en
Feedback
🍀 Randy 🍀

🍀 Randy 🍀

Closed channel

🎁 Personal Growth & Spirituality 🎁

Show more
6 524
Subscribers
-124 hours
-357 days
-11730 days
Posts Archive
ချစ်ခြင်းမေတ္တာက နာကျင်ရတယ်လို့ ယနေ့ခေတ် လူ အတော်များများ ပြောလာကြပါတယ်။   တကယ်က ချစ်ခြင်းမေတ္တာက နာကျင်စေတာ မဟုတ်ပါပဲ အချစ်ရဲ့ အနောက်မှ ကပ်ပါလာတဲ့ မျှော်လင့်ချက် Expectations တွေကြောင့်  နာကျင်ကြရတာပါ။   ပြီးတော့ အချစ်ရဲ့ အနောက်မှာ ကပ်ပါလာတဲ့ တွယ်ငြိမှု သံယောဇဉ် Attachment ကြောင့် နာကျင်ကြရတာလဲ ဖြစ်ပါတယ်။ ကိုယ် ချစ်တဲ့ လူအပေါ်မှာ သွားပြီး ထားရှိမိတဲ့ မျော်လင့်ချက် များရင် များသလောက် နာကျင်မှုက အချိုးကျ Level တူ လိုက်ပြီး နာကျင်ကြရတာပါ။   ဒါ့ကြောင့် မျှော်လင့်ချက်များ ဒုက္ခများ၊ မျှော်လင့်ချက်နည်း ဒုက္ခနည်း၊ မျှော်လင့်ချက် မရှိ ဒုက္ခ မရှိ လို့ ပြောရ မလိုပါပဲ။   Relationship တွေမှာ မပြောနဲ့ မိဘနဲ့ သားသမီးမှာတောင်မှ ကိုယ့် မိဘကတော့ ဘယ်လို ဘယ်လို မိဘမျိုး ဖြစ်သင့်တယ် ဆိုတဲ့ မျှော်လင့်ချက်ရယ်၊ ကိုယ့် သားသမီးကတော့ ဘယ်လို သားသမီးမျိုး ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ မျှော်လင့်ချက်တွေရယ်ကြောင့် …   သူတို့ မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်မလာကြတဲ့ အခါ အပြန်အလှန် နာကျင်ကြရပါတယ်။   ဒီလိုပါပဲ RS တွေမှာလဲ အပြန်အလှန် မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့ အခါ ပြသနာတွေ ဖြစ်ကြပြီး နာကျင်ကြရတာပေါ့။   ဗုဒ္ဓက မချစ်ရဘူး မချစ်နဲ့လို့ ပြော မသွားခဲ့ပါဘူး။ လူတွေကို ချစ်ပေးပါ။ မေတ္တာထားပေးပါလို့ ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ မတွယ်ငြိ ရဘူး။ သံယောဇဉ် မဖြစ်ရဘူး။ Attachment မကြီးရဘူးလို့ပဲ ပြောသွားခဲ့ပါတယ်။   တွယ်ငြိရာမှာ ဆုံးရှုံးရာလို့ ကြားဖူးကြမှာပါ။ တွယ်တာစိတ်က ပိုင်ဆိုင်လိုစိတ်ကို ဖြစ်ပေါ် စေပါတယ်။   ပိုင်ဆိုင်လိုစိတ် ကြီးရင် ကြီးသလောက် အတ္တတွေ ကပ် ပါလာ တတ်ပါတယ်။ ပြီးတော့ ကိုယ် ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း သူ ဖြစ်နေရမယ်လို့ ထပ်ပြီး ထင်မိစေ တတ်ပါတယ်။   ချစ်ခြင်းမေတ္တာက ကြတော့ အေးချမ်းတယ်။ လွတ်လပ်တယ်။ ကြီးကျယ် မြင့်မြတ်ပါတယ်။ သံယောဇဉ် တွယ်တာမှုကတော့ ပူလောင်တယ်။ လေးလံတယ်။ တောင်းဆိုမှုတွေ အများကြီး ပါဝင် နေပါတယ်။   #MyoThihaKyaw ~ Randy မိဘတွေ တောင်မှ သားသမီး အပေါ် တွယ်တာမှု များတဲ့ အခါ ပူလောင်စရာတွေ အလိုလို ဖြစ်လာတတ်ပါတယ်။ ဟိုလို ဖြစ်ရမယ်၊ ဒီလို ဖြစ်ရမယ် ဆိုတဲ့ တောင်းဆိုမှုတွေ များလာတတ်ကြပါတယ်။   လူတွေက ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ကို ပေါင်းစပ်ထား မိတတ်ကြတာပါပဲ။   ချစ်ခြင်း မေတ္တာဆိုတာက သူ့ ဖြစ်တည်မှု၊ သူ့ တည်ရှိမှုကို ဖြစ်တည်မှုလေး အတိုင်း သူ့ တည်ရှိမှုလေး အတိုင်း လက်ခံပေးတာမျိုးပါ။   အပြန်အလှန် ချစ်ခြင်းမေတ္တာ ဆိုတာကတော့ သူ့ ဖြစ်တည်မှုကိုလဲ ချစ်တယ်။ ကိုယ့် ဖြစ်တည်မှုကိုလဲ ချစ်တယ်ပေါ့။   တွယ်တာမှုမှာ ကြတော့ ထိန်းချုပ်လိုမှုတွေ၊ မပိုင်ဆိုင်ရမှာ ကြောက်ရွံ့မှုတွေ၊ မလုံခြုံမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ မှီခို လိုမှုလေးတွေ ပါဝင်နေ ပါတယ်။   ဒါ့ကြောင့် အခု ခေတ်မှာ အပြောများလာတဲ့ ဘယ်သူ့ကိုမှ မချစ်နဲ့တော့ ဆိုတာထက် ချစ်ပေးပါ၊ မေတ္တာထားပေးပါ တွယ်တာမှု နဲ့ မျှော်လင့်ချက်တွေ ကိုတော့ လျော့ထားပေးပါလို့ ပြောပေးချင်ပါတယ်။   ချစ်တယ် ဆိုတာကလဲ ဘယ်သူ့ကိုတော့ ချစ်လိုက်ပါ။ ဘယ်သူ့ကိုတော့ ချစ်နေလဲ မချစ်ပါနဲ့တော့လို့ အတင်းကြီး လုပ်ယူလို့ ရတဲ့ အရာမှ မဟုတ်တာလေ။   ဒီလို ရွေးချယ်လို့ ရနေသ၍ ဉီးနှောက်က လာတာ ဖြစ်ပြီး ချစ်ခြင်း မေတ္တာ ဆိုတာက နှလုံးသားက အလိုလို မွေးဖွားလာတဲ့ အရာပဲ ဖြစ်ပါတယ်။   ပြီးတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကြည့်မယ် ဆိုရင် သံယောဇဉ်ကြိုးတွေ များများစားစား မချည်နှောင်ပဲ နက်နက်ရှိုင်းရှိုင်း ချစ်တတ်ဖို့ မေတ္တာထားတတ်ဖို့ သင်ကြားပေး ထားတာတွေကိုပဲ တွေ့ရမှာပါ။   ဒါ့ကြောင့် ကိုယ် ချစ်ရတဲ့ သူတွေကို မေတ္တာ ထားတဲ့ အခါ ကိုယ့်ကိုယ်ကို မပျောက်ဆုံး သွားစေပဲ စစ်မှန်တဲ့ စေတနာတွေ နဲ့သာ ဂရုစိုက်ပေးလိုက်ပါ။   စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ သဘောတရားက အရမ်းကို လွတ်လပ်ပါတယ်။   ဖက်တွယ်ခြင်း ကင်းတဲ့ ချစ်ခြင်းတရားမှာမှ ကိုယ်ရော သူရော နှလုံးသားက ပိုပြီး လွတ်လပ်မယ်။ ပိုပြီး တည်ငြိမ်မယ်။ ပိုပြီး အေးချမ်းလာပါလိမ့်မယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

💜 Self - Affirmation ဆိုတာက ကိုယ့်ကိုယ်ကို ခံယူချက်တစ်ခုခုကို အခိုင်အမာ ချမှတ်လိုက်တာပါ။ Eg - I am strong. ငါဟာ သန်မာတယ် … I am enough. ငါဟာ လုံလောက် ပြည့်ဝတယ် … I am smart. ငါဟာ တော်တယ် ထက်မြတ်တယ် … etc.. I am … ငါ နဲ့ စတဲ့ ခံယူချက် စာကြောင်းတွေပါ .... နောက်ထပ် ပြောချင်တာက စကားလုံးတိုင်းမှာလဲ စွမ်းအင်တွေ ရှိပါတယ်။ ဥုံ .. ဆိုတဲ့ စကားလုံးလိုမျိုး။ ပရိတ်တရားတော်တွေ၊ ဂါထာတွေ၊ မန္တန်တွေ လိုမျိုး words တွေက Powerful ဖြစ်ပါတယ်။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ ကိုယ်ရှေ့ဆက်နေကြသူတွေပါ။ ကိုယ်က လုပ်နိုင်တယ်လို့ တွေးတဲ့ အရာတွေက လုပ်ဖို့ လွယ်ကူနေတတ်ကြပြီး ကိုယ် မလုပ်နိုင်ပါဘူးလို့ တွေးရင်တော့ လုပ်ဖို့ ခက်ခဲနေကြပြန်တယ်။ ဒါ့ကြောင့် စိတ်သာ အဓိကမို့ ကိုယ့်ရဲ့ ခံယူချက်တွေကို အရင်ဆုံး ပြုပြင်သင့်ပါတယ်။ ~ Myo Thiha Kyaw ~ Randy ~ အတွေးတွေ ပြောင်းသွားရင် လုပ်ရပ်တွေကလဲ ပြောင်းလဲ သွားမှာပါ။ လုပ်ရပ်တွေ ပြောင်းလဲလာရင် ရလဒ်တွေကလဲ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်ကို အဓိကကောင်းချင်ရင် အတွေးတွေ ကောင်းနေဖို့ လိုပါတယ်။ ငါလုပ်နိုင်မှာ မဟုတ်ပါဘူး။ ငါက သူများတွေလောက် Style မကျဘူး။ ငါကို ချစ်မဲ့ ခင်မဲ့လူတွေ မရှိဘူး။ အဲ့ဒီလိုတွေ တွေးပြီး လုပ်တဲ့ အပြုအမူတွေနဲ့ ဆိုရင်တော့ အပေါ်က ပြောသလို မကောင်းတဲ့ ရလဒ်တွေပဲ ထွက်လာမှာပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ခံယူချက်တွေကို Positive ဘက်ကို ပြောင်းကြည့်ပါ။ 🌻 ဆရာကြီး မင်းသိင်္ခရေးတဲ့ Affirmation နဲ့ ဒီစာကို အဆုံးသတ်ပေး ပါ့မယ်။ “ ငါဟာ စိတ်ဓါတ်ကြီးမား ရင့်သန်တဲ့သူဖြစ်တယ်။ ဘယ်လို အကြောင်းကိစ္စနဲ့မှ ငါ့စိတ်ဟာ ယောက်ယက် မခတ်ဘူး။ ငါ့စိတ်ဟာ ကျောက်ဆောင်ကျောက်တုံးလို ခိုင်မာတယ်။ ဒါ့ကြောင့်လဲ ငါနဲ့ တွေ့ကြုံဆုံဆည်းတဲ့ လူမှန်သမျှရဲ့ စိတ်ဓါတ်ကို လွှမ်းမိုးနိုင်တယ်။ ဒါဟာ ငါ့မှာ ရှိတဲ့ အရည်အချင်း အစစ်အမှန်ပဲ။ " ကိုယ် အလိုရှိသလို တီထွင်ကြံဆ အသုံးပြုနိုင်ကြပါစေ ... 🌻 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ကိုယ့်ရဲ့ ခံစားချက် Emotion တွေကို သေသေချာချာ မကိုင်တွယ်နိုင်ပဲ Process မလုပ်နိုင်တဲ့ အခါ ... အဲ့ဒီ အရာတွေက ကိုယ့်ရဲ့ ပြင်ပ ဘဝ Real Life မှာ Manifest ဖြစ်လာစေပါတယ်။ မကောင်းတဲ့ ခံစားချက်တွေ ဖြစ်တဲ့ ကြောက်ရွံ့ စိုးရိမ်တာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ စတာတွေကို အပြင်ကို ထုတ်နိုင်ဖို့ မကြိုးစားပဲ ဖိနှိပ် ချုပ်ချယ်ထားပြီး အတွင်းထဲကို ဖိသိပ် Suppress လုပ်လိုက်တဲ့ အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ရေရှည် စိတ် ဖိစီးတာတွေကနေ ခေါင်းကိုက်တာ၊ ကြွက်သားတွေ တောင့်တင်းနေတတ်တာ၊ အစာမခြေနိုင်တာ၊ ဗိုက်အောင့်တာ၊ အိပ်မပျော်တာ တွေကနေ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက် လာစေနိုင်ပါတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို မဖြေရှင်းနိုင်တဲ့ အခါ ကိုယ့် Emotion က လူကို ပိုပြီး လှုံ့ဆော်ပေးနေသလို ဖြစ်တဲ့ အတွက် စိတ်မြန်လက်မြန်နဲ့ တုန့်ပြန်မိတာမျိုး၊ ပြောဆို မိတာမျိုးလဲ ဖြစ်တတ်ပါတယ်။ အဲ့ဒီ ကနေ စိတ် ရှုပ်ထွေးလွယ်တာ၊ ဒေါသ ဖြစ်လွယ်တာတွေ ဖြစ်တတ်တာမို့ အသေးအဖွဲ ကိစ္စလေးတွေမှာတောင် ကိုယ့်ကိုယ်ကို ထိန်းချုပ် Control လုပ်လို့ မရတော့တာမျိုးတွေလဲ ဖြစ်တတ်ပါတယ်။ ကိုယ် ကိုင်တွယ် မဖြေရှင်းနိုင်တဲ့ ခံစားချက်တွေဟာ ဖိနှိပ်ချုပ်ချယ်ထားတယ် ဆိုပေမဲ့ ပျောက်ကွယ်သွားတာ မဟုတ်ပဲ Emotion တွေဟာ ဟိုးအတွင်း ‌အောက်ခြေမှာ ဆက်လက် ကြီးထွား ပွားများနေတာပဲ ဖြစ်ပါတယ်။ #MyoThihaKyaw ~ Randy ကိုယ့်ရဲ့ မကောင်းတဲ့ Negative ခံစားချက်တွေကို လွှတ်ချ Release မလုပ်နိုင် မချင်း စိတ်ဖိစီးမှုတွေ ပို ပို များလာတတ်ပြီး တင်းအား Tension တွေကို ဆက်လက် ခံစားလာရနိုင်ပါတယ်။ ခံစားချက်တွေကို ဆက်လက် မြိုသိပ်ထားခြင်းအားဖြင့် နောက်ဆုံး မထိန်းနိုင်တော့တဲ့ တစ်ချိန်မှာ ပေါက်ကွဲ ထွက်လာပြီး ကိုင်တွယ် ဖြေရှင်း Handle လုပ်လို့ မရတော့တဲ့ အခြေအနေမျိုးတွေလဲ ဖြစ်လာတတ်ပါတယ်။ အဲ့ဒီ အခါမျိုးတွေမှာ ကိုယ့်ပတ်ဝန်းကျင်က ဆက်ဆံရေးတွေ ဖြစ်တဲ့ မိသားစု၊ လုပ်ငန်းခွင်၊ မိတ်ဆွေ အပေါင်းအသင်း၊ Relationship အပြင် ကိုယ် ကိုယ်တိုင်ရဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေး အားလုံးဟာ အဆင်မပြေလာ တော့တာမျိုးတွေ ဆက်လက် ဖြစ်ပွားလာပါတော့တယ်။ ပြီးတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မကိုင်တွယ်နိုင်တော့တဲ့ အခါ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေ၊ မျှော်လင့်ချက်တွေ အားလုံးဟာ လမ်းကြောင်း လွဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ခံစားချက်တွေကို လစ်လျူရှုထားပြီး မျက်နှာလွှဲထား လေလေ၊ မြိုသိပ် ဖိနှိပ်ထား လေလေ၊ ခံစားချက်တွေကို ရှောင်လွှဲဖို့ ကြိုးစားနေ လေလေ ထိန်းချုပ်ရ ပိုပြီး ခက်ခဲလေလေ ဖြစ်လာကာ အခြေအနေတွေက ပိုကောင်းလာဖို့ မရှိစေပဲ ပိုဆိုးလာကာ အဆိုး ဖြစ်ရပ် Negative Impact တွေကို ဆွဲဆောင် Attract လုပ်နေသလို ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

