ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

RNC သတင်း၊ နည်းပညာ ၊ရသစုံ

RNC သတင်း၊ နည်းပညာ ၊ရသစုံ

前往频道在 Telegram

🇷eal 🇳ews 🇨ollection

显示更多
318
订阅者
无数据24 小时
-17 天
+130 天
帖子存档
ပြင်ဦးလွင် အနီးစခန်း လေဆိပ်နဲ့ ကပ်လျှက်က နေအိမ်တခုအတွင်းက ပစ္စည်းတွေ အကုန်နီးပါး ဖောက်ထွင်းခိုးယူခဲ့တဲ့ သူခိုးတချို့ကို ဖမ်းမိပြီ မန္တလေး၊ အောက်တိုဘာ- ၂၈- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ မြတ်မင်္ဂလာရပ်ကွက်၊ မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းဘေးက နေအိမ်ခြံဝန်းထဲက ပစ္စည်းတွေကို ပိုင်ရှင်မရှိခိုက် ခိုးယူခဲ့တဲ့ သူခိုးတွေထဲက သူခိုးနှစ်ယောက်ကို ဖမ်းမိပြီး သက်သေခံ ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိပြီလို့ သိရပါတယ်။ ဒေါ်မာမာမြင့် က " ကျမအိမ်က ခိုးသွားတဲ့ သူခိုးတချို့မိပြီး ပစ္စည်းတချို့လည်း ရဲစခန်းမှာ သက်သေအနေနဲ့ ပြန်သိမ်းထားနိုင်ပြီလို့ အကြောင်းကြားပါတယ်။ အကုန်တော့မရသေးပေမယ့် အချိန်တိုအတွင်း တရားခံဖော်ထုတ်နိုင်တဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူး တင်ရပါတယ်" လို့ VOM ကိုပြောပါတယ်။ ဖြစ်စဥ်မှာ အိမ်ရှင်ဒေါ်မာမာမြင့်ရဲ့ နေအိမ်ခြံဝင်းအတွင်းက မီးစက်အိမ် အတွင်းထားရှိတဲ့ GS တံဆိပ်ပါ 12 V အဖြူရောင် ဘတ္ထရီအိုး(၁)လုံး၊ မီးစက်ဘေးထားရှိတဲ့ အမျိုးအစားမမှတ်မိ (၂)လုံးထိုး ကွန်ပရက်ဆာ(၁)ခု၊(၁)ကောင်ခွဲ မော်တာ (၁)လုံးနဲ့ ခြံဝန်းအတွင်းမှာ ထားရှိတဲ့ သုံးယောက်ထိုင်စတီးဒန်း(၁)ခုနဲ့နေအိမ်အတွင်းက ဧည့်ခန်းအတွင်းတွင်ထားရှိတဲ့ ကျွန်းစတီစားပွဲကြီး(၁)လုံး၊ ကျွန်းစတီစားပွဲအသေး(၁)လုံး၊ ကျွန်း(၁)ယောက်ထိုင်ခုံ(၄)လုံး၊ ကျွန်း(၃)ယောက် ထိုင်ခုံ(၁) လုံး၊ အမြင့်(၅)ပေခန့်ရှိ ကြိတ်သားအလှဘီရို(၁)လုံး၊ SAMSUNG အမျိုးအစား ၅၂ လက်မ Flat TV (၁)လုံး၊ DVD စက်(၁)ခု၊ သံခေါက်ကုတင်(၁)လုံး၊ စွမ်းအားတံဆိပ်ပါ 10 KV မီးအားမြှင့်စက်(၁)လုံးတို့ ပျောက်ဆုံးခဲ့တယ်လို့ အိမ်ရှင်က ပြောပါတယ်။ မီးဖိုခန်းအတွင်းမှာ ရှိတဲ့ ကျွန်းထမင်းစားစာပွဲဝိုင်း(၁) လုံး၊ ကျွန်းကုလားထိုင် (၆)လုံး၊ ခြံထဲတွင်ထိုင်ရန် သံဖြင့်ပြုလုပ်ထားသော အလှစားပွဲအဝိုင်း အဖြူရောင်(၁)လုံး၊ အနက်ရောင်(၁)လုံး၊ သံထိုင်ခုံ(၈) လုံး၊ LG အမျိုးအစား အမြင့် (၅)ပေခန့်ရှိ 2DOOR အနက်ရောင်ရေခဲသေတ္တာ(၁)လုံး၊ LG အမျိုး အစား အမြင့်(၄) ပေခန့်ရှိ အနက်ရောင်အဝတ်လျှော်စက်(၁)လုံး၊ MISUHITA အမျိုးအစားဒယ်နီအိုးအကြီး(၁)လုံး၊ အသေး(၁)လုံး၊ အမြင့်(၄) ပေခန့်ရှိ အလူမီနီယံ(၄)ဆင့်ကြောင်အိမ် (၁)လုံးတို့မှာလည်း ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။ အိမ်အပေါ်ထပ်သို့ သွားရောက်ကြည့်ရှုရာ အပေါ်ထပ်ရှိအိပ်ခန်း (၃)ခန်းတွင် ထားရှိသော SAMSUNG အမျိုးအစား ၅၂ လက်မ Flat TV (၁)လုံး၊ ၆ပေ-၆ပေခွဲ ဆွီးတီးဟုမ်း(၂) ယောက်အိပ်မွေ့ယာ ၊ အဝါရောင်(၂)ခု၊ ပန်းရောင်(၁)ခု၊ ဆွီးတီးဟုမ်း(၁)ယောက်အိပ်မွေ့ယာ အနီရောင်(၁)ခု၊ အပြာရောင်(၁)ခု၊ (၃)ပေခွဲခန့်ရှိ အလှဘီရို(၁)လုံး၊ ကုတင်ဘေးမှာ ထားတဲ့ ကြိတ်သားစားပွဲအသေး(၁)လုံး၊ Chanel 5 တံဆိပ်ပါ 100 mml ရေမွှေးပုလင်း(၁)ပုလင်း၊Mount Balance တံဆိပ်ပါ 100 mml ရေမွှေးပုလင်း(၁)ပုလင်းတို့ ပျောက်ဆုံးခဲ့တယ်လို့ အိမ်ရှင် ဒေါ်မာမာမြင့်က ပြောပါတယ်။ ၇-၁၀-၂၀၂၆ ရက်နေ့တွင် နေအိမ်နှင့် ခြံဝန်းတံခါးတွေသော့ ခတ်ပြီး မန္တလေးမြို့ကနေအိမ်ကို အိမ်ရှင် ဒေါ်မာမာမြင့် မြင့်က ပြန်လည်နေထိုင်ပြီး ၂၄-၁၀-၂၀၂၆ ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ခန့်မှာ မြတ်မင်္ဂလာရပ်ကွက်ကို ပြန်လာချိန်မှ ခြံဝန်းအတွင်းက ပစ္စည်းတွေကို ခိုးယူခံရတာသိခဲ့တဲ့အတွက် သက် ဆိုင်ရာ ရဲစခန်းကို တိုင်တန်းထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ် သက်ပြီး ပြင်စာရဲစခန်းကို ဖုန်းခေါ်ပြီး မေးမြန်းတဲ့အခါ ဒီအမှုအတွက် အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းနေတယ်ပါတယ် နှစ်ယောက်ဖမ်းမိပြီး ပစ္စည်းတချို့ သိမ်းဆည်းရမိထားပါတယ်၊ ကျန်ရှိနေတဲ့ တရားခံ တွေကိုလည်း ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ ပြန်လည်ဖြေဆိုပါတယ်။ VOM

