en
Feedback
People's Spring

People's Spring

Open in Telegram

People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/

Show more

📈 Analytical overview of Telegram channel People's Spring

Channel People's Spring (@peoplespring) in the Burmese language segment is an active participant. Currently, the community unites 61 835 subscribers, ranking 4 270 in the News & Media category and 2 240 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 61 835 subscribers.

According to the latest data from 02 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -824 over the last 30 days and by -15 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 3.83%. Within the first 24 hours after publication, content typically collects 3.87% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 371 views. Within the first day, a publication typically gains 2 392 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 42.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/

Thanks to the high frequency of updates (latest data received on 03 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

61 835
Subscribers
-1524 hours
-1617 days
-82430 days
Posts Archive
photo content
+3

photo content
+9

စလော့ဂိမ်းလောင်းကစားကြောင့် ကျပ်သိန်း ၁၀၀ကျော် ဆုံးရှုံးတဲ့ ၁၂ ဘီးကား ယာဉ်မောင်းတစ်ဦးဟာ အောင်ပန်း-ကလောလမ်းပိုင်းမှာ ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ ဒီနေ့ ဇူလိုင် ၃ရက် မနက်အစောပိုင်းမှာ အောင်ပန်း-ကလောလမ်းခွဲ Toll Gate အကျော်မှာ ၁၂ဘီးကားပေါ်မှာ ကြိုးဆွဲချ သေဆုံးသွားတဲ့ ရုပ်အလောင်းကို အောင်ပန်းနာရေးကူညီမှုအသင်းက သွားရောက်သယ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူဟာ အသက်(၃၀)ကျော်အရွယ် ကိုလှိုင်မင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက် ညောင်ရွှေမြို့ဇာတိ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို သိရှိသူ နောက်တစ်ဦးကလည်း ကုန်ဖိုးငွေ ကျပ်သိန်း ၁၀၀ကျော်နဲ့ စပယ်ယာအတွက် ပေးရမယ့် လစာပါ အကုန်ရှုံးသွားတာကြောင့် ကြံရမရ ဖြစ်သွားတာနေမယ်လို့ ပြောပါတယ်။ ◾️ဖားကန့်မှာ မြေစာပုံထပ်ပြို၊ လူ ၇ဦး ထက်မနည်းသေဆုံး ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ကျောက်ကမ်းပါးပြိုလို့ လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော် ကျေးရွာမှာ ဒီနေ့မှာလည်း မြေစာပုံထပ်ပြိုလို့ လူ ၇ဦး ထပ်မံသေဆုံးသွားပါတယ်။ နမ့်မှော်ကျေးရွာနဲ့ ကောင်းစံကျေးရွာကြားက ကျောက်စိမ်းလုပ်ကွက်တစ်ခုဟာ ဒီနေ့ ဇူလိုင် ၃ရက် မနက် ၉ နာရီခွဲခန့်မှာ ပြိုကျတာပါ။ ဒီ‌နေ့ မြေစာပုံပြိုကျတာမှာ ဘက်ဟိုး ၂စီးလည်းပါသွားပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေဆဲဖြစ်ပါတယ်။ နမ့်မှော်ကျေးရွာမှာ ဇွန်လ ၂၇ရက် ညက မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။ ကမ်းပါးပြိုလို့ လူ ၁၀ဦး ထက်မနည်းပျောက်ဆုံးခဲ့ပြီး ၇ဦးရဲ့ရုပ်အလောင်းကိုပဲပြန်လည်ရှာတွေ့ခဲ့ပါတယ်။ ◾️ရန်ကုန်တက္ကသိုလ်ထဲက အနီ​ရောင်စိန်ပန်းပင်တွေကို စစ်တပ် ခုတ်လှဲ ရန်ကုန်တက္ကသိုလ်ထဲက အနီရောင်စိန်ပန်းပင်တွေကို ဖယ်ရှားဖို့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ကြောင့် စည်ပင်ဌာနနဲ့ တက္ကသိုလ်ဝန်ထမ်းတွေ ပေါင်းပြီး အပင်ရင်းကနေ ခုတ်လှဲ​နေတယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်အဆောက်အအုံနားက စိန်ပန်းပင်ကြီးတွေကို ခုတ်လှဲပစ်တာပါ။ အခြားအပင်တွေကို မခုတ်လှဲဘဲ အနီရောင်စိန်ပန်းပင်တွေချည်းပဲ လိုက်ခုတ်သွားတာလို့ ရန်ကုန်တတက္ကသိုလ်ဝင်းထဲကို ဒီနေ့ ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ ရောက်ရှိခဲ့သူတစ်ဦးက ပြောပါတယ်။ စိန်ပန်းပင်တွေကို ခုတ်တာဟာ နေပြည်တော်ရဲ့အမိန့်ဖြစ်တယ်လို့သိရကြောင်း နဲ့ ရန်ကုန်စည်ပင်ဌာနအကူအညီနဲ့ ခုတ်ပစ်တာလို့ တက္ကသိုလ်ဝင်းလုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ◾️စစ်ခေါင်းဆောင်ရုပ်ပုံ ခြေနဲ့နင်းပြီး ဆန္ဒပြ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုပ်ပုံတွေကို ခြေထောက်နဲ့ နင်းကာ "စစ်အာဏာရူး မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်ကျဆုံးပါစေ" ​ကြွေးကြော် ဆန္ဒပြခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ဘက်​က​ သေဆုံးထိခိုက်များပြား​နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ စစ်တပ်က ရှမ်းမြောက် မဘိမ်းမြို့နယ်၊ ငါးအိုးဒေသကနေ ရွှေကူကို စစ်အင်အားဖြည့်ပြီး ဗန်းမော်ကို စစ်ကူပို့ကြိုးပမ်းလာလို့ မေလလဆန်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ငါးအိုး-ရွှေကူကြားတိုက်ပွဲ ပြင်းထန်ခဲ့သလို လက်ရှိဗန်းမော်ကို ဦးတည်နေတဲ့ စစ်တပ်စစ်ကြောင်းဟာလည်း KIA ရဲ့ ဖြတ်​တောက်တိုက်ခိုက်မှုကြောင့် အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ကချင်သတင်းရင်းမြစ်အချို့နဲ့ PDF တပ်ရင်းအချို့ရဲ့ရွှေကူဒေသတိုက်ပွဲ ရုပ်သံတွေအရ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးဘက်က အသေခံဒရုန်းတွေနဲ့ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ◾️မြန်မာဖက်က တိုက်ပွဲတွေကြောင့် ထိုင်းက နယ်စပ်ဂိတ်တွေ ပိတ်ထား မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ်ခရိုင်ခွဲထဲက နယ်စပ်ဂိတ်အားလုံးကို ယာယီ ပိတ်လိုက်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ မြန်မာဖက်ခြမ်းက တိုက်ပွဲတွေမှာ ပစ်ခတ်မှုတွေကြောင့် တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ထဲက မဟာဝမ်ရဲ့ နယ်စပ် ကျေးလက်ဧရိယာတွေမှာ ကျည်ဆန်တွေ လမ်းချော်ကျရောက်ခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနအချို့က​ ဖော်ပြပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံဒေသ တဝိုက်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)ကြား တိုက်ပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တကျော့ပြန် ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ ◾️ရေတာရှည်မှာ စစ်တပ်က တင့်ကားတွေသုံး ထိုးစစ်ဆင်လာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တင့်ကားတွေပါ အသုံးပြုနေပြီး ကြည်းနဲ့လေ ပူးပေါင်းထိုစစ်ဆင်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံဗိုလ်လကျာ်က ပြောပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ရေးအရအရေးပါတဲ့ ဆွာမကြီးတပ်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် နေ့စဉ်နီးပါးတိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ပိတောက်ကုန်းကျေးရွာနဲ့ ကျွန်းကုန်းကျေးရွာတွေကို စစ်တပ်စစ်စစ်ကြောင်းထိုးဝင်ရောက်လို့ အဲဒီကျေးရွာတွေ အနီးမှာ တိုက်ပွဲဖြစ်နေပါတယ်။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ စစ်တပ်က ပင်မ အထိုင်စခန်းကြီး ၄ ခု နဲ့ နေရာ ၁၀ ခုထက်မနည်းတပ်စွဲထားပါတယ်။ ◾️ရက် ၇၀ကျော်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂၇၀ကျော် သေဆုံး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမယ့် စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံအဖြစ် တင်မြှောက်ပြီး "ရက် ၁၀၀ စီမံကိန်း" ပုံဖော်နေရာ အခုလက်ရှိ ရက် (၇၀) ကျော် အတွင်းမှာတင် စစ်အုပ်စုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၁,၀၄၅ မှု အထိ ကျူးလွန်ထားတယ်လို့ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်တွေထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ လေကြောင်းသုံး စနစ်တကျ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် ပြည်သူလူထုရဲ့ အိုးအိမ်တွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတဲ့ စစ်ရာဇဝတ်မှုတွေ အတိအလင်း ပါဝင်နေတာလို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ◾️ရခိုင်က မြို့နှစ်မြို့ကို အမည်ပြောင်းဖို့ AA စီစဉ် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်​ပေါင်း ၁၄ခုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)က ပေါက်တောနဲ့ မင်းပြားမြို့တို့ကို အမည်ပြောင်းဖို့ စီစဉ်နေပြီး အခြားမြို့အချို့ကိုလည်း အမည်ပြောင်းဖို့ရှိနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ မင်းပြားမြို့ကို အဉ္ဇနပူရ၊ ပေါက်တောမြို့ကို ဝီရဌာနီ စတဲ့နာမည်တွေ ပြောင်းဖို့ စဉ်းစားထားကြပြီး အတည်တော့မဖြစ်သေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ မြို့အမည်ပြောင်းဖို့ အကြိုအထိမ်းအမှတ်အနေနဲ့ ကားလမ်းမတလျှောက် Green Arakkha စီမံကိန်းနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးနေကြတာတွေ့ရပါတယ်။ အဲဒီသစ်ပင်စိုက်ပျိုးတာကို ခရိုင် ULA ပါတီဝင်တွေ၊ AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံလူငယ်တွေ ပူးပေါင်းပါဝင်နေကြပါတယ်။ ◾️စလော့ဂိမ်းကြောင့် ယာဉ်မောင်းတစ်ဦး အဆုံးစီရင်