သိစိတ် - မသိစိတ် https://youtu.be/H4OZ2N7UnQA?si=W-L8U6-oPDBDN5gw

ငြိမ်သက်ခြင်း, အေးချမ်းခြင်း, ဟန်ချက်ညီမျှခြင်း တို့ကို ထူထောင်နိုင်စေသောကြောင့် နှလုံးခုန်နှုန်း, သွေးလည်ပတ်နှုန်းတို့ကို ကောင်းမွန်စေကာ မိမိတို့၏ Energy ကိုလည်း များစွာ Boost လုပ်ပေးနိုင်ပါတယ် ... တရားထိုင်ခြင်း၏ ကောင်းကျိုးများ, အကျိုးကျေးဇူးများကို ရေးရမည်ဆိုလျှင် ဒီထက်များစွာ ရှိနေပါသေးတယ် ... ထို့ကြောင့် Meditation ကို စနစ်တကျ သေသေချာချာ ပုံမှန် အလေ့အကျင့် ပြုလုပ်ကာ ထိုင်ဖို့ တိုက်တွန်းချင်ပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

Research Data လေ့လာတွေ့ရှိချက်များ အရ ကျွန်တော်တို့ရဲ့ ဉီးနှောက်ဟာ တစ်နေ့ကို အတွေးပေါင်း 50,000 ကျော်ကနေ 70,000 အထိ တွေးမိနေတတ်ကြပါတယ် ... ဒါ့ကြောင့် ပျမ်းမျှအားဖြင့် ၁ မိနစ်ကို အတွေးပေါင်း 35 ခုကနေ 48 ခုအထိ တွေးတော အလုပ်လုပ်နေတယ် ... လို့ ဖော်ပြထားပါတယ် ... ♦️ ခက်ခဲတဲ့ ပြသနာတစ်ခုခုကို ရင်ဆိုင်ဖြေရှင်းရတဲ့ အခါမျိုး ... နက်နဲတဲ့ အကြောင်းအရာ တစ်ခုခုအတွက် အဖြေထုတ်ရတဲ့ အခြေနေမျိုးတွေမှာ Randy တို့ရဲ့ ဉီးနှောက်ဟာ အတွေးပေါင်း မြောက်များစွာကို တွေးတောရပါတယ် ... ဒီလို ပုံမှန်ထက် ပိုပြီး စဉ်းစား တွေးတောရတဲ့ အခါမျိုးတွေမှာ ... ဉီးနှောက်က ပိုမို အလုပ်လုပ်ရလို့ ထူပူလာတာမျိုးတွေ ကြုံရလာကာ ... သာမာန် ကိစ္စရပ်လေးတွေမှာတောင် ဆုံးဖြတ်ချက် မချနိုင်တော့ပဲ မှားယွင်းတဲ့ အတွေးအခေါ်မျိုးတွေ ... အသုံးမဝင်တဲ့ အတွေးမျိုးတွေ ထွက်လာတတ်ပါတယ် ... ဉီးနှောက်ကို အခြားသူများထက် ပိုမို အသုံးပြုပြီး ဉာဏအားဖြင့် အလုပ်လုပ်နေရသူတွေပဲ ဖြစ်ဖြစ် ... Over Thinking သမားတွေပဲ ဖြစ်ဖြစ် ... သာမာန်လူတွေပဲ ဖြစ်ဖြစ် ... နေ့စဉ် ရှင်သန် လှုပ်ရှားမှုတွေမှာတောင် … အတွေးကောင်းတွေ ထွက်ဖို့ ... ဉီးနှောက်ထဲမှာ ရှင်းလင်းပြီး လန်းဆန်းတတ်ကြွနေဖို့ ဆိုတာတွေက အရေးကြီးပါတယ် ... ဒါ့ကြောင့် ဉီးနှောက်ကို အနားပေးတဲ့ အနေနှင့် … အမှန်ကန်ဆုံး အကောင်းဆုံး နည်းလမ်းဟာ Meditation လုပ်ခြင်းပဲ ဖြစ်ပါတယ် … ♦️ Randy တို့ဟာ စိတ်ပင်ပန်းလို့ အနားယူတယ် ဆိုပြီး ... မိမိတို့ရဲ့ Break Time လိုမျိုးမှာတောင် Social Media သုံးနေတာ ... ပြင်ပက အမြင်, အကြား, အသံ, အနံ, အရသာ, အထိအတွေ့ တွေကို ဉီးနှောက်က Process လိုက်လုပ်နေပြီး ဝေဖန်အကဲဖြတ် သုံးသပ်နေတာမျိုးတွေ ... Judgment လုပ်နေတာမျိုးတွေ လုပ်နေတတ်ပါတယ် ... ဒီတော့ အနားယူနေရင်း အနားမရတာမျိုးတွေ ဖြစ်လာပြီး ... စိတ်တွေ ပိုရှုပ်လာတာ ... တွေးစရာတွေ ပိုပေါ်လာတာမျိုးတွေ ထပ်ဖြစ်တတ်ပါတယ် ... ဒါ့ကြောင့် အနားယူတဲ့ အခါမျိုးမှာ ... ထိုင်ခုံမှာ ဖြစ်စေ ... တရားထိုင်သလို ထိုင်ပြီးတော့ ဖြစ်စေ ... လဲလျောင်း၍ ဖြစ်စေ ... မိမိတို့ရဲ့ ဝင်လေ ထွက်လေ (သို့) စိတ်ကို နေရာ တစ်ခုထဲမှာ အာရုံစိုက်စေပြီး ... စိတ်ကို တည်ငြိမ်အောင် ... အတွေးတွေကို ရပ်တန့်သွားအောင် Meditate လုပ်ခြင်းဖြင့် စိတ်ကို အနားပေးထားလို့ ရပါတယ် ... တကယ်လို့ သီးသန့် တရားမထိုင်နိုင်တဲ့ သူတွေအတွက် Relaxation Music များ, Stress Relief Song များကို အသုံးပြုကာ ကြားနေရတဲ့ တီးလုံး အသံမှာသာ အာရုံစိုက်ပြီး စိတ်ကို မပျံ့လွင့်စေပဲ ... ဘာအတွေးမှ မတွေးပဲ အနားယူလို့ ရပါတယ် ... ~ Myo Thiha Kyaw ~ Randy ~ 🔹 တရားထိုင်ခြင်းအားဖြင့် မိမိတို့ ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသော Cortisol ဟော်မုန်း ထုတ်လုပ်ခြင်းကို လျော့ချပေးသောကြောင့် စိတ်ဖိစီးမှုကို သက်သာလျော့နည်းစေပါတယ် ... ထို့ကြောင့် မိမိတို့၏ ကိုယ် စိတ် နှလုံး သုံးပါးကို ပိုပြီး Relax ဖြစ်စေတဲ့ အခြေအနေကို ဉီးတည်ပေးပါတယ် ... ဒါ့အပြင် လေ့လာတွေ့ရှိချက်များအရ တရားထိုင်ခြင်းက ... ဖျားနာခြင်း, ရောဂါကူးစက်ခြင်း စသည်တို့မှ ခုခံ ကာကွယ်ပေးနိုင်သော မိမိတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော ခုခံအား စနစ် Immune System ကိုလည်း တိုးတတ်ကောင်းမွန်စေပါတယ် ... 🔹 ပုံမှန် တရားထိုင်ခြင်းဟာ အာရုံ စုစည်းမှုကို ပိုမို အားကောင်းလာစေခြင်းကြောင့် ... မိမိတို့ရဲ့ လုပ်ငန်းဆောင်တာများ, လေ့လာမှတ်သားစရာများ, မိမိတို့ ဘဝမှာ ပိုမို Focus လုပ်ရမည့် အရာများ ... စသည်တို့ အပေါ်တွင် သေသေချာချာ အာရုံထားကာ အကောင်းဆုံး လုပ်ဆောင်နိုင်ပြီး ... ရလဒ်ကောင်းတွေကို ရရှိစေနိုင်ပါတယ် ... ထို့အပြင် ဖန်တီးနိုင်မှု စွမ်းအား, ပြသနာဖြေခြင်းနိုင်မှု စွမ်းရည်, စဉ်းစားတွေးခေါ်မှု အပိုင်း စသည်တို့ကိုလဲ ပိုမို တိုးတက် ကောင်းမွန် စေနိုင်ပါတယ် ... 🔹 တရားထိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာ ... ခံစားချက်ပိုင်းဆိုင်ရာ ... စသည်တို့တွင် ပိုပြီး Stability တည်ငြိမ်မှုရှိလာခြင်း, Resilience ဒူပေနာပေခံနိုင်လာခြင်း, ခံနိုင်ရည် မြင့်မားလာခြင်း တို့ကို Promote လုပ်ပေးနိုင်ပြီး ... စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ပတ်သက်သော စိုးရိမ်သောကများ, စိတ်ဓါတ်ကျခြင်းများ စသည်တို့ကို လျော့ချပေးနိုင်ခြင်းကြောင့် မိမိတို့၏ Emotional Well-Being စိတ်ပိုင်းဆိုင်ရာ, ခံစားချက်ပိုင်းဆိုင်ရာ ကျန်းမာ ချမ်းသားခြင်းတို့ကို များစွာ အထောက်အကူပြု တိုးတတ် ကောင်းမွန်စေကာ အတွေးဆိုးများ, Over Thinking ဖြစ်ခြင်းများ စသည်တို့ကို ထိန်းချုပ်ပေးစေနိုင်ပါတယ် ... 🔹 ရေရှည် တရားထိုင်ခြင်းဖြင့် မိမိတို့၏ အတွေးများ, ခံစားချက်များ, တုန့်ပြန် ပြုမူပုံများ, အမူအကျင့်များကို သေသေချာချာ နက်နက်နဲနဲ ခံစားသိရှိလာကာ Self Awareness အားကောင်းလာပြီး ပြုပြင် ပြောင်းလဲသင့်သည်များကို ပြုပြင်လာနိုင်ကာ မိမိတို့၏ Personal Growth အတွက် ကောင်းစွာ ဖော်ဆောင်လာစေနိုင်ပါတယ် ...

