en
Feedback
RNC သတင်း၊ နည်းပညာ ၊ရသစုံ

RNC သတင်း၊ နည်းပညာ ၊ရသစုံ

Open in Telegram

🇷eal 🇳ews 🇨ollection

Show more
316
Subscribers
No data24 hours
-17 days
No data30 days
Posts Archive
ကိုယ့်အလုပ်ကိုယ် ‌ေဇာက်ချမလုပ် ဘယ်သူမှမမေးပဲ နေရာတကာဝင်ပါပြီး ငါသိငါမှန် မျိုးစုံ အာချောင်ပြတတ်သူမှန်သမျှ OTS များသာ

လှိုင်သာယာမှာ ပွဲရုံပိုင်ရှင်ရဲ့ယာဉ်မောင်းကို သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၈၀၀ လုယက်သွားသူကိုပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့နှင့်လှိုင်သာယာမြို့မရဲစခန်းကတပ်ဖွဲ့ဝင်များပူးပေါင်းဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါသည် #သတင်းဇော်ရှင်း ဖြစ်စဥ်မှာရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ အောက်တိုဘာ ၅ ရက် မနက်ပိုင်းက ပွဲရုံပိုင်ရှင်တစ်ဦးရဲ့ ယာဉ်မောင်းကို သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၈၀၀ ထည့်ထားတဲ့ လက်ဆွဲအိတ် လုယက်ခံခဲ့ရတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ် ဖျာပုံမြို့က ဦးကျော်လင်းနဲ့ ယာဉ်မောင်း ဦးဟံညွန့်တို့ဟာ Mitsubishi Xpander အဖြူရောင်ကားနဲ့ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းကို ဈေးဝယ်ဖို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်လင်းက ရေတမံလမ်းရှိ စိန်ဘုရားသီးနှံကုန်သည်ပွဲရုံရှေ့မှာ ကျန်ခဲ့ပြီး ယာဉ်မောင်း ဦးဟံညွန့်ကိုတော့ မရမ်းကုန်းမြို့နယ်၊ ငွေဝါလမ်းရှိ ပွဲရုံကို ကားနဲ့သွားစောင့်နေဖို့ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးဝယ်ပြီးချိန်မှာ ဦးကျော်လင်းက ဦးဟံညွန့်ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရတာကြောင့် ဆက်လက်စုံစမ်းရာ မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦး ဖုန်းကိုင်ဖြေကြားခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ ကျောင်းလမ်းနဲ့ စိန်ပန်းလမ်းထောင့်၊ တိုက်အမှတ်(၉၅)ဘေးမှာ ဦးဟံညွန့်ကို ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ရဲတပ်ဖွဲ့က တွေ့ရှိတာကြောင့် စစ်ဆေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဦးဟံညွန့်မှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၇ ချက်၊ ဝဲဘက်လက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်နဲ့ ညာဘက်လက်ခလယ်၊ လက်သူကြွယ်တို့မှာ ပြတ်ရှဒဏ်ရာ ၁ ချက်စီ ရရှိထားတယ်လို့ ဆိုပါတယ်။ ကားပေါ်မှာ ဦးကျော်လင်း ထားရှိခဲ့တဲ့ ငွေကျပ်သိန်း ၈၀၀ ပါ ခဲရောင်လက်ဆွဲအိတ်လည်း ပျောက်ဆုံးနေတယ် လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကျော်လင်းက ကျူးလွန်သူကို ဖမ်းဆီးရမိရေး တိုင်ကြားခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက (ပ)အမှတ် ၁၁၈၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ၃၉၂ တို့နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ပြီးနောက်ပြစ်မှုကျူးလွန်သူကိုအတည်ပြုနိုင်ခဲ့ပြီးပြစ်မှုကျူးလွန်သူနေထိုင်ရာဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ဆောင်ရွက်ချက်အရဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးမင်းဦး၊ဒိုက်ဦးမြို့မစခန်းမှူူဒုရဲမှူးကျော်စွာလတ်တို့ဦးစီးပြီးနယ်ထိန်းတပ်ဖွဲ့ဝင်များသည်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်လာသူလျှမ်းထက်အောင်(၂၃)နှစ်(ဘ)ဦးကျော်ဝင်းစိန်၊ပနွတ်ကျေးရွာဒိုက်ဦးမြို့နယ်နေသူအားအောက်တိုဘာ၅ရက်ည၁၀နာရီအချိန်ခန့်တွင်သက်သေခံငွေအချို့နှင့်အတူ၎င်း၏နေအိမ်တွင်ဖမ်းဆီးနိုင်ခဲ့ပြီးဒိုက်ဦးမြို့မရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီးအသေးစိတ်ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးလှိုင်သာယာမြို့မရဲစခန်းသို့ဥပဒေနှင့်အညီလွဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။ ဇော်ရှင်း(ဥဿာ)နှင့်မောင်မောင်

