fa
Feedback
RNC သတင်း၊ နည်းပညာ ၊ရသစုံ

RNC သတင်း၊ နည်းပညာ ၊ရသစုံ

رفتن به کانال در Telegram

🇷eal 🇳ews 🇨ollection

نمایش بیشتر
304
مشترکین
-124 ساعت
+37 روز
+730 روز
آرشیو پست ها
ကလေးကို ဖုန်းပေးသုံးတယ်ဆိုတာက ဒါမျိုးမှ နည်းလမ်းမှန်တာပါ 🥰🥰🥰

စိတ်မညစ်ပါနဲ့ကွာ မင်းနဲ့ ဘဝတူတွေက မင်းကို ကြည့်ပြီး သနားနေကြတာပါ 😁

ကျည်ထောင်စု သနက သူခိုး ဓမြ နိုင်ငံတော် ဟု မခေါ်တွင်စေရ

အကုန်ကုန်ပီတဲ့

အီရန်ရဲ့ ပင်မသွေးကြောဟာ ခါ့ဂ်ကျွန်းပါ။ အီရန်ရဲ့ ရေနံတင်ပို့မှု ၉၀% ဟာ ဒီကျွန်းကနေ ဖြတ်သန်းတာပါ။ အမေရိကန်အနေနဲ့ ဒီကျွန်းကို သိမ်းပိုက်မယ်ဆိုရင် Osprey tilt-rotor လေယာဉ်နဲ့ ကုန်းရေနှစ်တန်သုံး Landing Craft Air Cushioned (LCAC) သင်္ဘောတွေ စေလွှတ်ရမှာပါ။ အဲဒီသင်္ဘောတွေဟာ အီရန်ရဲ့ လျှို့ဝှက်ဒရုန်းနဲ့ ဒုံးကျည်ပစ်လွှတ်ရာနေရာတွေကို ဖြတ်ကျော်ပြီး မောင်းနှင်ရမှာပါ။ ကျွန်းပေါ်ကို ဆင်းသက်တဲ့အခါ မိုင်းတွေ၊ ဒရုန်းအုပ်စုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ အမေရိကန် ရေတပ်စစ်ဆင်ရေးတပ်ဖွဲ့ (MEU) ရဲ့ အံ့မခန်းတိုက်ခိုက်နိုင်စွမ်းက အနိုင်ရဖို့ သေချာသလောက်ရှိပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူ များပြားနိုင်ပါတယ်။ ပြသနာက သိမ်းပြီးရင်လည်း ထိန်းဖို့ ပိုခက်နိုင်တယ်။ အီရန်စစ်တပ်က ကုန်းမကြီးကနေ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်နေမှာမို့ပါ။

"ခါ့ဂ်ကျွန်းကို သိမ်းပိုက်မယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်စရာမလိုဘူး" လို့ အီရန်ပါလီမန် အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ Ebrahim Azizi က ပြောကြားလိုက်ပါတယ်။ "နိုင်ငံ့လက်နက်ကိုင်တပ်ဖွဲ့အားလုံး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီး အမေရိကန်ရဲ့ လုပ်ဆောင်မှုတိုင်းအတွက် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်" အီရန်ခေါင်းဆောင်တွေက ထရမ့်ပ်ကို လုံးဝ မခန့်ကြတော့ပါဘူး။ မထူးဇာတ်ခင်းဖို့ ဆုံးဖြတ်ထားကြဟန် တူတယ်။ ထရမ့်ပ်ကို ကြည့်ပြန်တော့လည်း ချီတုံချတုံ ဖြစ်နေတယ်။ ဒီနေ့ အစောပိုင်းက ခါ့ဂ်ကျွန်းကို သိမ်းမယ်လို့ တင်းတင်းမာမာ ပြောခဲ့ပေမဲ့ ဘီဘီစီကို ထပ်ပြောချိန်မှာတော့ "ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရင် တိုင်းပြည်အတွက် အရမ်းကောင်းမယ်၊ အမေရိကန်ပြည်သူတွေ ဆန္ဒရှိရင်ပေါ့" လို့ မရေမရာ ပြောပြန်တယ်။ ဒီနေ့ဖော်ပြကြတဲ့ လူထုစစ်တမ်းအရ ထရမ့်ပ်ကိုထောက်ခံမှုဟာ ၃၀-၃၅% လောက်အထိ ထိုးကျသွားတယ်။ ဒါတွေကြောင့်လည်း ထရမ့်ပ် မဝံ့မရဲ ဖြစ်နေဟန်တူတယ်။ ပြီးတော့ အီရန်ကို တိုက်ခိုက်ခဲ့တဲ့ မနေ့ညက စစ်စရိတ် တခုတည်းတင် အမေရိကန်ဒေါ်လာ ၂၅၀ သန်း ကုန်ကျတယ်။ လွှတ်တော်က စစ်စရိတ် ချမပေးချင်တော့ ထရမ့်ပ်အနေနဲ့ စစ်ဆက်တိုက်ဖို့ အခက်ကြုံနေရတယ်။ အီရန်သတင်းက အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ HLS