ခက်ခဲတဲ့ အခြေအနေတွေ၊ ခက်ခဲတဲ့ စိတ်ခံစားချက်တွေ ကြုံတွေ့ရတဲ့ အခါ ဒါတွေကို မရှိချင်တော့လို့ တွန်းကန် ထုတ်ချင်တာမျိုး၊ ကိုယ့်ရဲ့ စိတ်အတွင်းထဲမှာ ခုခံတိုက်ခိုက်နေတာမျိုး လုပ်ဖူးပါသလား။   တကယ်တော့ ကိုယ် မလိုချင်တဲ့၊ ကိုယ် အလိုမရှိတဲ့ စိတ်ခံစားချက်တွေဟာ တွန်းကန် တိုက်ထုတ်လေလေ ကိုယ့်မှာ ပိုပိုပြီး စွဲမြဲ လာလေလေပါပဲ။   ခုခံတိုက်ထုတ် Resistance လုပ်တယ် ဆိုတာက သဘာဝအတိုင်း လူသားတွေရဲ့ တုန့်ပြန်မှု တစ်ခုပါပဲ။ ဒါပေမဲ့ ကိုယ်ရင်ဆိုင်ရမဲ့ ခံစားချက်တွေကို တိုက်ထုတ် Resist လုပ်နေလေလေ ပိုပြီး အချိန်ကြာနေလေလေ ဖြစ်နေတတ်ပါတယ်။   ဒီတော့ ကိုယ် ရင်ဆိုင်ဖို့ ငြင်းဆန်နေတာတွေကို ဘဝက ပိုပြီး တွန်းအားပေး Force လုပ်နေတယ်လို့တောင် ထင်ကောင်း ထင်လာရနိုင်ပါတယ်။   ဒါကို What you resist persists. “ ကိုယ် ဆန့်ကျင်တဲ့ အရာတွေက ကိုယ့်စီမှာ အမြဲ ဆက်လက် တည်ရှိ နေတတ်တယ် ” လို့ ခေါ်ပါတယ်။   ခံစားချက်တွေ ဆိုတာက တသွင်သွင်စီးနေတဲ့ မြစ်ရေ တွေလိုပါပဲ။ ကျွန်တော်တို့ စီးဆင်းနေတဲ့ မြစ်ရေတွေကို သွားပြီး တားလို့ မရပါဘူး။   ခံစားချက်တွေဟာ အကြောင်းရှိလို့ ဖြစ်ပေါ်နေတာမို့ မခံစားချင်လို့လဲ မရပြန်ပါဘူး။   ဒါကို ကျွန်တော်တို့က ကိုယ့်ရဲ့ လက်နဲ့ ဒါမှဟုတ် ခွန်အားနဲ့ မြစ်ရေတွေကို ရပ်တန့်ဖို့ ကြိုးစားနေခြင်းဟာ ခံစားချက်တွေကို ခုခံတားစီး Resist လုပ်နေတာနဲ့ အတူတူပါပဲ။   ခံစားချက်တွေဟာ မြစ်ရေတွေလို ပိုပိုပြီး ကိုယ့်ကိုပဲ ဖိအားလာပေးနေပါလိမ့်မယ်။   ကြာလာတဲ့ အခါ ကိုယ်ပဲ မောပန်းပင်ပန်းလာပေမဲ့ မြစ်‌ရေရဲ့ စီးအားဟာလဲ ပိုပိုပြီး သန်မာလာ သလိုမျိုး ဖြစ်ကာ ကိုယ့် အပေါ်ကိုပဲ ဖိအားပေးနေသလို ဖြစ်လာပါလိမ့်မယ်။   အဲ့ဒီလိုပဲ ခံစားချက်တွေ ဖြစ်တဲ့ ဒေါသထွက်တာ, ဝမ်းနည်းတာ, စိုးရိမ်စိတ် ကြောက်စိတ်တွေကို တွန်းလှန်နေတဲ့ အခါ အဲ့ဒီ Emotion တွေကပဲ ပိုပိုပြီး တိုးပွားလာကာ ပြင်းထန်လာပြီး Intense ဖြစ်လာပါလိမ့်မယ်။   ကိုယ့်နဲ့ အတူ ကြာရှည်စွာ ရှိနေစေဖို့ လုပ်နေတာနဲ့ အတူတူပါပဲ။   ဉပမာ ဒေါသထွက်တာကို အသိအမှတ် မပြုနိုင်ပဲ ကိုယ်က လက်မခံနိုင်ပဲ ဒေါသ ဆက်ပြီး ထွက်နေသ၍ ဒေါသထွက်တာဟာ ရပ်တန့်သွားမှာ မဟုတ်ပါပဲ ပိုပိုပြီး တိုးပွားလာဖို့ပဲ ရှိပါတယ်။   အခြားသော ခံစားချက်တွေဟာလဲ အဲ့ဒီလိုပါပဲ။   ဒါ့ကြောင့် မြစ်ရေတွေလိုပဲ ခံစားချက်တွေကို လွတ်လပ်စွာ စီးဆင်းဖို့ ခွင့်ပြု ပေးလိုက်ရမှာပါ။ #MyoThihaKyaw ~ Randy   ဒါဟာ သဘာဝတရားရဲ့ နိယာမ အတိုင်း ပါပဲ။   တစ်ဖက်ကလဲ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ဖိနှိပ်တာမျိုး၊ တွန်းကန်တာမျိုး၊ လစ်လျူရှုထားလိုက်တာမျိုး လုပ်မနေတော့ပဲ လက်ခံ Accept လုပ်ပေးလိုက်မှ ရမှာပဲ ဖြစ်ပါတယ်။   ခံစားချက်တွေကို အသိအမှတ်ပြု လက်ခံလိုက်တာနဲ့ Acceptance လုပ်လိုက်တာနဲ့ အရာအားလုံးဟာ ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။   လက်ခံ Accept လုပ်တယ် ဆိုတာ လက်လျော့ခိုင်းတာ မဟုတ်သလို၊ ကိုယ် မလိုချင်တဲ့ အရာတစ်ခုကို ခေါင်းငြိမ့် ခိုင်းတာလဲ မဟုတ်ပါဘူး။   ကိုယ့်အတွက် အဆင်မပြေတဲ့ အရာတစ်ခုကို သဘောတူခိုင်းတာမျိုးလဲ မဟုတ်ပါပဲ ဖြစ်နေတဲ့ ကိုယ့်ရဲ့ စိတ် ခံစားချက်လေးတွေကိုပဲ အသိအမှတ်ပြု လက်ခံပေးလိုက်ဖို့ပဲ ပြောချင်တာပါ။   ကိုယ့် Emotion တွေနဲ့ ကိုယ်ဟာ ပြန်ပြီး မတိုက်ခိုက်နေတော့ဘူး ဆိုတာ လောက်ပါပဲ။   ဒါဟာ ကုစားခြင်း Healing ဖြစ်ဖို့ Space ကို ဖန်တီးပေးလိုက်တာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး ခရီးစဉ် Transformation Journey ကို စတင်ပေးလိုက်တာလဲ ဖြစ်ပါတယ်။   ခံစားချက်တွေကို စတင်ပြီး အသိအမှတ်ပြု လက်ခံပေးလိုက်တာဟာ Healing ဖြစ်ဖို့ Transformation ဖြစ်ဖို့ ဆိုတာထက် အရင်ဆုံး လက်ရှိ ကိုယ် ရပ်နေ ညှပ်နေ Stuck ဖြစ်နေတဲ့ နေရာကနေ လွတ်မြောက်ကာ ဆက်ပြီး ရွေ့လျားလာနိုင်မှာတော့ အမှန်ပါ။   ပြီးတော့ Acceptance ဟာ ကိုယ်ရဲ့ စိတ်, ရုန်းကန်နေရတဲ့ နေရာ ကနေ ... စိတ်, ငြိမ်းအေးတဲ့ နေရာစီကို ပြောင်းလဲ Shift ဖြစ် သွားစေမှာလဲ အမှန်ပါပဲ။   ဒါမှ တစ်ချိန်က နာကျင် ခံစား ခဲ့ရ သမျှဟာ သက်သာ သွားပြီး Heal ဖြစ်လာမှာ ဖြစ်ပါတယ်။   ဒါကြောင့် စိတ် ခံစားချက်တွေနဲ့ ပတ်သက်ရင် What you resist persists. What you accept transform. ဆိုတဲ့ အတိုင်း   “ ကိုယ် တွန်းကန်နေတာတွေက ကိုယ့်မှာ အမြဲ ဆက်လက် တည်ရှိနေတတ်ပြီး ... ကိုယ် စတင်ပြီး လက်ခံလိုက်ရင်တော့ ပြောင်းလဲမှု လမ်းကြောင်းပေါ်ကို ရောက်သွားမယ် ဆိုတာကို အမြဲ သတိရပေးပါ။ “   ကိုယ် မဖြစ်ချင်ဘူးလို့ အမြဲတွေးနေတဲ့ အရာတွေဟာလဲ အဲ့ဒီလို သဘောတရားတွေပါပဲ။ ကိုယ် မဖြစ်ချင်လေလေ ကိုယ်က ပိုပြီး ဆွဲဆောင် Attract လုပ်ထားမိသလို ဖြစ်ကာ ကိုယ့် ဘဝမှာ ထပ်ကာ ထပ်ကာ ဖြစ်ပေါ်လာနေတတ်ပါတယ်။   ဒါ့ကြောင့် ကိုယ် မဖြစ်ချင်တဲ့ အရာတွေကို ခဏ ခဏ တွေးနေတာမျိုး မလုပ်ပါပဲ ကိုယ် မဖြစ်ချင်တဲ့ အရာတွေကို အသိအမှတ်ပြု လက်ခံလိုက်ကာ လွှတ်ချနိုင်ဖို့ ကြိုးစားရမှာပါပဲ ဖြစ်ပါတယ်။   လွှတ်ချခြင်း ဖြစ်စဉ် Letting Go ဟာ ပြောတော့သာ လွယ်တာပါ။ တကယ်တော့ ကိုယ်တိုင် လုပ်ရတာ အရမ်းခက်ပါတယ်။ ကြိုးစားကြည့်ပါ။   ထပ်ကာ ထပ်ကာ မတွေးမိပါစေနဲ့။ တွေးမိခဲ့ရင်လဲ အသိအမှတ် ပြုပြီး လွှတ်ချနိုင် ရမှာပါ။ 🍀 လိုအပ်လျှင် Coaching ယူပါ …

မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်တတ်ခြင်းဟာလဲ မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ် ... Self Care သေသေချာချာလေး လုပ်နိုင်တယ် ဆိုတာက အတ္တကြီးခြင်း မဟုတ်ပဲ ... မိမိတို့ရဲ့ ကိုယ်,စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းအတွက် သေသေချာချာလေး ပြုစုပျိုးထောင် ယူခြင်း ဖြစ်ပါတယ် ... ဒါ့ကြောင့် မိမိတို့ရဲ့ Physical, Mental & Spiritual … Well-Being … ကို နေ့စဉ် နေ့တိုင်း အချိန်ယူ ဆောင်ရွက်ဖို့ မဖြစ်မနေ အရေးကြီးပါတယ် ... သို့မှသာ မိမိတို့ရဲ့ လောကီ, လောကုတ္တရာ ... လိုရာ ပန်းတိုင်းကို ... ရုပ်ပိုင်းဆိုင်ရာ, စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်စွာဖြင့် လျောက်လှမ်းနိုင်မှာပဲ ဖြစ်လို့ပါ ... မေတ္တာပို့ ဆုတောင်းတဲ့ အခါမျိုးတောင်မှ ... မိမိကိုယ် မိမိ အရင်ဆုံး မေတ္တာပို့ပြီးမှ ... အခြားသူများကို မေတ္တာပို့တာမျိုး တွေ့ရပါတယ် ... မိမိတို့ ကိုယ် စိတ် နှလုံး သုံးပါးလုံး ကျန်းမာ ချမ်းသာဖို့ အရေးကြီးသလို ... အခြားသူများ၏ ကျန်းမာ ချမ်းသာရေးကိုလဲ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးနိုင်ဖို့က အရေးကြီးပါတယ် .... အခြားသူများ၏ ကောင်းကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့၏ Body, Mind & Spirit ဟာ ကျန်းမာနေဖို့လိုတယ် ... ကြံ့ခိုင်နေဖို့ လိုပါတယ် ... သို့မှသာ မိမိအကျိုး ... မိသားစုအကျိုး ... အများအကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်မှာပဲ ဖြစ်လို့ပါ ... အရာအားလုံးဟာ မိမိကပဲ စတင်ပါတယ် ... ထို့ကြောင့် The chant of Metta ထဲမှာ “ ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ရပါလို၏” ဆိုပြီး မိမိကိုယ်ကို အရင်ဆုံး ဆုတောင်း မေတ္တာပို့ ပေးထားတာပါ ... ထို့အတူ တစ်ဉီးတစ်ယောက်ချင်းစီတိုင်းဟာလဲ ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ဖို့ အရေးကြီးပါတယ် ... ~ Myo Thiha Kyaw ~ Randy ~ မိမိကိုယ်မိမိ ကောင်းစွာ စောင့်ရှောက်နိုင်တဲ့ လူတစ်ယောက်ဟာလဲ လောကဓံနဲ့ ကြုံလာတဲ့ အခါမှာ ပိုပြီး ခံနိုင်ရည်ရှိလာတာမျိုး, ပိုပြီး ဒူပေနာပေ ခံနိုင်လာတာမျိုး စသည်ဖြင့် Resilience အားကောင်းလာပါတယ် ... ဘဝမှာ ကြုံလာသမျှ Challenges တွေကို ပိုပြီး ကိုင်တွယ်ဖြေရှင်းနိုင်လာတာမျိုးကို ရရှိမှာပဲ ဖြစ်ပါတယ် ... ဒါ့ကြောင့် Self Care Practice တွေက အရမ်းကို အရေးကြီးပါတယ် ... ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်ဖို့အတွက် မိမိတို့နဲ့ ကိုက်ညီ သင့်လျော်သော လေ့ကျင့်ခန်း တစ်ခုခုလုပ်တာ … ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင် စားတာ… အိပ်ချိန်ကို လိုအပ်သလောက် ပြည့်ဝအောင် အိပ်စက်ခြင်း ... စတာတွေက အရေးကြီးပါတယ် ... ခံစားချက်ပိုင်းဆိုင်ရာ ကောင်းမွန် ကြံ့ခိုင်ဖို့အတွက် မိမိတို့ရဲ့ Emotion နဲ့ အချိတ်အဆက် ပြန်လည် ရရှိနိုင်မည့် Journal ရေးတာမျိုး, Self Awareness လေးထားကာ အသိ သတိအပြည့်ဖြင့် ကိုယ့်ကိုယ်ကို စောင့်ကြည့် ပြုမူ ပြောဆို နေထိုင်တာမျိုး, ခံစားချက်တွေကို Reflect ပြန်လုပ်တာမျိုးတွေကို ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ် ... Spiritual ပိုင်းဆိုင်ရာ တိုးတတ် မြင့်မားဖို့ အတွက် ... မိမိတို့ ကိုးကွယ်ရာ ဘာသာရေးအလိုက် ဝတ်ပြု ဆုတောင်းတာ … တရားထိုင်တာ ... အဓိဌာန်ဝင်တာ ... ဂါထာ မန္တာန်များ ရွတ်ဖတ် ပူဇော်တာ ... အစရှိသည်တို့ကို ဆောင်ရွက်နိုင်ပါတယ် ... အခြားသော Self Care Practice များအနေနှင့် Setting Boundary ကောင်းကောင်းချမှတ်နိုင်ခြင်း … စိတ်ကို ရှင်းရှင်းထားကာ လုပ်စရာရှိသည်များကို အကောင်းဆုံး ပြုမူဆောင်ရွက်ခြင်း ... မိမိတို့အတွက် အပြုသဘောဆောင်သော Social Relationship ကောင်းများကို တည်ဆောက်ခြင်း စသည် တို့ကို ပြုလုပ်နိုင်ပါတယ် ... ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ ... 🙏🏻🙏🏻🙏🏻 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

YouTube မှာ စာဖတ်ပြထားတာလေးလဲ ရှိမယ်နော့ … https://youtu.be/fgBqGz0q07g?si=jDNSy08Su3YAS3TZ

