1 605
订阅者
-124 小时
-17 天
-1430 天
帖子存档
1 605
မချစ်တဲ့သူကို နေ့စဉ်မျက်စိအောက်မှာ
မြင်နေရတာထက်
ချစ်သောသူကို ဘယ်လောက်အဝေးမှာရှိရှိ
အသဲနှလုံးမှာ ပိုင်သိမ်းထားနိုင်တဲ့ဘဝက
ပိုပျော်ဖို့ ကောင်းပါတယ် ။
- တက္ကသိုလ်ဘုန်းနိုင်
1 605
ချစ်ခဲ့တာလည်း အတည်
မဖြစ်တော့ဘူးဆိုတာလည်း အတည်
ဘယ်အရာမှ ရယ်စရာမဖြစ်ပါဘူး။
-စိုင်းဝင်းမြင့်
1 605
ခက်ခဲတဲ့အခါ ပိုပြီးလက်တွဲရတယ် ။
လက်လည်း ဆေးတယ်
ဘယ်တော့မှလည်း လက်တွဲ မဖြုတ်တယ် ။
ဘယ်ကမ္ဘာမဆို နှလုံးသားအလိုအရပဲ
အရင်လို ကမ္ဘာကြီးကို ပြန်မလိုပါဘူး
အခုလို ကမ္ဘာထဲမှာကိုပဲ
တစ်ယောက်ကိုတစ်ယောက် လိုတယ် ။
-စိုင်းဝင်းမြင့်
1 605
ကဗျာစာစဉ်အမည် - အချစ်ရဲ့ပထမဆုံးစာမျက်နှာကဗျာစာစဉ် - ၈ "အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်" ဆိုတဲ့အတိုင်း အချစ်နဲ့တွေ့မှ ရင်ခုန်သံတွေဟာ ပိုပြီးအသက်ဝင်လာသလို ခံစားဖူးကြတယ်မလား။ အချစ်အတွက် တဖန်မွေးဖွားလာတဲ့ ဖူးသစ်စရင်ခုန်သံလေးတွေက ချစ်ခြင်းမေတ္တာဘာသာရပ်အတွက် အစပျိုးတဲ့ နိဒါန်းလေးပဲ မဟုတ်လား။ မတူကွဲပြားတဲ့ ခေါင်းစဉ်အသစ်လေးနဲ့ နှလုံးသားအရင်းခံစာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...💗။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၇ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @theartofdyingalive ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club
1 605
ခွင့်လွတ်ပါ ...
လေထဲဆောက်ခဲ့မိတဲ့
အိမ်တွေအတွက်
တိမ်တွေကို အားနာရပါတယ် ။
-မောင်ခက်လူ
1 605
ပန်းမပွင့်တဲ့ ကမ္ဘာမှာ
ဘယ်ပျားက ကြာကြာတောင့်ခံနိုင်မလဲ
သန်မာတယ်ဆိုတာလဲ
မင်းရှိမှ...။
-အောင်ချိမ့်
1 605
ကဗျာစာစဉ်အမည် - ထားရစ်လေသူကဗျာစာစဉ် - ၇ သံသရာမှာ တသက်တာမမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ ချန်ထားခဲ့တဲ့ တစ်စုံတစ်ယောက်သောသူဆိုတာ လူတိုင်းဘဝမှာ ရှိဖူးကြမှာပါ။ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် ပြောပြဖြစ်မဲ့ စကားလုံးလေးတွေကိုရော ရင်ထဲမှာ သိမ်းဆည်းထားဆဲမလား။ ဒီတစ်ခါမှာတော့ အလွမ်းဓာတ်ခံစာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...❤️🩹။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၀ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @theartofdyingalive ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club
