ch
Feedback
RNC သတင်း၊ နည်းပညာ ၊ရသစုံ

RNC သတင်း၊ နည်းပညာ ၊ရသစုံ

前往频道在 Telegram

🇷eal 🇳ews 🇨ollection

显示更多
309
订阅者
无数据24 小时
-27
+430
帖子存档
ဆားကလောက်ကောင် 🤓

အီရန်လေကာတပ်က အမေရိကန်ဒရူန်း၂စင်းကို့ ပစ်ချခဲ့ပါတယ်။ အမေရိကန်ဘက်က အီရန်နိုင်ငံရှိ လမ်းတံတားတွေနှင့်အခြေခံအဆောက်အဦးတွေကို့ ဖျက်စီးနေခဲ့ပါတယ်။ အီရန်ကလည်း ယခုလို့ ဖျက်စီးခံရမူကြောင့် ပတ်ဝန်းကျင်နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်း အကြွင်းအကျန်တွေကို့ ဒုံးကျည် Missilesတွေ ဒရူန်းတွေဖြင့် ပြန်လည်ပစ်ခတ်ဖျက်စီးနေခဲ့ပါတယ်။ အီရန်ဘက်က ထပ်ဆင့်ကြေငြာတာကတော့ ဟော်မုဒ့်ရေလက်ကြားကို့ ပြန်လည်ပိတ်စို့ပြီး မိတ်ဆွေ နိုင်ငံတွေကိုတော့ ခြွင်းချက်ဖြင့် ဖွင့်လှစ်ပေးမယ်လို့ တင်ပြတာတွေ့ရပါတယ်။ အစွရေးအတွက်ကတော့ ဒီရေလမ်းကို့ ရာသက်ပန်ဖြတ်သန်းခွင့်မရှိဘူးလို့ ကြေငြာခဲ့တာတွေ့ရပါတယ်။ လက်ရှိမှာတော့ အပြန်အလှန်လှန်ပစ်ခတ်နေဆဲပါ ။ ရဲထိုက်ထွန်း