·         ချစ်ခြင်းမေတ္တာမှာ ရိုးသားမှု လိုအပ်ပါတယ်။   ·         ပွင့်လင်းစွာ ပြောဆို ဆက်ဆံမှု လိုအပ်ပါတယ်။   ·         စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု လိုအပ်ပါတယ်။   ·         ခွင့်လွှတ်ခြင်းတွေ လိုအပ်သလို လေးစားမှုတွေလဲ လိုအပ်ပါသေးတယ်။   နှောင်ကြိုးမျှင်ဟာ ဆုံစည်းမှုကို ဖန်တီးပေးနိုင်တာ မှန်ပေမဲ့ အသိတရား ရှိရှိ ရွေးချယ်နိုင်ခြင်းကသာ ကိုယ့်ကို စေတနာ ရှိတဲ့ ဆက်ဆံရေး တစ်ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။   စိတ်ပညာအရ Relationship တွေ ထာဝရ တည်တံ့နိုင်ဖို့ လူနှစ်ယောက်လုံးဟာ ပြီးပြည့်စုံနေဖို့ လိုအပ်တာ မဟုတ်ပါပဲ ကိုယ်ပိုင် အတ္တတွေကို ဘေးဖယ်ထားပြီး ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲ လာဖို့ အစဉ်တစိုက် ရွေးချယ် နေထိုင်မှသာ တည်တံ ခိုင်မြဲနိုင်ကြမှာပါ။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

သူစိမ်း တစ်ယောက်ကို စတွေ့,  တွေ့ခြင်းမှာပဲ မတွေ့တာကြာပြီ ဖြစ်တဲ့ ရင်းနှီးလွန်းတဲ့ လူဟောင်း တစ်ယောက်လို့ ခံစားရ ဖူးလား။ အကြောင်းပြချက်မရှိ။ ရှင်းပြစရာ မရှိ။ ယုတ္တိ မရှိပါပဲနဲ့ပေါ့။   ဒါဟာ အရမ်းကို ရင်းနှီး ကျွမ်းဝင်နေတဲ့ ထူးဆန်းတဲ့ ခံစားချက် တစ်ခုပါပဲ။   တစ်ချို့သော သူတွေဟာ သင့် ဘဝထဲကို မတော်တဆ ရောက်လာတယ်လို့ သင် ထင်ချင် ထင်ပါလိမ့်မယ်။   ဒါပေမဲ့ တစ်ခါတလေ ကျတော့ သူတို့ သင့် ဘဝထဲကို ရောက် မလာခင် ကတည်းက သင်က သေသေချာချာ ရေရေရာရာ မသိလိုက်ပါပဲ သင့်ရဲ့ စိတ် ဝိဉာဉ် Soul က သူတို့စီကို ဉီးတည်ပြီး လျှောက်လှမ်း နေခဲ့မိလို့ပါ။   ဒါဟာ သံသရာမှာ လူနှစ်ယောက်ကို မမြင်နိုင်တဲ့ အနီရောင် ကြိုး အမျှင် တစ်ချောင်းနဲ့ ဆက်နွယ်ပေးထားတာမျိုး ရှိနေတတ်တယ်လို့ ရှေးဟောင်း အယူအဆ တစ်ခုမှာ Randy ဖတ်ခဲ့ဖူးပါတယ်။   နီရဲသော နှောင်ကြိုးတစ်မျှင်ရဲ့ သီအိုရီ Red String Theory တဲ့။   ◼️ Red String ချည်နှောင်ထား ခံရတဲ့ လူနှစ်ယောက်ဟာ မည်မျှပင် ကွာဝေးနေကြပါစေ၊ မည်မျှပင် နေထိုင်ရာ ဒေသတွေ မတူညီကြပါစေ၊ မည်မျှပင် နှစ်ပေါင်းများစွာ ကြာမြင့်သွားပါစေ၊ မည်မျှပင် အဟန့်အတားတွေ ရှိနေပါစေ၊ မည်မျှပင် လမ်းခုလတ်မှာ ရပ်တန့်နေပါစေ …   ကြားမှာ ရှိတဲ့ နှောင်ကြိုးနီ Red String ဟာ ဆန့်ထွက်သွားနိုင်တယ်၊ လိမ်ယှက်သွားနိုင်တယ်၊ ရှုပ်ထွေးသွားနိုင်တယ် ဒါပေမဲ့ ဘယ်သော အခါမှ ပြတ်တောက်လို့ မသွားနိုင်ဘူး ဆိုတာပါပဲ။   ဒါဟာ ရိုးရှင်းတဲ့ Romantic ဆန်တဲ့ ဒဏ္ဍာရီ တစ်ခု သက်သက်ပဲလား။ ဒါမှမဟုတ် နက်ရှိုင်းတဲ့ Spiritual or Psychological အမှန်တရား တစ်ခုလား။   Randy ကိုယ်တိုင် သေသေချာချာ တိတိကျကျ မပြောတတ်ပေမဲ့ သေချာတာ တစ်ခုက ဒါဟာ ကံကြမ္မာ နှောင်ကြိုး လို့တော့ စိတ်ထဲက တွေးနေမိပါတယ်။   ဘာလို့လဲ ဆိုတော့ ကိုယ့် စိတ်တိုင်းကျ ဖြတ်တောက်လို့ မရ၊ ဖြန်ဖြေလို့ မရ၊ ဖျက်ဆီးလို့ မရလို့ပါပဲ။   ကံကြမ္မာ အရ တစ်ယောက်နဲ့ တစ်ယောက် Red String ရှိနေသ၍ မနက်ဖြန် ဆုံချင် ဆုံမယ်၊ နောင် ၅ နှစ်နေမှ ဆုံချင်လဲ ဆုံလိ့မ်မယ် ဒါမှမဟုတ် နာကျင်စရာ ဘဝ သင်ခန်းစာပေါင်း များစွာကို သင်ယူပြီးမှလည်း ဆုံချင် ဆုံကြပါလိမ့်မယ်။   သေချာတာက မလွဲမသွေ ဆုံစည်းကြရမယ် ဆိုတာပါပဲ။   ဒီတော့ Red String ရှိနေခြင်းဟာ လွယ်လွယ်ကူကူနဲ့ ဆုံစည်း ကြရ ပါလိမ့်မယ်လို့ ပြောဆို ဖန်တီးခဲ့တာတော့ မဟုတ်ပါဘူး။   တချို့သော ဆုံစည်းမှုတွေ ဆိုတာဟာ တိုက်ဆိုင်မှု တစ်ခုဆိုတာထက် ပိုတဲ့ အဓိပ္ပါယ်တွေ အများကြီး ရှိကြောင်းကို သက်သေပြဖို့ ဖန်တီးထားတဲ့ ဒဏ္ဍာရီ တစ်ခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။   Red String Theory အယူအဆကို တိုက်ရိုက် အဓိပ္ပါယ်ကောက်မယ် ဆိုရင်တော့ ကံကြမ္မာတွေ၊ အခြေအနေတွေ ဘယ်လိုပင် ရှိစေကာမူ နှောင်ကြိုးနီနဲ့ လူနှစ်ယောက်ကို ပေါင်းစည်းပေးမယ်လို့ ယူဆလို့ ရပါတယ်။ #MyoThihaKyaw ~ Randy   ဒါပေမဲ့ ဒီ သီအိုရီဟာ အဲ့ဒီထက် အများကြီးကို နက်နဲတဲ့ အဓိပ္ပါယ်တွေနဲ့ အလုပ်လုပ်တယ်လို့ Randy ထင်ပါတယ်။   ကျွန်တော်တို့ လူတစ်ယောက်နဲ့ တွေ့ဆုံမိတိုင်း …   ·         ကြုံတွေ့ရတဲ့ အတွေ့အကြုံတိုင်းက ကျွန်တော်တို့ ဘယ်လိုလူ ဖြစ်လာမယ် ဆိုတာကို ပုံသွင်းပေးပါတယ်။   ·         ကြေကွဲ ဝမ်းနည်းမှုတိုင်းက သတိရခြင်းကို သင်ကြားပေးပါတယ်။   ·         နာကျင်မှုတိုင်းက သင်ခန်းစာတွေကို သင်ယူရစေပါတယ်။   ·         ငြင်းပယ်ခံရမှုတိုင်းက ရင့်ကျက်မှုကို ဖော်ဆောင်ပေးပါတယ်   ·         အမှားတိုင်းက လမ်းကြောင်းမှန်ကို ပြန်လည် တည့်မတ် ညွှန်ကြားပေးနေပါတယ်။   ကျွန်တော်တို့နဲ့ ကိုက်ညီမဲ့ လူဟာ ဘယ်လို လူ ဖြစ်ပါတယ် ဆိုတာကို ပြန်လည် မှတ်မိလာစေနိုင်တဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ဖြစ်ပေါ်လာ စေနိုင်ပါတယ်။   ◼️ တကယ်တော့ နှောင်ကြိုးနီက သင့်ကို အခြားလူတစ်ယောက် စီကို ဆွဲငင် ခေါ်ဆောင်ပေးနေတာ မဟုတ်ပါပဲ သင့်ကိုယ်သင် ဖြစ်သင့် ဖြစ်ထိုက်တဲ့ စရိုက် လက္ခဏာ ပိုင်ရှင် တစ်ဉီး ဖြစ်လာစေဖို့ ဆွဲငင် ခေါ်ဆောင် ပေးနေတာလို့ပဲ Randy မြင်ပါတယ်။   လူ အတော်များများက အချစ်ကို လက်လံ ရှာဖွေ နေမိတတ် ကြပါတယ်။ Red String ပိုင်ရှင်ကို လိုက်ရှာ နေမိကြ သလိုမျိုးပေါ့။   ဒါပေမဲ့ နှောင်ကြိုးမျှင် သီအိုရီ ကတော့ ပေါင်းစည်းမှု မတိုင်မီ တိုးတတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ကို ဖြစ်ရမယ် ဆိုတာ သတိပေး နေသလိုပါပဲ။   ·         ကျွန်တော်တို့ဟာ လူတွေနောက်ကို ပြေးလွှား လိုက်လံ ရှာဖွေနေတဲ့ ကြားက ဖူးစာစစ်ကို မရနိုင်၊ မတွေ့နိုင်ပါဘူး။   ·         ကိုယ့်ကိုယ်ကို စစ်မှန်တဲ့ ပုံစံအတိုင်း ကောင်းကောင်း တည်ဆောက် နေထိုင် နိုင်မှသာ ဖူးစာစစ်ကို တွေ့ရှိ နိုင်မှာပါ။   ◼️ Relationship တွေမှာ ကံကြမ္မာကို ဒါမှမဟုတ် Red String ကို နားလည်မှု လွဲမှားနေတာက ရေစက်သာ ဆိုရင် မကျန်းမာတဲ့ ဆက်ဆံရေးတွေ၊ မကောင်းတဲ့ အပြုအမူတွေကို ဆက်လက် သည်းခံပေးရမဲ့ လိုင်စင် တစ်ခုလို သတ်မှတ် ပေးလိုက် မိတာပါပဲ။   ◾️ ထို့အတူ နှောင်ကြိုးမျှင်ဟာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို ခွင့်လွှတ်ပေးဖို့ အကြောင်းပြချက်လဲ မဟုတ်ပါဘူး။ ကိုယ့်ကို ခါးခါးသီးသီး စွန့်ခွာသွားတဲ့ သူကို ထာဝရ စောင့်ဆိုင်းနေရမယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးလဲ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ စိတ် ဖိစီးမှုတွေကို သယ်ပိုးပြီး ဒီ Journy ကို ကိုယ် တစ်ယောက်ထဲ အထီးကျန်စွာ လျှောက်လှမ်းစရာ မလိုအပ်သလို ကိုယ့်ရဲ့ ရင်တွင်း ခံစားချက်တွေကို အပြင်ကို ထုတ်ဖော်ပြသ ဖွင့်ထုတ်တာဟာလဲ Self Love, Self Care တစ်မျိုး ဖြစ်ကြောင်း သိထားဖို့ လိုအပ်ပါတယ် … ဒါ့အပြင် Culture Shock ကို လက်ခံပါ … မတူညီတဲ့ ဘာသာစကားတွေ, အပြုအမူတွေ, စံနှုန်းတွေ, တန်ဖိုးထားမှုတွေ ကြားမှာ ကိုယ်ဟာ စိတ်ရှုပ်ထွေးမှုတွေ ခံစားရတာ, စိတ်ဖိစီးတာ တွေဟာ ပုံမှန်ပဲ ဆိုတာကို သတိထားပြီး လက်ခံပေးပါ … စိတ်ကို ဖွင့်ထားပြီး သူတို့ရဲ့ Culture ကို စူးစမ်းပါ, မဝေဖန်ပဲ မေးခွန်းများများ မေးတတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးပါ … တိုင်းတပါးသားရဲ့ အပြော အဆို အပြု အမူ အနေ အထိုင် တွေရဲ့ နောက်ကွယ်က အကြောင်းပြချက်တွေကို လေ့လာပါ သင်ယူပါ မှတ်သားပါ … သူတို့ရဲ့ Culture ကို ကိုယ်က အသိအမှတ် မပြုနိုင်တာမျိုး ရှိခဲ့ရင်တောင်မှ လေးစားသမှု ထားရမှာပဲ ဖြစ်ပါတယ် … အခြားသော အခက်အခဲတွေ ဒါမှမဟုတ် အခြားသော နည်းလမ်းကောင်းလေးတွေ ရှိရင်လဲ ဝေမျှပေးသွားလို့ ရပါတယ်ဗျ … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