1 605
ရိုးသားခြင်းဟာ
ဘဝမှာအရတော့နည်းတယ်
ရေရှည်ခံတယ်
တသက်လုံးလိပ်ပြာလုံတယ်။
-မောင်သာချို
1 605
မနက်ခင်းတစ်စ
အားလုံးကို ငါ "မ" ကြည့်ပြီးပြီ
မျက်ရည်ဟာအလေးလံဆုံးပဲ ။
မိုးရေထဲ
တဖြည်းဖြည်းပျောက်ဆုံး
ကိုယ့်ကိုယ်ကိုယ်
လုံးလုံးရှာမတွေ့တော့ ။
-သားဦး
1 605
အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို
မင်း ရယ်မယ်။
အလကားနေ
ဘယ်သူမှ အဝေးကို
ငေးနေမှာ မဟုတ်ဘူး။
-ခင်ဇော်မြင့်
1 605
ဆယ်ခါပြန်ချစ်လို့မှ
တစ်ခါပြန်မတောက်သော မီးခြစ်လေး
လွှင့်ပစ်လိုက်တာပဲ ကောင်းမယ်။
-ကြည်ဇော်အေး
1 605
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေလို
ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။
-လှသန်း
1 605
ည
ညချမ်းချိန်ခါ
ရွှေလသာ
ကြယ်ဝါစုံမှာ အလင်းဖြာ။
လေပြည်ဆော်သွေး
တိုက်ခတ်သေး
နွေးထွေးမှုဟာ လစ်ဟင်းကာ။
လူသားအများ
အိပ်မက်ကြား
ဆီးတားရှိလာ ကင်းဝေးရာ။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
1 605
ကျွန်တော်အံ့လွန်းပျိုသည်
ကလောင်ရှင်ချောသွင်ဆိုသူအား
စကားလုံးအမှားအယွင်းပြောဆိုသုံးစွဲမှု
ရှိသွားသဖြင့် တောင်းပန်အပ်ပါသည်။
-အံ့လွန်းပျို
1 605
မျက်နှာမြင် ချစ်ခင်ပါစေ။
အသံကြား သနားပါစေဆိုတဲ့
ဆုတွေနဲ့ ပြည့်စုံသူလေးရေ
မင်းခြေမှုန် တစ်စကအစ
ဆံနွယ်တစ်မျှင်အဆုံး
ကိုယ်မြတ်နိုးရပါတယ် အသက်ရေ။
-အံ့လွန်းပျို
1 605
နေကောင်းအောင်နေပါ မာရီယာ
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလ်ိမ့်မယ်...။
လူတွေ ချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား...။
-မင်းခိုက်စိုးစန်
1 605
ဝဋ်ကြွေးရှိတဲ့အခါ
စိန်ပြေးတမ်းကစားချင်တယ်။
မင်းကသူ့ဆီပြေးရင်
ငါကမင်းကိုမမီအောင်
ဖမ်းပေးပါ့မယ်။
-အံ့လွန်းပျို
1 605
ကိုယ် မလွန်ဆန်နိုင်တဲ့အရာ ငါးခု ရှိတယ်
တိမ်တွေရယ်
တောင်တန်းတွေရယ်
စာအုပ်တွေရယ်
ကော်ဖီ ပူပူလေးရယ်
ပီးတော့ သိပ်ချစ်ရတဲ့ “မင်း” ရယ်
1 605
မေတ္တာတရား ကို
သယံဇာတလို့ သဘောထားတယ်
ပိုက်ဆံတွေ
နေကောင်းပါစေ
စိန်ရွှေငွေရတနာတွေ
ပျော်ရွှင်ပါစေ
မှောင်မိုက်နေတဲ့အခါ
သက်သာရဲ့လား ဆိုတဲ့
မိတ်ဆွေတစ်ယောက်သာ အလိုရှိပါတယ်
လမ်းမီးများ
လင်းခါစ ။
-ကြည်ဇော်အေး
1 605
သဘာဝကို ချစ်တယ်။
သဘာဝအတိုင်း ညိုနေတဲ့
အသားညိုညိုလေးကို ချစ်သလို
သဘာဝအတိုင်းပါတဲ့
ပါးချိုင့်ခွက်လေးကိုလဲ ချစ်တယ်။
-အံ့လွန်းပျို
