uz
Feedback
RNC သတင်း၊ နည်းပညာ ၊ရသစုံ

RNC သတင်း၊ နည်းပညာ ၊ရသစုံ

Kanalga Telegram’da o‘tish

🇷eal 🇳ews 🇨ollection

Ko'proq ko'rsatish
317
Obunachilar
Ma'lumot yo'q24 soatlar
-37 kunlar
-230 kunlar
Postlar arxiv
🚨🔥 ဘန်ကောက်မှာ မီးအကြီးအကျယ်လောင်နေ၊ မီးမထိန်းနိုင်သေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခလောင်ထုန်စင်တာ (Khlong Thom Center) တွင် မီးလောင်ကျွမ်းမှု ပြင်းထန်နေပြီး လက်ရှိအခြေအနေအရ မီးသည် နေရာအနှံ့သို့ ကူးစက်လောင်ကျွမ်းနေပြီဟု သိရသည်။ ဩဂုတ် ၂၈ ရက် ည ၉ နာရီ ၄၃ မိနစ် ခန့်တွင် မီးလောင်ကျွမ်းမှုကြောင့် ခလောင်ထုန်စင်တာအလယ်ပိုင်းရှိ အဆောက်အအုံတည်ဆောက်ပုံတစ်စိတ်တစ်ပိုင်း ပြိုကျလာခဲ့သဖြင့် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့များသည် လုံခြုံရေးအရ ထိုနေရာမှ ယာယီပြန်လည်ဆုတ်ခွာခဲ့ရသည်။ သို့သော် အနီးပတ်ဝန်းကျင်နေရာများတွင် မီးသတ်တပ်ဖွဲ့များက အင်အားအပြည့်ဖြင့် မီးငြှိမ်းသတ်ရေး ဆက်လက်လုပ်ဆောင်နေကြသည်။ လက်ရှိတွင် အဆောက်အအုံ၏ မိုးကာနှင့် အမိုးပိုင်းများလည်း ပြိုကျလာနေပြီး ကနဦးသတင်းများအရ ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘန်ကောက်မြို့ရှိ Central Hospital သို့ ပို့ဆောင်ထားသည်။

လှိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်နေလို့ လမ်းဘေးဆိုင်တွေအကုန် တလပိတ်ရမယ် ဩဂုတ် ၂၈ - ၂၀၂၆ SN (VOM) ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့် လမ်းဘေးဆိုင်တွေအကုန်လုံး တလပိတ်ဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး၊ ရေပိုက်လိုင်းတွေအတွင်း ညစ်ညမ်းရေတွေ ဝင်ရောက်တာကတဆင့် ရေမသန့်ရှင်းမှုကြောင့် ဩဂုတ် ၉ ရက်နေ့မှ စတင်ကာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာကြောင့် ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်း လမ်းဘေးအစားအစာရောင်းချခြင်းကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေ၊ စည်ပင်သာယာရေး ကော်မတီတွေက တားမြစ်မှုတွေ ရှိနေပြီး လက်ရှိမှာလည်း လှိုင်မြို့နယ်က လမ်းဘေးဈေးဆိုင်တွေကို ယာယီ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။ “ဒီနေ့ ရောင်းစရာတွေ ရှိထားရင်တော့ ရောင်းပါ။ ဒါပေမယ့် မနက်ဖြန်ကစပြီး မရောင်းနဲ့တော့လို့ ပြောတယ်။ ခိုးရောင်းရင်တော့ ရတယ်။ ဒါပေမယ့် ဒီဆိုင်က စားပြီးမှ ဖြစ်သွားတယ် ဆိုရင်တော့ ငွေနဲ့ဖြေရှင်းလို့ ရမှာမဟုတ်ဘူးလို့ ကျွန်မတို့ကို အသိပေးသွားတယ်” လို့ လှိုင်မြို့နယ်မှ ရခိုင်မုန့်တီနဲ့ အသုပ်ရောင်းသူက ပြောပါတယ်။ မြို့နယ် စည်ပင်သာယာရေး ကော်မတီက လာရောက် အသိပေးသွားတာဖြစ်ပြီး ဒေသန္တရ ကျန်းမာရေးဌာနရဲ့ ပြောကြားချက်အရ လှိုင်မြို့နယ်ထဲရှိ ၁၆ ရပ်ကွက်မှာ ဝမ်းရောဂါဖြစ်တဲ့သူ အယောက် ၂၀ ကျော် ရှိလာတဲ့အတွက် အခုလို ညွှန်ကြားခြင်းဖြစ်တယ်လို့ သိရပါတယ်။ လမ်းဘေးက အီကြာကွေးဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်တွေအပြင် စားသောက်ဆိုင်တွေကအစ တလပိတ်ဖို့ ညွှန်ကြားထားတယ်လို့ သူက ပြောပါတယ်။ နောက်ထပ် လမ်းဘေးဈေးသည် တယောက်ကလည်း “တလနားရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ ကျွန်မတို့တွေ အရမ်းခက်ခဲသွားမှာ။ အခု ဝမ်းလျှောတဲ့ ကောင်မလေးက ပြောတာတော့ ခေါက်မုန့်ရယ်၊ ဒိန်ချဉ်ရယ် စားလို့ ဖြစ်သွားတာလို့ ပြောတယ်” လို့ ပြောပါတယ်။ ရန်ကုန်အပါအဝင် တခြားပြည်နယ်နဲ့ တိုင်းတချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ အယောက် ၄၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှာ ဝမ်းရောဂါကြောင့် သေဆုံးသူမရှိဘဲ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပဲ ဝမ်းရောဂါကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ရန်ကုန်မြို့မှာ သြဂုတ် ၁၅ ရက်ကနေ ၂၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၁၆၅ ယောက်၊ ရခိုင်ပြည်နယ်မှာ ၈၁ ယောက်၊ မွန်ပြည်နယ်မှာ နှစ်ယောက်၊ ဧရာဝတီတိုင်းမှာ နှစ်ယောက်၊ မန္တလေးတိုင်းမှာ နှစ်ယောက်နဲ့ ပဲခူးတိုင်းမှာ တယောက်၊ စုစုပေါင်း ရှစ်ရက်တာအတွင်းမှာ ၄၁၈ ယောက်ရှိပြီး အဲဒီထဲမှာ ကာလဝမ်းရောဂါ ဖြစ်ပွားသူ အယောက် ၂၀၀ ရှိကာ ရခိုင်ပြည်နယ်က နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “အခုက ဝမ်းရောဂါတွေ တော်တော်ဖြစ်နေတာ။ ဒီရောဂါက များသောအားဖြင့် ရေကြီးရေလျှံကနေတဆင့် ဖြစ်တဲ့ပြဿနာပေါ့။ ဒီနှစ်ကတော့ မိုးပိုရွာတယ်လို့တော့ထင်တယ်။ အဲဒီတော့ မသန့်ရှင်းတဲ့ ရေကနေတဆင့် ကူးစက်မှုတွေ များလာတာ” လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီရောဂါက နှစ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဒီနှစ်ကတော့ ကျန်းမာရေး အသိပညာပေးမှုတွေကြောင့် တော်တော်များများက ဖြစ်တာနဲ့ချက်ချင်း ဆေးရုံ၊ ဆေးခန်းသွားပြီး ကုသမှုခံယူကြတာကြောင့် ဒီရောဂါ ဖြစ်ပွားမှုနှုန်းကို လူပိုသိလာတာဖြစ်ပြီး ဒေတာ တိတိကျကျ ရလာတာလို့ သူက ပြောပါတယ်။ လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေအတွက် ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်တွေ ဖွင့်လှစ်ထားပြီး ကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

⛔ ဦးခင်ရီ.. ပါတီဥက္ကဌနေရာက ဖယ်ပေးရမည်ဟု သတင်းများထွက်ပေါ်နေ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၁၃၈၈ ခုနှစ် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနားနှင့် ပန်းစေတီလှည့်လည်ပူဇော်ပွဲ စည်ကားစွာ ကျင်းပ PN ရန်ကုန်၊ ဩဂုတ် ၂၈ ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၈ ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မေတ္တာအခါတော်နေ့ အခမ်းအနားများနှင့် ပန်းစေတီ လှည့်လည်ပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ နံနက် ၅ နာရီခွဲမှစတင်၍ ရွှေတိဂုံစေတီတော် ရင်ပြင်၌ အာရုဏ်ဆွမ်းတော် ဆက်ကပ်ပူဇော်ခြင်း၊ အသံမစဲ မေတ္တာပို့ အောင်ပွဲပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးပြည်သူများက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးများ ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့ပြင် ပန်းပေါင်း ၈၄,၀၀၀ ဖြင့် ဆင်ယင်ထားသည့် ပန်းစေတီများကို ရင်ပြင်တစ်ပတ် ပင့်ဆောင်လှည့်လည်ကာ အာရုံခံမုခ်ဦးများရှိ ဘုရားရှင် ရုပ်ပွားတော်များနှင့် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်ချ အမျှဝေခဲ့ကြသည်။ ယနေ့ မေတ္တာအခါတော်နေ့တွင် ရန်ကုန်မြို့ခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများသည် ရွှေတိဂုံစေတီတော်ပေါ်သို့ လာရောက်ကာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အသံမစဲ မေတ္တာပို့သခြင်းနှင့် ကုသိုလ်ကောင်းမှုပြုခြင်းတို့ဖြင့် သဒ္ဓါကြည်ဖြူစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