“ဒီနေ့ဘာဖြစ်ခဲ့လဲ” ဒီနေ့(ဇူလိုင် ၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။ ◾️မလှိုင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ် အိမ်ကြီးတောရွာကို စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ကို ​ဒေသခံ PDF နဲ့ ပကဖတို့က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အနည်းဆုံး ၂ဦး သေဆုံးပြီး ၁၀ဦး လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၂ရက် မနက်မှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးတဲ့ အင်အား(၁၁၀)ပါ စစ်ကြောင်းကို PDF မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ မြင်းခြံခရိုင်စစ်ဌာနတပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ) ၊ နွားထိုးကြီး မြို့နယ်(ပကဖ )၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲ သုံးနာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီးနဲ့ ပစ်ကူပေးခဲ့ကြောင်း အသိပေးပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဆီကနေ လက်နက်နဲ့ စိန်ပြောင်း စုစုပေါင်း အလက် ၂၀ လက်၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း​တွေ ၊ ခဲယမ်း​တွေသိမ်းပိုက်ရရှိခဲ့ကြောင်း မှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြပါတယ်။ ◾️မောင်တောက စစ်သုံ့ပန်းစခန်းကို စစ်တပ် ဗုံးထပ်ကြဲ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှာရှိတဲ့ စစ်သုံ့ပန်းစစ်သားတွေ ထားရှိရာ အကျဉ်းထောင်အပေါ် ကျရောက်ပြီး သေဆုံးထိခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၂ရက် မနေ့ ညနေပိုင်းက စစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော် AA ဖမ်းဆီးထားတဲ့ သုံ့ပန်းစစ်သားတွေထဲ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်းရှိတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က ကြိမ်ချောင်းရွာအကျဉ်းထောင်ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံး ၆ လုံး၊ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံး ၂၇ လုံး၊ စုစုပေါင်း ဗုံးအလုံးရေ ၃၃ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ ◾️စစ်အာဏာရှင်အခါတော်ပေး ဒေါက်တာဖေဉာဏ် အသတ်ခံရ စစ်အာဏာရှင်အဆက်ဆက်အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ်ဟာ မှော်ဘီမြို့ စန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်းမှာ ဘုန်းကြီးဝတ်နေစဉ် အသတ်ခံလိုက်ရပါတယ်။ ဒေါက်တာဖေဉာဏ်ဟာ စန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်းမှာ ဦးပညာဝံသဘွဲ့အမည်နဲ့ ဘုန်းကြီးဝတ်နေသူဖြစ်ပြီး လက်ရှိ သီတင်းသုံးနေတဲ့ ကျောင်းခန်းအတွင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဇူလိုင် ၂ရက် မနက်ပိုင်းမှာ တွေ့ခဲ့တာလို့ မှော်ဘီမြို့ခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့အခါတော်ပေးလုပ်မှန်းကို ပတ်ဝန်းကျင်ကလူတွေ သိသလို သူကိုယ်တိုင်လည်း ခဏခဏထုတ်ပြောတယ်လို့ မှော်ဘီမြို့ခံတစ်ဦးက ပြောပါတယ်။ အခု ဘာကြောင့်အသတ်ခံရသလဲဆိုတာကိုတော့ မသိရသေးဘူးလို့ အဲဒီမြို့ခံက ဆိုပါတယ်။ဒေါက်တာဖေဉာဏ်ဟာ ဇူလိုင် ၂ရက် မနေ့ မနက်ပိုင်းမှာ ကျောင်းပြင်ပကို ထွက်မလာလို့ အခန်းကို ဖွင့်စစ်ဆေးတော့မှ သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ သိရပါတယ်။ ဒေါက်တာဖေဉာဏ်ဟာ အာဏာရှင်ဟောင်း သန်းရွှေနဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ရဲ့ အခါတော်ပေးအနေနဲ့ စစ်အာဏာရှင်ဘက်မှာ ရပ်တည်ခဲ့သူပါ။ သေဆုံးချိန်မှာ အသက် ၇၅နှစ်ရှိပြီ ဖြစ်ပြီး ဦးသိန်းစိန် ‌လက်ထက်မှာ ဘုန်းကြီးဝတ်သွားခဲ့တာလို့ သိရပါတယ်။ ◾️နန်းမယ်ခုံကို စစ်တပ်က လူလှိုင်းသုံး ထိုးစစ်ဆင် ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။ ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ကတဆင့် ဒီးမော့ဆိုမြို့နယ် အထက်ခြမ်းက နန်းမယ်ခုံမြို့ကို စစ်တပ်ရဲ့ထိုးစစ်ဆင်မှုဟာ ပြီးခဲ့တဲ့ဇွန်လကစပြီး အရှိန်မြှင့်လာတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို အလွန်အကျွံသုံးပြီး လူလှိုင်းလုံး စစ်ဆင်ရေးပုံစံနဲ့ ထိုးနေတာလို့ ရှမ်း-ကရင်နီပူးပေါင်းတပ် တာ၀န်ရှိသူတစ်ဦးက ‌ပြောပါတယ်။ နေ့တိုင်းထိတွေ့မှုဖြစ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ◾️အင်းတော်နယ်မှာ တိုက်ပွဲဆက်ပြင်းထန် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မဲဇာတောင်နဲ့ ကောလင်းမြို့နယ်က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေ ချိတ်ဆက်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်းတော်မြို့နယ် အနောက်ခြမ်းကို ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ​ရှေ့ဆက်တိုး​နေပြီး မဲဇာတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တဖက်မှာလည်း ကောလင်းမြို့ နဲ့ ဝန်းသိုမြို့(ခမရ ၁၁၁)ကနေ စစ်ကြောင်းတွေ ထွက်လာပြီး နှစ်ဖက်ပိတ်ပြီး စစ်ကြောင်းထိုးနေတဲ့ အ​ခြေအ​နေလို့ ​ဒေသခံအချို့က​ ပြောပါတယ်။ အဲဒီစစ်ကြောင်းလည်း မဲဇာတောင်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတာလို့ ​သိရပါတယ်။ ◾️ရွှေကူတိုက်ပွဲ နှစ်လတာ စစ်တပ်အထိနာ

