ru
Feedback
နေ့မှာမရယ် ညမှာငို

နေ့မှာမရယ် ညမှာငို

Открыть в Telegram
1 673
Подписчики
-424 часа
-177 дней
-4630 день
Архив постов
ချစ်တာခြင်းအတူတူ အခွင့်အရေးမရှိတဲ့လူဟာ သနားစရာပဲ။ မိုးကောင်းကင်က လမင်းကြီးကို အပိုင်လိုချင်တဲ့ ကလေးငယ်တစ်ယောက်လို ဘယ်သူကတော့မြင်ရရုံနဲ့ ကျေနပ်နိုင်မလဲခင်...။ -အံ့လွန်းပျို ၂၂၊ ၁၁၊ ၂၅

ကဗျာစာစဉ်အမည် - သင်းကွဲငှက်ငယ် ကဗျာအမှတ်စဉ် (၄) ဒီအပတ်မှာ‌လည်း မတူညီတဲ့ ခံစားချက်ပေါင်းစုံနဲ့ ကဗျာချစ်သူတွေကို ဘယ်လိုရသတွေ ခံ
ကဗျာစာစဉ်အမည် - သင်းကွဲငှက်ငယ်
ကဗျာအမှတ်စဉ် (၄) ဒီအပတ်မှာ‌လည်း မတူညီတဲ့ ခံစားချက်ပေါင်းစုံနဲ့ ကဗျာချစ်သူတွေကို ဘယ်လိုရသတွေ ခံစားသွားစေမလဲဆိုတာကို ရင်သက်ရှုမောဖွယ် စောင့်မျှော်လျက်ရှိပါပြီ။ ကဗျာချစ်သူများအားလုံး ပါဝင်ရေးသားပေးကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ..🫡။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၂ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

လိုရာဆုကို တောင်းလို့ရမယ်ဆိုရင် စည်းစိမ်အပြည့်နဲ့ ဇိမ်ယစ်နေရမဲ့ ဘဝမျိုးထက် ‌ လွမ်းတိုင်း ပြေးတွေ့ခွင့်ရတဲ့ အခွင့်ထူးခံဘဝမျိုးကိုသာ ကျွန်တော်လိုချင်ပါတယ်။ -အံ့လွန်းပျို

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ ရေဒီယိုတစ်လုံး ဂစ်တာတစ်လက်နဲ့ စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ ကျွန်တော်ရဲ့ကမ္ဘာ...။ -လှသန်း

လူတစ်ယောက်ကို သေချာပေါက် လိုအပ်နေပါလျက်နဲ့ ငါမလိုဘူးလို့ ညာလိုက်ရတဲ့ အခိုက်အတန့်တွေလောက် ကျိုးကြေစရာကောင်းတာ မရှိဘူး ။ -ဘုန်းမင်းနွေ

ခေါင်းကျကျ ပန်းကျကျ ချစ်သူမျက်နှာညှိုးမှာလောက် ဘယ်အရာမှအရေးမကြီးဘူး။ ဒေဝဒတ်ပဲတွေ့တွေ့ ဧဝရတ်ပဲရွေ့ရွေ့ ငါ့ကမ္ဘာကြီးပြုံးနေရင်တော်ပြီ...။ -အံ့လွန်းပျို ၁၈၊ ၁၁၊ ၂၅

ငါမျက်စိဖွင့်လိုက်ရင် နံဘေးမှာ မင်းရှိနေမယ်။ ငါ့လက်တွေအေးနေရင် မင်းလက်နွေးနွေးကို ဆုပ်ကိုင်ထားမယ်။ မျက်လုံးချင်းဆုံတဲ့အခါ မင်းမျက်လုံးတွေ သိပ်လှကြောင်း ငါပြောပါဦးမယ်။ နောင်ဘဝပေါ့ ဒီဘဝတော့ ထားလိုက်ပါတော့လေ...။ -အံ့လွန်းပျို ၁၂၊ ၁၀၊ ၂၅

"တောမြိုင်ခြေက အေးရိပ်မြုံ" တိတ်ဆိတ်ငြိမ်းမြ၊ အရိပ်ဆင်၍၊ ကြည်လင်အေးမြ၊ စမ်းရေကျလျက်၊ လှပဆန်းကြယ်၊ တောင်ကွယ်တောကြား၊ သူတို့သွားရောက်၊ လမ်းတစ်လျှောက်ဝယ်၊ ပန်းပေါက်စုံစီ၊ ပွင့်ကြသည်တည့်။ သူတို့အိမ်ဝယ်၊ ရယ်သံလွင်လွင်၊ နွေးထွေးကြင်နာ၊ မေတ္တာမီးရောင်၊ တောက်ပြောင်ပူနွေး၊ ချစ်ခြင်းဆေးကြောင့်၊ ဝေးလည်းမကွာ၊ နီးသလိုပင်၊ ရင်မှာအေးချမ်း၊ ပျော်ရွှင်ဝမ်းမြောက်၊ ရောက်လေရာဝယ်၊ ဆည်းဆာလည်းလှ၊ အရုဏ်လည်းသာ၊ ကမ္ဘာတစ်ခု၊ တည်ဆောက်မှုကြောင့်၊ နုပျိုလှပ၊ သူတို့ဘဝသည်၊ မြိန်မြလှပါဘိ။ -သွန်းရောင်