နိုင်ငံ အသစ်တစ်ခုကို ပြောင်းရွှေ့ နေထိုင်ပြီး အလုပ်လုပ်တယ် ကျောင်းတတ်တယ် ဆိုတာက ဘဝမှာ စိန်ခေါ်မှု အပြောင်းလဲကြီး တစ်ခုပါပဲ … နေရာ အသစ်တွေ, အပေါင်းသင်း မိတ်ဆွေ အသစ်တွေ, အခွင့် အလမ်း အသစ်တွေနဲ့ ပြည့်နှက်ပြီး စိတ်လှုပ်ရှား စရာ ကောင်းနေသလို တပြိုင်နက်ထဲ စိတ်ဖိစီးမှုတွေကိုလဲ ရင်ဆိုင်ရနိုင်ပါတယ် … နေရာသစ်မှာ အခြေချ နေထိုင်ရင်း အိမ်လွမ်းတာ, အထီးကျန်ဆန်တာ, ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့ စိတ် ရှုပ်ထွေးနေတာမျိုးတွေ ကြုံရနိုင်ပါတယ် … ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဘာသာစကား ပြသနာ အခက်အခဲတွေ, မတူကွဲပြားတဲ့ ယဉ်ကျေးမှု ပုံစံတွေကြောင့် ပေါင်းသင်း ဆက်ဆံရေး အခက်အခဲတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ် … ဒီတော့ အခုလိုမျိုး အခက်ခဲတွေကြားမှာ ကြိုးစား ရပ်တည်နေထိုင်ရင်း အိမ်နဲ့ ဝေးနေတုန်း အချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေး Physical Health ကို ဂရုစိုက်ဖို့ အရေးကြီးသလို … စိတ် ချမ်းသာ ကျန်းမာရေး Emotional Well Being and Mental Health ကို ဂရုစိုက်ပေးဖို့ အရမ်းကို အရေးကြီးပါတယ် … တိုင်းပြည် အသစ်မှာ နေထိုင် အခြေချတဲ့ အခါ အရာရာဟာ အသစ်အဆန်း ဖြစ်နေတဲ့ အတွက် ပျော်စရာတွေကို ခံစားရနိုင်ပေမဲ့ တစ်ခါတလေ ဝမ်းနည်းစရာတွေကိုလဲ သူ့အလိုလို ခံစားလာရနိုင်ပါတယ် … ဒီနေ့မှာ စိတ်လှုပ်ရှား စရာတွေနဲ့ ပြည့်နေပေမဲ့ နောက်တစ်နေ့မှာ မျှော်လင့်ချက်တွေ ပျောက်ရှ ဆုံးရှုူံးသွားတာမျိုးလဲ မထင်မှတ်ပဲ ဖြစ်လာနိုင်ပါတယ် … ဒီတော့ ပြောချင်တာက ကိုယ့်ရဲ့ ခံစားချက်တွေဟာ ပြောင်းလဲလွယ် ခံစားလွယ် ဖြစ်ပြီး … ဘာလုပ်ချင်မှန်း, ဘာဖြစ်ချင်မှန်း မသိ ရှုပ်ထွေး နေတတ်တာဟာ ပုံမှန်ပါပဲလို့ သတိထားမိစေချင်ပါတယ် … ပြီးတော့ ဒီလိုမျိုး လူတိုင်း ခံစားရတာမျိုး ကြုံရတာမျိုးပဲလို့ ပြောပေးချင်ပါတယ် … Homesick ဖြစ်တယ် လို့ပြောရင် အိမ်လွမ်းနာကျပြီး နေထိုင် မကောင်း ဖြစ်တာ, သူငယ်ချင်းတွေကို လွမ်းတာ, ကိုယ့်ရဲ့ Culture ကို လွမ်းတာ, မိဘ အိမ်က ထမင်းဟင်း လက်ရာတွေကို လွမ်းတာ, ကိုယ့် တိုင်းပြည်က အစားအသောက်တွေကို လွမ်းတာမျိုး ဖြစ်နိုင်သလို … ယဉ်ကျေးမှု အသစ် လူမျိုး အသစ်တွေ ကြားထဲမှာ ကိုယ်ဟာ အသားကျဖို့ ကြိုးစားရင်း သက်တောင့် သက်သာ မရှိပဲ စိတ် ရှုပ်ထွေးနေတတ်မျိုး Culture Shock ရတာမျိုး တွေလဲ ဖြစ်နေတတ်ပါတယ် … ဒါကြောင့် ကြိုးစားနေထိုင်ရင်း ကိုယ့် ခံစားချက်တွေကို ပြောပြရမဲ့လူ ဝေမျှလို့ ရနိုင်တဲ့သူ မရှိတဲ့ အခါမှာ ပိုပြီး အထီးကျန်ဆန်လာကာ စိုးရိမ်သောက Anxiety တွေနဲ့လဲ ကြုံလာရနိုင်ပါတယ် … ဒါ့ကြောင့် ဒီလို အချိန်မျိုးတွေမှာ ကိုယ့်ကိုယ်ကို ပိုပြီး ကြင်နာမှု အပြည့်နဲ့ ဆက်ဆံပေးနိုင်ဖို့, ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံပေးနိုင်ဖို့, ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်မှုတွေ အရမ်း မလုပ်ဖို့, စိတ်ရှည် သည်းခံပြီး အချိန်ယူကာ ပတ်ဝန်းကျင်ဖို့ စသည်ဖြင့် လိုအပ်ပါတယ် … ကိုယ်ရဲ့ ခံစားချက်တွေကို တည်ငြိမ် Grounded ဖြစ်နေစေဖို့ အတွက် ပုံမှန် နေ့စဉ် Daily Routine လုပ်ရိုး လုပ်စဉ်တွေကို သေသေချာချာ ချမှတ်ထားပြီး ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ် … #MyoThihaKyaw ~ Randy အချိန်မှန်မှန် အိပ်ရာထတာ, အိပ်ရာဝင်တာမျိုး, အချိန်မှန် နံနက်စာ, နေ့လည်စာ, ညစာတွေကို အာဟာရ ဖြစ်ဖြစ် စားသုံးတာမျိုး, ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု သို့မဟုတ် လမ်းလျောက်ပေးတာမျိုးတွေကို လုပ်ပေးသင့်ပါတယ် … အလုပ်လုပ်ရမဲ့ အချိန်, နားရမည့် အချိန်, မိတ်ဆွေတွေ အတွက် အချိန်ပေးရမဲ့ အချိန်တွေကို သေသေချာချာ အချိန်ဇယား Schedule ဆွဲပြီး မျှမျှတတ နေထိုင်သင့်ပါတယ် … ဒီလိုမျိုး သေးငယ်တဲ့ အလေ့အကျင့်လေးတွေက ကြီးမားတဲ့ အပြောင်းအလဲ ရလဒ်တွေကို ရရှိစေနိုင်ပြီး ကိုယ့်ရဲ့ ရုပ် ကျန်းမာရေး, စိတ် ချမ်းသာရေးကို များစွာ အထောက်အကူ ပြုစေပါလိမ့်မယ် … ဒါ့အပြင် ကိုယ် ချစ်ခင်ရသည့် သူများနှင့် ဝေးနေသည် ဖြစ်စေ, နီးနေသည် ဖြစ်စေ … Online Message ပို့တာ, Video Call ပြောတာ … ကိုယ့်ရဲ့ ခံစားချက်တွေ, စာတွေ, ဓါတ်ပုံတွေ အပြန်အလှန် ဝေမျှခြင်း အားဖြင့် Updated ဖြစ်စေတာ မျိုးတွေဟာ ကိုယ့်ရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးနိုင်သလို Relationship Connection Bond ကိုလဲ ပိုမို ခိုင်မာစေပါတယ် … Human Connection ဟာ Healing ကို အထောက်အကူ ပေးစေတာမို့ … မိတ်ဆွေဟောင်းတွေနဲ့ အဆက်အသွယ် မပျက်စေသလို မိတ်ဆွေသစ်တွေနဲ့လဲ ဆက်သွယ်နိုင်ဖို့ အတွက် Local Events တွေ, Community Group တွေ, Meetup တွေကိုလဲ Join သင့်ပါတယ် … ပြီးတော့ ကိုယ့်ရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေကို ဖြစ်စေ, ဝမ်းနည်းနေတာကို ဖြစ်စေ, စိုးရိမ်နေတာကို ဖြစ်စေ, စိတ်ပူပန်မှု တစ်ခုခု ရှိနေတာကို ဖြစ်စေ … ဝေမျှလို့ ရနိုင်မည့် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတွေ, မိသားစုဝင်တွေ, ဆရာသမားတွေ, Professional Counselor တွေ, Mental Health Therapist တွေနဲ့ တိုင်ပင် ဆွေးနွေး ရင်ဖွင့် အကြံဉာဏ်ယူလို့ ရရှိနိုင်ပါတယ် …

တစ်ခါတလေတော့ စကြာဝဠာကြီးက သင့် ရင်ထဲကို တစ်စုံတစ်ယောက် ထည့်ပေးလိုက်တယ် ဆိုတာက သင် တစ်ခုခုကို Lesson Learned လုပ်ဖို့၊ သင်ခန်းစာ တစ်ခုခုကို သင်ယူနိုင်ဖို့၊   သင့် အတွင်းထဲက တစ်စုံတစ်ခုကို နိုးထ Awaken ဖြစ်စေဖို့၊ သင့်ရဲ့ ဘဝ ခရီးလမ်း Life Path ကို ပြန်လည် ပုံဖော် ပေးဖို့ပဲ ဖြစ်ပါတယ်။   ဒါပေမဲ့ အခြား အချိန်တွေမှာတော့ ဒီ တစ်စုံတစ်ယောက်ဟာ သင့် ကံကြမ္မာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ဆိုလိုတာပါ။   ဆိတ်ဆိတ် နေမှုတွေဟာ ဘယ်လောက်ပဲ ရှိရှိ မချိုးဖျက်နိုင်တဲ့ နှောင်ဖွဲ့မှု Bond တစ်ခုပါပဲ။   ဒီတော့ ဒီလို အတွေးတွေနဲ့ ချာချာ လည်နေတယ် ဆိုရင်တောင် မတိုက်ထုတ်ပါနဲ့။   မုန်းမေ့ဖို့ အတွက် မအောင်မြင် ခဲ့ရင်လဲ ကိုယ့်ကိုယ်ကို ဒေါသ မထွက်ပါနဲ့။   အဲ့ဒီ အစား ကိုယ့်ကိုယ်ကို မေးကြည့်ပါ။   ငါ့ နှလုံးသားက ငါ့ကို ဘာပြောနေတာလဲ ဆိုပြီးတော့ပေါ့။   ဖြစ်နိုင်တာက ကိုယ် ခံစားခဲ့ရတဲ့ ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာဟာ အမှန်တကယ် ဖြစ်ပါတယ် ဆိုတာကို ပြောပြပေးနေတာပါ။   နောက်ထပ် ဖြစ်နိုင်တာက ချိတ်ဆက်မှု နှောင်ကြိုး Connection ဆိုတာဟာ တကယ် ရှိနေတာ ဖြစ်ကြောင်းနဲ့ သက်ရောက်မှု တွေဟာလဲ တကယ်ကို ရှိနေတယ် ဆိုတာပါပဲ။   ဒါ့ကြောင့် တစ်စုံတစ်ယောက်ဟာ ကိုယ့်ကို ဆက်သွယ်မှု မရှိပါပဲ ကိုယ့် စိတ်ထဲမှာ အမြဲတမ်း ရှိနေတယ် ဆိုရင် သူတို့ဟာ ကိုယ့်ရဲ့ မှတ်ဉာဏ် တစ်ခုထက် ပိုတယ် ဆိုတဲ့ သဘောပါပဲ။   သူတို့ဟာ ကိုယ့်ရဲ့ အစိတ်အပိုင်း တစ်ခုပါ။   ကိုယ် ဆိတ်ဆိတ် နေချိန်တွေမှာပါ သယ်ဆောင်သွားရမဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။   ဒီတော့ တစ်ခါတလေမှာ အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်သွားပါစေ တစ်စုံတစ်ယောက်ကို ထပ်ကာ ထပ်ကာ သတိရနေတယ် ဆိုတာက လူမသိ သူမသိ နာကျင်မှုတွေ ဖြစ်နေတတ်ပေမဲ့ တစ်ခါတလေမှာတော့ အလှပဆုံးသော အရာတစ်ခုလဲ ဖြစ်နေတတ်ပါတယ်။   ဘာလို့လဲဆိုတော့ ချစ်ခြင်း မေတ္တာဆိုတာ စကားလုံးတွေ အမြဲ လိုနေအပ်တာ မဟုတ်ကြောင်း သိလိုက်ရလို့၊ သက်သေပြချက် အထောက်အထားတွေ လိုအပ်တယ် ဆိုတာလဲ မဟုတ်ကြောင်း သိလိုက်ရလို့ ပါပဲ။   စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတွေ ဆိုတာက ရိုးရှင်းဆုံးသော အရာတစ်ခု ဖြစ်နေလို့ပါပဲ။ ဘာ အကြောင်း ပြချက်မှ မရှိပါပဲ ချစ်ခြင်း မေတ္တာ ဟာ ချစ်ခြင်း မေတ္တာ သက်သက်ပါပဲ။   ဒါဟာ မမြင်နိုင်တဲ့ နှောင်ကြိုးလေး တစ်ခု ပါပဲ။   Ref: True Connection 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