ထုံးစံအတိုင်း ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားရှိ ဇီဝဓါတ်ခွဲခန်းမှာ ပလိပ်ရောဂါလို့ သံသယဖြစ်ဖွယ် လူသေဆုံးတဲ့ ကိစ္စမှာ Nay Thway အကောင့်က အမှန်ကြား အမှားတွေထည့်ပြီး ရေးထားပြန်ပါတယ်။ Share လုပ်တဲ့သူပေါင်း 3.1k ဆိုတော့ မနည်းမနောပါ။ ဒါပေမယ့် သူရေးထားတဲ့ပို့စ်က အချက်အလက်တွေ အတော်များများက မမှန်ကန်ပဲ engagement farm တဲ့ ပုံစံမျိုး လှုံ့ဆော် ရေးသားထားတာပါ။ အရင် 2021 မှာကထဲက သူ့ကိုယ်သူ ဆရာဝန်အ‌ေကာင့်ပုံစံနဲ့ နိုင်ငံရေးကိစ္စတွေမှာလည်း လိုင်းပေါ်ကနေ သွေးထိုးလှုံ့ဆော်အမြဲလုပ်နေတဲ့သူပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူရေးထားတာတွေထဲမှာ သိထားသင့်တဲ့ အမှားတွေက 1. ရုရှားနိုင်ငံ ဆိုင်ဘေးရီးယားမှာ ရှိတဲ့ ဇီဝဓာတ်ခွဲခန်းတခုမှာ မတော်တဆမှုဖြစ်ပွားပြီး ပလိပ်ရောဂါပိုး ပျံ့နှံ့လာခဲ့ပါတယ်။ Fact check - ဓါတ်ခွဲခန်းဝန်ထမ်း technician တစ်ဦး ပြင်းထန်တဲ့ အဆုတ်ရောင်နမိုးနီးယားဖြစ်ပြီး သေဆုံးသွားတယ်။ ပလိပ်ရောဂါကူးစက်ပြီး သေဆုံးတယ်လို့ တရားဝင် အတည်ပြုတာတွေ မရှိသေးပါဘူး။ လက်ရှိ ရုရှားဘက်က တရားဝင်ထုတ်ပြန်တာအရ pneumonia of unknown origin ကြောင့် အဆိုပါ ဝန်ထမ်း သေဆုံးတယ်လို့ပဲ သိရပါသေးတယ်။ 2. အခု ပျံ့နှံ့နေတာက Pneumonic Plague ဖြစ်လို့ လူလူချင်း လေထဲကနေ ကူးစက်နိုင်ပါတယ်။ Fact check - Lab technician သေဆုံးရတဲ့ အကြောင်းရင်းက လေထဲကတဆင့်ကူးစက်နိုင်တဲ့ Pneumonic Plague ဟုတ် မဟုတ် အတည်မပြုထားသေးပါဘူး။ ပျံနှံ့နေပြီလို့လည်း ဘယ်သူမှ အတည်မပြုလာသေးပါဘူး။ "ပျံ့နှံ့နေတာက Pneumonic Plague" ဆိုတဲ့ စကားလုံးကို သုံးလို့ မရသေးပါဘူး။ 3. သတင်းဆိုးကတော့ COVID ထက် သေဆုံးနှုန်းမြင့်မားတာပါပဲ။ Fact check - အမှန်တကယ် ပလိပ်ရောဂါ Pneumonic Plague ဖြစ်ပြီးတော့ ကုသမှု မရဘူးဆိုရင် သေနှုန်းမြင့်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် COVID-19 ကပ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ကုသဖို့ ပိုးသတ်ဆေး မရှိပါဘူး။ Plague ရောဂါဖြစ်စေတဲ့ Yersinia pestis ဘက်တီးရီးယားပိုးကိုတော့ ပိုးသတ်ဆေး‌/ပဋီဇီဝဆေး (antibiotics) တွေသုံးပြီး ကုသလို့ရပါတယ်။ ဒါကြောင့် လက်ရှိခေတ်မီဆေးပညာအရ ပလိပ်ရောဂါကို အလျင်အမြန် မပျံ့နှံ့အောင် ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ အရမ်းစိတ်ပူစရာ မလိုပါဘူး။ 4. အမေရိကန်ကတော့ ကူးစက်လာမှာစိုးလို့ ရုရှားကနေ အမေရိကန်လာတဲ့ ခရီးသည်တင်လေယာဉ်တွေကို ရပ်နားဖို့ စဉ်းစားနေပါတယ်။ Fact check - ရုရှားကနေ အမေရိကန်လာတဲ့ ခရီးသည်တင်လေယာဉ်တွေကို ရပ်နားဖို့ စဉ်းစားနေတယ်ဆိုတာ တရားဝင် သတင်းထုတ်ပြန်တာ မရှိပါဘူး။ အမေရိကန်ဘက်က ဒီကိစ္စကို သတိထားစောင့်ကြည့်နေတယ်လို့ပဲ ပြောထားပါတယ်။ ရုရှားဘက်ကနေ မှန်ကန်တဲ့သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့လည်း ပြောထားပါတယ်။ ပုံက‌တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး Nay Thway ရဲ့ ပထမဦးဆုံး တင်ခဲ့တဲ့ ပို့စ် screenshot ပါ။ နမိုးနီးယားနဲ့ လူတစ်ယောက်သေတယ်ဆိုတာပဲ သိရသေးတဲ့ အချိန်မှာ "ရုရှားမှာ ပလိပ်ရောဂါအကြီးအကျယ် ကူးစက်နေပါတယ်" လို့ ရေးသားတာက စိတ်ပျက်စရာ ဖြစ်ပါတယ်။ TR