အနာတွေ တဖြည်းဖြည်း ပျောက်စပြုလာပါပြီ။ ခင်ဗျားတို့ ပြောသလို သွေးသံရဲရဲမဟုတ်ပေမဲ့ အမာရွတ်ကတော့သေရာပါပဲ မဟုတ်လား။တစ်ခါတစ်လေ‌လဲ သွေးမထွက်တဲ့ ဒဏ်ရာတွေက ပိုနာကျင်ရပါတယ်။ -အံ့လွန်းပျို ၂၂၊ ၆၊ ၂၅

မဟုတ်မမှန်၊ ဧကန်လိမ်ခြင်း မုသားတွင်းတွင်၊ အဆင်းမက နှလုံးဉာဉ်ပင် ရွံရှာသွင်။ လိမ်လည်လှည့်ခြင်း၊ ကင်းစေသော်ဝ်။ အဟုတ်မမှား၊ ‌ရိုးသားတတ်မှု ဖြူစင်ပြုက၊ နှိုင်း‌တုလျှံထက် လေးနက်စိတ်လျှင် မြတ်နိုးမင်။ ဖြောင့်မတ်စင်ခြင်း၊ သင်းစေသော်ဝ်။ -အံ့လွန်းပျို

အေးစက်စက် လေပြည်တစ်ချက်မှာ ငါ့စိတ်ဝိညာဉ် လွင့်ပြယ်ပါစေ။ နွေးဓာတ်ထွက် ရောင်ခြည်နုမှာ ငါ့အသက်နှလုံး ပျောက်ကွယ်ပါစေ။ မှေးစက်လျက် ချစ်တဲ့သူရေ ဒီဘဝမှာ ငါလိုလူနဲ့ လွဲပါစေ။ -အံ့လွန်းပျို

ငါ့ကဗျာထဲမှာ မင်းပါရင် ပါလိမ့်မယ်။ဒါပေမဲ့ မင်းက ငါ့ကဗျာမဟုတ်ဘူး။ ငါကဗျာကို ချစ်သလို ကဗျာကသာ ငါ့ကိုချစ်ပါစေ။ -အံ့လွန်းပျို

ရာပေးလို့ ထောင်မပွားနိုင်သ၍တော့ ကျွန်တော့်ရဲ့ရည်းစားအနေနဲ့သာ ရှိနေပေးပါ။ -ဒေါင်းနက်

ရက်စက်လေခြင်း ငါအရင်ချစ်ခဲ့တာလို့ ပြောရင် မင်းယုံမလားအသက်။ ဒီညကြယ်တွေ မကြွေစေချင်ဘူး။ ငါ့ဆုတောင်းတွေ ပြည့်သွားမှာထက် မင်းချစ်တဲ့ ကြယ်တွေကြွေမှာကို ငါပိုကြောက်တယ် အသက်။ မင်းသိလား အသက် လူတစ်ယောက်မှာ သူသိပ်မြတ်နိုးရတဲ့ အရာတွေအများကြီးရှိလိမ့်မယ်။ ဒါပေမဲ့ သူအမြတ်နိုးဆုံးကတော့ တစ်ခုတည်းပဲ။ အင်း... အဲ့လိုပဲပေါ့ ငါ့အသက်ရယ် မင်းဟာလဲ ငါ့ရဲ့တစ်ခုတည်းသော မြတ်နိုးရာပဲ။ ဒီအချိန်မင်းငိုနေမလား ငါတွေးခဲ့သေးတယ် အသက်။ ငါ့ဒဏ်ရာကိုမှမထောက် မင်းဘက်ကိုတွေးပေးခဲ့တယ် အသက်ရေ။ မင်းကတော့ လုပ်ရက်တယ်...။ ‌တစ်ခါတစ်လေ‌တော့ အနာလဲပေး ဆေးလဲပေးရင် သိပ်ကောင်းမယ် အသက်။ အခုတော့အစိမ်းသက်သက် ဒဏ်ရာတွေချည်းပါလား။ ရက်စက်လိုက်တာ အသက်ရယ်။ ငါလေ...မင်းကိုတခြားသူတွေထက် ပိုချစ်ခဲ့တာ။ အရာရာတိုင်းထက် မင်းကို တန်ဖိုးထားခဲ့တာ။ ငါ့အချိန်တွေ အားလုံးကို မင်းဆီမှာပဲမြှုပ်နှံခဲ့တာ။ ငါ့လက်ကျန်ဘဝတစ်ခုလုံးကို မင်းနဲ့အတူ ဖြတ်သန်းချင်ခဲ့တာ အသက်။ ငါဟာ အရူးပဲအသက်ရယ်။ စိတ်ပျက်တယ် အသက်။ ငါ့ကိုယ်ငါ စိတ်ပျက်တယ်။ ငါကလွဲရင် အရာအားလုံးကို အလေးထားတဲ့ မင်းကိုချစ်ခဲ့မိလို့၊ အပြစ်တင်စကားတွေ ကြားထဲကမှ မင်းကို ပြောင်းလဲပေးချင်ခဲ့လို့၊ ငါ့ကိုယ်ငါထက် မင်းကို ပိုတန်ဖိုးထားခဲ့မိလို့...။ ငါ့ကိုယ်ငါ စိတ်ပျက်တယ်။ မင်းကိုတော့ မမုန်းပါဘူး ဒါပေမဲ့ မချစ်ရဲတော့ပါ...။ -အံ့လွန်းပျို