အဝေးပြေးကားလိုင်းတွေအနေနဲ့ ဆီဈေးနှုန်းမြင့်မားလာမှု၊ ယာဉ်အပိုပစ္စည်းတွေ ဈေးကြီးလာမှု တွေကြောင့် အခက်အခဲတွေကြုံနေရတယ်၊ ကားခကိုလည်း အများကြီးတိုးတောင်းလို့ မရ တဲ့ အတွက် အောက်ကုန်လို့ ခေါ်တဲ့ တန်ဆာခပေးတင်တဲ့ ကုန်ပစ္စည်းတွေနဲ့ အသက်ဆက်နေရတယ် ဆိုတာ သိပါတယ်။ ဒါ့ကြောင့် အရင်က မုန့်အကောင်းစားနဲ့ ကော်ဖီ တိုက်ပေမဲ့ အခု မုန့်အရည်အသွေးကျသွားတာ နဲ့ ကော်ဖီမတိုက်နိုင်တာကိုလည်း နားလည်ပေးနိုင်ပါတယ်။ စောင်တွေ ဟောင်းလာတာကလည်း မခြုံပဲနေလို့ရပါတယ်။ အပြန်ခရီးမှာ သွားတိုက်တံ/သွားတိုက်ဆေး မပေးတာကိုလည်း အိမ် ပြန် ရောက်မှ သွားတိုက်လို့ ရတဲ့ အတွက် ပြဿနာမရှိဘူး။ ဒါပေမဲ့ မဖြစ်မနေပေးရမဲ့ အခြေခံဝန်ဆောင်မှုတွေ၊ ဝန်ထမ်းတွေရဲ့ ပြုမူဆက်ဆံမှုတွေကို တော့ မလျော့စေချင်ဘူး။ ဒါတွေက ကုန်ကျစရိတ် အပိုမကုန်ပဲ အရည်အသွေးထိန်းထားလို့ ရတဲ့ အလုပ် တွေလည်း ဖြစ်ပါတယ်။ ကျွန်တော်ကြုံရတဲ့ ကိစ္စတွေက Elite ကားလိုင်းတစ်ခုထဲ ဖြစ်နေတာတော့မဟုတ်ပါဘူး။ ကျန်တဲ့ ကားလိုင်းတွေမှာလည်း ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ကိစ္စတွေကို မကြုံချင်လို့ Elite ကို စီး တာ ဖြစ်တဲ့ အတွက် ဝန်ဆောင်မှုတွေ ပိုကောင်းမလာရင်တောင် အရင်စံနှုန်းတွေကိုတော့ ဆက်ထိန်း ထားစေချင်ပါတယ်။ #yehtutarticle #travelogue #EliteExpress