ထိုင်းစစ်တပ်က အရာရှိတဦး တိုက်ပွဲဖြစ်ပွားတဲ့ မြန်မာနယ်စပ်ဘက်ခြမ်းသို့ကြည့်ရှု​ နေစဥ်။ ။ဓါတ်ပုံ-Thai Enquirer
ထိုင်းစစ်တပ်က အရာရှိတဦး တိုက်ပွဲဖြစ်ပွားတဲ့ မြန်မာနယ်စပ်ဘက်ခြမ်းသို့ကြည့်ရှု​ နေစဥ်။ ။ဓါတ်ပုံ-Thai Enquirer

မြန်မာဖက်က တိုက်ပွဲတွေကြောင့် ထိုင်းကနယ်စပ်ဂိတ်တွေကိုပိတ်ထား ဇူလိုင်-၃၊၂၀၂၆။People's Spring မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။ မြန်မာဖက်ခြမ်းက တိုက်ပွဲတွေမှာ ပစ်ခတ်မှုတွေကြောင့် တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ထဲက မဟာဝမ်ရဲ့ နယ်စပ် ကျေးလက်ဧရိယာတွေမှာ ကျည်ဆန်တွေ လမ်းချော် ကျရောက်ခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနအချို့က​ဖော်ပြပါတယ်။ မြန်မာဖက်ခြမ်းမှာတော့ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲက မင်းလက်ပံဒေသ တဝိုက်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)ကြား တိုက်ပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တကျော့ပြန် ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အမှတ် (၂၂ )ခြေမြန်တပ်မက မင်းလက်ပံ တဝိုက်ကို သိမ်းယူဖို့ စစ်ကြောင်းထိုးလာရာက ကရင် တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ထိုင်းရဲ့ နယ်ခြားစောင့်တပ် ယူနစ်တစ်ခုဖြစ်တဲ့ ရတ်ချာမာနူ အထူးတပ်ဖွဲ့ဟာ မြန်မာဖက်ခြမ်းကစစ်ဖြစ်နေတဲ့နယ်မြေတွေဆီစားနပ် ရိက္ခာနဲ့ တခြားထောက်ပံ့ရေး ပစ္စည်းတွေ မရောက်ရှိစေဖို့နဲ့ နယ်စပ် ကျေးရွာတွေရဲ့ လုံခြုံရေးအတွက် တပ်အင်အား တိုးမြှင့် ဖြန့်ကျက်ထားကြောင်း ပြောပါတယ်။ နယ်စပ်က တိုက်ပွဲတွေ ထိုင်းဖက်ကို ကူးစက်လာတာနဲ့ ပတ်သက်လို့ မြန်မာဖက်က အာ ဏာပိုင်တွေဆီ အရေးဆို ကန့်ကွက်ထားတယ်လို့လည်း ထိုင်းအရာရှိတွေက ဆိုပါတယ်။ မြန်မာဖက်က အခြေအနေတွေ ငြိမ်သက်သွားတဲ့ထိ မဟာဝမ်က နယ်စပ်ဂိတ်တွေကို ဆက်ပြီး ပိတ်ထားဖွယ် ရှိကြောင်းလည်း သိရပါတယ်။ စစ်တပ်ဟာမြဝတီမြို့တောင်ဘက်က တောင် ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိုင်းနိုင်ငံအတွင်း မကြာခဏ လက်နက်ကြီးကျည် ကျရောက်နေတယ်လို့လည်း လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။ ဇွန်၂၉ရက်မှာစစ်တပ်ကမြဝတီမြို့စောင့်တပ် (၂၇၅)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အနည်းဆုံး ၇ လုံး ပစ်ကူပေးခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ စစ်တပ်ကတခွကြိုးတောင်ကုန်းကနေ ပွိုင့် ဖိုက်နဲ့ ပစ်ခတ်တာ ထိုင်းဘက်ခြမ်းကိုကျရောက်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် စွယ်တော်ကုန်း၊ အင်ကြင်းမြိုင်နဲ့ လက်ခတ်တောင်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်ကစပြီး ယခင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကို ခေါ်ပြီး မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ စစ်တပ်၊ DKBA နဲ့ BGF ပူးပေါင်း ၃ဖွဲ့ ထိုးစစ်ကိုဟန့်တားဖို့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) ကလည်း အင်အားဖြည့်တင်းလာတာကြောင့် စစ်တပ်ရဲ့ ပူး ပေါင်း ၃ဖွဲ့ဟာ ရှေ့မတိုးတော့ပဲ လက်နက်ကြီးတွေနဲ့သာ ပစ်ခတ်ပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ "ဟိုကို (KNLA) ကြောက်လန့်ပြီး လက်နက် ကြီးတွေနဲ့ ပစ်နေတာ။ တိုက်ပွဲဖြစ်နေပါတယ်ပေါ့။ အထက်ကို တင်ပြ။ ဘယ်လောက်ထိသွားပြီ၊ဘယ်လောက်သေကုန်ပြီးဆိုတာလိမ်ပြီး အထက်ကို တင်ပြနေတာ။ မြေပြင်မှာက သူတို့ကြောက်လို့ ရှေ့မတိုးဘူး"လို့ စစ်​ရေးသတင်းရင်းမြစ်ကဇူလိုင် ၁ ရက်ကပြောပါတယ်။ စစ်တပ်က မင်းလက်ပံနဲ့ ဖလူးရွာကို သိမ်း ပိုက်ဖို့ DKBAဗိုလ်ဘိအဖွဲ့ကအင်အား၁၀၀ခန့် နဲ့BGFကဗိုလ်မုတ်သုန်အဖွဲ့ကအင်အား၂၀၀ ခန့်ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁,၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က DKBA ဗိုလ်ဘိအဖွဲ့ကို မင်းလက်ပံနေရာကို​ပေးမယ်လို့မက်လုံးပေးပြီးတိုက် ခိုက်နေတာလို့လည်း လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာကြားက သူတို့ရဲ့ စခန်းဟောင်းထဲကို ပြန်သိမ်းယူနိုင်ဖို့နဲ့ ဖလူးလေးတောင်ကုန်း (ဒေသခံတွေအခေါ် တာကော်ကျိုး)ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက တည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ဒီကနေ့အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။ လက်တလောမှာ မြန်မာ-ထိုင်းနယ်စပ်က စစ် တပ်ရဲ့ ​အ​​​ရေးပါတဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​နေတာမှာ စစ်တပ်အထိနာနေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ကိုးကား-Thai Enquirer