အချစ်ရေ မင်းကို လမင်းကြီးနဲ့ မလဲနိုင်ပါဘူးကွယ် သဘာဝတရားကလည်း ကျောက်သားဖွဲ့စည်းလို့ သိပ်သည်းလှချည်ရဲ့ ။ -မောင်ချောနွယ်

ငါ့အချစ်က မင်းပြီးရင် မင်းပဲ။ -ပိုင်သစ်နွယ်

ကဗျာစာစဉ်အမည် - တစ်ပွင့်သာလျှင် ကဗျာအမှတ်စဉ် (၃) အရာရာတိုင်းဟာ ပေါများနေရင်မကောင်းဘူးလို့ ထင်ရပေမဲ့ တစ်ခုတည်းရှိပြီး ထင်ရှားန
ကဗျာစာစဉ်အမည် - တစ်ပွင့်သာလျှင်
ကဗျာအမှတ်စဉ် (၃) အရာရာတိုင်းဟာ ပေါများနေရင်မကောင်းဘူးလို့ ထင်ရပေမဲ့ တစ်ခုတည်းရှိပြီး ထင်ရှားနေတာတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အများကြီးပါ။ ဒီအပတ်မှာ‌လည်း မတူညီတဲ့ အတွေးပေါင်းစုံနဲ့ စာပေချစ်သူတွေကို ဘယ်လိုရသတွေ ခံစားသွားစေမလဲဆိုတာကို ရင်သက်ရှုမောဖွယ် စောင့်မျှော်လျက်ရှိပါပြီ။ ကဗျာချစ်သူများအားလုံး ပါဝင်ရေးသားပေးကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ..🗯️။ ကဗျာစာမူပိတ်သိမ်းချိန် - ၂၈ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

မူးယစ်ဆေး တန်ဆေးလွန်ဘေး မူးယစ်ဆေး ဝေးဝေးရှောင်ပါ တစ်သက်တာ။ လူငယ်များကြား ရေပန်းစား အမှားရှောင်ကာ ပြင်ခန္ဓာ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဆင်ခြင်ဆဲ မှီဝဲဖို့ရာ စောင့်ထိန်းလာ။ ကိုယ့်လူတို့ရေ စဉ်းစားလေ အသေမြန်တာ သူ့ကြောင့်ကွာ။ ဆိုးကျိုးများနှင့် မူးယစ်ဖြင့် သုံးလင့်သူဟာ ကျေးကျွန်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

သွေးရောင်လွှမ်းတဲ့ခေတ် အလံလွှင့်ဖို့ ရောင်နီတို့ သွေးစို့ဓားကိုယ်စီ။ လျင်မြန်အောင်ပြေး တို့မနှေး အဝေးကခေတ်ဆီ။ တို့ပြန်ရှာမိ အတိတ်၏ လွှမ်းတိရွှေရောင်ခြည်။ ခေတ်နှင့်စနစ် ပြောင်းပြန်ဖြစ် လက်သစ်သွေးရောင်နီ။ အနာဂတ်ဝယ် ဘယ်မှာကွယ် ရှာဖွယ်မကောင်းသည်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

ကဗျာ ဆရာ ကဗျာဆရာ၊စာရေးတာသည် ဥစ္စာမမက်၊ဉာဏ်များထက်အောင် သူဆက်ရေးကာ၊လူငယ်ဟာလည်း ကဗျာစာကြောင့်၊လမ်းမှန်ဖြောင့်လို့ ရောင့်ရဲတတ်လေ။ ငါဆရာဟု၊‌မောင်းတိုင်းထုလို့ အတုယူလျှင်၊လမ်းဘေးတွင်သာ ‌အရင်‌တောင်းစား၊အာဏာအားလျှော့ အမှားပြင်ပေး၊လေ‌သံအေးနှင့် ဖာထေးအမှား၊ဆရာကားမှာ အများကိုးကွယ်ရာဖြစ်၏။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