CIA အကြီးအကဲရဲ့ ရုရှားခရီးစဉ်ပြီးဆုံးပြီးနောက် ချက်ချင်းဆိုသလို ရုရှားဘက်က ဒရုန်းတွေ အသုံးပြုပြီး ယူကရိန်းနိုင်ငံတွင်းက ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့တာပါ။ ၂၄ နာရီအတွင်း တိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်တွေထဲမှာ Comfy Electronics warehouse Fora warehouse Roshen supermarket Budynok Igrashok Silpo warehouse Avrora Rozetka marketplace Berger Cargo warehouse Budpostach warehouse Epicentr mall စတဲ့ နေရာတွေဖြစ်ပြီး အများစုက Kyiv တဝိုက်က ပစ်မှတ်နေရာတွေလည်း ဖြစ်ပါတယ်။ ရုရှားတို့ရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ Kyiv မြို့ခံတွေဟာ မြို့ကနေ ရှောင်ဖို့ ထွက်ပြေးနေတဲ့ ဗီဒီယိုတွေလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။

+1
ညက တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့တဲ့ ယူကရိန်းနိုင်ငံတွင်းက Warehouse ကြီးတစ်လုံးပဲဖြစ်ပါတယ်။ ရုရှားတို့ရဲ့ ဒရုန်းတွေဟာ ယူကရိန်းတို့ပစ်လွှတ်နိုင်တာထက် အရေအတွက် အဆအများကြီးပိုများတာကြောင့် ယူကရိန်းတွေ သုံးလလောက် တိုက်ခိုက်ပြီး ဂုဏ်ဆာခဲ့ရတဲ့ အရေအတွက်ကို ရုရှားဘက်က တစ်ညလောက်ပဲ တိုက်ခိုက်နိုင်တာ ဘာမှဆန်းတာရယ်တော့မဟုတ်ပါဘူး။ ရုရှားရဲ့ အွန်လိုင်းရှော့ပင်လုပ်ငန်းဖြစ်တဲ့ Wildberries ကုန်လှောင်ရုံတွေကို ယူကရိန်းက အလကားနေအလကား မီးလောင်ပြီးကော ဆိုတဲ့ မူဝါဒနဲ့ သွားပြီးတော့ တိုက်တာကြောင့် ခုလို ယူကရိန်းမှာရှိတဲ့ Warehouse တွေကိုလည်း ရုရှားဘက်က ပုံစံပေးတဲ့အနေနဲ့ ပြန်တိုက်တာပါပဲ။ ပြည်တွင်းစီးပွါးရေးကဏ္ဍ လုံးဝ ပျက်ပြားနေပြီး အနောက်အုပ်စုရဲ့ ပေးစာကမ်းစာနဲ့ ထမင်းတန်းစီနေရသလောက် ဖြစ်နေတဲ့ ယူကရိန်းတို့အတွက် ဇလန်းစကီးနဲ့ NATO ရဲ့ ရွှေ့ကွက်တွေက ပျော်စရာတော့ ကောင်းမနေပါဘူး။

