဆိုတာ တကယ်မရှိဘူးလို့ ပြောခဲ့သူဟာ မေတ္တာမျှမယ်ကြံတော့ နောင်တသာရခဲ့ပါတယ် ။ ခိုလှုံစရာ ရင်ခွင်မရှိတဲ့ညတွေမှာ ကျွန်တော်ဟာ အသက်ကို သိပ်သတိရတယ်။ -အံ့လွန်းပျို

လောကတစ်နေ့တာ မင်းလွင်မြူခိုး အာကာစိုး၌ အုပ်မိုးဖြန့်ကာ ဒေါင်းဖန်ဝါကို ဖုံးကာကွယ်လည်း အစွမ်းနည်း၍ သူလည်းမသန် အချိန်တန်တော့ ဒေါင်းဖန်ဝန်းမှာ ‌သူ့နေရာယူ ရောင်ဝါကွန့်မြူး အရုဏ်ဦး။‌ သူရကံဆက် ဝေယံထက်ဝယ် ဝင်းလျက်ထိန်သာ ရောင်ခြည်လွှာကို ဖွင့်ကာဖြန့်ကျက် တစ်ပြိုင်နက်ဝယ် တံလျှပ်တို့ထ ဟုန်းဟုန်းကြွလို့ မဟိီမြေမှာ မီးပမာလောင် သာချည်းပူသည့် နေ့မွန်းတည့်။ မှောင်ရီတဝါး ညနေများ၌ ငှက်ကြားတို့သည် တေးများသီ၍ ပျံချီကြချိန် လေပြေငြိမ်၍ တိမ်ယံများသည် ပုစွန်ဆီသွေး ပန်းချီသဖွယ် အလှကြွယ်လို့ နေစွယ်မာန်ကျိုး နေဝင်ရိုး။ သန်းခေါင်ယံည လွန်ဝင်းပသည့် ငွေလမင်းသည် ဝင်းဝါထည်၍ ဆေးရည်မကုန် ‌အလှစုံရာ ဝိုးမှုန်တဝါး ကြယ်စုများလည်း နဂါးငွေ့တန်း ဖြူရောင်ဆမ်း၌ ‌သန်းခေါင်ယံည မှုန်ပြပြ။ အချိန်တန်တော့ အိမ်ပြန်ကြရသည်တကား။ -ဒေါင်းနက်

ကျေးလက်ညာချီ ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ကျေးလက်အညာ၊ တောရွာဓလေ့ တွေ့ဖူးစရှင်။ မတွေ့ဖူးလို့ တွေ့ဖူးလိုလျှင် ရွှေငင်စပါး၊ ပေါများစနှင့် မြရည်သစ်ခက်၊ စိမ်းဖျတ်စနှင့် စမ်း‌လှရွှင်အေး၊ ပြုံးဆေးစနှင့် ချစ်ဖြင့်ဆင်မြန်း၊ ကျေးလက်ပန်းတည့်။ တောမူထုံးတမ်း၊ ကျေးသံလွမ်းခါ နာဖူးစရှင်။ ကြားနာဖူးဖို့ နာဖူးလိုလျှင် ရွက်ကိုကြွေချီ၊ ချွေးသီသီနှင့် ‌လေပြည်ဆောင်တိုင်၊ ရေအိုင်အိုင်နှင့် ချမ်းလှိုင်ပြည့်ဝ၊ အေးမြမြနှင့် နှစ်လရာသီ ပြောင်းလဲချည်တည့်။ ချစ်ညာဇာတ်လမ်း၊ ဝမ်းထက်မေတ္တာ ရှာဖူးစရှင်။ မရှာဖူးလို့ ရှာတွေ့လိုလျှင် မောင့်ရင်ချစ်ဦး၊ ခင်ပျိုထူးကို ချစ်ရူးသူမှာ၊ မြေယာကွက်ငယ် ယှက်နွား‌အိုနှင့်၊ ချစ်သူလင့်ဖို့ တောင်းလို့စမေး၊ ‌နှင်ရသေးကို မနှေးနှုတ်ချက်၊ တင်းကြော‌ဆက်သည် ကျေးလက်နံ့သင်းပါဘိလေး။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-အိုင်ချင်း

ကဗျာစာစဉ် (၂) - အက္ခရာများ မည်သည့်ကလောင်ရှင်မဆို လွတ်လပ်စွာ ပါဝင်ရေးသားနိုင်တာကြောင့် ခံယူချက်မတူတဲ့ အက္ခရာကလောင်ရှင်တွေကို မ
ကဗျာစာစဉ် (၂) - အက္ခရာများ
မည်သည့်ကလောင်ရှင်မဆို လွတ်လပ်စွာ ပါဝင်ရေးသားနိုင်တာကြောင့် ခံယူချက်မတူတဲ့ အက္ခရာကလောင်ရှင်တွေကို မျှော်လင့်လျက်ရှိပါတယ်။ စာဖတ်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်..။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၄ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါတယ်ခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