ကုန်စျေးနူန်း ထပ်တက်ဦးမယ်ထင်တယ် ကချင်ပြည်နယ် ကားလမ်းများပိတ်ပင် ကချင်ပြည်နယ်လမ်းတချို့အသုံးပြုခွင် ပိတ်ပင်2026/အောက်တိုဘာ/5ရ
ကုန်စျေးနူန်း ထပ်တက်ဦးမယ်ထင်တယ် ကချင်ပြည်နယ် ကားလမ်းများပိတ်ပင် ကချင်ပြည်နယ်လမ်းတချို့အသုံးပြုခွင် ပိတ်ပင်2026/အောက်တိုဘာ/5ရက် ရွှေကူ ငါးအိုးလမ်းမကြီးကိုအသုံးမပြုရန် KIO.kiaမှထုတ်ပြန်ကြောင်းသိရ လမ်းခရီးသွားရင် အသိရှိရင် သတင်းမေးပြီးမှသွားလာကြပါ အဆင်ပြေ ဘေးကင်းကြပါစေ #ကချင်ပြည်နယ်

ကမ္ဘာ့ရေနံဈေးနှုန်း ကြီးမြင့်လာမှုဟာ ယူကရိန်းကြောင့်လို့ ထရမ့်ပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ရုရှရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရခြင်းကြောင့် ရေနံဈေးတက်ရခြင်းဖြစ်ကြောင်း Truth Social လူမှုကွန်ရက်ပေါ် ရေးတင်ထားတယ်။ ကမ္ဘာ့လောင်စာဆီဈေးနှုန်း စံချိန်တင် မြင့်တက်နေရခြင်းဟာ အီရန်စစ်ပွဲကြောင့် မဟုတ်ဘဲ ယူကရိန်းက ရုရှရေနံချက်စက်ရုံတွေကို တိုက်ခိုက်နေလို့ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားတယ်။ "လက်ရှိ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတာဟာ ဟော်မုဇ်ရေလက်ကြား ပြဿနာကြောင့် မဟုတ်တော့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာကနေ ရေနံစိမ်းတွေ နေ့စဥ် စံချိန်တင်ပမာဏတွေ ဖြတ်သန်းနေလို့ပါ၊ တကယ့်ပြဿနာက ရေနံချက်စက်ရုံတွေပါ၊ ရုရှရဲ့ ရေနံချက်စက်ရုံတွေကို ယူကရိန်းက လိုက်လံဖောက်ခွဲ ဖျက်ဆီးနေတာကြောင့် အခုလို ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်ရတာပါ"

🟧 ဖြူးဘူတာအထွက်ဖြူးချောင်းတံတားအကျော်နားမှာ JICAကရထားလမ်းအဆင့်​မြှင့်တင်နေစဥ် ရထားလမ်းရဲ့ အလယ်တည့်တည့် မှာ လေးလက်မခန့်ရှိတဲ့ pvc ပိုက်တွေထည့်ထားတာတွေ့ပုံပါအတိုင်းထည့်ထားတာတွေ့ရပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ထည့်တာလဲဗျ။ ဗဟုသုတအဖြစ် သိတဲ့သူများရှင်းပြပေးပါဗျ 🟩 ဓာတ်ပုံထဲတွင် တွေ့ရသည့် ရထားလမ်း အလယ်တည့်တည့်၌ PVC ပိုက်ပြာများ မြှုပ်နှံထားခြင်းသည် ရေနုတ်မြောင်း (Drainage system) နှင့် ကွန်ကရစ်ဇလီဖုံးများ အောက်ခြေ လေဝင်လေထွက်နှင့် ရေထွက်ပေါက်များ ပြုလုပ်ရန်အတွက်ဖြစ်ပါသည်။ ​အဓိက ရည်ရွယ်ချက်များမှာ - ​၁။ ရေဝပ်မှု မရှိစေရန် (Drainage): ရထားလမ်းပေါ်သို့ မိုးရေကျရောက်သည့်အခါ သို့မဟုတ် လမ်းဘေးမှ ရေများ ဝင်ရောက်လာသည့်အခါ ကျောက်ခဲ (Ballast) နှင့် ကွန်ကရစ်ဇလီတုံးများကြား ရေဝပ်မနေဘဲ အောက်ခြေသို့ မြန်မြန်ဆန်ဆန် ရေစီးထွက်သွားနိုင်စေရန် ဖြစ်ပါသည်။ ​၂။ လမ်းအောက်ခြေ မြေသားခိုင်ခံ့စေရန်: ရထားလမ်း အောက်ခြေရှိ မြေသားအတွင်း ရေဝင်ရောက်စိမ့်ဝင်ပြီး ပျော့ဖတ်သွားပါက ရထားလမ်း နိမ့်ဆင်းသွားခြင်း၊ အောက်ခြေ လှုပ်ခါခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ရေကို စနစ်တကျ လမ်းဘေးနုတ်မြောင်းများသို့ သွယ်ဝိုက်စီးဆင်းစေရန် ပိုက်များ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ​၃။ အချက်ပြစနစ်နှင့် ကြိုးများ သွယ်တန်းရန် (Cable Crossing Pipe): အချို့နေရာများတွင် လမ်းတစ်ဖက်မှ တစ်ဖက်သို့ သို့မဟုတ် ရထားလမ်းအလယ်ရှိ လျှပ်စစ်/အချက်ပြကြိုးများ (Signal Cables/Fiber Optics) ကို လမ်းအောက်မှ ဘေးကင်းစွာ ဖြတ်သန်းသွယ်တန်းနိုင်ရန်အတွက်လည်း PVC ပိုက်များကို လမ်းဆောက်လုပ်စဉ် ကြိုတင်မြှုပ်နှံထားလေ့ ရှိပါသည်။ ​JICA ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအတိုင်း အဆင့်မြှင့်တင်ဆောက်လုပ်သည့် ရထားလမ်းများတွင် လမ်းရေရှည်ခိုင်ခံ့စေရေးနှင့် မိုးရာသီ ရေဝပ်မှုကြောင့် ရထားလမ်း ပျက်စီးမှုကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ ရေနုတ်ပိုက်/ပိုက်လိုင်းများကို ထည့်သွင်းဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။

အားလုံးကို မောနီးဘရိတ်ဖတ်ကြွေးလိုက်ပါတယ် 😋
အားလုံးကို မောနီးဘရိတ်ဖတ်ကြွေးလိုက်ပါတယ် 😋