photo content

■အ​တွေးအမြင် တိုင်းပြည်ကမျှော်သတဲ့လား -ထွန်းညိုဦး​ရေးသားသည်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်ညက ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ဇာတ်မင်း သားသိန်းဇော်ရဲ့သဘင်ရွှေရတုပွဲ ပြုလုပ်ခဲ့ပါတယ်။ သိန်းဇော်နဲ့ ခေတ်ပြိုင်တွေဖြစ်တဲ့ ချမ်းသာ၊ နန်းဝင်း၊ မိုးဝင်းတို့နဲ့အတူ အောင်ဇဗ္မူတို့လည်း ပါဝင်ပါတယ်။ စစ်တပ်က အာဏာသာ မသိမ်းခဲ့ဘူးဆိုရင် ဒီလိုပွဲမျိုးဟာ ပရိသတ်တွေ သိပ်ကို သဘော ကျကြမယ့် ပွဲတော်မျိုးပါ။ အထူးသဖြင့် အထက်အညာ... စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က မြို့ထောင့်စေတီပွဲဆိုတာ ဇာတ်ကြီး ၃ ဇာတ်ထက်မနည်း အပြိုင်ကပြကြတဲ့ပွဲတော်ကြီးပါ။ ပွဲခင်းကြီးကိုက မြို့ထောင့်စေတီပတ်ချာလည် စည်မှစည်။ ရွာတွေ ရွာတွေက တက်လာကြတဲ့ ပွဲကြည့်ပရိသတ်ဆိုတာ လူပင်လယ်ကြီးကို ဖြစ်လို့ပါ။ မကွေးတိုင်း၊ ပခုက္ကူက သီဟိုဠ်ရှင်ဘုရားပွဲလည်း ထို့နည်းလည်းကောင်း။ တောင်သူတွေဆိုတာ ပွဲတော်ကြီးရောက်မှ ငွေကို ရေလိုသုံးပြီး ဝယ်ကြခြမ်းကြ၊ ဇာတ်ပွဲဆိုလည်း တစ်ပတ်လုံး အိမ်တံခါးပိတ်ပြီး လာကြည့်ကြတာပါ။ ပခုက္ကူတင်မက အဝေး​က မြစ်ခြေ၊ ကမ္မဘက်ကအစ ပေါက်နယ်အထိ တက်လာလေ့ရှိတာ။ ဇာတ်ပွဲ ကြည့်ချင်ကြတာကိုး။ မန္တလေး၊ စစ်ကိုင်း၊ မကွေး အထက်အညာက ပွဲတော်တွေတော်တော်များများကလည်း ဇာတ်သဘင်ဖျော်ဖြေပွဲမပါတဲ့ ဘုရားပွဲက အတော်ရှားပါတယ်။ ကိုကြီးကျော်ပွဲတစ်ပွဲပဲ ဇာတ်ထည့်လို့မရတဲ့ အစဥ်အလာရှိတာပါ။ ဇာတ်သဘင်အဖွဲ့လာပြီဆိုလည်း ရွာတွေက ထမင်းဟင်းကအစ ချက်ပြုတ်ကျွေးဖို့ ဝန်မလေးတဲ့ရွာတွေရှိတယ်။ ကိုယ်သာ တစ်လုပ်တစ်ဆုပ် စားရပေသိ ဇာတ်မင်းသားကို ဆုတော်ငွေချဖို့ ပြင်ကြသူတွေရှိတယ်။ ရွာထွက်ချည်ထည်၊ ရွာစိုက်သီးနှံ လက်ဆောင်ထည့်ပေးကြတာကတော့ ပြောမနေပါနဲ့တော့။ အပေါ်က စကားပြန်ဆက်ရရင် ဇာတ်မင်း သား နန်းဝင်းက သိန်းဇော်ရဲ့ပွဲနဲ့ပတ်သက်ပြီး အင်တာဗျူးဖြေပါတယ်။ သူဖြေတဲ့အထဲ ဘာပြောသွားလဲဆိုတော့ ကိုဗစ်နောက်ပိုင်း ပြည်သူတွေစိတ်လည်းပန်းလူလည်းနွမ်းနေတဲ့အ ချိန် ဇာတ်မင်းသားအောင်ဇမ္ဗူပေါ်လာတယ်။ ဇာတ်သဘင်ပြန်လည်မြင့်တက်လာတယ်ပေါ့။ နောက်ပြီး "တိုင်းပြည်မှာ ပွဲလမ်းသဘင်နဲ့ သာ ယာနေတာ ဘယ်လောက်ကောင်းလဲ။တို့တိုင်း ပြည်ကြီးသာယာနေတော့။ လေးလေးကြီးတို့ ဇာတ်သဘင်အနုပညာသမားဆိုတာ လက် ဆုပ်ပြည့်မှ လက်ကြားယိုရတာ။ တိုင်းပြည်သာယာ​ဝပြောမှ တို့က က လို့ရတာ။ တိုင်း ပြည်သာယာဝပြောနေတယ်ဆိုတော့ အေး ချမ်းမှုအသွင်ဆောင်လာတာ ပိုမကောင်းဘူးလား။ မင်္ဂလာတစ်ပါးပဲလေ။ အဲဒါကို ပျက်လိုရာပျက်စီးကြောင်း မလုပ်အောင် လေးလေးတို့ တက်နိုင်သလောက်ဝင်တားပေါ့နော်။ အကုန်လုံးကို