🔸 ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပြင်ကိုချဉ်းကပ်ဝင်ရောက်လာသည့် အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်းကြီး BAVI (ဖိလစ်ပိုင်အမည် INDAY) ၏ သက်ရောက်မှုက မိုင်ပေါင်း ၂၀၀၀ ကျော်ဝေးကွာသည့် မြန်မာနိုင်ငံပါဝင်သော အရှေ့တောင်အာရှဒေသ၏ အနောက်တောင်မုတ်သုံလေအားကို အားကောင်းရာမှ အားအလွန်ကောင်းလာစေကြောင်းတွေ့ရပါသည်။ 🔸 ဇူလိုင်လကုန်ရက်များအထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်သည့် အရိပ်အယောင်မတွေ့ရသော်လည်း MJO Phase အရ ပစိဖိတ်အနောက်မြောက်ပိုင်းတွင် မုန်တိုင်းများ ဆက်တိုက်ဖြစ်လာဦးမည်မှာ သေချာနေသည်။ ဖြစ်လာသည့်မုန်တိုင်းများကလည်း အားအလွန်ကောင်းပြီး ကြီးမားသောလေစုပ်စက်ကြီး (Strong huge natural suction pump) ကဲ့သို့ဆက်လက်အလုပ်လုပ်နေဦးမည်ဖြစ်သည့်အတွက်၊ မြန်မာနိုင်ငံ၏ မိုးလယ်ကာလတွင် မိုးရွာသွန်းမှုကို အားပေးနေမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေပါဦးမည်။ 🔸 အနောက်တောင်မုတ်သုံလေအားကောင်းနေချိန်အတွင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်မြစ်ရေ/ချောင်းရေများမြင့်တက်လာခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းနှင့် အားကောင်းသောလေပွေကြီးများတိုက်ခတ်တတ်ခြင်း၊ မိုးကြိုးပစ်ခံရနိုင်ခြင်းတို့ကို အထူးသတိထားကြရမည့် ကာလအတွင်းသို့ရောက်ရှိနေကြောင်း သတိရှိကြရပါမည်။ 🔸 မုတ်သုံလေအားအလွန်ကောင်းနေခြင်းကြောင့် စိုစွတ်စိုက်ဆင်းလေပြင်းများ (Wet-Downburst) https://www.mmweather.org/special-weather-situation/downburst ၊ လေပွေလှိုင်းကြီးများမှ ဖြစ်ပေါ်လာနိုင်သည့် လေဆင်နှာမောင်းကဲ့သို့သော အားကောင်းသည့် လေပွေကြီးများ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါဦးမည်။ ⚠️ စိုက်ဆင်းလေပြင်းဆိုတာ … “အချိန်တိုတိုလေးအတွင်းမှာတိုက်လိုက်ပေမဲ့ လေတိုက်ရာအရပ်လားရာအမျိုးမျိုးကို တိုက်တတ်တာကြောင့် တိုက်လိုက်တဲ့ လေတိုက်နှုန်းပေါ်မူတည်ပြီး အပျက်အစီး၊ ဆုံးရှုံးမှုတွေ များသွားတတ်တဲ့အပြင် အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ပါသည်။ ⚠️ စိုက်ဆင်းလေပြင်းများသည် များသောအားဖြင့် ဆင်းသက်တော့မည့်လေယာဉ်တွေကို အန္တရာယ်ဖြစ်စေတတ်သည့်အပြင် ပင်လယ်၊ မြစ်၊ ချောင်းတွေမှာ သွားလာကြသည့် လှေ-သင်္ဘောများနှင့် လူနေရပ်ကွက်ထဲက အိမ်တွေ သစ်ပင်တွေ မိနစ်ပိုင်း-စက္ကန့်ပိုင်းအတွင်းမှာ တနာရီ မိုင် ၅၀ မှ မိုင် ၁၅၀ ခန့်အထိ ခဏလေးတိုက်လိုက်သည့် စိုက်ဆင်းလေပြင်းကြောင့် ပျက်စီးဆုံးရှုံးနိုင်ခြေ အလွန်မြင့်မားပါသည်။ 🔸 လေပွေကြီး(လေဆင်နှာမောင်း)တိုက်လျှင် လဲကျပျက်စီးသည့် သစ်ပင်များသည် အရပ်မျက်နှာအမျိုးမျိုးသို့ လဲပြိုကျတတ်၍ (စက်ဝိုင်းပုံရှိတတ်ပြီး) စိုက်ဆင်းလေပြင်းတိုက်ခံရသည့်အခါ သစ်ပင်များလဲပြိုခြင်းသည် အရပ်မျက်နှာတဘက်တည်းသို့သာ လဲပြိုကျတတ်ကြောင်း မှတ်သားရပါမည်။ WinNaing

ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်ရဲ့ တန်ဖိုးကြီး MQ-9 Reaper ဒရုန်းတစ်စီးကို အီရန်က ဒုံးကျည်ဖြင့် ပစ်ချလိုက်ပြန် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ကမ်းရိုးတန်းလေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေဟာ အမေရိကန်လေတပ်ရဲ့ တန်ဖိုးကြီး ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးဒရုန်းဖြစ်တဲ့ MQ-9 Reaper တစ်စင်းကို အီရန်တောင်ပိုင်း ဘူရှဟာ (Bushehr) ပြည်နယ်၊ ခိုမော့ချ် (Khormouj) ခရိုင်အနီးမှာ အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ဖော်ကြေညာပါတယ်။ ​ဒီပစ်ခတ်မှုမှာ အီရန်ဘက်က ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှု မြင့်မားတဲ့ "Product 358" (Silent Hunter) လို့ လူသိများတဲ့ လေကြောင်းကြားဖြတ်ဟန့်တားရေး Loitering Interceptor ဒုံးကျည်စနစ် သို့မဟုတ် ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေကို အသုံးပြုခဲ့တာဖြစ်ကြောင်း စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ ​အမေရိကန်ဒေါ်လာ ၃၄ သန်း (သို့မဟုတ်) ထို့ထက်မက တန်ဖိုးရှိတဲ့ MQ-9 Reaper ကဲ့သို့သော တန်ဖိုးကြီး ဒရုန်းတွေကို အီရန်ဘက်က စျေးပေါတဲ့ ၃၅၈ ဒုံးကျည်တွေ၊ ရေဒါစနစ်တွေနဲ့ အလွယ်တကူ ပစ်ချနိုင်နေခြင်းဟာ အမေရိကန်စစ်တပ်အတွက် ဘဏ္ဍာရေးနဲ့ သိက္ခာအရ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေပါတယ်။