ဘီလျံနာ အီလွန်မတ်စ်ရဲ့ ကုမ္ပဏီတွေကို စစ်ရေးပစ်မှတ်အဖြစ် အီရန် တရားဝင်ခြိမ်းခြောက် ​အမေရိကန်က အီရန်နိုင်ငံအပေါ် စစ်ရေးအရ ထပ်မံတိုက်ခိုက်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အီလွန်မတ်စ် (Elon Musk) ရဲ့ ကုမ္ပဏီနဲ့ ပိုင်ဆိုင်မှုအားလုံးကို စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ အီရန်အစိုးရပိုင် သတင်းဌာနက ဒီကနေ့ (ဇွန်လ ၁၁ ရက်) မှာ ထုတ်ဖော်ခြိမ်းခြောက်လိုက်ပါတယ်။ ​အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ဒီညမှာတင် ပြင်းပြင်းထန်ထန် ထပ်မံဗုံးကြဲတိုက်ခိုက်မယ်လို့ သတိပေးခဲ့ပြီးနောက် အရှေ့အလယ်ပိုင်း စစ်မီးဟာ ပိုမိုပြင်းထန်လာခဲ့ပြီး အခုလို အီလွန်မတ်စ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဆီ ဦးတည်လာတာ ဖြစ်ပါတယ်။ ​စစ်ရေးပစ်မှတ်စာရင်းထဲ ရောက်လာတဲ့ Starlink နဲ့ အီလွန်မတ်စ်ရဲ့ လုပ်ငန်းများ ​အီရန်အစိုးရစိုက် Fars သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ရဲ့ ရန်လိုတဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ "အနောက်အာရှ (အရှေ့အလယ်ပိုင်း) ဒေသတွင်းရှိ အာရပ်နိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့တွင် လည်ပတ်နေသော အီလွန်မတ်စ် စီမံခန့်ခွဲသည့် စီးပွားရေးပိုင်ဆိုင်မှု အားလုံးကို" ၎င်းတို့၏ စစ်ရေးပစ်မှတ်အသစ် စာရင်းထဲသို့ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ​အထူးသဖြင့် SpaceX ကုမ္ပဏီရဲ့ Starlink ဂြိုဟ်တုအင်တာနက် စနစ် ကို အဓိက ပစ်မှတ်ထားဖို့ အီရန်က ပြင်ဆင်နေပါတယ်။ အကြောင်းရင်းမှာ - ​ဒရုန်းတိုက်ခိုက်မှုများတွင် ပါဝင်နေခြင်း: ပင်တဂွန်စစ်ဌာနချုပ်၏ လျှို့ဝှက်စာရွက်စာတမ်းများအရ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် အီလွန်မတ်စ်ရဲ့ Starlink (နှင့် စစ်ဘက်သုံး Starshield) ကွန်ရက်ကို အဓိက အမိန့်ပေးစနစ်အဖြစ် အသုံးပြုခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ထားခြင်း။ ​လျှို့ဝှက်မှောင်ခိုသွင်းမှုများ: အီရန်နိုင်ငံအတွင်း ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် အင်တာနက်ဖြတ်တောက်မှုကို ကျော်လွှားနိုင်ရန် အမေရိကန်အစိုးရက Starlink စက်ပစ္စည်း (Terminal) ထောင်ပေါင်းများစွာကို အီရန်နိုင်ငံထဲသို့ လျှို့ဝှက်မှောင်ခိုသွင်းပေးခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ​ဒါ့အပြင် အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က ထုတ်ပြန်ထားတဲ့ အမေရိကန်ကုမ္ပဏီ ၁၈ ခုစာရင်းမှာလည်း အီလွန်မတ်စ်ရဲ့ အထင်ကရ လျှပ်စစ်ကားကုမ္ပဏီဖြစ်တဲ့ Tesla ပါဝင်နေပြီး ယူအေအီး၊ ဆော်ဒီအာရေဗျနဲ့ ကာတာနိုင်ငံတို့မှာရှိတဲ့ Tesla ရဲ့ အရောင်းပြခန်းတွေနဲ့ အားသွင်းစနစ် (Supercharger) တွေဟာလည်း အန္တရာယ်ရှိတဲ့ဇုန်ထဲ ရောက်ရှိနေပါတယ်။ ​"အမေရိကန်က တိုက်ခိုက်မှုတွေ ထပ်လုပ်မယ်ဆိုရင် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးရဲ့ အရှေ့အလယ်ပိုင်းက နည်းပညာနဲ့ စီးပွားရေးအဆောက်အအုံတွေ သွေးမြေကျရလိမ့်မယ်။" — အီရန်ဘက်မှ ထွက်ပေါ်လာသော သတိပေးချက် ​ဒေါ်နယ်ထရမ့်နှင့် အီရန်တို့အကြား တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိ ​လက်ရှိတွင် အမေရိကန် စစ်သင်္ဘောများက အီရန်နိုင်ငံအတွင်းရှိ စစ်ရေးထောက်လှမ်းမှုစနစ်များနှင့် လေကြောင်းရန်ကာကွယ်ရေး စခန်းများကို တိုမာဟော့ခ် (Tomahawk) ခရုစ်ဒုံးကျည်များဖြင့် ဆက်တိုက်ဗုံးကြဲထားပြီး ဖြစ်ပါတယ်။ ​အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က "သူတို့ (အီရန်) က ဆွေးနွေးပွဲလုပ်ဖို့ အချိန်ဆွဲလွန်းလို့ အခုတော့ တန်ဖိုးပြန်ပေးဆပ်ရပြီ" ဟု ပြောကြားခဲ့ပြီး အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာဗဟိုချက်ဖြစ်တဲ့ ခါ့ဂ်ကျွန်း (Kharg Island) ကို အမေရိကန်က မကြာခင် သိမ်းပိုက်တော့မယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ တစ်ဖက်တွင်လည်း အီရန်က ကမ္ဘာ့ရေနံလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို သင်္ဘောအားလုံး ဖြတ်သန်းခွင့်မရရန် လုံးဝပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ ​အီလွန်မတ်စ်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအတွက် ဒေါ်လာသန်း ၂၀၀ ကျော် လှူဒါန်းခဲ့ပြီး လက်ရှိအစိုးရနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ဖြစ်ခြင်းကြောင့်လည်း အီရန်က ယခုကဲ့သို့ စစ်ရေးအရ စီးပွားရေးပစ်မှတ်အဖြစ် ရွေးချယ်ကာ ဖိအားပေးလာခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ စစ်ရေးလေ့လာသူများက သုံးသပ်နေကြပါတယ်။ YLA

