uz
Feedback
🍀 Randy 🍀

🍀 Randy 🍀

Yopiq kanal

🎁 Personal Growth & Spirituality 🎁

Ko'proq ko'rsatish
6 476
Obunachilar
-724 soatlar
-377 kun
-13030 kun
Postlar arxiv
လူတစ်ယောက်မှာ Awakening က တစ်ကြိမ်တစ်ခါတည်း အကြီးကြီး ဖြစ်တာ မဟုတ်ပါဘူး ... Soul Plan အတိုင်း တစ်ဆင့်ပြီး တစ်ဆင့်ကျော်ဖြတ် ဖြတ်သန်းနေကြရတာပါ ... ပုံမှန်အားဖြင့်လည်း Awakening မှာ အဆင့်တွေ One, Two, Three, Four, Five … ဆိုပြီး ရှိပါတယ် ... ဒါပေမဲ့ ကိုယ့်က ဒီ Stage တွေ ပြီးသွားလို့ လွတ်သွားပြီ မထင်ပါနဲ့ ... ကိုယ်ကျော်ချ ထားမိတဲ့ Lesson တွေက ပြန်လည် ရောက်ရှိလာပြီး ... Awakening တွေ နောက်တစ်ခေါက် အကြီးအကျယ် ထပ်ဖြစ်နိုင်ပါသေးတယ် ... အဲ့ဒီလို အခြေအနေမျိုးမှာ Spiritual သမားတွေက အထိအနာဆုံးပါပဲ ... ဘာလို့လဲ ဆိုတော့ အေးချမ်းမှုရဲ့ အရသာကို သိနေတဲ့ အတွက် ပူလောက်တဲ့ အရသာဟာ ဘယ်လောက် ခံရခက်တယ် ဆိုတာ အရင်ကထက် ပိုပြီး ထိထိမိမိလေး ဖြစ်နေလို့ပါပဲ ... ဒါ့အပြင် ဒီလောက် ကောင်းတာတွေ လုပ်နေတဲ့ ကြားက ကိုယ်မှ ကြုံရတယ် ဆိုတာကလဲ Expectation နဲ့ Reality တစ်ခြားစီ ဖြစ်နေလို့ပါပဲ ... Spiritual Practice တွေကို လုပ်ထားတာက လူကို High ဖြစ်စေတယ် ... ပြီးတော့ ဆေး စွဲသလို စွဲနေစေပါတယ် ... Beginner တွေ အတွက် ပြောတာပါ ... တကယ့် တရားရနေတဲ့ သဘာရင့်တွေကို ဆိုလိုတာ မဟုတ်ပါဘူး ... တစ်ခါတလေတော့ လုပ်ထားတဲ့ Healing တွေ အပေါ်, ရှင်းထားတဲ့ Trauma တွေ အပေါ်, ရွတ်ထားတဲ့ Affirmation တွေ အပေါ် အရမ်းကို ယုံကြည်ထားမိပြီး တစ်ဘက် အစွန်းကို ရောက်သွားလို့ပါပဲ ... အဲ့ဒီ အချိန်မှာ Next Level Awakening နဲ့ ကြုံရတဲ့ အခါ ဘိုင်းကနဲ, အင့်ကနဲ ပြုတ်ကျ ကြတာပေါ့ ... အမြဲတမ်း ပြောနေကြ အတိုင်း Game ဆော့သလိုပဲ Next Level ကို သွားတိုင်း သွားတိုင်း တစ်ခန်းချင်းစီရဲ့ နောက်ဆုံးတိုင်းမှာ ဆရာကြီးတွေကို ကျော်ဖြတ်ရတာကိုး ... ကိုယ်မကြုံဖူးတဲ့ အခက်ခဲကြီးကြီးကို ရင်ဆိုင်ရတာကိုး ... #MyoThihaKyaw ~ Randy ဒီတော့ လှည့်ပြန်မှာလား ... ရပ်နေမှာလား ... ဆက်တတ်မှာလား ဆိုတာက ကိုယ့်ရဲ့ ကိုယ်ပိုင် ရွေးချယ်မှု တစ်ခုပါ ... ဒါ့အပြင် အဲ့ဒီလို အခက်ခဲဆုံး အချိန်မျိုးမှာ ကိုယ့်ကို လမ်းညွှန်ပြသနိုင်တဲ့ ဆရာလိုတယ် ဆိုတာ တစ်ကယ်ကို မှန်ပါတယ် ... ဒါ့ကြောင့် Mentor လိုကို လိုပါတယ် ... Mentor တွေမှာက အသိပညာ, အတတ်ပညာတွေ အပြင် တကယ့် အတွေ့အကြုံတွေ ပြည့်နှက်နေလို့ပါပဲ ... Awakening တစ်ဆင့်စီတိုင်းမှာ New Dimension တွေကို ပွင့်သွားစေသလို ... အဲဒီ Dimension တွေကိုလဲ သေသေချာချာ နားလည်သွားစေပါတယ် ... ပြီးတော့ ကိုယ့်ရဲ့ Awareness ဟာလဲ ပိုမို ကျယ်ပြန့်လာစေပါတယ် ... အဆင့် တစ်ဆင့်ချင်းစီ တိုင်းမှာ Soul Purpose ဟာ ပါရှိလာပြီးသားပါ ... ကိုယ့်ရဲ့ စိတ်ကူး ရည်ရွယ်ချက်က တစ်မျိုး ဖြစ်နေပေမဲ့ Randy တို့ဟာ Soul Purpose ကို ကျော်လွန်လို့ မရပါဘူး ... ကိုယ်က Soul Purpose ကို ကျော်လွန်ဖို့ ကြိုးစားမိတယ် စဉ်းစားနေမိတယ် ဆိုရင်တော့ အဲ့ဒီနေရာမှာတင် Stuck ဖြစ်နေပြီး ရပ်နေ, နစ်နေ, သောင်တင်နေမှာ အမှန်ပါပဲ ... ဒါ‌ကြောင့် ပစ္စုပ္ပန်တည့်တည့်ကို ပြန်ကပ်ပြီး Go With the Flow နဲ့ ကိုယ့်ကိုယ်ကို ဂရုဏာထားပြီး ကိုင်တွယ် ဖြေရှင်းနိုင်ရမှာပဲ ဖြစ်ပါတယ် ... Awakening တိုင်းဟာ ကိုယ့်ကို ပိုပြီးလေ့လာသင်ယူစေဖို့, ပိုပြီး Let go လုပ်နိုင်ဖို့ကို အမြဲ သင်ကြားပေးနေပါတယ် ... ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုက အမြဲ ပြောင်းလဲနေတဲ့ ပုံစံနဲ့ ဖွဲ့စည်းထားလို့ ... မြဲတယ် ဆိုတာ ဘာမှ မရှိဘူး ဆိုတဲ့ အတိုင်း မမြဲချင်းတွေကို အမြဲ သင်ယူနိုင်ဖို့ တည်ဆောက်ထားသလိုပါပဲ ... ဒါ့ကြောင့် အတွေ့အကြုံ Experiences တိုင်းဟာ တန်ဖိုးရှိတဲ့ Lesson တွေ ဖြစ်သလို Consciousness ကို နောက်တစ်ဆင့် ထက်ကျယ်ပြန့်လာဖို့ အတွက် အခွင့်အလမ်းတစ်ခုလဲ ဖြစ်ပါတော့တယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ဒါ့ကြောင့် ဘဝမှာ ဘာတွေပဲ ကြုံရ ကြုံရ ကိုယ်က အဆင်သင့် Ready ဖြစ်လို့ ဆိုတာကို နားလည်ထားရမှာ ဖြစ်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်နိုင်မယ် ဆိုတာကို ကိုယ့်ကိုယ်ကို ယုံကြည်လို့ ထားပေးပါ။   Ref: Jay Shetty 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

တစ်ချို့ လူတွေ အတွက် ဘဝမှာ အချစ်ကို တစ်ကြိမ် တစ်ခါပဲ ကြုံဖူး ကြပေမဲ့ အကြမ်းဖျဉ်းတော့ ဘဝမှာ အချစ်ကို သုံးကြိမ် သုံးခါ ပုံစံ သုံးမျိုးနဲ့ ကြုံ, ဆုံ ရတတ် ကြပါတယ်။   🎆 ပထမ အချစ်က မီးရှူး မီးပန်းလို အချစ်မျိုး …   ကိုယ့် ဘဝရဲ့ မိုး ကောင်းကင် ဝေဟင်ယံကို စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်တယ်။ လင်းလက် တောက်ပမှုတွေ ပေးစွမ်းနိုင်တယ်။ မီးရှုူး မီးပန်းတွေလို ရင်ဘတ်ထဲမှာ ကျယ်လောင်စွာ မြည်ဟီး တုန်လှုပ်စေပါတယ်။   ဒီလို အချစ်မျိုးက ကိုယ့်အတွက် အံ့ဩဖွယ်ရာတွေနဲ့ အတူ ဆန့်ကျင်ဘက်တွေ ဖြစ်တဲ့ ချိုမြိန်မှုနဲ့ စူးရှမှုတွေကို သယ်ဆောင်လာပေး နိုင်ပါတယ်။   ချက်ချင်း ဆိုသလို တွန်းလှန်လို့ မရဘူးလို့လဲ ခံစားရစေနိုင်ပါတယ်။   အဲ့ဒီ အချစ်က ကျွန်တော်တို့ရဲ့ သော့ခတ်ထားတဲ့ နှလုံးသားကို ဖွင့်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားတတ်ပြီး လှပ ပေမယ့် အန္တရာယ် ရှိတယ်လို့ ခံစားရလောက်တဲ့ အထိ အရူးအမူး ဖြစ်စေနိုင်ပါတယ်။   ဒါပေမဲ့ ပထမ အချစ်က မီးရှုး မီးပန်းတွေ လိုပဲမို့ အချိန် တစ်ခဏလေးနဲ့ မှေးမှိန် ပျောက်ကွယ် သွားတတ်တော့တာပါပဲ။   🕯️ဒုတိယ အချစ်က ဖယောင်းတိုင် အလင်းလို အချစ်မျိုး …   ဒီလို အချစ်မျိုးကျတော့ ပိုပြီး နူးညံ့တယ်။ နှလုံးသားကို ပိုပြီး နွေးထွေးမှု ရစေတယ်။ လုံခြုံတယ်လို့ ခံစားရတဲ့ ရင်းနှီးမှုကိုလဲ အပြည့်အဝ ဖန်တီးပေး နိုင်ပါတယ်။   ဖယောင်းတိုင်မီးလိုပဲ ဒုတိယ အချစ်ကလဲ တဖြေးဖြေး တစိမ့်စိမ့် လောင်ကျွမ်းတယ်။ တိတ်ဆိတ်တယ်။ ငြိမ်သက်တယ်။   ဒီ အလင်းရောင်အောက်မှာ အချစ်ကို ဘယ်လို ယုံကြည်ရမယ် ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ ကြောက်ရွံမှု မရှိပါပဲ သင့်ကို ပေးဆပ်ရခြင်းနဲ့ လက်ခံရယူခြင်း တို့ကို နားလည်လာစေပါလိမ့်မယ်။   ဒါပေမဲ့ နောက်ဆုံးမှာတော့ ဖယောင်တိုင်လေး ကုန်သွားတဲ့ အချိန်မှာ အလင်းရောင်ဟာ လုံးဝ ပျောက်ကွယ် သွားသလို အချစ်တွေဟာလဲ ကုန်ဆုံးလို့ သွားတော့တာပါပဲ။   အဲ့ဒီလို အချိန်မျိုးမှာ သင်က ထွက်ခွာခဲ့တာလဲ ဖြစ်ချင်ဖြစ်မယ်။ သူက ထွက်ခွာသွားတာလဲ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။   ကွဲကွာခြင်းဟာ ပထမ အကြိမ်ထက်တော့ ပိုပြီး နူးညံ့နေမယ်။ မုန်တိုင်း တစ်ခု အစား တိတ်ဆိတ်တဲ့ နာကျင်မှုတစ်ခုသာ ဖြစ်နေပါလိမ့်မယ်။   🪞တတိယ အချစ်ကတော့ Mirror မှန်တွေလို အချစ်မျိုးပါပဲ …   မှန်တွေလို ကိုယ့်ကို အရာအားလုံးကို ပြသပေးနေတဲ့ အချစ်မျိုးပါ။   ဒီအချစ်ထဲမှာ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ ကြောက်ရွံ့မှုတွေ၊ သံသယတွေနဲ့ အနာတရတွေ အားလုံးကို မြင်တွေ့ နေရမှာပါ။   ကိုယ်ဘယ်လိုလူ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေရမှာ ဖြစ်ပြီး နောင်တစ်ချိန်မှာ နောက်ထပ် ကိုယ် ဘယ်လိုလူ ဖြစ်သင့်တယ် ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း သိမြင်လာရမှာပဲ ဖြစ်ပါတယ်။ #MyoThihaKyaw ~ Randy ကိုယ့် အတွင်းမှာ ရှိတဲ့ ကောင်းတာတွေ ဖြစ်စေ၊ ဆိုးတာတွေ ဖြစ်စေ အားလုံးကို ကြေးမှုံမှန် တစ်ခု အပေါ်မှာ ပုံရိပ်ထင်သလို Reflect လုပ်ပြီး တစ်ဖက်လူစီကနေ ကိုယ့်ကိုယ်ကို ကောင်းကောင်း ပြန် မြင်နေရမှာပါ။   ကိုယ့်ရဲ့ အားသာချက်တွေကိုလဲ မြင်ရမယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကိုလဲ မြင်ရမယ်။   ကိုယ့်ရဲ့ ကောင်းတဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေ အားလုံးကိုလဲ မြင်ရမယ်။ ကိုယ့်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေ အားလုံးကိုလဲ မြင်နေရပါလိမ့်မယ်။   ဒီတော့ အခက်ခဲဆုံး အချစ်မျိုးကတော့ မှန်တွေလို အချစ်မျိုးပါပဲ။   ကျွန်တော်တို့ဟာ အရာအားလုံးကို ဒီလို မြင်နေရရုံနဲ့ မပြီးသွားပါပဲ ကိုယ် ကိုယ်တိုင်က ပို သတ္တိရှိဖို့၊ ပို နူးညံ့ဖို့၊ ပို ရိုးသားဖို့၊ ပို ချစ်တတ်ဖို့၊ ပို နားလည်တတ်ဖို့၊ ပိုကောင်း ပိုတော်လာအောင် လုပ်တတ်ဖို့၊   ပို ခွင့်လွှတ်တတ်ဖို့ နဲ့ အရာရာကို ပိုပြီး လက်ခံတတ်ဖို့ စသည်ဖြင့် တတိယ ပုံစံလို အချစ်မျိုးမှာ အများကြီး သင်ယူကြရပါတယ်။   ❤️ တကယ်တော့ နှလုံးသားရဲ့ ခရီးစဉ်မှာ ကျွန်တော်တို့ ဒီလိုလူတွေနဲ့ တွေ့စုံရတယ် ဆိုတာ အကြောင်းမဲ့ မဟုတ်ပါဘူး။   မတော်တဆ အမှတ်တမဲ့ အစီစဉ် မရှိပဲနဲ့လဲ ကိုယ့် ဘဝထဲကို ဒီလို လူတွေက မရောက်လာ တတ်ကြပါဘူး။   ဒါကို သေသေချာချာ ခံစားတတ်မယ် ဆိုရင် ပိုပြီး နားလည်လာပါလိမ့်မယ်။   ဒီချစ်ခြင်း မေတ္တာ ပုံစံ ၃ မျိုးလုံးဟာ ကျွန်တော်တို့ရဲ့ နှလုံးသား ခရီးစဉ် Heart Journey ကို ပုံဖော်လို့ ပေးနေတာပါ။   💔 ပထမ မီးရှုး မီးပန်းလို အချစ်မျိုးက ကျွန်တော်တို့ကို နိုးထ Awaken ဖြစ်စေပြီး ဒုတိယ ဖယောင်တိုင် အလင်းရောင်လို အချစ်မျိုးက သင်ယူမှုတွေကို ဖြစ်ပေါ် စေပါတယ်။   နောက်ဆုံး ကြေးမှုံမှန် Mirror လို အချစ်မျိုးကတော့ ကျွန်တော်တို့ အားလုံးကို ပြုပြင် ပြောင်းလဲမှု Transformation and Growth တွေကို ဖြစ်ပေါ် လာစေပါတယ်။   ဆိုရိုး စကားတစ်ခွန်း ရှိပါတယ်။ ကိုယ် ကျော်ဖြတ်နိုင်တဲ့ အဆင့် Level ရောက်မှ အဲ့ဒီ သင်ခန်းစာကို ကြုံရတာပါ ဆိုတဲ့ စကားပါပဲ။   တစ်ခါတလေကျတော့ အချစ်ပဲ ဖြစ်စေ ပြသနာတွေပဲ ဖြစ်စေ ကိုယ် အဆင်သင့် Ready မဖြစ်သေးတဲ့ အချိန်မှာ ကိုယ်က ကြုံရ ဆုံရတယ်လို့ ခံစားရ မိတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ကသာ အဆင်သင့် Ready ဖြစ်လို့ ရင်ဆိုင်ရမဲ့ သင်ခန်းစာတွေက ဖြစ်ပေါ်လာရတာပဲ ဖြစ်ပါတယ်။  