■ ပညာရေးဝန်ကြီးဌာနမှ ဒုညွှန်မှူး(ငြိမ်း) အသတ်ခံရပြီး ၄င်း၏ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများအား ယူဆောင်ထွက်ပြေးသွားသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိ ပညာရေးဝန်ကြီးဌာနမှ ဒုညွှန်မှူး(ငြိမ်း) အသတ်ခံရပြီး ၄င်း၏ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများအား ယူဆောင်ထွက်ပြေးသွားသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့၊ မွန်းလွဲ (၂)နာရီခွဲခန့်အချိန်ခန့်တွင် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ် ကျေးရွာနေ ဒေါ်လှလှဝင်း(ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း၊ အောက်မြန်မာပြည်၊ ပညာရေးဝန်ကြီးဌာန) ၎င်း၏နေအိမ်တွင် အသတ်ခံရပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများယူဆောင်၍ ထွက်ပြေးသွားသည့်အမှုမှ တရားခံအား ကျူးလွန်ပြီး (၆)ရက်အကြာတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ အမည်မသိ တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အထူးအမှုစစ်အဖွဲ့အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေး ဦးစီးပြီး ခရိုင်မှု/နှိမ်၊ နိဗ္ဗာန် နယ်မြေရဲစခန်းမှူး ၊ ရှားခဲရဲကင်းစခန်းမှူးအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းဖေါ်ထုတ်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားသည့် ရန်ကုန်မြို့နေ သီဟကျော်နှင့် ဇနီးဇင်ဇင်နွယ်တို့အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဩဂုတ်လ (၂၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၂၀၈)တွင် သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ သီဟကျော်နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် နဲမနိတ်ကျေးရွာနေ တင်မျိုးအောင်(ခ)နေလအား ရှားခဲတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုဖြေကြားသည်။ လက်ရှိတွင် ယင်းအမှုအား အသေးစိတ်ဆက်လက်စစ်ဆေးပြီး တရားစွဲတင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၈.၈.၂၀၂၆​နေ့လည်(၁၂း၀၀)နာရီ ငမိုးရိပ်​ရေ​ရေ​လှောင်တမံ​ရေမှတ်(107.10')​ပေသို့​ရောက်ရှိပြီး၊​ရေပိုလွှဲမှ(0.10') ​ရေစ​ကျော်ပါပြီ
+4
၂၈.၈.၂၀၂၆​နေ့လည်(၁၂း၀၀)နာရီ ငမိုးရိပ်​ရေ​ရေ​လှောင်တမံ​ရေမှတ်(107.10')​ပေသို့​ရောက်ရှိပြီး၊​ရေပိုလွှဲမှ(0.10') ​ရေစ​ကျော်ပါပြီ။ ငမိုးရိပ်တမံ​ရေပိုလွှဲမှ(၂၀၀၇)ခုနှစ်တွင်(6.15)​ပေနှင့် (၂၀၂၃)ခုတွင်(6.10)​ပေ ​ရေ​ကျော်ခဲ့​သော်လည်း အန္တရာယ် တစုံတရာဖြစ်​ပေါ်ခဲ့ခြင်းမရှိခဲ့ပါ။ယခု​ရေ​ကျော်မှုသည် သာမန်​ရေ​ကျော်မှုဖြစ်စဥ်သာဖြစ်ပါ​ကြောင်း တင်ပြအပ်ပါသည်။

+1
အုပ်ချုပ်သူလူကြီးတွေက ကိုယ်လုပ်ရမယ့်အလုပ်မလုပ်ပဲ တဖက်စောင်းနင်း ပရမ်းပတာ ထင်ရာ‌ေလျှာက်လုပ်ကြမှတော့ အောက်ခြေပြည်သူတွေမျိုးစုံဒုက္ခရောက်ကြရတာ... သိန်း ၅၀၀ နီးပါး ဆုံးရှုံးသွားတာပေါ့ အ‌ဒေါ် ရယ်စိတ်မကောင်းပါဘူး အားတင်းထားပါ

မော်လမြိုင် ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းဆိုင် အနုကြမ်းစီးခံရပြီး မီးခံ သေတ္တာတစ်လုံးယူဆောင်သွား ဩဂုတ် ၂၈၊ ၂၀၂၆ ။ ယနေ့ နံနက် ၄ နာရီခန့်က မော်လမြိုင် မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်အား လူတစ်စုမှ အနုကြမ်းဝင်စီးသွားသည်ဟု မရမ်းကုန်းရပ်ကွက်နေသူများက ပြောကြသည်။ ဆိုင်က အိမ်နဲ့တွဲဖွင့်ထားတာ ပိုင်ရှင်တွေမရှိကြဘူး အိမ်အကူကောင်မလေး ၂ယောက်နဲ့တူမဖြစ်သူပဲရှိတာမနက် ၄ နာရီလောက်မှာလက်နက်ကိုင်‌အမျိုးသား ၃ ယောက် ဘေးနားဆောက်လက်စတိုက်ကနေဝင်လာပြီးကောင်မလေး ၃ ယောက်ကို ကြိုးတုပ်ပြီး မီးခံသေတ္တာကိုအလုံးလိုက်မသွားတာဟု အနီး အနားနေသူတစ်ဦးကပြောကြားသည်။ အနုကြမ်းစီးသူများသည် အနီးအနားရှိ CCTV ကင်မရာများကိုဖျက်စီးသွားသည်ဟု ဒေသခံများကဆိုသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားသည်ဟု သိရှိရသည်။