မျှတသော သင့်တင့်သောအရာလေးတစ်ခု ဖြစ်အောင် လေးလေးတို့ ဝိုင်းကူညီတယ်။"တဲ့။ တကယ်ပဲ တိုင်းပြည်က သာယာဝပြောနေတယ်ထင်ပါသလား။ ရွှေဘိုတို့၊ ပခုက္ကူတို့မှာ ဘာတွေဖြစ်နေကြသလဲဆိုတာ ဇာတ်မင်း သားမသိမမြင်ခဲ့တာလား။ ဇာတ်မင်းသား ပြောသွားတဲ့စကားထဲ "တိုင်းပြည်သာယာဝပြောမှ တို့က ကလို့ရတာ"တဲ့။ အာဏာသိမ်းစစ်တပ်ထိန်းစစ်တပ်ချုပ်ထားတဲ့ မြို့တွေလောက်ပဲ ကခွင့်ရနေတာကို တိုင်းပြည်သာယာဝပြောတယ်ထင်နေကြသူတွေပါ။ မြန်မာပြည်မှာလက်ရှိ ဖိုးချစ်၊ အောင်ဇမ္ဗူ၊ စမ်းရေမိုး၊ စွမ်းဇာနည်တို့ စွမ်းသုံးစွမ်းအဖွဲ့၊ သူရဝင်းထွဋ် အဲဒီဇာတ်ကြီး ၅ ဇာတ်ပဲ ရှိပါတယ်။ အောင်ဇမ္ဗူနဲ့ စမ်းရေမိုးတို့သာ ဆိုရှယ်မီဒီယာကြောင့် စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ကြီးတချို့မှာသာ ကပြခွင့်ရနေတာပါ။ ဒါဟာလည်း ကိုဗစ်ကနေ ငါးနှစ်လောက်ကာ လအတွင်း ပွဲလမ်းသဘင်တွေ လုံးဝဆိတ် သုဥ်းသွားတော့ ပြန်ပေါ်လာတဲ့အချိန်၊ ပွဲငတ်လွန်းလို့ ဒီလူတွေနေရာရလာကြတာပါ။ အနု ပညာရှင်တွေဟာ ပရိသတ်ကို အလေးထားတဲ့အကြောင်း ပါးစပ်က ပူပေါင်းထအောင် ပြောတတ်ကြပါတယ်။ တချိန်က အနုပညာရှင်တွေကို သည်းသည်းလှုပ် အားပေးခဲ့ဖူးတဲ့ ပရိသတ်တွေ နေအိမ်တွေ မီးရှိူ့ခံရ၊ လေ ကြောင်းတိုက်ခိုက်ခံရ၊ ပြေးကြလွှားကြရတဲ့အချိန် စစ်တပ်ရဲ့မတရားမှုတွေကို ဖုံးဖိ၊ တိုင်းပြည်သာယာနေပါတယ်ဆိုတဲ့ပုံရိပ်ကို တည်ဆောက်ပေးနေတာ အလွန်ပဲ ပျော်ကြပါရဲ့လား။ ဇာတ်မင်းသားသိန်းဇော်ဆိုရင်မြစ်ခြေသားပါ။ပခုက္ကူမှာကျောင်းတက်ခဲ့တာပါ။ ပြီးခဲ့တဲ့လကသူ့ဇာတိ မြစ်ခြေမှာအာဏာသိမ်းစစ် တပ်က ပြည်သူ လေးဆယ်ကျော်ကို ရက်ရက် စက်စက် သတ်ဖြတ် မုဒိမ်းကျင့်သွားတာ တစ်လမပြည့်သေးပါဘူး။ မိမိကိုမွေးထုတ်ပေးခဲ့တဲ့၊မိမိအနုပညာကို မြေ တောင်မြှောက်ပေးခဲ့တဲ့ ဇာတိမြေမှာ သွေးမခြောက်သေးချိန် ပြည်သူတွေရဲ့ သောကတွေကိုမျက်ကွယ်ပြုပြီး "တိုင်းပြည် သာယာ ဝပြောနေပါတယ်" ဆိုတဲ့ ပုံရိပ်တုကြီးအောက်မှာ ကပြဖျော်ဖြေနေကြတာဟာ တကယ်ပဲ ရင်ထဲက ပျော်ရက်ကြပါသလား။ ပြည်သူ့အနုပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ရော ထိုက်တန်ရဲ့လားဆိုတာ သမိုင်းနဲ့ ပြည်သူကပဲ စောင့်ကြည့်မှတ်တမ်းတင်သွားမှာပါ။ တကယ်တော့ တိုင်းပြည်မှာ ပွဲလမ်းသဘင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်အခြေအနေကို အမြင်ချင်ဆုံးက စစ်ဘေးသင့်ဒေသက ပြည်သူတွေပါ။ "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်"ဆိုတဲ့ သီချင်းထဲကလိုပဲ တိုင်းပြည်က ပြည်သူလူထုတွေ တကယ်မျှော်နေကြတာပါ။ အခုလို မတရားအာဏာသိမ်းထားပြီး ရက်စက်ကြမ်းကြုတ်မှုတွေ နေ့စဥ်ပြုလုပ်နေတဲ့ကာလတော့ ဘယ်ဟုတ်မလဲ။ မိုးလေကင်းသောတနေ့မှာပေါ့။ ။

