en
Feedback
🍀 Randy 🍀

🍀 Randy 🍀

Open in Telegram

🎁 Personal Growth & Spirituality 🎁

Show more
6 824
Subscribers
-324 hours
-227 days
-9730 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
June '26
June '26
+18
in 0 channels
May '26
+15
in 0 channels
Get PRO
April '26
+11
in 0 channels
Get PRO
March '26
+5
in 0 channels
Get PRO
February '26
+11
in 0 channels
Get PRO
January '26
+17
in 0 channels
Get PRO
December '25
+38
in 0 channels
Get PRO
November '25
+10
in 2 channels
Get PRO
October '25
+20
in 0 channels
Get PRO
September '25
+18
in 1 channels
Get PRO
August '25
+19
in 1 channels
Get PRO
July '25
+23
in 1 channels
Get PRO
June '25
+17
in 0 channels
Get PRO
May '25
+50
in 0 channels
Get PRO
April '25
+11
in 0 channels
Get PRO
March '25
+20
in 0 channels
Get PRO
February '25
+31
in 0 channels
Get PRO
January '25
+17
in 0 channels
Get PRO
December '24
+13
in 0 channels
Get PRO
November '24
+29
in 0 channels
Get PRO
October '24
+29
in 0 channels
Get PRO
September '24
+86
in 1 channels
Get PRO
August '24
+92
in 1 channels
Get PRO
July '24
+77
in 0 channels
Get PRO
June '24
+324
in 0 channels
Get PRO
May '24
+87
in 0 channels
Get PRO
April '24
+97
in 0 channels
Get PRO
March '24
+439
in 0 channels
Get PRO
February '24
+434
in 0 channels
Get PRO
January '24
+64
in 0 channels
Get PRO
December '23
+8 400
in 0 channels
Date
Subscriber Growth
Mentions
Channels
18 June+1
17 June0
16 June0
15 June0
14 June+2
13 June+1
12 June0
11 June0
10 June0
09 June0
08 June+1
07 June0
06 June0
05 June+1
04 June+10
03 June0
02 June+2
01 June0
Channel Posts
𝗔𝗳𝗳𝗶𝗿𝗺𝗮𝘁𝗶𝗼𝗻 ဆိုတာက မသိစိတ်ထဲကို စွဲနေအောင် ကိုယ့်ကိုယ်ကို အတည်ပြု ပြောကြားပေးတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ် ... ကိုယ့်ကိုယ်ကို ကောင်းချီး ပေးတဲ့ စကားတွေလို့ ပြောလို့ ရသလို ... ကိုယ့်ကိုယ်ကို အားပေးတဲ့ စကားတွေ ... ကိုယ့်ကိုယ်ကို ခံယူချက်တစ်ခုခု အခိုင်အမာ ချမှတ်လိုက်တဲ့ စကားလုံးတွေ ... ဆုတောင်းတဲ့ စကားတွေ လို့လဲ ပြောလို့ ရပါတယ် ... ဒါတွေကို ကျွန်တော်တို့ရဲ့ မသိစိတ် 𝗦𝘂𝗯𝗰𝗼𝗻𝘀𝗰𝗶𝗼𝘂𝘀 𝗠𝗶𝗻𝗱 ထဲထိ ရောက်အောင်ကို ထည့်ရတာမျိုးပါ ... ဒီအတည်ပြု ပြောကြားပေးတဲ့ စကားလုံးတွေက ကျွန်တော်တို့ရဲ့ သိစိတ် မသိစိတ်ထဲမှာ ရှိတဲ့ 𝗣𝗮𝘁𝘁𝗲𝗿𝗻𝘀 တွေ အားလုံးကို အသစ်ပုံစံ ပြောင်းလဲ ဖန်တီး ပေးမှာပဲ ဖြစ်ပါတယ် ... ဒါတွေကို အကြိမ်ကြိမ် အခါခါ ရေရွတ်ခြင်း ... စာရွက်ပေါ်မှာ ထပ်ကာ ထပ်ကာ ချရေးခြင်း ... ခဏ ခဏ နားထောင်ပေးခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ 𝗕𝗿𝗮𝗶𝗻 𝗡𝗲𝘂𝗿𝗮𝗹 𝗣𝗮𝘁𝗵𝘄𝗮𝘆𝘀 အသစ်တွေကို ဖန်တီးပေးလာနိုင်မှာ ဖြစ်ပါတယ် ... ဒီလို အပြုသဘော ဆောင်တဲ့ အတွေး အခေါ် Pattern အသစ်တွေကို တည်ဆောက်ခြင်း အားဖြင့် ကျွန်တော်တို့မှာ ရှိတဲ့ မကောင်းတဲ့ အစွဲတွေ ... 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲 𝗣𝗮𝘁𝘁𝗲𝗿𝗻 တွေဖြစ်တဲ့ ငါက မတော်ပါဘူး ... ငါ မလုပ်နိုင်ဘူး ... ငါက အချစ်မခံရဘူး ... စတာတွေကို ပယ်ဖျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ် ... ဉပမာ ... ငါဟာ သန်မာတယ် ... 𝗜 𝗮𝗺 𝘀𝘁𝗿𝗼𝗻𝗴 … ငါဟာ လုံလောက် ပြည့်ဝတယ်လို့ ခံစားရတယ် ... 𝗜 𝗮𝗺 𝗲𝗻𝗼𝘂𝗴𝗵 … ငါဟာ တော်တယ် ... ပါးနပ်တယ် ... 𝗜 𝗮𝗺 𝘀𝗺𝗮𝗿𝘁 … အစရှိတဲ့ 𝗜 𝗮𝗺 နဲ့ စတဲ့ 𝗔𝗳𝗳𝗶𝗿𝗺𝗮𝘁𝗶𝗼𝗻𝘀 အတည်ပြုတဲ့ စာကြောင်းမျိုးတွေကို သုံးရမှာပါ ... လူတိုင်းက ကိုယ့်ရဲ့ အစွဲတွေ ... ကိုယ့်ရဲ့ ခံယူချက်တွေနဲ့ ... ပြောဆို ပြုမူ နေထိုင် လုပ်ကိုင်နေကြပြီး ... ဘဝ ခရီးလမ်းကို ရှေ့ဆက် နေကြသူတွေပဲ ဖြစ်ပါတယ် ... ကိုယ် လုပ်နိုင်တယ်လို့ တွေးတဲ့ အရာတွေက လုပ်ဖို့ တကယ် လွယ်ကူနေတတ်ကြပြီး ကိုယ် မလုပ်နိုင်ပါဘူးလို့ တွေးမိရင်တော့ လုပ်ဖို့ ခက်ခဲနေကြ ပြန်ပါတယ် ... ဒါ့ကြောင့် စိတ်သာ အဓိကမို့ ကိုယ့်ရဲ့ စိတ်ထဲက အစွဲတွေ ခံယူချက်တွေကို အရင်ဆုံး ပြုပြင်ရမှာ ... စိတ်ထဲက အစွဲတွေ ခံယူချက်တွေ ပြောင်းသွားရင် ကိုယ့်ရဲ့ အတွေးတွေကလဲ ပြောင်းလဲသွားမှာပါ ... အတွေးတွေ ပြောင်းသွားရင် လုပ်ရပ်တွေကလဲ ပြောင်းလဲ လာမှာပါ ... လုပ်ရပ်တွေ ပြောင်းလဲလာရင် ရလဒ်တွေကလဲ ကောင်းမွန်လာမှာ ဖြစ်ပါတယ် ... ဒါကြောင့် ကိုယ်လိုချင်တဲ့ ရလဒ်ကို အဓိက ကောင်းချင်ရင် အစွဲတွေ ... ခံယူချက်တွေက ကောင်းနေဖို့ လိုပါတယ် ... ငါလုပ်နိုင်မှာ မဟုတ်ပါဘူး ... ငါက သူများတွေလောက် Style မကျဘူး ... ငါ ကြိုးစားနေလို့လဲ ဘာမှ မထူးပါဘူး ... အစရှိသဖြင့် မကောင်းတဲ့ အတွေးတွေ တွေးပြီး လုပ်တဲ့ အခါ ... အပေါ်က ပြောခဲ့သလို မကောင်းတဲ့ ရလဒ်တွေပဲ ထွက်လာမှာပါ ... ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ခံယူချက်တွေကို Positive ဘက်ကို ပြောင်းကြည့်ပါ ... 𝗣𝗼𝘀𝗶𝘁𝗶𝘃𝗲 𝗔𝗳𝗳𝗶𝗿𝗺𝗮𝘁𝗶𝗼𝗻 တွေကို ခဏ ခဏ ချရေးပါ ... များများ ရွတ်ဆိုပေးပါ ... #PositiveMessagesForYou စာအုပ်မှ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …

2
ရုပ်ဝတ္တုတွေ ကြီးစိုးလာတဲ့ ခေတ်ကြီးမှာ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည် Performance ရယ် ... ကုန်ထုတ်လုပ် နိုင်မှုစွမ်းအား Productivity ရယ် ... အောင်မြင်မှု Success ရယ် စတာတွေကို ... ဘယ်လောက်ထိ ဖြစ်ထွန်းတယ် ဆိုတာမျိုးကိုပဲ လူတွေက အာရုံစိုက်လာကြပါတယ် ... ဒီတော့ အခြားသူကိုရော ... ကိုယ့်ကိုယ်ကိုပါ ... ဒီလိုအရာတွေနဲ့ နှိုင်းယှဉ်ပြီး တိုင်းတာလာမိတတ်ကြပါတယ် ... သူက ဘယ်လောက်ထိ လုပ်နိုင်တယ် ... သူက ဘယ်လောက်ထိ အောင်မြင်တယ် ... သူက ဘယ်လောက်ထိ ပိုက်ဆံရှာနိုင်တယ် ... စသည်ဖြင့် ကြည့်ကြတယ် ... ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကာ ... အခြားသူတွေနဲ့ နှိုင်းယှဉ်မိပြီး စိတ်ဓါတ်တွေ ကျလာပါတော့တယ် ... သူများတွေမှာ ရှိတဲ့ အရာတွေ ကိုယ့်မှာ မရှိတဲ့ အခါ ... သူများတွေ ရရှိနေတဲ့ အရာတွေ ကိုယ်က မရတဲ့ အခါ ... သူများတွေက လုပ်နိုင်ပြီး ကိုယ်က မလုပ်နိုင်တဲ့ အခါ ... အခြားသူတွေရဲ့ ဘဝနဲ့ ကိုယ့်ရဲ့ လက်ရှိ ဘဝကြီးကို ယှဉ်ကြည့်မိပြီး မပျော်ကြတော့ဘူး ... တကယ်တော့ သူတို့နဲ့ မတူတဲ့ အားသာချက်တွေ... စွမ်းဆောင်ရည်တွေ ကိုယ့်မှာ အများကြီး ရှိပါတယ် ... သေသေချာချာ မကြည့်မိတော့ မမြင်မိဘူး ဖြစ်နေတာပါ ... ယခု လိုမျိုး ကိုယ်က အခြားသူနဲ့ ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်မိရင်တောင် ... မိဘတွေ ... ဆွေမျိုးတွေ ... သူငယ်ချင်းတွေ ... ပတ်ဝန်းကျင်က လူတွေက ... နှိုင်းယှဉ်ထောက်ပြတဲ့ ဒဏ်တွေကြောင့် ရတဲ့ ... စိတ်ဖိစီးမှုတွေကို ကျွန်တော်တို့က အနည်းနဲ့ အများ တကယ် ခံရပါတယ် ... ဉပမာ . မင်းသူငယ်ချင်းကတော့ အလုပ်ရနေပြီ ... မင်းက မရသေးဘူးလား ... ဟိုလူကတော့ ဘယ်လောက် ရာထူးရှိနေပြီ ... မင်းကရော ဘယ်အဆင့်လဲ ... ဘယ်သူကတော့ ဘယ်လောက် ချမ်းသာနေပြီ ... ဘယ်သူကတော့ ဘယ်လောက်ထိ အောင်မြင်နေပြီ ... စသည်ဖြင့် ကိုယ်က မယှဉ်မိရင်တောင် ကိုယ့်အနီးနားက လူတွေရဲ့ ထောက်ပြ အပြစ်တင် ပြောဆိုတာမျိုးတွေကို ကြုံရကြပါတယ် ... ဒီတော့ ကျွန်တော်တို့တွေက ... အများနည်းတူ ဖြစ်ဖို့ ကိုယ့်ရဲ့ လိုအင်တွေကို Outer World လို့ခေါ်တဲ့ ပြင်ပ ကမ္ဘာမှာ လိုက်ရှာတတ်ကြတယ် ... အလုပ်တွေ ပိုကြိုးစားကြတယ် ... ပညာတွေ အများကြီး သင်ယူကြတယ် ... ပိုက်ဆံတွေ အများကြီး ရှာကြတယ် ... အောင်မြင်ရေး နည်းလမ်းတွေ လေ့လာတယ် ... ရာထူး ဂုဏ်ဒြပ်တွေ ရအောင် ကြိုးစားကြတယ် ... ဒါတွေက မကောင်းဘူးလား ဆိုတော့ ကောင်းပါတယ် ... ဒါပေမဲ့ ကိုယ့် ရင်ဘတ်ထဲက ဆန္ဒ အစစ်အမှန် မဟုတ်ပါပဲ ... အများလုပ်လို့ လိုက်လုပ်တာ ဖြစ်နေပြီ ဆိုရင်တော့ မိမိအတွက် ရေရှည်မှာ မကောင်းနိုင်ပါဘူး ... ဒီလို ပြင်ပ လိုအပ်ချက်တွေ အတွက် များများ ကြိုးစားလေလေ ... ကျွန်တော်တို့ရဲ့ အတွင်း ကမ္ဘာလို့ ခေါ်တဲ့ Inner World နဲ့ ဝေးကွာလာလေလေ အဆက်အသွယ် ပျက်လာလေလေပါပဲ ... ဒါ့ကြောင့် တချို့ အောင်မြင်သွားတယ် ... ချမ်းသာသွားတယ် ... လိုတာတွေ ပြည့်ဝသွားတယ် ... ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဘာလိုလို့ ... လိုအပ်နေမှန်း မသိတာတွေ ... ဘဝကြီးက ဟာတာတာ ဖြစ်နေတာတွေကို ထပ်ပြီး ကြုံကြ ရပါတယ် ... တချို့ကလဲ ခြေကုန် လက်ပန်းတွေ ကျသွားပြီး ... အချိန်တစ်ခုကို ရောက်လို့ အနောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့ အခါ ... ကိုယ့်ဘဝကြီးက ဘာမှ အဓိပ္ပါယ် မရှိတာ ... မိမိ စိတ်ကျေနပ်မှုအတွက် ... လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှ မရှိတာ မျိုးတွေလဲ ဖြစ်တတ်ကြပါတယ် ... ဒါ့ကြောင့် တကယ်က ကိုယ့်ရဲ့ အတွင်းစိတ် အပိုင်းကို သေချာနားလည် သိရှိ ... ရှာဖွေပြီးမှ ကိုယ့်ရဲ့ Inner World ကို ခိုင်မာအောင် တည်ဆောက်ပြီးမှ ... ကိုယ့်ရဲ့ ပြင်ပ ကမ္ဘာ Outer World ကို ပြန်လည် တည်ဆောက်တာက အကောင်းဆုံး ဖြစ်ပါတယ်လို့ အကြံပြု ချင်ပါတယ် ... မိမိပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကလဲ ... ကိုယ့်ကို အခြားတစ်ယောက်ယောက်နဲ့ လာပြီး နှိုင်းယှဉ်တဲ့ အခါမျိုးတွေမှာ မယှဉ်မိအောင်... ကိုယ့်စိတ်ထဲမှာ I Grow, I Grow Slow, But I Grow. စသည်ဖြင့် ... ငါဟာ စဉ်ဆက်မပြတ် ကိုယ်လုပ်နိုင်သလောက် အစွမ်းကုန် ကြိုးစားနေတယ် ... ဒါ့ကြောင့် ငါဟာ ဖြေးဖြေးချင်း ကြီးထွား တိုးတတ် နေတယ် ... ဘယ်လိုပဲ နှေးတယ် ပြောပြော ငါ့ အတိုင်းတာနဲ့ ငါ ... စဉ်ဆက်မပြတ် ကြိုးစားနေတာပဲ ... ကြီးထွားနေတာပဲ ... တိုးတတ်နေတာပဲ ... ဆိုပြီး ကိုယ့်ကိုယ်ကို အမြဲ Remind လုပ်စေချင်ပါတယ် ... စိတ်၏ဖြေရာ … စာအုပ်မှ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