စစ်စရိတ်အငြင်းပွားမှုကြားက တုန်လှုပ်စရာနုတ်ထွက်မှု - ယူကေကာကွယ်ရေးဝန်ကြီး ရာထူးကအနားယူ ​ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဂျွန် ဟီးလေး (John Healey) ဟာ ကာကွယ်ရေးအသုံးစရိတ် ခွဲဝေမှုအပေါ် အစိုးရအဖွဲ့နဲ့ သဘောထားကွဲလွဲပြီးနောက် ယနေ့ (ဇွန် ၁၁ ရက်) တွင် ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဗြိတိန်အစိုးရအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ​ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ထံ ပေးပို့တဲ့ နုတ်ထွက်စာထဲမှာ ဂျွန် ဟီးလေးက အစိုးရရဲ့ ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုအစီအစဉ် (DIP) ဟာ "အန္တရာယ်များလှတဲ့ ယနေ့ခေတ်ကာလမှာ လိုအပ်ချက်ထက် အများကြီး လျော့နည်းနေတယ်" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ ၎င်းက "နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ပေးအပ်ဖို့ ဝန်ကြီးချုပ်က မစွမ်းဆောင်နိုင်သလို၊ ဘဏ္ဍာရေးဝန်ကြီးဌာန (Treasury) ကလည်း ပေးလိုစိတ်မရှိဘူး" လို့ ဖော်ပြခဲ့ပါတယ်။ ​ဘာကြောင့် အဓိက သဘောထားကွဲလွဲခဲ့သလဲ? ​ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကြား ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး လနဲ့ချီ အခြေအတင် ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေပိုင်းက ၎င်းထံတင်ပြလာတဲ့ နောက်ဆုံးဘဏ္ဍာရေးခွဲဝေမှုအရ ဗြိတိန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ၂၀၃၀ ပြည့်နှစ်ရောက်မှသာ ဂျီဒီပီရဲ့ ၂.၆၈% အထိ ရှိလာမှာ ဖြစ်ပါတယ်။ ​ဂျွန် ဟီးလေးကမူ ၂၀၃၀ ခုနှစ်မတိုင်မီ ရုရှားရဲ့ ရန်လိုမှုအပါအဝင် နိုင်ငံတကာခြိမ်းခြောက်မှုတွေဟာ ရှေ့လာမယ့် ၂ နှစ်အတွင်းမှာ အဆိုးရွားဆုံး ဖြစ်လာနိုင်တာကြောင့် အသုံးစရိတ်ကို အခုချက်ချင်း ရှေ့တိုးမြှင့်ရမှာဖြစ်ပြီး၊ အခုလို ဘတ်ဂျက်ကို နောက်ဆုတ်ထားခြင်း (Backloaded) ဟာ ဗြိတိန်တပ်ဖွဲ့ဝင်တွေရဲ့ အသင့်ဖြစ်မှုကို လျော့ကျစေပြီး တိုင်းပြည်ကို ပိုမိုအန္တရာယ်ရှိစေလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ ​စတာမာအစိုးရအတွက် ကြီးမားသော ထိုးနှက်ချက် ​ဂျွန် ဟီးလေးဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ လေဘာပါတီ အာဏာရလာကတည်းက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ယူကရိန်းကို စစ်ရေးအရ ကူညီပံ့ပိုးမှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းရဲ့ ရုတ်တရက်နုတ်ထွက်မှုဟာ မကြာသေးမီက ဒေသန္တရရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်မှုကြောင့် ပါတီတွင်း ရာထူးကဆင်းပေးဖို့ ဖိအားပေးခံနေရတဲ့ ဝန်ကြီးချုပ် ကီယာ စတာမာအတွက်တော့ နောက်ထပ် ကြီးမားတဲ့ နိုင်ငံရေးထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ​

အခုတလော မှိုစားမိလို့၊ အစားမှားလို့ အစာအဆိပ်သင့်ခြင်းတွေ ခဏခဏ ကြားရပါတယ် အစာအဆိပ်သင့်တယ်လို့ သံသယရှိရင် အရေးပေါ် လုပ်ဆောင်သင့်တဲ့ အချက်တွေကတော့ — • အဆိပ်ဖြစ်စေတဲ့ အစားအစာကို ချက်ချင်း ရပ်တန့်ပါ။ • ရေသန့်၊ ORS (ဓာတ်ဆားရည်) များများ သောက်ပြီး ရေဓာတ်မလျော့အောင် ထိန်းပါ။ • အန်ခြင်း၊ ဝမ်းလျှောခြင်း ရှိရင် အနားယူပြီး အစာပေါ့ပေါ့စားပါ။ • မိမိဘာသာ အန်အောင် မလုပ်ပါနှင့်။ • စားထားတဲ့ အစားအစာ နမူနာရှိရင် သိမ်းထားပြီး ဆေးရုံသို့ ယူဆောင်ပါ။ • အောက်ပါ လက္ခဏာများ ပေါ်လာပါက ဆေးရုံသို့ ချက်ချင်း သွားရောက်ကုသပါ — အသက်ရှူခက်ခြင်း သတိလစ်ခြင်း၊ မူးဝေခြင်း အန်ခြင်း မရပ်နိုင်ခြင်း ဝမ်းလျှောပြင်းထန်ခြင်း သို့မဟုတ် သွေးပါခြင်း မျက်စိဝါ၊ အသားဝါခြင်း မှိုအဆိပ် သံသယရှိခြင်း သတိပြုရန် — မှိုအချို့၏ အဆိပ်သည် စားပြီး နာရီအနည်းငယ်မှ ရက်အနည်းငယ်အထိ နောက်ကျမှ လက္ခဏာပြနိုင်သောကြောင့် “အခုအဆင်ပြေနေသေးတယ်” ဆိုပြီး ပေါ့ဆမထားသင့်ပါ။ အသက်အန္တရာယ် ဖြစ်စေနိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံး သွားရောက်စစ်ဆေးပြသသင့်ပါသည် ။ #ဂရုပြုစရာ #အစာအဆိပ်သင့်ခြင်း

သူတို့ကြောင့်လူကောင်းတွေအများကြီး ဒဏ်ရာရတယ် သေဆုံး ရတယ် လွတ်ငြိမ်းနဲ့ပြန်လွတ်လာရင်ရပ်ကွက်ထဲထောင်ထွက်လူမိုက်ဆရာကြီးဖြစ်ကြအုံးမယ်။ စိတ်ဓာတ်စည်းကမ်းကောင်းသွားအောင်စစ်မှုထမ်းထည့်ပြီး ၁၀ နှစ်နေမှထွက်ခွင့်ပြု‌ေကြာင်းအထူး မှတ်ချက်လုပ်ပေးလိုက်ပါ။

■ မန္တလေးမြို့တွင် မီနီအိုးဝေမောင်းနှင်ပြီး ဓါးဖြင့်ခုတ်ကာလုသည့်အဖွဲ့နှင့် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ရန်ပြုလုယက်သူများအပါအ၀င် လက်ခံပုံဖျက်ရောင်းချပေးသူများပါ ဖမ်းဆီးရမိ မန္တလေးမြို့တွင် မီနီအိုးဝေမောင်းနှင်ပြီး ဓါးဖြင့်ခုတ်ကာလုသည့်အဖွဲ့နှင့် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လုယက်သူများအပါအ၀င် လက်ခံပုံဖျက်ရောင်းချပေးသူသူများပါ ဖမ်းဆီးရမိထား​ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ဇွန်လ၈ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနှင့်၁၂၃ လမ်းအနီးဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မောင်နှင်းလာသူ အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်ပြီးထွက်ပြေးသွားသည့် ကျူးလွန်သူလေးဦးကို ဇွန်လ၉ရက်နေ့ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကျူးလွန်သူများမှာ အသက်၁၉နှစ်မှ ၂၀ အရွယ်လူငယ်များဖြစ်​ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ တို့ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ ၎င်းတို့လေးဦးအားစစ်ဆေးခဲ့ရာ ကျူးလွန်ထားသည့်ဆိုင်ကယ်လုယက်မှုများလည်း ထပ်မံပေါ်ပေါက်ခဲ့ပြီး ဆိုင်ကယ်များကို လက်ခံပြီးပုံဖျက်ကာ တဆင့်ပြန်လည်ရောင်းချပေးသူများဖြစ်သည့် စဥ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ၀ပ်ရှော့လုပ်ကိုင်သူနှင့် ဆိုင်ကယ်ပွဲစားဖြစ်သူ နှစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆက်လက်ပြီး ဇွန်လ ၂ရက်နေ့က ဖြစ်ပွားခဲ့သည့် ရွှေစာရံဘုရားအပြန်လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသူစုံတွဲအား မီနီအိုးဝေမောင်းနှင်လာသူ သုံးဦးက ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူများကိုလည်း ဖမ်းမိခဲ့ကြောင်း သိရသည်။ ဇွန်လ ၉ ရက်က ပြင်ဦးလွင်မြို့တွင် အမျိုးသမီးတစ်ဦးတည်းမောင်းနှင်လာသည့်ဆိုင်ကယ်ကို အဆိုပါမီးနီအိုးဝေစီးနှင်လာသူသုံးဦးမှ လုယက်ပြီး မန္တလေးသို့ပြန်လာစဥ် ၁၆မိုင်စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးရမိခြင်းဖြစ်ကာ ဇွန်လ၂ရက်နေ့က ရွှေစာရံဘုရားအပြန်လမ်းတွင် ကျုးလွန်ခဲ့သူများလည်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ " မီနီအိုးဝေနဲ့ဆိုင်ကယ်တွေလိုက်လုတဲ့အဖွဲ့က ပြင်ဦးလွင်မှာလည်း ဆိုင်ကယ်လုပြီးအပြန် ၁၆မိုင်ဂိတ်မှာမိတာ။ ရွှေစာရံဘုရားအပြန်လမ်းမှာ လုခံရတဲ့ဖြစ်စဥ်က ကျူးလွန်သူတွေနဲ့အတူတူပဲ။ နောက်တစ်ဖွဲ့ဆိုင်ကယ်တွေနဲ့ လိုက်လုတဲ့သူတွေကလည်း လတ်တလောစစ်ဆေးပေါ်ပေါက်ချက်အရ ဘယ်နှစ်စီးမှန်း အတည်မ​ပြုနိုင်သေးဘူး။ သူတို့က လုပြီးပြီးချင်း စစ်ကိုင်းဘက်က pdf ရွာတွေဘက်သွားရောင်းတာတို့လုပ်တော့ သက်သေခံပစ္စည်းသိမ်းရမယ့်လုပ်ငန်းစဥ်တွေလည်း ရှိသေးတယ်။ သူတို့လုလာသမျှ လက်ခံပုံဖျက်ရောင်း၀ယ်ပေးသူတွေကိုလည်း ဖမ်းဆီးရမိထားပြီးဖြစ်တာကြောင့် အားလုံး အရေးယူဆောင်ရွက်သွားမှာပါ" ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့တာ၀န်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။ မီနီအိုးဝေဖြင့်လုယက်မှုကျူးလွန်သူများကို ၎င်းတို့ကျူးလွန်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်ရှိ ရဲစခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားဟာ သူ့ချစ်သူမိန်းကလေးကို -တ်ပြီးမှ ဟိုတယ် ၂၉ လွှာကနေ ခုန်ချခဲ့ခြင်းဖြစ် ဇွန် ၁၁ ၊၂၀၂၆ GG (VOM) ရန်ကုန် ၊ဆီဒိုးနားဟိုတယ်ပေါ်ကနေ ခုန်ချခဲ့တဲ့ အမျိုးသားဟာ လှိုင်သာယာက သူရဲ့ချစ်သူမိန်းကလေးကို သတ်ဖြတ်ခဲ့ပြီးနောက်မှာမှ ဆီဒိုးနားဟိုတယ်ရဲ့ အမြင့်ဆုံး ၂၉ လွှာကနေ ခုန်ချခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ် ။ မနေ့က ဇွန် ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အမျိုးသားက ဆီဒိုးနားဟိုတယ်ရဲ့ ၂၉ လွှာကနေ ခုန်ချခဲ့တာ ဖြစ်ပြီး ၊ ခုန်ချခဲ့တဲ့ ၂၉ လွှာ ကို တာဝန်ရှိသူတွေက စစ်ဆေးခဲ့ရာကနေ ၂၉ လွှာအရေးပေါ်ထွက်ပေါက်ရဲ့ တံခါးဘောင်ပေါ်မှာ ဖုန်းနှစ်လုံး၊ စာတစောင်နဲ့ ကားမောင်းလိုင်စင်တခုကို တွေ့ရှိရတယ်လို့ သိရပါတယ်။ အဲဒီစာထဲမှာရေးသားထားတဲ့ အချက်အလက်တွေအရ အဆိုပါ အမျိုးသားဟာ အမျိုးသမီးတယောက်ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရတာဖြစ်ပြီး အသတ်ခံရတဲ့ အမျိုးသမီးကတော့ လှိုင်သာယာမြို့နယ်၊ မိန်ကျယ်အထည်ချုပ်စက်က စီမံကိန်းမန်နေဂျာ မရှုလင် ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစာထဲမှာ ရေးသားထားတာက "လေးစားရပါသောရဲအရာရှိများခင်ဗျား ။ကျွန်တော် ကိုတင်စိုးသည် ချစ်သူ မရှုလင်ကိုသတ်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ဆုံးဖြတ်တာပါ။ လှိုင်သာယာအရှေ့ပိုင်းမြိုနယ်၊၆ ရပ်ကွက်၊ ပုဂံလမ်း၊ နဝဒေးအိမ်ယာ၊ Block ၂၀၊ ခြံနံပါတ် ၃ အိမ်မှာချစ်သူရဲ့အလောင်းရှိပါတယ်၊ သွားသယ်ပေးပါ၊ သူနဲ့ချစ်တာ ၇ လကျော်ပါပြီ၊ ကမ္ဘာသိပတ်ဝန်း ကျင်သိပြီးမှ သူကလမ်းခွဲဖိုပြောလို့ စိတ်မထိန်းနိုင်ပဲ သတ်မိတာပါ ။ သူမနဲ့အတူ အပေါ်ထပ်မှာသေဖို့ အိမ်သာထဲမှာ ကြိုးဆွဲချသတ်သေဖို့ ကြိုးစားတာမအောင်မြင်ခဲ့ပါဘူး။ အရာရာအားလုံးကိုတောင်းပန်ပါတယ် ။ နောင်တများစွာနဲ့ ။ " လို့ သိရပါတယ်။ စာထဲမှာရေးသားထားတဲ့ လိပ်စာအတိုင်း ရဲတပ်ဖွဲ့က လှိုင်သာယာ ၊ နဝဒေးအိမ်ယာကို သွားရောက်ရှာဖွေရာမှာ မြေညီထပ်မှာ အမျိုးသမီးတယောက် ဓားဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို တွေ့ရှိခဲ့ရတာ ဖြစ် တယ်လို့ သိရပါတယ်။ " သူရေးခဲ့တဲ့ စာအရ လိုက်တာမှာ အသတ်ခံထားရတဲ့အမျိုးသမီးကို တွေ့ရတယ် သိရတယ် ။ ခုန်ချတဲ့အမျိုးသားက ရှမ်းမြောက် တာမိုးညဲအထူးဒေသက မုန်းဝန်းလူမျိုး အမျိုးသားပါ ။ ရဲကတော့ သူ့လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဖို့လုပ်နေတယ်။ အမျိုးသမီးအသတ်ခံရတဲ့အခြေအနေကတော့ သေချာမသိရသေးဘူး ။ " လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ်။ ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားရုပ်အလောင်းကိုတော့ စံပြဆေးရုံကြီးကို မနေ့ကတည်းက မိုးစေတနာ ပရဟိတအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ။ ဓာတ်ပုံ - မိုးစေတနာအသင်း