♦️ ဖြစ်ဖူးကြမလား? ကိုယ့်အတွက် နဲနဲလေး အရေးကြီးတယ်လို့ ထင်တဲ့ ကိစ္စလုပ်မယ် ကြံလိုက်တိုင်း ဦးနှောက်ထဲမှာ ကိုယ့်ကို မလုပ်ဖို့ လာလာပြောနေတဲ့ Little Voice အသံလေးတွေ ကြားဖူးလားတော့ မသိဘူး။ ဥပမာ - အဲ့ဒါမလုပ်နဲ့ မဖြစ်ရင် လူတွေက ကဲ့ရဲ့ကြမယ််။ ဒါဝတ်မလို့လား လှမှာလဲ မဟုတ်ပါဘူး။ လူတွေအရှေ့ထွက်ပြီး စကားပြောမလို့လား မှားသွားရင် ရှက်စရာကြီး။ သိပ်ပျော်မနေနဲ့ ပျော်လွန်းရင် ငိုရတတ်တယ် … စသည်ဖြင့် ကိုယ်က လုပ်ချင်၊ ဖြစ်ချင်နေပေမဲ့ တစ်ခုခု လုပ်ခါနီးတိုင်း ကိုယ့်ကိုယ်ကို ပြန်တားနေတဲ့ အသံတွေ ဆိုတာ ကျွန်တော်တို့ ခေါင်းထဲမှာ ရှိပါတယ်။ ♦️ Limiting Belief နဲ့ နဲနဲကွာတာက ပုံမှန် ကန့်သတ်ချက် အစွဲဆိုတာထက် တစ်ခုခု လုပ်ခါနီးမှ Little Voice တွေက ပေါ်လာတတ်တာပါ။ ကိုယ်က တစ်ခုခု ဝယ်ချင်တယ်၊ လုပ်ချင်တယ်၊ သင်တန်းတတ်ချင်တယ်် အဲ့ဒီလို စဉ်းစားတဲ့ အချိန်မှာ နင်က ဒီအရွယ်ကြီးပဲ ရောက်နေပြီ။ ဘာလုပ်ဖို့လဲ။ လုပ်မနေနဲ့။ ဆိုတာမျိုးပါ။ ဒီတော့ ကိုယ်က သူများမပြောခင် ကိုယ့်အတွေးနဲ့ကိုယ် ကိုယ်လုပ်ချင်တဲ့အရာတွေ အတွက် ဒွိဟတွေ ဖြစ်လာပါတော့တယ်။ ♦️ သိစိတ်နဲ့ မသိစိတ်မှာ ကိစ္စတစ်ခုကို သိစိတ်က စဉ်းစားနေချိန်မှာ မသိစိတ်က ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သိစိတ်ရဲ့ စွမ်းအားနှင့် လုပ်ဆောင်နိုင််စွမ်းက ၂၀% လောက်ပဲရှိပြီး မသိစိတ်ရဲ့ အားက ၈၀% အထိ ရှိနေလို့ပါပဲ။ ဒါကြောင့် သိစိတ်က လက်ခံနေပေမဲ့ မသိစိတ်က Little Voice တွေနဲ့ ဆန့်ကျင် တွန်းလှန်နေတာပါ။ ~ Myo Thiha Kyaw ~ Randy ~ ♦️ Little Voice မှာ Positive နဲ့ Negative ဆိုပြီ ၂ မျိုးရှိပေမဲ့ အကောင်းဘက်က တိုက်တွန်းတဲ့ အသံတွေက ရှားပြီးတော့ အဆိုးဘက်ကတိုက်တွန်းတဲ့ အသံတွေက ပိုများပါတယ်။ ဒီ Negative Little Voice တွေကို အဖျက်စိတ်လို့ ယူဆလို့လဲ ရနိုင်ပါတယ်။ ဒီအသံတွေကို Daily Life မှာတောင် ပုံစံမျိုးစုံနဲ့ ကြားနေနိုင်ပါတယ်။ ဒီအသံတွေကို ဘယ်လို ပိုပြီး ကြားနိုင်လဲ ဆိုတော့ မျက်စိမှိတ် စိတ်ကိုငြိမ်အောင် ထားပြီး အာရုံကို စုစည်းလိုက်ရင် ကိုယ့်ကိုယ်ကို ပြောနေတဲ့ အသံတွေက ပိုပြီး ပီသလာမှာပါ။ ဒီအသံတွေ ဘယ်က ဖြစ်လာတာလဲ ဆိုတော့ ငယ်ငယ်က ကိုယ့်ကို ထိန်းကြောင်းခဲ့တဲ့ လူတွေ၊ သူငယ်ချင်းတွေ၊ ကိုယ်ကြုံခဲ့တဲ့ လူတွေရဲ့ ပြောခဲ့တဲ့ စကားတွေ၊ ကြုံခဲ့တဲ့ ဖြစ်ရပ်ကြောင့် ရခဲ့တဲ့ Experience တချို့က မသိစိတ်ထဲထိ ရောက်သွားပြီး အခုအချိန်မှာ ကိုယ့်ကို ပြန်ပြန် ပြောနေတဲ့ အသံတွေပဲ ဖြစ်ပါတယ်။ ♦️ ဒါဆိုရင် ဒီအသံတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် Tip လေးနဲနဲ မျှဝေပေးချင်ပါတယ်။ ၁။ Self-awareness နဲ့ ကိုယ့်ကိုယ်ကို သတိလေးထားပြီး အသံတွေကို နားထောင်ကြည့်ပါ။ ၂။ ကြားလိုက်ပြီဆိုရင် အသိမှတ်ပြုပါ လက်ခံလိုက်ပါ။ ၃။ ပြီးရင် ဘယ်အချိန်တုန်းက ဒါမျိုး ဘယ်သူက ကိုယ်ကို ပြောဖူးလို့လဲ၊ ဘယ်နေရာမှာ ဘာဖြစ်ဖူးလဲ သေသေချာချာ ပြန်စဉ်းစားကြည့်ပါ။ ၄။ Journal ချရေးပါ။ (သို့) ယုံကြည်ရတဲ့ သူထံ ရင်ဖွင့်ပါ။ ၅။ Negative ပေါ်လာတိုင်း ဆန့်ကျင်ဘက် Positive Affirmations အဖြစ် ပြောင်းပစ်ပါ။ ၆။ ကိုယ့်ကို အကျိုးမပြုတဲ့ Little Voice ဆိုရင် let go လုပ်ပါ။ လွတ်ချပါ။ သင့်ရဲ့ Little Voice တွေကို Handle လုပ်နိုင်ကြပါစေ … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