349
3
⭐️ “ ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေပါ … ကိုယ့်ကိုယ်ကို သေသေချာချာ ချစ်တတ်အောင် သင်ယူပါ …” ဆိုတဲ့ စကားတွေက အလကား မဟုတ်ပါဘူး ... လူတွေက တန်ဖိုးရှိတဲ့ ပစ္စည်းဆိုရင် ပိုလိုချင်ကြတယ် … တန်ဖိုးရှိတဲ့ ပစ္စည်းတွေဆိုရင် သေသေချာချာ တယုတယ သုံးတယ် … ထားတယ် … စောင့်ရှောက်တယ် … အစွန်းအထင်း အပွန်းအပဲ့ မခံချင်ဘူး … အခြားလူလဲ လာထိလို့ မရဘူး … တသသနဲ့ ... တန်ဖိုးမရှိတဲ့ အရာတွေဆိုရင်တော့ ဟိုနားထား၊ ဒီနားထား၊ ဖုန်တတ် ချင်တတ်၊ လွတ်ကျ ချင်ကျပါပဲ ... ဒါ့အပြင် အရာရာကို တကယ် တန်ဖိုးသိတဲ့ သူကပဲ တန်ဖိုးထားတတ်တာပါ … စိန်အကြောင်း၊ ကျောက်အကြောင်း နားမလည်တဲ့ သူရှေ့မှာ ဒါကြီးက ဘယ်လောက် တန်ဖိုး ရှိပါတယ်လို့ သွားပြောနေလဲ သူ Level နဲ့ သူ နားလည်မှာ မဟုတ်ပါဘူး ... ဒီတော့ လူတွေမှာလဲ အဲ့ဒီလိုပါပဲ ... အရင်ဆုံး ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေတတ်ဖို့ရယ် … ကိုယ့်တန်ဖိုးကို နားလည်တဲ့ လူတွေ အနားမှာ ရှိနေဖို့ရယ်က အရေးကြီးပါတယ် … ကိုယ့်တန်ဖိုး မသိတဲ့ လူတွေကို ဘာတွေပဲ ကိုယ်က လုပ်ပေးနေ လုပ်ပေးနေ သူတို့က တန်ဖိုးသိမှာ မဟုတ်လို့ပါပဲ ... ကိုယ့်ကိုယ်ကို Self-Love ရှိပါတယ် ဆိုတာ ဒီအရာတွေ အားလုံးရဲ့ အခြေခံ အုတ်မြစ်ပဲ … ကိုယ့်ကိုယ်ကိုမှ မချစ်၊ တန်ဖိုးမထားပဲ … အခြားလူတွေကို ခယနေ၊ ဖြည့်ဆည်းပေးနေရင်လဲ … ကြိုးစားမှုတွေက သဲထဲရေသွန် သလိုပါပဲ ဆိုတာ ကြုံဖူးကြတဲ့ သူတွေ အသိဆုံးဖြစ်မှာပါ ... Myo Thiha Kyaw ဒါ့ကြောင့် ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်နေရင်းနဲ့ပဲ Right Person တွေကို ... ကိုယ့်ဘေးနားက လူတွေကို Attract လုပ်ဖို့ အကြံပေးပါရစေ ... တကယ်တမ်း ကိုယ့်ရဲ့ Feelings တွေ ... Emotions တွေကို နားမလည်တဲ့ သူတွေအတွက် အကောင်းဆုံး အဖြေက တိတ်ဆိတ်စွာ နေပေးလိုက်ခြင်းပဲ ဖြစ်ပါတယ် ... ကိုယ်ဘယ်လောက် ပြောပြ ပြောပြ ... ရှင်းပြ ရှင်းပြ ... နားလည်ပေးမှာ ... နားလည်နိုင်မှာ မဟုတ်လို့ပါပဲ ... ထို့ကြောင့် တစ်စုံတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို ပျောက်ဆုံး၊ ဆုံးရှုံးနေရတာထက် စာရင် … အဲ့ဒီလူကိုပဲ အဆုံးရှုံး ခံလိုက်ရတာက ပိုပြီး အဆင်ပြေပါတယ် ... အချိန် ခဏတာကတော့ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ ကြောက်လို့ ... အဆင်ပြေချင်လို့ ... လူတိုင်းလိုလို သည်းခံနိုင်ကြပါတယ် ... ရေရှည်ကြတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပါ အဆင်မပြေတော့ပါဘူး ... ⭐️ ကိုယ့်ကိုယ်ကို ဘယ်လို ပုံစံနဲ့ ချစ်ပြနေတယ် ဆိုတာက ... “ အခြားလူတွေက သင့်ကိုယ် ဘယ်လို ပုံစံနဲ့ ချစ်ရမယ် ဆိုတာကို ကိုယ်က သင်ပေးနေတာနဲ့ အတူတူပါပဲ ... ” ဆိုတဲ့ ကြားဖူးတဲ့ စကားလေး တစ်ခွန်းကတော့ အမြဲ မှတ်ထားစရာပါပဲ ... ပြောချင်တာက သင့်ကိုသင် တန်ဖိုးထားနိုင်မှ ... တန်ဖိုးထားတတ်မှ ... တန်ဖိုးထားပြမှ ... အခြားသူတွေကလဲ သင့်ကို တန်ဖိုးထားမှာ ဖြစ်လို့ပါပဲ ... Ego မလွန်ကဲပဲ ... အတ္တကင်းတဲ့ ချစ်ခြင်းမျိုးနဲ့ ... အများအပေါ် ... မိမိကိုယ် မိမိ အပေါ် သေသေချာချာ ချစ်နိုင်ကြပါစေ ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
451
4
ကိုယ်လုပ်လို့ ဖြစ်တယ် ဆိုတာထက် အချိန်ကျလာလို့ ဖြစ်လာတယ်။ ဖြစ် ပြီးရင် တည်တယ်။ တည်ပြီးရင် နောက်ဆုံးတော့ ပျက်ရတယ်။ ဆိုတဲ့ သဘောတရားတွေကို လက်ခံ ကျင့်သုံးတဲ့ သဘောပါပဲ။ ပြီးတော့ လူတွေကို မေတ္တာထားတယ်၊ စေတနာထားတယ်၊ ကူညီပေးတယ် ဆိုပေမဲ့ အခြားလူတွေထဲက ဘာကိုမှ ပြန်လည် မျှော်လင့်ထားတာမျိုး မရှိတော့ပဲနဲ့ ဥပက္ခာစိတ်လေးနဲ့ နေတတ်ကြပါတယ်။ သူတို့ နှလုံးသားက အမြဲတမ်း ငြိမ်းချမ်းနေပြီး ဖြစ်လာတဲ့ အခြေအနေအတိုင်းကို စိတ်ကျေနပ်မှု အပြည့် အဝနဲ့ ရင်ဆိုင်နိုင်တတ်ကြပါတယ်။ ဒီလိုတွေ အေးချမ်းမှုတွေ အကြောင်းပြောလို့ သူတို့မှာ ပြသနာတွေ၊ နာကျင်မှုတွေ၊ ရုန်းကန်မှုတွေ မရှိတော့ဘူးလား ဆိုတော့လဲ အဲ့ဒီလိုမဟုတ်ပါဘူး။ သာမာန်ပုထုဇဉ်တွေပဲ ဆိုတော့ လူတိုင်း ကြုံတွေ့ရတဲ့ အရာတွေကို သူတို့လဲ ကြုံတွေ့ ရပါတယ်။ အခြားသူတွေနဲ့ ဘာကွာသွားလဲ ဆိုတော့ တုန့်ပြန် ဖြေရှင်းပုံတွေပဲ ကွာသွားမှာပါ။ စာကလဲ အတော်ရှည်ပြီး အခြားသော အချက်တွေလဲ အများကြီး ရှိသေးတာမို့ နောက်မှပဲ ဆက်လက်ဝေမျှပေးပါ့မယ်။ ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ အချုပ်ပြန်ပြောရင် လူတိုင်းအတွက် IQ,EQ, PQ, AQ, CQ, SQ တစ်ခုချင်းစီက အရမ်းကို အရေးကြီးပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
526
5
လူတိုင်းမှာ ပါရှိပြီး ဖြစ်တဲ့ IQ, EQ စသည့် အရည်အသွေးတွေထဲမှ SQ လို့ ခေါ်တဲ့ Spiritual Intelligence အကြောင်း ပြောပေးချင်ပါတယ်။ တစ်ခုခြင်းစီက သူ့အခန်းကဏ္ဍအလိုက် အရေးကြီးလို့ စာနဲနဲ ရှည်ပါ့မယ်။ ဒါကို မပြောခင် အရင်ဆုံး IQ,EQ, PQ, AQ, CQ, SQ ကို တစ်ခုချင်းစီ အကျဉ်းလေး နဲနဲပြန်ရှင်းပြပါရစေ … လူတိုင်းမှာ ဒီအရည်အသွေးတွေ အားလုံးပါရှိပါတယ်။ နည်းတာ များတာ ပမဏ မတူညီတာပဲ ရှိတာပါ။ ပြီးတော့ အရမ်းအားနည်းနေရင် လေ့ကျင့်ယူလို့ ရပါတယ်။ Social Skills ကောင်းချင်တဲ့ သူတွေ၊ အောင်မြင်ချင်တဲ့ သူတွေ၊ လူတွေကို ဦးစီး ဦးဆောင်လုပ်မည့် သူတွေမှာတော့ ဒီအချက်တွေ အားလုံး အားကောင်းနေဖို့ လိုအပ်ပါတယ်။ 🍀 IQ ကောင်းတယ် ဆိုတာက Intelligence Quotient လို့ ခေါ်တဲ့ ဘာသာစကားတွေ မှတ်နိုင်စွမ်းအား ကောင်းတာ၊ ကိန်ဂဏန်းတွက်ချက်မှုတွေ အားကောင်းတာ၊ ဖြတ်ထိုးဉာဏ်ကောင်းတာ စသည့် ဉာဏ်ရည် ဉာဏ်သွေး ကောင်းတာကို ခေါ်တာပါ။ ဟိုးအရင် ခေတ်တွေက IQ ကောင်းတဲ့ လူတွေက အောင်မြင်လေ့ရှိကြတယ်လို့ သတ်မှတ်ကြပေမဲ့ နောက်ပိုင်းမှာ IQ ဉာဏ်ကောင်းတာ ထက် EQ နှလုံးရည် အားကောင်းတာက ပိုပြီး အရေးတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြသလို လူအတော်များများကလဲ လက်ခံခဲ့ကြပါတယ်။ 🍀 EQ ကောင်းတယ် ဆိုတာက Emotional Intelligence လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကို သေသေချာချာ Awareness ဖြစ်ပြီး ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာကို သေသေချာချာသိတာ၊ ကိုယ် ဘာဖြစ်နေတယ်။ ကိုယ်ဘာတွေ ခံစားနေရတယ်။ Emotion တွေ၊ Sensation တွေ၊ Mood တွေ၊ Thought တွေကို သေသေချာချာ သိပြီး ကိုယ့်ကိုယ်ကို သေသေချာချာ စီမံခန့်ခွဲနိုင်တာမျိုးပါ။ ကိုယ့်ကိုယ်ကို သေချာသိပြီးတဲ့ နောက် အခြားလူရဲ့ Emotion ကိုလဲ သိပြီး ကိုယ်ချင်းစာတရား Empathy အပြည့်အဝနဲ့ ပေါင်းသင်းဆက်ဆံနိုင်တာပါ။ နောက်ပိုင်းမှာ ဒီလိုလူတွေက Social Skills ကောင်းလာပြီး ပို အောင်မြင်လာကြပါတယ်။ 🍀 PQ အားကောင်း ဆိုတာက Physical Intelligence လို့ ခေါ်တဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခုမှာ ထူးချွန်တာ၊ စိတ်ဝင်စားပြီး တတ်တတ်ကြွကြွ လေ့ကျင့် လုပ်ကိုင်တတ်တဲ့ အရည်အသွေးဖြစ်ပါတယ်။ အားကစားတစ်ခုခု လုပ်ခြင်းအားဖြင့် ကိုယ်ကာယ ဖွံ့ဖြိုးမှုသာမက အသင်းအဖွဲ့နဲ့ ပူးပေါင်း လုပ်ကိုင်တတ်တာ၊ ပြိုင်ဘက်အပေါ် လေးစားမှုရှိတာ၊ ကြိုးစားအားထုတ်မှု အားကောင်းတာ အပြင် အနိုင်အရှုံးကို လက်ခံနိုင်ပြီး မှန်ကန်တဲ့ တုန့်ပြန်မှု၊ နားလည်ပေးနိုင်မှု စသည့် အကျိုးကျေးဇူးတွေ ကို ရရှိမှာဖြစ်ပါတယ်။ 🍀 AQ အားကောင်းတယ် ဆိုတာက Adversity Quotient လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခက်ခဲတွေ၊ ဒုက္ခတွေ ကြုံနေရချိန်မှာ မှန်မှန်ကန်ကန် စဉ်းစားချင့်ချိန် တုံ့ပြန်နိုင်သည့် စွမ်းရည်တစ်မျိုး ဖြစ်ပါတယ်။ ဘဝမှာ နှက်ခံရတာတွေ၊ ပြိုလဲကျတာတွေ ကြုံရပြီးမှ အရင်ကထက် ပိုမို သာန်မာလာပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အကောင်းဆုံး စွမ်းဆောင်နိုုင်တာကလဲ AQ အားကောင်းခြင်း တစ်မျိုးပဲဖြစ်ပါတယ်။ ယခုလို ကာလမှာ AQ အားကောင်းဖို့ အရေးကြီးကြောင်း ခံစားမိမယ်လို့ ထင်ပါတယ်။ ~ Myo Thiha Kyaw ~ Randy ~ 🍀 CQ အားကောင်းတယ် ဆိုတာက Cultural Intelligence လို့ ခေါ်တဲ့ ယဉ်ကျေးမှုနှင့် ပတ်သတ်ပြီး ဉာဏ်ရည်ထက်မြတ်တာ ဆိုတော့ အခြားလူရဲ့ ယဉ်ကျေးမှုကို လေးစာမှု ရှိသလို ကိုယ့်ယဉ်ကျေးမှုကိုလဲ မြတ်မြတ်နိုးနိုး ရှိတာဖြစ်ပါတယ်။ ယဉ်ကျေးမှု မတူသူတွေနဲ့ ဆက်ဆံရတဲ့ အခါ လုပ်ပုံကိုင်ပုံတွေ၊ တွေးခေါ်ပုံတွေ၊ နေထိုင် စားသောက်ပုံတွေ မတူကြလို့ CQ အားကောင်းမှ သူတို့ကို နားလည်နိုင်မှာ၊ လေးစားနိုင်မှာ ဖြစ်ပါတယ်။ ဒါမှာ ပေါင်းသင်းဆက်ဆံရေးတွေမှာ ဟန်ဆောင်နေတာ မဟုတ်ပဲ လိုက်လျောညီထွေရှိပြီး သူတို့နှင့် တသားထဲ ကျမှာ ဖြစ်ပါတယ်။ 🍀 SQ အားကောင်းတယ် ဆိုတာက Spiritual Intelligence လို့ ခေါ်တဲ့ ကိုးကွယ်ရာ ဘာသာတရားနဲ့ ပတ်သတ်ပြီး ဉာဏ်ရည်ထက်မြတ်တာ ဖြစ်ပါတယ်။ အပေါ်က CQ လိုပဲ ကိုယ့်ရဲ့ ဘာသာတရားကိုလဲ လေးလေးနက်နက် ထဲထဲဝင်ဝင် လေ့လာကိုင်းရှိုင်းပြီး အခြားဘာသာတရားတွေ အပေါ်မှာလဲ လေးစား တန်ဖိုးထားတတ်တာမျိုးပါ။ 🍀 SQ ဆိုတာက IQ နဲ့ EQ ပေါင်းထားတာပါလို့ Theorist တွေက ပြောကြပါတယ်။ SQ ရဲ့ အခြေခံအကျဆုံးက ကိုယ့်ကိုယ်ကို Awareness သေချာဖြစ်ပြီး အခြေအနေအတော်များများမှာ ငြိမ်သက် ငြိမ်းချမ်းမှုကို လိုလားတာမျိုးပါ။ ပြီးတော့ သူတို့ ပတ်ဝန်းကျင်က လူတွေ၊ အခြေအနေတွေ၊ သဘာဝတရားတွေနဲ့ သေသေချာချာ ချိတ်ဆက်မိပြီး ဖြစ်ပေါ်နေတဲ့ Energy တွေ၊ Frequency တွေ၊ Vibration တွေ စသည့် အရာရာကို ခံစားသိရှိနေတတ်ပါတယ်။ ဒါပေမဲ့ သူတို့တွေက အခြားဘာကိုမှ ဝေဖန်အကဲဖြတ်တာမျိုး၊ သုံးသပ်ရှုံ့ချတာမျိုး မလုပ်ပါဘူး။ ယနေ့ခေတ်မှာ အတော်များများက လူက လုပ်ရင် ဘာမဆို ဖြစ်တယ်ဆိုတာကို လက်ခံလာကြပေမဲ့ Spirituals သမားတွေက Human Doing ကနေ Human Being ဆိုတဲ့ လူသားဖြစ်တည်မှု ပုံစံအတိုင်းပဲ လူ့သဘာဝနှင့် အညီ ပြန်လည် နေထိုင်လာကြပါတယ်။
471
6
ကိုယ် ဖြစ်ချင်နေတဲ့ အနေအထားတွေ အကြောင်းအရာတွေ … ဆန္ဒတွေ ပြည့်မြောက်ဖို့ … တကယ် မကြိုးစားသေးဘူး … တကယ် မလုပ်သေးဘူး ဆိုတာ … တကယ် မဖြစ်ချင်သေးလို့ … တကယ် စိတ်မဝင်စားသေးလို့ပါ … ကိုယ့်ရဲ့ အားစိုက်ထုတ်မှု ပမာဏဟာ ကိုယ့်ရဲ့ ဖြစ်ချင် စိတ် ပမာဏ … ကိုယ့်ရဲ့ စိတ်ဝင်စားမှု ပမာဏ နဲ့ တိုက်ရိုက် အချိုးကျပါတယ် … ~ Myo Thiha Kyaw ~ Randy ~ ကြားဖူးတဲ့ စကား တစ်ခုလို တကယ် ဖြစ်ချင် … တကယ်လုပ် အဟုတ် ဖြစ်ရမည် ဆိုတာမျိုး လိုပေါ့ … လူတွေက ကိုယ့်စိတ်ကို ကိုယ်လှည့်စားချင်တော့ ဆင်ခြေလို့ ခေါ်တဲ့ အရာတွေနဲ့ အကြောင်းပြနေ တတ်ကြပါတယ် … ဟိုလူ့ကြောင့် , ဒီလူကြောင့် ဟိုကိစ္စကြောင့် , ဒီကိစ္စကြောင့် ငွေကြေးကြောင့် … ပတ်ဝန်းကျင်ကြောင့် စသည်ဖြင့်ပေါ့ … ဒီလိုဆိုရင်တော့ အဲဒီကိစ္စကို တကယ် မဖြစ်ချင်သေးဘူး … တကယ် စိတ်မဝင်စားသေးဘူး … လို့ ပြောနေတာနဲ့ အတူတူပါပဲ … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
549
7
ဒီနည်းလမ်းလေးက ရိုးရှင်းပေမယ့် အကျိုးသက်ရောက်မှု အားကောင်းပါတယ် ... 💟 2. 𝗔𝗰𝘁𝘀 𝗼𝗳 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 … အပြုမူများနှင့် ဆောင်ရွက်ပေးတာ ... တချို့ လူတွေကတော့ အပြောထက် အလုပ်နဲ့ သက်သေပြပေးတာကို ပိုကြိုက် ကြပါတယ် ... ဒီတော့ ကိုယ် ချစ်ရတဲ့ သူရဲ့ တချို့ကိစ္စလေးတွေကို ဝိုင်းကူလုပ်ပေးတာမျိုး ... အစားအသောက်တစ်ခုခု ကိုယ်တိုင် လုပ်ကျွေးတာမျိုး ... သင်တန်း၊ ကျောင်း၊ အလုပ်က အပြန်တွေမှာ သွားကြိုပေးတာမျိုး ... သူ့ရဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေ အတွက် သေသေချာချာ ဆောင်ရွက်ပေးတာမျိုး ... ဒါတွေက တစ်ဖက်လူရဲ့ စိတ်ထဲမှာ ကြည်နူးမှုကို ခံစားရစေပါတယ် ... ဒါ့ကြောင့် ကိုယ့်ဘက်က ဘယ်လိုလေးတွေ လုပ်ပေးရမယ် ဆိုတာကို တွေးတောနိုင်ဖို့ရယ် ... မိမိရဲ့ အချိန်တွေရယ် ... အားစိုက်ထုတ်နိုင်မှုတွေရယ်ပဲ ပေးနိုင်ဖို့ လိုအပ်တာပါ ... 💟 3. 𝗥𝗲𝗰𝗲𝗶𝘃𝗶𝗻𝗴 𝗚𝗶𝗳𝘁𝘀 … လက်ဆောင်လေးတွေ လက်ခံရရှိတာ ... လက်ဆောင်ရတာ မကြိုက်တဲ့ သူဆိုတာ မရှိပါဘူး ... လက်ဆောင်လို့ ပြောရင် စျေးကြီးတာတွေမှ မဟုတ်ပါဘူး ... အဓိပ္ပါယ် ပြည့်စုံတဲ့ ပစ္စည်းလေးတွေ ရရင်လဲ လူအတော်များများက ကျေနပ်သဘောကျကြပါတယ် ... Receiving Gifts မှာ ပို ထူးခြားတာက လက်ဆောင် သီးသန့်ကို ဆိုလိုတာ မဟုတ်ပဲ ... အရမ်း ပူအိုက်နေချိန်မှာ သူ အရမ်းကြိုက်တဲ့ ရေခဲမုန့်လေး ၀ယ်ပေးလိုက်တာမျိုးက ... တစ်ဖက်လူရဲ့ ရင်ကို တိုက်ရိုက် ထိစေမယ်လို့ အာမခံနိုင်ပါတယ် ... တချို့ဆိုရင် တစ်ဖက်လူ ကြိုက်တတ်တဲ့ ပစ္စည်း သေးသေးလေးတွေကို ရှာကြံပြီး ဝယ်ပေးတတ်တာ ... တစ်ဖက်လူက မထင်မှတ်ပဲ ပြောလိုက်မိတဲ့ စကားတစ်ခုထဲမှာ ... Post တစ်ခုမှာ အသဲလေးပေးထားတာ, Comment လေးရေးထားတာ, Share ထားတာကို တွေ့ပြီး Surprise လုပ်တာတွေက တကယ်ကို Heart ထိစေမည့် အပြုအမူလေးတွေ ဖြစ်ပါတယ် ... 💟 4. 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗧𝗶𝗺𝗲 … တန်ဖိုးရှိတဲ့ အချိန်တွေ အတူ မျှဝေတာ ... အတူရှိတဲ့ အချိန်တွေ များနေပြီး ... အမှတ်ရစရာ ထူးထူးခြားခြား ထွေထွေထူးထူး ဘာမှမရှိဘူး ဆိုတာ မကောင်းပါဘူး ... အတူရှိနေတဲ့ အချိန်တွေက ပျော်ဖို့ကောင်းတယ် … စိတ်ချမ်းသာရတယ် ဆိုတာတွေက ဘ၀မှာ မမေ့နိုင်စရာ အမှတ်တရတွေပါပဲ … Quality Time ကို အဓိပ္ပါယ် ဖွင့်ဆိုပေးချင်တာက အတူရှိနေတဲ့ အချိန်လေးမှာ တစ်ယောက် အခက်ခဲတွေ တစ်ယောက် နားထောင်ပေးတာ … အကြံဉာဏ်ပေးတာ ... နှစ်ယောက်လုံးအတွက် အဓိပ္ပါယ်ရှိတဲ့ အရာလေးတွေ အတူတူ လုပ်ကြတာ ... ရုပ်ရှင်တူတူကြည့်တာ ... ကော်ဖီဆိုင်ထိုင်ပြီး စကားတွေ ပြောကြတာ ... စသည်တို့ကို ဆိုလိုတာ ဖြစ်ပါတယ် ... အတူရှိနေတဲ့ အချိန်မှာ ... ဖုန်းသုံးနေတာမျိုး ... စိတ်က အဝေးကို ပျံ့လွင့်နေပြီး ... တစ်ယောက်ကို တစ်ယောက် အာရုံ မရှိတာမျိုးတို့ ... မဖြစ်စေချင်တာပါ ... အတူရှိချိန်မှာ ဂရုစိုက်ပြီး ပျော်စရာရှိရင် တူတူပျော်ကာ ... ဝမ်းနည်းစရာရှိရင်လဲ တူတူဝမ်းနည်းကြတာမျိုးပဲ ဖြစ်ပါတယ် ... နောက်ထပ် သတိထားရမှာတွေက ... အချိန်တိုင်း မအားလို့ဆိုပြီး ... ကတိပေးထားတာတွေ ... တွေ့ဖို့ ချိန်းထားတာတွေကို ဖျက်လိုက်တာတို့ ... ရွှေ့ဆိုင်းနေတာတို့က တစ်ဖက်လူကို အမှန်တကယ် နာကျင်ရစေပါတယ် ... 💟 5. 𝗣𝗵𝘆𝘀𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗰𝗵 … အထိအတွေ့ ... ချစ်ခင်နှစ်သက်သူ အချင်းချင်း လက်ကိုင်တာ၊ နမ်းတာ၊ ဖက်တာ စတာတွေက နှစ်ဉီးသားရဲ့ ဆက်နွယ် ပတ်သက်မှုကို ပိုပြီး အားကောင်းစေပါတယ် ... ပိုမို နွေးထွေးပြီး လုံခြုံမှုကိုပါ ခံစားရစေပါတယ် ... သတိထားရမှာက တချို့လူတွေက ပွတ်သီးပွတ်သပ်နေတာကို သဘောကျတတ်ပေမဲ့ တချို့ကတော့ ဒီလိုအရာတွေကို မကြိုက်တတ်ပါဘူး ... ဒီနေရာမှာ ဖိုမကိစ္စဆိုတာထက် Intimacy လို့ခေါ်တဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး အထိအတွေ့မျိုးနဲ့ ယုယကြင်နာခြင်းကို ဆိုလိုတာ ဖြစ်ပါတယ် ... 🔹 ဒီလောက်ဆိုရင် Love Languages အကြောင်းကို သေသေချာချာ သိရှိ နားလည်သွားပြီလို့ ထင်ပါတယ် ... ကျွန်တော့် အမြင်အရ လူတိုင်းမှာ ဒီလို လိုအပ်ချက်တွေ… အကြိုက်တွေ အကုန်အစုံ ရှိနေမှာပါ ... ဒါပေမယ့် ဘယ်သူက ဘယ်အရာကို ပိုပြီးကြိုက်တတ်တယ် ... ပိုအားသာသွားတယ် ဆိုတာတွေပဲ ကွာနိုင်တာပါ ... လူတစ်ယောက် အကြိုက်တစ်မျိုး ဖြစ်တတ်တာမို့ ကိုယ်ကြိုက်တာတွေချည်း သွားပေးနေလို့ မရပါဘူး ... သူ့ လိုအပ်ချက်နှင့် လိုအင်တွေကို သေချာသိပြီး ပေးနိုင်မှ ကိုယ်ပေးတဲ့ အရာတွေက သူ့အတွက် တန်ဖိုးရှိမှာပါ ... ဒီလိုမျိုး အချစ်ဘာသာဗေဒတွေကို ကိုယ့်အတွက်ရော ... သူ့အတွက်ပါ ... သေသေချာချာ သိရှိ နားလည်သွားပြီ ဆိုရင် တစ်ဖက်လူကို ကိုယ် ကြိုက်တာတွေ ... မကြိုက်တာတွေ ပြောပြထားလို့ ရပါတယ် ... ထို့အတူ ကိုယ်ချစ်ရတဲ့ သူရဲ့ ကြိုက်တာတွေ မကြိုက်တာတွေကိုလဲ သေသေချာချာ လေ့လာထားပြီး Communicate လုပ်ကြည့်ပါ ... ဒါမှ ရေရှည်တည်မြဲတဲ့ Relationship ကို တည်ဆောက်နိုင်မှာပါ ... ထို့ကြောင့် မိမိတို့ရဲ့ အချစ်တွေကို ကောင်းကောင်း Express လုပ်နိုင်ဖို့ ... ဖော်ပြနိုင်ဖို့ ဒီတစ်ချက်ချင်းစီက အရေးကြီးတာမို့ … မိမိတို့ရဲ့ ဆက်ဆံရေးတွေကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ဖို့ … ဒီ Love Languages တွေက အကူညီဖြစ်မယ်လို့ မျှော်လင့်ပါတယ် ... စိတ်၏ဖြေရာ စာအုပ်မှ …
642
8