ကားပေါ်က အသံများ တောင်ကြီး တောတွင်းခရီးကြမ်းပြေးပွဲ #TGiTrailRun2026 အသွား/အပြန် Elite အဝေးပြေး ကား နဲ့ သွားပါတယ်။ ရန်ကုန်က အောက်တိုဘာ ၂၂ ည ၈ နာရီကားကို စီးပြီး တောင်ကြီးက အောက်တိုဘာ ၂၆ ညနေ သုံးနာရီခွဲကားနဲ့ ပြန်ခဲ့တယ်။ နှစ်စီးလုံး 2 Plus 1 Business Class ကားတွေပါ။ Elite ကားလိုင်း ကျွန်တော်အများဆုံး စီးဖြစ်တဲ့ အဝေးပြေးကားလိုင်းပါ။ မန္တလာမင်း ၊ ရွှေမန္တလာ နဲ့ JJ ကားလိုင်းတွေကို တစ်ခါတလေစီးဖြစ်တယ်။ Elite ကားလိုင်းကို စီးတာများရတဲ့ အဓိက အချက် က ယဉ်မောင်းတွေရဲ့ ကျွမ်းကျင်မှု နဲ့ ယာဉ်ပေါ်ဝန်ဆောင်မှု ကောင်းတာ ကြောင့် ဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ဘဝင်မကျစရာတွေ ကြုံခဲ့ရတယ်။ အရင်က ဆိုရင် ကားစထွက်တာနဲ့ ယာဉ်ပေါ်လိုက် ဝန်ထမ်းက မိုက်နဲ့ နှုတ်ဆက် စကားပြောပြီး ခါးပတ်ပတ်ထားဖို့၊ အနံ့ပြင်းတဲ့ အစားအစာတွေ မစားဖို့၊ စကားအကျယ်ကြီး မပြောဖို့၊ ဖုန်းကို အကျယ် ကြီး ဖွင့်မထားဖို့ စတဲ့ သတိထားရမဲ့ အချက်တွေ ပြောတယ်။ နောက်ပြီး ခေတ်ပေါ် ပြဿနာဖြစ်တဲ့ စစ်ဆေးရေးဂိတ်တွေနားရောက်ရင် ဖုန်းမသုံးဖို့ ၊ သုံးလို့ရတဲ့နေရာ ရောက်ရင် ပြန်အသိပေးပါ့မယ် စသည်ဖြင့် ရှင်းပြတယ်။ အခုခရီးစဉ်မှာတော့ အသွားမှာ ဝန်ထမ်းအမျိုးသားက မိုက်မသုံးပဲ ရှေ့က တစ်ခုံ၊ နှစ်ခုံလောက်ပဲ ကြားလောက်ရုံ အသံနဲ့ ပြောတယ်။ အပြန်ခရီးစဉ်တော့ တောင်ကြီး ၄ မိုင်ဂိတ်က စထွက်ထဲက ဝန်ထမ်းအမျိုးသမီးက ဘာမှမပြောဘူး။ ကလောခရီးသည်တွေတက်ပြီး လူစုံမှ ပြောမယ်လို့ ထင်နေပေမဲ့ အောင်မင်္ဂလာ ကားဂိတ်ဝင်မှပဲ နှုတ်ဆက်စကားသံကြားရတော့တယ်။ အသွားရော အပြန်မှာပါ စစ်ဆေး ရေးဂိတ်တွေ အနားရောက်တဲ့အခါ အရင်လို ဖုန်းမသုံးဖို့ သတိပေးတာမျိုး လည်း မရှိတော့ဘူး။ ဒါကတော့ မူဝါဒပြောင်းပြီး သုံးခွင့်ပြုထားလို့လည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခါ အရင်အင်းစိန်ကျောင်းမတက်ခင်က သွားခဲ့တဲ့ ခရီးစဉ်တွေမှာ ဆိုရင် ကားထွက် တာနဲ့ ယာဉ်ပေါ်လိုက် ဝန်ထမ်းက ခါးပတ်ပတ် ထား ၊ မထားလိုက်ကြည့်တယ်၊ ခရီးစဉ်အတွင်း မှာလည်း ဆေးဗန်းလေးကိုင်ပြီး ဆေးလိုမလို လိုက်မေးတယ်။ အိမ်ပြန်ရောက် ပြီးမှ ကျွန်တော် Elite နဲ့ ခရီးသွားတာ နှစ်ကြိမ်ရှိပြီ။ နှစ်ကြိမ်လုံး အဲဒီလို ဝန်ဆောင်မှုတွေ မတွေ့ တော့ဘူး။ ယာဉ်ပေါ်လိုက် ဝန်ထမ်းရဲ့ တာဝန်က စစ်ဆေးရေး ဂိတ် ရောက်ရင် လူစာရင်းနဲ့ ရေသန့်ဘူး ဆင်းပေး၊ ပြီးရင် ဖုန်းထိုင်ပွတ် ဖြစ်နေပြီ။ အလာတုန်းက အန်ချင်ရင်သုံးဖို့၊ ဒါမှမဟုတ် အမှိုက်ထည့်နိုင်ဖို့ အတွက် ပလတ် စတစ် အိတ် ပေးပေမယ့် အပြန် ခရီးစဉ်မှာ မပေးဘူး။ ကလောအထွက်မှာ ခရီးသည်အမျိုးသမီး နှစ်ယောက် က အန်ချင်လို့ ဆို ပြီးတောင်းမှ တောင်းတဲ့သူကိုပဲပေးတော့တယ်။ အိတ်ရမှ အန်လို့ တော်သေး တာ ပေါ့။ ဒီအတိုင်း ထိုးအန်လိုက်ရင် ကားတစ်စီးလုံး ဒုက္ခရောက် မဲ့ ကိန်းပဲ။ နောက်ပြီး အိတ်မရ တဲ့ အတွက် ခရီးသည် က ကားပေါ်မှာအမှိုက်ပစ်ချရင် ကားလိုင်းပဲ အလှုပ်ရှုပ်မှာပါ။ အဆိုးဆုံးကတော့ အသံဆူညံမှုပဲ။ တစ်ချိန်တုန်းက အဝေးပြေးကားလိုင်းတွေမှာ ကြည့်ချင်မှန်း ၊ မကြည့်ချင်မှန်း မသိ၊ အဓမ္မဖွင့်တဲ့ ဗီဒီယိုတွေ၊ ကာရာအိုကေအခွေတွေ ဒဏ်ကို ကောင်းကောင်း ခံခဲ့ရဖူးတယ်။ အဲဒီလိုဗီဒီယိုအခွေတွေ ဖွင့်တာရပ်သွားတော့ နောက်ထပ် ဒုက္ခတစ်မျိုးပေါ်လာပြန်တယ်။ အဲဒါ ကတော့ ဖုန်း အကျယ်ကြီးပြောတဲ့သူ၊ ဖုန်းနဲ့ တစ်တော့ အကျယ်ကြီးဖွင့်ကြည့်သူ၊ သီချင်း တွေ အကျယ်ကြီး နားထောင်သူတွေပဲ။ ဒါတွေကလည်း နောက်ပိုင်းမှာ ကားလိုင်းတွေက သတိပေး တာရော ၊ ခရီးသည်အချင်းချင်း ထိန်းသိမ်းတာကြောင့်ရော အတော်လျော့ပါးသွားပါတယ်။ ဒါပေမဲ့ အခု ခရီးစဉ်မှာ အဆူညံဆုံးက ယာဉ်မောင်းနဲ့ ဝန်ထမ်းတွေပဲ။ ခရီးသည်တွေကိုသာ အခြား ခရီးသည်များ အနှောင့်အယှက် မဖြစ်စေဖို့အတွက် သတိပေး နေပေမဲ့ သူတို့ကျတော့ မလိုက်နာ ဘူး။ အထူးသဖြင့် ရှေ့ပိုင်းမှာထိုင်တဲ့ ခရီးသည်တွေက သူတို့ဒဏ်ပိုခံရတယ်။ အသွားခရီးမှာ ည ၈နာရီက ထွက်တယ်။ ၇၆ မိုင်မှာ နားပြီး ပြန်ထွက်တော့ ည ဆယ်နာရီ ငါးဆယ် မိနစ်။ အဲဒီအချိန်က စပြီး ယာဉ်ပေါ်လိုက် ဝန်ထမ်းနဲ့ ယာဉ်မောင်းက ကားလိုင်း က အခြားသူတွေ အကြောင်း၊ ရပ်စောက်ခရီးစဉ်အကြောင်း၊ ယူနီဖောင်းနှစ်စုံနဲ့ မလုံလောက် တဲ့အကြောင်း မရပ်မနား ပြောနေတာ နောက်ဆုံးမခံနိုင်တော့တဲ့ခရီးသည် တစ်ယောက်က ပြောမှပဲ ရပ်သွားတော့တယ်။ အပြန်ကျတော့ ယင်းမာပင်မှာ ညစာစားပြီး ပြန်ထွက်တာနဲ့ ယာဉ်မောင်းက သီချင်းတွေဖွင့်လိုက် တာ နောက်ဆုံးကျွန်တော်က ထပြီး အသံတိုးပေးပါလို့ ပြောမှ ရပ်သွားတော့တယ်။ ညဘက် ဆိုရင် ကားသမား အိပ်မငိုက်ဖို့အတွက် စကားပြောပေးရတာ၊ သီချင်းနားထောင်ရတာ နားလည် ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက ကျန်တဲ့ ခရီးသည်တွေ အနှောင့်အယှက်မဖြစ်ဖို့တော့ လိုတာ ပေါ့။ ကျွန်တော် စင်္ကာပူကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူအထိ ညဘက် အဝေးပြေးကားနဲ့ နှစ် ကြိမ် သွားဖူးတယ်။ အဲဒီကားလိုင်းတွေမှာ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်လိုက်ဝန်ထမ်းတွေ ပေါက်ပေါက် ဖောက်သလို အပိုစကားပြောနေတာမျိုး၊ အလုပ်ချိန်မှာဖုန်းထိုင်ပွတ်နေတာမျိုး မကြုံခဲ့ရဘူး။

" အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)(ARNAB)သည် အိန္ဒိယ နိုင်ငံသို့ဖြတ်ကျော်လျှက်ရှိသော ၂၈ ရက်နေ့အတွက် မြန်မာတစ်ပြည်လုုံးမိုးလေဝသအခြေအနေခန့်မှန်းချက် " ၂၈.၁၀. ၂၀၂၆ ရက်နေ့ နံနက် ၉ နာရီ ၅၃ မိနစ် ၁။ မိုးတိမ်တောင်ဖြစ်ထွန်းမှုအခြေအနေ။ တနင်္သာရီတိုင်း နှင့် ကချင်ပြည်နယ်တို့မှာ တိမ် အသင့်အတင့်ဖြစ်ထွန်းနေပြီး ကျန်မြန်မာ တစ်ပြည်လုံးမှာ တိမ်အနည်းငယ်လောက်သာ ဖြစ်ထွန်းနေပါသည်။ ၂။ တိုင်းနှင့်ပြည်နယ်(၁၄)နေရာအတွက် မနက်ဖြန်နံနက် (၁၀) နာရီအထိ မိုးရွာသွန်း နိုင်မှုခန့်မှန်းချက်- (က) ကချင်ပြည်နယ်အတွက်ခန့်မှန်းချက်။ တိမ်အနည်းငယ်လောက်သာဖြစ်ထွန်းနေပါသည်။ (ခ) စစ်ကိုင်းတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ်စပ်နဲ့ နေသာ နိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ (ဂ) ချင်းပြည်နယ်အတွက်ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ်စပ်နဲ့ နေသာ နိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ (ဃ) မန္တလေးတိုင်းဒေသကြီးအတွက် ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက် စပ်စပ်နဲ့ နေသာနိုင်ပြီး ညနေပိုင်းတွင် နေရာကျဲကျဲ မိုးအနည်းငယ်ရွာသွန်းနိုင်ပါသည်။ (င) နေပြည်တော်ကောင်စီနယ်မြေအတွက် ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ် စပ်နဲ့ နေသာနိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းနိုင်ပါသည်။ (စ) မကွေးတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ်စပ်နဲ့ နေသာ နိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ (ဆ) ရှမ်းပြည်နယ်အတွက်ခန့်မှန်းချက်။ မြောက်ပိုင်းမှာ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။ အရှေ့ပိုင်းနှင့်တောင်ပိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ်သာရွာသွန်းနိုင်ပါသည်။ (ဇ) ရခိုင်ပြည်နယ်အတွက်ခန့်မှန်းချက်။ နေရာကျဲကျဲ မိုးအနည်းငယ်ရွာသွန်းနိုင်ပါသည်။ (ဈ) ဧရာဝတီတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ်စပ်နဲ့ နေသာ နိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ (ည) ရန်ကုန်တိုင်းဒေသကြီးအတွက်ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ်စပ်နဲ့ နေသာ နိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ (ဋ) ပဲခူးတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်။ နေရာကျဲကျဲ မိုးအနည်းငယ်ရွာသွန်းနိုင်ပါသည်။ (ဌ) ကယားပြည်နယ်အတွက်ခန့်မှန်းချက်။ နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းနိုင်ပါသည်။ (ဍ) မွန်ပြည်နယ်အတွက်ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ်စပ်နဲ့ နေသာ နိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ (ဎ) ကရင်ပြည်နယ်အတွက်ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ်စပ်နဲ့ နေသာ နိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ (ဏ) တနင်္သာရီတိုင်းဒေသကြီးအတွက် ခန့်မှန်းချက်။ နံနက်ခင်းနှင့် မွန်းလွဲပိုင်းတွင် အိုက်စပ် စပ်နဲ့ နေသာနိုင်ပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းနိုင်ပါသည်။ ၃။ မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm)(ARNAB)သည် အိန္ဒိယနိုင်ငံသို့ဖြတ်ကျော်လျှက် ရှိပါသည်။ ၄။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျားမှနေရာကျဲကျဲ မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ Wai Phyo Han ☔️ လေကြောင်းမိုးလဝသ 💙