ဒလိုပဲ ကြည့်ရွှီးရတာပေါ့ 😜
ဒလိုပဲ ကြည့်ရွှီးရတာပေါ့ 😜

လှိုင်သာယာမှာ ပွဲရုံပိုင်ရှင်ရဲ့ယာဉ်မောင်းကို သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၈၀၀ လုယက်သွား ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်းက ပွဲရုံပိုင်ရှင်တစ်ဦးရဲ့ ယာဉ်မောင်းကို သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၈၀၀ ထည့်ထားတဲ့ လက်ဆွဲအိတ် လုယက်ခံခဲ့ရတယ် လို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ဖြစ်စဉ်မှာ ဖျာပုံမြို့က ဦးကျော်လင်းနဲ့ ယာဉ်မောင်း ဦးဟံညွန့်တို့ဟာ Mitsubishi Xpander အဖြူရောင်ကားနဲ့ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းကို ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။ ဦးကျော်လင်းက ရေတမံလမ်းရှိ စိန်ဘုရားသီးနှံကုန်သည်ပွဲရုံရှေ့မှာ ကျန်ခဲ့ပြီး ယာဉ်မောင်း ဦးဟံညွန့်ကိုတော့ မရမ်းကုန်းမြို့နယ်၊ ငွေဝါလမ်းရှိ ပွဲရုံကို ကားနဲ့သွားစောင့်နေဖို့ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးဝယ်ပြီးချိန်မှာ ဦးကျော်လင်းက ဦးဟံညွန့်ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရတာကြောင့် ဆက်လက်စုံစမ်းရာ မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦး ဖုန်းကိုင်ဖြေကြားခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ ကျောင်းလမ်းနဲ့ စိန်ပန်းလမ်းထောင့်၊ တိုက်အမှတ်(၉၅)ဘေးမှာ ဦးဟံညွန့်ကို ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဦးဟံညွန့်မှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၇ ချက်၊ ဝဲဘက်လက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်နဲ့ ညာဘက်လက်ခလယ်၊ လက်သူကြွယ်တို့မှာ ပြတ်ရှဒဏ်ရာ ၁ ချက်စီ ရရှိထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကားပေါ်မှာ ဦးကျော်လင်း ထားရှိခဲ့တဲ့ ငွေကျပ်သိန်း ၈၀၀ ပါ ခဲရောင်လက်ဆွဲအိတ်လည်း ပျောက်ဆုံးနေတယ် လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကျော်လင်းက ကျူးလွန်သူကို ဖမ်းဆီးရမိရေး တိုင်ကြားခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက (ပ)အမှတ် ၁၁၈၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ၃၉၂ တို့နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။ ရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းတွေ ရရှိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #လုယက်မှု #မှုခင်း

ဒီလိုပြသနာတွေရဲ့အဓိကအရင်းအမြစ်က စားဝတ်နေရေးမလုံလောက်မှု့နဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု့တွေကြောင့် လူကောင်းတွေတောင် လူယုတ်မာဖြစ်လာကြတယ်ဆိုတာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်တဲ့ကောင်တွေသိစေချင်တယ်

■ မြောက်ဒဂုံမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရပြီး ဆိုင်ရှင်အမျိုးသားသေဆုံး မြောက်ဒဂုံမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရပြီး ဆိုင်ရှင်အမျိုးသားသေဆုံးမှု အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲကျော်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ အိမ်ဆောက်ပစ္စည်းဆိုင်အတွင်းသို့ အမျိုးသားသုံးဦးမှ ဝင်ရောက်ပြီး ဆိုင်ရှင်အမျိုးသမီးကို ချုပ်ကာ ဆိုင်ရှင်အမျိုးသားအား ဆိုင်​အတွင်းရှိ ဓားဖြင့် ရန်ပြုခဲ့ကြောင်း အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် ဝန်းရံမှုးလူမှုကူညီကယ်ဆယ်ရေး အသင်းမှ စုံစမ်းသိရှိရသည်။ "အမျိုးသားသုံးဦးက ဆိုင်ထဲဝင်လာပြီး လုပ်သွားတာလို့ သိရပါတယ်။ ဆိုင်နောက်ထဲက ဓားနဲ့ ဆိုင်ရှင်ကို လုပ်သွားတာပါ။ ဆေးရုံရောက်ပြီး မကြာခင်မှာ သေဆုံးသွားပါတယ်" ဟု အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် ဝန်းရံမှုးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ သေဆုံးသူဆိုင်ရှင်မှာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ဘယ်ဘက်၊ လည်ပင်းသွေးလွှတ်ကြောထိ၊ဘယ်ဘက် ပါးစောင်၊ ဂုတ်၊ ကျောပြင်၊ဘယ်ဘက် လက်ချောင်း၊ ညာဘက် လက်မောင်းပြတ်ရှဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်းရံမှုးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ စုံစမ်းသိရှိရသည်။