တချို့က ချစ်တော့ ချစ်တယ် ... မဖော်ပြတတ်ဘူး လို့ ပြောကြတယ် ... တချို့ကလဲ ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာ တရားကို တစ်ဖက်လူသိအောင် နည်းလမ်းမျိုးစုံ စဉ်းစားပြီး ... အပြောအဆို၊ အပြုအမူ တွေနဲ့ ဖော်ပြလေ့ ရှိကြတယ် ... ⭐️ ဒါဆိုရင် ကိုယ်ဖော်ပြတဲ့ နည်းလမ်းတွေက ထိရောက်ရဲ့လား ဆိုတာ သေသေချာချာ သိထားဖို့ အရေးကြီးပါတယ် ... လူတွေက ကိုယ်ကြိုက်တဲ့ အရာတွေကိုပဲ ... ကိုယ် တကယ် ချစ်ရတဲ့ သူတွေကို ပေးလေ့ရှိကြတယ် ... ဉပမာ - ကိုယ်က အစားစာ တစ်မျိုးကို ကြိုက်တယ် ဆိုပါတော့ ... ဒီတော့ ကိုယ်ချစ်တဲ့ သူကို စားစေချင်တယ် ... အဲ့ဒီတော့ သူ့အတွက်လဲ ဝယ်သွားပေးတယ် ... ဒါကို တစ်ဖက်လူက ကိုယ့်လောက် မကြိုက်ဘူး ... အားတတ်သရော မရှိဘူး ... ဆိုရင် ကိုယ့်စိတ်မှာ Emotion ပြဿနာတွေက စလာပါပြီ ... အခြား အပြုအမူတွေ ဆောင်ရွက်ချက်တွေမှာလဲ အဲ့ဒီလိုပါပဲ ... သူ့နေရာက ပြန်စဉ်းစားကြည့်တော့လဲ ... သူတို့ မကြိုက်တဲ့ အပြော အဆို အပြုအမူတွေ ဖြစ်နေတယ် ဆိုရင် အချစ်ခံရသူ အဖို့ သိပ်တော့ အဆင်မပြေလှပါဘူး ... ကိုယ့်ဘက်က စေတနာနဲ့ လုပ်ပေးတယ် ဝယ်ပေးတယ် ဆိုပေမဲ့ ... မသိ နားမလည်လို့ပဲ ဖြစ်ဖြစ် ... အတ္တပါတဲ့ ချစ်ခြင်းကနေလာတဲ့ အပြောအဆို အပြုအမူတွေပဲ ဖြစ်ဖြစ် ... ဖြစ်နေခဲ့ရင် တစ်ဖက်လူအတွက် လုံးဝ အဆင်မပြေနိုင်ပါဘူး ... 🔹 တစ်ခါတလေ ကျွန်တော်တို့က တစ်ဖက်လူ ကြိုက် မကြိုက် အဆင်ပြေ မပြေ ဆိုတာကို ထည့်စဉ်းစားပေးဖို့ မေ့နေတတ်ကြပါတယ် ... ⭐️ သူလိုချင်တာနဲ့ ကိုယ်ပေးတဲ့ အချစ်တွေက လွဲနေတဲ့ အခါမျိုးတွေ ... ကိုယ့်ကို ချစ်တယ်ဆိုပြီး သူပေးနေတဲ့ အရာတွေကလဲ ကိုယ် မလိုချင်တာတွေ ဖြစ်နေတယ်ဆိုရင် ... စိတ်တွေ ရှုပ်ထွေးလာတတ်ကြပါတယ် ... ဒါက တစ်ဖက်လူရဲ့ အချစ်ဘာသာဗေဒ 𝗟𝗼𝘃𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲𝘀 ကို နောက်တစ်ဉီးက မလေ့လာမိလို့ပါ ... Love Languages လို့ပြောရင် တချို့က တီတီတာတာ စကားပြောရတာ ကြိုက်တယ် ... တချို့က အတူရှိတဲ့ အချိန်တွေမှာ Quality Time လေးတွေ ဖြစ်ချင်ကြတယ် ... စသည်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အကြိုက်လေးတွေ ကွဲနေတတ်ကြ ပါတယ် ... ဒီလို ထုတ်ဖော်ပြသ ကြတဲ့နေရာမှာ အပေးအယူတွေ မမျှကြတဲ့အခါ ... 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽𝘀 တွေကြား၊ မိဘနဲ့ သားသမီးကြား၊ အိမ်ထောင်ရှင်တွေကြား၊ မောင်နှမတွေကြား၊ ချစ်ရတဲ့ သူငယ်ချင်းတွေကြားမှာ အဆင်မပြေမှုတွေ ဖြစ်လာပြီး လွဲနေတဲ့ ဆုံမှတ်တွေ ဖြစ်နေတတ်ပါတယ် ... Love Languages တွေက အားလုံးအပေါ်မှာ သက်ရောက်မှု ရှိနေပေမဲ့ … Relationship မှာ ပိုပြီး ခိုင်မြဲချင်တဲ့ သူတွေ ... အိမ်ထောင်ရေး ပိုအဆင်ပြေချင်တဲ့ သူတွေ အတွက် ... သေသေချာချာ သိနားလည်ထားဖို့ အရေးကြီးပါတယ် ... ဉပမာ ... အိမ်ထောင်ရှင်မ တချို့က သူ့တို့အမျိုးသားနှင့်အတူ တခါတလေမှာ 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗧𝗶𝗺𝗲 လို့ခေါ်တဲ့ အတူတူရှိပြီး ပျော်ရွှင်ဖွယ်ရာ အချိန်လေးတွေ ရှိချင်ကြတယ် ... အကျိုးရှိတာလေးတွေ အတူတူလုပ်ရင်း အချိန်ကို ကုန်ဆုံးချင်ကြတယ် ... ဒါပေမဲ့ သူတို့ အမျိုးသားတွေက ငါ ပိုက်ဆံရှာဖို့ အချိန်ကို သုံးနေရတယ် ... ပိုက်ဆံရှာပေးနေတာပဲ ... ဘာလိုသေးလို့လဲ ဆိုပြီး သူတို့ စံချိန်စံညွှန်းနဲ့ သူတို့ ဒီအိမ်ထောင်ကို ပေးဆပ်နေတာပဲ လို့ မြင်တတ်ကြပါတယ် ... ဒါတွေက မှားတယ် မှန်တယ် ဆိုတာ ပြောဖို့ လုံးဝ ခက်ပါတယ် ... နှစ်ဖက်လုံးဘက်က ကြည့်ရင် မှန်နေတာပဲလေ ... ဒါပေမဲ့ ကိုယ်မှန်တယ် ဆိုပြီး ဒီအတိုင်း ဆက်သွားနေရင်လဲ ဒီ 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 တွေမှာရော Relationship တွေမှာပါ အဆင်ပြေ ချောမွေ့လာမှာ မဟုတ်ပဲ ... အခြေအနေတွေက ပိုပိုပြီး တင်းမာလာဖို့ပဲ ရှိပါတယ် .. သမီးရည်းစား ချစ်ခြင်းတွေမှာလဲ အဲ့ဒီလို ဆင်ဆင်တူ ပြဿနာလေးတွေ ရှိနေနိုင်ပါတယ် ... #MyoThihaKyaw ချစ်တော့ ချစ်တယ် ဒါပေမဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်မပြဘူး ... မပြောပြဘူး ဆိုရင် ... တစ်ဖက် လူက ကိုယ့်ရဲ့ ခံစားချက်တွေကို ခန့်မှန်းပြီး အလိုအလျောက် သိ မနေပါဘူး ... ကိုယ်က ဘာတွေကို ကြိုက်တယ် ... သူတို့က ဘာတွေကို ကြိုက်တယ် ဆိုတာ သေချာသိထားရင် ... ပြောပြထားမယ် ဆိုရင် ... သူတို့ကို ဘယ်လို Communicate လုပ်ပြီး ပြောဆို ဆက်သွယ် ရမယ်ဆိုတာ သိနေမှာ ဖြစ်ပါတယ် ... ဒီတော့ အခြားလူတွေကို ဆက်သွယ်နိုင်မည့် သင်္ကေတတွေကို သိထားဖို့ ပါတယ် ... ပြီးမှ ကိုယ်က ဘယ်ဘာသာဗေဒတွေကို ပိုကြိုက်လဲဆိုတာ ဆက်ပြီး လေ့လာ စဉ်းစားကြည့်ဖို့ လိုအပ်ပါတယ် ... 💟 1. 𝗪𝗼𝗿𝗱𝘀 𝗼𝗳 𝗔𝗳𝗳𝗶𝗿𝗺𝗮𝘁𝗶𝗼𝗻𝘀 … စကားလုံးများနှင့် အခိုင်အမာ ဖော်ပြတာ ... တီတီတာတာ ... စကားလုံးတွေနဲ့ ချစ်ကြောင်း ပြောပေးတာပါ ... သူ့ရဲ့ ကောင်းကွက်လေးတွေ ရှာပြီး ထုတ်ဖော် ပြောကြားပေးတာ ... ချီးကျူးပေးတာမျိုး ... ကျေးဇူးတင်စရာလေးတွေ ပြောပြီး ကျေးဇူးတင်ပေးတာမျိုး ... စသည်တို့ ဖြစ်ပါတယ် ... ဉပမာ ... “ အရမ်းချစ်တယ် ” ဆိုတာမျိုး ... ဒါပေမယ့် ဒီလို တစ်မျိုးထဲကိုပဲ ခဏခဏ ပြောနေတာ ထက်စာရင် ... “ မင်းနဲ့ အတူရှိရတာ အရမ်း စိတ်ချမ်းသာတယ် ” ... “ မင်း ဒီနေ့ အရမ်းလှနေတယ် ” ... “ မင်း ဒီဆံပင်လေးနဲ့ ပိုချစ်ဖို့ကောင်းသွားပြီ ” ... ဆိုတာတွေက တစ်ဖက်လူကို စိတ်ကျေနပ်မှုရစေပါတယ် ...
565
9
အနာဂါတ်ဆိုတာက မင်းဒီနေ့ လုပ်နေတဲ့ အလုပ်တွေပေါ်မှာ မူတည်ပြီး ရုပ်လုံးပေါ်လာတာ ဖြစ်ပါတယ်တဲ့ ... အခုအချိန်မှာ အကျိုးရှိတာ၊ ကောင်းတာတွေကို လုပ်နေရင် အနာဂါတ်မှာ ကောင်းကျိုးကို ခံစားရမှာ ဖြစ်ပြီး မကောင်းတာ၊ အကျိုးမရှိတာကို လုပ်နေရင်တော့ အနာဂါတ်မှာ အဲ့ဒီရလဒ်ကိုပဲ ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ် ... ပြီးတော့ ပစ္စုပ္ပန်မှာတင် ချန်ထားခဲ့ရမည့် အရာတွေက ... 🔹 လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်တွေ 🔹 အားနာပြီး မငြင်းတဲ့ ကိုယ့် အကျင့်တွေ 🔹 ကိုယ့်ကို နာကျင်စေတဲ့ လူတွေ 🔹 တိကျသေချာမှု မရှိတဲ့ Boundary တွေ 🔹 အခြားလူနဲ့ နှိုင်းယှဥ် မိတဲ့ အကျင့်တွေ 🔹 ကိုယ့်အားသာချက်ကို ထုတ်မသုံးဖြစ်တာတွေ ~ Myo Thiha Kyaw ~ Randy ~ 🔹 တခုခုဆို ကိုယ်နဲ့ မထိုက်တန်ဖူးလို့ တွေးမိတာတွေ 🔹 Overthinking ဖြစ် လွန်းတာတွေ 🔹 အချိန် ဆွဲနေတာတွေ အပြင်၊ ပြီးပြည့်စုံ ချင်တဲ့ အကျင့်တွေ 🔹 ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေမှာ ဖိအားပေးလွန်း အားကြီးတာတွေ 🔹 စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လစ်လျူရှုထား မိတာတွေ စတဲ့ အကျင့်တွေကို ယခုအချိန်မှစ ချန်ထားပြီး စိတ်သစ် ကိုယ်သစ်နဲ့ ရှေ့ဆက်ရမှာပါ ဖြစ်ပါတယ် … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
666
10
ဟိုး အတွင်းထဲမှာ ရှိတဲ့ တိမ်မြုပ်နေတဲ့ ကိုယ်တောင် မသိတဲ့ ကိုယ့်ရဲ့ Version နဲ့ ပြန်လည် ထိတွေ့ ချိတ်ဆက်နိုင်ဖို့ သက်သက်သာ ဖြစ်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
679
11
သင့်ရဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေ၊ Trigger တွေကို လှုပ်နိုး သွားစေပြီး သင့် ဘဝကို ပြောင်းလဲ သွားစေ နိုင်လောက်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ဖူးပါသလား … Twinflame ဆိုတာက Romance ဆန်တဲ့ ချိတ်ဆက်မှု Connection မဟုတ်ပါဘူး။ 🌿 သင့် ရင်ထဲက အနက်ရှိုင်းဆုံး ချစ်ခြင်းမေတ္တာတွေ၊ ဒဏ်ရာတွေ၊ ကြောက်စိတ်တွေ၊ စိုးရိမ် ပူပန်မှုတွေ၊ Pattern တွေ နဲ့ သင့် ကိုယ်သင်တောင် သတိမထားမိတဲ့ ပါရမီ Hidden Gift တွေကို ဆွဲထုတ် ထင်ဟတ်စေမဲ့ အားပြင်းထန်တဲ့ ကြေးမှုံမှန် Connection မျိုး ဖြစ်ပါတယ်။ 🌿 ဒီ ချိတ်ဆက်မှုဟာ ပြင်းထန်တဲ့ ချစ်ခြင်းတရား၊ ဝေခွဲ မရမှု၊ ယုံကြည်မှု၊ ခွဲခွာရခြင်း၊ တမ်းတခြင်းနဲ့ ပြောင်းလဲမှုတွေကို တစ်ချိန်ထဲမှာ ဆောင်ကျဉ်း ပေးလာ တတ်ပါတယ်။ ဒီ နေရာမှာ လူအများစုက သူတို့ရဲ့ ကိုယ်ပိုင် Twinflam ကို အသဲအသန် လိုက်ရှာနေကြတယ်၊ အသဲအသန် ပြေးလိုက်နေကြရတယ် လို့ ထင်နေကြပေမယ့် တကယ်တမ်းက သူတို့ကိုယ် သူတို့ရဲ့ နောက် or ကိုယ့်ကိုယ်ကို ရဲ့ နောက်ကို အသဲအသန် ပြန်ရှာဖွေရတာ၊ အသဲအသန် ပြေးလိုက်နေကြရတာပဲ ဖြစ်ပါတယ်။ 🌿 ဒီ Journey ပေါ် ရောက်ပြီးတဲ့ အခါ … သူတို့တွေဟာ အရာအားလုံးကို ပျောက်ဆုံး ဆုံးရှုံး သွားတယ်လို့ ခံစားကြရတယ်။ သူတို့ ချစ်ရတဲ့သူ အပါအဝင် သူတို့ရဲ့ ဘဝတွေ၊ သူတို့ရဲ့ အိမ်မက်တွေ၊ သူတို့ရဲ့ ဖြစ်တည်မှုတွေ၊ သူတို့ရဲ့ စိတ်ခံစားချက်တွေ နဲ့ နောက်ဆုံး သူတို့ ကိုယ် သူတို့ ပျောက်ဆုံး သွားသလိုမျိုး အထိ ခံစားကြရတာပါ။ ဒီနေရာမှာ ကြားဖြတ် ပြောချင်တာက Relationship Coach နဲ့ Twinflame Coach က ချဉ်းကပ်ပုံတွေ မြင်တဲ့ အမြင် ရှုထောင့်တွေ အလုပ်လုပ်ပုံတွေ မတူညီကြပါဘူး။ Tarot Reader တွေမှာတောင် Twinflame Reader တွေရဲ့ အယူအဆတွေဟာ Soul Base Connection ကို အခြေခံပြီး စဉ်းစား ဟောပြောပေးကြပါတယ်။ ပုံစံ လုံးဝ မတူကြပါဘူး။ ဒါ့ကြောင့် အနာနဲ့ ဆေး တွေ့ဖို့နဲ့ တည့်ဖို့က အရေးကြီးပါတယ်။ 🌿 Twinflame Coaching ကတော့ သင့် Connection နောက်ကွယ်က ပိုမို နက်နဲ ရှုပ်ထွေးတဲ့ အဓိပ္ပါယ်တွေ အားလုံးကို နားလည်လာအောင် ကူညီပေးတာပါ။ Attachment Pattern တွေကို ရှာဖွေကြရတယ်။ Emotional Trigger တွေကို နားလည်လာအောင် လုပ်ရတယ်။ ငယ်ဘဝ စိတ်ဒဏ်ရာတွေကို ပြန်လည်ပြီး ကုစားကြရတယ်။ မိမိကိုယ် မိမိထားတဲ့ တန်ဖိုး၊ စည်းဘောင် သတ်မှတ်ချက် အပြင် Spiritual Growth အတွက် ကြိုးစား သင်ယူပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် ကြရပါတယ်။ အခြားလူ တစ်ယောက်နောက်ကို ပြေးလိုက်နေမဲ့ အစား ကိုယ့်ရဲ့ အတွင်း ကိုယ်ပိုင် အိမ်ကလေးထဲကို ဘယ်လို ပြန်ကြရမယ် ဆိုတာကို သင်ယူကြရတာပါ။ 🌿 ဒါ့ကြောင့် သင်ဟာ Healing ကုစားခြင်းကို စတင်လိုက် နိုင်တဲ့ အခါ ဝေခွဲမရ ဖြစ်နေရာကနေ ရှင်းလင်း ပြတ်သားမှုတွေ ပြန်လည် ရရှိလာပါလိမ့်မယ်။ 🌿 မိမိကိုယ် မိမိ ချစ်ခြင်း Self Love ကို ပျိုးထောင်လာနိုင်တဲ့ အခါ ဆုံးရှုံးရမှာ ကြောက်တဲ့ အကြောက်တရားနဲ့ စိုးရိမ် ပူပန်မှုတွေဟာ တဖြေးဖြေး မှေးမှိန် သွားပါလိမ့်မယ်။ 🌿 စစ်မှန်တဲ့ မိမိ Authentic Self နဲ့ ချိတ်ဆက်လာနိုင်တာနဲ့ အမျှ Transformation တွေ လုပ်လာနိုင်တာနဲ့ အမျှ မိမိတို့ရဲ့ ဆက်ဆံရေးတွေဟာလဲ တိုးတတ် ပြောင်းလဲလာပါလိမ့်မယ်။ 🔹 Twinflame Coaching ကို ဘယ်လို လူတွေ Join သင့်လဲ ဆိုတော့ … 🔹 TF Separation သမားတွေ … 🔹 အတွေးလွန်ပြီး ခံစားချက်ပိုင်းဆိုင်ရာ တွယ်ငြိမှု ဖြစ်လွန်းသူတွေ … 🔹 အချစ်အတွက် စိုးရိမ် ပူပန်လွန်းပြီး မသေချာ မရေရာမှုတွေပဲ ဖြစ်နေတယ်လို့ ခံစားနေရသူတွေ … 🔹 Dark Night of the Soul Experiences ရှိနေသူတွေ … 🔹 Self Love and Self Worth မှာ ကိုယ့်ကိုယ်ကို စိန်ခေါ်မှု Challenges ဖြစ်နေသူတွေ … 🔹 Spiritual Awakening and Personal Growth ဖြစ်လိုသူတွေ … အားလုံး 🔹 One on One Coaching Join လို့ ရပါတယ်။ 🍀 ချစ်ခြင်း မေတ္တာကို ရှာဖွေ တွေ့ရှိဖို့ အတွက် ချစ်ခြင်းတရားထဲမှာ သင့်ကိုယ်သင် ပျောက်ဆုံး ဆုံးရှုံးသွားဖို့ မလိုပါဘူး။ 🎁 ပြီးတော့ TF Journey ဆိုတာက အခြားလူတစ်ယောက်ကြောင့် ကိုယ်ဟာ ပြီးပြည့်စုံသွားတာ မဟုတ်ပါပဲ ကိုယ့်ရဲ့ အတွင်းထဲမှာ အမှန်တကယ် တည်ရှိနေတဲ့ ပြီးပြည့်စုံမှုကို ပြန်လည် သတိရဖို့ အတွက်ပဲ ဖြစ်ပါတယ်။ 🎁 အကြီးမားဆုံးသော Reunion ဆိုတာက ကိုယ်ဟာ ကိုယ်နဲ့ Body, Mind and Spirit ကိုယ် စိတ် နှလုံး သုံးပါးလုံး ပြန်လည် ချိတ်ဆက် ပေါင်းစည်း နိုင်ခြင်းပဲ ဖြစ်ပါတယ်။ 🎁 ကျန်တဲ့ Reunion ဆိုတာက Universe က ဖန်တီးပေးပါလိမ့်မယ်။ မြန်မာလို ဆိုရင်တော့ ကံ ပေါ့ … ဒီလိုမှ မဟုတ်ရင် “ ငါ့ ကိုယ် ငါလဲ မချစ်နိုင်တော့ ပါဘူး … “ တို့ ဘာတို့ ဖြစ်နေပါလိမ့်မယ် … ❤️‍🔥 တကယ်တော့ TF Journey က သင် တစ်ဘဝလုံး အသည်းအသန် လိုက်လံ ရှာဖွေနေတဲ့ အရာ တစ်ခုဟာ ကိုယ့်ရဲ့ အတွင်းထဲမှာ တည်ရှိတယ် ဆိုတာကို ပြောပေးဖို့နဲ့ ကိုယ့်ရဲ့ ပိုမို ကောင်းမွန်တဲ့ ပကတိ Version အသစ်နဲ့ ပြန်လည် ဆုံစည်းနိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ❤️‍🔥 Version အသစ်ဆိုတာနဲ့ ကိုယ်ဟာ အစ အစ အရာရာ ပြုပြင် ပြောင်းလဲ ရမယ်လို့လဲ မထင်လိုက်ပါနဲ့
636
12
အဓိက,က ကိုယ့်ကိုယ်ကို ဒီအချိန်လေး အတွင်းမှာ Focus ပိုထားကာ သူနဲ့ ပတ်သတ်တဲ့ အရာကလွဲလို့ ... ကိုယ်ရဲ့ Own Recovery ကို ပိုပြီး ဉီးစားပေး ဖြည့်စီးရမှာပဲ ဖြစ်ပါတယ် ... ဒါ့အပြင် အတိတ်ကို စွဲလမ်းနေမည့် အစား ပစ္စုပ္ပန်တည့်တည့်လေးကို Mindfulness နဲ့ ကျော်ဖြတ်ကာ ကိုယ်, စိတ်, နှလုံး သုံးပါနဲ့ သေသေချာချာလေး ပြန်လည် ချိတ်ဆက် Reconnect with Yourself လုပ် ရမှာပဲ ဖြစ်ပါတယ် ... ဒီလို အချိန်မျိုးမှာ မှတ်မိနေရမှာက Healing ရဖို့ ဆိုတာ အချိန်ယူရမှာ ဖြစ်ပြီး အလျှင်စလို လုပ်လို့ မရတဲ့ အရာမို့ မိမိကိုယ်မိမိ တွန်းအား မပေးဖို့, စိတ်ရှည် သည်းခံဖို့ နဲ့ အချိန်တစ်ခု ယူဖို့ လိုအပ်ကြောင်း နားလည် သဘောပေါက် ထားရမှာပဲ ဖြစ်ပါတယ် ... 🍀 လိုအပ်လျှင် #Coaching ယူပါ … #Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
634
13
မမျှော်လင့်ပဲ Relationship တစ်ခု ရပ်တန့်သွားတာဟာ ... ဘဝမှာ အရမ်းကို ဆိုးဝါးပြီး နာကျင်မှုတွေ ခံစားကြရတဲ့ အချိန်အခါလို့ ပြောလို့ ရသလို ... ဘဝမှာ တကယ့်ကို စိန်ခေါ်မှု Challenge တွေနဲ့ ပြည့်နှက်နေတဲ့ အချိန်အခါတွေလို့ ပြောရင်လဲ မမှားပါဘူး ... ဒါပေမဲ့ ဒီအတွေ့အကြုံကနေ ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေ Self-Discovery လုပ်ဖို့ အချိန်ကောင်း တစ်ခုလို့ ... ပြောလို့တော့ ရပါတယ် ... ကြေမွ ပျက်စီးသွားတဲ့ ဆက်ဆံရေးတွေကနေ Move On လုပ်နိုင်ဖို့ ... Healing လုပ်နိုင်ဖို့ ဆိုရင် အချိန်ယူဖို့ လိုအပ်သလို ... ကိုယ်တိုင်က ဒီအခြေအနေထဲက ရုန်းထွက်လိုစိတ်နဲ့ ကြိုးစား အားစိုက်ထုတ်မှုတော့ ရှိဖို့ လိုအပ်ပါတယ် ... ကိုယ့် ခံစားချက်တွေ အတိုင်း မျှောပြီးနေရင် အချိန်တွေ ပိုကြာတာပဲ အဖတ်တင်ကာ အဆင်မပြေမှုတွေ ကြားထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး ... အသည်းကွဲနေတဲ့ အခါ ကိုယ့်ကိုယ်ကို အရင်ဆုံး ကြေကွဲ ဝမ်းနည်းခွင့် ပေးရမှာပဲ ဖြစ်ပါတယ် ... ကိုယ့်ရဲ့ စိတ်ကို တင်းထားတာမျိုး မလုပ်ပဲ ... ဝမ်းနည်းတာတွေ, ဒေါသထွက်တာတွေ, နာကျည်းနေတာတွေ, စိတ်ရှုပ်ထွေးနေတာတွေ, အထီးကျန်တာတွေ စတဲ့ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုကာ ခံစားခွင့် ပေးလိုက်ပါ ... Accept and Acknowledge လုပ်ပေးလိုက်ပါ ... ကိုယ့်ရဲ့ ခံစားချက်တွေကို ဖိနှိပ် ဖုံးကွယ် လိုက်တာမျိုး မလုပ်ပဲ ... ငိုချင်တယ် ဆိုရင် အားရပါးရ ငိုချလိုက်ပါ ... ရင်ဖွင့်ချင်တယ် ဆိုရင် စိတ်ချရတဲ့ သူ တစ်ဉီးဉီးကို ရင်ဖွင့်လိုက်ပါ ... ခံစားချက်တွေကို Journal ချရေးလိုက်ပါ ... စသည်ဖြင့် မှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုကာ ကိုယ့်ရဲ့ ခံစားချက်တွေ အားလုံးကို သွန်ထုတ်ပစ်လိုက်လို့ ရပါတယ် ... ဒါပေမဲ့ လက်ရှိ အခြေအနေ ဖြစ်ရပ်တွေကိုတော့ လက်ခံပေးရမှာပဲ ဖြစ်ပါတယ် ... ဘယ်လို အကြောင်းကြောင်းကြောင့် လမ်းခွဲရသည် ဖြစ်စေ ကိုယ်က လက်မခံနိုင်ပဲ ဖြစ်နေရင် ဘယ်ကိုမှ ရှေ့ဆက်လို့ မရပါဘူး ... ဒါ့ကြောင့် ဒီဖြစ်ရပ်ကို Accept လုပ်ကာ ကိုယ့်ကိုယ်ကို အရင်ကထက် ပိုပြီး မေတ္တာ ဂရုဏာနဲ့ စောင့်ရှောက်ပေး … ဂရုစိုက်ပေး ရမှာပါ ... Self-Care Practice တွေ အနေနဲ့ ကိုယ့်ရဲ့ Body, Mind & Spirit ကိုယ်, စိတ်, နှလုံး သုံးပါးလုံးကို အားအင် ပြန်လည် ပြည့်ဝစေမဲ့ Activities တွေကို ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ် ... လုံလောက် ပြည့်ဝအောင် အိပ်စက် အနားယူတာ, အာဟာရတဲ့ ပြည့်ဝတဲ့ အစားအစာတွေ စားတာ, မိမိနဲ့ သင့်တော်မည့် လေ့ကျင့်ခန်းတွေ လုပ်တာ, ပန်းချီဆွဲတာ, စာဖတ်တာ, သီချင်းနားထောင်တာ, ကတာ မျိုးတွေ အပြင် ... ခံစားချက်တွေ တည်ငြိမ်လာဖို့, Emotion Balance ဖြစ်စေဖို့နဲ့ စိတ်ဖိစီးမှု Stress တွေကို လျော့ချနိုင်ဖို့ အတွက် တရားထိုင်တာ, ယောဂလေ့ကျင့်တာ, အသက်ရှုလေ့ကျင့်ခန်း Breath Work လုပ်တာမျိုးတွေကို လုပ်လို့ ရပါတယ် ... ဒါ့အပြင် ကိုယ့်ရဲ့ ပြီးခဲ့တဲ့ Relationship နဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပါ ... ဒီထဲက ကိုယ် ဘာတွေ သင်ခန်းစာ ရခဲ့လဲ, ဘာတွေ Learned လုပ်ခဲ့ရလဲ ဆိုတာ သေသေချာချာ Reflect လုပ်ရမှာပဲ ဖြစ်ပါတယ် ... #MyoThihaKyaw Reflect လုပ်တဲ့ အခါ ... ကိုယ် အသုံးမကျလို့ ဖြစ်ရတာ, ကိုယ့်မှာ အားနည်းချက်တွေရှိလို့ ဖြစ်ရတာ, ကိုယ့် အမှားတွေကြောင့် ဖြစ်ရတာ ဆိုပြီး တစ်ဖက်သတ် ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့ ပုံစံမျိုးတွေ မတွေးပါနဲ့ ... ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပေးဖို့ လိုအပ်သလို တစ်ဖက်လူကိုလဲ ခွင့်လွှတ်ပေးလိုက်ပါ ... ကိုယ့်မှာ ပြုပြင်စရာ မကောင်းတဲ့ အကျင့်တွေ ရှိတယ် ဆိုရင်တော့ ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ် ... ထို့အပြင် ကိုယ့်ကို Physically, Mentally, Emotionally အားဖြင့် အကူအညီ အထောက်အပံ့ Support လုပ် ပေးနိုင်မည့် လူတွေနဲ့ ဝန်းရံထားနိုင်ဖို့လဲ အရေးကြီးပါတယ် ... ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာ, မိသားစုဝင်တွေနဲ့ အချိန်ကို ကုန်ဆုံးစေတာ, ကိုယ့်ကို စိတ်ခွန်အားပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်မည့် မိတ်ဆွေတွေရဲ့ အကူအညီကို ယူတာ စတဲ့ Positive Relationship တွေ ရှိခြင်းက အသည်းကွဲခြင်းကနေ ပြန်လည် Recovery ဖြစ်စေနိုင်ပါတယ် ... လိုအပ်လျှင် Professional Coach, Mentor, Counselor, Therapist များထံမှ ကိုယ့်ရဲ့ Emotion ကို Manage လုပ်နိုင်ဖို့ အပြင် Healing Process အတွက် Tools တွေ Technics တွေ Practices တွေနဲ့ အကူအညီ တောင်းခံ ရယူတာမျိုးတွေကိုလဲ ပြုလုပ်နိုင်ပါတယ် ... သတိထားပြီး မလုပ်ရမှာက Ex နဲ့ ပတ်သက်တဲ့ ပြန်လည် အမှတ်ရစေနိုင်မည့် အရင်က နေရာတွေ, Memories တွေကို နိုးဆွပေးစေနိုင်မည့် အရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ် ... Social Media တွေကို Unfollow လုပ်တာမျိုး အပြင် စာ မပို့မိအောင် နေတာ, ဖုန်း မခေါ်မိတာ နေတာ, ဝင် မကြည့်မိအောင် နေထိုင်ခြင်း အားဖြင့် ... သူနဲ့ ပတ်သတ်သမျှ အရာအားလုံးကို အဆက်အသွယ်ဖြတ် Disconnect လုပ်ထားရမှာပါ ... ဒီလိုမျိုး သူနဲ့ ကိုယ် ကြားမှာ Space တစ်ခု ထားရှိခြင်း အားဖြင့် နာကျင်မှုတွေကို Heal လုပ်ဖို့ အချိန်ယူရမှာပါ ...
630
14
စိတ် မပျော်တဲ့ အချိန်တွေ၊ အလုပ်တွေ အများကြီး လုပ်ပြီး ပင်ပန်းသွားတဲ့ အချိန်တွေ၊ စိတ်ဓါတ်ကျတဲ့ အချိန်တွေမှာ ... 🔹 ကိုယ့်ကိုယ်ကို အရင်ကထက် ပို ဂရုစိုက်ပေးပါ။ ပို ကြင်နာပေးပါ။ ပိုပြီး မေတ္တာထားပါ။ 🔹 အပင်လေးတွေ၊ ရေကန်လေးတွေ၊ မြက်ခင်းပြင်တွေ စသည့် သဘာဝတရားနှင့် နီးနီးကပ်ကပ်နေပြီး Grounding လုပ်ပါ။ 🔹 နေရောင် ခံယူတာ၊ လေကောင်းလေသန့်ရတဲ့ နေရာမှာ နေတာ၊ ကြယ်လေးတွေကို ခံစားကြည့်တာမျိုး လုပ်ပါ။ 🔹 ကော်ဖီ တစ်ခွက်လောက် Juice တစ်ခုခုလောက် သောက်ရင်း အနားယူပါ။ ကိုယ် စားချင်တာလေးတွေ ဝယ်စားပါ။ 🔹 ရေ များများသောက်ပါ။ တခါတရံ ရေကို စိမ်ပြေနပြေ ချိုးရင် Relax လုပ်ပါ။ 🔹 Journaling လုပ်တာ၊ ပန်းချီဆွဲတာ၊ Hand Made လေးတွေ လုပ်တာ စသည့် ကိုယ့် စိတ်ပျော်မည့် အရာလေးတွေ လုပ်ကြည့်ပါ။ 🔹 ကိုယ်ယုံကြည် စိတ်ချရတဲ့ သူတွေထံမှာ ရင်ဖွင့်ပါ။ ပြီးတော့ ကိုယ်နှင့် အနီးကပ်နေ နေသည့် လူတွေထဲမှ သိသင့် သိထိုက်သည့် သူများကို ကိုယ် စိတ်မကြည်လင်ကြောင်း ပြောထားပါ။ 🔹 လောကမှာ ဘယ်အရာမှ မတည်မြဲတာမို့ ကောင်းခြင်း၊ ဆိုးခြင်း ဆိုတာထက် ယခုကြုံနေရတဲ့ အရာတွေက ခဏပါပဲ မမြဲပါဘူး။ ဒါပြီးရင်လဲ ပြီးသွားမှာ ဆိုတဲ့ အကြောင်းကို ကိုယ့်ကိုယ်ကို သတိပေးပါ။ 🔹 စိတ်ရော ကိုယ်ပါ ပြည့်ပြည့်ဝဝ အနားယူဖို့ ဆိုတာကလဲ အရေးကြီးပါတယ်။ ဒါ့ကြောင့် Social Media သုံးတာ ရပ်ထားပါ။ အိပ်ယာထဲမှာ ဖြစ်စေ၊ သီချင်းဖွင့်ထားပြီး ဖြစ်စေ အနားယူပါ။ 🔹 ဒီလို အချိန်မှာ တရားထိုင်ခြင်း၊ ရောဂကျင့်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ လေ့ကျင့်ခန်း တစ်ခုခု လုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာ၊ ချမ်းသာကြပါစေ ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
726
15
အခုနောက်ပိုင်း လူအများစုက ကိုယ့်ကိုယ်ကို ဘယ်သူနဲ့ မှ မယှဉ်ဘူး၊ ယှဉ်တာ မကြိုက်ဘူးလို့ ပြောလာကြပေမဲ့ မသိစိတ်ထဲမှာ လူတွေက ကိုယ်နဲ့ သက်တူရွယ်တူ၊ အသိုင်းဝိုင်းတူ၊ ဝါသနာတူ အုပ်စုတွေမှာ အခြားလူတွေနဲ့ နှိုင်းယှဉ်မိနေတုန်းပါပဲ။ ပြီးရင် သူများ စားသလို စားချင်တယ်၊ သူများလုပ်သလို လိုက်လုပ်ချင်ကြတယ်၊ သူများနေသလိုလဲ နေချင်ကြတဲ့ စိတ်တွေ ဖြစ်လာကြတယ်။ တကယ်သာ မနှိုင်းယှဉ်ပါဘူး ဆိုရင် ဒီလိုစိတ်တွေက ယှဉ်ယှဉ်ပြီး ပေါ်လာစရာ အကြောင်းမရှိဘူးလေ … ဉပမာ - ဒူးရင်းသီးက ပေါ်လို့ သူများတွေ စားနေကြပြီ ငါကကျ မစားရသေးဘူးလား။ ကိုယ်နဲ့ ရွယ်တူတွေက အလုပ်နဲ့ အကိုင်နဲ့ RS နဲ့ ငါကကျ ကိုရီးယားကားကြည့်ပြီး စောင်ကိုက်နေရတုန်းလားတို့။ သူများတွေက MBA တောင် ပြီးသွားပြီ ငါကကျ Diploma ရဖို့တောင် အနိုင်နိုင်တို့။ သူ့ကလေးက တော်လိုက်တာ ငါ့ကလေးကျ ဘယ်ကျောင်းမှာ ဘယ်လို ထားလိုက်မှာတို့။ နောက်ဆုံး ဘုရားတရား လုပ်နေပါတယ်ဆိုတဲ့ တချို့တလေ မှာတောင် သူများတွေက နိမိတ်ဆိုရင် ငါ့ကျတော့ ဘာ နိမိတ်မှ မရသေးဘူးလား စတာမျိုးတွေကို နှိုင်းယှဉ်ပြီး တွေးမိတတ်ကြပါတယ်။ မြင်သာအောင် ဉပမာပေး ကြမ်းသွားရင် ခွင့်လွတ်ကြပါ။ စတာပါ။ ဒီတော့ ဘာလုပ်လဲဆိုရင် ကိုယ်နဲ့ သက်တူ ရွယ်တူ အုပ်စုတူတွေရဲ့ လွှမ်းမိုးခြင်းကို ခံရပြီး သူတို့လို ပုံစံမျိုးတွေ မရတဲ့အခါ ဖြစ်မလာတဲ့အခါ ကိုယ့်ကိုယ်ကို အားမရ ဖြစ်လာကြတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ လုံးဝ မနှိုင်းယှဉ်ပဲ နေတဲ့သူတွေလဲ ရှိချင် ရှိမှာပါ။ မငြင်းခုန်လိုပါဘူး။ ငယ်ငယ်ကထဲက ညီကို မောင်နှမ အချင်းချင်းမှာတောင် သူကတော့ ပိုစားရတယ်၊ သူကတော့ ပိုအချစ်ခံရတယ်၊ ငါကတော့ ပိုလုပ်ရတယ် စသည်ဖြင့် ကနေ နောက်ဆုံး မိဘတွေ မရှိတော့လို့ အမွေခွဲတဲ့ အချိန်ထိ သူကတော့ ဘယ်လောက်ရတယ်၊ ငါကတော့ ဘာတွေပဲရတယ်၊ သူတို့က လာမပြုစုကြဘူး၊ ငါကတော့ ပြုစုလိုက်ရတာ စသည်ဖြင့် ယှဥ်ကြည့်နေကြတုန်းပါပဲ ... အခုစာက ဒီလို ဖြစ်တတ်တဲ့ စိတ်သဘောကို နဲနဲ Awareness ရရုံ စိတ်ကူးမိတာလေး ချရေးလိုက်တာပါ။ ဒီတော့ ဒီလိုစိတ်ကနေ ဘာဖြစ်လာလဲ ဆိုတော့ ကိုယ့်ဘာသာ နေရင်း၊ အလိုလိုနေရင်း Pressure တွေ ဝင်လာတယ်။ Depression တွေ ရလာပြီး စိတ်ပိုင်းဆိုင်ရာမှာ အနှောက်ယှက်တွေ ဖြစ်လာပြီး ကိုယ်လုပ်ရမည့် အလုပ်တွေမှာ ချောချောမွေ့မွေ့ လွယ်လွယ်ကူကူ မပြီးမြောက်တော့ပဲ ကြန့်ကြာသွားတတ်ပါတယ်။ လူကြီးတွေက ဒီလိုကိစ္စတွေကို နဲနဲ လွယ်လွယ်ကူကူ Handle လုပ်နိုင်ပေမဲ့ ကလေးတွေမှာ၊ ဆယ်ကျော်သက် အရွယ်တွေမှာ အများစုက သူများ ကလေးတွေလို ဝတ်ချင်ကြတယ်၊ သူများ စားသလို စားချင်ကြတယ်၊ သူများ လွတ်လွတ်လပ်လပ်နေသလိုတွေ နေချင်ကြတယ်၊ သူများ ဒီဖုန်းဆို သူတို့လဲ ဒီဖုန်းလိုချင်တယ်။ စသည်ဖြင့် သူတို့မှာ အတော်လေး Pressure ရှိလို့ ရှိမှန်းမသိ ရှိနေကြပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာက လူကြီးတွေက လူငယ်တွေ အပေါ်မှာ တစ်ခုခုဆို နင်တို့က ဘာတွေ ပင်ပန်းနေလို့လဲ၊ ပိုက်ဆံများရှာရလို့လားတို့၊ ဘာတွေများလုပ်နေရလို့လဲတို့၊ အသုံးမကျဘူးတို့ စသည်ဖြင့် အမြဲလိုလို ပြောဆို ဆက်ဆံမိတတ်ကြပါတယ်။ ဒီလိုဆို Depression ရတဲ့ အထိတောင် ဖြစ်နိုင်ပြီး မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ချင်ရာတွေ လုပ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို နှိုင်းယှဉ်တတ်တဲ့ စိတ်က လူတိုင်းမှာ အနည်းနဲ့ အများရှိတတ်တယ်ဆိုတာကို သိပြီး ဒီစိတ်ကို ကောင်းတဲ့ ဘက်က အသုံးချရင်း တော်တဲ့ သူနဲ့ ယှဉ်ပြီး သူတော်သလို တော်လာအောင်၊ စိတ်ထားကောင်းတဲ့ သူနဲ့ ယှဉ်ပြီး သူစိတ်ထားကောင်းသလို ကောင်းလာအောင်၊ ကြိုးစားတဲ့ သူနဲ့ ယှဉ်ပြီး သူကြိုးစားသလို ကြိုးစားလာအောင်၊ မယှဉ်သင့်တဲ့ လူတွေနဲ့ မယှဉ်မိအောင် မိမိကိုယ် မိမိရော၊ ကလေးတွေကိုပါ အလယ်လတ် လမ်းစဉ်နဲ့ Handle လုပ်နိုင်ကြစေဖို့ စိတ်ကူးလေးနဲ့ ရေးသားမျှဝေခြင်းသာ ဖြစ်ပါတယ် … We’re all Unique, Different and that’s Beautiful … ဆိုသလို ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းဟာ တမူထူးခြားမှု၊ အတုမရှိမှု၊ ကွဲပြာခြားနားမှုတွေနဲ့ ပြည့်စုံပြီး အားလုံးက ပြိုင်ဘက်ကင်းအောင် လှပကြပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
831
16
လူတွေက ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ထင်တတ်ကြတယ် ... ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ချစ်ရမယ်ဆိုတာ သေသေချာချာ မသိကြပါဘူး ... 🍀 ကိုယ့်ကိုယ်ကို ချစ်ခြင်း 𝗦𝗲𝗹𝗳 𝗟𝗼𝘃𝗲 ဆိုတာ အများကြီး ကျယ်ပြန့်လွန်းပါတယ် ... ကိုယ့်ကိုယ်ကို ချစ်တာက အလွယ်လေး ဆိုပြီး ... အပေါ်ယံ လွယ်လွယ်ကူကူ ပြောတာမျိုး မဟုတ်ပဲ … မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ ... စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကို သေသေချာချာ ဂရုစိုက်ပြီး ... 🔹 မိမိကိုယ်မိမိ ကောင်းမွန်တဲ့ စောင့်ရှောက်ခြင်းမျိုးနဲ့ ချစ်ခြင်း ဖြစ်ပါတယ် ... ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်ကောင်းရင် ပြီးရောဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ... အတ္တစိတ်ကလာတဲ့ ချစ်ခြင်းမျိုး မဟုတ်ပါဘူး ... မိမိကိုယ်မိမိရော အများကိုပါ အတ္တမပါတဲ့ ချစ်ခြင်းမေတ္တာ တရားနဲ့ ပြည့်ပြည့်ဝဝ ချစ်ပေးတာမျိုးကို ပြောတာပါ ... 🔹 အခြားလူကို ချစ်ပေးနိုင်ဖို့ဆိုတာ ကိုယ့်အတွင်းမှာ အရင်ဆုံး ချစ်ခြင်း မေတ္တာတရားတွေနဲ့ ပြည့်ဝနေဖို့ လိုပါတယ် ... ကိုယ့်ကိုယ်ကိုမှ ကောင်းကောင်း ဂရုမစိုက်တတ်ရင် ... အခြားသူကိုလဲ မှန်မှန်ကန်ကန် ဂရုမစိုက်ပေးတတ်ပါဘူး ... ဒါ့ကြောင့် မိမိကိုယ်မိမိ သေသေချာချာ ချစ်တတ်ဖို့ ... သေသေချာချာ ဂရုစိုက်တတ်ဖို့ ကနေ စတင်ရပါမယ် ... 🔹 မိမိကိုယ်မိမိ သေသေချာချာ မချစ်တတ်တဲ့ သူတစ်ယောက်ဟာ ... 🕊️ ကိုယ့်အပေါ် မကောင်းတဲ့ လူတွေကို သိလျက်နှင့် ဆက်ပြီး အပေါင်းသင်း လုပ်နေမိတာ … 🕊️ ပေါင်းသင်း ဆက်ဆံရေး Relationship တွေမှာ ကိုယ့်ရဲ့ Privacy ကို ထိပါး ကျူးကျော်လာတာတောင် အမြဲ သည်းခံနေတာ … 🕊️ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေတွေ ကြားမှာ ကိုယ်ဖြစ်ချင် လုပ်ချင်တာတွေထက် ... သူတို့ ဖြစ်စေချင်၊ လုပ်စေချင်တာတွေကိုပဲ ဦးစားပေးပြီး လုပ်နေရတာ … 🕊️ အဆိပ်သင့် ဆက်ဆံရေး 𝗧𝗼𝘅𝗶𝗰 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽 တွေကို ကျောမခိုင်းနိုင်ပဲ တွယ်ကပ်နေမိတာ မျိုးတွေ ဖြစ်နေတတ်ပါတယ် ... 