“ တ ကယ့် တန် ကြေး လား “ နိုင် ငံ တ ကာ မှာ စား သောက် ကုန် တွေ ကို သာ မန် ထက် ဈေး ပို ကြီး ယူ ရင် စောင့် ကြည့် အ ရေး ယူ တဲ့ အ ဖွဲ့ တွေ ရှိ တယ် ။ မြန် မာ နိုင် ငံ မှာ ရော ရှိ လား ။ သိ ရ သ လောက် အ ရင် က တော့ အဲ့ ဒီ အ ဖွဲ့ မျိုး ရှိ ခဲ့ တယ် အ ခု တော့ မ သိ တော့ ဘူး ။ မြန် မာ နိုင် ငံ မှာ စား သောက် ကုန် တွေ ဈေး ကြီး ရောင်း နေ တာ စား နိုင် တဲ့ သူ တွေ ဝယ် စား ကြ လိမ့် မ ပေါ့ ဆို ပြီး ဒီ အ တိုင်း ထား တာ မျိုး တွေ့ ရ တယ် ။ ထူး ခြား တဲ့ ကိ စ္စ မျိုး ဆို ထား သာ မန် က တော့ ထိန်း သင့် တယ် ။ ပန်း သေး ခေါက် ဆွဲ တ ပွဲ ကို ၁၉၀၀၀ ( တ သောင်း ကိုး ထောင် ) ကျပ် ရောင်း တယ် ။ အဲ့ ဒီ ဆိုင် မှာ ပဲ စ မူ စာ သုတ် တ ပွဲ ၇၅၀၀ ကျပ် ။ ဒါ ဟို တယ် မှာ တက် စား တာ မ ဟုတ် ဘူး လမ်း ဘေး မှာ ဖွင့် ထား တဲ့ လက် ဘက် ရည် ဆိုင် မှာ ဝင် စား တာ ။ ပန်း သေး ခေါက် ဆွဲ တ ပွဲ ရဲ့ အ မှန် တ ကယ် ကုန် ကျ စ ရိပ် က ဘယ် လောက် ရှိ မ လဲ ။ အ လွန် ဆုံး ငါး ထောင် ခု နှစ် ထောင် ပေါ့ ။ တ သောင်း နဲ့ ရောင်း ရင် တောင် တော် လှ ပြီ ။ သူ့ ဖာ သာ သူ ရောင်း တာ မ စား ချင် မ စား နဲ့ ပေါ့ လို့ ပြော လို့ ရ တယ် ။ ငွေ တန် ဖိုး တွေ ကျ သ ထက် ကျ ကုန် လိမ့် မယ် ။ နောက် ဆို ပန်း သေး ခေါက် ဆွဲ တ ပွဲ ငါး သောင်း တ သိန်း ဆို တာ ကြား လာ ရ လိမ့် မယ် ။ အ စိုး ရ မှာ လုပ် စ ရာ တွေ အ များ ကြီး ရှိ တယ် ။ ဒါ လည်း လုပ် စ ရာ ပဲ ။ တ ယောက် တည်း မ နိုင် ရင် နောက် တ ယောက် ခေါ် ခိုင်း ၊ နောက် တ ယောက် နဲ့ မ နိုင် သေး ရင် နောက် နှစ် ယောက် ခေါ် ခိုင်း ရ မှာ ပေါ့ ။ အ စိုး ရ သ တိ လွတ် နေ ရင် အ ကြံ ပေး က ပြော ပြ ပေါ့ ။ မ ကြာ ခင် က အ ခွန် ဆောင် မှ passport ပေးမယ် ဆို တာ မျိုး မ ဖြစ် သင့် ဘူး လို့ အ ကြံ ပေး ဆ ရာ မ ကြီး ဒေါိ ရင် ရင် နွယ် ပြော တာ ကြည့် လိုက် ရ တယ် ။ ဖြစ် ချင် သ လို ဖြစ် ၊ ရောင်း ချင် သ လို ရောင်း တတ် နိုင် တဲ့ သူ ဝယ် လိမ့် မယ် ၊ စား လိမ့် မယ် ငါ အ ခွန် ရ တယ် လို့ နေ လို့ မ ရ ဘူး ။ မ ဝယ် နိုင် မ စား နိုင် တဲ့ သူ တွေ အ တွက် လည်း ထည့် စဉ်း စား ရ မှာ ပဲ ။ ထုတ် ထား တဲ့ ပိုက် ဆံ က အဲ့ လောက် ပဲ တန် တယ် လို့ လက် ဘက် ရည် ဆိုင် တွေ ပ စ္စည်း ပိုင် ရှင် တွေ က သတ် မှတ် နေ တာ သိပ် တော့ အ ဆင် မ ပြေ ဘူး ။ မြန် မာ နိုင် ငံ ကုန် ဈေး နှုန်း က တန်း တ ခု ရောက် ဖူး သွား ရင် ပြန် မ ဆင်း ချင် တော့ ဘူး ။ ဘာ ကြောင့် ညာ ကြောင့် ဈေး တက် ရ ပါ တယ် ဆို ပေ မယ့် ဘာ တွေ ညာ တွေ ပြန် ကျ သွား လည်း တင် ထား တဲ့ ကုန် ဈေး နှုန်း က ပြန် မ ကျ ချင် တော့ ဘူး ။ ရ ဖူး သွား တာ ကိုး ။ မ တန် တ ဆ ဈေး နှုန်း တွေ ပြော နေ ရောင်း နေ ကြ တာ တွေ ကို အ လွန် အ ကျွံ မ ဖြစ် အောင် သက် ဆိုင် ရာ တွေ ထိန်း ပေး သင့် တယ် ။ မ ဟုတ် ရင် ပိုက် ဆံ ရှိ တဲ့ သူ ပိုက် ဆံ မ ရှိ တဲ့ သူ ၊ စား နိုင် တဲ့ သူ မ စား နိုင် တဲ့ သူ ဆို ပြီး လူ တန်း စား တွေ အ ရမ်း ကွာ သွား လိမ့် မယ် ။ လူ တန်း စား အ ရမ်း ကွာ သွား ရင် ထိန်း ရ ခက် တဲ့ ပြ ဿ နာ တွေ ဖြစ် လာ လိမ့် မယ် ။ အ စား အ သောက် တ ခု တည်း အ တွက် ရေး တာ မ ဟုတ် ဘူး ။ ကိုယ် ပိုင် ကျောင်း တွေ ၊ သင် တန်း ကျောင်း လ ခ တွေ က အ စ ရေ ခဲ သေ တ္တာ အဲ ကွန်း အ လယ် ကား အိမ် ခြံ မြေ ထိ မြန် မာ နိုင် ငံ မှာ ဖြစ် သင့် ရဲ့ လား ဆို တာ တွေ လေ့ လာ စေ ဖို့ အ တွက် ရေး တာ ။ မိုး တင့် ( ရန် ကုန် တ က္က သိုလ် ) ၂၁ ၊ ၁၀ ၊ ၂၀၂၆

အိုင်ပီရေ ဒီကိစ္စကတော့ နက်နဲသထက် နက်နဲလာပြီဗျို့.... လူပျောက်တယ်ဆိုပြီး ဘယ်သူဘဲတင်တင် အမြန်ဆုံးပြန်တွေ့စေချင်တယ်... ငယ်စဉ်ကလေးဘဝ တစ်နှစ်ခွဲလောက်မွေးထားတဲ့ ရွှေဂဲလေးပျောက်သွားတာတောင် ခုထိ မမေ့သေးဘူး... ပျောက်စကဆို မစားမအိပ်နိုင် အိမ်နားတလျောက် ရွှေဂဲရေ ရွှေဂဲရေနဲ့ လိုက်အော်ရပြီး နီးစပ်ရာ နေရာအနှံ့လိုက်ရှာရတာ နှစ်တွေချီတယ်... သံဈေးရှေ့ ကြက်တူရွေးရောင်းတဲ့နေရာ ကိုယ့်ရွှေဂဲလေးများ ဖမ်းခံရလို့ ပြန်ရောင်းနေမလားဆို အခါခါသွားကြည့်ဖူးတယ်... လူဆိုရင် မပြောနဲ့တော့... ပြန်ရောက်လာပြီဆိုတော့လည်း ဝမ်းသာရတာပေါ့လေ... မနေ့ညနေမှာ အဆိုပါအမျိုးသမီးငယ်က လူပျောက်ဖြစ်စဉ်အကျဉ်းချုပ်နှင့် လူငယ်လုပ်ငန်းရှင်များသို့အမှာစာဆိုပြီး မှာတမ်း‌ခြွေပါတယ်... လူပျောက်နေစဉ် ဖြစ်စဉ်အကျဉ်းချုပ်ကို ဖတ်ကြည့်တော့ မရှင်းတာတွေ တော်တော်တွေ့တယ်ပေါ့ဗျာ... EV Charging Station မှာအားသွင်းနေရင်း အရာရှိ ၂ ယောက် နောက်လိုက်တစ်ယောက် စခန်းမှာ မေးစရာရှိလို့ဆိုပြီး လာခေါ်တယ်ပေါ့ဗျာ... စစ်မယ့်နေရာ မရောက်ခင် မျက်လုံးစည်းလိုက်တယ်လို့ဆိုပါတယ်... သူ့ကို နောက်ယောင်ခံလိုက်နေတာ ၁ လလောက်ရှိပြီလို့ ဆိုထားတယ်... ဒီနေရာမှာ မေးစရာရှိတာလာပြီ... စခန်းကို လိုက်ခဲ့ပါဆိုတာ ရဲစခန်းကိုခေါ်တဲ့အခါမှာ နယ်မြေရဲတပ်ဖွဲ့ကသုံးတဲ့ စကားမျိုး... ကျန်တဲ့အဖွဲ့စည်းတွေဖြစ်တဲ့ မူးယစ် ဒန မှု့ခင်းအကူ စစစ စရဖတို့ဆိုရင် မေးစရာရှိလို့ ခဏလောက်လိုက်ခဲ့ပါလို့သာ ခေါ်ရင် ခေါ်... မေးစရာရှိလို့ ရုံးခဏလိုက်ခဲ့ပါလို့သာခေါ်လေ့ရှိပါတယ်... နယ်မြေရဲဆိုရင်လည်း အဲ့လောက် နောက်ယောင်ခံလိုက်ဖို့ မအားပါဘူး... အရာရှိ ၂ ယောက်ဆိုပိုဆိုး... တစ်ယောက်ကို အမှု့ပေါင်းများစွာ ကိုင်ထားရပြီး အိုးနင်းခွက်နင်းမဖြစ်ရုံတစ်မယ်... ရန်ကုန်မြို့တွင်းလိုနေရာမှာ အပိုင်နယ်မြေရဲကသာ ‌ခေါ်မယ်ဆိုရင် စစ်စရာရှိ အိမ်မှာလာခေါ်မှာပေါ့... အလုပ်ရှုပ်ခံပြီး EV Station မှာ လာမခေါ်ဘူး... ယူသွားတဲ့ EV ကားကို ဘယ်သူမောင်းယူသွားလဲ... ကာယကံရှင်က အိမ်ကိုလာမေးပါတယ် မရှိလို့ပါလို့ ဖြေထားတယ်... ဒီလောက်နောက်ယောင်ခံလိုက်ပြီးမှ ပစ်မှတ်မရှိတဲ့ အိမ်ကို မပိုင်ဘဲ ဘယ်သူမှ ဝင်မမေးဘူး... သတိပေးသလိုဖြစ်အောင် ဘယ်သူမှ မလုပ်ဘူး... အိမ်မှာလာမေးတယ်ဆိုရင် အိမ်သားတွေက လာမေးကြောင်း ဖုန်းဆက်မပြောဘူးလား... လူပျောက်ချိန် အိမ်မှာလူစိမ်းတွေလာမေးတာကို ဘာလို့ ထည့်မတင်လဲ... ရဲစခန်းသွားပြီး လူပျောက်တိုင်ထားရင် လူစိမ်းတွေလာမေးတယ်ဆိုတာ ထည့်တိုင်ထားလား... နောက် စစ်မယ့်နေရာ မရောက်ရင် မျက်လုံးစည်းတယ်တဲ့... စီးပွားရေးကိစ္စတွေနဲ့ စစ်တဲ့ကိစ္စတွေမှာ ဘယ်သူမှ မျက်လုံးစည်းမခေါ်ဘူး... မေးစစ်ကြည့်တဲ့အခါ သူမရော စစ်တဲ့သူတွေရောပါ... နားလည်မှု့ လွဲနေတာကို နားလည်သွားတယ်တဲ့... တစ်လလောက် ရှဲဒိုးလိုက်နေတဲ့ သံသယရှိသူတစ်ယောက်ကို ဘယ်စစ်မေးသူမှ ခဏလေးမေးလိုက်တာနဲ့ နားလည်မှု့လွဲတယ်လို့ ‌တန်းကောက်ချက် မချဘူး... စစ်မေးနေတဲ့အချိန်မှာ သူက အမှားမရှိလို့ အသားတစ်ချက်တောင် ထိလို့မရပါဘူးတဲ့... အင်းဘာ ဟုတ်ပါပြီ... စစ်မေးနေချိန်မှာ အမှန်အတိုင်းမပြောရင် ရိုက်မယ် ပြုမယ်လို့ ခြိမ်းခြောက်ကြပါတယ်တဲ့... ဒီလိုကိစ္စမျိုးတွေ စစ်ရသူတွေဟာ အဲ့လို ရိုက်မယ်ပြုမယ်လို့ မပြောကြဘူး... အေးဆေးဖြစ်အောင် အမှန်အတိုင်းပြောပါ အမှန်အတိုင်းမပြောရင် ပြောအောင် လုပ်ရပါလိမ့်မယ် ဒီလောက်သာ ပြောတတ်ပြီး... ခေါင်းမာနေရင် ရိုက်စရာမလိုပဲ... အသားကို လက်နဲ့မထိပဲ တုတ်နဲ့ မရိုက် အသားမနာကျင်စေဘဲ အမှန်အတိုင်းဖြေအောင်လုပ်လို့ရတယ်... ဒုတိယနေ့မှာ အမေနဲ့ ချစ်ခင်သူအပေါင်းကြိုးစားမှု့ကြောင့် CCTV Record နဲ့ ကား GPS  Location ကိုသိနေကြပါပြီ...အဲ့မှာ သူတို့က ပြန်ပေးဆွဲတာမဟုတ်ကြောင်းသိနေပါပြီ။ ဒါဆို ဒီလောက်ဟိုးလေးတကြော်ဖြစ်နေတဲ့ကိစ္စကို သက်ဆိုင်သူတွေက နေရာမဖော်ပြဘဲ ဘယ်နေရာမှာရှိနေပြီ ပြန်ပေးဆွဲခံရတာ မဟုတ်ကြောင်း ဘာလို့ စာလေးနှစ်ကြောင်း သုံးကြောင်းလောက်ပြန်တင်ပြီး မဖြေရှင်းတာလဲ... စခန်းမှာ အစစ်ခံနေရချိန် ဒုတိယနေ့မှ မိသားစုတွေက နေရာသိနေရင် ဘာလို့လာမတွေ့ဘဲနေတာလဲ... စခန်းလိုက်မလာဘူးလား... ကျန်တာတွေ သိချင်တာလေးရှိသေးပေမယ့် ဒီလောက်ပဲပြောပါမယ် စိတ်ပူပေးကြသူတွေအပေါ် ရိုးသားကြဖို့လိုပါတယ် ကိုတိုး

အိုင်ပီရေ ဒီကိစ္စကတော့ နက်နဲသထက် နက်နဲလာပြီဗျို့.... လူပျောက်တယ်ဆိုပြီး ဘယ်သူဘဲတင်တင် အမြန်ဆုံးပြန်တွေ့စေချင်တယ်... ငယ်စဉ်ကလေးဘဝ တစ်နှစ်ခွဲလောက်မွေးထားတဲ့ ရွှေဂဲလေးပျောက်သွားတာတောင် ခုထိ မမေ့သေးဘူး... ပျောက်စကဆို မစားမအိပ်နိုင် အိမ်နားတလျောက် ရွှေဂဲရေ ရွှေဂဲရေနဲ့ လိုက်အော်ရပြီး နီးစပ်ရာ နေရာအနှံ့လိုက်ရှာရတာ နှစ်တွေချီတယ်... သံဈေးရှေ့ ကြက်တူရွေးရောင်းတဲ့နေရာ ကိုယ့်ရွှေဂဲလေးများ ဖမ်းခံရလို့ ပြန်ရောင်းနေမလားဆို အခါခါသွားကြည့်ဖူးတယ်... လူဆိုရင် မပြောနဲ့တော့... ပြန်ရောက်လာပြီဆိုတော့လည်း ဝမ်းသာရတာပေါ့လေ... မနေ့ညနေမှာ အဆိုပါအမျိုးသမီးငယ်က လူပျောက်ဖြစ်စဉ်အကျဉ်းချုပ်နှင့် လူငယ်လုပ်ငန်းရှင်များသို့အမှာစာဆိုပြီး မှာတမ်း‌ခြွေပါတယ်... လူပျောက်နေစဉ် ဖြစ်စဉ်အကျဉ်းချုပ်ကို ဖတ်ကြည့်တော့ မရှင်းတာတွေ တော်တော်တွေ့တယ်ပေါ့ဗျာ... EV Charging Station မှာအားသွင်းနေရင်း အရာရှိ ၂ ယောက် နောက်လိုက်တစ်ယောက် စခန်းမှာ မေးစရာရှိလို့ဆိုပြီး လာခေါ်တယ်ပေါ့ဗျာ... စစ်မယ့်နေရာ မရောက်ခင် မျက်လုံးစည်းလိုက်တယ်လို့ဆိုပါတယ်... သူ့ကို နောက်ယောင်ခံလိုက်နေတာ ၁ လလောက်ရှိပြီလို့ ဆိုထားတယ်... ဒီနေရာမှာ မေးစရာရှိတာလာပြီ... စခန်းကို လိုက်ခဲ့ပါဆိုတာ ရဲစခန်းကိုခေါ်တဲ့အခါမှာ နယ်မြေရဲတပ်ဖွဲ့ကသုံးတဲ့ စကားမျိုး... ကျန်တဲ့အဖွဲ့စည်းတွေဖြစ်တဲ့ မူးယစ် ဒန မှု့ခင်းအကူ စစစ စရဖတို့ဆိုရင် မေးစရာရှိလို့ ခဏလောက်လိုက်ခဲ့ပါလို့သာ ခေါ်ရင် ခေါ်... မေးစရာရှိလို့ ရုံးခဏလိုက်ခဲ့ပါလို့သာခေါ်လေ့ရှိပါတယ်... နယ်မြေရဲဆိုရင်လည်း အဲ့လောက် နောက်ယောင်ခံလိုက်ဖို့ မအားပါဘူး... အရာရှိ ၂ ယောက်ဆိုပိုဆိုး... တစ်ယောက်ကို အမှု့ပေါင်းများစွာ ကိုင်ထားရပြီး အိုးနင်းခွက်နင်းမဖြစ်ရုံတစ်မယ်... ရန်ကုန်မြို့တွင်းလိုနေရာမှာ အပိုင်နယ်မြေရဲကသာ ‌ခေါ်မယ်ဆိုရင် စစ်စရာရှိ အိမ်မှာလာခေါ်မှာပေါ့... အလုပ်ရှုပ်ခံပြီး EV Station မှာ လာမခေါ်ဘူး... ယူသွားတဲ့ EV ကားကို ဘယ်သူမောင်းယူသွားလဲ... ကာယကံရှင်က အိမ်ကိုလာမေးပါတယ် မရှိလို့ပါလို့ ဖြေထားတယ်... ဒီလောက်နောက်ယောင်ခံလိုက်ပြီးမှ ပစ်မှတ်မရှိတဲ့ အိမ်ကို မပိုင်ဘဲ ဘယ်သူမှ ဝင်မမေးဘူး... သတိပေးသလိုဖြစ်အောင် ဘယ်သူမှ မလုပ်ဘူး... အိမ်မှာလာမေးတယ်ဆိုရင် အိမ်သားတွေက လာမေးကြောင်း ဖုန်းဆက်မပြောဘူးလား... လူပျောက်ချိန် အိမ်မှာလူစိမ်းတွေလာမေးတာကို ဘာလို့ ထည့်မတင်လဲ... ရဲစခန်းသွားပြီး လူပျောက်တိုင်ထားရင် လူစိမ်းတွေလာမေးတယ်ဆိုတာ ထည့်တိုင်ထားလား... နောက် စစ်မယ့်နေရာ မရောက်ရင် မျက်လုံးစည်းတယ်တဲ့... စီးပွားရေးကိစ္စတွေနဲ့ စစ်တဲ့ကိစ္စတွေမှာ ဘယ်သူမှ မျက်လုံးစည်းမခေါ်ဘူး... မေးစစ်ကြည့်တဲ့အခါ သူမရော စစ်တဲ့သူတွေရောပါ... နားလည်မှု့ လွဲနေတာကို နားလည်သွားတယ်တဲ့... တစ်လလောက် ရှဲဒိုးလိုက်နေတဲ့ သံသယရှိသူတစ်ယောက်ကို ဘယ်စစ်မေးသူမှ ခဏလေးမေးလိုက်တာနဲ့ နားလည်မှု့လွဲတယ်လို့ ‌တန်းကောက်ချက် မချဘူး... စစ်မေးနေတဲ့အချိန်မှာ သူက အမှားမရှိလို့ အသားတစ်ချက်တောင် ထိလို့မရပါဘူးတဲ့... အင်းဘာ ဟုတ်ပါပြီ... စစ်မေးနေချိန်မှာ အမှန်အတိုင်းမပြောရင် ရိုက်မယ် ပြုမယ်လို့ ခြိမ်းခြောက်ကြပါတယ်တဲ့... ဒီလိုကိစ္စမျိုးတွေ စစ်ရသူတွေဟာ အဲ့လို ရိုက်မယ်ပြုမယ်လို့ မပြောကြဘူး... အေးဆေးဖြစ်အောင် အမှန်အတိုင်းပြောပါ အမှန်အတိုင်းမပြောရင် ပြောအောင် လုပ်ရပါလိမ့်မယ် ဒီလောက်သာ ပြောတတ်ပြီး... ခေါင်းမာနေရင် ရိုက်စရာမလိုပဲ... အသားကို လက်နဲ့မထိပဲ တုတ်နဲ့ မရိုက် အသားမနာကျင်စေဘဲ အမှန်အတိုင်းဖြေအောင်လုပ်လို့ရတယ်... ဒုတိယနေ့မှာ အမေနဲ့ ချစ်ခင်သူအပေါင်းကြိုးစားမှု့ကြောင့် CCTV Record နဲ့ ကား GPS Location ကိုသိနေကြပါပြီ...အဲ့မှာ သူတို့က ပြန်ပေးဆွဲတာမဟုတ်ကြောင်းသိနေပါပြီ။ ဒါဆို ဒီလောက်ဟိုးလေးတကြော်ဖြစ်နေတဲ့ကိစ္စကို သက်ဆိုင်သူတွေက နေရာမဖော်ပြဘဲ ဘယ်နေရာမှာရှိနေပြီ ပြန်ပေးဆွဲခံရတာ မဟုတ်ကြောင်း ဘာလို့ စာလေးနှစ်ကြောင်း သုံးကြောင်းလောက်ပြန်တင်ပြီး မဖြေရှင်းတာလဲ... စခန်းမှာ အစစ်ခံနေရချိန် ဒုတိယနေ့မှ မိသားစုတွေက နေရာသိနေရင် ဘာလို့လာမတွေ့ဘဲနေတာလဲ... စခန်းလိုက်မလာဘူးလား... ကျန်တာတွေ သိချင်တာလေးရှိသေးပေမယ့် ဒီလောက်ပဲပြောပါမယ် ရိုးသားကြဖို့လိုပါတယ် ကိုတိုး

ဒီမှာတော့မဟုတ်ဖူး Hi ခန်းမှာ ဘယ်ကောင်က မူးနေတဲ့အချိန်ဆေးကြွေးလိုက်လည်းတော့မသိ ပြန်လာပီး လမ်းမှာ ပလပ်ကျွတ်နေတာ

ခုမှသိတယ်လား ကိုယ်တွေဆိုလွန်ခဲ့တဲ့အနှစ် ၂၀ လောက်ထဲက ‌ေကာင်၂ကြိးသိသွားလို့ နေ့ချင်းပြန်ကလွဲ ညအိပ်ဆိုတခြားနေရာက ဘုရားပဲသွားဖူးတ
ခုမှသိတယ်လား ကိုယ်တွေဆိုလွန်ခဲ့တဲ့အနှစ် ၂၀ လောက်ထဲက ‌ေကာင်၂ကြိးသိသွားလို့ နေ့ချင်းပြန်ကလွဲ ညအိပ်ဆိုတခြားနေရာက ဘုရားပဲသွားဖူးတယ် အဲ့လောက်ပဲအကုန်ခံလိုက် ချောင်းသာ ငွေဆောင်မှာ ၂ညအိပ် ၃ရက် ဟိုတယ်မှာစရိတ်ငြိမ်း အေးဆေးသွားနှပ်နေ လို့ရတယ်လေ 😜

မအေဘေးတယုတ်ကို Uလှဆွေက ပြောပြီး Uခင်ရီ က ဘာလို့ တခွန်းမပြောသေးတာလည်း မေးပေးဦး

ခေတ်သစ်ကိုလိုနီနယ်ချဲ့ အယုတ်တမာ ကလိမ်ကျစ်နယ်ချဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် Xi Jinping, the Chinese leader of the modern colonialist, mean, and deceitful imperialist 🖕🖕