ဂရိကျွန်းစု လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည့် F-16 တိုက်လေယာဉ်တစ်စင်း မီးလောင် ​အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုမှတ်တမ်းများအရ တိုက်လေယာဉ် အရေးပေါ်ဆင်းသက်ပြီးနောက် လေယာဉ်၏ နောက်ပိုင်းနှင့် ကိုယ်ထည်အောက်ဘက်မှ မီးလျှံများနှင့်အတူ မီးခိုးနက်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။ သို့သော် လေဆိပ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားများဖြင့် ချက်ချင်းရောက်ရှိလာပြီး မီးငြှိမ်းသတ်နိုင်ရန် အမြှုပ် (Foam) များဖြင့် အချိန်မီ ပက်ဖြန်းငြှိမ်းသတ်နိုင်ခဲ့သဖြင့် မီးအရှိန်ကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ ​လက်ရှိတွင် လေယာဉ်မှူးမှာ ဘေးကင်းစွာဖြင့် လေယာဉ်အတွင်းမှ ထွက်ခွာနိုင်ခဲ့သည်။

ဂျော်ဒန်လေပိုင်နက်အတွင်း ဒုံးကျည်နှင့် ဒရုန်းများ ဝင်ရောက်လာ - အမေရိကန်သံရုံး အရေးပေါ် စစ်ဘေးရှောင်သတိပေးချက်ထုတ်ပြန် ​အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို အီရန်ဘက်က ဒေသတွင်းတစ်ခွင် ပဲ့ထိန်းဒုံးကျည်များဖြင့် ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်လာအပြီး ယနေ့ (ဇူလိုင် ၉ ရက်) မိနစ်ပိုင်းအတွင်း ဂျော်ဒန်နိုင်ငံ မြို့တော် အာမန် (Amman) အပါအဝင် ဒေသအနှံ့အပြား၌ လေကြောင်းရန်သတိပေး ဥဩဆွဲသံများ ဆူညံ‌ေနသည်။ ​

စီးပွားရေးဗျူဟာမြောက် "သွေးကြော" ကို ဖြတ်တောက်ခြင်းလား - အီရန်မြောက်ပိုင်း ရထားလမ်းတံတားကို အမေရိကန် ခရုဇ်မစ်ဆိုင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက် ​အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုများ အရှိန်မြင့်တက်နေစဉ် အီရန်နိုင်ငံမြောက်ပိုင်း ဂိုလတ်စတန် (Golestan) ပြည်နယ်ရှိ အဓိကကျသော ရထားလမ်းတံတားတစ်စင်းကို အမေရိကန်စစ်တပ်က ခရုဇ်မစ်ဆိုင်း (Cruise Missile) များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် နီးစပ်သည့် Fars သတင်းဌာနနှင့် ဒေသတွင်းမီဒီယာများက ဖော်ပြလာကြသည်။ ​တိုက်ခိုက်ခံရသည့် တံတားမှာ ဂိုလတ်စတန်ပြည်နယ်၊ အက်ကလာ (Aqqala) ခရိုင်ရှိ "အက်တာကေခန်" (Aq Tekeh Khan / Aq Taqeh Khan) ရထားလမ်းတံတားဖြစ်ပြီး၊ ၎င်းသည် ရိုးရိုးကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတစ်ခု မဟုတ်ဘဲ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ကာဇက်စတန်နှင့် တရုတ်နိုင်ငံတို့ကို ချိတ်ဆက်ပေးထားသည့် ဗျူဟာမြောက် ရထားလမ်းကွန်ရက် (China-Turkmenistan-Iran Rail Corridor) ၏ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ​အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုများနှင့် ပင်လယ်ရေကြောင်း တင်းမာမှုများကြောင့် အီရန်နိုင်ငံအတွက် ဤရထားလမ်းသည် တရုတ်နှင့် ရုရှားနိုင်ငံတို့ထံမှ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အဓိကအားထားနေရသည့် ကုန်းလမ်း "အသက်သွေးကြော" ဖြစ်လာခဲ့သည်။ သတင်းရင်းမြစ်များ၏အဆိုအရ မကြာသေးမီက ပင်လယ်ရေကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း ဤလမ်းကြောင်းပေါ်တွင် တရုတ်ကုန်ရထားပြေးဆွဲမှု ၃ ဆခန့်အထိ မြင့်တက်ခဲ့သလို၊ ရုရှားနိုင်ငံကလည်း ၎င်းတို့၏ ကုန်စည်များကို ဤလမ်းကြောင်းမှတစ်ဆင့် အဓိကရွှေ့ပြောင်းသယ်ယူနေခြင်း ဖြစ်သည်ဟုဆိုသည်။