photo content

နတ်မောက်မှာ မိခင်ကို ဒလန်လို့စွပ်စွဲပြီး သတ်လိုက်တဲ့အပါ် ဒလန်ဖြစ်ကြောင်း သက်သေပြ​ပေးဖို့ သားဖြစ်သူ တောင်းဆို ဇူလိုင်-၃၊ ၂၀၂၆။ဟာနာဆန်/People's Spring ​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။ ​ပြီးခဲ့တဲ့ မေလ ၁၅ ရက်က ဒေါ်ဇင်မေထွန်းကို နတ်မောက် ပကဖ က လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် မေလ ၁၇ ရက်မှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နတ်မောက် ပကဖ က ချက်ချင်း သတင်းထုတ်ပြန်ခြင်း မရှိဘဲ ၁လကျော်အကြာ မိသားစုဝင်များဘက်မှ လူမှုကွန်ရက်ပေါ်မှာ မေးခွန်းထုတ် ရေးသားလာတဲ့ အချိန်ကျမှသာ သတင်းထုတ်ပြန်လာခြင်းဖြစ်ကြောင်း သားဖြစ်သူက ရေးသားထားပါတယ်။ ​သေဆုံးသူရဲ့ သားဖြစ်သူက ၎င်းရဲ့မိခင်ဖြစ်သူက စစ်တပ်နဲ့ ဆက်သွယ်နေတဲ့ ဒလန်ဆိုပါက သက်သေအချက်အလက်တွေ ချပြဖို့တောင်းဆိုထားပါတယ်။ "ကျွန်တော့်မိခင် ဒေါ်ဇင်မေထွန်းဟာ စစ်တပ်သတင်းပေး၊စစ်တပ်ဒလန်၊လုပ်နေခဲ့တာ မှန်ကန်ပါက ကျွန်တော့်မိခင် ဒေါ်ဇင်မေထွန်းသည် စစ်တပ်နှင့် ပတ်သတ်ဆက်နွယ်နေတယ်ဆိုတဲ့ အကြောင်းရာ သက်သေအထောက်အထားလိုချင်မိပါတယ်ဗျာ။စစ်တပ်နဲ့ပြောဆိုထားတဲ့ အချက်အလက် သက်သေတွေကိုယ်ချပြစေချင်ပါတယ်"လို့ သားဖြစ်သူက ရေးသားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ ယူဆောင်သွားတဲ့ ဖုန်း ၄ လုံး၊ လက်ဝတ်လက်စား ရွှေထည်များ၊ ပိုက်ဆံအိတ်၊ မှတ်ပုံတင်၊ ငွေသား ၈ သိန်းနဲ့ K-Pay ထဲမှ ငွေကြေးများ အပါအဝင် ဆိုင်ကယ် ၁စီး စတဲ့ ပစ္စည်းတွေကို ယနေ့ထိ ကျန်ရစ်သူ မိသားစုထံ ပြန်ပေးတာမျိုးမရှိဘူးလို့ သူက ဆိုပါတယ်။ "ကျွန်တော်တို့မိသားစုအနေနဲ့ ယူဆောင်သွားတဲ့ပစ္စည်းတွေကို ပြန်လိုချင်လို့မဟုတ်ဘဲ သေဆုံးသွားသည့် ကျွန်တော့် အမေနာမည်‌ကောင်းပဲရှိစေချင်လို့ကျွန်‌တော့် အမေက ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ တင်ပြရုံသက်သက်ပါ"လို့ သားဖြစ်သူက ဆိုပါတယ်။ ပကဖ ကို ဈေးမရောင်းဖို့ စည်းရုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဟာလည်း မမှန်ကန်ကြောင်းနဲ့ မိခင်ဖြစ်သူဟာ ပကဖ အဖွဲ့ ရွာထဲလာပါက အလှူငွေများစွာ ထည့်ဝင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယခင်က သတ်ဖြတ်ခံခဲ့ရတဲ့ လူ ၆ ဦး ဖြစ်စဉ်ကိုလည်း မိခင်ဖြစ်သူအပေါ် ပုံချခဲ့တဲ့အပေါ် မေးခွန်းထုတ်ထားပါတယ်။ နတ်မောက် ပကဖရဲ့ Facebook ရဲ့စာမျက်နှာမှာတော့ အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။ နတ်မောက်ပကဖကိုလည်း ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။ အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး နတ်မောက်ပကဖ က မီဒီယာအချို့ကို ဖြေကြားခဲ့ရာမှာတော့ ဒေါ်ဇင်မေထွန်းဟာ စစ်တပ်အတွက် သတင်းပေးလုပ်နေလို့ ခေါ်ယူသတိပေးခဲ့ရာ မလိုက်နာလို့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်း၊ ဖုန်းနဲ့ဆိုင်ကယ်ကိုသာ သိမ်းခဲ့ပြီး ရွှေငွေတွေကို သိမ်းဆည်းခဲ့တာမျိုး မရှိဘူးလို့ ပြောထားပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုပ်ပုံတွေ ခြေနဲ့နင်းပြီး ယင်းမာပင်ဒေသခံတွေ ဆန္ဒပြ ဇူလိုင်-၃၊၂၀၂၆။သုည/People's Spring စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြမှု ဒီကနေ့ (ဇူလိုင် ၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုပ်ပုံတွေကို ခြေထောက်နဲ့ နင်းကာ "စစ်အာဏာရူး မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်ကျဆုံးပါစေ" ​ကြွေးကြော် ဆန္ဒပြခဲ့ပါတယ်။ ယင်းဆန္ဒပြသပိတ်ကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း နဲ့ ဖက်ဒရယ်မျှော်ရည် G2G သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ တွေ့ရတဲ့ စစ်လေယာဉ် ၂စီး ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - စစ်တပ်)
(စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ တွေ့ရတဲ့ စစ်လေယာဉ် ၂စီး ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - စစ်တပ်)