စစ်ကိုင်းမှာ ခွေးဘီလူးကားက ရပ်ထားတဲ့ ကားကို ဝင်တိုက်၊ ၁၀ ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရ၊ အောက်တိုဘာ - ၅ စစ်ကိုင်းမြို့အထွက်၊ မန္တလေး - မုံရွာကားလမ်း၊ ကံတလူတိုးဂိတ်အနီးမှာ ဒီမနက်ပိုင်း ခွေးဘီလူးကား တစ်စီးဟာ အရှိန်လွန်ပြီး ရပ်ထားတဲ့ ဘောက်ကားကို ဝင်တိုက်မိတာကြောင့် ခွေးဘီလူးကားပေါ်ပါသူ ၁၃ ဦးအနက် ၁၀ ဦး နေရာတင် သေဆုံးပြီး ကျန်သုံးဦး ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။ ဒီနေ့ မနက် ၉ နာရီခွဲဝန်းကျင်မှာ မုံရွာ - မန္တလေး ကားလမ်းအတိုင်း မုံရွာဘက်ကနေ မောင်းနှင်လာတဲ့ ခွေးဘီဘူးကားတစ်စီး (SUZUKI HIJET) ဘရိတ်ပေါက်ကာ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာနဲ့ ကံတလူ တိုးဂိတ်အနီးမှာ လမ်းဘေး ရပ်ထားတဲ့ ဘောက်ကား တစ်စီးကို တိုက်မိတာလို့ ဆိုပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုကြောင့် ခွေးဘီလူးကားပေါ် လိုက်ပါလာသူ ၁၃ ဦးအနက် အသက် ၃၀ ကျော်ကနေ ၇၀ ဝန်းကျင်အရွယ် အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသားနှစ်ဦး၊ စုစုပေါင်း ၁၀ ဦး နေရာတင် သေဆုံးကာ ကျန် သုံးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ “မ ရှစ်ဦး၊ ကျားနှစ်ဦး သေပါတယ်ခင်ဗျ နေရာတင်ပေါ့၊ ကျွန်တော်တို့ စစ်ကိုင်းဘက်က အထွက် ကျောက်ဆည်ရွာမှာဗျ။ စစ်ကိုင်းဘက်ကထွက် ညာဘက်ကို ကပ်ပြီးတော့ ဘောက်ကားက ကားရပ်ပြီး ထမင်းစားနေတာပေါ့လေ။ အဲဒီ ဘောက်ကား ထမင်းစားတာကို မုံရွာ ဘက်က လာတဲ့ ကားက အရှိန်မထိန်းနိုင်ပဲဝင်တိုက်သွားတာလို့ ပြောပါတယ်ဗျ။ ခွေးဘီလူးကားလေး။ ခွေးဘီလူး ပေါ်မှာ ၁၃ ယောက်ပါတာ ၁၀ ယောက် သေပါတယ်ဗျ၊ သုံးယောက် ဒဏ်ရာပြင်းပါတယ်” လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတစ်ဦးက ပြောဆိုပါတယ်။