တစ်စုံတစ်ယောက်က ကိုယ့်ကို Message စာပို့တာလဲ မရှိ၊ ဖုန်းခေါ်တာလဲ မလုပ်၊ တွေ့စုံတာလဲ မရှိ၊ ဆက်သွယ်မှု လုံးဝ ရှိမနေပါပဲ ကိုယ့်ရဲ့ နှလုံးသားထဲ၊ စိတ်ထဲ၊ အတွေးတွေထဲ အမြဲတမ်း ရှိနေရတဲ့ အဖြစ်မျိုးတွေကို ကြုံဖူးကြလား။   ရက်၊ လ၊ နှစ်တွေ ဘယ်လိုပဲ ပြောင်းလဲသွား ပြောင်းလဲသွား လူ တစ်ယောက်ရဲ့ အကြောင်းဟာ ကိုယ့် အတွေးတွေထဲကနေ နှလုံးသားထဲကနေ လုံးဝ မထွက်သွားဘူး ဆိုတဲ့ အဖြစ်မျိုးကိုရော ကြုံဖူးကြလား။   နေ့စဉ် ဘဝကို ဖြတ်သန်းနေတယ်။ အလုပ်တွေ လုပ်နေတယ်။ လူတွေနဲ့ စကားတွေ ပြောနေတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အတွင်း စိတ်ထဲမှာ အဲ့ဒီ လူရဲ့ အမည်ကို အမြဲတမ်း တိတ်တဆိတ် ရေရွတ်နေမိတယ် ဆိုတာကိုရော ကြုံဖူးကြလား။   ဒါဟာ မတော်တဆ မဟုတ်ပါဘူး။ သာမန် ဖြစ်ရိုး ဖြစ်စဉ် တစ်ခုလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်တစ်ယောက်ထဲမှ ဒီလို အဖြစ်မျိုးကို ကြုံနေရတာလဲ မဟုတ်ပါဘူး။   အဲ့ဒီလို အဖြစ်မျိုးတွေကို ကြုံနေရတဲ့ သူတွေ အများကြီး ရှိပါတယ်။   တစ်စုံတစ်ယောက်က ဆက်သွယ်မှု မရှိပါပဲနဲ့ ကိုယ့်ရဲ့ စိတ်ထဲ၊ အတွေးတွေထဲမှာ အမြဲတမ်း ရှိနေတယ် ဆိုတာက ကိုယ် ထင်ထားတာထက် ပိုမို နက်ရှိုင်းတဲ့ အဖြစ်ပျက်တစ်ခု ဖြစ်ပျက်နေတဲ့ သဘောပါပဲ။   ဉီးနှောက်နဲ့ စဉ်းစား ချင့်ချိန် တွက်ချက်နိုင်မှုရဲ့ အလွန်က၊ ရှင်းပြလို့ မရနိုင်တဲ့ အခြေအနေတွေရဲ့ အလွန်က၊ လူသားတွေရဲ့ နားလည် လက်ခံနိုင်မှု အလွန်က အဖြစ်အပျက် တစ်ခုပါပဲ။   တစ်ခါတလေမှာ တိတ်ဆိတ်နေခြင်းဟာ အသံတွေထက်၊ စကားလုံးတွေထက် ပိုမို ကျယ်လောင်ပြီး ပိုမို အဓိပ္ပါယ် ရှိနေပါတယ် ဆိုတာကို ဖော်ပြ နေသလိုမျိုးပေါ့။   ရံဖန်ရံခါ တစ်စုံတစ်ယောက် ရှိ မနေခြင်းဟာ သူတို့ရဲ့ တည်ရှိမှု၊ ဖြစ်တည်မှုတွေကို ပိုပြီးတောင် အားကောင်းနေစေ သလို မျိုးပါပဲ။   တစ်ခါတရံ နှလုံးသား နှစ်ခု ချည်နှောင်မိသွားတဲ့ အခါ အကွာအဝေး ဆိုတာ မရှိတော့ပါဘူး။ စကားလုံးတွေနဲ့ ပြောပြနေဖို့ မလိုတော့ပါဘူး။ အချိန်တွေဟာလဲ စာမဖွဲ့တော့ပါဘူး။   ပြီးတော့ ဘယ်အရာကမှ ကိုယ့် နှလုံးသားထဲက သူတို့ အကြောင်းကို ဘာနဲ့မှ ဖျောက်ဖျက် ဖြတ်ထုတ်လို့လဲ မရနိုင်တော့ပါဘူး။   ဒီလိုဆိုရင် စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ်မှာ လူ သန်းပေါင်းများစွာ ရှိတဲ့ အနက် ဒီ နာမည် တစ်ခု၊ ဒီ မျက်နှာ တစ်ခု၊ ဒီ လူတစ်ယောက်နဲ့ အပြုံး၊ အသံ၊ မှတ်ဉာဏ်တွေကို ဘာလို့ ဆုပ်ကိုင်ထားရသလဲ ဆိုတာကိုပေါ့။   ဘာကြောင့်များ အိမ်မက်တွေ ထဲမှာ၊ ကြားလိုက်ရတဲ့ သီချင်းတွေ ထဲမှာ၊ ကိုယ် ရောက်နေတဲ့ နေရာတွေ စီမှာ သူတို့ရဲ့  တည်ရှိမှုကို ကိုယ် ခံစားလို့ ရနေတာလဲ။   ဉီးနှောက်နဲ့ သေချာ လိုက် စဉ်းစားမယ် ဆိုရင်တော့ အဖြေက ရှိ မနေပါဘူး။   ဒါပေမဲ့ နှလုံးသားနဲ့ ခံစားကြည့်မယ် ဆိုရင်တော့ ဒါဟာ တမူ ထူးခြားတဲ့ ချစ်ခြင်း မေတ္တာ အကြောင်း။ ဆက်သွယ် စရာ မလိုပါပဲ ရရှိထားတဲ့ စစ်မှန်တဲ့ ချိတ်ဆက်မှု မမြင်နိုင်တဲ့ နှောင်ကြိုး True Connection နဲ့ It’s about Energy စွမ်းအင်တွေ အကြောင်းပါပဲ။   မမြင်ရပဲ ချည်နှောင်ထားမိတဲ့ ကြိုး၊ မမြင်နိုင်ပဲ ချုပ်ဆိုထားမိတဲ့ ကံစာချုပ် Soul Contract ဆိုရင်လဲ ဟုတ်ပါတယ်။   ဘဝ ဖြစ်ရပ်တွေ၊ အခြေအနေတွေ၊ အကွာအဝေးတွေက ခွဲခွာဖို့ ကြိုးစားနေတယ် ဆိုရင်တောင်မှ ကိုယ့်ရဲ့  စိတ်ထဲ၊ အတွေးထဲမှာ သူတို့ ဆက်လက် ရှင်သန်နေသေးတယ် ဆိုတာက   နှလုံးသားထဲမှာ လက်ဗွေ နှိပ်သလို၊ ဆေးမှင် စုပ်ထိုးထား သလို အရင်ထဲက တည်ရှိ နေခဲ့လို့ပါပဲ။   ဒါ့ကြောင့် ကိုယ်က ဒီ ခံစားချက်တွေ၊ ဒီလို စွဲလန်းနေမိတာတွေကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ သူတို့ဟာ ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခု၊ ကိုယ့်ရဲ့ ဇာတ်လမ်းတစ်ခု အလိုအလျောက် ဖြစ်သွားပြီးလို့ပါ။   တကယ်တော့ သင် သိ နားလည်ထားပြီးတဲ့ အတိုင်း နှလုံးသားဟာ ယုတ္တိကျကျ စဉ်းစား တွေးခေါ်တတ်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။   အချိန်တွေ ကုန်လွန် ကြာညောင်းသွားတယ် ဆိုရင်လဲ နှလုံးသားက မေ့သွား တတ်တဲ့ အရာမျိုး မဟုတ်ပါဘူး။   အဲ့ဒီ လူတစ်ယောက် ကိုယ့် ပတ်ဝန်းကျင်မှာ မရှိတော့ဘူး ဆိုတာနဲ့ ဖျက်ပစ်လိုက်လို့ ရတဲ့ မှတ်ဉာဏ်မျိုးလဲ မဟုတ်ပါဘူး။ #MyoThihaKyaw ~ Randy   နှလုံးသားဟာ အမြဲ မှတ်မိနေပါတယ်။   နှလုံးသားဟာ ဆက်လက် ဆုပ်ကိုင်ထားပါတယ်။   နှလုံးသားဟာ သူတို့ရဲ့ အမည် နာမတွေကို ထပ်ကာ ထပ်ကာ အသံတိတ် ရွတ်ဆိုနေတတ်ပါတယ်။   ကိုယ့်ရဲ့  ဉီးနှောက်က ဒီအရာတွေ အားလုံးကို ထားခဲ့ပြီး ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေတယ် ဆိုရင်တောင်မှပေါ့။   ပြီးတော့ ဖြစ်နိုင်တာက ကိုယ့် စိတ်ထဲမှာ အမြဲတမ်း ရှိနေဆဲ ဖြစ်ရတဲ့ အကြောင်းရင်းဟာ တစ်နည်းအားဖြင့် သင်ဟာ သူတို့ စိတ်ထဲမှာလဲ ရှိနေဆဲ ဖြစ်လို့ပါပဲ။   နှောင်ကြိုး Connection နဲ့ စွမ်းအင် Energy ဆိုတာက နှစ်ဖက် စလုံးမှာ အလုပ် လုပ်ပါတယ်။ အလုပ် ဖြစ်ပါတယ်။   ကိုယ် ရပ်တန့်လို့ မရနိုင်ပဲ တွေးနေတဲ့ လူဟာလည်း ကိုယ့် အကြောင်းကို တွေးနေမိ တတ်ပါတယ်။   တစ်ခါတရံ Message တွေ၊ စာတွေ မပို့မိတဲ့ အချိန်တွေတောင်မှ နှလုံးသား Soul တွေဟာ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ခေါ်ဆို နေမိတတ်ကြပါတယ်။   အခု ဒီ အကြောင်းအရာတွေကို ပြောနေတာက ဒီလိုတွေ ဖြစ်နေပြီ ဆိုရင် သင်တို့ သက်ဆုံးတိုင် ပေါင်းဖက်ပြီး ထာဝရ အတူတကွ ရှိသွားကြလိမ့်မယ်လို့ ဆိုလို ချင်တာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ဖြစ်ချင်တဲ့ အနာဂါတ်တစ်ခုကို တွေးတော ကြည့်လိုက်ပါ ... အဲ့ဒီ အနာဂါတ်မှာ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေအတိုင်း ဖြစ်နေတယ် မဖြစ်နေဘူး ဆိုတာက ကံတရားတစ်ခုပဲ မဟုတ်ပါဘူး ... ကျွန်တော်တို့ နေ့စဉ် ရွေးချယ် တွေးခေါ်, ပြောဆို, ပြုမူခဲ့တဲ့ အရာတွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ အဆုံးသတ် ပန်းတိုင် Destiny တစ်ခုပဲ ဖြစ်ပါတယ် ... အခွင့်အလမ်း Chance တွေ ဆိုတာ ကိုယ် လျှောက်လှမ်းရာ လမ်းတစ်လျောက်မှာ မကြာခဏ ပေါ်ထွက်လာ စမြဲပါ ... ဒါပေမဲ့ ကိုယ် အမြဲ တွေ့ရှိ နေရတဲ့ အခွင့်အလမ်းတွေက ကိုယ်ရဲ့ ဘဝ ခရီးလမ်းကြောင်းကို မသတ်မှတ် ပေးနိုင်ပါဘူး ... ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ် လုပ်ဆောင်မှု Choice တွေကသာ ကိုယ့်ရဲ့ ဘဝလမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်တာ ဖြစ်သလို ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင်လဲ ဆောင်ကြဉ်းပေးနိုင်မှာပဲ ဖြစ်ပါတယ် ... နယ်ပယ် အသီးသီးက ထက်မြက်တဲ့ သူတွေ, အောင်မြင်နေတဲ့ သူတွေကို ကြည့်လိုက်ပါ ... သူတို့ အားလုံးဟာ အခက်အခဲ ပြသနာတွေ, ကျဆုံးမှုတွေ, စိန်ခေါ်မှု Challenge တွေနဲ့ ရင်ဆိုင် နေကြရသူတွေ ချည်းပါပဲ ... ဒါပေမဲ့ သူတို့ဟာ အမြဲ အသိ သတိရှိတဲ့ Conscious Choice ရွေးချယ်မှု တွေကိုပဲ လုပ်လေ့ ရှိကြပါတယ် ... သူတို့ဟာ အသိ သတိနဲ့ ယှဉ်တွဲပြီး စဉ်းစားတယ်, တွေးခေါ်တယ်, ဆုံးဖြတ်တယ်, ပြီးတော့ အသိ သတိနဲ့ ယှဉ်တွဲပြီးတော့ပဲ ပြောဆို, ပြုမူ, လုပ်ကိုင် ‌ဆောင်ရွက်လေ့ ရှိကြပါတယ် ... #MyoThihaKyaw ~Randy ဒါ့အပြင် သူတို့မှာ ဇွဲရှိတယ်, စောင့်ဆိုင်း သည်းခံနိုင်တယ်, လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်, Grow ဖြစ်ဖို့ကိုပဲ ဉီးစားပေးတယ် ... စသည်ဖြင့် ဒီအရာတွေ အားလုံးကိုလဲ အခက်ခဲတွေ ပြသနာတွေ ကြားက တစ်ပြိုင်နက် ရွေးချယ်ထား နိုင်စွမ်းရှိကြပါတယ် ... ဒါတွေဟာ အခွင့်အလမ်း Chance မဟုတ်ပဲ သူတို့ရဲ့ ‌ရွေးချယ်မှု Choice တွေသာ ဖြစ်ကြပါတယ် ... သေးငယ်တဲ့ ရွေးချယ်မှု Small Choice လေးတွေဟာ ကြီးမားတဲ့ အခွင့်အလမ်း Huge Opportunity တွေ ဖြစ်လာတတ်တယ် ... ဒါ့ကြောင့် ကိုယ်လုပ်ချင်တဲ့ အရာတွေ, ကိုယ်ဖြစ်ချင်တဲ့ အရာတွေ အတွက် ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်ပြီး ပြောပြောနေတဲ့ ... ငါ လုပ်သင့်တယ် လုပ်သင့်တယ် ဆိုတာတွေကို ... ဖြစ်အောင် လုပ်ကို လုပ်ရမယ် ဆိုပြီး ရွေးချယ် လိုက်ဖို့ပဲ လိုအပ်ပါတယ် ... ကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်သင့်တယ် ... အစား လေ့ကျင့်ခန်း လုပ်ကို လုပ်ရမယ် ... ဝိတ်ကျဖို့ Gym သွားသင့်တယ် အစား Gym သွားကို သွားရမယ် ... ငါ ကြိုးစားသင့်တယ် အစား ကြိုးကို ကြိုးစားရမယ် ... ငါ ပျော်ရွှင်သင့်တယ် ဆိုတဲ့ အစား ငါ ပျော်ရွှင်အောင် နေထိုင်ရမယ် ဆိုတာမျိုးတွေပေါ့ ... ဒီတော့ လုပ်သင့်တယ် ဆိုတာ ကနေ လုပ်ရမယ် ဆိုပြီး စရင်းလုပ်ကာ ကိုယ့်ရဲ့ ပန်းတိုင်ကို ရွေးချယ် လုပ်ကိုင် ကြည့်လိုက်ပါ ... အရေးကြီးတာက ကိုယ့်ရဲ့ ‌ရွေးချယ် လုပ်ကိုင်မှုတိုင်းအတွက် စိတ်ပျော်ရွှင်ဖို့ စိတ်ကြေနပ်ဖို့ ကိုတော့ အမြဲ သတိထားသင့်ပါတယ် ... It’s choice, not chance, that determines your destiny. ဆိုတဲ့ အတိုင်း ကိုယ့်ရဲ့ ခရီးဆုံး ပန်းတိုင်ကို သတ်မှတ်ပေးတာက ... ကိုယ့်ရှေ့မှာ ပေါ်လာတဲ့ အခွင့်အလမ်းတွေ မဟုတ်ပဲ ကိုယ့်ရဲ့ ရွေးချယ်မှုတွေသာ ဖြစ်တယ် ဆိုတာကို အမြဲ Remind လုပ်နေဖို့ လိုအပ်ပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