ဖမ်းမိတာတော့ဝမ်းသာပါတယ် ဒါပေမယ့် တနှစ်ကိုလွတ်ငြိမ်းလေး ငါးခါလောက်လာနေတော့ ဒုစရိုက် သ္မားတွေက ထောင်မကြောက်တော့ ဘူး us UK တို့မ
+2
ဖမ်းမိတာတော့ဝမ်းသာပါတယ် ဒါပေမယ့် တနှစ်ကိုလွတ်ငြိမ်းလေး ငါးခါလောက်လာနေတော့ ဒုစရိုက် သ္မားတွေက ထောင်မကြောက်တော့ ဘူး us UK တို့မှာထောင်ဒဏ်နှစ်ဆယ့်ငါး နှစ်မပြောနဲ့ဆယ်နှစ်ဆိုတာနဲ့တင် တရားရုံးမှာခွေကျတာ မေ့သွားတာတွေမြင်ရတယ် သူတို့မှာလွတ်ငြိမ်းမရှိဘူး အပြည့်အဝ ပေးဆပ်ရတာ ဒီနိုင်ငံကလူကြီး မင်းတို့လဲပြည်သူတွေကိုစာနာသနား ကြပါလို့ ခုထည့် တော်ကြာပြန်ထုတ်အလုပ်ရှပ်ခံဖမ်းပြနေကြသလိုပဲ

■ ရန်ကုန်မြို့အတွင်း ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများ၌ ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို ဖမ်းဆီး ရန်ကုန်မြို့အတွင်း ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများ၌ ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံများကို ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့၌ အမှုစုစုပေါင်း ၁၁၇ မှုနှင့် ကျူးလွန်သူ တရားခံအမျိုးသား ၉၄ ဦး၊ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၉၉ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းအလုံး ၁၄၀ နှင့် ကျပ် ၆၅၇၀၀၀၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကယ်လိုက်တာပဲဖြစ်ပါစေ 😁😁

အွန်း ဟုတ်ပါဒေ
အွန်း ဟုတ်ပါဒေ

အီရန်ရှိ စစ်ဘက်ပစ်မှတ်များကို အမေရိကန်က ဒုတိယမြောက်လှိုင်းအဖြစ် ထပ်မံဗုံးကြဲ၊ ဟော်မုဇ်ရေလက်ကြား တင်းမာမှု အထွတ်အထိပ်သို့ ရောက
အီရန်ရှိ စစ်ဘက်ပစ်မှတ်များကို အမေရိကန်က ဒုတိယမြောက်လှိုင်းအဖြစ် ထပ်မံဗုံးကြဲ၊ ဟော်မုဇ်ရေလက်ကြား တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိ ​ဝါရှင်တန် ဒီစီ — ဇူလိုင် ၉၊ ၂၀၂၆ ​နိုင်ငံတကာ အရပ်ဘက် ကုန်တင်သင်္ဘောများနှင့် သင်္ဘောသားများအပေါ် အီရန်၏ ရန်စကျူးကျော်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ဗဟိုစစ်ဌာနချုပ် (US CENTCOM) က အီရန်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို ဒုတိယမြောက်လှိုင်း (Second Wave) အဖြစ် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ဘဏ်ဖုန်းနံပတ်လဲမဟုတ်ဘူးအပြင်လူကဆက်တာဆိုတော့ အဲကလုပ်စားနေတဲ့၀န်ထမ်းထဲကတစ်ယောက်ယောက်များလား ပိုစ့်မြင်ပီးသူအမှုပတ်မှာစိုးလို့ ဖ
+2
ဘဏ်ဖုန်းနံပတ်လဲမဟုတ်ဘူးအပြင်လူကဆက်တာဆိုတော့ အဲကလုပ်စားနေတဲ့၀န်ထမ်းထဲကတစ်ယောက်ယောက်များလား ပိုစ့်မြင်ပီးသူအမှုပတ်မှာစိုးလို့ ဖျက်ခိုင်းတာနေမယ် ကူလီကူမာတေ ကောင်း၂ "မွန်၂"မလုပ်စားချင်ကြဘူး