Relationship တွေမှာ ကျွန်တော်တို အားလုံးဟာ ပဲခြမ်းစေ့လေး တစ်ဝက် ဖြစ်တယ် ဆိုတာ အားလုံး ကြားဖူး ပြီးသား ဖြစ်မှာပါ။   ငယ်ရွယ်စဉ် အခါမှာတော့ ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ ပဲခြမ်းစေ့လေး ကျန်တစ်ဝက်ကို ရှာဖွေ ရတာ ဒါမှမဟုတ် ရှာဖွေတွေ့ရှိပြီး ပိုင်ဆိုင်လိုက်ရတာက ကောင်းမွန်တဲ့ အရသာ တစ်ခုလို့ ဆိုရမယ် ဆိုရင်   ဒီပဲခြမ်းစေ့လေးကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ရတာက အနှစ်သာရ တစ်ခုလို့ ထပ်ပြောလို့ ရပါတယ်။   တကယ်တမ်းက “ ကိုယ်က တစ်ခု မပြည့်တဲ့ ပဲခြမ်းစေ့လေးများသာ ဆိုပြီး ကိုယ့်ကိုယ်ကို ယူဆလိုက်တာကိုက ကျွန်တော်တို့ အားလုံးဟာ တစ်ဝက်ပဲရှိပြီး မပြည့်ဝလို့ ပြည့်ဝဖို့ ကျန်တစ်ဝက်ကို စောင့်မျှော်နေကြရတယ်လို့ အလိုလို ဖြစ်သွားပါလေရော “   ဒါဟာ ကျွန်တော်တို့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ ကျွန်တော်တို့ ပျော်ရွှင်ရဖို့ ကျန်တစ်ဝက်ဟာ ဖြစ်တည် နေရတယ်လို သတ်မှတ်လိုက်တာပါပဲ။   ဒါ့ကြောင့် ပဲခြမ်းစေ့လေးတွေဟာ ကိုယ့်မှာ မရှိတာတွေကို တစ်ဖက်လူ စီမှာ ရှာဖွေကြရတယ်။ ကိုယ် လိုချင်တာတွေကို တဖက်လူစီမှာ မျှော်လင့်ကြရတယ်။   ကိုယ် လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို တောင်းဆို ကြရ ပါတော့တယ်။   ဒီလိုပါပဲ တစ်ဖက် ပဲခြမ်းစေ့လေးတွေကလဲ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်နှင့် လိုအင် Need & Want တွေကို ကိုယ့်စီက တောင်းဆိုရင်း အပြန်အလှန် ပြည့်ဝဖို ကြိုးစားကြရ ပြန်ပါတယ်။   ဒါပေမဲ့ အဆင်ပြေကြမယ်လို ထင်ပါသလား။ နှစ်ဦး နှစ်ယောက်လုံးမှာ တစ်ဦး တစ်ယောက်ချင်းစီက လုံလောက် ပြည့်ဝ ကြတာမှ မဟုတ်တာလေ။   မပြည့်ဝတဲ့ တစ်ခြမ်းနဲ့ မပြည့်ဝတဲ့ တစ်ခြမ်း စုံတွေ့ကြရတော့ “ ပဲခြမ်းစေ့လေးတို့ရဲ့ မျှော်လင့်တိုင်း လွဲ” ဇာတ်လမ်းတွေပဲ အခန်းဆက် Series အလိုက် ထွက်ကျလာတော့တာပေါ့။   ဒါ့ကြောင့် ကိုယ်ဟာ ပြည့်ဝတဲ့ ပဲစေ့လေး ဖြစ်နေဖို့ လိုအပ်ပါတယ်။ မိမိကိုယ်သာ အားကိုးရာ ဖြစ်ပါတယ်။ မိမိတို့ လိုအပ်တာ မိမိတို့ ကိုယ်တိုင်သာ ဖြည့်တင်းထားနိုင်ဖို့ တာဝန်ရှိနေကြတာပါ။   တစ်ဖက်လူ အပေါ်မှာ လုံးဝ တာဝန် ရှိ မနေပါဘူး။   ပြီးတော့ တစ်ဖက်လူ ပဲခြမ်းစေ့လေးတွေမှာ မပြည့်ဝလို့ ကိုယ်ဘဝနဲ့ ရင်းကာ ကိုယ့်ဘဝကြီး အပျက်စီးခံပြီး ကိုယ့်ရဲ့ တစ်ခြမ်းထဲကနေ တစ်စိတ် အထိ လိုက်ပိုင်းပြီး ဖဲ့ပေးနေဖို့လဲ လိုအပ် မနေပါဘူး။ #MyoThihaKyaw ~ Randy   ဒါ့အပြင် အပြန်အလှန် ဆက်ဆံရေးတွေမှာ ပဲခြမ်းစေ့လေးတွေဟာ သူတိုရဲ့ မကုရသေးတဲ့ စိတ်ဒဏ်ရာတွေ၊ ကိုယ်ပိုင် အကြောက်တရားတွေ၊ ကိုယ်တိုင်ရဲ့ စိတ်ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေကို   ဒီ Relationship ထဲကို သယ်ဆောင်လာ တတ်ကြပါသေးတယ်။   ဒီလို အခြေအနေတွေမှာ ရှုပ်ထွေးတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို အပြန်အလှန် ဖန်တီးမိကြကာ တစ်ခြမ်းကို တစ်ခြမ်း ကြိုးကိုင် ခြယ်လှယ် Manipulate လုပ်တာ၊ အပြန်အလှန် အစီအစဉ်ဆွဲ သင်ကြားရေး Program လုပ်တွေလဲ ဖြစ်လာ ပါတော့တယ်။   ကျွန်တော်တို့ နေထိုင် ရှင်သန်တဲ့ လောကကြီးက Program တွေ လုပ်ရတဲ့ ကြားထဲ ဆက်ဆံရေး Relationship တွေမှာပါ Program ထပ် အလုပ်ခံကြရတဲ့ ဘဝကြီးက မလွယ်ကူနေလှပါဘူး။   ဘယ်အချိန်မှာ ဘာလုပ်ပေးရမယ်။ ဘယ်လို နေရမယ်။ ဘာလုပ်ရမယ်။ ဘာမလုပ်ရဘူး။ ဘယ်ဟာလုပ်ရင်တော့ ကြိုက်တယ်။ ဘယ်ဟာ ဆိုရင်တော့ မကြိုက်ဖူး ဆိုတာတွေကို သိသိသာသာရော မသိမသာပါ ပဲခြမ်းစေ့လေးတွေဟာ အပြန်အလှန် Program ရေးတတ် ကြပါတယ်။   အစပိုင်း ချစ်ကြည်နူး တစ်တီတူးတဲ့ အချိန်မှာတော့ ပဲခြမ်းစေ့လေးတွေဟာ Program တွေ လိုလိုလားလား အရေးခံကြပေမဲ့   ကြာလာတော့ တစ်ဖက်လူ Program အောက်မှာ နေရတဲ့ ပဲခြမ်းစေ့လေးတွေဟာ ပြည့်ဝလာဖို့ နေနေသာသာ ကိုယ့်ရဲ့ ပုံစံ အစစ်အမှန် Authentic Self နဲ့ ကိုယ့်ကိုယ်ကို ပါ ပျောက်ဆုံးလာ ကြပါတော့တယ်။   ဒီကနေ ပဲခြမ်းစေ့ တော်လှန်ပုန်ကန်ရေး ဇာတ်လမ်းတွေ စဖြစ်လာပါတော့တယ်။ လွတ်လပ်ရေးကို သိသိသာသာရော မသိမသာပါ ပဲခြမ်းစေ့လေးတွေ တိုက်ယူလာကြပါတော့တယ်။   တကယ်တမ်းက ပြည့်ဝတဲ့ သူနဲ့ ပြည့်ဝတဲ့ ကိုယ်ဟာ ဆုံတွေ့ကြတဲ့ အခါမှသာ ဆက်ဆံရေး Relationship တွေဟာ ပြီးပြည့်စုံ သွားကြမှာပါ။   ဒီလို ပြောလို့ ကိုယ်ဟာ အကုန် ပြည့်ဝနေရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ လောကမှာ လုံးဝ ပြီးပြည့်စုံတဲ့ သူ၊ ပြီးပြည့်စုံတဲ့ Relationship ရယ် လို့တော့ ဘယ်ရှိ ပါ့မလဲ။   ပဲခြမ်းစေ့လေးတွေဟာ သူ့ ၅၀ နဲ့ ကိုယ့် ၅၀ ပေါင်းလို့ တစ်ရာ ပြည့်မဲ့ အစား သူ ၇၀ ကိုယ် ၇၀ လောက် ပြည့်ဝနေတာမျိုးက Relationship တွေမှာ ပိုပြီး အဆင်ပြေ ချောမွေ့နိုင်မှာ ဖြစ်ပါတယ်။   ဒါ့အပြင် ကိုယ်ဖြစ်စေ၊ တစ်ဖက်သူဖြစ်စေ၊ ပဲခြမ်းစေ့လေးတွေ တိုင်းဟာ ဒဏ်ရာတွေကို ကိုယ်, ကိုယ်တိုင်က ဖာထေး ကုစားပြီးသူ၊ ကိုယ် လိုအပ်တာတွေကို ကိုယ်တိုင် ဖြည့်တင်းပြီးသူ၊   ကိုယ့်တာဝန်ကို ကိုယ် အပြည့်အဝ ယူတတ်သူ၊ မေတ္တာတရားတွေ ပြည့်ဝနေသူ စတဲ့ အချက်တွေ အတော်များများ လုပ်ထားတဲ့ သူတွေ ဆိုရင်တော့ အဲ့ဒီ သူတွေဟာ ပဲခြမ်းစေ့ တစ်ဝက်ထက် သာနေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။   ဒါ့ကြောင့် ပထမဉီးစွာ ကိုယ့်ကိုယ်ကို Self Center ထားပြီး လိုအပ်တာတွေကို အရင် ဖြည့်တင်းထားနိုင်ဖို့ လိုအပ်ပါတယ်။   ပဲခြမ်းစေ့လေးတွေ ပျော်ရွှင်နိုင်ကြပါစေ။

အာဃာတ တရားတွေကို စွန့်လွှတ်ပါ ... Let go လုပ်ပါ ... အာဃတ တရားတွေ, မကျေနပ်မှုတွေ, အမုန်းတရားတွေ, မနာလို ဝန်တိုမှုတွေကို ဆုပ်ကိုင်ထားတာက ရေရှည်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ ထိခိုက်စေနိုင်ပါတယ်… ခွင့်လွှတ်ပေးခြင်း Forgiveness ဆိုတာက လူတစ်ယောက်ရဲ့ မှားယွင်းတဲ့ အပြုအမူတွေကို ကိုယ်က နားလည် လက်ခံပေးလိုက်တယ် ဆိုတာထက်… သူ့ကြောင့်ရခဲ့တဲ့ ဆိုးဝါးတဲ့ အတွေ့အကြုံ ခံစားချက် Negative Emotions တွေကိုသာ ကိုယ်စီက လွှတ်ချလိုက်ခြင်း, စွန့်လွှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်. ဒီလိုမျိုး အာဃာတတရားတွေကို လွှတ်ချ Release လုပ်နိုင်ခြင်းအားဖြင့် နာကြည်းမှုများမှ လွတ်မြောက်နိုင်ကာ မိမိတို့ရဲ့အတွင်းစိတ် ငြိမ်းအေးမှု Inner Peace ကို ရှင်သန် ကြီးထွားလာစေဖို့အတွက် ကိုယ့်နှလုံးသားထဲမှာ နေရာ ဖန်တီးပေးလိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်… ဒါ့အပြင် ကိုယ့်ရဲ့အတိတ်က ဖြစ်ရပ် (သို့) လက်ရှိ လွဲချော်မှု အမှား ဖြစ်ရပ်တွေ အားလုံးအတွက် ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာ အမုန်းတရားတွေ ဖြစ်ပေါ်နေတာကိုလဲ ခွင့်လွှတ်ပေးလိုက်ပါ … အခြားသူကိုရော မိမိကိုယ်ကိုယ်ပါ ခွင့်လွှတ်နိုင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ပေးတဲ့ ငြိမ်းချမ်းရေး လက်ဆောင်တစ်ခုပါ … ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတဲ့အချိန်တွေ ကြုံခဲ့ရင် ၊ အတိတ်မှာ အမှားတွေ လုပ်ထားခဲ့မိရင် ၊ ကိုယ့်ကိုယ်ကိုယ် အခြားသူတွေလောက် မပြည့်စုံဘူးလို့ ခံစားနေရရင် ၊ ကိုယ် ကြိုးစားသလောက် အရာမထင်ခဲ့ရင် ကိုယ့်ရဲ့ လေ့လာသင်ယူမှုတွေက နှေးကွေးလွန်းတယ်လို့ ခံစားနေရရင် တစ်ခါတလေ တစ်ယောက်တည်း မရပ်တည်နိုင်ဘူးလို့ ခံစားနေရရင် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ခွင့်လွှတ်ပေးလိုက်ပါ … ကိုယ့်ကိုယ်ကိုယ် အားပေး နှစ်သိမ့်ပေးပါ … ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ရှည်နဲ့ သည်းခံပေးလိုက်ပါ … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

သင့်ရဲ့ လက်တွဲဖော် ဆိုတာက သင့်ကို ချစ်ပေးနိုင်ပါတယ်။ အားပေးနိုင်ပါတယ်။ သင့်ဘေးမှာ အတူတူ လျှောက်လှမ်း ပေးနိုင်ပါတယ်။   ဒါပေမဲ့ သင့်ဘဝ ရှင်သန်ခြင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်တော့ မဖြစ်သင့်နေပါဘူး။   သင့်ရဲ့ ပျော်ရွှင်မှုဟာ အခြား လူတစ်ယောက်ရဲ့ ဂရုစိုက်မှု အပေါ်မှာ အပြည့်အဝ မှီခိုနေမိတဲ့ အခါ သူတို့ရဲ့ စိတ်ခံစားချက် အပြောင်းအလဲတိုင်းဟာ သင့်ရဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်လာပါလိမ့်မယ်။   ဒါဟာ လွှတ်လပ်မှု မဟုတ်တော့ပါဘူး။ ဒါဟာ ပျော်ရွှင်မှု မဟုတ်တော့ပါဘူး။   ကျန်းမာတဲ့ ဆက်ဆံရေး Healthy Relationship ဆိုတာက “ ငါ မင်းကို ရွေးချယ်တယ်။ ဒါပေမဲ့ ငါဟာ ငါ့ ဖြစ်တည်မှု အတိုင်း ဆက်ရှိ နေတုန်းပဲ “ လို့ ဆိုလိုတာပါ။   ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားတယ်လို့ ထင်ရင် ဒီ ဆက်ဆံရေး မတိုင်ခင်က ကိုယ်ဟာ ဘယ်လို လူ ဖြစ်ခဲ့တယ် ဆိုတာကို ပြန်လည် ရှာဖွေပါ။ ပြန်လည် သတိရ ကြည့်ပေးပါ။   သူနဲ့ မတွေ့ခင်က ဘာက ကိုယ့်ကို ပျော်ရွှင်စေခဲ့တာလဲ။   ကိုယ့်မှာ ဘာအိပ်မက်တွေ ရှိခဲ့လဲ။   ကိုယ် တစ်ယောက်တည်း ရှိနေချိန်မှာ ဘာတွေ လုပ်ရတာ သဘောကျတာလဲ။   ကိုယ် အခင်ဆုံး သူငယ်ချင်း ဘယ်သူတွေကို ပစ်ထား ခဲ့မိလဲ။   အခုချိန်မှာ ကိုယ်ဟာ ဘာတွေကို ထုတ်ဖော် ပြောကြားဖို့ ကြောက်ရွံ့ နေမိတာလဲ။   ဒီ မေးခွန်းတွေဟာ ဆက်ဆံရေး ကနေ ထွက်ခွာသွားဖို့ မဟုတ်ပါပဲ ကိုယ့်ရဲ့ ဖြစ်တည်မှု ဆီကို ပြန်လာဖို့ အတွက်ပဲ ဖြစ်ပါတယ်။   ဘာလို့လဲ ဆိုတော့ ကျန်းမာတဲ့ ဆက်ဆံရေး Healthy Relationship ဆိုတာက ကိုယ့်ကိုယ်ကို ဒီ ဆက်ဆံရေးထဲမှာ ပျောက်ဆုံး သွားကြတာ မဟုတ်ပါပဲ မပြည့်စုံတဲ့ လူနှစ်ယောက် အတူတကွ ကြီးပြင်း ရင့်ကျက်လာဖို့ ရွေးချယ်ကြတာ ဖြစ်လို့ပါပဲ။   ဒါ့ကြောင့် နက်နက်နဲနဲ ချစ်ပါ။ ရက်ရက်ရောရော ပေးဆပ်ပါ။ ဒါပေမဲ့ ရိုးသား ပွင့်လင်းကြပါ။ ဘဝ တစ်ခုကို အတူတူ တည်ဆောက်ပါ။ ကိုယ့်ကိုယ်ကို စွန့်ပစ်ရတဲ့ အထိတော့ မဖြစ်မိပါစေနဲ့။   မှန်ကန်တဲ့ ချစ်ခြင်း မေတ္တာဟာ သင့်ကို သေးသိမ် သွားအောင် လုပ်မှာ မဟုတ်ပါဘူး။ သင့်ကို ကိုယ့်ရဲ့ ပင်ကိုယ် ဖြစ်တည်မှု အတိုင်း ပိုမို ပြည့်စုံလာစေဖို့ သတ္တိတွေ ပေးနေတာမျိုးပဲ ဖြစ်သင့်ပါတယ်။   အမှန်တော့ ချစ်ခံရဖို့ ကိုယ့်ကိုယ်ကို ဆုံးရှုံးစရာ မလိုပါဘူး။ ကိုယ့်အတွက် Right Person ဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှု ပုံစံ အတိုင်းလေးပဲ ချစ်ပေးပါ လိမ့်မယ်။   🕊️ Keynote: ကျန်းမာတဲ့ ဆက်ဆံရေး Healthy Relationship ဆိုတာက ကိုယ့်ကိုယ်ကို ဒီ ဆက်ဆံရေးထဲမှာ ပျောက်ဆုံး သွားကြတာ မဟုတ်ပါပဲ မပြည့်စုံတဲ့ လူနှစ်ယောက် အတူတကွ ကြီးပြင်း ရင့်ကျက်လာဖို့ ရွေးချယ်ကြတာ ပါပဲ။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

အချစ် ခရီးလမ်းမှာ အန္တရာယ် အရှိဆုံး ပြသနာက အခြားသူကို ဆုံးရှုံးလိုက်ရတာ မဟုတ်ပါဘူး။ အခြားသူကို ဆုံးရှုံးမှာ ကြောက်လို့ လိုက်ဆွဲထားရင်းနဲ့ ကိုယ့်ကိုယ်ကို ပျောက်ဆုံး ဆုံးရှုံးသွားတာပါ။   အချစ် ဆိုတာ လှပ ပါတယ်။   အချစ်ကြောင့် ရိုးရှင်းတဲ့ နေ့ရက်တွေကို အဓိပ္ပါယ် ရှိစေပြီး အိပ်မက်တွေ၊ ကြောက်ရွံ့မှုတွေ၊ ရယ်မောသံတွေနဲ့ တိတ်ဆိတ်မှုတွေကို မျှဝေ ခံစားပေးနိုင်မယ့် အဖော်ကောင်းတစ်ယောက်ကို ရရှိ စေနိုင်ပါတယ်။   ဒါပေမဲ့ တစ်ခါတလေမှာတော့ မသိလိုက်ပါပဲ အချစ်ဟာ ကိုယ့်ကိုယ်ကို စွန့်ပစ်လိုက်ခြင်း ဖြစ်သွားတတ်ပါတယ်။   ကိုယ့်ကိုယ်ကို “ ငါက ဘာကို လိုချင်နေတာလဲ၊ ငါက ဘာကို ကြိုက်တတ်တာလဲ “ လို့ မမေးမိတော့ပဲ “ သူက ဘာဆိုရင် ကြိုက်မှာလဲ၊ ပျော်မှာလဲ “ ဆိုတာကို မေးနေ မိတတ် ပါတယ်။   ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ ပင်ကိုယ် စရိုက် Personality ကိုတောင် တစ်ဖက်လူ လက်ခံလာအောင် ပြောင်းလဲ ပေးမိ ရက်သား ဖြစ်သွား တတ်ကြပါတယ်။   ပြသနာ မဖြစ်ချင်လို့ ကိုယ့် ခံစားချက်တွေကို ဖုံးကွယ်ထားမိ တတ်ကြတယ်။   ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မတွေ့ဖို့ ရှောင်တတ် လာကြတယ်။   ကိုယ့်ရဲ့ အိပ်မက်တွေကို စွန့်လွှတ်လာ တတ်ကြတယ်။   ကိုယ့် လိုအပ်ချက်တွေထက် သူ့ လိုအပ်ချက်တွေကို ပိုပြီး ဉီးစားပေးတတ်လာကြရင်း နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ်ဟာ သူစိမ်းတစ်ယောက်လို ဖြစ်လာပါတော့တယ်။   စစ်မှန်တဲ့ အချစ် ဆိုတာက ကိုယ့်ရဲ့ ဖြစ်တည်မှုတွေပါ ပျောက်ကွယ်သွားတာမျိုး မဖြစ်သင့်ပါဘူး။   ဒါက တစ်ဖက်လူ အမှား မဟုတ်ပါပဲ ကိုယ့် အမှားပဲလေ။   ဒီတော့ လူတစ်ယောက်ကို ချစ်တယ် ဆိုရင် ချစ်ပေးပါ။ ဒါပေမဲ့ ကိုယ့် ဘဝကိုယ်လဲ ထိန်းသိမ်းထားပါ။   ကျန်းမာ ကြံ့ခိုင်တဲ့ ဆက်ဆံရေး Healthy Relationship ဆိုတာက လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ရဲ့ ကမ္ဘာတစ်ခုလုံး ဖြစ်သွားစရာ မလိုပါပဲ လူနှစ်ယောက် အတူတူရှိနေရင်း ကမ္ဘာတစ်ခုကို အညီအမျှ တည်ဆောက်ထားခြင်း မျိုးပဲ ဖြစ်သင့်ပါတယ်။   ဒါ့ကြောင့် ကိုယ့်ရဲ့ ဝါသနာတွေကို မစွန့်လွှတ်ပါနဲ့။ ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်းတွေကို ဆက်လက် ထိန်းသိမ်းထားပါ။ လေ့လာသင်ယူမှုတွေကို မရပ်တန့်လိုက်ပါနဲ့။   ကိုယ့် အိပ်မက်တွေ အတွက်လဲ ရှင်သန်ပေးပါ။ ကိုယ်ပိုင် အချိန် Me Time လဲ ရှိပါစေ။ ကိုယ်ပိုင် ပန်းတိုင်လေးတွေလဲ ချမှတ်ထားပါ။   ဆက်ဆံရေး Relationship ဆိုတာက ဘဝရဲ့ အစိတ်အပိုင်း တစ်ခု မျှသာ ဖြစ်သင့်ပြီး ကိုယ့် ဘဝကြီး တစ်ခုလုံးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တော့ မဖြစ်သင့်ပါဘူး။   တကယ်တော့ ကိုယ့်ကိုယ်ကို မစွန့်ပစ်ပါပဲ အခြားသူတစ်ယောက်ကို ချစ်ပေးတတ်တဲ့ လူတစ်ယောက်ဟာ အလွန်ပဲ ဆွဲဆောင်မှု ရှိပါတယ်။   အနစ်နာခံခြင်းနဲ့ ကိုယ့်ကိုယ်ကို လစ်လျူရှုခြင်းကို မရောထွေးပစ်ဖို့ပဲ လိုတာပါ။   အချစ်ဟာ တစ်ခါတလေတော့ လိုက်လျောညီထွေ ဖြစ်အောင် အလျော့အတင်း လုပ်ပေးဖို့ လိုအပ်ပါတယ်။   အလျော့အတင်း လုပ်တယ် ဆိုတာက “ ငါတို့ နှစ်ယောက်လုံးဟာ အရေးပါတယ် “ လို့ ဆိုလိုတာ ဖြစ်ပြီး ကိုယ့်ကိုယ်ကို လစ်လျူရှုမိတယ် ဆိုတာကတော့ “ အခြားသူ တစ်ယောက်ကပဲ အရေးပါတယ် “ လို့ ဆိုလိုနေတာ ဖြစ်ပါတယ်။   တကယ်တော့ ကိုယ်ဟာလဲ အရေးပါ ပါတယ်။   ခက်ခဲတာက တစ်ချိန်ထဲမှာ လူနှစ်ယောက် ရွေးချယ်မှုတွေဟာ ဆန့်ကျင်ဘက်တွေလဲ ဖြစ်ကောင်း ဖြစ်နေ နိုင်ပါတယ်။   ဒီလိုဆိုရင်တော့ “ ငါ မင်းကို ချစ်တယ်။ ဒါပေမဲ့ ငါ့မှာလဲ ဒီလို လိုအပ်ချက်တွေ ရှိနေတယ်။ “   “ ငါ မင်းရဲ့ ခံစားချက်တွေကို နားလည်တယ်။ ဒါပေမဲ့ ငါမှာလဲ ဒီလို ခံစားချက်တွေကိုတော့ ဖြစ်ပေါ် ခံစား ရစေတယ်။ “   “ ငါ မင်းကိုတော့ ကူညီ ပံ့ပိုးပေးချင်တယ်။ ဒါပေမဲ့ အရာ အားလုံးကိုတော့ ငါ ထမ်းပိုး မပေးထားနိုင်ဘူး။ “   “ ငါတို့ နှစ်ယောက် အတူတူ ကြီးပြင်း ရင့်ကျက်သွားချင်တယ်။ ဒါပေမဲ့ ငါ့ရဲ့ ဖြစ်တည်မှုကိုတော့ မဆုံးရှုံးချင်ဘူး။ “ စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆို Communicate လုပ်နိုင်ပါတယ်။   ဒါဟာ အတ္တကြီးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စည်းမျဉ်း စည်းကမ်း Boundaries တွေပဲ ဖြစ်ပါတယ်။ #MyoThihaKyaw ~ Randy   ပြီးတော့ ကိုယ့်ရဲ့ အတွင်းက အသံ Inner Voice ကို အမြဲ နားထောင်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးတာရဲ့ ပထမဆုံး လက္ခဏာက ကိုယ့် ခံစားချက်တွေကို နားမထောင်ပဲ လစ်လျူရှု နေတာပါ။   ဒီ ဆက်ဆံရေးဟာ နာကျင်နေရမှန်း သိတယ်။ စိတ်ဒဏ်ရာတွေ ရနေမှန်း သိတယ်။ ဒါပေမဲ့ “ ရပါတယ် “ လို့ ကိုယ့်ကိုယ်ကို အမြဲ လိမ် ပြောနေတာပါပဲ။   စိတ် မသက်မသာ ဖြစ်နေတဲ့ အခါတွေ တိုင်းမှာ “ ငါ အတွေးလွန်နေတာ ဖြစ်မှာပါ “ လို့ ကိုယ့်ကိုယ်ကို လိမ်ညာ နှစ်သိမ့် နေတာလဲ ဖြစ်နေ နိုင်ပါတယ်။   ကိုယ်ဟာ အရာရာကို လိုအပ်နေပေမဲ့ သူ ထွက်သွားမှာကို ကြောက်နေတဲ့ စိတ် တစ်ခုတည်းနဲ့ပဲ နုတ်ဆိတ် နေမိတတ် ဖြစ်နိုင်ပါတယ်။   တစ်ခါတလေ ကျတော့ စိတ်ထက် ခန္ဓာကိုယ်က ကိုယ့်ရဲ့ ခံစားချက်တွေကို ကြိုသိနေတာမျိုးလဲ ဖြစ်နိုင်ပါသေးတယ်။ ကိုယ် ဘယ်လောက်ထိ မောပန်း ပင်ပန်းနေလဲ ဆိုတာကို သတိထားကြည့်ပါ။   အချစ်ခံရဖို့ အတွက် အမြဲတမ်း ပူပန် သောက ရောက်နေရပြီ ဆိုရင်လဲ သတိထားပါ။ အချစ် ဆိုတာက လုံခြုံမှုကို ဖန်တီးပေးရမှာ ဖြစ်ပြီး လက်ခံလာအောင် အမြဲတမ်း ဟန်ဆောင် ပြနေရတာမျိုး မဟုတ်ပါဘူး။  

Soul Level မှာ Healing ရဖို့ ဆိုတာက ... ပထမဉီးစွာ ... ကိုယ့်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကို ဖြစ်စေ ... အခြားသူရဲ့ ပြုမူ ပြောဆို လုပ်ဆောင်ချက် Actions တွေကို ဖြစ်စေ ... သုံးသပ် အကဲဖြတ်နေတဲ့ စိတ် Judgment ကို ရပ်တန့်လိုက်ရမှာပဲ ဖြစ်ပါတယ် ... ဘာကြောင့်လဲ, ဘယ်သူ့ကြောင့်လဲ, ဘာဖြစ်လို့လဲ Why ဆိုတဲ့ အတွေးတွေကို လုံးဝ ရပ်တန့်လိုက်ပြီး ... ကိုယ့် ဘဝရဲ့ လက်ရှိ အဖြစ်အပျက် အခြေအနေ အတိုင်းကို လက်ခံနိုင်ကာ ကျေးဇူးတင် Grateful ဖြစ်ရမှာပဲ ဖြစ်ပါတယ် ... ဒါတွေ အားလုံးကို ကိုယ့်ရဲ့ Inner Self ကနေ Deep Process လုပ်နိုင်ရပါမယ် ... နားလည်ထားရမှာက Randy ကိုယ်တိုင်ရော ... အခြားသူ အားလုံးဟာလဲ ပြီးပြည့်စုံတဲ့ လူသားတွေ မဟုတ်ကြလို့ ကျွန်တော်တို့ ရရှိခဲ့တဲ့ အကျိုးအကြောင်း ဆက်စပ်မှု Consequences တွေကို လက်ခံရမှာပါ ... ဒီလို ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေမျိုးတွေမှာ တစ်နေ့ချင်းစီကိုပဲ အာရုံစိုက်ကာ ကိုယ့်ရဲ့ Divine Power နဲ့ Connect လုပ်နိုင်ဖို့လဲ လိုအပ်ပါတယ် ... နာကျင်စေတဲ့ အရာတွေကို အားလုံး လွတ်ချ Letting Go လုပ်ကာ ကိုယ်ရဲ့ အတွင်းက မလိုအပ်တော့တဲ့ အပြောအဆို အပြုအမူ အတွေးအခေါ် ပုံစံအဟောင်းတွေကို ဖယ်ထုတ်ပစ်လိုက်ပါ ... လက်ရှိ နေ့ရက်တွေကို ဆုပ်ကိုင်ထားရင်း ကိုယ်ရဲ့ ကိုယ် စိတ် နှလုံး သုံးပါ Body, Mind & Spirit ကို ပြန်လည်ပြုစု ပျိုးထောင်ပေးရမှာပါ ... လိုအပ်နေတဲ့ သူတွေကို ကူညီပေးရင်း ... ကိုယ်တိုင်က စောင့်ဆိုင်းခြင်း မရှိပဲ ပေးကမ်းခြင်းနဲ့ လက်ခံရယူခြင်း Give & Receive ကို ပြန်လည် သင်ယူရမှာလဲ ဖြစ်ပါတယ် ... #MyoThihaKyaw ~ Randy ဒါပေမဲ့ မျှော်လင့်ချက်တွေကိုတော့ လုံးဝ ဘေးဖယ်ထားရမှာပဲ ဖြစ်ပါတယ် ... စိတ်ဝိဉာဉ်ကို ကုစားခြင်း Healing the Soul Process ဟာ ကိုယ့်ကိုယ်ကိုရော, အခြားသူတွေကိုရော, ဖြစ်ရပ်တွေကိုပါ လက်ခံခြင်း Deep Acceptance နဲ့ လွတ်မြောက်ခြင်း Liberation လမ်းစဉ်ပဲ ဖြစ်ပါတယ် ... ပြီးတော့ Randy တို့ရဲ့ မေတ္တာတရားစွမ်းအား Love Energy ကို အသိ အသိရှိရှိ Consciousness ဖြစ်ဖြစ် မြှင့်တင်ဖို့ ဆင့်ကဲဖြစ်စဉ် The Process of Evolution လဲ ဖြစ်ပါတယ် ... Healing Soul ဖြစ်ဖို့ အတွက် သေးငယ်တဲ့ အရာလေးတွေကနေလဲ စတင်လို့ ရပါတယ် ... အပြုံးတစ်ခု, နွေးထွေးတဲ့ အကြည့်တစ်ချက်, ကြင်နာတဲ့ စကားတစ်ခွန်း, လေးစားတဲ့ အပြုအမူ, လှိုက်လှဲ နွေးထွေးတဲ့ ပွေ့ဖက်မှု, ရင်ဖွင့်စကားတွေကို နားထောင်ပေးနိုင်ခြင်းနဲ့ ကမ်းလက်တစ်စုံတို့ကနေ စတင်လို့ ရပါတယ် … ဒါ့အပြင် မိမိကိုယ် မိမိ လက်ခံနိုင်မှု … Self Love နဲ့ အခြားသူတွေ အပေါ် မျှော်လင့်ချက် မပါ စစ်မှန်တဲ့ မေတ္တာတရား Unconditional Love … တို့ကတော့ မရှိမဖြစ် လိုအပ်တာပါပဲ … ကိုယ့်ကိုယ်ကိုရော … အခြားတစ်ယောက်ကိုပါ … Soul Level ကနေ တစ်ယောက်ကို တစ်ယောက် လက်ခံနိုင်ဖို့ … တစ်ယောက်ကို တစ်ယောက် လေးစားနိုင်ဖို့ … တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးတတ်ဖို့ သင်ယူနေရခြင်းပဲ ဖြစ်ပါတယ် … Soul Healing မှာ … ဒါတွေအားလုံးဟာ That’s how I Love Myself and That’s how I Love You. ဆိုတာပါပဲ … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေ၊ မအောင်မြင်ခဲ့တဲ့ ဘဝရဲ့ စာမေးပွဲတွေ၊ ကုစား Heal မလုပ်ရသေးတဲ့ နာကျင်မှု ဒဏ်ရာ Trauma တွေဟာ စကြာဝဠာ Universe ထဲကနေ ကိုယ့်ထံကို ထပ်ကာ ထပ်ကာ Repeatedly Pattern ပုံစံအနေနဲ့ ပြန်ပြီး ရောက်လာနိုင်လို့ပါ။   ပုံစံတွေ၊ လူတွေသာ ပြောင်းသွားမယ် ပုစ္ဆာတစ်ပုဒ်ကို နားမလည် မချင်း ထပ်ကာ ထပ်ကာ တွက်ခိုင်း နေသလိုမျိုးပါပဲ။ ကြုံနေကြ ဖြစ်ရပ်မျိုးတွေကို ထပ်ကာ ထပ်ကာ ကြုံတွေ့ ရနိုင်ပါတယ်။   ဒီလို ကံ စာချုပ် ဖြစ်စဉ် Process တွေကြောင့် လေးလံတဲ့ ခံစားချက်တွေ ရချင် ရနိုင်မယ်၊ ထွက်ပြေးချင်တဲ့ ခံစားချက်တွေ ရချင် ရနိုင်မယ်၊ အသားကုန် နာကျင်ကြေကွဲချင်လဲ ကြေကွဲရပါလိမ့်မယ်။   သေချာတာကတော့ ကိုယ့်ရဲ့ ခံစားချက်တွေကိုတော့ အရိုးသားဆုံးနဲ့ မြင်အောင် ကြည့်နိုင်ဖို့၊ တည့်တည့် ရင်ဆိုင်နိုင်ဖို့၊ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ဖို့၊ သင်ခန်းစာယူပြီး ရှေ့ဆက်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။   ကြုံနေရတဲ့ နာကျင်မှုက ကိုယ့်ကို ဝါးမြို စားသောက်သွားမည့် အစား ကိုယ်က အဲ့ဒီ နာကျင်မှုတွေကို တိုးတတ်ပြောင်းလဲမှု အ‌တွက် လက်နက် Tools တစ်ခုအနေနဲ့ အသုံးချကာ အဂ္ဂိရတ်ဆရာက ဖိုထိုး သလို သတ္တုကို ရွှေအဖြစ် ပြောင်းလဲလိုက်နိုင်ဖို့ အရေးကြီးပါတယ်။   ကိုယ့်စီမှာ ဉာဏ်ပညာ, ချစ်ခြင်းမေတ္တာတရားနဲ့ အားစိုက်ထုတ်မှု သတ္တိ ခွန်အားတို့တော့ ပြည့်ပြည့်ဝဝ ရှိနေဖို့၊ ဖြည့်တင်း ထားနိုင်ဖို့လဲ လိုပါတယ်။   တကယ်တော့ ကံ စာချုပ် Soul Contract တွေဟာ ကျွန်တော်တို့ကို ဒီထက် ပိုကောင်းတဲ့ မိမိ The Best Version of Self ဖြစ်အောင် ကူညီပေးနေတာပဲ ဖြစ်ပါတယ်။   Keynote: အရာ အားလုံးဟာ တိုက်ဆိုင်တာ မဟုတ်ပဲ ကံတရား အတိုင်း Soul Contract နဲ့သာ အလုပ်လုပ်နေပြီး ကျွန်တော်တို့ အားလုံးဟာ တွေ့ … ဆုံ … ကြုံ … ကွဲ … တွေ ဖြစ်နေကြတာပါ။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ကျွန်တော်တို့ မမွေးဖွားလာခင်ကတည်းက ဒီဘဝမှာ ကြုံရ ဆုံရမဲ့ လူ အချို့နဲ့ ချုပ်ဆို ခဲ့မိတဲ့ စာချုပ်တွေ ဆိုတာ ရှိပါတယ်။ ဒါကို Soul Contract လို့ ခေါ်ပါတယ်။   အလွယ်ပြောရရင် ကံစာချုပ်လို့ ပြောရမလားပဲ။   မိဘတွေဟာ သားသမီးတွေကို ရွေးချယ်ခွင့် မရခဲ့သလို သားသမီးတွေဟာလဲ ဘယ်လို မိဘတွေ စီမှာ လူလာဖြစ်မယ် ဆိုတာကို ရွေးချယ်ခွင့် မရခဲ့ပါဘူး။   ဘာနဲ့ ရွေးချယ်သွားလဲ ဆိုတော့ ကံစာချုပ် Soul Contract တွေနဲ့ ပဲ ရွေးချယ် မိရက်သား ဖြစ်သွားကြတာပါ။   ဒါ့ကြောင့် မိဘတွေဟာ သားသမီးတွေကို 100% ပုံစံသွင်းလို့ မရသလို ... သားသမီးတွေဟာလဲ ကိုယ်ဖြစ်စေချင်တဲ့ မိဘ ပုံစံမျိုးနဲ့ မကြုံတွေ့ မဆုံတွေ့ကြရပါဘူး။   အဲ့ဒီလိုပါပဲ ကိုယ့်ပတ်ချာလည်မှာ ကြုံဆုံနေရတဲ့ လူတွေ၊ ကိုယ့်နဲ့ အရင်က ကြုံဆုံခဲ့ဖူးတဲ့ လူတွေ၊ နောက်ထပ် ကြုံဆုံလာမဲ့ လူတွေက Soul Contract နဲ့ပဲ ဆက်ပြီး အလုပ်လုပ်ကာ ကြုံရ ဆုံရ ကြတာပါ။   Soul Contract တွေထဲမှာ မိတ်ဆွေ အပေါင်းသင်း သူငယ်ချင်းတွေ ပါဝင်သလို၊ လက်တွဲဖော် Relationship တွေလဲ ပါဝင်ပါတယ်။   အရာ အားလုံးဟာ တိုက်ဆိုင်တာ မဟုတ်ပဲ ကံတရား အတိုင်း Soul Contract နဲ့သာ အလုပ်လုပ်နေပြီး ကျွန်တော်တို့ အားလုံးဟာ တွေ့ … ဆုံ … ကြုံ … ကွဲ … တွေ ဖြစ်နေကြတာပါ။   ကံစာချုပ် အမျိုးအစားတွေထဲမှာ ကျွန်တော်တို့ ကိုယ်တိုင် ကံကြွေး ဝဋ်ကြွေး Karmic Debt ဆပ်ရမဲ့ သူတွေ၊ ကိုယ့်ဘက်က သို့မဟုတ် သူ့ ဘက်က ပါရမီ ဖြည့်ပြီး ကူညီပေးသူ Soulmate တွေ၊   တစ်ယောက်ကို တစ်ယောက် တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတတ်ရေး နှင့် ဝိဉာဉ်ရေးရာ တိုးတတ်ရေး Personal Growth & Spiritual Growth ကို ဖော်ဆောင်ပြီး အချစ်စစ် အချစ်မှန်နဲ့ မေတ္တာတရား ဆိုတာကို နားလည် လက်ခံလာစေနိုင်တဲ့ Soulmate ဒါမှ မဟုတ် Twin Flame အမျိုးအစားတွေ အားလုံး ပါဝင်ပါတယ်။   ကံ စာချုပ် ဒါမှ မဟုတ် ဝဋ်ကြွေးနဲ့ ငြိနေတဲ့ ဆက်ဆံရေး Connection တွေဟာ ဖြတ်တောက်ရ ခက်သလို စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အခါမှာလဲ ဒီ ဆက်ဆံရေးဟာ ဘယ်လိုမှ ဆက်လို့ မရအောင် အလိုအလျောက် Auto ပျက်တောက် သွားနိုင်ပါတယ်။   ဒါတွေ အားလုံးဟာ ကျွန်တော်တို့ အတွက် ဘဝခရီးလမ်း တစ်လျောက် အတွေ့အကြုံ Experience တွေကို ဖန်တီးပေးနေတာဖြစ်ပြီး ဘဝလမ်းကြောင်း Life Path & Spiritual Path ကို ပုံဖော်ပေးနေတာပဲ ဖြစ်ပါတယ်။   ဒီလူတွေနဲ့ ဆုံရတယ် ဆိုတာ ဘဝ သင်ခန်းစာ သင်ယူစရာ ရှိတာတွေကို သင်ယူစေနိုင်ဖို့လဲ ဖြစ်ပါတယ်။ ပေါင်းသင်း ဆက်ဆံရေးတွေကြောင့်ပဲ ကိုယ် ဘယ်လိုလူ အမျိုးအစား ဖြစ်လာရတယ် ဆိုတာ သိသာ ထင်ရှားလွန်းပါတယ်။   လူတစ်ချို့ကြောင့်ပဲ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အများကြီး ပြောင်းလဲ သွားတတ်ကြတယ်။   ကိုယ် ကြုံခဲ့ ဆုံခဲ့တဲ့ လူတွေက ပေးတဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကနေ ကိုယ် ဘယ်လောက်ထိ ရုပ်ပိုင်းဆိုင်ရာ, ခံစားချက်ပိုင်းဆိုင်ရာ, စိတ်ဓါတ်ပိုင်း ဆိုင်ရာနဲ့ ဘာသာတရား ပိုင်းဆိုင်ရာ (သို) နာမ်ဝိဉာဉ်ပိုင်းဆိုင်ရာ   Personally, Emotionally, Mentally, Spiritually စတာတွေမှာ ဘယ်လောက်ထိ ဖွံ့ဖြိုးတိုးတတ် ပြောင်းလဲလာတယ် ဆိုတဲ့ အောင်မြင် တိုးတတ်မှု Growth & Transformation ကို ဖော်ဆောင်ပေးနေပါတယ်။   ကံစာချုပ်နဲ့ ပြုလုပ်ထားတဲ့ ဆက်ဆံရေး Connection တွေဟာ Randy တို့အတွက် ကောင်းတာတွေလဲ ပါဝင်နေသလို ဆိုးတာတွေလဲ ပါဝင်နေပါတယ်။   လွယ်ကူချောမွေ့ အဆင်ပြေနေတာတွေလဲ ရှိသလို ခက်ခဲ ကြမ်းတမ်း အဆင်မပြေတာတွေလဲ ပါဝင်နေပါတယ်။   အဓိက,က ဘဝတစ်လျောက်လုံးမှာ စိန်ခေါ်မှု အခက်ခဲ Challenge တွေနဲ့ သင်ယူစရာ Lesson Learned လုပ်စရာတွေ အများကြီး ပါဝင်နေတယ် ဆိုတာပါပဲ။   ဒါ့ကြောင့် ဘဝမှာ တစ်ချို့လူတွေက ကိုယ့်ကို နိမ့်ကျအောင်၊ ပြိုလဲသွားအောင် တွန်းချလိုက်ပြီးမှ ကျွန်တော်တို့ ကိုယ်တိုင် နာကျင်မှု များစွာနဲ့ ဘယ်လို ပြန် ရုန်းကန် ကုန်းထ ရတယ် ဆိုတာကို သင်ကြားပေးလိုက်သလို   တစ်ချို့လူတွေက ကိုယ် အလိုအပ်ဆုံး အချိန်မှာမှ ချန်ထားခဲ့ပြီး ကိုယ်တစ်ယောက်ထဲ Independence ဖြစ်ဖြစ် အမှီခို ကင်းကင်းနဲ့ ဘယ်လို ရပ်တည် ရတယ် ဆိုတာမျိုးကို သင်ကြားပေးပါတယ်။   ထို့အတူ တစ်ချို့လူတွေ အတွက်က ဘယ်လောက်ပဲ သူတို့ရဲ့ ဆိုးဝါးတဲ့ အပြုအမူ အပြောအဆို အခြေအနေတွေကို ဖော်ပြနေသည် ဖြစ်ပါစေ   သူတို့ကို ဘယ်လိုမျိုး စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတရား Unconditional Love နဲ့ ချစ်ရမယ် ဆိုတာတွေကို သင်ကြားပေးတာမျိုးတွေ ရှိပါတယ်။   အခြားသော သင်ယူစရာ Lesson Learned လုပ်စရာ ပုံစံမျိုးတွေ အများကြီး ရှိနိုင်ပါသေးတယ်။   ကံစာချုပ်တွေကို သိသိသာသာကတော့ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေနဲ့ Relationship ဆက်ဆံရေးတွေမှာ ထင်ထင်ရှားရှာ ပိုပြီး မြင်တွေ့ ရနိုင်ပါတယ်။   အခက်ခဲဆုံးသော အပိုင်းက ကိုယ်ဟာ နာကျင်မှုတွေ ကြားက တိမ်မြုပ်နေတဲ့ Universe က ပေးချင်တဲ့ သင်ခန်းစာ Lesson ကို မြင်အောင်ကြည့်ပြီး နောက်တဆင့် သွားနိုင်ဖို့ တတ်နိုင်ဖို့ စာမေးပွဲ အောင်အောင် ဖြေနိုင်ရမှာပဲ ဖြစ်ပါတယ်။ ထို့အတူ ကိုယ် နာကျင် ခံစား ခဲ့ရသမျှကိုလဲ ကုစား Heal လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒီလို ပုံစံ ဆင်တူတဲ့ သင်ခန်းစာတွေဟာ ထပ်ကာ ထပ်ကာ ပြန်မလာတော့မှာ ဖြစ်ပါတယ်။  

မင်းရဲ့ တန်ဖိုးက ကြိုးစား ရှာဖွေမှ ရတာမျိုး မဟုတ်ပဲ မင်းကိုယ်တိုင်က တန်ဖိုး ရှိနေပြီးသား ဆိုတာကို အထပ်ထပ် အခါခါ ကိုယ့်ကိုယ်ကို သတိပေးနေပါ့မယ် … ဒီကမ္ဘာမြေကြီး ပေါ်မှာ ရှိနေရုံလေး, လက်ရှိ ကိုယ်ရောက်နေတဲ့ နေရာမှာ ဖြစ်တည်နေရုံလေး, အသက် ရှင်သန် ရှုနေရုံလေး, မျှော်လင့်ချက် ရှိနေရုံလေး စသည်ဖြင့် မင်းလုပ်နေတာတွေက မင်းအတွက် အပြည့်အဝကို ပြည့်စုံ လုံလောက်နေပါပြီ … ချစ်ဖို့ ကောင်းနေပါပြီ … 💚 I love myself, not because I’m perfect, but because I’m real … ငါဟာ ပြီးပြည့်စုံနေလို့ မဟုတ်ပါပဲ ငါဟာ စစ်မှန်တဲ့ သူတစ်ယောက်ဖြစ်နေလို့ … ငါ့ကိုယ်ငါ ချစ်ရပါတယ် … အနက်ရှိုင်းဆုံးသော ချစ်ခြင်းမေတ္တာများစွာဖြင့် … ချစ်တဲ့ Me … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ကိုယ့်ကိုယ်ကို ချစ်ဖို့ ကောင်းလိုက်တာလို့ တစ်ကယ့် နှစ်နှစ်ကာကာ ဖြစ်သွားပြီး တွေးမိ ပြောမိတာ ဘယ် အချိန်လောက်က နောက်ဆုံး ဖြစ်မယ်လို့ ထင်လဲ … ပြန် စဉ်းစားကြည့်ပါ … လူ အတော်များများဟာ တစ်စုံတစ်ယောက်ကို ချစ်ပေးဖို့, မိသားစုကို ချစ်ပေးဖို့, သူငယ်ချင်း မိတ်ဆွေတွေကို ချစ်ပေးဖို့, ကိုယ့်အနီးနားက လူတွေကို ချစ်ပေးဖို့ တစ်ချိန်လုံး တွေးချင် တွေးမိ နေနိုင်ပါတယ် … ဒါပေမဲ့ မိမိကိုယ်ကို ပြန်ပြီးတော့ ချစ်ကြောင်း နှစ်သက် မြတ်နိုးကြောင်း သေသေချာချာလေး တွေးကြည့်ဖူးရဲ့လား … ဒါ့ကြောင့် ဒီလိုလေး ကိုယ့်ကိုယ်ကို စာတစ်စောင်ရေးပြီး Randy နဲ့ အတူတူ Heart Chakra Activation & Healing လုပ်ကြပါမယ် … 💚 A Love Letter to Myself ဆိုပြီးတော့ပေါ့ … Dear Me … မင်းရဲ့ နှလုံးသားထဲမှာ သယ်ပိုးထားရတဲ့ ဘဝရဲ့ ဝန်ထုတ်ဝန်ပိုးတွေ အကြောင်း, မျှော်လင့်ချက်တွေ အကြောင်း, အနာတရာတွေ အကြောင်းနဲ့ ဘယ်သူမှ မမြင်နိုင်တဲ့ တိတ်ဆိတ်တဲ့ တိုက်ပွဲတွေ အကြောင်း … အားလုံးကို ကိုယ် သိပါတယ် … I see you, I feel you ဆိုတဲ့ အတိုင်း … ကိုယ် မင်းကို သေသေချာချာ နားလည်ပေးပြီး ခံစားကြည့်ပေးလို့ ရပါတယ် … မင်းဟာ အခြားသူတွေ အတွက်, Relationship တွေ အတွက်, မိသားစုဝင်တွေ အတွက်, ကမ္ဘာမြေကြီး အတွက် … နောက်ဆုံး ကိုယ့်ကိုယ်ကို အတွက် လုံလောက် ပြည့်ဝ “Enough” ဖြစ်စေဖို့ အတွက် ကြိုးစားရင်း အချိန်တွေ အများကြီး ကုန်ဆုံးစေခဲ့ ပြီးပြီပဲ … ဘာလို့ ဒီလိုတွေ အများကြီး ကြိုးစားခဲ့တာလဲ ဆိုတော့ ချစ်ခြင်းမေတ္တာကို ရရှိဖို့ တစ်ခုထဲ အတွက် ကြောင့်ပါပဲ … ဒါပေမဲ့ Enough ဖြစ်ဖို့ ကြိုးစားရင်း အများကြီး ပင်ပန်းခဲ့ ပြီးပြီလေ … ကိုယ် ဒီနေ့မှာ သတိပေးချင်တာက “ မင်းဟာ ချစ်ခြင်းမေတ္တာကို ခံယူဖို့ ပြီးပြည့်စုံဖို့ မလိုဘူး” ဆိုတာပါပဲ … ဒါဟာ သိပ်ကို ရိုးရှင်းပေမဲ့ စွမ်းအားကြီးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ် … မင်းဟာ မင်းရဲ့ ထိုက်တန်မှု Self Worth ကို မင်းဘယ်လောက် စွမ်းဆောင်နိုင်ခဲ့ သလဲ ဆိုတာတွေနဲ့လဲ တိုင်းတာခဲ့ပြီးပြီ … မင်းဘယ်လောက် သန်မာနိုင်ခဲ့လဲ ဆိုတာတွေနဲ့လဲ တိုင်းတာခဲ့ပြီးပြီ … ဒီလို ပြင်းထန်တဲ့ လူမသိ သူမသိ တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ … ဒီလို ကြိုးစား အားထုတ်မှုတွေရဲ့ အောက်မှာ … သိပ်ကို နူးညံ့ပြီး ခံစားတတ်တဲ့, အလင်းရောင်တွေနဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက် ရှိနေသေးတယ် ဆိုတာပါပဲ … အဲ့ဒီ လူဟာ မင်း ဖြစ်ပြီးတော့ … အဲ့ဒီ လူတစ်ယောက်ကပဲ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိပြုလိုက်မိပြီး ကိုယ့်ကိုယ်ကို ရွေးချယ်လိုက်ခြင်းလဲ ဖြစ်ပါတယ် … ကိုယ် ချစ်တဲ့ မင်းဟာ အများ အမြင်ကောင်းအောင် တောက်ပြောင်ပြီး ပြင်ဆင်ထားတဲ့ ပုံစံ မဟုတ်သလို အရာရာကို နားလည် တတ်ကျွမ်းနေတဲ့ ပုံစံလဲ မဟုတ်ပါဘူး … ဒါပေမဲ့ ဒီအတိုင်း ရိုးသားပြီး မပြည့်စုံတဲ့ မင်း, အစစ်အမှန် ပုံစံလေး အတိုင်း ရှိနေတဲ့ မင်း, ငိုကြွေးနေပြီး မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရစဲ မင်း, နာကျင်နေပေမဲ့ မေတ္တာတရားကို တန်ဖိုးထားနေစဲ မင်းပဲ ဖြစ်ပါတယ် … #MyoThihaKyaw ~ Randy လူတွေက မင်းကို မမြင်ကြတဲ့ အခါတွေတိုင်း, လူတွေက မင်းကို မရွေးချယ်ကြတဲ့ အခါတွေတိုင်း မှာတော့ … မင်းလိုအပ်တဲ့ ပုံစံ အတိုင်း မင်းကိုယ်မင်းလဲ မချစ်နိုင်တော့ပါဘူး … ဒီလိုနဲ့ပဲ မင်း အသည်းတွေ ကြေကွဲပြီး စိတ်ဓါတ်တွေ ရိုက်ချိုး ခံရတယ်လို့ ခံစားရတယ် ဆိုတာ ကိုယ် ကောင်းကောင်း နားလည်ပါတယ် … မင်းကိုယ်မင်း အပြစ်တွေ တင်ခဲ့တယ် ဆိုတာကိုလဲ နားလည်ပါတယ် … မင်းဟာ လိုတာထက် ပိုသွားခဲ့ မိလို့လား … ဒါမှမဟုတ် မလုံလောက်ခဲ့လို့လား … ဆိုပြီး အမြဲ တွေးနေတတ်တယ် ဆိုတာကိုလဲ နားလည်ပါတယ် … တကယ်တော့ ဒါတွေ အားလုံးဟာ မင်းရဲ့ အမှားတွေ မဟုတ်ပါဘူး … မင်းဟာ တွေဝေမှုတွေ ကြား … ဘဝရဲ့ ရှုပ်ထွေးမှုတွေ ကြား … နောက်ဆုံး ကိုယ့်ကိုယ်ကို မချစ်နိုင်တော့တဲ့ အချိန်တွေ ကြား မှာတောင် မင်းဟာ Enough & Worthy ဖြစ်နေတာပါ … ဒါ့ကြောင့် မင်းရဲ့ နူးညံ့တဲ့ နှလုံးသား တစ်စုံကို ကိုယ်ချစ်တယ် … မင်းရဲ့ ခွန်အားတွေကိုလဲ ကိုယ် ချစ်တယ် … မင်းရဲ့ ရယ်မော သံတွေကို ကိုယ် ချစ်သလို မင်းရဲ့ မျက်ရည်တွေကိုလဲ ကိုယ် ချစ်ပါတယ် … မင်းရဲ့ အဆင်ပြေမှုတွေရော, အဆင်မပြေမှုတွေပါ ကိုယ် ချစ်သလို မင်းရဲ့ အိမ်မက်တွေ, Shadow တွေ ထိပါ ကိုယ် ချစ်ပါတယ် … ဒါ့ကြောင့် ချစ်ခြင်း မေတ္တာနဲ့ ထိုက်တန်ဖို့ အတွက် မင်းဟာ ပြီးပြည့်စုံဖို့ မလို သလို ပိုကောင်းတဲ့ Version လဲ ဖြစ်လာစရာ မလိုပါဘူး … အထူးသဖြင့် ကိုယ့်ကိုယ်ကို ချစ်ပေးဖို့ ဆိုရင်ပေါ့ … အခု အတိုင်းလေး အတိုင်း, ဒီပုံစံလေး အတိုင်း မင်းရဲ့ အမာရွတ်တွေနဲ့ အတူ, မင်းရဲ့ သံသယတွေနဲ့ အတူ, မင်းရဲ့ နူးညံ့မှုတွေနဲ့ အတူ … မင်းဟာ မင်းဆိုတဲ့ အတိုင်း လုံလောက်နေပါပြီ … Enough ဖြစ်နေပါပြီ … Worthy ဖြစ်နေပါပြီ … အချစ်ခံ ထိုက်နေပါပြီ … Today, I make a promise to myself. ကိုယ့်ကိုယ်ကို ကတိပေးပါတယ် … မင်းကို စိတ်ရှည်ရှည်နဲ့ ချစ်ပေးဖို့ … ခက်ခဲတဲ့ အချိန်တွေ တိုင်းမှာ မင်းနဲ့ အတူ တိုက်ပွဲ ဝင်ပေးဖို့ … အောင်မြင်မှု သေးသေးလေးတွေ တိုင်းကို ဂုဏ်ယူ ဝမ်းမြောက်ပေးနိုင်ဖို့ …

ချစ်ခြင်းမေတ္တာက နာကျင်ရတယ်လို့ ယနေ့ခေတ် လူ အတော်များများ ပြောလာကြပါတယ်။   တကယ်က ချစ်ခြင်းမေတ္တာက နာကျင်စေတာ မဟုတ်ပါပဲ အချစ်ရဲ့ အနောက်မှ ကပ်ပါလာတဲ့ မျှော်လင့်ချက် Expectations တွေကြောင့်  နာကျင်ကြရတာပါ။   ပြီးတော့ အချစ်ရဲ့ အနောက်မှာ ကပ်ပါလာတဲ့ တွယ်ငြိမှု သံယောဇဉ် Attachment ကြောင့် နာကျင်ကြရတာလဲ ဖြစ်ပါတယ်။ ကိုယ် ချစ်တဲ့ လူအပေါ်မှာ သွားပြီး ထားရှိမိတဲ့ မျော်လင့်ချက် များရင် များသလောက် နာကျင်မှုက အချိုးကျ Level တူ လိုက်ပြီး နာကျင်ကြရတာပါ။   ဒါ့ကြောင့် မျှော်လင့်ချက်များ ဒုက္ခများ၊ မျှော်လင့်ချက်နည်း ဒုက္ခနည်း၊ မျှော်လင့်ချက် မရှိ ဒုက္ခ မရှိ လို့ ပြောရ မလိုပါပဲ။   Relationship တွေမှာ မပြောနဲ့ မိဘနဲ့ သားသမီးမှာတောင်မှ ကိုယ့် မိဘကတော့ ဘယ်လို ဘယ်လို မိဘမျိုး ဖြစ်သင့်တယ် ဆိုတဲ့ မျှော်လင့်ချက်ရယ်၊ ကိုယ့် သားသမီးကတော့ ဘယ်လို သားသမီးမျိုး ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ မျှော်လင့်ချက်တွေရယ်ကြောင့် …   သူတို့ မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်မလာကြတဲ့ အခါ အပြန်အလှန် နာကျင်ကြရပါတယ်။   ဒီလိုပါပဲ RS တွေမှာလဲ အပြန်အလှန် မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့ အခါ ပြသနာတွေ ဖြစ်ကြပြီး နာကျင်ကြရတာပေါ့။   ဗုဒ္ဓက မချစ်ရဘူး မချစ်နဲ့လို့ ပြော မသွားခဲ့ပါဘူး။ လူတွေကို ချစ်ပေးပါ။ မေတ္တာထားပေးပါလို့ ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ မတွယ်ငြိ ရဘူး။ သံယောဇဉ် မဖြစ်ရဘူး။ Attachment မကြီးရဘူးလို့ပဲ ပြောသွားခဲ့ပါတယ်။   တွယ်ငြိရာမှာ ဆုံးရှုံးရာလို့ ကြားဖူးကြမှာပါ။ တွယ်တာစိတ်က ပိုင်ဆိုင်လိုစိတ်ကို ဖြစ်ပေါ် စေပါတယ်။   ပိုင်ဆိုင်လိုစိတ် ကြီးရင် ကြီးသလောက် အတ္တတွေ ကပ် ပါလာ တတ်ပါတယ်။ ပြီးတော့ ကိုယ် ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း သူ ဖြစ်နေရမယ်လို့ ထပ်ပြီး ထင်မိစေ တတ်ပါတယ်။   ချစ်ခြင်းမေတ္တာက ကြတော့ အေးချမ်းတယ်။ လွတ်လပ်တယ်။ ကြီးကျယ် မြင့်မြတ်ပါတယ်။ သံယောဇဉ် တွယ်တာမှုကတော့ ပူလောင်တယ်။ လေးလံတယ်။ တောင်းဆိုမှုတွေ အများကြီး ပါဝင် နေပါတယ်။   #MyoThihaKyaw ~ Randy မိဘတွေ တောင်မှ သားသမီး အပေါ် တွယ်တာမှု များတဲ့ အခါ ပူလောင်စရာတွေ အလိုလို ဖြစ်လာတတ်ပါတယ်။ ဟိုလို ဖြစ်ရမယ်၊ ဒီလို ဖြစ်ရမယ် ဆိုတဲ့ တောင်းဆိုမှုတွေ များလာတတ်ကြပါတယ်။   လူတွေက ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ကို ပေါင်းစပ်ထား မိတတ်ကြတာပါပဲ။   ချစ်ခြင်း မေတ္တာဆိုတာက သူ့ ဖြစ်တည်မှု၊ သူ့ တည်ရှိမှုကို ဖြစ်တည်မှုလေး အတိုင်း သူ့ တည်ရှိမှုလေး အတိုင်း လက်ခံပေးတာမျိုးပါ။   အပြန်အလှန် ချစ်ခြင်းမေတ္တာ ဆိုတာကတော့ သူ့ ဖြစ်တည်မှုကိုလဲ ချစ်တယ်။ ကိုယ့် ဖြစ်တည်မှုကိုလဲ ချစ်တယ်ပေါ့။   တွယ်တာမှုမှာ ကြတော့ ထိန်းချုပ်လိုမှုတွေ၊ မပိုင်ဆိုင်ရမှာ ကြောက်ရွံ့မှုတွေ၊ မလုံခြုံမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ မှီခို လိုမှုလေးတွေ ပါဝင်နေ ပါတယ်။   ဒါ့ကြောင့် အခု ခေတ်မှာ အပြောများလာတဲ့ ဘယ်သူ့ကိုမှ မချစ်နဲ့တော့ ဆိုတာထက် ချစ်ပေးပါ၊ မေတ္တာထားပေးပါ တွယ်တာမှု နဲ့ မျှော်လင့်ချက်တွေ ကိုတော့ လျော့ထားပေးပါလို့ ပြောပေးချင်ပါတယ်။   ချစ်တယ် ဆိုတာကလဲ ဘယ်သူ့ကိုတော့ ချစ်လိုက်ပါ။ ဘယ်သူ့ကိုတော့ ချစ်နေလဲ မချစ်ပါနဲ့တော့လို့ အတင်းကြီး လုပ်ယူလို့ ရတဲ့ အရာမှ မဟုတ်တာလေ။   ဒီလို ရွေးချယ်လို့ ရနေသ၍ ဉီးနှောက်က လာတာ ဖြစ်ပြီး ချစ်ခြင်း မေတ္တာ ဆိုတာက နှလုံးသားက အလိုလို မွေးဖွားလာတဲ့ အရာပဲ ဖြစ်ပါတယ်။   ပြီးတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကြည့်မယ် ဆိုရင် သံယောဇဉ်ကြိုးတွေ များများစားစား မချည်နှောင်ပဲ နက်နက်ရှိုင်းရှိုင်း ချစ်တတ်ဖို့ မေတ္တာထားတတ်ဖို့ သင်ကြားပေး ထားတာတွေကိုပဲ တွေ့ရမှာပါ။   ဒါ့ကြောင့် ကိုယ် ချစ်ရတဲ့ သူတွေကို မေတ္တာ ထားတဲ့ အခါ ကိုယ့်ကိုယ်ကို မပျောက်ဆုံး သွားစေပဲ စစ်မှန်တဲ့ စေတနာတွေ နဲ့သာ ဂရုစိုက်ပေးလိုက်ပါ။   စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ သဘောတရားက အရမ်းကို လွတ်လပ်ပါတယ်။   ဖက်တွယ်ခြင်း ကင်းတဲ့ ချစ်ခြင်းတရားမှာမှ ကိုယ်ရော သူရော နှလုံးသားက ပိုပြီး လွတ်လပ်မယ်။ ပိုပြီး တည်ငြိမ်မယ်။ ပိုပြီး အေးချမ်းလာပါလိမ့်မယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

💜 Self - Affirmation ဆိုတာက ကိုယ့်ကိုယ်ကို ခံယူချက်တစ်ခုခုကို အခိုင်အမာ ချမှတ်လိုက်တာပါ။ Eg - I am strong. ငါဟာ သန်မာတယ် … I am enough. ငါဟာ လုံလောက် ပြည့်ဝတယ် … I am smart. ငါဟာ တော်တယ် ထက်မြတ်တယ် … etc.. I am … ငါ နဲ့ စတဲ့ ခံယူချက် စာကြောင်းတွေပါ .... နောက်ထပ် ပြောချင်တာက စကားလုံးတိုင်းမှာလဲ စွမ်းအင်တွေ ရှိပါတယ်။ ဥုံ .. ဆိုတဲ့ စကားလုံးလိုမျိုး။ ပရိတ်တရားတော်တွေ၊ ဂါထာတွေ၊ မန္တန်တွေ လိုမျိုး words တွေက Powerful ဖြစ်ပါတယ်။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ ကိုယ်ရှေ့ဆက်နေကြသူတွေပါ။ ကိုယ်က လုပ်နိုင်တယ်လို့ တွေးတဲ့ အရာတွေက လုပ်ဖို့ လွယ်ကူနေတတ်ကြပြီး ကိုယ် မလုပ်နိုင်ပါဘူးလို့ တွေးရင်တော့ လုပ်ဖို့ ခက်ခဲနေကြပြန်တယ်။ ဒါ့ကြောင့် စိတ်သာ အဓိကမို့ ကိုယ့်ရဲ့ ခံယူချက်တွေကို အရင်ဆုံး ပြုပြင်သင့်ပါတယ်။ ~ Myo Thiha Kyaw ~ Randy ~ အတွေးတွေ ပြောင်းသွားရင် လုပ်ရပ်တွေကလဲ ပြောင်းလဲ သွားမှာပါ။ လုပ်ရပ်တွေ ပြောင်းလဲလာရင် ရလဒ်တွေကလဲ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်ကို အဓိကကောင်းချင်ရင် အတွေးတွေ ကောင်းနေဖို့ လိုပါတယ်။ ငါလုပ်နိုင်မှာ မဟုတ်ပါဘူး။ ငါက သူများတွေလောက် Style မကျဘူး။ ငါကို ချစ်မဲ့ ခင်မဲ့လူတွေ မရှိဘူး။ အဲ့ဒီလိုတွေ တွေးပြီး လုပ်တဲ့ အပြုအမူတွေနဲ့ ဆိုရင်တော့ အပေါ်က ပြောသလို မကောင်းတဲ့ ရလဒ်တွေပဲ ထွက်လာမှာပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ခံယူချက်တွေကို Positive ဘက်ကို ပြောင်းကြည့်ပါ။ 🌻 ဆရာကြီး မင်းသိင်္ခရေးတဲ့ Affirmation နဲ့ ဒီစာကို အဆုံးသတ်ပေး ပါ့မယ်။ “ ငါဟာ စိတ်ဓါတ်ကြီးမား ရင့်သန်တဲ့သူဖြစ်တယ်။ ဘယ်လို အကြောင်းကိစ္စနဲ့မှ ငါ့စိတ်ဟာ ယောက်ယက် မခတ်ဘူး။ ငါ့စိတ်ဟာ ကျောက်ဆောင်ကျောက်တုံးလို ခိုင်မာတယ်။ ဒါ့ကြောင့်လဲ ငါနဲ့ တွေ့ကြုံဆုံဆည်းတဲ့ လူမှန်သမျှရဲ့ စိတ်ဓါတ်ကို လွှမ်းမိုးနိုင်တယ်။ ဒါဟာ ငါ့မှာ ရှိတဲ့ အရည်အချင်း အစစ်အမှန်ပဲ။ " ကိုယ် အလိုရှိသလို တီထွင်ကြံဆ အသုံးပြုနိုင်ကြပါစေ ... 🌻 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ကိုယ့်ရဲ့ ခံစားချက် Emotion တွေကို သေသေချာချာ မကိုင်တွယ်နိုင်ပဲ Process မလုပ်နိုင်တဲ့ အခါ ... အဲ့ဒီ အရာတွေက ကိုယ့်ရဲ့ ပြင်ပ ဘဝ Real Life မှာ Manifest ဖြစ်လာစေပါတယ်။ မကောင်းတဲ့ ခံစားချက်တွေ ဖြစ်တဲ့ ကြောက်ရွံ့ စိုးရိမ်တာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ စတာတွေကို အပြင်ကို ထုတ်နိုင်ဖို့ မကြိုးစားပဲ ဖိနှိပ် ချုပ်ချယ်ထားပြီး အတွင်းထဲကို ဖိသိပ် Suppress လုပ်လိုက်တဲ့ အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ရေရှည် စိတ် ဖိစီးတာတွေကနေ ခေါင်းကိုက်တာ၊ ကြွက်သားတွေ တောင့်တင်းနေတတ်တာ၊ အစာမခြေနိုင်တာ၊ ဗိုက်အောင့်တာ၊ အိပ်မပျော်တာ တွေကနေ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက် လာစေနိုင်ပါတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို မဖြေရှင်းနိုင်တဲ့ အခါ ကိုယ့် Emotion က လူကို ပိုပြီး လှုံ့ဆော်ပေးနေသလို ဖြစ်တဲ့ အတွက် စိတ်မြန်လက်မြန်နဲ့ တုန့်ပြန်မိတာမျိုး၊ ပြောဆို မိတာမျိုးလဲ ဖြစ်တတ်ပါတယ်။ အဲ့ဒီ ကနေ စိတ် ရှုပ်ထွေးလွယ်တာ၊ ဒေါသ ဖြစ်လွယ်တာတွေ ဖြစ်တတ်တာမို့ အသေးအဖွဲ ကိစ္စလေးတွေမှာတောင် ကိုယ့်ကိုယ်ကို ထိန်းချုပ် Control လုပ်လို့ မရတော့တာမျိုးတွေလဲ ဖြစ်တတ်ပါတယ်။ ကိုယ် ကိုင်တွယ် မဖြေရှင်းနိုင်တဲ့ ခံစားချက်တွေဟာ ဖိနှိပ်ချုပ်ချယ်ထားတယ် ဆိုပေမဲ့ ပျောက်ကွယ်သွားတာ မဟုတ်ပဲ Emotion တွေဟာ ဟိုးအတွင်း ‌အောက်ခြေမှာ ဆက်လက် ကြီးထွား ပွားများနေတာပဲ ဖြစ်ပါတယ်။ #MyoThihaKyaw ~ Randy ကိုယ့်ရဲ့ မကောင်းတဲ့ Negative ခံစားချက်တွေကို လွှတ်ချ Release မလုပ်နိုင် မချင်း စိတ်ဖိစီးမှုတွေ ပို ပို များလာတတ်ပြီး တင်းအား Tension တွေကို ဆက်လက် ခံစားလာရနိုင်ပါတယ်။ ခံစားချက်တွေကို ဆက်လက် မြိုသိပ်ထားခြင်းအားဖြင့် နောက်ဆုံး မထိန်းနိုင်တော့တဲ့ တစ်ချိန်မှာ ပေါက်ကွဲ ထွက်လာပြီး ကိုင်တွယ် ဖြေရှင်း Handle လုပ်လို့ မရတော့တဲ့ အခြေအနေမျိုးတွေလဲ ဖြစ်လာတတ်ပါတယ်။ အဲ့ဒီ အခါမျိုးတွေမှာ ကိုယ့်ပတ်ဝန်းကျင်က ဆက်ဆံရေးတွေ ဖြစ်တဲ့ မိသားစု၊ လုပ်ငန်းခွင်၊ မိတ်ဆွေ အပေါင်းအသင်း၊ Relationship အပြင် ကိုယ် ကိုယ်တိုင်ရဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေး အားလုံးဟာ အဆင်မပြေလာ တော့တာမျိုးတွေ ဆက်လက် ဖြစ်ပွားလာပါတော့တယ်။ ပြီးတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မကိုင်တွယ်နိုင်တော့တဲ့ အခါ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေ၊ မျှော်လင့်ချက်တွေ အားလုံးဟာ လမ်းကြောင်း လွဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ခံစားချက်တွေကို လစ်လျူရှုထားပြီး မျက်နှာလွှဲထား လေလေ၊ မြိုသိပ် ဖိနှိပ်ထား လေလေ၊ ခံစားချက်တွေကို ရှောင်လွှဲဖို့ ကြိုးစားနေ လေလေ ထိန်းချုပ်ရ ပိုပြီး ခက်ခဲလေလေ ဖြစ်လာကာ အခြေအနေတွေက ပိုကောင်းလာဖို့ မရှိစေပဲ ပိုဆိုးလာကာ အဆိုး ဖြစ်ရပ် Negative Impact တွေကို ဆွဲဆောင် Attract လုပ်နေသလို ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

သိစိတ် - မသိစိတ် https://youtu.be/H4OZ2N7UnQA?si=W-L8U6-oPDBDN5gw

ငြိမ်သက်ခြင်း, အေးချမ်းခြင်း, ဟန်ချက်ညီမျှခြင်း တို့ကို ထူထောင်နိုင်စေသောကြောင့် နှလုံးခုန်နှုန်း, သွေးလည်ပတ်နှုန်းတို့ကို ကောင်းမွန်စေကာ မိမိတို့၏ Energy ကိုလည်း များစွာ Boost လုပ်ပေးနိုင်ပါတယ် ... တရားထိုင်ခြင်း၏ ကောင်းကျိုးများ, အကျိုးကျေးဇူးများကို ရေးရမည်ဆိုလျှင် ဒီထက်များစွာ ရှိနေပါသေးတယ် ... ထို့ကြောင့် Meditation ကို စနစ်တကျ သေသေချာချာ ပုံမှန် အလေ့အကျင့် ပြုလုပ်ကာ ထိုင်ဖို့ တိုက်တွန်းချင်ပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 မျိုးသီဟကျော် ~ Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

Research Data လေ့လာတွေ့ရှိချက်များ အရ ကျွန်တော်တို့ရဲ့ ဉီးနှောက်ဟာ တစ်နေ့ကို အတွေးပေါင်း 50,000 ကျော်ကနေ 70,000 အထိ တွေးမိနေတတ်ကြပါတယ် ... ဒါ့ကြောင့် ပျမ်းမျှအားဖြင့် ၁ မိနစ်ကို အတွေးပေါင်း 35 ခုကနေ 48 ခုအထိ တွေးတော အလုပ်လုပ်နေတယ် ... လို့ ဖော်ပြထားပါတယ် ... ♦️ ခက်ခဲတဲ့ ပြသနာတစ်ခုခုကို ရင်ဆိုင်ဖြေရှင်းရတဲ့ အခါမျိုး ... နက်နဲတဲ့ အကြောင်းအရာ တစ်ခုခုအတွက် အဖြေထုတ်ရတဲ့ အခြေနေမျိုးတွေမှာ Randy တို့ရဲ့ ဉီးနှောက်ဟာ အတွေးပေါင်း မြောက်များစွာကို တွေးတောရပါတယ် ... ဒီလို ပုံမှန်ထက် ပိုပြီး စဉ်းစား တွေးတောရတဲ့ အခါမျိုးတွေမှာ ... ဉီးနှောက်က ပိုမို အလုပ်လုပ်ရလို့ ထူပူလာတာမျိုးတွေ ကြုံရလာကာ ... သာမာန် ကိစ္စရပ်လေးတွေမှာတောင် ဆုံးဖြတ်ချက် မချနိုင်တော့ပဲ မှားယွင်းတဲ့ အတွေးအခေါ်မျိုးတွေ ... အသုံးမဝင်တဲ့ အတွေးမျိုးတွေ ထွက်လာတတ်ပါတယ် ... ဉီးနှောက်ကို အခြားသူများထက် ပိုမို အသုံးပြုပြီး ဉာဏအားဖြင့် အလုပ်လုပ်နေရသူတွေပဲ ဖြစ်ဖြစ် ... Over Thinking သမားတွေပဲ ဖြစ်ဖြစ် ... သာမာန်လူတွေပဲ ဖြစ်ဖြစ် ... နေ့စဉ် ရှင်သန် လှုပ်ရှားမှုတွေမှာတောင် … အတွေးကောင်းတွေ ထွက်ဖို့ ... ဉီးနှောက်ထဲမှာ ရှင်းလင်းပြီး လန်းဆန်းတတ်ကြွနေဖို့ ဆိုတာတွေက အရေးကြီးပါတယ် ... ဒါ့ကြောင့် ဉီးနှောက်ကို အနားပေးတဲ့ အနေနှင့် … အမှန်ကန်ဆုံး အကောင်းဆုံး နည်းလမ်းဟာ Meditation လုပ်ခြင်းပဲ ဖြစ်ပါတယ် … ♦️ Randy တို့ဟာ စိတ်ပင်ပန်းလို့ အနားယူတယ် ဆိုပြီး ... မိမိတို့ရဲ့ Break Time လိုမျိုးမှာတောင် Social Media သုံးနေတာ ... ပြင်ပက အမြင်, အကြား, အသံ, အနံ, အရသာ, အထိအတွေ့ တွေကို ဉီးနှောက်က Process လိုက်လုပ်နေပြီး ဝေဖန်အကဲဖြတ် သုံးသပ်နေတာမျိုးတွေ ... Judgment လုပ်နေတာမျိုးတွေ လုပ်နေတတ်ပါတယ် ... ဒီတော့ အနားယူနေရင်း အနားမရတာမျိုးတွေ ဖြစ်လာပြီး ... စိတ်တွေ ပိုရှုပ်လာတာ ... တွေးစရာတွေ ပိုပေါ်လာတာမျိုးတွေ ထပ်ဖြစ်တတ်ပါတယ် ... ဒါ့ကြောင့် အနားယူတဲ့ အခါမျိုးမှာ ... ထိုင်ခုံမှာ ဖြစ်စေ ... တရားထိုင်သလို ထိုင်ပြီးတော့ ဖြစ်စေ ... လဲလျောင်း၍ ဖြစ်စေ ... မိမိတို့ရဲ့ ဝင်လေ ထွက်လေ (သို့) စိတ်ကို နေရာ တစ်ခုထဲမှာ အာရုံစိုက်စေပြီး ... စိတ်ကို တည်ငြိမ်အောင် ... အတွေးတွေကို ရပ်တန့်သွားအောင် Meditate လုပ်ခြင်းဖြင့် စိတ်ကို အနားပေးထားလို့ ရပါတယ် ... တကယ်လို့ သီးသန့် တရားမထိုင်နိုင်တဲ့ သူတွေအတွက် Relaxation Music များ, Stress Relief Song များကို အသုံးပြုကာ ကြားနေရတဲ့ တီးလုံး အသံမှာသာ အာရုံစိုက်ပြီး စိတ်ကို မပျံ့လွင့်စေပဲ ... ဘာအတွေးမှ မတွေးပဲ အနားယူလို့ ရပါတယ် ... ~ Myo Thiha Kyaw ~ Randy ~ 🔹 တရားထိုင်ခြင်းအားဖြင့် မိမိတို့ ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသော Cortisol ဟော်မုန်း ထုတ်လုပ်ခြင်းကို လျော့ချပေးသောကြောင့် စိတ်ဖိစီးမှုကို သက်သာလျော့နည်းစေပါတယ် ... ထို့ကြောင့် မိမိတို့၏ ကိုယ် စိတ် နှလုံး သုံးပါးကို ပိုပြီး Relax ဖြစ်စေတဲ့ အခြေအနေကို ဉီးတည်ပေးပါတယ် ... ဒါ့အပြင် လေ့လာတွေ့ရှိချက်များအရ တရားထိုင်ခြင်းက ... ဖျားနာခြင်း, ရောဂါကူးစက်ခြင်း စသည်တို့မှ ခုခံ ကာကွယ်ပေးနိုင်သော မိမိတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော ခုခံအား စနစ် Immune System ကိုလည်း တိုးတတ်ကောင်းမွန်စေပါတယ် ... 🔹 ပုံမှန် တရားထိုင်ခြင်းဟာ အာရုံ စုစည်းမှုကို ပိုမို အားကောင်းလာစေခြင်းကြောင့် ... မိမိတို့ရဲ့ လုပ်ငန်းဆောင်တာများ, လေ့လာမှတ်သားစရာများ, မိမိတို့ ဘဝမှာ ပိုမို Focus လုပ်ရမည့် အရာများ ... စသည်တို့ အပေါ်တွင် သေသေချာချာ အာရုံထားကာ အကောင်းဆုံး လုပ်ဆောင်နိုင်ပြီး ... ရလဒ်ကောင်းတွေကို ရရှိစေနိုင်ပါတယ် ... ထို့အပြင် ဖန်တီးနိုင်မှု စွမ်းအား, ပြသနာဖြေခြင်းနိုင်မှု စွမ်းရည်, စဉ်းစားတွေးခေါ်မှု အပိုင်း စသည်တို့ကိုလဲ ပိုမို တိုးတက် ကောင်းမွန် စေနိုင်ပါတယ် ... 🔹 တရားထိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာ ... ခံစားချက်ပိုင်းဆိုင်ရာ ... စသည်တို့တွင် ပိုပြီး Stability တည်ငြိမ်မှုရှိလာခြင်း, Resilience ဒူပေနာပေခံနိုင်လာခြင်း, ခံနိုင်ရည် မြင့်မားလာခြင်း တို့ကို Promote လုပ်ပေးနိုင်ပြီး ... စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ပတ်သက်သော စိုးရိမ်သောကများ, စိတ်ဓါတ်ကျခြင်းများ စသည်တို့ကို လျော့ချပေးနိုင်ခြင်းကြောင့် မိမိတို့၏ Emotional Well-Being စိတ်ပိုင်းဆိုင်ရာ, ခံစားချက်ပိုင်းဆိုင်ရာ ကျန်းမာ ချမ်းသားခြင်းတို့ကို များစွာ အထောက်အကူပြု တိုးတတ် ကောင်းမွန်စေကာ အတွေးဆိုးများ, Over Thinking ဖြစ်ခြင်းများ စသည်တို့ကို ထိန်းချုပ်ပေးစေနိုင်ပါတယ် ... 🔹 ရေရှည် တရားထိုင်ခြင်းဖြင့် မိမိတို့၏ အတွေးများ, ခံစားချက်များ, တုန့်ပြန် ပြုမူပုံများ, အမူအကျင့်များကို သေသေချာချာ နက်နက်နဲနဲ ခံစားသိရှိလာကာ Self Awareness အားကောင်းလာပြီး ပြုပြင် ပြောင်းလဲသင့်သည်များကို ပြုပြင်လာနိုင်ကာ မိမိတို့၏ Personal Growth အတွက် ကောင်းစွာ ဖော်ဆောင်လာစေနိုင်ပါတယ် ...