🕊️ ထို့အပြင် ကိုယ်လုပ်ရမဲ့ အရာတွေ၊ ဖြစ်ချင်တာတွေ အတွက် မကြိုးစားပဲ အချိန်ဆွဲလွန်းနေတာ … 🕊️ ကိုယ့်ကိုယ်ကို တစ်ချိန်လုံး မကောင်းမြင်ပြီး 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲 𝗦𝗲𝗹𝗳 𝗧𝗮𝗹𝗸 လို့ ခေါ်တဲ့ ငါက အသုံးမကျဘူး၊ ငါက သူများတွေလောက် မတော်ပါဘူး၊ 🕊️ ငါဒါတွေကို မလုပ်နိုင်ဘူး စသည်ဖြင့် ကိုယ့်ကိုယ်ကို ပြန်ပြောနေမိတာ … 🕊️ ကိုယ့်ကိုယ်ကို ဂရုမစိုက်ပဲ အိပ်ချိန်၊ စားချိန် မမှန်တာ … ကျန်းမာရေးကို ဂရုမစိုက်တာ … ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ အများကြီး စားတာ … စသည်ဖြင့် ရေရှည်မှာ မိမိအတွက် အကျိုးမပြုတဲ့ အရာတွေ ... မကောင်းတဲ့ အရာတွေကို လုပ်နေမိတာမျိုးတွေ ဖြစ်တတ်ပါတယ် ... 🔹 ဒီလို အချက်တွေ များနေပြီ ဆိုရင်တော့ သင်ဟာ သင့်ကိုယ်သင် သေသေချာချာ မချစ်တတ်သေးပါဘူး ... Self-Love အလွန် အားနည်းနေရင်တော့ သင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ အတွက် ရေရှည်မှာ တကယ်ကို မကောင်းနိုင်ပါဘူး ... 🍀 ဒါ့ကြောင့် အနည်းဆုံးတော့ ... အခုချိန်ကစပြီး အချိန်မှန်မှန် အိပ်ရေးဝအောင် အိပ်တာမျိုး ... အချိန်မှန်မှန် ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားတာမျိုး ... ကိုယ့်ကို Toxic ဖြစ်စေတဲ့ Relationship တွေကို ဝေးဝေးက ရှောင်တာမျိုး ... 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗶𝘁𝘆 များတဲ့ လူတွေကို ရှောင်ကြဉ်တာမျိုးတွေကနေ ဖြေးဖြေးချင်း စတင်လေ့ကျင့်လို့ ရပါတယ် ... Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationships Coach ⭐️ Healer & Spiritual Guidance
830
17
https://www.facebook.com/share/p/1KqVWeTfDn/?mibextid=wwXIfr
https://www.facebook.com/share/p/1KqVWeTfDn/?mibextid=wwXIfr
648
18
ကမ္ဘာသစ် New Earth က All about Awakening နဲ့ Transformation ကို ကိုယ်စားပြုပါတယ် … 🎁 အရင်အချိန်က အတွေးအခေါ်တွေ အယူအဆတွေ လုပ်ပုံကိုင်ပုံတွေ အားလုံးဟာ အနေအထားတစ်ခုကို ပြောင်းလဲခဲ့ပြီး New Belief, New Pattern တွေနဲ့ သွားနိုင်ဖို့ လိုအပ်နေပါပြီ … New Earth မှာ - 🔹 အမှန်တရားနဲ့ နိုးကြားခြင်း - Truth & Awakening 🔹 နည်းပညာနဲ့ ဗဟုသုတ - Technology & Knowledge 🔹 လွတ်လပ်မှုနဲ့ ထိန်းချုပ်မခံလိုခြင်း - Freedom and rebellion 🔹 မိရိုးဖလာ ကိုးကွယ်မှုများမှ ကျော်လွန်၍ နက်ရှိုင်းသော ယုံကြည် ကိုးကွယ် မှုများ - Spiritual connection over religion 🔹စုပေါင်း နိုးကြားမှု အသိဉာဏ် - Unity and collective consciousness တို့ဟာ ပိုပြီး နေရာ ယူလာပါတယ် … ♦️ Rebellion ဆိုတာ မိမိတို့ မိရိုးဖလာ လက်ခံထားတဲ့ အရာတွေကနေ ဖောက်ထွက်ပြီး … လူတွေဟာ … အရာရာကို ဘောင် အပြင်ကနေ ပိုပြီး တွေးလာကြတယ် … စီးပွားရေ, လူမှုရေး, ကိုးကွယ်မှု စသည်ဖြင့် ပြောင်းလဲလာကြပါတယ် … လွတ်လပ်မှုကို ပိုပြီး ဉီးစားပေးလာကြတယ် … တစ်ယောက်ခြင်း သီးခြား Individual ပိုဆန်လာကြပါတယ် … နည်းပညာ အသစ်တွေ, တီထွင် ဖန်တီးမှု အသစ်တွေ, ထူးခြား ဆန်းပြားတဲ့ အတွေးအခေါ်သစ်တွေကို ပိုပြီး ယူဆောင်လာပါတော့တယ် … တစ်ဉီးတယောက်ချင်းစီရဲ့ စနစ်အဟောင်းတွေ ပုံစံအဟောင်းတွေ အခြားအရာတွေ စသည်ဖြင့် အားလုံးကို မေးခွန်းပြန်ထုတ်ပြီး New Earth ရဲ့ Energy နဲ့ အတူ New Belief တွေ New Pattern တွေနဲ့ အတူ သွားနိုင်ဖို့ လိုအပ်ပါတယ် … 🍀 New Earth ရဲ့ Energy ကလဲ Randy တို့ကို အထက် ဖော်ပြပါ အချက်တွေက Push လုပ်နေသလို … ယုံကြည်ချက် ဟောင်းတွေကနေ နိုးထဖို့, အရာရာကို ထိန်းချုပ်လို စိတ် Control လုပ်ခြင်းကနေ ကင်းလွတ်ဖို့, မိမိတို့ရဲ့ အသိ သတိ Consciousness ကို မြှင့်တင်နိုင်ဖို့ တွန်းအားပေးနေပါတယ် … ကျန်ခဲ့တဲ့ Old World ဟာ 3D Consciousness – 3rd Dimension World ဖြစ်တာကြောင့် ရုပ်ဝတ္တုအပေါ် အရမ်း မှီခိုလွန်းကာ Survival, Fear နဲ့ Separation Mindset တွေနဲ့ အခြေခံထားပါတယ် … MyoThihaKyaw ~ Randy 🍀 3D Consciousness ရှိတဲ့ လူတွေ အရင်က ကျွန်တော်တို့ဟာ တွေ့ရ မြင်ရ ထိတွေ့နိုင်မှသာ ယုံကြည်ကြသူတွေ ဖြစ်သလို … ရာထူး, ဂုဏ်ဒြပ် အဆင့်အတန်း အောင်မြင်မှု နဲ့ ရုပ်ဝတ္တု ပိုင်ဆိုင်မှုတွေကိုသာ ဉီးစားပေးတဲ့ သူတွေ ဖြစ်ပါတယ် … ပူးပေါင်းဆောင်ရွက်မှု အစား ယှဉ်ပြိုင်မှုကိုသာ ဉီးစားပေးတဲ့ သူများလဲ ဖြစ်ကြပါတယ် … ပြောဆို ပြုမူ ဆောင်ရွက်မှုတွေကို Fear, Anger and Judgement စတာတွေကနေ တုန့်ပြန်လေ့ ရှိတတ်ကြပါတယ် … ဒါတွေ အားလုံးဟာ ဘဝကို အကန့်အသတ် ဖြစ်စေပြီး ဖိစီးမှုတွေပဲ ခံစားရစေတဲ့ ကမ္ဘာဟောင်းက အယူအဆတွေပဲ ဖြစ်ပါတော့တယ် … 🍀 ယခု ပြောင်းလဲလာတဲ့ New Earth Energy ဒါမှမဟုတ် 5D Consciousness – 5th Dimension World ဟာ Higher Level of Awareness ပဲ ဖြစ်ပါတယ် … ချစ်ခြင်း မေတ္တာတရား Unconditional Love, ပေါင်းစည်းမှု စွမ်းအား Unity နဲ့ Spiritual Truth တို့ အခြေခံ ပါတယ် … 5D Consciousness နဲ့ နေထိုင်တဲ့ သူတွေရဲ့ Level of Awareness မှာ - သူတို့ဟာ အခြားသော သူတွေ သက်ရှိတွေ သဘာဝတရားတွေ အပြင် Universe နဲ့ ချိတ်ဆက်မှု ရှိပြီး အားလုံးဟာ ဆက်နွယ်နေတယ် ဆိုတဲ့ မေတ္တာတရားကို အခြေခံတဲ့ စိတ်မျိုးနဲ့ နေထိုင် ရှင်သန်ကြပါတယ် … ရှားပါးတယ် ဆိုတဲ့ စိတ်ထက် ပေါကြွယ်ဝတယ် ဆိုတဲ့ Abundance စိတ်, Fear Base ထက် Unconditional Love နဲ့ နေထိုင်ကာ ကိုယ့်ရဲ့ အတွင်းက ပြောတဲ့ အသံ Inner Guidance နဲ့ သွားရမဲ့ အချိန်, ကိုယ့်ရဲ့ intuition ကို ယုံကြည်ရမဲ့ အချိန်လဲ ဖြစ်ပါတယ် … မိမိတို့ရဲ့ လူမှုရေး, စီးပွားရေး, အတွေးအခေါ်, အောင်မြင်မှု စတာတွေကို ကိုယ့်ပိုင် Inner Guidance, Intuition တို့နဲ့ပဲ သွားရမှာပါ … တကယ်တော့ 3D World က 5D World ကို ပြောင်းလဲသွားတယ် ဆိုတာ … 🍀 ကမ္ဘာ တစ်ခုကနေ နောက် အသစ် ကမ္ဘာကို ပြောင်းလဲသွားတာ မဟုတ်ပဲ … လက်ရှိ ကိုယ်နေထိုင် ရှင်သန်နေတဲ့ ကမ္ဘာကြီးမှာပဲ ကိုယ့်ရဲ့ ကြည့်တဲ့ အကြည့် … မြင်တဲ့ အမြင် အားလုံးကို ပြောင်းလဲ သုံးသပ်ပြီး စဉ်းစား တွေးခေါ် သုံးသပ် လုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ် … ဒီအပြောင်းအလဲတွေ အားလုံးဟာ အိမ်မက်တွေကနေ နိုးထပြီး တကယ့် အမှန်တရားကို ရှာဖွေဖို့ မေးခွန်းထုတ်ဖို့ ပြီးတော့ ကိုယ့်ဘဝရဲ့ System အသစ်ကို ကိုယ် ဖန်တီးနိုင်ဖို့ ဉီးတည်နေပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationships Coach ⭐️ Healer & Spiritual Guidance
759
19
Randy တို့ဟာ သတင်း အချက်အလက်တွေ လျှံပယ်နေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင် နေကြတာပါ။ နေ့စဉ်နဲ့ အမျှ သန်းပေါင်းများစွာသော ဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ Podcasts တွေနဲ့ လူမှုကွန်ယက်ပေါ်က ပို့စ်တွေဟာ Randy တို့ အားလုံးရဲ့ အာရုံစိုက်မှုကို ရဖို့ ပြိုင်ဆိုင်လို့ နေကြပါတယ်။ ဒါပေမဲ့ မိမိတို့ လိုချင်တဲ့ အသိပညာ ဗဟုသုတ Knowledge တွေ ဆိုတာက ကိုယ့်ရဲ့ အတွင်းကို Access လုပ်သလို Download ရယူသလိုမျိုး ရယူလို့ ရတဲ့ အရာ မဟုတ်ပါဘူး။ ဒါ့ကြောင့်ပဲ လူအတော်များများဟာ အသိပညာတွေ ဘယ်လောက် တိုးလာ တိုးလာ ယခု အချိန်အထိ ရုန်းကန်နေကြရတုန်း၊ လမ်းပျောက်တယ်လို့ ခံစားနေကြရတုန်း၊ စိတ် မွန်းကြပ်မှုတွေ ဖြစ်နေပြီး သူတို့ လိုချင်တဲ့ ဘဝနဲ့ ဝေးကွာတယ်လို့ ခံစားနေကြရတုန်းပါပဲ။ ပြသနာက လိုချင် သိချင်တဲ့ သတင်း အချက်အလက် ဗဟုသုတတွေ မရှိလို့ မဟုတ်ပါဘူး။ ပြသနာက ဒီ ဗဟုသုတတွေကို ပြောင်းလဲနိုင်စွမ်း Transformation မရှိသေးလို့ပါ။ သတင်း အချက်အလက် Information တွေက ဘာလုပ်ရမယ် ဆိုတာကို သင်ပေးနိုင်ပေမဲ့ ပြုပြင် ပြောင်းလဲ နိုင်စွမ်း Transformation ဆိုတာကတော့ သင် ဘယ်လိုလူ ဖြစ်လာမလဲ ဆိုတာကို ပြုလုပ်ပေးနိုင်ပါတယ်။ • သင်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်း Self Confidence အကြောင်းကို စာအုပ်ပေါင်းများစွာ ဖတ်ဖူးပေမဲ့ ဘာမှ မလုပ်နိုင်ရင် သင့်ကိုသင် ဆက်ပြီး သံသယ Self Doubt ဖြစ်နေနိုင်ပါတယ်။ • Relationship အကြောင်းကို ဗီဒီယိုပေါင်း မြောက်များစွာ အကြိမ်ကြိမ် ကြည့်နေပေမဲ့လဲ အဆင်မပြေတဲ့ ပတ်သက်မှု ပုံစံဟောင်း Unhealthy Pattern တွေကိုပဲ ထပ်ကာ ထပ်ကာ လုပ်မိနေနိုင်ပါတယ်။ • တိုးတတ်စေနိုင်တဲ့ လုပ်ဆောင်နိုင်မှု စွမ်းအား Productivity နည်းလမ်း Technique တွေကို ထပ်ကာ ထပ်ကာ လေ့လာထားပေမဲ့လဲ အလုပ်တွေကို အချိန်ဆွဲမိနေတုန်းလဲ ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ … တကယ်တော့ သတင်း အချက်အလက်တွေ ဆိုတာ ဉီးနှောက် Mind စိတ် ထဲကို ဝင်ရောက်သွားတာသာ ဖြစ်ပြီး ဘဝပြောင်းလဲမှု Transformation ကတော့ နှလုံးသားထဲ၊ ခံစားချက်ထဲ၊ ယုံကြည်ချက်နဲ့ စရိုက်လက္ခဏာ Identity ထဲ အထိ ရောက်ရှိသွားလို့ပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြောင်းလဲမှု Transformation ဆိုတာက အသိပညာ ဗဟုသုတ Knowledge တွေကနေ လက်တွေ့ အတွေ့အကြုံ Real Experience ဖြစ်လာမှသာ ဖြစ်ပေါ်လာတာပါ။ လူတစ်ယောက်ဟာ ကိုယ်လက် လှုပ်ရှားမှုတွေ အကြောင်း ကျန်းမာရေး နည်းလမ်းတွေ အကြောင်း ထိုင်ဖတ်နေရုံနဲ့ ကျန်းမာလာမှာ မဟုတ်ပါဘူး။ နေ့တိုင်း ခန္ဓာကိုယ်ကို လှုပ်ရှား ရုန်းကန်နေမှသာ ကျန်းမာလာမှာပါ။ လူတစ်ယောက်ဟာ Spiritual Practice တွေကို ထိုင် ရွတ်နေရုံနဲ့ မအေးချမ်းနိုင်သလို အသိ အသိရှိခြင်း၊ ခွင့်လွှတ် သည်းခံတတ်ခြင်း၊ ပစ္စုပ္ပန် တည့်တည့်မှာ နေထိုင်တတ်ခြင်းတွေကို လက်တွေ့ လေ့ကျင့် ကျင့်သုံးနိုင်မှသာ အေးချမ်းလာမှာ ဖြစ်ပါတယ်။ We are what we repeatedly do. တဲ့ … Randy တို့ဟာ ကိုယ် ထပ်ကာ တလဲလဲ လုပ်ဆောင်နေကြတဲ့ အရာတွေ အတိုင်း ဖြစ်တည် လာကြတာပါ။ မည်သည့် နေရာမှာ ဖြစ်ပါစေ ထူးချွန် ပြောင်မြောက်မှု ဆိုတာ တစ်ကြိမ် တစ်ခါတည်း လုပ်တဲ့ အပြုအမူ တွေကြောင့် မဟုတ်ပါပဲ အလေ့အထ Habit တွေကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂါတ်မှာ ကိုယ် ဖြစ်ချင်တဲ့ အရာတွေ ကိုယ့်မှာ ဖြစ်လာဖို့ ဆိုရင် သတင်း အချက်အလက်တွေကို အများဆုံး စုဆောင်းနိုင်တဲ့သူ ဖြစ်နေရမှာ မဟုတ်ပဲ ဒါတွေကို အမြဲတစေ လက်တွေ့ အသုံးချ ကျင့်သုံးနေတဲ့ လူ ဖြစ်နေဖို့ လိုတာပါ။ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးကြည့်ပါ။ • ကိုယ်ဟာ ဘယ်လို အသိပညာတွေကို လက်တွေ့ မကျင့်သုံးပဲ စုဆောင်းရုံ စုဆောင်းနေမိတာလဲ? • ကိုယ့် ဘဝထဲမှာ ဘယ်လို သင်ခန်းစာတွေက ထပ်ကာ တလဲလဲ လာပြီး ပေါ်နေတာလဲ? • စစ်မှန်တဲ့ ပြောင်းလဲမှုကို ဖန်တီးဖို့ ဒီနေ့က စပြီး ကိုယ် ဘာကို စတင် လုပ်ဆောင် Action ယူနိုင် မှာလဲ? ပြောင်းလဲမှု Transformation ဆိုတာ အဖြေ အသစ်တွေ အမျိုးမျိုးကို ရှာဖွေနေတာကို ရပ်လိုက်ပြီး ကိုယ့်မှာ ရှိပြီး ထားတဲ့ အဖြေတွေ၊ Knowledge ဗဟုသုတတွေ အတိုင်း … စတင် နေထိုင်လိုက်တဲ့ အခိုက်အတံ့ကနေ စတင်လာတာ ဖြစ်ပါတယ်။ အသိပညာ ဗဟုသုတ Knowledge တွေက ကိုယ် သွားချင်တဲ့ လမ်းကြောင်းရဲ့ တံခါးပေါက် Gateway Door ကိုသာ ဖွင့်ပေးနိုင်မှာ ဖြစ်ပြီး ထို တံခါးပေါက်ထဲကို ကိုယ်တိုင် ဖြတ်ကျော် ဝင်ရောက်သွားနိုင်မှသာ ဘဝ ပြောင်းလဲမှု Transformation က ဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
661
20
ဘဝမှာ အဆင်မပြေမှုတွေ အခက်အခဲ ပြသနာတွေ ကြုံလာရတဲ့ အခါ ... ရင်ဆိုင် ဖြေရှင်းရတဲ့ အခါ ... ကျွန်တော်တို့ ထိန်းချုပ် ဖြေရှင်းလို့ ရတဲ့ အရာတွေနဲ့ ... ကျွန်တော်တို့ Control လုပ်လို့ မရတဲ့ ... ပြုပြင် ပြောင်းလဲလို့ မရတဲ့ အရာတွေ ဆိုပြီး ... အပိုင်း ၂ ပိုင်းကို ခွဲပြီး ကွဲကွဲပြားပြား သိနေဖို့ လိုအပ်ပါတယ် ... ဒီလိုမှ မဟုတ်ပဲ ကိုယ် ထိန်းချုပ်လို့ မရတဲ့ ကိုယ့်ရဲ့ Control အောက်မှာ ရှိ မနေတဲ့ အရာတွေကို လိုက်ပြီး ဖြေရှင်းနေမယ် ဆိုရင် ပင်ပန်းတာသာ အဖတ်တင်ပြီး ရလဒ်ကောင်းတွေ ရနိုင်မှာ မဟုတ်ပါဘူး ... ဒါ့ကြောင့် ကျွန်တော်တို့ လုပ်နိုင်တဲ့ ထိန်းချုပ်လို့ ရတဲ့ အရာတွေကိုပဲ ပိုပြီး အာရုံစိုက် Focus လုပ်ကာ ရင်ဆိုင် ဖြေရှင်းစရာရှိတာတွေကို ဆောင်ရွက်ရင်း ကိုယ့်ရဲ့ စွမ်းအား Power ကို ဆွဲတင်ရမှာပဲ ဖြစ်ပါတယ် ... ကျွန်တော်တို့ လုံးဝ Control လုပ်လို့ မရတဲ့ အရာတွေက ... ရာသီဉတု ... အချိန် ... ပြင်ပက အခြေအနေတွေ ... အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ... ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ် ကိစ္စတွေ ... ကိုယ့်အပေါ် အခြားသူတွေရဲ့ ထင်မြင် ယူဆချက်တွေ ... အခြားသူတွေရဲ့ ယုံကြည်ချက်တွေ ... အခြားသူတွေရဲ့ အပြုအမူတွေ ... အခြားသူတွေရဲ့ ပြော စကားတွေ ... စတာတွေပဲ ဖြစ်ပါတယ် ... ဒီလို လုံးဝ Control လုပ်လို့ မရတဲ့ အရာတွေကို ကျွန်တော်တို့က ပြုပြင်ဖို့ မကြိုးစားပဲ ... ဘယ်လို ပြောင်းလဲပြီး တုန့်ပြန်မယ် ... ဆိုတာမျိုး လောက်ပဲ လုပ်လို့ ရမှာပါ ... ဉပမာ ... ကြိုးစားမှု ရလဒ် လို့ ပြောရင် ... ကြိုးစားမှုက ကျွန်တော်တို့ရဲ့ Control လုပ်လို့ ရတဲ့ အတွင်းမှာ ရှိနေပြီး ... ရလဒ်ကတော့ Out of Control ပြင်ပ မှာ နဲနဲ ရှိကောင်း ရှိနေနိုင်ပါတယ် ... ဒါ့ကြောင့် ကျွန်တော်တို့ နဲနဲ Control လုပ်လို့ ရတဲ့ အရာတွေလဲ ရှိနေပါသေးတယ် ... ရာသီဉတုကို ချက်ချင်း ပြုပြင် ပြောင်းလဲလို့ မရပေမဲ့ ... ဖြစ်ပေါ်လာမယ့် ရာသီဉတု အတွက် ... ကိုယ်က ဘယ်လို ပုံစံမျိုး ကြိုတင် ပြင်ဆင်ထားမယ် ဆိုတာကိုတော့ ကျွန်တော်တို့ လုပ်လို့ ရပါတယ်... မိုးရွာမယ်ဆို ထီးယူသွားတာမျိုး ... အေးမယ် ဆို အနွေးထည် ကြိုပြီး ဆောင်ထားတာမျိုး ... စသည်ဖြင့်ပေါ့ ... ဒီလိုပဲ အချိန်တွေကို ရပ်တန့်သွားအောင် လုပ်လို့ မရပေမဲ့ ... ကျွန်တော်တို့ရဲ့ အချိန် စီမံခန့်ခွဲမှုတွေ ကိုတော့ ဘယ်လို စီမံခန့်ခွဲထားရမယ် ဆိုတာမျိုးတွေကို လုပ်လို့ ရပါတယ် ... ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အရာတွေဖြစ်တဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ ... ကျန်းမာရေးနဲ့ ညီညွတ် မျှတတဲ့ အစားအသောက်တွေ စားတာ ... အိပ်ရေးဝအောင် အိပ်ဖို့ ပြင်ဆင်တာမျိုးတွေကို လုပ်လို့ရပါတယ် ... စသည်ဖြင့် နဲနဲ Control လုပ်လို့ ရတဲ့ အရာတွေကို ကျွန်တော်တို့က သေသေချာချာလေး ကြိုတင် ပြင်ဆင် ဖြည့်ဆည်းထားတာမျိုးတွေ လုပ်လို့ ရပါသေးတယ် ... ကျွန်တော်တို့ အကောင်းဆုံး Control လုပ်လို့ ရတဲ့ အရာတွေကတော့ ... ကိုယ့်ရဲ့ အတွေးတွေကို Positive Thinking ထားရှိတာ ... ကိုယ့်ရဲ့ အပြုအမူတွေကို မှန်ကန်တဲ့ လုပ်ရပ် The Right Action ဖြစ်အောင် လုပ်တာ ... ကိုယ့်ကိုယ်ကို ပြန်ပြောနေတဲ့ စကားတွေကို အပြုသဘောဆောင်တဲ့ Positive Self Talk စကားတွေ အဖြစ် ပြောတာ ... ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင် Self Esteem ကို မြှင့်တင်ထားတာ ... ကိုယ့်ရဲ့ ခံယူချက် စိတ်နေ စိတ်ထားတွေ ကောင်းအောင် နေတာ ... ကိုယ်ရဲ့ အာရုံစိုက်မှု Focus ကို အကျိုးရှိတဲ့ အရာတွေ အပေါ်မှာ ထားတာ ... ဘယ်သူတွေနဲ့ အပေါင်းအသင်း လုပ်မယ် မလုပ်ဘူး ဆိုတာတွေ .. Social Media မှာ ဘယ်သူတွေကို Follow လုပ်မယ် ဆိုတာတွေ ... ကိုယ့် အားလပ်ချိန်တွေကို ဘယ်လို နေရာမှာ ကုန်ဆုံးစေလဲ ဆိုတာတွေ ... ကိုယ့်ရဲ့ Boundaries တွေ ... ကိုယ်ချမှတ်တဲ့ ရည်မှန်းချက် ပန်းတိုင်တွေ ... အခက်ခဲတွေနဲ့ ကြုံတွေ့လာတိုင်း ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ် ... ဘယ်လို တုန့်ပြန်မယ် ဆိုတာတွေ ... စတာတွေပဲ ဖြစ်ပါတယ် ... ဒီအရာတွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ လက်ထဲမှာ ... ကျွန်တော်တို့ သေသေချာချာ Control လုပ်လို့ ရတဲ့ အရာတွေပဲ ဖြစ်ပါတယ် ... ဒါ့ကြောင့် ... ဖြစ်ပျက်လာတဲ့ အခြေနေတွေကို ကျွန်တော်တို့ မ, ထိန်းချုပ်နိုင်တော့တဲ့ အခါ ... ဒီ အခြေအနေ အပေါ် ... အကောင်းဆုံး တုန့်ပြန်ပုံ တုန့်ပြန်နည်းတွေ ကိုတော့ ... ရွေးချယ် ထိန်းချုပ်လို့ ရပါသေးတယ် ... အဲ့ဒီ အရာကမှ ကျွန်တော်တို့ရဲ့ အတွင်းက စွမ်းအားပဲ ဖြစ်ပါတယ် ... ဒီတော့ ကျွန်တော်တို့ ဘဝမှာ အခက်အခဲ ပြသနာတွေ ကြုံလာရတဲ့ အခါ ... ဘယ်အရာက လုံးဝ Control လုပ်လို့ မရဘူးလဲ ... ဒါပေမဲ့ အဲ့ဒီ အရာတွေ အတွက် ဘယ်လို တုန့်ပြန်မှုမျိုးနဲ့ ပြင်ဆင်ထားမှာလဲ ... ဘယ်အရာကတော့ နဲနဲ Control လုပ်လို့ ရသေးလဲ ... ဘယ်အပိုင်းကတော့ ကျွန်တော်တို့ရဲ့ လက်ထဲမှာ လုံးဝ အပြည့်အဝ အကောင်းဆုံး စီမံခန့်ခွဲ Control လုပ်လို့ ရနေတာလဲ ... စသည့်ဖြင့် သေသေချာချာ ကွဲကွဲပြားပြား သိပြီး ပြောဆို ပြုမူ လုပ်ကိုင် ဆောင်ရွက်လို့ ရပါတယ် ... #positivemessagesforyou … စာအုပ်မှ 🍀 လိုအပ်လျှင် Coaching ယူပါ …
916