အဘ ရုရှား သွားတယ်နော်… ကြွက်မင်း ပူတင်ကြီးနဲ့ ဖက်ပြီး စကားတွေ ပြောတယ်နော်… ပြန်လာတယ်… အခု ရုရှားမှာ စုံ/မ ဖြစ်သွားပြီ… အဘ စကေးတွေ ကြမ်းတယ် 🫤

နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရစည်းမျဉ်းသစ် ဒီနေ့ အသက်ဝင် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအပါအဝင် ပြ
+2
နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရစည်းမျဉ်းသစ် ဒီနေ့ အသက်ဝင် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအပါအဝင် ပြစ်မှု ၅ မျိုး ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပနှင်ထုတ်နိုင်တဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံးစည်းမျဥ်းဟာ သြဂုတ် ၂၈ ရက် ဒီနေ့မှာအသက်ဝင်မှာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်တာ နေထိုင်တာ၊ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးဌာနရဲ့ ဥပဒေကို ဆန့်ကျင်လုပ်ကိုင်တာ၊ နိုင်ငံခြားသားစီးပွားရေးလုပ်ကိုင်ခွင့်ဥပဒေနဲ့ မကိုက်ညီတဲ့ စီးပွားရေးလုပ်ဆောင်တာတွေကို ပြည်နှင်ဒဏ်ပေးမှာဖြစ်ပါတယ်။ ထိုင်းကြေငြာချက်..CDM.တွေ...ပြည်ပြေးတေအတွက် ⬇️