သို့သော် ချစ်ပါသည် အလွမ်းမဲ့ညနက်တွေဟာ ငါ့ဘဝထဲ မင်းရောက်လာတည်းက ကွယ်ပျောက်ခဲ့ပြီးပြီ။နေ့တွေလတွေ အရာရာမတည်မြဲတဲ့ လောကကြီးမှာ ငါတို့ဟာ အခိုင်မြဲဆုံးအပ်ချည်လေးပေါ့။ မင်းငိုတဲ့အခါ ငါနှစ်သိမ့်ပါမယ်။ မင်းဝမ်းနည်းတဲ့အခါ ပုခုံးထိုးပေးပြီး ငါပင်ပန်းတဲ့အခါမှာတော့ မင်းက ခပ်ပြုံးပြုံးလေးသာနေပေးပါ။ မချစ်ဖူးသူမှာ ချစ်တတ်လာတော့ တီတီတာတာ ချစ်စကားတွေကအစ ရင်ခုန်စရာ အခိုက်အတန့်လေးတွေအဆုံး ဒီအမှတ်တရတွေဟာ ငါ့နှလုံးသားမှာ ရောင်ပြန်ဟပ်ပါတယ်...။ ငါတို့ချစ်ခဲ့တာလဲ ကြာရောပေါ့။ သစ္စာတရားအကြောင်းပြောတဲ့အခါ သက်မဲ့ပြက္ခ‌ဒိန်ပေါ်ကခုနှစ်တွေအစား ခန္ဓာချင်းဝေးလဲ လက်တွဲမဖြုတ်တဲ့ ငါတို့ လက်တစ်စုံကိုသာ ပြချင်ပါတယ်။ မင်းဟာ ငါမပိုင်ခဲ့တဲ့နေမင်းကြီး မဟုတ်သလို ငါဟာလဲ မင်းလက်လွှတ်ခဲ့ရတဲ့ နေကြာလေး ဖြစ်မနေပါဘူး။ မင်းရှိရာကို ဦးမော့လို့ မင်းရှိရာအရပ်မှာ ငါ့နှလုံးသားကို ပေးဆပ်ထားပါတယ်... မင်းယူသွားပါ အချစ်ရေ။ သွေးထွက်မှ နာတာမဟုတ်ပါဘူး။ တချို့အတွင်းဒဏ်ရာတွေက သွေးမထွက်ပေမဲ့ ပိုနာကျင်ရတယ်။ အဲ့ဒီ့နေ့က မင်းမျက်နှာလေးညှိုးနေတယ်...။ မင်းက သိပ်အ‌တွေးလွန်တာပဲ။ အနက်မရှိဒြပ်မရှိ အတွေးလှိုင်းတွေကြား ငေးကြည့်ခွင့်ရရုံနဲ့ မင်းကို ငါဘယ်လိုများပြောပြရပါ့မလဲ။ နစ်လေ မြုပ်လေပါပဲလား။ ဒီအချစ်ချောက်နက်ကြီးထဲ ခေါ်သွားသူဟာ မင်းဖြစ်ပြီး ရုန်းမထွက်နိုင်သူကတော့ ငါဖြစ်ခဲ့ပုံပဲ။ မင်းကိုချစ်ခဲ့ဖူးသူရဲ့ အတိတ်မှာ အဲ့ဒီ့မျက်ဝန်းတွေက သုခပါကွယ်...။ -အံ့လွန်းပျို

အသားညိုညိုနဲ့ အပြောချိုသူလေးရယ် မင်းပြောဖူးတဲ့ အပိုစကားတွေ ငါ့ရင်ထဲ စွဲနေတုန်း...။ -အံ့လွန်းပျို

ရင်ခွင်တစ်စုံဟာ ခိုလှုံသူမဲ့၊ ပခုံးတစ်ဖက်ဟာ မှီခိုသူမဲ့၊ နှလုံးသားတစ်စုံဟာ ပိုင်ရှင်မဲ့..။ ချစ်ရသူရေ ငါစောင့်နေတယ်...။ -အံ့လွန်းပျို

ချစ်နေရခြင်းမှာပျော်မွေ့နေပါပြီ။ ပြန်မချစ်နိုင်မှန်းလဲသိတယ်။ ဂရုမစိုက်မှန်းလဲသိပါတယ်။ ကိုယ့်လောဘနဲ့ ကိုယ်မလို့ မျှော်လင့်ချက်လေးထားမိရုံပါ။ -အံ့လွန်းပျို

တုနှိုင်းမဲ့ ပင်လယ်ပြင်တွေပြာတယ်ဆိုလဲ မင်းမျက်လုံးပြာလဲ့လဲ့ကို မကျော်လွန်ပါ။ နှင်းဆီနီတွေရဲတယ်ဆိုလဲ မင်းနှုတ်ခမ်းဖူးဖူးတွေထက်မပိုပါ။ ဆိုးသွမ်းပါတယ်ဆိုတဲ့ငါလဲ မင်းနှုတ်ခမ်းကဆုံးမစကားတွေကို မလွန်ဆန်နိုင်ပါ။ လမင်းကြီးလှတယ်ဆိုလဲ မင်းအလှကိုမအံတုနိုင်ပါ။ ရေခဲတွေအေးတယ်ဆိုလဲ မင်းပေးဖူးတဲ့မေတ္တာတွေလောက် မအေးချမ်းပါ။ နေမင်းကြီးကပူတယ်ဆိုလဲ မင်းပေးခဲ့တဲ့အချစ်တွေလောက် မလောင်ကျွမ်းစေပါ။ သစ်ရွက်တွေစိမ်းတယ်ဆိုပြန်ရင်လဲ မင်းသူစိမ်းဆန်တာကိုမမီခဲ့ပါ...။ -အံ့လွန်းပျို ၆ရက်၊ ၃လ၊ ၂၀၂၅ခုနှစ်

နှင်း‌ဆီနီနီ ဆူးများကာရံ သူစီမံ သူ့ထံရောက်လာ လိုသူက။ နီရဲလွန်းမှ သူ့အလှ သူမျှဝေလို့ ခံစားရ။ ပန်းများထဲတွင် သူပေါ်လွင် သူ့မြင်သူများ ပန်ချင်ကြ။ ပေါ်လွင်နီရဲ သူ့သာစွဲ သူဆွဲဆောင်လို့ စင်ပေါ်ပြ။ မွှေးရနံ့ထုံ သင်းပျံ့ဖုံ အစုံလှလို့ ငါ့မှာတ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရင် ငါဟာ ဒီလောကကြီးကို ကျေးဇူးတင်မိမှာပါ။ -အံ့လွန်းပျို

ကဗျာဆရာ ကဗျာဆရာ၊စာရေးတာသည် ဥစ္စာမမက်၊ဉာဏ်များထက်အောင် သူဆက်ရေးကာ၊လူငယ်ဟာလည်း ကဗျာစာကြောင့်၊လမ်းမှန်ဖြောင့်လို့ ရောင့်ရဲတတ်လေ။ ငါဆရာဟု၊‌မောင်းတိုင်းထုလို့ အတုယူလျှင်၊လမ်းဘေးတွင်သာ ‌အရင်‌တောင်းစား၊အာဏာအားလျှော့ အမှားပြင်ပေး၊လေ‌သံအေးနှင့် ဖာထေးအမှား၊ဆရာကားမှာ အားထားဖွယ်ဖြစ်၏။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌လင်္ကာ ၁၆.၅.၂၀၂၅

ဒီနိုင်ငံမှာ ထောက်ပြပြောဆို စိတ်မှာတို မလိုအပ်တာ ကျင့်ဝတ်ပါ။ အမှားဝေဖန် ပြင်အမှန် မတန်တာဟာ စေတနာ။ မေတ္တာစိတ်ဖြင့် ကောင်းစေလင့် မတင့်တယ်မှာ ကရုဏာ။ စိတ်ကိုမယုံ ဒုက္ခကြုံ မလုံလောက်ကာ ချေးဥစ္စာ။ ထိုသို့ခေတ်တွင် ငါ့အသွင် နာကျင်စိတ်ဖြာ လူညံ့ငါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

နိုင်ငံ့လူငယ် တို့တိုင်းပြည်တွင် လူငယ်လျှင် အထင်သေးကာ ဖိနှိပ်တာ။ တို့နိုင်ငံ၌ လူတစ်သိုက် သိမ်းပိုက်လို့လာ သူ့အာဏာ။ တို့မြန်မာ၏ ပြည်သူထိ အသိနည်းကာ လောဘဖြာ။ အထက်ကလူ ကြံစည်သူ အနူလက်မှာ ဆင်တန်ဆာ။ ဤသို့ပျက်စီး နိုင်ငံကြီး အသီးညံ့ဟာ မျိုးဆက်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

စာတတ်၍ပညာမတတ်သူများ ခေတ်ပညာတတ် ပိုက်ဆံမက် ရမ္မက်စိတ်များ သူ့ရံထား။ ပိုက်‌ဆံမဝင် ဂုဏ်မတင် သူထင်တာမှား ဝိုင်းကာတား။ တို့နိုင်ငံ၏ တစ်ချို့ရှိ အသိမဲ့ကာ ပညာပါး။ အသုံးမကျ သူ့ဘဝ သူမှပြစ်တင် နိုင်ငံကား။ တို့များမှာတော့ ခေါင်းကိုမော့ ရင်ကော့ဝင့်ကြွား မြန်မာ့သား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

"ပိုင်ရှင်ရှိသူ ကဗျာ့ရှင်သို့" အို..ကဗျာ့ရှင် သိစေချင်သည်..။ ဆန်းကြယ်ထွေပြား၊ ကဗျာ့သွားဖြင့်၊ ပျော်ပါးရွှင်မြူး၊ လှဂုဏ်ထူးကို၊ စိတ်စွဲလိုရ၊ တမ်းတမျှော်ကန်၊ ရည်ရွယ်ရန်လည်း၊ သည်းခံခက်ခဲ၊ ရင်တွင်းနဲလျက်၊ သည်းကွဲမတတ်၊ လွမ်းဆွတ်နာကျင်၊ နှောင်ကြိုးငင်လည်း၊ အရှင်သခင်၊ မသိမြင်ကာ၊ ညာလက်ရုံးမို့၊ သက်ဆုံးချစ်သူ၊ အတူယှဉ်နွှဲ၊ လက်ချင်းတွဲလို့၊ ရဲဝံ့စွာဖြင့်၊ ပြုံးကာရွှန်းသည်၊ ကြည်လွန်းသူ့ကြောင့်... ရင်ကွဲ၏။ နှုတ်ကဗျာလည်း၊ စာပန်းချီခြယ်၊ မြတ်နိုးဖွယ်ကို၊ စိတ်ဝယ်စွဲပြန်၊ သံယောဇဉ်လှိုင်း၊ မုန်တိုင်းထန်ပြင်း၊ မြတ်နိုးခြင်းဖြင့်၊ လိုက်လံတမ်းတ၊ ညဉ့်မအိပ်နိုင်၊ ရင်ဆိုင်ခံစား၊ သိမ်းဆည်းထားလျှင်၊ ပိုင်ရှင်ရှိနှင့်၊ သိခွင့်သာတုန်း၊ နှင်းပွင့်ရုန်းသို့၊ ဖုံးအုပ်မရ၊ သောကမီးလျှံ၊ ဟုန်းဟုန်းလျှံလျက်၊ အနံတကာ၊ ဝေးရာတိမ်ခို၊ ငိုရမျက်ရည်၊ မစဲသည်ကို၊ ရင်ဖိုအသည်း... ကွဲရ၏။ လွမ်းချင်းသီလည်း၊ စာချီဖွဲ့နွဲ၊ နှုတ်မြွက်ပွဲ၌၊ အသည်းလဲသူ၊ နုပျိုဖြူက၊ ချစ်သူလက်ကို၊ မြဲမြံကိုင်မြှောက်၊ အရိပ်အောက်မှာ၊ ခိုကာနွေးထွေး၊ ကိုယ်မူဝေးရ၊ ဆွေးရတစ်သက်၊ ရင်နင့်ရက်ဖြင့်၊ အချစ်နှင့်လွဲ၊ ဒဏ်ချက်စွဲလို့၊ ရဲရဲတောက်သော်၊ မျှော်လင့်မမြော်၊ ဆုတောင်းသော်လည်း၊ မော်ဖူးခွင့်ကွာ၊ ဝေးရာဆီသို့၊ မျက်ရည်မိုးဖျန်း၊ လွမ်းရက်ရှည်လျား၊ ရင်ခွဲထားသည်၊ တရားမရှိ... သူပါခင်။ # သွန်းရောင် #thunyaung

ကျွန်တော်တို့ဘဝတွေမှာ အခုထက်စောပြီး တွေ့သင့်တဲ့ သူတွေ ရှိခဲ့တယ် နောက်ကျပြီး တွေ့သင့်တဲ့ သူတွေလည်း ရှိခဲ့တယ် ။ ပြီးတော့ ဘယ်တော့မှ မတွေ့ခဲ့သင့်တဲ့သူတွေလည်း တကယ်ပဲရှိခဲ့ပါတယ်။ -မိုးနေ့