တိမ်မြှပ်ခဲ့သော သမိုင်းများ ( 1) ========================                  ဦးနေဝင်းရဲ့ ဘေးနားမှာ ဦးအောင်ကြီး မရှိတော့သလို..ကြည်ဝင်းစိန်လည်း ပြည်ပရောက်သွားရပါပြီ ။ အဲဒီကာလများမှာ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် နာမည်ကျော် မျက်မှန်ကြီး တင်ဦး တာဝန်ယူရပါပြီ ။            မျက်မှန်ကြီးရဲ့ ဘုန်းမီးအတောက်ပဆုံး ကာလများလို့ ဆိုရမှာပါပဲ ။ သူ့ကို ဒါးထက်လှတဲ့ထောက်လှမ်းညွှန်မှူးရာထူး ပေးလိုက်တဲ့အပေါ် တပ်မတော်တရပ်လုံးက အံ့သြခဲ့ကြရပါတယ် ။            တကယ်တော့ မျက်မှန်ကြီးဟာ ဦးနေဝင်းရဲ့ မွေးစားသားသဖွယ် ဖြစ်ခဲ့ရသူမို့သာ ဒီရာထူးကို ရခဲ့တာလို့ ယူဆကြပါတယ် ။ တချိန်က နှုတ်ခမ်းမွေးမောင်လွင်ရဲ့ တပည့် ဗိုလ်ကြီးတင်ဦးဘဝတုန်းကစပြီး မျက်မှန်ကြီးဟာ တိုက်ပွဲ အတွေ့အကြုံလုံးဝ မရှိတော့တဲ့ အရာရှိတဦးဖြစ်ပါတယ် ။            သူရှေ့တန်းကို မသွားရတာလည်း ဦးနေဝင်းက စောင့်ရှောက်ထားလို့ပါပဲ ။ အကြောင်းရင်းက မျက်မှန်ကြီးတင်ဦးရဲ့ မိသားစုကြောင့်ပါပဲ ။ မျက်မှန်ကြီးရဲ့ မွန်လူမျိုးဖခင်ဖြစ်သူက မွန်ပြည်နယ်အတွင်း တာဝန်ကျခဲ့တဲ့ BIA စစ်ဦးစီး ဦးနေဝင်းထံလာပြီး သူ့သား ၃ ယောက်ကို လွတ်လပ်ရေးကြိုးပမ်းမှုမှာ သုံးပါဆိုပြီး ယုံကြည်စွာ အပ်နှံခဲ့ပါတယ် ။ ညီအကို ၃ ယောက်လုံးက တပ်မတော်ထဲဝင်ပြီး တာဝနိထမ်းဆောင်ခဲ့ပါတယ် ။         သူ့အထက်က အကို ၂ ဦးလုံး သောင်းကျန်းသူနှိမ်နင်းရေး တိုက်ပွဲတွေမှာ ကျဆုံးသွားခဲ့ရပါတယ် ။ အဲဒါကြောင့် သူ့ရဲ့ မိဘ ၂ ပါးက အငယ်ဆုံးသားလေးကိုတော့ တိုက်ပွဲကင်းလွတ်ခွင့်ပေးပါဆိုပြီး ဦးနေဝင်းဆီ တောင်းပန်ကြလို့ပါပဲ ။            ဒါကြောင့် ဦးနေဝင်းဟာ မျက်မှန်ကြီးအား မည်သည့်တိုက်ပွဲတာဝန်ကိုမျှ မပေးအပ်ရန် အထူးအမိန့်ထုတ်ပြန်ပြီး စောင့်ရှောက်ခဲ့ပါတယ် ။ အဲဒီနောက် နှုတ်ခမ်းမွှေးကြီးထံ အပ်နှံပြီး ထောက်လှမ်းရေးတာဝန်ထမ်းဆောင်စေခဲ့ပါတယ် ။         ပစိဖိတ်ဒေသ နဲ့ အာရှဒေသအတွက် တိုကျိုမှာ အမေရိကန် CIA က ထောက်လှမ်းရေးသင်တန်းတခု လျှို့ဝှက်စွာ ဖွင့်လှစ်သင်ကြားပေးပါတယ် ။ အဆိုပါ ထောက်လှမ်းရေးသင်တန်းအား မျက်မှန်ကြီးကို တက်ရောက်သင်ကြားစေခဲ့ပြန်ပါပြီ ။ အဒီကာလတွေ ကတည်းက မျက်မှန်ကြီးဟာ ဦးနေဝင်းကို အဖေကြီးလို့ ခေါ်ဝေါ်သုံးစွဲနေလို့ ကွယ်ရာမှာ လူကဲ့ရဲ့ ခံနေရပါပြီ ။                    မျက်မှန်ကြီး တန်ခိုးထွားလာချိန်မှာ မွန်လူမျိုးတို့လည်း တဖန်ပြန်လည် ဇောင်းထလာကြပြန်တယ် ။ မွန်တွေကို ဗမာတွေက အနိုင်ကျင့်ခဲ့တဲ့ အတွက် ပြန်ပြီး လက်စားချေရမယ်ဆိုတဲ့ အစွန်းရောက် မွန်အချို့ဟာ မျက်မှန်ကြီးကို သွေးဆောင်လာကြပါတယ် ။                    အဲဒီကာလတွေတုန်းက နိုင်ငံရေး သြဇာအာဏာကို စီနီယာချထားရာမှာ ဦးနေဝင်းက နံပါတ် ၁ ၊ ဦးစန်းယုက နံပါတ် ၂ ဖြစ်ပြီး လက်စောင်းထက်နေတဲ့ မျက်မှန်ကြီးကို တစ် နှစ်ပိုင်း တစ်ပိုင်း ဆိုပြီး ကပ်သီးကပ်သပ် နေရာပေးထားကြတဲ့ ကာလများဖြစ်ပါတယ် ။ တနည်းအားဖြင့် မျက်မှန်ကြီးဟာ သူ့ကိုယ်သူ အိမ်ရှေ့စံအဖြစ် စိတ်ကူးယဥ်လို့ အကောင်းဆုံး အချိန်လို့ ဆိုကြရပါမယ် ။               ဦးနေဝင်းဆီကို အရေးကြီး သတင်းတခု ရောက်လာပါတယ် ။ အဲဒါကတော့ ဗိမ္မလာတောင်မှာ မြှပ်နှံထားခဲ့တဲ့ ရတနာသိုက်ကြီး အကြောင်းပါပဲ ။ ဂျပန်တို့ ဘုန်းမီးတောက်ပစဥ်က အာရှတခွင်သိမ်းပြီး လုယက်လာခဲ့တဲ့ ရတနာပစ္စည်းတွေကို ဗိမ္မလာတောင် လှိုဏ်ဂူထဲ ထည့်သွင်း မြှပ်နှံသွားကြတယ်ဆိုတဲ့ သတင်းကြီးပါပဲ....          ဂျပန်တွေက ကိုရီးယား ဖိလစ်ပိုင် စင်္ကာပူ မလေး အစရှိတဲ့ တိုင်းပြည်တွေက လုယက်လာတဲ့ ရတနာတွေကို သယ်လာပြီး ယိုးဒယားကို ရထားနဲ့ သယ်ပြီး ယိုးဒယားကတဆင့် ဂျပန်ကို သယ်ဖို့ ရည်ရွယ်ပြီး စုဆောင်းခဲ့တာပါ ။ စစ်ကြီးဖြစ်နေတော့ ဒီလမ်းကြောင်းကသာ စိတ်အချရဆုံးလို့ တွက်ဆခဲ့ပုံပါပဲ ။               အဲဒီ ရတနာတွေကို ဗိမ္မလာတောင်ခြေမှာ ဖောက်လုပ်ထားတဲ့ ရထားလမ်းပါ လှိုဏ်ဂူကြီးထဲ သိုလှောင်ထားတုန်း စစ်ရှုံးလို့ သယ်ယူချိန်မရခဲ့ပါဘူး ။ ဒါကြောင့် လှိုဏ်ဂူထဲ  တွင်းတူးမြှပ်နှံပြီး လှိုဏ်ဂူကိုပါ ဖောက်ခွဲ ပိတ်ဆို့ခဲ့တာပါပဲ ။           အဲဒီ သတင်းက်ို ဦးနေဝင်းကြားရတော့ ဟုတ်လား မဟုတ်လား ဆိုတာကို အတည်ပြုပေးဖို့ မျက်မှန်ကြီးတင်ဦးကို စုံစမ်းစေပါတယ် ။ မျက်မှန်ကြီးက မွန်လူမျိုးမို့ ဒေသခံများထံ အလွယ်တကူ စုံစမ်းနိုင်ပြီး ဟုတ်မှန်ကြောင်း သိသွားပါတယ် ။           ဒါပေမယ့် သူက ဒီရတနာတွေက တို့ မွန်လူမျိုးတွေနဲ့ပဲ သက်ဆိုင်တယ် ဗမာတွေ လက်ထဲ အရောက်မခံဘူး.. ငါ သမ္မတဖြစ်မှ တူးမယ်လို့ စိတ်ကူးပြီး သူ့အစီရင်ခံမှာ အဲဒီ သတင်းဟာ အခြေအမြစ် မရှိဘူးလို့ အစီရင်ခံလိုက်ပါတော့တယ် ။ ( ဒီရတနာသိုက်ကို ကိုအေးမင်း ဦးစီးပြီး NLD လက်ထက်မှာ ပထမအကြိမ် တရားဝင် တူးဖော်ခဲ့ပါတယ် ၊ လက်စမသပ်နိုင်ခင် ပိတ်သိမ်းခံရပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် ဆက်လက်တူးခဲ့ရာ အလုပ်သမား ၄ ဦး သေဆုံးခဲ့ပြီး ရပ်တံ့ခဲ့ရပါတယ် ။ နစက လက်ထက် ကိုအေးမင်းမှ တရားဝင်ဆက်လက်တူးဖော်ရာ လှိုဏ်ဂူဆီသို့ သွားရောက်ရန် လမ်းပေါက်ခါနီး ပိတ်ပင်တားဆီးခံခဲ့ရ၍ ယနေ့တိုင် ဆက်လက်၍ .... ကိုရွှေမျိုးဝင်း