မြစ်ကို အမှိုက်တွေပိတ်ဆို့ရာကနေ ရေကန်တခု ဖြစ်နေတာကို ကြာသပတေးနေ့က တရုတ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဝေဟင်ရိုက်ကူးရေး ဗီဒီယိုဖိုင်မှာ တွေ့ရကြောင်း နိုင်ငံပိုင် CGTN သတင်းက ဖော်ပြခဲ့ပါတယ်။ ၂၈ ၊ ဩဂုတ် ဆိုးရွားတဲ့ ရုတ်တရက်ရေကြီးမှုဖြစ်ပွားပြီးနောက် နီပေါနဲ့ တရုတ် နယ်စပ်နှစ်ဖက်စလုံးမှာ မြစ်ကြောင်းပိတ်ဆို့ရာကနေ အလိုအလျောက်ဖြစ်ပေါ်နေတဲ့ ရေကန်နှစ်ခု ကျိုးပေါက်မယ့် အန္တရာယ်ရှိနေတာကြောင့် ဟိမဝန္တာဒေသမှာ နောက်ထပ်ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့ ကြာသပတေးနေ့မှာ နှစ်နိုင်ငံလုံးက သတိပေးလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က နီပေါနဲ့ တရုတ်နိုင်ငံ တိဗက်နယ်စပ်ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၃၆၂ ယောက် သေဆုံးခဲ့ပြီး၊ လူ ၁,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်တာမို့ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေရဆဲပါပဲ။ ဒီလိုရေကြီးရတာဟာ တောင်ပေါ်က မြစ်ကြောင်းတွေထဲကို ကျောက်ခဲ၊ ရေခဲ၊ ရွှံ့တွေစတဲ့ အပျက်အစီးတွေ တွန်းပို့လိုက်တဲ့ ရေခဲမြစ် ပြိုကျမှုကြောင့်ဖြစ်တယ်လို့ နှစ်နိုင်ငံလုံးက ပြောဆိုထားကြပါတယ်။ ရေကြီးတဲ့နေရာမှာ အမှိုက်တွေ မြစ်ကို ပိတ်ဆို့ရာကနေ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ ရေကန်တခုဟာ ရေအမှတ် မြင့်တက်လာနေပြီး ကျိုးပေါက်မယ့် အန္တရာယ်ရှိနေတယ်လို့ နီပေါ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က သတိပေးထားပါတယ်။ အာဏာပိုင်အဖွဲ့က "မြစ်အောက်ပိုင်းမှာ နေထိုင်သူတွေ၊ ခရီးသွားတွေ၊ ကယ်ဆယ်ရေးလုပ်နေတဲ့ ကယ်ဆယ်ရေးသမားတွေနဲ့ သက်ဆိုင်သူအားလုံး မြစ်ကမ်းပါးတွေနဲ့ အန္တရာယ်ရှိတဲ့ နေရာတွေနဲ့ ဝေးဝေးမှာ သတိထားပြီး လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံပါတယ်" လို့ ပြောပါတယ်။ ဒါ့အပြင် တရုတ်ဘက်အခြမ်းမှာလည်း အလားတူ‌ မြစ်ကြောင်းပိတ်ဆို့ရာကနေ ရေတွေစုဝေးနေတဲ့ ကန်တခုဖြစ်ပေါ်နေပြီး နောက်ထပ် ၃ ရက်အတွင်း အဆိုပါ ရေကန်ထဲကို ရေကုဗမီတာ ၃ သန်း (အိုလံပစ် ရေကူးကန်ပေါင်း ၁,၂၀၀ စာမက) စီးဝင်လာဖို့ မျှော်လင့်ရကာ ၊ စက်တင်ဘာ ၁ ရက်လောက်မှာ ရေစီးအသန်ဆုံးဖြစ်ကာ ကျိုးပေါက်မယ့် အန္တရာယ် အလွန်မြင့်မားနေတယ်လို့ တရုတ်ဘက်က သတိပေးထားပါတယ်။ မြစ်ကို အမှိုက်တွေပိတ်ဆို့ရာကနေ ရေကန်တခု ဖြစ်နေတာကို ကြာသပတေးနေ့က တရုတ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဝေဟင်ရိုက်ကူးရေး ဗီဒီယိုဖိုင်မှာ တွေ့ရကြောင်း နိုင်ငံပိုင် CGTN သတင်းက ဖော်ပြခဲ့ပါတယ်။ အဲဒီရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ရေထွက်ပေါက် မရှိတဲ့ ဘေးပတ်လည် ပိတ်နေတဲ့ ချိုင့်ဝှမ်းတစ်ခုထဲမှာ အညိုရောင်ရေတွေ အမြောက်အမြား စုဝေးနေတာကို တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်အတွင်း မိုးရွာသွန်းမှု ခန့်မှန်းချက်တွေကြောင့် ဒီအန္တရာယ်ဟာ ပိုမိုဆိုးရွားလာနိုင်တယ်လို့ တရုတ် ရေအရင်းအမြစ်ဝန်ကြီးဌာနကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။ "ရေထုထည်က ဆက်တိုက်တိုးလာနေပြီး အန္တရာယ်လည်း ပိုများလာနေပါတယ်" လို့ ရေအရင်းအမြစ်ဝန်ကြီးဌာန၊ ဇလဗေဒဌာနက သုတေသနပညာရှင် ဇူးကျင်းဖုန်းက CCTV သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ပတ္တယားမှာ အနားယူမယ့်အမေရိကန်စစ်သား ၅,၀၀၀ ခန့်ကနေ ဝင်ငွေဘတ်သန်းချီရဖို့ မျှော်မှန်း အီရန်ပဋိပက္ခအတွက် အရှေ့အလယ်ပိုင်းကိုစေလွှ
+4
ပတ္တယားမှာ အနားယူမယ့်အမေရိကန်စစ်သား ၅,၀၀၀ ခန့်ကနေ ဝင်ငွေဘတ်သန်းချီရဖို့ မျှော်မှန်း အီရန်ပဋိပက္ခအတွက် အရှေ့အလယ်ပိုင်းကိုစေလွှတ်ထားတဲ့ အမေရိကန်ရဲ့ “USS Abraham Lincoln” လေယာဉ်တင်စစ်သင်္ဘောအုပ်စုက စစ်သားထောင်ချီ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ သင်္ဘောတွေနဲ့အတူ ဆိုက်ကပ် အနားယူမှာဖြစ်လို့ ဒီအလည်အပတ်ခရီးကနေ ဘတ် ၅ သန်းကနေ ၁၅ သန်းအထိ ဝင်ငွေရနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ချွန်ဘူရီခရိုင်ထဲမှာရှိတဲ့ နာမည်ကျော် ပတ္တယားကမ်းခြေမှာ စစ်သားတစ်ဦးကို ပျှမ်းမျှ ဘတ် ၁,၀၀၀ ကနေ ၃,၀၀၀ ကြားသုံးစွဲခဲ့ရင် ဝင်ငွေဘတ်သန်းချီ ရနိုင်ကြောင်း ပတ္တယားမြို့တော်ဝန် Poramet Ngampichet က ပြောဆိုပါတယ်။ ဓာတ်ပုံ - Reuters/ Getty