အပြုံးလေး တစ်ခုတိုင်း၊ စကားလေး တစ်ခွန်းတိုင်း၊ နောက်ဆုံး တိတ်ဆိတ်မှုတွေတိုင်းဟာ အရေးကြီးတယ် တန်ဖိုးရှိတယ် ဆိုတာမျိုးကို သဘောပေါက် လာပါတော့တယ်။   တကယ်တော့ စိတ်ဟာ ဓါတ်ပြားဟောင်း တစ်ချက်ကို ထပ်ကာ ထပ်ကာ ဖွင့်ပြ နေသလိုမျိုး ပြီးခဲ့တဲ့ အမှတ်တရတွေ အားလုံးကို နှလုံးသားထဲမှာ ထပ်ကာ ထပ်ကာ ဖွင့်ပြနေတော့တာပါပဲ။   ဒါတွေ အားလုံးဟာ ကျွန်တော်တို့ ကိုယ်တိုင်က ဒုက္ခ ဝေဒနာ နာကျင်မှု Suffering ကို ခံစားချင်လို့ မဟုတ်ပါပဲ နှလုံးသား အချင်းချင်း ပြန်လည် ချိတ်ဆက်မိအောင် မသိစိတ်က ကြိုးစားနေလို့ပဲ ဖြစ်ပါတယ်။   ဒါပေမဲ့ နှလုံးသားနဲ့ ချိတ်ဆက်မိ မမိ ဆိုတာ မသေချာပေမဲ့ ခံစားရတာကတော့ အလူအလှိမ့် အ‌ေ-သအကြေပါပဲ။   ဒီလိုနဲ့ ဖြစ် ပြီးခဲ့တာတွေကို ဓါတ်ပြားဟောင်းတစ်ခုလို ထပ်ကာ ထပ်ကာ ဖွင့်ပြီး မောပန်း ပင်ပန်းလာပြီ ဆိုရင်တော့ နှလုံးသားက စောင့်ဆိုင်းတယ် ဆိုတဲ့ အလုပ်ကို စတင်ပြီး လုပ်ပါတော့တယ်။   လူတစ်ယောက်က နေ့စဉ် ဘဝကို ဆက်လက် ရှင်သန် နေထိုင် နေရင်း အလုပ်တွေ လုပ်နေတယ်၊ စကားတွေ ပြောနေတယ်။   ပုံမှန်လေး နေ့စဉ် Daily Life ကို ဖြတ်သန်းလို့ နေတယ် ဒါပေမဲ့ ပျော်မနေပဲ နှလုံးသားက နေရာလေးတစ်ခုကို စောင့်မျှော်ပြီး နေမိတတ် ကြပါတယ်။   စောင့်ဆိုင်းတယ် ဆိုတဲ့ ပုံစံက အရမ်းကို ထူးဆန်းတယ်။ တိတ်တိတ်ကလေး နေတယ်။ Noti လေး တစ်ခု Message လေး တစ်စောင်ကို မျှော်နေမိတယ်။   အဲ့ဒီကနေ အပြောင်းလဲလေးတစ်ခု လိုချင်တယ်။   အိမ်နဲ့ ကိုယ့်ရဲ့ ခြားနားနေတဲ့ အကွာအဝေး တစ်ခုကို ပျောက်ကွယ်သွားဖို့ တိတ်တိတ်လေး ဆုတောင်း နေမိတတ် ကြပါတယ်။   အမှန်တော့ စောင့်ဆိုင်းခြင်းဟာ နာကျင်စရာကောင်းပေမဲ့ ချစ်ခြင်းမေတ္တာရဲ့ နက်နဲခြင်းကိုလဲ ပြသရာ ရောက်ပါတယ်။   ကျယ်လောင်မှုတွေဟာ ကုန်ဆုံးသွားပြီမို့ တိတ်ဆိတ်ခြင်းတွေဟာ ပိုပြီး ပြီးပြည့်စုံလာပါလိမ့်မယ်။   တိတ်ဆိတ်ခြင်းဟာ ငြိမ်သက်သွားတာ မဟုတ်ပါပဲ တကယ်တော့ တခြားနည်းလမ်းတွေ ရှိနေပါသေးတယ်။   တိတ်ဆိတ်ခြင်းထဲမှာ ဓါတ်ပုံ အဟောင်းလေးတွေ ပြန်ကြည့်တယ်။ တိတ်ဆိတ်ခြင်းထဲမှာပဲ Message အဟောင်းတွေ ပြန်ဖတ်တယ်။   တိတ်ဆိတ်ခြင်းထဲမှာပဲ ပြောခဲ့ဖူးတဲ့ စကားတွေ၊ ပေးခဲ့ဖူးတဲ့ ကတိတွေကို ပြန်ကြားယောင်မိတယ်။ ဒါတွေ အားလုံးဟာ အလိမ်အညာတွေ ချည်းလား ဆိုတာ သုံးသပ်နေမိတယ်။   မျှော်လင့်ချက်တွေဟာ ကုန်ဆုံးသွားပြီလား ရှိနေသေးလားဆိုတာကို အမြဲတမ်း စမ်းစစ်နေမိတယ်။ တစ်ခါတလေတော့ တိုက်ဆိုင်မှု ရှိတဲ့ သီချင်းတွေကို ပြန်နားထောင်ကြည့်တယ်။ ပြီးတော့ တိုးတိုးလေး ရေရွတ် လိုက်ဆို နေမိတတ် ပါသေးတယ်။   ဒီလို အရာသေးသေးလေးတွေ အားလုံးက အပြင်မှာ မနီးစပ် ရရင်တောင် နှလုံးသားက နှလုံးသားချင်း နီးစပ်မှု Closeness များ ရလာလေ မလား ဆိုပြီး ပြန်လည် ရှာဖွေနေမိတာပဲ ဖြစ်ပါတယ်။   အဲ့ဒီလို အချိန်မျိုးတွေမှာ အိမ် လွမ်းနာကျသူတွေဟာ ကိုယ်က သူ့အတွက် အနှောက်အယှက် တစ်ခု ဖြစ်နေမလား ဆိုပြီး စာ မပို့မိအောင်လဲ ကြိုးစားတတ်ကြပါသေးတယ်။   သူ အဆင်ပြေစေဖို့ ဆုတွေ တောင်းတယ်။ မေတ္တာတွေ ပို့တယ်။ သတိရတိုင်း မေတ္တာပို့တယ် ဆိုသလိုပေါ့။   တချို့ လူတွေကတော့ Universe နဲ့ စကားပြောကြည့် ကြတယ်။ တချို့ကတော့ ကြောင်လေးတွေ ခွေးလေးတွေကို မေးကြည့်တယ်။ တချို့ကတော့ ပန်းပွင့်လေးတွေထဲက အဖြေကို တောင်းကြည့်တယ်။   ကိုယ့်ကိုရော သတိရနေပါ့မလား ဆိုတာမျိုး၊ သူရော အဆင်ပြေရဲ့လား ဆိုတာမျိုး တွေကိုပေါ့။ ကိုယ်တိုင်က အဆင်မပြေပေမဲ့ ကိုယ့်ရဲ့ လူသား အိမ်လေးတွေကိုတော့ အမြဲ အဆင်ပြေ စေချင်ကြတယ်လေ။   ဒါကလဲ ကိုယ် အဆင် မပြေရင်တောင် ကိုယ့်ရဲ့ အိမ်လေးတွေကိုတော့ အဆင်ပြေစေချင်တာက မိုက်ရူးရဲ ဆန်တဲ့ အတ္တ တမျိုးပဲ မဟုတ်ပါလား။   အဲ့ဒီ မိုက်မဲမှုတွေ ကြားထဲကပဲ ကိုယ့်ကိုယ်ကို ပြန်ပြီး ချိုမြိန် နေစေချင်ကြတာမျိုးလေ။ နာကျင်မှုတွေကို ချိုမြိန်တယ်လို့ စကားလုံးလှလှလေးနဲ့ ပြန်ပြီး ကိုယ့်ကိုယ်ကို လိမ်ညာ ပေးထားလိုက် သလိုမျိုးပေါ့။   တကယ်တော့ အိမ်လွမ်းနာ ကျနေတဲ့ နှလုံးသား ပိုင်ရှင်တွေဟာ နာကျင်မှုတွေက အရမ်းကို ချိုမြိန်ကာ လှပ ပါတယ် ဆိုပြီး လိမ်ညာ ဟန်ဆောင်ပြီး ရှင်သန် နေကြရ သူတွေ ချည်းပါပဲ။   ဒါ့ကြောင့် ဒီလို နာကျင်မှု မျိုးတွေကို Randy ကတော့ အခြားသူတွေကို မခံစားစေချင်ပါဘူး။   လူတိုင်းကို ဘယ်နေရာမှာပဲ ရှိနေသည် ဖြစ်ပါစေ ကိုယ့်ရဲ့ ကိုယ်ပိုင် အိမ်လေးတွေနဲ့ အတူတူ ရှိနေစေချင်တယ်။ ကိုယ့်ရဲ့ လူသား အိမ်လေးတွေနဲ့ ဘဝကို အတူတူ တိုက်ပွဲ ဝင်စေချင်တယ်။   လောကဓံကို အတူတူ ရင်ဆိုင် ဖြတ်သန်းစေချင်တယ်။   ပြီးတော့ ကိုယ် ချစ်တဲ့ သူတွေ၊ ကိုယ်ကို ချစ်တဲ့ သူတွေ ရှိတဲ့ ရပ်ဝန်းလေးထဲမှာ ပျော်ရွှင်စွာ နေထိုင်နိုင် စေချင်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ဘယ်နေရာမှာ နေချင်လဲ၊ ဘယ်လို နေရာမှာ အရှိချင်ဆုံးလဲလို့ မေးရင် Randy ကတော့ ကိုယ့်ကို ချစ်တဲ့သူတွေနဲ့ ကိုယ်က ချစ်ရတဲ့ သူတွေရှိတဲ့ ရပ်ဝန်းလေးမှာပဲ ရှိနေချင်ပါတယ်။   တောင်ပေါ် ရွာလေးပဲ ဖြစ်ဖြစ်၊ ပင်လယ် ကမ်းခြေလေးပဲ ဖြစ်ဖြစ်၊ မြို့ပြကြီးတွေပဲ ဖြစ်ဖြစ်၊ ကျေးလက် ဒေသလေးပဲ ဖြစ်ဖြစ် လူဆိုတာ ဘယ်လို နေရာမှာ နေနေ လောကဓံ ဆိုတာကို ရင်ဆိုင်ရ စမြဲပဲလေ။   အနိမ့်၊ အမြင့်၊ အတတ်၊ အကျတွေက ပြေးမလွတ်ဘူး ဆိုရင်တော့ Randy ကတော့ ကိုယ် ချစ်ရတဲ့ သူ၊ ကိုယ့်ကို ချစ်တဲ့သူ နဲ့ပဲ အတူတူ ရှိချင်ပါတယ်။   Spiritual စကားလှလှလေးနဲ့ ပြောရရင်တော့ Soulmates တွေ Soul Partners တွေရှိတဲ့ နေရာပေါ့။   Soulmates‌ ဆိုတာက အပြန်အလှန် ကောင်းကျိုးကို လိုလားတဲ့သူ၊ ချစ်ခြင်းမေတ္တာကို ချွင်းချက်မရှိ ပေးစွမ်းနိုင်တဲ့သူ၊ ကိုယ့်ကို ကောင်းကောင်း နားလည်ပေး နိုင်သူတွေပေါ့။   အမှန်တော့ Soulmates ဆိုတာက Spiritual အယူအဆမှာ ကိုယ့်အတွက် တစ်ဉီးတည်း တစ်ယောက်တည်း ရှိတာ မဟုတ်ပါပဲ မိဘထဲက ဖြစ်နိုင်သလို ဆရာသမားတွေထဲကလဲ ဖြစ်နိုင်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေ ထဲကလဲ ဖြစ်နိုင်ပါတယ်။   တချို့ Relationship တွေမှာ Soulmate လက်တွဲဖော် ဆိုတာ ရှိပါတယ်။ Soul Partner ကတော့ Twinflame လို တစ်ဉီးတည်း တစ်ယောက်တည်း ရှိတာပေါ့။   တကယ်တော့လေ သူတို့တွေက ကျွန်တော်တို့ အတွက် ကိုယ် ပိုင်ဆိုင်ရာ အိမ် လေးတွေလိုပါပဲ။ လူသား အိမ် ကလေးတွေပေါ့။   အဲ့ဒီ လူသား အိမ်လေးတွေက နေထိုင်ရာ နေရာတစ်ခု ဆိုတာထက် ပိုပါတယ်။ အမှတ်ရ စရာတွေနဲ့ ပြည့်ဝနေတဲ့ မှတ်ဉာဏ်တစ်ခု ဆိုတာထက်လဲ ပိုပါတယ်။ တန်ဖိုး အရှိဆုံး ပိုင်ဆိုင်မှု တစ်ခု ဆိုတာထက်လဲ ပိုပါတယ်။   ဒါ့ကြောင့် ကိုယ်ဟာ ဘယ်လို နေရာမျိုးမှာပဲ အဆင်ပြေပြေ ရှိနေပါစေ ကိုယ်ချစ်တဲ့ သူတွေကို လွမ်းဆွတ် တမ်းတနေရတဲ့ အခါ ခိုနားရာ အိမ်တစ်ခုဟာ ပျောက်ကွယ် နေသလိုမျိုး ခံစားနေရမှာပါ။   ဘယ်လောက် ကောင်းတဲ့ နေရာတွေမှာ ရှိနေ ရောက်နေပါစေ ဘယ်လို ဖျော်ဖျော် မပျော်ဘူး၊ ဘာနဲ့ ဖျော်ဖျော် မပျော်တော့ဘူး ဆိုတာမျိုး ဖြစ်နေတတ်ကြပါတယ်။   အဆင်မပြေတဲ့ အချိန်အခါတွေဆို ပိုဆိုးတာပေါ့နော့်။   အိမ် ဆိုတာဟာ နှလုံးသာက ကြောက်ရွံ့မှု မရှိပဲ ခိုနားနိုင်တဲ့ နေရာ။ အိမ် ဆိုတာဟာ မွန်းကြပ်မှုတွေ မရှိပဲ အသက်ရှု ဝစေတဲ့ နေရာ။   အိမ် ဆိုတာဟာ သိမ်ငယ်မှုတွေ မရှိစေပါပဲ ကိုယ့် ဖြစ်တည်မှုကို အပြည့်အဝ ဖော်ပြနိုင်တဲ့ နေရာလေးတွေပါ။   ကျွန်တော်တို့ရဲ့ နှလုံးသားဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် လူသားအိမ်လေးကို တွေ့စုံရတဲ့ အခါ အလိုလို မှတ်မိကြပါတယ်။ သိစိတ်က သတိ မပြုမိရင်တောင် ကိုယ့်ရဲ့ အတွင်း မသိစိတ်က သေသေချာချာလေး Auto သိနေပါတယ်။   ကိုယ့် အတွက်တော့ ဒီ တစ်ယောက်ဟာ ဒါမှမဟုတ် ဒီလူသား အိမ်လေးဟာ နွေးထွေးတယ်၊ လုံခြုံတယ်၊ ဘေးကင်းတယ်၊ အေးချမ်းတယ်၊ ခိုနားနိုင်တယ် ဆိုတာမျိုးပေါ့။   သူတို့နဲ့ အတူတူ ရှိနေရတဲ့ အခါ ဘဝက အရမ်းကို ရိုးရှင်းသွားတယ် ဆိုတဲ့ ခံစားချက်မျိုး အပြင် စိတ်တွေ အတွေးတွေဟာ တိတ်ဆိတ်လို့ သွားတတ်ပါတယ်။ အချိန်တွေဟာ အလိုလို ရပ်တန့် ကုန်ပါတယ်။   နှလုံးသားက နွေးထွေးသလို ခံစားရတဲ့ အပြင် တိတ်ဆိတ်မှုတွေ ကတောင် အဓိပ္ပါယ် ရှိလာတယ်လို့ ခံစားရစေပါတယ်။   ဒါပေမဲ့ သူတို့နဲ့ ဝေးကွာသွားတဲ့ အခါတွေမှာတော့ ခံစားချက်တွေဟာ နာကျင်ရာကနေ ထုံကျင်လာတတ်တယ်။ ဘဝမှာ အရာအားလုံးဟာ ကမောက်ကမ ဖြစ်လာတတ်တယ်။ ကိုယ့်ကိုယ်ကိုလဲ ထိန်းချုပ်ရ ခက်လာပါတော့တယ်။   ဒါ့ကြောင့် ကိုယ့်ရဲ့ Soulmate တွေ၊ Soul Partner တွေကို အရမ်းကြီး တမ်းတ လွမ်းဆွတ် သတိရကြတာဟာ သာမာန်လူတွေကို သတိရတာနဲ့ လုံးဝ မတူနိုင်ပါဘူး။   အများကြီး ပိုမို နက်ရှိုင်းတဲ့ ခံစားချက်တွေနဲ့ ပြင်းထန်တဲ့ ရေလှိုင်းလုံးတွေ ကြားထဲ ကူးခတ် အသက်ရှင် နေရသလိုပါပဲ။   စိတ်ပိုင်း ဆိုင်ရာမှာသာ မက ရုပ်ပိုင်း ဆိုင်ရာ အထိ နှလုံးသားထဲ စူးပြီး နာကျင်လွန်းတာ၊ ဝမ်းဗိုက်ထဲ အောင့်ပြီး ခံစားရ ခက်တာ၊ နောက်ဆုံး နေမကောင်းတာ၊ အပြင်းဖျားတာမျိုးတွေ အထိ ဖြစ်နိုင်ပါတယ်။   ကိုယ့်အတွက် အရေးကြီးတဲ့ အရာတစ်ခုက ဝေးကွာသွားလွန်းလို့ ကိုယ်ဟာ စောင့်တည်ရာ မရ ဂနာမငြိမ်ဖြစ်တာ မျိုးထိ ခံစားရနိုင်ပါတယ်။   ဒါကို အိမ် လွမ်းနာကျတယ်လို့ပဲ ပြောရမယ် ထင်ပါတယ်။   အိမ် လွမ်းနာကျတဲ့ အခါ စိတ်တွေဟာ ဖမ်းဆုပ်ရ ခက်ပြီး ပျံ့လွင့် လွယ်တယ်။ မောပန်း လွယ်တယ်။ ပင်ပန်းပြီး ခြေကုန် လက်ပန်း ကျလွယ်ပါတယ်။   ဒါက နှလုံးသားဟာ ပြန်ပြီး အိမ်လေးနဲ့ နီးစပ်ချင်တာ။ သူ့အတွက် လုံခြုံတယ်လို့ ပြောတဲ့ နေရာမှာ ပြန်ပြီး ခိုနား ချင်တာမျိုးပါ။   ဒါ့ကြောင့်ပဲ လူတွေဟာ သူတို့ ချစ်ရတဲ့ သူတွေ၊ သူတို့ကို ချစ်တဲ့ သူတွေကို အပြင်းအထန် လွမ်းဆွတ် တမ်းတမိတဲ့ အခါ အိမ် လွမ်းနာကျတယ် ဆိုတဲ့ ခံစာချက်မျိုးကို ရကြတာပေါ့။   လွမ်းဆွတ် တမ်းတ သတိရမှုတွေက အားပြင်းလာတဲ့ အခါ စိတ်ဟာ သူတို့နဲ့ ပတ်သက်တဲ့ အတိတ်က အရာအားလုံးကို ပြန်ပြီး မှတ်မိလာပါတယ်။   အတူတူ ရှိခဲ့တဲ့ အခိုက်အတံ့ သေးသေးလေးတွေတိုင်းဟာ အရေးကြီးလာပါတော့တယ်။ #MyoThihaKyaw ~ Randy