စစ်အုပ်စု ရက် ၁၀၀ စီမံကိန်းအတွင်း လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၄၅ဦး အပါအဝင် ပြည်သူ ၂၇၀ကျော် သေဆုံး ဇူလိုင်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြည်သူ့အတွက် ခေါင်းဆောင်ကောင်း ဖြစ်ချင်လှချည်ရဲ့ဆိုတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံအဖြစ် တင်မြှောက်ပြီး "ရက် ၁၀၀ စီမံကိန်း" ပုံဖော်နေရာ အခုလက်ရှိ ရက် (၇၀) ကျော် အတွင်းမှာတင် စစ်အုပ်စုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၁,၀၄၅ မှု အထိ ကျူးလွန်ထားတယ်လို့ ဖော်ပြပါတယ်။ " ဒီဖြစ်စဉ်တွေထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ လေကြောင်းသုံး စနစ်တကျ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် ပြည်သူလူထုရဲ့ အိုးအိမ်တွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတဲ့ စစ်ရာဇဝတ်မှုတွေ အတိအလင်း ပါဝင်နေတာပါ။” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံတကာအလယ်မှာ တရားဝင်အစိုးရ ဖြစ်ချင်ပါတယ်ဆိုပြီး "ရက် ၁၀၀ စီမံကိန်း" နဲ့ ပုံရိပ်ဖော်နေတဲ့ အုပ်စုတစုဟာ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မေးခွန်းထုတ်ထားပါတယ်။ “၎င်းတို့ ကြွေးကြော်နေတဲ့ "တည်ငြိမ်ရေး ရက် ၁၀၀"ဆိုတာ... တကယ်တော့ ပြည်သူတွေအတွက် ဘဝပျက်၊ အိုးအိမ်မဲ့ပြီး အသက်ပေါင်းများစွာ စတေးနေရတဲ့ ‘ရက်စက်မှု ရက် ၁၀၀’ သာ ဖြစ်မနေဘူးလား ဆိုတာပါပဲ။ စစ်အုပ်စု တည်ဆောက်မယ့် လွှတ်တော်အတုရဲ့ လမ်းစဟာ ပြည်သူတွေရဲ့ သွေး၊ ချွေး၊ အရိုးစုတွေနဲ့ မီးလောင်ပြာကျသွားတဲ့ အိမ်ခြေတွေအပေါ်မှာပဲ အခြေခံထားတာ ဖြစ်ပါတယ်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ ဧပြီ ၂၀ရက်ကနေ ဇွန် ၃၀ရက်အထိ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို အသိပေးထားရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀မှုရှိပြီး သေဆုံးသူ ၁၆၂ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုရာမှာ စစ်တပ်ကျူးလွန်တဲ့ ဖြစ်စဉ်တခုမှာ ၅ဦးနဲ့အထက် တပြိုင်တည်း သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကို စုစည်းထားတာဖြစ်ပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၁၁၄၇ ကြိမ်ပြုလုပ်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၇၇ ဦးသေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။ သေဆုံးသူ ၂၇၇ ဦးထဲမှာ အသက် ၁၈နှစ်အောက် ကလေး ၄၅ ဦးပါဝင်ကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် ကလေးငယ် ၄၆ဦး အပါအဝင် ပြည်သူ ၄၃၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အဆောက်အအုံပျက်စီးမှုတွေရှိခဲ့ရာ ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ် ကျောင်း၊ ကျန်းမာရေးအဆောက်အုံ ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၆၅၀ ကျော် ရှိပါတယ်။ " အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝေဟင်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်သွားဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ဆီ စီးဆင်းနေတဲ့ ဂျက်လေယာဉ်ဆီ (Aviation Fuel) ထောက်ပံ့ရေးလမ်းကြောင်းတွေ နဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို အချိန်မဆွဲဘဲ ထိရောက်ပြတ်သားစွာ ပိတ်ဆို့အရေးယူပေးဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထပ်မံတောင်းဆိုလိုက်ပါတယ်”လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ၊ ​သေဆုံးစစ်​ကောင်စီလက်နက်ကိုင်​တွေ ၊ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​​တွေနဲ့အတူ ​တော်လှန်​ရေးတပ်ဖ
+6
သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ၊ ​သေဆုံးစစ်​ကောင်စီလက်နက်ကိုင်​တွေ ၊ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​​တွေနဲ့အတူ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-PDFစစ်ရုံးချုပ်

မလှိုင်ကိုစစ်ကြောင်းထိုးလာတဲ့ရဲစစ်​ကြောင်းကို PDF နဲ့ ပကဖ တိုက်ခိုက်၊၂ဦး​သေပြီးစစ် သုံ့ပန့် ၁၀ဦးနဲ့ လက်နက်မျိုးစုံ ၂၀ သိမ်းရ ဇူလိုင် ၃၊ ၂၀၂၆။ People’s Spring မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံPDF နဲ့ ပကဖတို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂ဦးသေဆုံးပြီး ၁၀ဦး လက် နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကဒီသတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၂ရက်မနက်မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီး အင် အား(၁၁၀)ပါစစ်ကြောင်းကို PDF မန္တလေး တိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ မြင်းခြံခရိုင်စစ်ဌာနတပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ) ၊ နွားထိုးကြီး မြို့နယ်(ပကဖ )၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ကပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီးနဲ့ ပစ်ကူပေးခဲ့ကြောင်း အသိပေးပါတယ်။ “ရန်သူ့ဘက်မှ Mi-35 တိုက်ခိုက်ရေးရဟတ် ယာဉ်(၂)စီးဖြင့် အနီးကပ်ပစ်ကူပေးခဲ့သော် လည်း မိမိတို့ ရဲဘော်များ၏ ရဲရင့်ပြတ်သားစွာ တိုက်ခိုက်မှူကြောင့် ရန်သူ့တပ်သား ၂ ဦး မျက်မြင်သေဆုံးပြီး စစ်သုံံ့ပန်းအဖြစ် (၁၀) ဦး လက်နက်ချအညံ့ခံခဲ့သည်” လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက်နဲ့ စိန် ပြောင်း စုစုပေါင်း အလက် ၂၀ လက်၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း​တွေ ၊ ခဲယမ်း​တွေသိမ်းပိုက်ရရှိခဲ့ကြောင်းမှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြပါတယ်။ ညပိုင်းမှာတော့ စစ်တပ်ရဲ့ ညောင်ဦးလေတပ်က တက်လာတဲ့ Gyrocopter(၂)စီးကနွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာကို ဗုံးသီး ၄ လုံး (၂)ကြိမ် ကြဲချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီလို တိုက်ခိုက်မှုကြောင့် ပြည်သူထိ‌ခိုက်သေဆုံးမှုရှိခဲ့ပြီး စိစစ်ဆဲဖြစ်ဟု အသိပေးပါတယ်။ ဒါ့အပြင် ည ၇နာရီခန့်မှာ စစ်တပ်ဟာ တိုက် လေယာဉ်နဲ့ အိုးပုံတောရွာအနောက်ဘက်သို့ (၂) ကြိမ် ဗုံးကြဲခဲ့သလို ည ၁၀နာရီကျော်မှာလည်း တိုက်လေယာဉ် ၂စီးနဲ့ အိုးပုံတောရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူည ၁၀နာရီခွဲမှာလည်းတိုက်လေ ယာဉ်တစီးက တောင်သာမြို့နယ် လှည်းကူးမရွာသို့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်မှု ရှိ၊မရှိ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း စစ် မျက်နှာများစွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု ရင်ဆိုင်နေရပြီး အချို့နေရာတွေမှာ ဖွဲ့စည်းပုံပျက်တဲ့အထိ အထိနာပြီး စစ်​ကြောင်း​တွေပျက် တပ်လန်တာတွေမကြာ ခဏ ကြုံနေပါတယ်။

photo content

အင်းတော်နဲ့ ကောလင်းမှာ စစ်တပ်ကနှစ်ဖက်ပိတ်စစ်ကြောင်းထိုးဖို့ကြိုးစား​နေပြီးတိုက်ပွဲဆက်တိုက်ဖြစ်နေ ဇူလိုင်-၃၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်းတော်မြို့နယ်၊အနောက်ခြမ်းကို ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ​ရှေ့ဆက်တိုး​နေပြီး မဲဇာတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ တဖက်မှာလည်း ကောလင်းမြို့ နဲ့ ဝန်းသိုမြို့ (ခမရ ၁၁၁)ကနေ စစ်ကြောင်းတွေထွက်လာပြီး နှစ်ဖက်ပိတ်ပြီး စစ်ကြောင်း‌‌ထိုးနေတဲ့အ​ခြေအ​နေလို့ ​ဒေသခံအချို့က​ပြောပါတယ်။ အဲဒီစစ်ကြောင်းလည်းမဲဇာတောင်ဘက်ကိုဦးတည်စစ်ကြောင်းထိုးနေတာလို့ ​ဒေသခံအချို့ကဆိုပါတယ်။ "စကစဘက်က အင်အား တော်တော်ဖြည့်လာတာတွေ့ရတယ်။ရွာတွေအများစုလည်း ရှောင် နေရတယ်။ဒီမတိုင်ခင်မှာစစ်တပ်ဘက်က မန္တလေးတို့ ၊ရှမ်းမြောက်‌‌တို့ကနေစစ်ကားတွေ နဲ့ အင်အားတွေလည်း ဖြည့်တယ်။တိုက်ပွဲသံ တွေက ဆက်တိုက်ကြားနေရတာ"လို့ ဒေသခံတဦးက ပြောပါတယ်။ ဇွန်လနောက်ဆုံးပတ်ကတည်းကတိုက်ပွဲတွေပြန်လည်ဖြစ်ပွား​နေပြီး စစ်တပ်က အင်းတော် မြို့နယ်ကို အလုံးစုံ စိုးမိုးဖို့ကြိုးစား နေတာလို့ ဒေသခံ တွေကသုံးသပ်ပြောကြားပါတယ်။ တိုက်ပွဲတွေကြောင့်မန္တလေး-မြစ်ကြီးနားလမ်း မှာလည်း ကားအစီး ရေ ရာနဲ့ချီပိတ်မိနေ တယ်လို့ ​ဒေသခံအချိုက​​ပြောပါတယ်။

(ဖားကန့်ဒေသက မြေစာပုံမှာ ကျောက်ရှာနေကြတဲ့ ရေမဆေးသမားတွေ။ ဓာတ်ပုံ - AP)
(ဖားကန့်ဒေသက မြေစာပုံမှာ ကျောက်ရှာနေကြတဲ့ ရေမဆေးသမားတွေ။ ဓာတ်ပုံ - AP)

People's Spring - Statistics & analytics of Telegram channel @peoplespring