ဖန်ခွက် အလွတ်ထဲကနေ သင်ဘာကိုမှ အခြားသူကို ငှဲ့ပေးလို့ မရပါဘူး ... ဒါ့ကြောင့် ကိုယ့် ဖန်ခွက်လေးကို အရင်ဖြည့်ပြီးမှ အခြားလူတွေကို ငှဲ့ပေး ဝေမျှပေးလို့ ရမှာပါ ... ကိုယ့်ဘေးက လူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်ပေးချင်တာလား ... ကိုယ်က အရင်ဆုံး ကျန်းမာနေမှ ရပါမယ် ... ကိုယ့်ဘေးက လူတွေကို ငွေကြေးထောက်ပံ့မှု, လှူဒါန်းမှုတွေ လုပ်ချင်တာလား ... ကိုယ့်မှာ ငွေကြေးနဲ့ ပတ်သက်ပြီး လောက်ငှနေမှ, ပိုလျှံနေမှ ထောက်ပံ့ လှူဒါန်းလို့ ရပါမယ် ... ကိုယ့်ဘေးက လူတွေကို အေးချမ်းစေချင်တာလား ... ကိုယ်က အရင်ဆုံး ပူလောင်နေလို့ မရပါဘူး ... ကိုယ့် အပူတွေက ကိုယ်နဲ့ ဆက်စပ်နေတဲ့ ကိုယ့် ပတ်ဝန်းကျင်က လူတွေကို ကူးစက်စေနိုင်ပါတယ် ... ကိုယ်က အခြားသူကို စိတ်လုံခြုံစေချင်တာလား, ကိုယ်နဲ့ပတ်သက်ပြီး ခံစားချက်ကောင်းစေချင်တာလား ... ကိုယ့်မှာ အရင်ဆုံး စိတ်ဒဏ်ရာ Trauma တွေ ကင်းစင်နေမှ ရပါမယ် ... ကိုယ်က စတင်ထားတဲ့ ကိုယ့်ရဲ့ ငြိမ်းအေးမှုတွေဟာ ကိုယ့် ပတ်ဝန်းကျင်ကို တကယ် အေးချမ်းစေနိုင်ပါတယ် ... အသိပညာ ဗဟုသုတတွေ ဝေမျှပေးချင်တာ ဆိုရင်လဲ ကိုယ့်ကိုယ်ကို အရင်ဆုံး ပြည့်ဝအောင် ဖြည့်ထားမှ ရမှာပါ ... ဒီတော့ ကိုယ်က ကိုယ့်ပတ်ဝန်းက လူတွေကို, လောကကြီး ကောင်းကျိုးတွေကို ဘာပဲဖြစ်ဖြစ် ဖြည့်ဆည်းချင်ရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ် ... အချစ်ဆိုတဲ့ အရာမှာလဲ ကိုယ့်ကိုယ်ကို နည်းမှန်လမ်းမှန်နဲ့ ချစ်တတ်မှသာ သူတပါးကိုလဲ မှန်ကန်သေချာစွာ ချစ်တတ်မှာပဲ ဖြစ်ပါတယ် ... ဒီလိုမှ မဟုတ်ရင် အခြားလူအပေါ်မှာ ချစ်တယ် ဆိုတာက ကိုယ့်ရဲ့ အတ္တတွေ, လိုချင်တပ်မက်မှုတွေ, ချုပ်ချယ်မှုတွေ, ကန့်သတ်ထားမှုတွေနဲ့ သွားပြီး လွှမ်းမိုးနေမိတတ်ပါတယ် ... #MyoThihaKyaw ~ Randy ဒီလိုဆိုရင် တဖက်လူကလဲ ရေရှည်မှာ စိတ် အဆင်မပြေစရာတွေနဲ့ ကြုံလာပြီး ကိုယ့်အပေါ် စိတ်ကုန် သွားနိုင်ပါတယ် ... မေတ္တာပို့တယ် ဆိုရင်တောင် ပထမဉီးစွာ မိမိကိုယ်ကို အေးချမ်းဖို့ မေတ္တာပိုပြီးမှ အခြားလူတွေ အပေါ် သတ္တဝါတွေ အပေါ် မေတ္တာပို့ပေးရတာပါ ... ကိုယ့်ရဲ့ အေးချမ်းကြည်လင်မှု အကြည်ဓါတ်လေးကနေ စပြီး အခြားသူတွေစီကို အကြည်ဓါတ်‌လေးတွေ ဖြန့်ကျက်ပေး ဆုတောင်းပေး လို့ရတာပါ ... ကိုယ်က စပြီး ကြည်လင်ကာ မေတ္တာပြည့်ဝနေဖို့ လိုအပ်ပါတယ် ... ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့, ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့ Self Love, Self Care အကြောင်းပြောရင် အတ္တကြီး ခိုင်းတာ မဟုတ်ပါဘူး ... Self Love, Self Care ဆိုတာကလဲ စိတ်အလိုကို လိုက်ပြီး လုပ်ချင်ရာတွေ လျောက်လုပ်တာ, စားချင်ရာတွေ လျောက်စားတာ, ဝယ်ချင်ရာတွေ အကုန်ဝယ်ပစ်တာ, နေချင်သလို နေတာ စတာတွေ မဟုတ်သလို အကောင်းစား Branded တွေ, Luxuries ပစ္စည်းတွေ သုံးရမှ မဟုတ်ပါဘူး ... တကိုယ်ကောင်း ဆန်တဲ့ Selfish ဘက်ကို မရောက်သွားအောင် သေသေချာချာလေး Remind လုပ်ပေးရမှာပါ ... ကိုယ့်ကိုယ်ကို မှန်ကန်တဲ့ ထိန်းကြောင်းခြင်းမျိုးနဲ့ ဂရုစိုက် စောင့်ရှောက်ပြီးမှသာ အခြားသူတွေ အတွက် လုပ်ပေးသင့်, လုပ်ပေးထိုက်တာတွေ, လုပ်ပေးစရာ ရှိတာတွေကို သေချာကောင်းမွန်စွာ လုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ် ... ကိုယ်ရဲ့ ဖန်ခွက်လေးဟာ ကောင်းမွန်တဲ့ ချစ်ခြင်း မေတ္တာ, အသိဉာဏ် ပညာ, အကြည်ဓါတ် Energy တွေနဲ့ ပြည့်နေမှသာ အခြားသူ လိုအပ်လာတိုင်း ငှဲ့ပေးလို့ ရမှာ ဖြစ်ပါတယ် ... ဒီနေရာမှာ အမှတ် မှားတတ်တာက ကိုယ့်ရဲ့ ဖန်ခွက်လေးကို လုံးဝ ပြည့်သွားအောင် ဖြည့်ပြီးမှ ငှဲ့ပေးရမှာမျိုး မဟုတ်ပဲ ကိုယ့်အတွက် လိုအပ်သလောက် ဖြည့်တင်းပြီးတာနဲ့ ငှဲ့ပေးလိုက် ပြန်ဖြည့်တင်းလိုက် ဆိုတာမျိုးကို ထပ်ကာ ထပ်ကာ လုပ်နေရမှာပဲ ဖြစ်ပါတယ် ... အခြားက လိုအပ်လာတိုင်း ဖြည့်ပေး ငှဲ့ပေးနိုင်မဲ့ ဖန်ခွက်လေးတစ်လုံး ဖြစ်နိုင်ကြပါစေ ... ကိုယ်တိုင်လဲ မပြည့်စုံသေးသူမို့ ကြိုးစားနေရဆဲပါ ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ကိုယ့်ဘဝရဲ့ လုံခြုံရာ နိဗ္ဗာန်၊ ကိုယ့်ဘဝရဲ့ ကျောက်ချရာ နေရာနဲ့ ကျောက်ဆူးလေး ဆိုတဲ့ ခံစားချက် အပြင် အချစ်ကို နောက်ထပ် တစ်ကြိမ် ယုံကြည်ဖို့ အကြောင်းပြချက် တစ်ခုလဲ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် တစ်နေ့မှာ ကျွန်တော်တို့ အားလုံးဟာ အိမ်နဲ့ တူတဲ့ သူတစ်ယောက်ကို လိုအပ်လာပါလိမ့်မယ်။ ဒီလို ဆိုရင်တော့ ကိုယ်က အရင်ဆုံး အိမ်နဲ့ တူတဲ့ သူတစ်ယောက် ဖြစ်နေဖို့တော့ သေချာပေါက် လိုအပ်ပါသေးတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …