es
Feedback
🍀 Randy 🍀

🍀 Randy 🍀

Canal cerrado

🎁 Personal Growth & Spirituality 🎁

Mostrar mĂĄs
6 403
Suscriptores
-224 horas
-207 dĂ­as
-12030 dĂ­as
Archivo de publicaciones
စိတ်ဓါတ်ကျတဲ့ ရက်တွေ၊ စိတ် မပျော်တဲ့ ရက်တွေမှာ ... 🔹 ကိုယ့်ကိုယ်ကို အရင်ကထက် ပို ဂရုစိုက်ပေးပါ။ ပို ကြင်နာပေးပါ။ ပိုပြီး မေတ္တာထားပါ။ 🔹 အပင်လေးတွေ၊ ရေကန်လေးတွေ၊ မြက်ခင်းပြင်တွေ စသည့် သဘာဝတရားနှင့် နီးနီးကပ်ကပ်နေပြီး Grounding လုပ်ပါ။ 🔹 နေရောင် ခံယူတာ၊ လေကောင်းလေသန့်ရတဲ့ နေရာမှာ နေတာ၊ ကြယ်လေးတွေကို ခံစားကြည့်တာမျိုး လုပ်ပါ။ 🔹 ကော်ဖီ တစ်ခွက်လောက် Juice တစ်ခုခုလောက် သောက်ရင်း အနားယူပါ။ ကိုယ် စားချင်တာလေးတွေ ဝယ်စားပါ။ #MyoThihaKyaw ~ Randy 🔹 ရေ များများသောက်ပါ။ တခါတရံ ရေကို စိမ်ပြေနပြေ ချိုးရင် Relax လုပ်ပါ။ 🔹 Journaling လုပ်တာ၊ ပန်းချီဆွဲတာ၊ Hand Made လေးတွေ လုပ်တာ စသည့် ကိုယ့် စိတ်ပျော်မည့် အရာလေးတွေ လုပ်ကြည့်ပါ။ 🔹 ကိုယ်ယုံကြည် စိတ်ချရတဲ့ သူတွေထံမှာ ရင်ဖွင့်ပါ။ ပြီးတော့ ကိုယ်နှင့် အနီးကပ်နေ နေသည့် လူတွေထဲမှ သိသင့် သိထိုက်သည့် သူများကို ကိုယ် စိတ်မကြည်လင်ကြောင်း ပြောထားပါ။ 🔹 လောကမှာ ဘယ်အရာမှ မတည်မြဲတာမို့ ကောင်းခြင်း၊ ဆိုးခြင်း ဆိုတာထက် ယခုကြုံနေရတဲ့ အရာတွေက ခဏပါပဲ မမြဲပါဘူး။ ဒါပြီးရင်လဲ ပြီးသွားမှာ ဆိုတဲ့ အကြောင်းကို ကိုယ့်ကိုယ်ကို သတိပေးပါ။ 🔹 စိတ်ရော ကိုယ်ပါ ပြည့်ပြည့်ဝဝ အနားယူဖို့ ဆိုတာကလဲ အရေးကြီးပါတယ်။ ဒါ့ကြောင့် Social Media သုံးတာ ရပ်ထားပါ။ အိပ်ယာထဲမှာ ဖြစ်စေ၊ သီချင်းဖွင့်ထားပြီး ဖြစ်စေ အနားယူပါ။ 🔹 ဒီလို အချိန်မှာ တရားထိုင်ခြင်း၊ ရောဂကျင့်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ လေ့ကျင့်ခန်း တစ်ခုခု လုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာ၊ ချမ်းသာကြပါစေ ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ဘဝကို ပိုမို ကောင်းမွန် ပြည့်စုံလာဖို့ အတွက် ဆုတောင်းနေရုံ ထိုင်ပြီး Manifest လုပ်နေရုံနဲ့ မရပါဘူး ... ဘဝဟာ ဒီထက် ပိုကောင်းလာရင် ကောင်းမှာပဲ လို့ အမြဲတွေးနေမိတာကလဲ မိမိတို့ရဲ့ ပျော်ရွှင်မှုတွေ, ပြည့်စုံမှုတွေကို Block တစ်ခုအနေနဲ့ ပတ်ပင်တားစီးနေစေပါတယ် ... ဘာလို့ဆို ပစ္စုပ္ပန်ကနေ ကျော်လွန်ပြီး မရောက်လာသေးတဲ့ အနာဂါတ်ဆီမှာ မိမိတို့ရဲ့ ပျော်ရွှင်မှုတွေ, ပြည့်စုံမှုတွေကို သွားပြီး အပ်နှင်းမိသွားလို့ပါပဲ ... ဒီတော့ လက်ရှိ အခြေအနေကို စိတ်မကြေနပ်မှု များစွားနဲ့ ဖြတ်သန်းနေမိပြီး ပစ္စုပ္ပန်ဟာ အဓိပ္ပါယ်မဲ့နေသလို ခံစားရမှာ အမှန်ပါပဲ ... Randy တို့ အားလုံးမှာ ကိုယ်ပိုင် အိမ်မက်တွေ ဆိုတာ ရှိကြပါတယ် ... ကောင်းမွန် ပြည့်စုံတဲ့ အလုပ်တစ်ခုခု, ပြီးပြည့်စုံတဲ့ Relationship ပုံစံ, ကောင်းမွန်တဲ့ ဘဝနေထိုင်မှု ပုံစံ Lifestyle စသည်ဖြင့် စိတ်ထဲမှာ Hold လုပ်ထားပြီး စိတ်ကူးတွေပဲ ယဉ်နေမိတတ်ကြပါတယ် ... ဒါပေမဲ့ တစ်ခါတလေ ကျတော့ ဒီလို အိမ်မက်တွေ ဖြစ်လာဖို့ အတွက် ကိုယ့်မှာ မပြီးပြည့်စုံသေးဘူး ... Enough မဖြစ်သေးဘူးလို့ ခံစားရကောင်း ခံစားနေမိနိုင်ပါတယ် ... ဒါကြောင့် Wishing & Manifesting ကိုပဲ အထပ်ထပ်အခါခါ လုပ်နေတာမျိုးနဲ့ ပိတ်မိနေ, သံသရာလည်နေတာတွေ ဖြစ်တတ်ပါတယ် ... #MyoThihaKyaw ~ Randy တကယ်က ဆုတောင်းသင့်တာ ဆုတောင်း, Manifest လုပ်သင့်တာကို လုပ်ပြီးနောက်မှာ ... ကိုယ်ဟာ တတ်တတ်ကြွကြွနဲ့ ကိုယ်အလိုရှိတဲ့ ဘဝကို ပြောင်းလဲ ဖန်တီးယူဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ် ... အနာဂါတ်ကို Surrender လုပ်ပြီး ... ပစ္စုပ္ပန်တည့်တည့်ကို အသုံးချကာ ... ကိုယ် ဖြစ်ချင်တဲ့ ဘဝအတွက် အကျိုးရှိတဲ့ လုပ်ဆောင်မှု Action တစ်ခုခုကို စတင် တာဝန်ယူလိုက်တာနဲ့ ... ကိုယ်ရဲ့ Reality ကို ဖန်တီးနိုင်တဲ့ စွမ်းအား Power ဟာ ကိုယ့်လက်ထဲမှာ ရှိပါလား ဆိုတာကို သတိပြုမိလာမှာပဲ ဖြစ်ပါတယ် ... ⭐️ ယခု လက်ရှိ အခြေအနေကနေ ကိုယ်ဟာ ဘာကို စတင် လုပ်ကိုင်လို့ ရလဲ? ကြိုးစားယူလို့ရလဲ? ⭐️ ဘယ်အရာက ကိုယ်နဲ့ လက်လှမ်း မှီပြီး ဘယ် အရာကတော့ ကိုယ် ပြုပြင်ပြောင်းလဲလို့ ရလဲ? ဆိုတဲ့ မေးခွန်းတွေကို မေးကာ ... ကိုယ့်ရဲ့ အခြေအနေတွေကို တိုးတတ်ကောင်းမွန်လာဖို့ အတွက် Focus လုပ်ရမှာပဲ ဖြစ်ပါတယ် ... သေးသေးလေးက စတင်ကာ ကိုယ့်ရဲ့ ပန်းတိုင် Goal အတွက် ဖြေးဖြေးချင်းစီ Consistent အပြည့်အဝနဲ့ သွားခြင်းဟာ … မျှော်လင့်နေတာထက် ကိုယ့်လက်ထဲကို Empower အပြည့် ပြန်ထည့်ပေးလိုက်သလို ဖြစ်ပြီး ကိစ္စရပ် တစ်ခုအောင်မြင်တိုင်း ပျော်ရွှင်မှုကိုလဲ ပိုမို ခံစားစေရမှာပဲ ဖြစ်ပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

မိဘတွေမှ အစပြုလို့ အခြားလူတွေကပါ အမျိုးသမီးတွေကို အမြဲတမ်း သင်ကြားပေးနေတာက Stay Small ဖြစ်စေဖို့။ တိတ်တိတ်လေး ရှင်သန်တတ်စေဖို့။   အန္တရာယ် Avoid Risk တွေကို ရှောင်ရှားတတ်ဖို့။ အခြားသူတွေကိုပဲ မှီခိုနေစေဖို့။ မှီခိုတတ်ဖို့ စသည့်ဖြင့် သင်ကြားပေးလေ့ ရှိကြပါတယ်။   ဒီလို သတင်းစကား Messages တွေဟာ ထပ်ကာ ထပ်ကာ ကြားရဖန် များလာတော့ ယုံကြည်ချက် တစ်ခုလိုတောင် ဖြစ်လာပါတော့တယ်။   အမျိုးသမီးတွေဆိုတာ ဘယ်လို ဖြစ်သင့်တယ်။ ဘယ်လို နေရမယ် ဆိုတာမျိုးတွေပေါ့။   ဒီတော့ အမျိုးသမီးတွေဟာလဲ တစ်ခုခုဆိုရင် ငါ မလုပ်နိုင်ပါဘူး။ ငါက Ready မဖြစ်သေးဘူး။ ငါ ရှေ့ထွက်လို့ မဖြစ်ပါဘူး။ စသည်ဖြင့် ယုံကြည်နေကြပါတော့တယ်။   တကယ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာ ကြောက်ရွံ့မှု မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကြောက်ရွံမှုတွေ ကြားက Action ယူတာဟာ ယုံကြည်မှု တည်ဆောက်တာပါပဲ။   အဲ့ဒီလိုပါပဲ သတ္တိ ဆိုတာကလဲ ကြောက်ရွံ့မှု မပါတာ မဟုတ်ပါဘူး။ ကြောက်ရွံ့မှု ရှိတာတောင် ရှေ့ကို ဆက်လက် ချီတတ်နေတာပဲ ဖြစ်ပါတယ်။   ပြီးတော့ အမျိုးသမီးတစ်ယောက်ဟာ အရာရာကို ပြောင်းလဲဖို့ သူမကိုယ် သူမ ရွေးချယ်လိုက်တာဟာ အတ္တကြီးတာ မဟုတ်ပါဘူး။ သူမ ဘဝကို သူမ စတင်ပြီး တာဝန်ယူလိုက်တာပဲ ဖြစ်ပါတယ်။   ◼️ ဒါ့အပြင် အမျိုးသမီးတစ်ဉီး ကုစားမှု ရပြီး ပြောင်းလဲ တိုးတတ်သွားတယ် ဆိုတာ သူမ တစ်ယောက်ထဲ ပြောင်းလဲသွားတာ မဟုတ်ပါပဲ   သူမရဲ့ ကိုယ်ပိုင် ဘဝ၊ သူမရဲ့ မိသားစု၊ သူမရဲ့ အလုပ်အကိုင်၊ သူမရဲ့ ဝင်ငွေ၊ သူမရဲ့ လုပ်ငန်းခွင်နဲ့ သူမရဲ့ နောင်လာမဲ့ မျိုးဆက်တွေ အတွက်ပါ ကောင်းသော အပြောင်းအလဲတွေ အများကြီး ဖြစ်သွားမှာ အမှန်ပါပဲ ဖြစ်ပါတယ်။   ဒါ့ကြောင့် အမျိုးသမီးတွေ အနေနဲ့ ဘဝရဲ့ ဒဏ်ရာ နာကျင်မှုတွေ စီမှာသာ ရပ်တန့်မနေပဲ ကိုယ့်ရဲ့ စွမ်းအား Power ဖြစ်လာအောင် ဖြေးဖြေးချင်း Healing and Transformation လုပ်ဖို့ တိုက်တွန်း အားပေးချင်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …  

ဘယ်လို အချိန်မျိုးတွေမှာ ကိုယ့်ကိုယ်ကို သေးငယ်စေတယ်၊ သိမ်ငယ်စေတယ်လို့ ခံစားရတတ်လဲ။ ဘယ်လို အချိန်မျိုးတွေမှာ ကိုယ့်ကိုယ်ကို လုံခြုံ စိတ်ချရမှု အပြည့်အဝ မရှိဘူးလို့ ခံစားရစေလဲ။   ဘယ်လို လူတွေနဲ့ ရှိနေရင် ဘယ်လို စိတ်ခံစားချက်တွေ ဖြစ်ပေါ်နေလဲ။ ကိုယ့်ဘေးက လူတွေ စီကနေ Positve Vibes တွေ ရနေတာလား။ Negative Vibes တွေ ရနေတာလား။   ဘယ်လို အခြေအနေတွေက ကိုယ့်ကို နာကျင်စေလဲ ဒါမှမဟုတ် ဘယ်လို အခြေအနေတွေက ကိုယ့်ကို စိတ်တို ဒေါသထွက်စေလဲ၊ ဝမ်းနည်းလွယ်စေလဲ။   သေသေချာချာလေး စမ်းစစ်ပြီး ကိုယ့်ကိုယ်ကို မေးကြည့် ဖြေကြည့်ပါ။ ဒါမှ နောက်တစ်ခါ ဒီလိုမျိုး ကြုံလာရတဲ့ အခါ အသိ သတိက အရင်ဉီးပြီး ကိုယ့်ကိုယ်ကို သေချာ ထိန်းချုပ် Control လုပ်ကာ တုန့်ပြန်နိုင်မှာပဲ ဖြစ်ပါတယ်။   ◼️ ဒုတိယကတော့ ကိုယ့်ကိုယ်ကို လက်ခံခြင်း Self Acceptance ပါ။ ပြီးပြည့်စုံတဲ့ သူ ဆိုတာ မရှိပါဘူး။ လူတိုင်းဟာ အမှားတွေ လုပ်နိုင်ပါတယ်။ အားနည်းနိုင်ပါတယ်။ ပျော့ညံ့နိုင်ပါတယ်။ ကျရှုံးမှုတွေကနေ သင်ခန်းစာတွေ ယူရနိုင်ပါတယ်။   ဒါကို လက်ခံလိုက်ရုံပါပဲ။ အခြေအနေတွေကို ဖြစ်တဲ့ အတိုင်းလေး လက်ခံလိုက်တာ၊ ကိုယ့်ကိုယ်ကို အရှိ အတိုင်းလေး လက်ခံလိုက်တာ၊ အခြားသူတွေကို သူ့အတိုင်းလေး လက်ခံလိုက်တာ၊ အတိတ်က ဖြစ်ရပ်တွေကို လက်ခံလိုက်တာ စတာတွေက ကိုယ့်စိတ်ကို ငြိမ်းအေး စေနိုင်ပါတယ်။ #MyoThihaKyaw ~ Randy   ဒီလို လက်ခံလိုက်တယ် ဆိုတာကလဲ ဒါတွေကို ခွင့်ပြုလိုက်တယ်၊ သဘောတူလိုက်တယ်လို့ ယူဆတာ မဟုတ်ပါပဲ ကိုယ် Control လုပ်လို့ မရတဲ့ အရာတွေကို အရှိကို အရှိအတိုင်း လက်ခံပေးလိုက်တာပါပဲ။   ဒါဟာ ကိုယ့်ကိုယ်ကို ဒါမှမဟုတ် အခြား အရာတွေကို အဆက်မပြတ် ဝေဖန်ပိုင်းခြားနေတာ မဟုတ်တော့ပါပဲ ခဏတာ ငြိမ်းအေးမှုကို ရွေးချယ်လိုက်တဲ့ သဘောပါပဲ။   ကိုယ်လဲ ဘာမှ ပြင်လို့ ရတာမှ မဟုတ်တော့တာလေ။   ဒီလိုမှ မဟုတ်ရင် သုံသပ် အကဲဖြတ်နေတာနဲ့တင် ခြာခြာလည်နေပြီး အဖြေလဲမထွက် Energy လဲ ကုန်ခမ်းနဲ့ လက်ရှိ ပစ္စုပ္ပန်နဲ့လဲ ကင်းကွာကာ ဘာမှ အကျိုးမရှိ ဖြစ်နေနိုင်ပါတယ်။   ◼️ အမျိုးသမီးတွေ အတွက် တတိယ အချက်ကတော့ ကိုယ့်ကိုယ်ကို လေးစားနိုင်မှု Self Respect ပါ။ Self Respect ရှိခြင်းဟာ စည်းဘောင် နယ်နိမိတ် Boundaries တွေကို ခိုင်ခန့်အောင် သတ်မှတ်နိုင် ပါတယ်။   ကိုယ့်ကိုယ်ကို လေးစားတဲ့ အမျိုးသမီးတွေဟာ အခြားသူတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင် နယ်နိမိတ် Boundaries တွေ၊ Limit တွေကို ကျော်လွန်ဖို့ ခွင့်မပြုပါဘူး။   ငြင်းပယ်စရာ ရှိရင် Guilt ဖြစ်မနေပဲ Say No ပြောနိုင်ပါတယ်။ သူမရဲ့ ကိုယ်ပိုင် အချိန်၊ စွမ်းအင်နဲ့ ခံစားချက်များဟာ အရေးပါကြောင်း အဖိုးတန်ကြောင်း ကောင်းကောင်းနားလည်ပါတယ်။   ရုပ်ပိုင်းဆိုင်ရာ စည်းဘောင် Physical Boundaries တွေဟာ အရေးကြီးသလို ခံစားချက်ပိုင်းဆိုင်ရာ စည်းဘောင် Emotional Boundaries တွေဟာလဲ အရေးကြီးပါတယ်။   ကိုယ့် ခံစားချက်တွေကို ထုတ်ပြနိုင်တာ၊ မကြိုက်တာကို မကြိုက်ကြောင်း ပြောနိုင်တာ၊ အဆင်မပြေတာတွေကို အဆင်မပြေကြောင်း ပြနိုင်တာ၊   ဝမ်းနည်းတာကို ဝမ်းနည်းကြောင်း ဖော်ထုတ်နိုင်တာတွေဟာ ကိုယ့် သတ်မှတ်ချက်တွေကို လာမကျော်စေချင်လို့ ဖော်ပြရာ ရောက်ပါတယ်။   ဒီအချက်တွေ အားလုံးဟာ အတွင်းစိတ် ကုစားခြင်းနဲ့ ပြောင်းလဲ တိုးတတ်မှု Inner Healing & Transformation စီကို ဉီးတည်စေပါတယ်။   အတွင်းစိတ်ကို ပြန်လည် ကုစားပြီး ကောင်းမွန်လာတာနဲ့ အမျှ ပြင်ပ ကမ္ဘာပတ်ဝန်းကျင်ဟာလဲ ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။   ဆက်ဆံရေးတွေ ပိုမို တိုးတတ်ကောင်းမွန်လာမယ်။ အလုပ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ပိုမို ရှင်းလင် ပြတ်သားလာစေပါမယ်။   ကိုယ့်ရဲ့ ခံစားချက်တွေဟာ ပိုမို တည်ငြိမ် ကောင်းမွန်လာမယ်။ အောင်မြင်မှုတွေက ပိုပြီး သေချာလာသလို စိတ်ဖိစီးမှုတွေ လျော့ကျလာပြီး ပိုမို ကျန်းမာလာပါလိမ့်မယ်။   တကယ်လို့ အမျိုးသမီး တစ်ဉီးဟာ အောင်မြင်မှုကို ပဲ ကြိုးစားပန်းစား လုပ်ကိုင် ဆောင်ရွက်နေပြီး ကုစားမှု ခရီးစဉ် Healing Process ကို မလုပ်ဆောင်ထားဘူးဆိုရင်   သူမ လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ရောက်နေစေဉီးတော့ ရင်ဘတ်ထဲမှာ ဗလာ ဟောင်းလောင်းနဲ့ အပေါက်ကြီးဖြစ်နေသလို ခံစားနေရနိုင်ပါတယ်။   အောင်မြင်မှုလို့ ပြောရင် တစ်ယောက်နဲ့ တစ်ယောက် ကဏ္ဍတွေ မတူညီကြပါဘူး။ တချို့က အိမ်ထောင်ရေးမှာ အောင်မြင် အဆင်ပြေမှု ရချင်ကြတယ်။   တချို့က စီးပွားရေးမှာ အောင်မြင်ချင်တယ်။ တချို့က မိဘတစ်ဉီးအနေနဲ့ အောင်အောင်မြင်မြင် သားသမီးတစ်ဉီးကို ပြုစု ပျိုးထောင်ပေးချင်တာမျိုး ဖြစ်နိုင်ပါတယ်။   ဒါ့ကြောင့် အမျိုးသမီးတစ်ယောက် အောင်မြင်တယ် ဆိုတာ လုပ်ငန်းတစ်ခုထဲကို ဆိုလိုတာ မဟုတ်ပါဘူး။   အမျိုးသမီးတိုင်းဟာ ကိုယ် ကြိုက်နှစ်သက်တဲ့ ကဏ္ဍမှာ ကိုယ် အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိကြပါတယ်။   ဒါပေမဲ့ ဟိုး ရှေးယခင်က အစပြုလို့ ယခု အချိန်အထိ ပတ်ဝန်းကျင် လူ့ အဖွဲ့အစည်း အသိုင်းအဝိုင်းက အမျိုးသမီးတွေကို အောင်မြင်ပြီး နေရာတစ်ခုရတဲ့ ပုံစံမျိုးထက် သာမန် ပုံစံနဲ့ပဲ နေစေချင်ခဲ့ကြပါတယ်။

အမျိုးသမီးတွေတိုင်းမှာ လွှတ်မချနိုင်တဲ့ ပုံပြင်တွေ ရှိကြပါတယ်။ တချို့ ပုံပြင်တွေက မေတ္တာတရားတွေ၊ အားပေး ထောက်ပံ့မှုတွေနဲ့ ပြည့်ဝလို့ နေပါတယ်။   တချို့ ပုံပြင်တွေကတော့ တိတ်ဆိတ်မှုတွေ၊ ဖိအားတွေ၊ ငြင်းပယ်ခံရမှုတွေ၊ နာကျင်မှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။   သင်ကရော ဘယ်လို ပုံပြင်တွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးလေး ဖြစ်နေမလဲ။   ဒါပေမဲ့ အမျိုးသမီး အများစုကတော့ အပြင်ပိုင်းမှာ သန်မာနေကြတယ်၊ မေတ္တာတရားတွေနဲ့ ပြည့်ဝနေကြတယ်လို့ ထင်ရပေမဲ့ အတွင်းပိုင်းမှာတော့ နာကျင်မှုတွေကို သယ်ဆောင်ထားတဲ့ အမျိုးသမီးလေးတွေ ဖြစ်နေတတ်ကြပါတယ်။   ဒီ နာကျင်မှုတွေကို Healing လုပ်ချင်တယ် ဆိုရင်တော့ မိမိတို့ အတွင်းထဲမှာ ရှိတဲ့ ကိုယ့် ကိုယ်ပိုင် အမျိုးသမီးငယ်လေးရဲ့ အသံ Inner Voice ကို လစ်လျှူရှုနေတာမျိုး မလုပ်တော့ပဲ သေသေချာချာ နားထောင်ကြည့်တတ်မှရပါမယ်။   ကိုယ့်ရဲ့ အတွင်းစိတ်ထဲက မိန်းကလေး ဆိုတာက လုံခြုံမှုတွေ၊ တန်ဖိုးထားခံရမှုတွေ၊ နားလည်ပေးမှုတွေကို ခံယူချင်ကြတဲ့ မိမိတို့ရဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။   သူမ ( ကိုယ့် အတွင်းက မိန်းကလေးငယ် ) က တစ်ချိန်လုံး ဘဝရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ချစ်ခြင်းမေတ္တာရေး Relationship စတဲ့ ကဏ္ဍတွေမှာ “ နင်ဟာ လုံလောက် ပြည့်ဝမှု ရှိမနေဘူး Not Enough “ ဆိုတာမျိုး ခံစားချင် ခံစားနေရပါလိမ့်မယ်။   ဒါမှမဟုတ် မိမိတို့ ပတ်ဝန်းကျင်က အခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ်ဟာ သူများတွေလောက် အဆင်ပြေမနေဘူးလို့ ခံစားချင် ခံစားနေရပါလိမ့်မယ်။   ဘဝရဲ့ တာဝန်တွေကို ယူဖို့ အတွက် မြန်မြန်ဆန်ဆန်နဲ့ ဘဝကြီးကို ကြီးပြင်း အရွယ်ရောက်လာခဲ့ရတာမျိုး ဖြစ်နိုင်သလို အခြားသူတွေနဲ့ တန်းတူ မဖြစ်ပါပဲ သူများထက် နှေးပြီးတော့ နောက်ကျပြီး ကျန်နေခဲ့တာလဲ ဖြစ်နေနိုင်ပါတယ်။   ဒီလို အတွေ့အကြုံတွေ၊ ခံစားချက်တွေ အားလုံးကြောင့် ကိုယ့်ကိုယ်ကို ထားတဲ့ တန်ဖိုး Self Esteem ကျသွားတာ ဖြစ်ဖို့ များသလို ကိုယ့်ကိုယ်ကို ယုံကြည်ချက် Self Confidence တွေ နဲသွားတာလဲ ဖြစ်တတ်ပါသေးတယ်။   ဒီလို ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု Low Self Esteem ကျသွားတဲ့ အမျိုးသမီး အများစုကတော့ သူတို့ရဲ့ ရွေးချယ်မှုတွေတိုင်းကို သံသယလေးတွေ ရှိနေတတ်ကြပါတယ်။   သူတို့ရဲ့ ဖြစ်တည်မှု အလှအပတွေ အပေါ်မှာ သံသယလေးတွေ ရှိတတ်ကြသလို သူတို့ရဲ့ ရင်ထဲက စကား၊ သူတို့ရဲ့ ရင်ထဲက အသံနဲ့ သူတို့ရဲ့ အိမ်မက်တိုင်းကို သံသယလေးတွေ ရှိသွားတတ်ကြပါတယ်။   ဒါတွေအားလုံးက ခံရသူနေရာ Victim Mindset ကနေ ဖော်ပြနေတာ မဟုတ်ပါပဲ Awareness ရစေဖို့ အသိ သတိလေး ထားစေနိုင်ဖို့ ဖော်ပြပေးရတာပဲ ဖြစ်ပါတယ်။   အတိတ်က ဖြစ်ခဲ့တဲ့ အရာ‌တွေ အားလုံးကို Healing လုပ်ချင်တယ် ဆိုရင်တော့ ဒီလို ဖြစ်ရတာတွေဟာ အခြားသူတွေကြောင့်၊ အခြေအနေတွေကြောင့်၊ ကိုယ့်ကြောင့် ဆိုပြီး ဝေဖန် အပြစ်တင် Blame နေတာကို ရပ်တန့်လိုက်ပြီး   ဒါတွေ ဘာကြောင့် ဘယ်လို ဖြစ်ခဲ့တာလဲ ဆိုတာကို သေသေချာချာ နားလည်အောင် ဉာဏ်ပညာ Wisdom နဲ့ မြင်အောင် ကြည့်နိုင်ရမှာပဲ ဖြစ်ပါတယ်။   အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ အတွင်းက ဒဏ်ရာ အနာတရ Trauma တွေကို ကုစားသွားနိုင်တဲ့ အခါ ဘဝကြီးကို ကြောက်ရွံ့စွာနဲ့ ရှင်သန်နေရတာကို ရပ်တန့်သွားနိုင်မှာလဲ ဖြစ်ပါတယ်။   အမျိုးသမီးတွေဟာ ကြောက်ရွံမှု၊ စိုးရိမ်မှု၊ ပူပန်မှုတွေနဲ့ နေထိုင်နေတာကနေ ရပ်တန့်သွားတာနဲ့ တပြိုင်နက် ဘဝကို ခွန်အားနဲ့ ဆက်လက် ရှင်သန်သွားနိုင်မှာပါ။   အဲ့ဒီလို အခါမျိုးမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု Self Esteem နဲ့ Self Confidence တို့ဟာလဲ အလိုလို တိုးတတ်လာပြီး Energy ပြန်လည် ကောင်းမွန် လာမှာပဲ ဖြစ်ပါတယ်။   Energy ကောင်းလာတာနဲ့ တပြိုင်နက် သူမဟာ သူမကိုယ် သူမ ကြင်ကြင်နာနာ ပြောဆို ဆက်ဆံတတ်လာမယ်။ သူမကိုယ် သူမ ပြန်ပြောနေနဲ့ ပုံပြင် Stories တွေဟာ ပိုကောင်းလာမယ်။   အရင်က ကိုယ့်ကိုယ်ကို မကောင်းပြောနေတဲ့ ပုံပြင် Stories တွေကနေ လွတ်မြောက်လာမယ်။   ကိုယ့်ကိုယ်ကို လေးစားမှု ပိုတိုးလာမယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့ Boundaries စည်းဘောင်တွေက ပိုပြီး ခိုင်မာလာပါလိမ့်မယ်။   ကိုယ့်ကိုယ်ကို ပေးထားတဲ့ ကတိတွေ ဖြစ်တဲ့ ဘာကို လုပ်မယ်၊ ဘာကိုတော့ မလုပ်ဘူး၊ ဘာကိုတော့ ရွေးချယ်မယ်၊ ဘာကိုတော့ မရွေးချယ်ဘူး ဆိုတဲ့ အရာတွေဟာလဲ ပိုပြီး တည်တံ့လာပါလိမ့်မယ်။   ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုထားတဲ့ ကိုယ့်ရဲ့ တန်ဖိုးဟာလဲ ပိုပြီး မြင့်တတ်လာပြီး အရာတွေ အားလုံး တိုးတတ်လာတာနဲ့ အမျှ ကိုယ့်ရဲ့ စွမ်းအား Power ဟာလဲ ပိုပြီး မြင့်လာမှာပဲ ဖြစ်ပါတယ်။   ◼️ ကိုယ့်ကိုယ်ကို ကုစားနိုင်ဖို့၊ ပြောင်းလဲ တိုးတတ်လာဖို့၊ Healing & Transformation ရဖို့ ဆိုရင်တော့ ပထမဆုံး ကိုယ့် ကိုယ်ကို အသိ သတိ Awareness ရှိဖို့ပါပဲ။   အမျိုးသမီးတွေဟာ သူတို့ရဲ့ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ စိတ်ခံစားချက် ပုံစံ Emotional Patterns တွေကို သတိထားမိဖို့ လိုပါတယ်။   ဘယ်လို ရက်တွေမှာ ပိုပြီး စိတ်တိုတတ်တာလဲ။ ဘယ်လို ရက်တွေမှာတော့ စိတ်ထိခိုက် ခံစားလွယ်တာလဲ။ လပြည့် လကွယ်တွေမှာ စိတ် ခံစားချက်တွေ များတတ်တာလား။

ချစ်ခြင်း မေတ္တာဟာ ပုံစံမျိုးစုံနဲ့ တည်ရှိနေနိုင်တာမို့ ... ပြည့်စုံတဲ့ ဘဝတစ်ခု အနေနဲ့ ဖြတ်သန်းနိုင်ဖို့ Romantic Love တစ်ခုထဲပဲ လိုအပ်တာ မဟုတ်ပါဘူး ... အခြားသော ချစ်ခြင်း မေတ္တာတွေ ဖြစ်တဲ့ ... 🔹 BFF Love - အချစ်ခင်းဆုံး မိတ်ဆွေ သူငယ်ချင်းတွေ စီကလဲ မေတ္တာတရားတွေ အပြည့်အဝ ရှိနိုင်ပြီး ပျော်ရွှင်မှုတွေ, ဝမ်းနည်းမှုတွေ ဝေမျှလို့ ရနိုင်သလို လိုအပ်တဲ့ အခါ ကိုယ့်အတွက် အထောက်ပံ့ ကောင်းတွေလဲ ရရှိ နိုင်ပါတယ် ... 🔹 Hobby Love - မိမိတို့ ဝါသနာပါရာ, Passion ရှိရာ တွေကနေလဲ ကိုယ့်ရဲ့ ရှင်သန်မှုကို အထောက်အပံ့ပေးစေတဲ့ ခံစားချက်မျိုးကို ရရှိစေနိုင်ပါတယ် ... 🔹 Nature Love - သဘာဝတရားကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ နေကြည့်ခြင်း မြင်ကြည့်ခြင်းအားဖြင့် ကိုယ့်ကို ငြိမ်းအေးခြင်း, တည်ငြိမ်မှုနဲ့ အလှအပတရားတွေကို ခံစားရရှိစေနိုင်ပါတယ် ... 🔹 Family Love - မိသားစုရဲ့ ချစ်ခြင်းမေတ္တာကတော့ ကိုယ့်အပေါ် ဂရုစိုက်မှု, နားလည်ပေးမှုတွေကို ခံစား ရရှိစေမှာပဲ ဖြစ်ပါတယ် ... #MyoThihaKyaw ~ Randy 🔹 Online Friend Love - ကိုယ်နဲ့ နေရာ ဒေသ မတူပေမဲ့ ရင်နှီးမှုတွေ, နွေးထွေးမှုတွေ, အားပေးမှု, ဗဟုသုတတွေ, ပျော်ရွှင်မှုတွေကို ဒီလို အွန်လိုင်း မိတ်ဆွေတွေ စီကနေ ရနိုင်ပါတယ် ... 🔹 Fuzzy Love - အမွေးပွနဲ့ အိမ်မွေး တိရိစ္ဆာန်လေးကို ချစ်ခင်‌ပေးခြင်းဟာလဲ ကိုယ့်ကို ပြန်လည်ပြီး နွေးထွေးမှု မေတ္တာတရားကို ရရှိစေနိုင်ပါတယ် ... ပြီးတော့ ပြန်လည်ရယူလိုမှု မရပါတဲ့ သနာဂရုဏာ, ချစ်ခြင်းမေတ္တာ Compassion ကိုလဲ ပျိုးထောင်နိုင်ရာ ရစေပါတယ် ... 🔹 Gone, But Forgotten Love - ကိုယ်ချစ်ခင် မြတ်နိုးရပြီး သေဆုံးသွားခဲ့တဲ့ သူတွေကို မမေ့မလျော့ပဲ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်လည်အောက်မေ့တာ, သူတို့နဲ့ အမှတ်ရစရာတွေကို ပြန်လည် အောက်မေ့တာ, သူတို့စီက အတုယူစရာ သင်ယူခဲ့ရတဲ့ အရာတွေကို ကျေးဇူးတင်တာတွေ အပြင် .. သူတို့ အတွက် ကောင်းမှု ကုသိုလ်ပြု မေတ္တာပို့ အမျှဝေတာတွေ လုပ်ပြီးတော့လဲ ... ချစ်ခြင်းမေတ္တာတွေကို အမှတ်တရ ဖြစ်စေပါတယ် ... 🔹 Book Love - စာအုပ် စာပေတွေကို ချစ်မြတ်နိုးခြင်းအားဖြင့် အသိဉာဏ်ပညာတွေ, ပျော်ရွှင်မှုတွေ, ဗဟုသုတတွေကို ကောင်းကောင်း ရရှိစေနိုင်ပါတယ် ... 🔹 နောက်ဆုံးကတော့ Self Love ပေါ့ ... Self Love ဟာ အခြားသူကို ဘယ်လို ချစ်ပေးရမယ် ဆိုတာရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပြီး ... ကိုယ့်ကိုယ်ကိုပဲ အရင်ဆုံး သေသေချာချာ ဘယ်လို ချစ်ရမှာလဲ ဆိုတာကိုပဲ သင်ယူ လေ့ကျင့်ရမှာ ဖြစ်ပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

နယ်ပယ် အသီးသီးက ထက်မြတ်တဲ့ သူတွေ၊ အောင်မြင်နေတဲ့ သူတွေကို ကြည့်လိုက်ပါ။   အိမ်ထောင်ရေး၊ အချစ်ရေး အဆင်ပြေနေသူတွေကို ကြည့်လိုက်ပါ။ သူတို့ အားလုံးဟာ အခက်အခဲ ပြသနာတွေ၊ ကျဆုံးမှုတွေ၊ စိန်ခေါ်မှု Challenge တွေနဲ့ ရင်ဆိုင် နေကြရသူတွေ ချည်းပါပဲ။   ဒါပေမဲ့ သူတို့ဟာ အမြဲ အသိ သတိရှိတဲ့ Conscious Choice ရွေးချယ်မှု တွေကိုပဲ လုပ်လေ့ ရှိကြပါတယ်။   သူတို့ဟာ အသိ သတိနဲ့ ယှဉ်တွဲပြီး စဉ်းစားတယ်၊ တွေးခေါ်တယ်၊ ဆုံးဖြတ်တယ်၊ ပြီးတော့ အသိ သတိနဲ့ ယှဉ်တွဲပြီးတော့ပဲ ပြောဆို၊ ပြုမူ၊ လုပ်ကိုင် ‌ဆောင်ရွက်လေ့ ရှိကြပါတယ်။   ဒါ့အပြင် သူတို့မှာ ဇွဲရှိတယ်၊ စောင့်ဆိုင်း သည်းခံနိုင်တယ်၊ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်၊ တိုးတတ် ကြီးပွား Grow ဖြစ်ဖို့ကိုပဲ ဉီးစားပေးတယ် စသည်ဖြင့် ဒီလို အရာတွေ အားလုံးကိုပဲ အခက်ခဲတွေ ပြသနာတွေ ကြားကနေ တစ်ပြိုင်နက်တည်း ရွေးချယ်ထား နိုင်စွမ်းရှိကြပါတယ်။   ဒါတွေဟာ အခွင့်အလမ်း Chance ကြောင့် မဟုတ်ပါပဲ သူတို့ရဲ့ ‌ရွေးချယ်မှု Choice တွေကြောင့်သာ ဖြစ်ပါတယ်။   သေးငယ်တဲ့ ရွေးချယ်မှု Small Choice လေးတွေဟာ ကြီးမားတဲ့ အခွင့်အလမ်း Huge Opportunity တွေ ဖြစ်လာတတ်ပါတယ်။   အချစ်ရေး၊ အိမ်ထောင်ရေးဟာလဲ ဒီလိုပါပဲ။   ကိုယ်လုပ်ချင်တဲ့ အရာတွေ၊ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ အတွက် ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်ပြီး ပြောပြောနေတဲ့ ငါ လုပ်သင့်တယ် လုပ်သင့်တယ် ဆိုတာတွေကို ဖြစ်အောင် လုပ်ကို လုပ်ရမယ် ဆိုပြီး ရွေးချယ် လိုက်ဖို့ပဲ လိုအပ်တာပါ။   ဉပမာ ကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်သင့်တယ် အစား လေ့ကျင့်ခန်း လုပ်ကို လုပ်ရမယ်။ ဝိတ်ကျဖို့ Gym သွားသင့်တယ်  အစား Gym သွားကို သွားရမယ်။ ငါ ကြိုးစားသင့်တယ် အစား ကြိုးကို ကြိုးစားရမယ်။   ငါ ပျော်ရွှင်သင့်တယ် ဆိုတဲ့ အစား ငါ ပျော်ရွှင်အောင် နေထိုင်ရမယ် ဆိုတာမျိုးတွေပေါ့။   ဒီတော့ လုပ်သင့်တယ် ဆိုတာ ကနေ လုပ်ရမယ် ဆိုပြီး စရင်း ပြုစုကာ မိမိတို့ရဲ့ ပန်းတိုင်ကို ရောက်အောင် ရွေးချယ် လုပ်ကိုင် ကြည့်လိုက်ပါ။   အရေးကြီးတာက မိမိတို့ရဲ့ ‌ရွေးချယ် လုပ်ကိုင်မှုတွေတိုင်း အတွက် စိတ်ပျော်ရွှင် ကြေနပ်ဖို့ ကိုတော့ အမြဲတမ်း ဉီးစားပေး သတိထားသင့်ပြီး အမြဲ စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်နေ သင့်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …  

ကြားဖူးတဲ့ မေးခွန်းလေး တစ်ခုက “ ငှက်လွှတ်ရင် ကုသိုလ်ရပြီး လက်လွှတ်ရင် ဘာရလဲတဲ့ “ ။  “ နာကျင်ရမှာပေါ့နော် ” လို့ပဲ ပြန်ဖြေ ပေးမိလိုက်တယ်။   သေချာ စဉ်းစားကြည့်တော့ “ လက်လွှတ် ” လိုက်ရင် “ လွတ်လပ် ” သွားမှာတော့ အမှန်ပါပဲ။   ဘဝမှာ ဝေးဝေးနဲ့ မြင့်မြင့်ကို ပျံသန်းချင်တယ် ဆိုရင် ကိုယ် သယ်ပိုးထားမိတဲ့ လေးလံတဲ့ အရာတွေ အားလုံးကိုတော့ လွှတ်ချ ခဲ့ရမှာ ပါပဲ။   ဒါ‌ကြောင့် လွှတ်ချခြင်း ခရီးစဉ်မှာ ...   • အတိတ်မှာ ကပ်ငြိနေတဲ့ ကိုယ့်ရဲ့ စိတ်တွေကို Let go လုပ်ပါ။ အတိတ်ဆိုတာ ပြန်သွားပြီး ပြုပြင် ပြောင်းလဲလို့ မရတော့တာမို့ အတိတ်ကို လွှတ်ချပြီး ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ထားရမှာပါ။   • ကိုယ် ဖြစ်စေချင်တဲ့ ပုံစံမျိုး ရအောင် အရာရာ ထိန်းချုပ် Control လုပ်ချင်တဲ့ စိတ်ကို Let go လုပ်ပါ။ ဘဝမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို လိုက်ပြီး ထိန်းချုပ်လို့ မရတာမို့ ကိုယ် တတ်နိုင်သလောက်ကိုပဲ အကောင်းဆုံးလုပ်ပြီး ကံကို ယုံကြည်ထားကာ Trust the process လုပ်လိုက်ပါ။   • အနာဂါတ်ကို စိုးရိမ် ပူပန်နေတာတွေ Let go လုပ်ပါ။ အနာဂါတ်မှာ ဘာဖြစ်လာ မလဲ ဆိုတာ ဘယ်သူမှ သေသေချာချာ တိတိကျကျ မသိနိုင်တာမို့ ကိုယ့်ရဲ့ စိုးရိမ် ပူပန်စိတ်တွေကို လျော့ချပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝ ထားကြည့်ပါ။   • မျှော်လင့်ချက် Expectation တွေကို Let go လုပ်ပါ။ ကိုယ် မျှော်လင့် ထားသလောက် ကိုယ် ပြန်မရတဲ့ အခါ ကိုယ်ပဲ နာကျင်ရပါတယ်။ ဒါ့ကြောင့် မျှော်လင့်ချက် တွေကို စွန်လွှတ်ထားပါ။   • ကိုယ့်ရဲ့ အရာရာ ပြီးပြည့်စုံချင်တဲ့ စိတ်, မှန်ကန်ချင်တဲ့ စိတ်ကို Let go လုပ်ပါ။ လောကမှာ ဘယ်အရာကမှ ဘယ်သူကမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိသလို မှားတဲ့ အခါတွေ ဆိုတာလဲ ရှိတတ်ကြပါတယ်။   • ဒါ့ကြောင့် ကိုယ့်ကိုယ်ကို လက်ခံ Accept yourself ဖြစ်ပြီး လုပ်စရာရှိတာတွေကို ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ရင်း အသစ် အသစ်တွေကို ဆက်လက် လေ့လာသင်ယူသွားပါ။   • ကိုယ်က အခြားသူတွေကို သုံးသပ် အကဲဖြတ်တာတွေနဲ့ အခြားသူတွေက ကိုယ့်ကို သုံးသပ် အကဲဖြတ်မှာ ကြောက်တာတွေကို Let go လုပ်ပါ။   • လူတိုင်းဟာ ကိုယ်ပိုင် ခရီးလမ်း Own Journey ကို လျှောက်လှမ်း နေကြတာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင် လမ်းကြောင်း Own Path ကိုပဲ အာရုံစိုက် လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။   • လူတွေ, အရာဝတ္တုတွေ အပေါ်မှာ စွဲလမ်းလွန်း နေတဲ့ စိတ်ကို Let go လုပ်ပါ။ လောကမှာ ဘယ်အရာမှ မမြဲသလို ရေစက်ပါလို့ ဆုံတွေ့ကြရပြီး ရေစက်ကုန်လို့ ခွဲခွာကြရတာချည်းပါပဲ။   • ဒါ့ကြောင့် Present Moment မှာပဲ လက်ရှိ အတွေ့အကြုံနဲ့ ချစ်ခြင်း မေတ္တာတရား အပေါ်မှာသာ အာရုံစိုက် Focus ထားပါ။   • ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ထင်တဲ့ မြင်တဲ့ အမြင်တွေကို Let go လုပ်ပါ။ ကိုယ့်ကိုယ်ကို ကောင်းတာ ဖြစ်စေ၊ ဆိုးတာ ဖြစ်စေ သတ်မှတ်ချက်တွေက ကိုယ့်ကိုယ်ကို ပြန်ပြောနေတဲ့ ကိုယ်ရေးဆွဲ ဖန်တီးထားတဲ့ ပုံပြင် Story တွေပါပဲ။   • ဒါ့ကြောင့် ပုံပြင် Story ကန့်သတ်ချက် Limitation တွေကို လွှတ်ချထားပြီး ပစ္စုပ္ပန် တည့်တည့်လေးမှာ အကောင်းဆုံး ပျော်ရွှင်အောင် နေထိုင်ပါ။   • နည်းနည်းပဲ လွှတ်ချ လွှတ်ချ၊ များများပဲ လွှတ်ချ လွှတ်ချ Let go လုပ်နိုင်ဖို့က အရမ်းကို နာကျင် ခံစားရတာမို့ သတ္တိတော့ လိုအပ်ပါတယ်။   တကယ်တော့ အတိတ်က ဖြစ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်တွေဟာ မှားတယ် မှန်တယ်လို့ မရှိပါပဲ အတွေ့အကြုံ Experience သက်သက်မျှသာ ဖြစ်ပါတယ်။   တစ်ခါတလေတော့ လုပ်ဖို့ မသင့်ပါပဲ ဉီးနှောက်က သိသိရက်နဲ့ နှလုံးသားရဲ့ စေစားရာနောက်ကို Randy တို့က လိုက်မိ နေတတ်တာမျိုး ဖြစ်နေတတ်ကြပါတယ်။   ထိန်းချုပ်ရလွန်းလို့ ကိုယ့်ကိုယ်ကို ဒေါသတွေ ထွက်နေရင်တောင် နှလုံးသားက လုပ်ရမယ်လို့ ထင်ပြီး လုပ်မိတတ်ကြပါတယ်။   ဒါ့ကြောင့် တွေးတောင် မတွေးထားပဲ လုပ်မိသွားတယ် ဆိုတဲ့ ကိစ္စတွေမှ အများကြီးပါ။ ခြေတစ်လှမ်းကို နောက်ဆုပ်လိုက်မယ်လို့ စဉ်းစားလိုက်ပေမဲ့ ခြေလှမ်းတွေကပဲ လိုလို အရှေ့ကို ဆက်တိုးသွားမိခဲ့ရပါတယ်။ #MyoThihaKyaw ~ Randy   ဒါက လမ်းလွဲစေတယ် မှားတယ်လို့ ဆိုလို့ ရပေမဲ့ အမှတ်တရတွေ အဖြစ်နဲ့ ကျန်ခဲ့နိုင်တဲ့ အတွေ့အကြုံ Experience သက်သက်မျှသာ ဖြစ်ပါတယ်။   ဒီတော့ ဖြစ်ပြီးတာက ဖြစ်ပြီးပြီမို့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ အနာဂါတ်တစ်ခုကိုပဲ တွေးတော ကြည့်လိုက်ပါ။   အဲ့ဒီ အနာဂါတ်မှာ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေအတိုင်း ဖြစ်နေတယ် မဖြစ်နေဘူး ဆိုတာက ကံတရားတစ်ခု မဟုတ်ပါဘူး။   ကျွန်တော်တို့ နေ့စဉ် ရွေးချယ် တွေးခေါ်၊ ပြောဆို၊ ပြုမူခဲ့တဲ့ အရာတွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ အဆုံးသတ် ပန်းတိုင်တစ်ခု Destiny ပဲ ဖြစ်ပါတယ်။   အခွင့်အလမ်း Chance တွေ ဆိုတာ ကိုယ် လျှောက်လှမ်းရာ လမ်းတစ်လျောက်မှာ မကြာခဏ ပေါ်ထွက်လာ စမြဲပါ။   ဒါပေမဲ့ ကိုယ် အမြဲ တွေ့ရှိ နေရတဲ့ အခွင့်အလမ်းတွေက ကိုယ်ရဲ့ ဘဝ ခရီးလမ်းကြောင်းကို မသတ်မှတ် ပေးနိုင်ပြန်ပါဘူး။   ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ် လုပ်ဆောင်မှု Choice တွေကသာ ကိုယ့်ရဲ့ ဘဝလမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်တာ ဖြစ်သလို ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင်လဲ ဆောင်ကြဉ်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။

အဲ့ဒီ ဒဏ်ရာတွေဟာလဲ ကိုယ့်နှလုံးသားထဲမှာ အခုထိ တိုင်အောင် ပဲ့တင်ထပ်နေတုန်းပါပဲ … ဒါပေမဲ့ အခု မင်း ကြီးပြင်းလာတဲ့ အရွယ်ရောက်ပြီး သူတစ်ယောက်အနေနဲ့ ဒီ ဒဏ်ရာတွေနဲ့ အတူ မင်းကို ညင်သာစွာ ပွေ့ဖက်ထားချင်ပါတယ် … ကိုယ်မင်းကို အပြစ်တင်ဖို့ ဒီနေရာမှာ ရှိနေတာ မဟုတ်သလို ဝေဖန်ဖို့ ဒါမှဟုတ် ကြံ့ခိုင်စမ်းပါ, သတ္တိရှိရှိ နေစမ်းပါလို့ ပြောဖို့လဲ ဒီနေရာမှာ ရှိနေတာ မဟုတ်ပါဘူး … နူးနူးညံ့ညံ့ ပြန်ပြီး ပွေ့ဖက်ပေးထားချင်ရုံလေးပါ … ကိုယ့် Inner Child လေးကို ပွေ့ဖက်ထားရင်း အဲ့ဒီ အချိန်တွေ တုန်းက မင်းရဲ့ နာကျင်မှုတွေဟာ အရေးကြီး သလို အခုလဲ အရေးကြီးနေတုန်းပဲ ဆိုတာကို သတိပေးချင်ရုံလေး အသိလေး ကပ်ပြီး ကြည့်စေချင်ရုံလေး ပြောပေးဖို့ ဒီမှာ ရှိနေတာပါ … ကိုယ် မင်းကို အရေးကြီးတဲ့ အရာတစ်ခု ပြောချင်တာက မင်းဟာ ကိုယ်နဲ့ အတူ ရှိနေရင် လုံခြုံ စိတ်ချ ဘေးကင်းရပါတယ် My Inner Child လေးရေ … အခြားသူတွေက မင်းကို စွန့်ပစ်ခဲ့ သလိုမျိုး ကိုယ် မင်းကို ဘယ်တော့မှ စွန့်ပစ် ထားခဲ့မှာ မဟုတ်သလို မင်းရဲ့ ခံစားချက်တွေကိုလဲ လိုတာထက် ပိုလွန်းနေပြီလို့ ပြောမှာ မဟုတ်ပါဘူး … အဲ့ဒီအစား ကိုယ် နားထောင်ပေးမယ် … မင်းရဲ့ မျက်ရည်တွေ, ရယ်မောသံတွေ, ကြောက်ရွံ့မှုတွေ, ပျော်ရွှင်မှုတွေ, တောင့်တမှုတွေ အားလုံး အတွက် ကိုယ် အမြဲ အဆင်သင့် ရှိနေပေးမှာပါ … My Inner Child လေး အမြဲ လိုအပ်နေခဲ့တဲ့ … မိဘ နေရာက, သူငယ်ချင်း နေရာက, ချစ်သူနေရာက အကာကွယ်ပေးတဲ့ သူအဖြစ်နဲ့ ကိုယ် အမြဲ ရှိနေမှာပါ … My Dearest Little One ရေ … မင်းဟာ ဘယ်တုန်းကမှ Broken မဖြစ်ခဲ့သလို မင်းမှာ ထင်ကျန်နေခဲ့တဲ့ ဒဏ်ရာ Trauma အမာရွတ်တွေနဲ့တောင် မင်းဟာ ပြည့်စုံ နေပြီးသားပါ … ဒီအမာရွတ်တွေက မင်းရဲ့ ကြံ့ခိုင်မှု, မင်းရဲ့ ခံနိုင်ရည်ရှိမှု, မင်းရဲ့ ရှင်သန်နိုင်စွမ်း တို့ရဲ့ သက်သေတွေပါပဲ … ကိုယ် မင်းကို ကတိ သစ္စာပေးချင်တာက မင်းဟာ ထိုက်တန်တယ် … ချစ်ဖို့ ကောင်းတယ် … လုံလောက် ပြည့်ဝ Enough ဖြစ်တယ် ဆိုတာကို နေ့တိုင်း သတိပေးနေမယ် ဆိုတာပါပဲ … အတိတ်က နာကျင်မှုတွေ ထွက်ပေါ်လာတိုင်း ကိုယ် မင်းကို အပြစ်တင်မှာ မဟုတ်ပဲ အဲ့ဒီ အစား ကိုယ့်ရဲ့ နာကျင်နေတဲ့ ကလေးငယ်လေးကို ထွေးပွေ့ထားမယ် … လက်ချင်းတွဲထားမယ် … အတူတူ အသက်ရှု Breathing Exercise တွေ လုပ်ကြမယ် … ပြီးတော့ ကိုယ် ဒီမှာ အတူတူရှိတယ်, မင်းဟာ လုံခြုံတယ်, မင်းဟာ အချစ်ခံရသူ ဖြစ်တယ် ဆိုတဲ့ အကြောင်းတွေ တိုးတိုးလေး နွေးနွေးထွေးထွေး ပြောပြပေးမယ် … ပြီးတော့ စိတ်ကူး စိတ်သန်းတွေ, တီထွင် ဖန်တီး နိုင်စွမ်းတွေ, ပျော်ရွင် ရယ်မော သံတွေ, တစ်ထောင့် တစ်ည အိမ်မက်တွေနဲ့ ပြည့်နှက် လင်းလက်နေတဲ့ My Inner Child လေးရေ … မင်းရဲ့ ငယ်ငယ်က တောက်ပနေတဲ့ အလင်းရောင်တွေကို မှိန်ထားရာကနေ ပြန်လည် တောက်ပဖို့ အချိန်လဲ ရောက်နေပါပြီ … လွှတ်ချစရာ ရှိတာ အားလုံးကို Let go လုပ်ပြီးတော့ အကောင်းဆုံး လင်းလက်ပေးပါတော့ … မင်းကို ဘယ်လို ချစ်ရမလဲ ဆိုတာ မသိခဲ့တဲ့ ကမ္ဘာကြီးကိုလဲ ခွင့်လွှတ်ပေးလိုက်ပါတော့ … မင်းအပေါ် မသိပဲ အရင်က လစ်လျူရှုခဲ့ မိတဲ့ ကိုယ့်ကိုလဲ ခွင့်လွှတ်ပေးပါတော့ … အဲ့ဒါက ကိုယ့်ကိုယ်ကို ဘယ်လို ဂရုစိုက်ရမလဲ ချစ်ရမလဲ ဆိုတာကို မသိသေးခဲ့လို ဖြစ်ခဲ့ရတာပါ … ဒါပေမဲ့ အခုတော့ ကိုယ်သိသွားပါပြီ … ပြီးတော့ မတူညီတဲ့ ရွေးချယ်မှု တစ်ခုကို ကိုယ် ရွေးချယ်လိုက်ပါပြီ … My Inner Child လေးရေ ကိုယ့် ရင်ခွင်မှာ အနားယူလိုက်ပါတော့ … စိုးရိမ် ပူပန်မှုတွေ, အထီးကျန်မှုတွေကိုလဲ ဆက်ပြီး ထမ်းပိုး ထားစရာ မလိုတော့ပါဘူး … ကိုယ့်ကိုယ်ကိုလဲ သက်သေပြ စရာတွေ မလိုတော့ဘူး … မင်းဟာ ပြီးပြည့်စုံနေဖို့လဲ မလိုတော့ပါဘူး … မင်းဟာ ဒီအတိုင်းလေးပဲ ရှိနေရုံနဲ့တင် ရပြီး … လုံလောက်ပြီ … ပြည့်စုံပြီ … ချစ်ဖို့ ကောင်းနေပြီ … ဒါကြောင့် ကိုယ် မင်းကို မြင်ရတယ် … ခံစားလို့ ရတယ် … မင်းရဲ့ အစိတ်အပိုင်း အားလုံး, ဖြစ်တည်မှု အားလုံး, ဇာတ်လမ်း အားလုံး, ဒဏ်ရာအားလုံး, Traum အားလုံး, နာကျင်မှု အားလုံးနဲ အိမ်မက်တွေ အားလုံးကို ကိုယ် အပြည့်အဝ လက်ခံပါတယ် … ကိုယ်တို့ နှစ်ယောက် အတူတကွ ရှေ့ ဆက်လျောက်ကြမယ် … ကျိုးပဲ့ ပြန့်ကျဲနေတဲ့ အစ အနတွေ အနေနဲ့ မဟုတ်ပဲ ပြည့်စုံပြီး အချစ်ခံနေရတဲ့ တောက်ပတဲ့ တစ်ဉီးတည်းသော ဖြစ်တည်မှု တစ်ခု အနေနဲ့ပေါ့ … 🍀 ထာဝစဉ် မင်းနဲ့ အတူ … မင်းရဲ့ အရွယ်ရောက်လာတဲ့ ကိုယ် … စာဖတ်ပြီး ခံစားရတာလေး တစ်ခုခု, Healing ဖြစ်သွားတာလေး တစ်ခုခု ဒါမှမဟုတ် ကိုယ့်ရဲ့ Inner Child လေးကို ပြောပေးချင်နေတဲ့ စကား တစ်ခုခု ကို Comment မှာ ပြန်လည် ဝေမျှပေးသွားလို့ ရပါတယ် … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

လူတိုင်းမှာ အသက်အရွယ် ဘယ်လောက်ပဲ ရလာသည် ဖြစ်ပါစေ … ဒဏ်ရာရခဲ့တဲ့ ကလေးဘဝ အစိတ် အပိုင်းလေးတွေ ရှိပါတယ် … အဲ့ဒီ ကလေးလေးက အသက်အရွယ် ကြီးရင့် သွားသည့်တိုင် မရင့်ကျက် လာခဲ့ပဲ … ဘယ်အချိန်မှာ ထွက်ပေါ်လာတတ်လဲ ဆိုရင် စိတ်ဆိုး ဒေါသဖြစ်တဲ့ အခါ, အရေးပေါ် ဆုံးဖြတ်ချက်တွေ ချရတဲ့ အခါ … လူတွေက သူ့ကို လစ်လျူ ရှုလိုက်တယ်လို့ ထင်တဲ့ အခါ … မကြေနပ်မှုတွေ ဖြစ်ပေါ်လာတဲ့ အခါ … လက်ရှိ အရွယ်ကို မေ့သွားပြီး အဲ့ဒီ ကလေးငယ်လေး အနေနဲ့ အပြင်ကို ထွက်ထွက်လာပြီး တုန့်ပြန်လေ့ ရှိပါတယ် … ဒါကို Randy တို့ အတွင်းထဲက ကလေးငယ်လေး Inner Child လို့ ခေါ်ပါတယ် … အဲ့ဒီ Inner Child လေးဟာ ဒဏ်ရာတွေနဲ့ မို့ တစ်ခါတလေမှာ ကိုယ့် လက်ရှိ အရွယ်နဲ့ မလိုက်တဲ့ ကလေးဆန်တဲ့ အပြုအမူတွေ, ဒေါသတွေ, တုန့်ပြန်မှုတွေ, အပြောအဆိုတွေကို မသိလိုက်ပဲ ပြုလုပ် နေမိတတ်ကြပါတယ် … ဒါကို ဒဏ်ရာရနေတဲ့ ကလေးငယ်လေး Wounded Inner Child လို့ ခေါ်ပါတယ် … ဒါ့ကြောင့် လူတစ်ယောက် သူ့ကိုယ်သူ ထိန်းမရပဲ ကလေးတစ်ယောက်လို ရှုးရှုး ရှဲရှဲ ပြောဆို ပြုမူ ဆောင်ရွက်နေပြီ ဆိုရင် သူ့အတွင်းက ကလေးငယ်လေးက ထကြွသောင်းကျန်းနေလို့ပါပဲ … ဒီလို ဖြစ်ရတယ် ဆိုတာကလဲ အကြောင်းမဲ့ မဟုတ်ပါဘူး … သူ့မှာ ငယ်ငယ်က အလို မပြည့်ခဲ့တဲ့, အဆင် မပြေခဲ့တဲ့ ဘဝရဲ့ အစိတ်အပိုင်းလေး တစ်ခု ဒါမှမဟုတ် ပြသနာတစ်ခုက Heal မလုပ်ရသေးလိုပါပဲ … Healing အမျိုးအစားတွေထဲကမှ ကိုယ့်ရဲ့ Inner Child ကို ကုစား Heal လုပ်တဲ့ နည်းလမ်း ပေါင်းစုံ ရှိပါတယ် … အဲ့ဒီ ထဲကမှ ကိုယ့်ရဲ့ Wounded Child လေးကို ပြန်ပြီး အသိအမှတ်ပြု စာတစ်စောင် လှမ်းရေးတဲ့ နည်းလမ်းဟာလဲ အတော်လေး ထိရောက်လို့ Randy နမူနာ အနေနဲ့ Letter to my Inner Child ဆိုတာလေး ရေးပေးပြီး အတူတူ ကိုယ့်ကိုယ်ကို Heal လုပ်ကြတာပေါ့ … 🍀 အချစ်ဆုံး ကလေးလေး My Dearest Little One … ကိုယ် မင်းကို အမြဲတမ်း အမှတ် ရနေပါတယ် My Inner Child လေးရေ … ကိုယ့်ရဲ့ အတွင်းထဲမှာ မင်းဟာ ဆက်လက် ရှင်သန်နေတုန်း ဆိုတာကိုလဲ ခံစားမိနေတုန်းပါပဲ … ဒီနေ့ မှာတော့ တစ်ချိန်က မင်း အလိုအပ်ဆုံး အချိန်တွေမှာ အပြည့်အဝ မရရှိခဲ့တဲ့ ချစ်ခြင်း မေတ္တာတွေ, ဂရုဏာတရားတွေ, နားလည်မှုတွေနဲ့ ဂရုစိုက်မှုတွေ အားလုံးကို ပေးဖို့ မင်းဆီကို ဒီစာလေး ရေးလိုက်ပါတယ် … ဒီစာက အရွယ်နဲ့ မလိုက်အောင် ဝန်ထုပ် ဝန်ပိုးများစွာကို ထမ်းပိုးခဲရတဲ့, မကြာခဏ အသိအမှတ် မပြုခံရတဲ့, နားလည်မှုတွေ မရ ရှိခဲ့တဲ့, မေတ္တာတွေ ငတ်ခဲ့တဲ့ ဒါမှမဟုတ် တစ်ယောက်ထဲ စိုးရိမ် ကြောက်ရွံ့နေရတယ် လို့ ခံစားနေရတဲ့ မင်းအတွက်ပါပဲ … ပထမဆုံး အနေနဲ့ ကိုယ် မင်းကို တောင်းပန်ချင်တာပါပဲ … ငါတို့ အတူတူ ရှိနေရက်နဲ့ သတိမထားမိတဲ့ မင်းအတွက်ပေါ့ … မင်း တစ်ယောက်ထဲ အထီးကျန်တယ်လို့ ခံစားခဲ့ရတဲ့ အချိန်တိုင်း အတွက် … မင်းရဲ့ မျက်ရည်တွေကို လစ်လျူရှုခဲ့တဲ့ အချိန်တိုင်း အတွက် … မင်းရဲ့ တန်ဖိုးကို သံသယ ဝင်ခဲ့တဲ့ အချိန် အခိုက် အတန့်တိုင်း အတွက် ကိုယ် တောင်းပန်ပါတယ် … ဒါတွေ အားလုံးဟာ မင်းရဲ့ အမှား လုံးဝ မဟုတ်ခဲ့ပါဘူး … မင်းဟာ ဘယ်တုန်းကမှ သူများတွေထက် လိုတာထက် ပိုနေတာလဲ မဟုတ်သလို လိုအပ်လွန်း Not Enough ဖြစ်လွန်းတာလဲ မဟုတ်ပါဘူး … အထိ မခံနိုင်လွန်းတာလဲ မဟုတ်သလို ကွဲပြားခြားနားလွန်းနေတာမျိုးလဲ မဟုတ်ခဲ့ပါဘူး … မင်းဟာ မင်း ရှိနေတဲ့ အတိုင်း, တိုင်းလေးကို ပြီးပြည့်စုံ နေလွန်းတာပါ … တောက်ပတယ်, စူးစမ်းတတ်တယ်, နူးညံ့တယ်, ပျော်ရွှင်တတ်တယ်, တတ်ကြွတယ်, လွတ်လပ် ပေါ့ပါးတယ် ပြီးတော့ ချစ်ခြင်း မေတ္တာတွေနဲ့ ပြည့်နှက်နေပါတယ် … မင်း ပတ်ဝန်းကျင်က မင်းရဲ့ အလင်းရောင်ကို ဘယ်လို ပျိုးထောင်ပေးရမလဲ ဆိုတာကို အမြဲတမ်း မသိခဲ့ပေမဲ့ မင်းရဲ့ အလင်းရောင်ကတော့ အမြဲတောက်ပနေပါတယ် My Inner Child လေးရေ … မင်းဟာ ပစ်ပယ် ခံရမှာကို ကြောက်နေခဲ့တယ် ဆိုတာ ကိုယ် သိပါတယ် … လူတိုင်းကို ကြေနပ်အောင်, တော်တယ်လို့ ချီးကျူး ခံရအောင်, ချစ်ခြင်း မေတ္တာကို အလိုလို လက်ခံ ရမဲ့ အစား အမြဲတိုင်း ဒါတွေကို ရအောင်လို့ ကြိုးစားပြီး ကြီးပြင်းခဲ့ရတယ် ဆိုတာကို ကိုယ် နားလည်ခဲ့ပါတယ် … ငါသာ ပိုတော်ရင်, ပိုကြိုးစားရင်, ပိုသန်မာရင်, ပိုတည်ငြိမ်ရင် သူတို့က ငါ့ကို မြင်လိမ့်မယ်, ကာကွယ်ပေးကြမယ်, ခြွင်းချက် မရှိ အချစ် ခံရလိမ့်မယ် လို့ ယုံကြည်ထားရင်း မင်းရဲ့ ပုခုံး သေးသေးလေးပေါ်မှာ ဝန်ထုပ် ဝန်ပိုး အကြီးကြီးကို ထမ်းထားခဲ့ရတယ် My Inner Child လေးရေ … ချစ်ရတဲ့ ကလေးလေး ကိုယ် မင်းကို သိစေချင်တာက အချစ်ကို ရယူဖို့ ဘယ်လိုမှ ကြိုးစားလို့ မရဘူး ဆိုတာပါပဲ … ချစ်တဲ့ သူက ဘယ်လို နေနေ ချစ်ပေးနေမှာပါပဲ … ပြီးတော့ မင်း ဟာလဲ အချစ်ကို ရယူဖို့ ကြိုးစားစရာ မလိုပဲ ကိုယ်တိုင်က ချစ်ခြင်းတရား ဖြစ်နေလို့ပါပဲ … မင်းဟာ မင်း ဖြစ်နေလို့ကို လုံခြုံမှု, ဂရုစိုက်မှု, ကြင်နာမှု ချစ်ခင်း မေတ္တာတရားတွေနဲ့ ထိုက်တန် နေပြီးသားပါ … #MyoThihaKyaw ~ Randy မင်း စိတ် ထိခိုက် ကြေကွဲ ခဲ့ရတဲ့, ပုန်းရှောင် ချင်နေခဲ့တဲ့, ကမ္ဘာကြီးဟာ အရမ်း ကြီးမားပြီး ကြမ်းတမ်းနေခဲ့တယ်လို့ ခံစားခဲ့ ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့တာကိုလဲ ကိုယ် သိ နားလည်ပါတယ် My Inner Child လေးရေ …

ရုပ်ရှင်တွေ၊ လူမှုကွန်ရက်တွေနဲ့ ရိုမန်းတစ် စိတ်ကူးယဉ်မှုတွေက ဆက်ဆံရေးတစ်ခုဟာ အမြဲတမ်း စိတ်လှုပ်ရှားစရာ ကောင်းနေရမယ်၊ ရင်ခုန်နေရမယ်၊ ဘာ အဆင်မပြေမှုမှ မရှိဘဲ လွယ်ကူနေရမယ်လို့ သွန်သင် ပြသ နေတတ်ကြပါတယ်။   ဒါပေမဲ့ တကယ့် စစ်မှန်တဲ့ ချစ်ခြင်း ဆိုတာက ပျော်ရွှင်မှု ဟော်မုန်း Dopamine တွေ အမြဲတမ်း ထွက်နေတာမျိုး မဟုတ်ပါဘူး။   စစ်မှန်တဲ့ Relationship တွေမှာ အချစ်စစ် အချစ်မှန်နဲ့ ချစ်နေကြတယ် ဆိုရင်တောင် ပျော်စရာတွေလဲ ရှိနေတတ် သလို စိတ်ညစ်စရာတွေ၊ အဆင်မပြေမှုတွေလဲ ရှိနေတတ်ပါတယ်။   ကျန်းမာတဲ့ ဆက်ဆံရေး Healthy Relationship တွေမှာ နေ့စဉ် ညှိနှိုင်းမှုတွေ၊ တာဝန်ယူမှုတွေ၊ စိတ်ရှည် သည်းခံမှုတွေ၊ ကုစားမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုတွေ ပါဝင်နေပါတယ်။   ဒီ နေရာမှာ အာရုံကြော သိပ္ပံ Neuroscience အရ အရေးကြီးတဲ့ အချက်တစ်ခုကို ရှင်းပြချင်ပါတယ်။   ဆက်ဆံရေးတစ်ခုရဲ့ အစပိုင်းမှာ ဦးနှောက်က dopamine, oxytocin, serotonin နဲ့ adrenaline အစရှိတဲ့ ဟော်မုန်းတွေကို အမြင့်ဆုံး အဆင့် အထိ ထုတ်လွှတ်ပေးပါတယ်။   ဒီ ဟော်မုန်းတွေက စွဲလမ်းမှု၊ စိတ်လှုပ်ရှားမှု၊ ရင်ဖိုမှုနဲ့ ပြင်းပြတဲ့ စိတ်ခံစားမှုတွေကို ဖြစ်ပေါ် လာစေတာပါ။   ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ် အတွင်းက ဟော်မုန်းတွေဟာ သဘာဝအတိုင်း ပြန်လည် ငြိမ်သက်သွားပါတယ်။   အချစ်ဟာ ပြင်းပြတဲ့ ရမ္မက်ကနေ သံယောဇဉ်နဲ့ တည်ငြိမ်မှု အဖြစ်သို့ ကူးပြောင်း တိုးတက်သွားတာပါ။   ဒါကို အချို့ လူတွေက ဒီလို သဘာဝအတိုင်း ငြိမ်သက် ပြောင်းလဲသွားတာကို "အချစ်တွေ လျော့နည်းသွားပြီ" လို့ မှားယွင်းစွာ ထင်မြင်တတ်ကြပါတယ်။   ဒီတော့ သူတို့ဟာ အခြား အသစ် အသစ်သော သူတွေနဲ့ စကားပြောခြင်း၊ အပြင်မှာ တွေ့ဆုံ ကြည့်ခြင်း အားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်ခြင်း တွေက တစ်ဆင့် အဲဒီ စိတ်လှုပ်ရှားမှုတွေကို ထပ်မံ လိုက်လံ ရှာဖွေလာမိ တတ်ကြပါတယ်။   တကယ်တော့ သူတို့ဟာ လူ အသစ်တွေကို ရှာဖွေနေတာ မဟုတ်ပါပဲ အခြား စိတ် ခံစားမှု၊ စိတ် လှုပ်ရှားမှု၊ စိတ် အာသာဖြေမှု အသစ်တွေကို ရှာဖွေနေမိရင်း လူ အသစ် အသစ် တွေကို ရှာဖွေနေသလို ဖြစ်နေတာပါ။ အပိုင်း ၂ ကို FB Page မှာ ဆက်တင်ပေးထားပါတယ် … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ခေတ်သစ် လူမှုဆက်ဆံရေး Relationship တွေဟာ ကျွန်တော်တို့ရဲ့ မိဘ၊ ဘိုးဘွားတွေ ခေတ်က ဆက်ဆံရေးတွေနဲ့ လုံးဝ မတူတော့တဲ့ ပုံစံ အသစ် တစ်မျိုးနဲ့ ရှင်သန် နေကြရတာပါ။   ယနေ့ခေတ်မှာ လူတွေဟာ လူမှု ဆက်သွယ်ရေး ကွန်ယက် ဆိုရှယ် မီဒီယာတွေ၊ Dating Apps တွေ၊ Online Games တွေနဲ့ Online Messager တွေ ကနေ တစ်ဆင့် အခြား လူပေါင်း ထောင်နဲ့ချီပြီး ချိတ်ဆက်လာနိုင်ကြပါပြီ။   အချစ်ကို ရှာဖွေရတာ ပိုမို လွယ်ကူလာ ကြသလို၊ သွေးဆောင် ဖြားယောင်းမှု တွေကလည်း လက်တစ်ကမ်းမှာတင် ရှိနေပါပြီ။   ဒါကြောင့်မို့ ခေတ်သစ် ဆက်ဆံရေးတွေမှာ ဖောက်ပြန်မှုတွေဟာ ပိုမို များပြားလာတာဟာ ထင်သာမြင်သာ ပိုပြီး ရှိလာပါတယ်။   ဒီလို အချိန်မှာ ပိုပြီး စဉ်းစားစရာ ဖြစ်လာတာက "လူတွေဟာ သူတို့ ချစ်ရတဲ့သူ တစ်ယောက် ရှိနေရက်သားနဲ့ မလုံလောက်ကြပဲ ဘာကြောင့် ဖောက်ပြန်လာကြတာလဲ" ဆိုတာပါပဲ။   ဒီမေးခွန်းရဲ့ အဖြေက အတော်လေး မရိုးရှင်းပါဘူး။   ဖောက်ပြန်ခြင်းဆိုတာ ကိုယ့်ကို မချစ်တော့လို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းကြောင့် ဖြစ်လာတာ မဟုတ်ပါပဲ စိတ်ပညာ အရ၊ စိတ်ဒဏ်ရာတွေ အရ၊ ခေတ်သစ် ယဉ်ကျေးမှု အရ၊ နည်းပညာ တိုးတတ်မှုတွေ အရ၊   လူတစ်ယောက်ရဲ့ လိုအပ်ချက်တွေ လိုအင်တွေ အရ၊ လူတစ်ယောက်ရဲ့ ဘဝ မပြည့်စုံမှုတွေ အရ ဒါမှ မဟုတ် စိတ်ပိုင်း ဆိုင်ရာ ဗလာဖြစ်မှု Spiritual Emptiness အစရှိတဲ့ အချက်အလက်တွေ အတော်များများ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။   လူအများစုက ဖောက်ပြန်တဲ့ သူတွေကို "လူဆိုး လူမိုက်" ဒါမှမဟုတ် "အတ္တကြီးသူ" လို့ သတ်မှတ် တတ်ကြပါတယ်။   အဲ့ဒါက တစ်ခါတရံမှာ မှန်နိုင်ပေမဲ့ သေချာတာကတော့ ဖောက်ပြန်သူတွေရဲ့ စိတ်အတွင်းမှာ ရှိတဲ့ မပြေလည်သေးတဲ့ လိုအင်တွေ၊ ပြသနာတွေ၊ နာကျင်မှုတွေ စီကနေ မြစ်ဖျား ခံလာတာပဲ ဖြစ်ပါတယ်။   ဒီလို ရေးလို့ ဖောက်ပြန်သူတွေဟာ သနားစရာ ကောင်းပါတယ်လို့ ဆိုလိုတာ မဟုတ်ပါပဲ သူတို့ ဘက်ကနေ ကာကွယ် ရပ်တည်ပြီး ရေးတဲ့ စာလဲ မဟုတ်ပါဘူး။   ဘာကြောင့် သူတို့ ဒီလို ဖြစ်ရတယ်၊ ဒီလို လုပ်ရတယ် ဆိုတာကို Awareness ရစေချင်တဲ့ စာတစ်ပုဒ်ပါ။   ပြီးတော့ ဖောက်ပြန်ခံရတဲ့ အခါ ထားခဲ့ ခံရ သူတွေဟာ ငါက မလှပလို့လား၊ ငါ အသုံးမကျလို့လား၊ ငါ မပြည့်စုံ လို့လား၊ ငါဟာ ဘာတွေ လိုအပ် နေသေးလို့လဲ။ ငါ့ကို သူက မချစ်တော့လို့လား စသည်ဖြင့် မေးခွန်းတွေနဲ့ ခြာခြာလည်ပြီး ကျန်နေ ရစ်ခဲ့ တတ်ကြပါတယ်။   တကယ်တော့ သူတို့ ဒီလို ဖောက်ပြန်တယ် ဆိုတာက ကိုယ့်ရဲ့ လိုအပ်ချက်တွေ ကြောင့်လဲ ဖြစ်နိုင်သလို ကိုယ့်ရဲ့ ပြသနာ မဟုတ်ပါပဲ သူတို့ ရဲ့ ကိုယ်ပိုင် မပြည့်ဝမှုတွေ မလုံလောက်မှုတွေ ကနေ လာတာလဲ ဖြစ်နေနိုင်ပါတယ်။   ကိုယ့်ကြောင့် ဆိုတာ ၅၀ % ဖြစ်နိုင်သလို သူတို့ရဲ့ ကိုယ်ပိုင် ပြသနာ ၅၀ % လဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ပြသနာက ၂၀ % သာ ဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် ပြသနာ ၈၀ % လဲ ဖြစ်နေနိုင်တာပါပဲ။   တချို့ ဆိုရင် တစ်ဖက်လူ အပေါ် အတော်လေး ကောင်းနေပါရက်နဲ့ နေရင်း ထိုင်ရင်း ဖောက်ပြန်သွားတာတွေလဲ ရှိနေတာပါပဲ။   သေသေချာချာလေး သုံးသပ်နိုင်ဖို့ပဲ လိုအပ်တာပါ။ ဒါမှသာ ကိုယ့် လိုအပ်ချက်လား သူ့ လိုအပ်ချက်လား ဆိုတာတွေကို ခွဲခြား သိမြင်ပြီး ကိုယ့်ကိုယ်ကို ပြုပြင်သင့်တာတွေ ပြုပြင်နိုင်မှာပါ။   စိတ်ပညာအရ လူအတော်များများဟာ မိမိကိုယ်မိမိ သေသေချာချာ မသိပဲနဲ့ ဆက်ဆံရေးတစ်ခုထဲကို တိုးဝင်လာတတ် ကြပါတယ်။   တချို့ လူတွေမှာ ကလေးဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ စွန့်ပစ်ခံရဖူးတဲ့ အနာတရတွေ၊ လုံခြုံမှု မရှိခြင်းတွေ၊ မိမိကိုယ်မိမိ တန်ဖိုး မထားနိုင်ခြင်းတွေ သို့မဟုတ် ရင်နှီး ကျွမ်းဝင်မှုကို ကြောက်ရွံ့ခြင်းတွေ စသည်ဖြင့် ရှိနေ နိုင်ပါတယ်။   ဒီတော့ ကြီးပြင်းလာတဲ့ အချိန်မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရခဲ့တဲ့ သူတစ်ယောက်ဟာ တခြားသူတွေဆီက အသိအမှတ်ပြုမှုတွေကို အစဉ်အမြဲ လိုက်ရှာနေတတ်ကြပါတယ်။ #MyoThihaKyaw ~ Randy   အာရုံစိုက် ခံရခြင်းဟာ စွဲလမ်းမှုတစ်ခုလို ဖြစ်လာပြီး အသစ် အသစ်သော Relationship တွေ စီက ချီးကျူးစကားတွေ၊ ဂရုစိုက်ခံရခြင်းတွေက သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးသဖွယ် ဖြစ်လာတတ်ပါတယ်။   ဒါဟာ မှန်ကန်တဲ့ ကုထုံး ဖြစ်မနေပဲ စိတ်ပိုင်းဆိုင်ရာ ကုစားရမှာကို ရုပ်ပိုင်း ဆိုင်ရာ ကုစားမှုတွေနဲ့ အပေါ်ယံ အစားထိုးနေခြင်းသာ ဖြစ်ပါတယ်။   ဒီတော့ သူတို့ဟာ သူတို့ရဲ့ လက်တွဲဖော်ကို ချစ်နေနိုင်ပေမဲ့ အတွင်းစိတ်ထဲမှာတော့ ဗလာ ဖြစ်နေဆဲမို့ပါ။   အချို့လူတွေကတော့ မိမိကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ Emotional Connection အဆက်အသွယ် ပြတ်တောက်နေတာကြောင့် လူ အများစီက ပျော်ရွှင်မှုကို စားသုံးဖို့ ဖောက်ပြန်နေကြတာပါ။   သူတို့ရဲ့ အထီးကျန်မှု၊ စိတ်ပျက်မှု ဒါမှမဟုတ် မပျော်ရွှင်မှုတွေကို ရိုးရိုးသားသား ဖွင့်ဟ ပြောဆိုမယ့်အစား အခြား ဆက်ဆံရေးတစ်ခုထဲကို ထွက်ပြေး ပုန်းအောင်း လိုက်ကြတတ်ပါတယ်။   ဆက်ဆံရေး အသစ် New Relationship တွေ၊ လူ အသစ်တွေ ဆိုတာ သူတို့ရဲ့ အတွင်းစိတ် မကျေနပ်မှုတွေ စီကနေ ခေတ္တခဏ အာရုံလွှဲပေးမယ့် အရာတစ်ခုလို ဖြစ်သွားတာပေါ့။   ပြီးတော့ ခေတ်သစ် လူ့ အဖွဲ့အစည်းမှာလည်း အချစ်နဲ့ ပတ်သက်ပြီး လက်တွေ့ မကျတဲ့ မျှော်လင့်ချက်တွေကို ဖန်တီးလို့ ပေးနေပါတယ်။

တကယ်တော့လေ Introvert တွေက စကားမပြောတာ မဟုတ်ပါဘူး ... သူတို့ ကိုယ်အတွင်းထဲမှာ စကားတွေ ရာနဲ့ ထောင်နဲ့ ချီပြီး ပြောနေကြတဲ့ သူတွေပါ ... အပြင်ကို ထွက်မလာနိုင်တာလေး တစ်ခုပဲ ... ဒါပေမဲ့ သူတို့နဲ့ အရမ်းခင်မင်ရင်းနှီးတဲ့ သူတွေ Connection ကောင်းကောင်းရတဲ့ သူတွေနဲ့ ဆိုရင်တော့ စကားတွေ ဖောင်ဖွဲ့ပြီး သူတို့ချည်း လုပြောနေတဲ့ သူမျိုးတွေပါ ... အပေါင်းသင်း မိတ်ဆွေဆိုတာကလဲ လက်ချိုး ရေတွက်ရင် ငါးယောက် ပြည့်ရင်တောင် ကံကောင်းဆိုတဲ့ သူမျိုးတွေပါ ... ဒီတော့ ပြသနာက သူတို့ ခင်တဲ့ ချစ်တဲ့ သူတွေကို ဆိုရင် အရမ်း တွယ်ကပ်မိလာပြီး ပေါင်းသင်း ဆက်ဆံရေးကို သေချာ မသိထားတဲ့ သူတွေ ဆိုတော့ Communication မှာ တလွဲတွေချည်း လုပ်မိနေကြတဲ့ သူတွေပါ ... Introvert ဖြစ်လို့ အပေါင်းအသင်း မရှိဘူး ... အပေါင်းအသင်း မရှိလို့ ပေါင်းသင်းဆက်ဆံရေးကို မတတ်ဖူး ... တကယ်က ပေါင်းသင်းဆက်ဆံရေးကို မတတ်လို့ပဲ အပေါင်းအသင်း မရှိတော့တာပါ ... ဒီတော့ လူ့သဘော, လူ့မနောတွေလဲ ဘာမှ မသိကြတော့ပါဘူး ... လူတွေ အကြောင်းမသိလို့ လူတွေနဲ့ ခပ်ခွာခွားနေတယ် ဒါမှ မဟုတ် လူတွေနဲ့ ခက်ခွာခွာနေရင်း လူတွေ အကြောင်းကို မသိတော့တာ Introvert တွေပါပဲ ... ဒီလိုမျိုး အကျိုး အကြောင်း ဆက်စပ်မှုတွေ အားလုံးဟာ မုန့်လုံးကို စက္ကူကပ် ... ဂျာအေးကို သူ့အမေရိုက် ဆိုသလို လုံးလည် ချာလည် လိုက်ပြီး ဖြစ်လာတာပါ ... Introvert ဖြစ်လာရခြင်းမှာလဲ အကြောင်းပေါင်းစုံ ဖြစ်နိုင်ပါတယ် ... ငယ်ငယ်က ထိန်းကြောင်း အုပ်ချုပ်ခဲ့တဲ့ ပုံစံတွေကြောင့်လဲ ဖြစ်နိုင်သလို, ငယ်ငယ်က ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ Trauma တွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ... ဒါမှမဟုတ် သူ့ရဲ့ မွေးရာပါ Personality အရ, Zodiac Sign တွေ အရလဲ ဖြစ်နိုင်ပါတယ် ... Introvert ဖြစ်ခြင်းအားဖြင့် Negative Side Effect တွေ အများကြီး ရှိပါတယ် ... လူတွေကို ရှောင်နေလွန်း အားကြီးလို့ အထီးကျန်တဲ့ ပြသနာကို သူတို့တွေ အများဆုံး ခံစားရတာပါ ... မဖော်ရွေတတ်တဲ့ ပုံစံတွေကြောင့်ပဲ သူငယ်ချင်း ထပ်မရတာ, ဒါမှမဟုတ် နားလည်မှုလွဲ စေတဲ့ အပြုအမူ, အပြောအဆို, တုန့်ပြန်မှု ပုံစံတွေ ဖြစ်နေတာ ဖြစ်ပါတယ် ... လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ပြောဆိုတဲ့ နေရာမှာ စိုးရိမ်သောက ရှိတာ, ပူပန်တတ်တာ, တစ်ဖက်လူက ကိုယ့်ကို ဘယ်လို ထင်မလဲ မြင်မလဲ ဆိုတဲ့ ကြောက်စိတ် Fear တွေ အရမ်းကို များနေပြီး အဆင်မပြေမှုတွေကို ဉီးတည်နေစေပါသေးတယ် ... ဒါ‌ကြောင့် Professional အပိုင်းမှာ, Personal အပိုင်းမှ, Family, Relationship & Friendship အပိုင်းတွေမှာ ထိရောက်သင့်သလောက် မရောက်တာ, အဆင်မပြေတာနဲ့ ဆိုးဝါးတဲ့ အခြေအနေမျိုးတွေကို ဖန်တီးနေတာမျိုး ဖြစ်နေတတ်ပါသေးတယ် ... #MyoThihaKyaw ~ Randy Network တည်ဆောက်တာ ခက်ခဲပြီး အလွန့်အလွန် အတွေးလွန်တဲ့ Overthinking သမားတွေလဲ ဖြစ်နေတတ်ပါတယ် ... အတွေးလွန်တာက Over Analyze ကို ဖြစ်စေပြီး ပူပန်သောကနဲ့ ဆုံးဖြတ်ချက် မချနိုင်တာတွေကို ဖြစ်စေနိုင်ပါတယ် ... Introvert တွေဟာ ခံစားချက် Emotion တွေကို ဖော်ပြရ ခက်ခဲကြပြီး သူတို့ ခံစားချက်တွေနဲ့ သူတို့ အတော်လေး လုံးလည် ချာလည် လိုက်နေတတ်ကြပါသေးတယ် ... ရင်ဖွင့် ပြောဆို တိုင်ပင်တတ်တဲ့ အမျိုးအစားတွေလဲ မဟုတ်ကြလို့ ... သူတို့ရဲ့ ခံစားချက်တွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ထိန်းကြောင်းနေတာ မဟုတ်ပဲ ... မသိစိတ်ထဲကို ထိုးချလိုက်သလို ဖြစ်တာ ဒီကနေ Relationship တွေမှာ အဆင်မပြေမှုတွေ များစွာ ဖြစ်ကြသလို, ခံစားချက်တွေ တပုံတပင်ကြီးကို ဖိနှိပ် ချုပ်ကိုင်ထားတာ ဖြစ်လို့ ပွင့်အန် ထွက်လာတဲ့ အခါမှာ အကြီးကြီးတွေ လွဲတော့တာပါပဲ ... ဒါ့အပြင် Introvert တွေဟာ စိုးရိမ်စိတ်များတာ, ရှက်တတ်တာနဲ့ စကားမပြောနိုင်တာတွေကြောင့် Personal, Social, Relationship & Professional တွေမှာ အခွင့်အလမ်း Opportunities တွေ အများကြီးကို လက်လွှတ် ဆုံးရှုံးရတွေကိုလဲ အများကြီး ကြုံရနိုင်ပါတယ် ... နောက်ထပ် Introvert တွေရဲ့ အခက်အခဲ ပြသနာတွေ ရှိနေသေးတယ် ဆိုရင်လဲ Comment မှ ဝေမျှပေးသွားလို့ ရပါတယ် ... Introvert တွေရဲ့ အားသာချက်တွေလဲ ရှိပါသေးတယ် ... ဒါပေမဲ့ အားနည်းချက်တွေကို ဖော်ပြပြီး ကိုယ့်ရဲ့ Weak Point ကို ပြုပြင်ပြောင်းလဲ စရာရှိတာတွေ ပြုပြင်နိုင်အောင်ပဲ တမင် Highlight လုပ်ထားတာ ဖြစ်ပါတယ် ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

Relationship တွေမှာ Emotional Support ဖြစ်ဖို့ အတွက်ဆိုရင် တစ်ယောက်ကို တစ်ယောက် သေသေချာချာ ထွင်းဖောက် မြင်နိုင်ပြီး ချစ်တဲ့ စိတ်နဲ့ နားလည်ပေးနိုင်ဖို့ လိုအပ်ပါမယ်။ ဘာလို့လဲ ဆိုတော့ လူဆိုတာက ကောင်းတာနဲ့ ဆိုးတာ မျှနေကြတာမို့ ချစ်တဲ့ စိတ်နဲ့ နားလည်ပေးနိုင်မှသာ အဆင်ပြေကြမှာပါ။ Randy ကြည့်ဖူးတဲ့ Avatar ဇာတ်ကားထဲမှာ ဆိုရင် Pandora တောထဲက Spiritual living Ways တွေ ကျင့်သုံး ရှင်သန် နေထိုင်တဲ့ Navi လူမျိုးတွေဟာ I Love You. ဆိုတဲ့ စကားလုံးအစား I See You. ကို အသုံးပြုကြပါတယ်။ ချစ်တယ် ဆိုတာထက် အခြားသော နေရာတွေမှာလဲ တစ်ဉီးရဲ့ တစ်ဉီး အတွင်းစိတ်ကို သေသေချာချာ သိရှိပြီး သတိပြုမိတယ်၊ ယုံကြည်တယ်၊ လူတစ်ယောက်ရဲ့ ကောင်းတာရော ဆိုးတာ‌ရောကို နားလည်ပြီး Being Yourself ကို လက်ခံတယ်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ သူ့ရဲ့ ဖြစ်တည်မှုဟာ တစ်သားတည်းကျတယ်၊ Similar ဖြစ်တယ် ဆိုတာတွေကို I See You. ဆိုပြီး ပြောလေ့ ရှိကြတာပါ။ I See You ရဲ့ အနက် အဓိပ္ပါယ်က ထင်သာ မြင်သာ ရှိတဲ့ ရုပ်ပိုင်း ဆိုင်ရာ ပုံပန်း သဏ္ဍာန်ကို မြင်ရတဲ့ See ဆိုတာထက် အဲ့ဒီ “ လူ တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားထဲ အထိ ထိုးထွင်းမြင်နိုင်ပါတယ် “ လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှု Human Being ကို အရှိကို အရှိအတိုင်း လက်ခံ Acceptance ဖြစ်တယ်။ ပျော့ကွက် ဟာကွက် အားနည်းချက်တွေ အထိ မြင်ကာ သိရှိ လက်ခံထားပြီး နားလည်ပေးနိုင်စွမ်းရှိတယ်။ တစ်ဖက်လူရဲ့ နှလုံးသားကို ကောင်းကောင်းနားလည်ထားပြီး နာမ် ဝိဉာဉ်ရေးရာ ချိတ်ဆက်မှု Soul Connection နဲ့ Divine Connection တွေပါ ရှိတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ #MyoThihaKyaw ~ Randy ဒါ့ကြောင့် “ I See You “ ဆိုတာ “မင်းရဲ့ နာကျင်မှုတွေကိုလဲ မြင်ရတယ်၊ မင်းရဲ့ အားသာချက်တွေကိုလဲ မြင်ရတယ်၊ မင်းရဲ့ ဖြစ်တည်မှုကိုလဲ မြင်ရတယ် ” စသည်ဖြင့် … မင်းစီမှာ ကိုယ် မြင်နေရသမျှ အရာအားလုံးဟာ ... “ ကိုယ် ကြိုက်တဲ့ အရာတွေနဲ့ ကွဲပြားနေရင်တောင်၊ ကိုယ့် စံ တန်ဖိုးထားမှုတွေနဲ့ မကိုက်ညီ နေရင်တောင်၊ ကိုယ့်ရဲ့ ယုံကြည်ချက်တွေနဲ့ မတူနေရင်တောင်၊ နားလည်ပြီး လက်ခံတယ် “ လို့ ပြောတာ ဖြစ်ပါတယ်။ နောက်ဆုံး အဆင့် I See Your Light and Shadow. ဆိုသလို မင်းရဲ့ အလင်း အခြမ်းရော၊ အမှောင် အခြမ်းရော မြင်ရပေမဲ့ ဘာမှ ဝေဖန်သုံးသပ် Judge လုပ်မနေပဲ၊ Blame လုပ်မနေပဲ ရိုးရိုးလေး I See You ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ခက်တာက I See You. မှာ တစ်ဖက်သတ် I See You. နေလို့တော့ မရပါဘူး။ အပြန်အလှန် I See You နေမှ ရမှာပါ။ ကိုယ်က I See You လို့ ပြောလိုက်တဲ့ လူတစ်ယောက်ဟာ ကိုယ့်ကိုလဲ ပြန်ပြီး I See You ဖြစ်နေဖို့ အရမ်းကို အရေးကြီးပါတယ်။ ဒါမှလဲ Emotional Support အပြန်အလှန် လုပ်ပေးနိုင်ပြီး တစ်ယောက်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ကျန်တစ်ယောက်ဟာ ပါဝင် ဖြစ်တည်နေလို့ ရမှာပဲ ဖြစ်ပါတယ်။ ဒါက Relationship တစ်ခုတည်း အတွက်သာ မဟုတ်ပါပဲ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း စတာတွေမှာလဲ I See You ဖြစ်နေဖို့ Emotional Support ဖြစ်နေဖို့ တကယ်ကို လိုအပ်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ဘဝထဲကို ပိုကောင်းတဲ့ အခြေအနေတွေ, အောင်မြင်ခြင်းတွေ, ငွေကြေးတွေ, Relationship တွေကို Attract လုပ် ဆွဲဆောင်ချင်တဲ့ အခါ ကိုယ်ဟာ ပိုကောင်းတဲ့ Vibe ဖြစ်နေဖို့ လိုအပ်ပါတယ် … ပိုကောင်းတဲ့ Vibe ဖြစ်ဖို့ အတွက် ကိုယ် ဘာတွေ လုပ်နေ မိတာလဲ ဘယ်လို Vibe နဲ့ နေတာလဲ ဆိုတာကို ကိုယ့်ရဲ့ မသိစိတ် Subconscious Mind အထိ သိနေဖို့ လိုအပ်ပါတယ် … ကိုယ့်ရဲ့ မသိစိတ်က ကိုယ့်ရဲ့ ဘဝကို ၉၀ မှ ၉၅ % အထိ လွှမ်းမိုး ထိန်းချုပ်လို့ ထားပါတယ် … အဆင်ပြေနေတဲ့ သူတွေ, အောင်မြင်နေတဲ့ သူတွေ, RS Life မှာ ပျော်ရွှင်နေတဲ့ သူတွေဟာ ကိုယ့်ထက် ပိုပြီး ကံကောင်းနေကြတာ မဟုတ်ပါဘူး … သူတို့မှာ ကိုယ်နဲ့ မတူညီတဲ့ မသိစိတ်ရဲ့ ပုံသွင်း ဖန်တီးမှုတွေ ရှိနေတဲ့ အတွက် … ကိုယ်နဲ့ မတူညီတဲ့ ပိုကောင်းတဲ့ လက်တွေ့ ဘဝကို ဖန်တီး ပုံဖော်လို့ ရနေကြတာပဲ ဖြစ်ပါတယ် … ကိုယ့် ဘဝကို အခုလို ကြုံတွေ့ ခံစား နေစေရတဲ့ ပုံသွင်း ဖန်တီးမှုတွေကို ပြုလုပ်ပေးနေတဲ့ ကိုယ့်ရဲ့ မသိစိတ် Subconscious Mind အကြောင်းကို ပိုပြီး စူးစမ်းလေ့လာကြည့်ပါ … ကိုယ့်ရဲ့ မသိစိတ်မှာ ဘာတွေကို Heal လုပ်ဖို့ လိုတာအပ်လဲ? ဘာတွေကို လွှတ်ချဖို့ လိုတာအပ်လဲ? ဘာတွေကို ပြန်ပြီးတော့ ကိုယ် ဖြစ်ချင်တဲ့ ဘဝ ပုံစံနဲ့ ကိုက်ညီတဲ့ မသိစိတ် ပုံစံကို ဖန်တီးပေးဖို့ လိုအပ်တာလဲ? စသည်ဖြင့် ကိုယ့်ကိုယ်ကို သေသေချာချာ စောင့်ကြည့်ပြီး ပြုပြင် နိုင်လိုက်မယ် ဆိုရင် ပိုကောင်းတဲ့ Vibe ကို ရရှိလာမှာပဲ ဖြစ်ပါတယ် … မသိစိတ်ကို နားလည်အောင် လုပ်ခြင်း ဆိုတာက ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေရတဲ့ မဆုံးနိုင်တဲ့ ခရီးရှည် တစ်ခုလဲပဲ ဖြစ်ပါတယ် … #MyoThihaKyaw ~ Randy ကိုယ်ရဲ့ သိစိတ် အလွှာတွေကို တစ်ခုခြင်း တစ်ခုခြင်းစီ ခွာချကြည့်လိုက်တဲ့ အခါ ကိုယ့်ကိုယ်ကို ကန့်သတ်ထားမိတဲ့ Limiting Belief တွေ, ကိုယ် ရင်မဆိုင်ချင်ပဲ ရှောင်ပြေးနေတဲ့ ကိုယ့်ရဲ့ အကြောက်တရား Fear တွေကို မသိစိတ်ထဲမှာ ပိုပိုပြီး ထင်ထင်ရှားရှား မြင်လာရမှာပဲ ဖြစ်ပါတယ် … ဒီလို Limiting Belief တွေ, Fear တဲ့တွေကို ရင်ဆိုင်ကြည့်တဲ့ အခါ Challenging ဖြစ်နိုင်ပေမဲ့ ကိုယ့်ကို မယုံနိုင်လောက်အောင် လွတ်မြောက်မှုကို ပေးစွမ်းနိုင်ပါလိမ့်မယ် … လွတ်မြောက်သွားတဲ့ အတွင်းက အတွေး အမြင် တစ်ခုခြင်းစီဟာ ကိုယ့်ရဲ့ တကယ် ဖြစ်တည်မှု အမှန် True Self နဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည် Highest Potential တွေစီကို ပိုပြီး နီးကပ်စေပါတယ် … ပြီးတော့ ပိုကောင်းတဲ့ Vibe ဖြစ်လာဖို့ Heal လုပ်တာ, Let go လုပ်တာ, ကိုယ့်အတွက် မလိုတာတွေကို မေ့ပစ် Unlearn လုပ်တာ, အထောက်အကူဖြစ်စေတဲ့ အရာတွေကို ပြန်လည် သင်ယူ Relearn လုပ်တာတွေက အချိန်အတော်လေး ယူရပါတယ် … ကိုယ် ဖြစ်ချင်သလို နေ့ခြင်း ညခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး … ကိုယ့်ရဲ့ အတွေးတိုင်း, အပြုအမူတိုင်းကို မသိစိတ်က လွှမ်းမိုးစေတာမျိုး မဟုတ်တော့ပဲ သိစိတ်နဲ့ Conscious ဖြစ်ဖြစ် ရွေးချယ်နိုင်ခြင်းဟာ လက်တွေ့ဘဝမှာ အပြောင်းလဲတွေ အများကြီးကို ဖြစ်ပေါ်လာစေမှာပါ … ဒီလို သေးငယ်တဲ့ အမူအကျင့်တိုင်း, ခြေလှမ်းတိုင်းဟာ ကိုယ့်ကို ပိုမို မှန်ကန်ပြီး ပြီးပြည့်စုံတဲ့ ကိုယ်အလိုရှိတဲ့ ဘဝ ဆီကို ပိုဆောင်ပေးနိုင်တယ် ဆိုတာကို ယုံကြည်လိုက်ပါ … ပြီးတော့ အရင်က လက်လှမ်း မမှီဘူးလို့ ထင်ခဲ့ရတဲ့ အခွင့်အလမ်းတွေဟာ ကိုယ့် ပတ်ဝန်းကျင်မှာ သူ့အလိုလို ပေါ်ပေါက်လာတယ် ဆိုတာကို စတင်ပြီး သတိထား မိလာမှာလဲ ဖြစ်ပါတယ် … ဆက်ဆံရေးတွေဟာ ပိုမို ကောင်းမွန်လာသလို ကိုယ်ဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ ပိုမို ကိုက်ညီလာကိုလဲ တွေ့ရှိ လာပါလိမ့်မယ် … 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

ဒါ့ကြောင့် ဘဝကို ဟန်ချက်ညီညီနဲ့ ပြည့်ပြည့်ဝဝ ဖြတ်သန်းနိုင်ဖို့ အတွက် ကိုယ့်အတွက် Emotional Support လူသားလေးတွေဟာ အရေးကြီးသလို သူတို့ ကိုလဲ တန်ဖိုးထားပေးဖို့ လိုအပ်ပါတယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

အခက်ခဲတွေ၊ သောကတွေ၊ ဒုက္ခတွေ ကြုံရတဲ့ အချိန် ကာလအတွင်း ကျွန်တော်တို့ အားလုံးရဲ့ ဘေးမှာ စိတ် ခံစားချက်ပိုင်း ဆိုင်ရာ ထောက်ပံ့ပေးနိုင်တဲ့ Emotional Support လိုအပ်ပါတယ်။   ပြသနာကို ဝိုင်းဝန်း မဖြေရှင်း  ပေးနိုင်ရင်တောင်မှ နားထောင်ပေးရုံ၊ ကိုယ့်ကိုယ် နားလည်မှုပေးရုံ၊ ကိုယ့်ဘက်က ဘေးမှာ ရပ်တည်နေပေးရုံ၊ ကိုယ့်ကို ဂရုဏာတရား၊ ကိုယ်ချင်းစာတရား၊ မေတ္တာတရား ထားပေးနေရုံ လောက်နဲ့တင် သောက အခက်အခဲ ကြုံတွေ့ နေရသူ တစ်ယောက် အနေနဲ့ အများကြီး အားရှိနေပါပြီ။   ဒီလို Emotional Support က Relationship ဒါမှမဟုတ် မိသားစုဝင်တွေ ထဲကလဲ ဖြစ်နိုင်သလို၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေ ထဲကလဲ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ Therapists တွေ၊ Counselor တွေလဲ ဖြစ်နိုင်ပါတယ်။   ကျွန်တော်တို့ ထိလွယ် ရှလွယ်ဖြစ်နေတဲ့ အချိန်တွေ၊ မွန်းကြပ် နေချိန်တွေမှာ ကိုယ့်ရဲ့ နံဘေးနားမှာ Emotional Support လူသားလေးတွေ ရှိနေရုံနဲ့ မိမိတို့ရဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေ၊ ပူပန်မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ၊ ဘဝရဲ့ အခက်အခဲတွေဟာ တစ်ဝက်လောက် လျော့ပါးသွားစေနိုင်ပါတယ်။   လူဆိုတာဟာ Social Being ဖြစ်တာကြောင့် တစ်ဉီးထဲ တစ်ယောက်ထဲ သီးသန့် နေထိုင် ရပ်တည်သွားလို့ မရတာက တစ်ကြောင်း၊ Human Being ဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဟာ အရေးကြီးတာက တစ်ကြောင်း Emotional Support ဆိုတာက လိုကို လိုအပ်ပါတယ်။   ကျွန်တော်တို့ အားလုံးဟာ အချိတ်အဆက် Connection တွေနဲ့ ရှင်သန်နေ ကြရပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ဝေမျှပေးနိုင်တဲ့သူကို လိုအပ်သလို ကိုယ်ကလဲ အခြားသူရဲ့ ပျော်ရွှင်မှုနဲ့ ဝန်ထုတ်ဝန်ပိုးတွေကို လက်ခံ နားထောင်ပေးနိုင်သူ ဖြစ်ဖို့ လိုအပ်ပါတယ်။   Randy တို့ဟာ Emotional Support ရရှိ နေရုံနဲ့ လောကဓံကို ပိုပြီး ခံနိုင်ရည် ရှိလာတတ်ကြပါတယ်။   အခက်ခဲတွေကို ပိုပြီး ရင်ဆိုင်လာနိုင်ကြတယ်။ နောက်ဆုံး ငါ တစ်ယောက်ထဲ ဖြစ်နေပါလား ဆိုတဲ့ ခံစားချက်မျိုးကို သက်သာ လျော့ပါးစေနိုင်ပါတယ်။   သာမာန် ရိုးရိုးလေး ဖြစ်တဲ့ ဘာ, ဝေဖန် သုံးသပ်ချက်မှ မပေးပဲ နားထောင်ပေးသူ သက်သက် ရှိရုံ၊ သက်တောင့် သက်သာဖြစ်စေတဲ့ စကားလေး ပြန်ပြောပေးရုံ၊ နွေးထွေးတဲ့ အပြုအမူလေး တစ်ခု ရရှိ ရုံလောက်နဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ချမ်းသာရေးကို များစွား အ‌ထောက်ကူ ဖြစ်စေနိုင်ပါတယ်။   Emotional Support လုံးဝ မရ ရှိခဲ့ရင်တော့ တစ်ကိုယ်တည်း ထီးထီးကြီး ဖြစ်နေတဲ့ Isolation အထီးကျန်တဲ့ ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကနေ စိတ်ဓါတ်ကျခြင်း Depression ကို ဉီးတည်သွားစေနိုင်ပါတယ်။   တစ်ဉီးတစ်‌ယောက်မှ မှီခို အားထားစရာ မရှိတော့တဲ့ အခါ သေးငယ်တဲ့ ကိစ္စရပ် သေးသေးလေးတွေကနေ အစပြုကာ  ကြီးမားသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ချမ်းသာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ #MyoThihaKyaw ~ Randy   Strong Emotional Support ရရှိခြင်း အားဖြင့် Randy တို့ဟာ ကိုယ့်ရဲ့ စိတ် ခံစားချက်တွေကို ပိုပြီး စီမံ ခန့်ခွဲလာနိုင်မယ်။   ပြသနာတွေရဲ့ အဖြေကို ပိုပြီး ရှာနိုင်လာမှာ ဖြစ်သလို၊ ဘဝကို အပြုသဘောဆောင်တဲ့ အမြင်နဲ့ ပိုပြီး ကြည့်တတ် မြင်တတ်လာမှာပဲ ဖြစ်ပါတယ်။   ဘဝဟာ မမျှော်လင့်ထားတဲ့ ရင်ဆိုင်စရာတွေ အများကြီးနဲ့ ပြည့်နှက်နေလို့ Emotional Support ဟာ ရှင်သန် နေထိုင်ရာ အခန်း ကဏ္ဍမျိုးစုံ အတွက် လိုအပ်ပါတယ်။   ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ ဆိုတာ ကြုံရနိုင်ပါတယ်။   အခက်အခဲတွေ၊ ဖျားနာမှုတွေ၊ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေ မျိုးစုံ ရှိနေတာမို့ လူတိုင်း အပေါ်မှာ ဒါတွေဟာ အချိန်မရွေး သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။   ဒီလို အချိန်မျိုးတွေမှာ ကိုယ့်အတွက် ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်ပေါ် စေနိုင်တဲ့ စကားပြောဖော်၊ အားပေးဖော်၊ တိုင်ပင်ဖော် လူတစ်ယောက်လောက် ရှိနေခြင်းဟာ အရမ်းကောင်းပါတယ်။   တစ်ကယ်တော့ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ ကိုယ့်ရဲ့ ပျော့ကွက်တွေကို Emotional Support ဖြစ်တဲ့ သူတွေရဲ့ ရှေ့မှာ ထုတ်ပြနိုင်တာက ရှက်စရာလဲ မဟုတ်သလို, အားနည်းတာလဲ မဟုတ်ပါဘူး။   လူအတော်များများက ကိုယ့်ရဲ့ အားသာချက်တွေ၊ ကောင်းကွက်တွေကိုသာ ဖော်ပြလို့ ရကြပြီး ကိုယ့်ရဲ့ မပြည့်စုံတဲ့ အခြမ်း Dark Side တွေ၊ စိတ်ဒဏ်ရာ Trauma တွေကိုတော့ ထုတ်ဖော် ပြောကြား Communicate လုပ်ဖို့ ခက်ခဲလှပါတယ်။   လူတိုင်းဟာ အထင်ကြီးခံလိုကြပြီး အထင်သေးခံ မလိုတာက ပုံမှန်ပဲ ဖြစ်ပေမဲ့ မိမိတို့ ယုံကြည်အားကိုးရာ Emotional Support လုပ်နိုင်သူတွေကို ဖွင့်ပြောနိုင်ခြင်းဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲ ခြေလှမ်းတွေကို ရရှိစေနိုင်ပါတယ်။   တကယ့်ကို စစ်မှန်တဲ့ Emotional Support လုပ်ပေး နိုင်သူတွေကတော့ ဘဝရဲ့ အတတ်အကျ အနိမ့်အမြင့်တိုင်းမှာ မိမိတို့ ရှေ့ဆက်သွားရာ ဘဝ ခရီးလမ်း တစ်လျောက် တစ်ထောင့် တစ်နေရာကနေ သက်တောင့် သက်သာ ဖြစ်စေမှုနဲ့ ကိုယ့် အတွက် အားသာချက်တွေကို ပိုပြီး ဖြစ်ထွန်းလာအောင် သူတို့က ပံ့ပိုးနိုင်စွမ်း ရှိကြပါတယ်။

မေတ္တာဆိုတာ ... အတ္တကင်းတဲ့ ချစ်ခြင်း ... ကောင်းကျိုး လိုလားခြင်း ... ကြင်နာခြင်း ... ပြန်လည် ရယူလိုမှု မရှိတဲ့ စိတ်ကောင်း စေတနာ ... တပါးသူရဲ့ အေးချမ်းခြင်း, ငြိမ်းချမ်းခြင်း, ပျော်ရွှင်ခြင်းကို ဆန္ဒပြင်းပြခြင်း ... စသည်ဖြင့် အဓိပ္ပါယ်များစွာ ဖွင့်လို့ရပါတယ် ... မေတ္တာတရားက ... ကိုယ်ချင်းစာတရား, ဂရုဏာတရား တို့ကနေ စပြီး အခြေခံပါတယ် ... ဒါ့ကြောင့် မေတ္တာတရား ကြီးမားသူတွေဟာ ... မောက်မာမှုတွေ, ကြမ်းတမ်းမှုတွေ, ရိုင်းစိုင်းမှုတွေ မရှိတော့ပါဘူး ... တပါးသူကို ထိခိုက် နစ်နာလိုစိတ်တွေလဲ မရှိတော့ဘူး ... မမျှမတ တဖက်သက် ကိုယ်ကျိုးကြည့်လွန်းတာတွေလဲ ကင်းသွားပါပြီ ... အခြားသူကို မေတ္တာထားတယ် ဆိုတာက ... မိမိတို့ အတွင်းမှာ အထက်ကပြောခဲ့တဲ့ ကောင်းတဲ့ မေတ္တာဓါတ်တွေ အရင်ဆုံး လွှမ်းခြုံနေဖို့ လိုအပ်ပါတယ် ... အရာအားလုံးဟာ မိမိတို့ကနေ စတင်ပါတယ် ... မေတ္တာပို့တယ် ဆိုတာကလဲ မိမိတို့ အတွင်းမှာ Fulfillment ဖြစ်မှ, ပြည့်စုံမှ ... အပြင်ကို, အခြားကို ပေးလို့ ပို့လို့ ရပါတယ် ... လူတွေ အပေါ်, သတ္တဝါတွေ အပေါ်, စကြ်ာဝဠာကြီး တစ်ခုလုံးအပေါ် ဘာလို့ မေတ္တာထားဖို့ လိုအပ်လဲ ဆိုတော့ We are all connect ဆိုတာကို သေသေချာချာ နားလည်လာခြင်းက စတာလဲ ဖြစ်နိုင်ပါတယ် ... အရာအားလုံးဟာ ချိတ်ဆက်နေတယ် ... တစ်ဉီးရဲ့ ကောင်းကျိုးကို လိုလားခြင်းဟာ မိမိတို့ ကောင်းကျိုးကိုလဲ ဉီးတည်စေပြီး ... Ego ကလာတဲ့ တပါးသူကို ပျက်စီးစေခြင်း, အကျိုးယုတ်စေခြင်းတွေဟာ နောက်ဆုံးတော့ မိမိတို့ ကိုယ်တိုင်ကို ပျက်စီးစေခြင်း, ဆုတ်ယုတ်စေခြင်းတွေကို ဖော်ဆောင်နေတာနဲ့ အတူတူပဲ ဖြစ်လို့ပါ ... မေတ္တာစိတ်မှာ ... ငါသာ သူ့နေရာမှာ ဆိုတဲ့ အတွေးလေးရှိတယ် ... ငါသာ သူ့နေရာမှာ ဆိုတဲ့ ခံစားချက်လေးပါတယ် ... ငါသာ သူ့လို ဘဝမျိုးမှာ ဆိုတဲ့ အမြင် ရှုဒေါင့်လေးတွေကို ထည့်ပြီး စဉ်းစားပေးပါတယ် ... ဒါမှမဟုတ် သူက .. ငါမှ မဟုတ်တာ ဆိုတာလေးနဲ့ ထည့်တွေးပေးတယ် ... ဒီလို စိတ်လေးတွေနဲ့ပဲ ကိုယ်တိုင်လဲ အေးချမ်းစွာ, ငြိမ်းချမ်းစွာ နေထိုင်တဲ့ အလေ့ကို မွေးမြူထားတတ်ကြပါတယ် ... #MyoThihaKyaw ~ Randy မေတ္တာစိတ် စပြီး တည်ထောင်နိုင်လာ သူတွေက စိတ်ပိုင်းဆိုင်ရာ, ခံစားချက်ပိုင်းဆိုင်ရာ … Mentally, Emotionally ဖွံဖြိုးတိုးတတ်လာကြတယ် ... ဒီလိုလူတွေက ကောင်းတာတွေကို ပိုပြီး Attract လုပ်လာနိုင်ကြတယ် ... ပိုကောင်းတာတွေကို Attract လုပ်ချင်တယ် ဆိုရင် ... ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာဖို့က … အဲ့ဒီ Energy State မှာ တည်ရှိနေဖို့က ပိုပြီး အရေးကြီးတယ်လေ ... Energy မှာ တူရာ တူရာ စုတယ်ဆိုတော့ ... မေတ္တာတရား ထားနိုင်လာတာနှင့်အမျှ ကိုယ့်ထက် မေတ္တာဓါတ် အားကောင်းသူတွေက ကိုယ့်အနားကို ရောက်လာကြတယ် ... ဒါ့ကြောင့် ပိုကောင်းတဲ့ သူတစ်ယောက်ဖြစ်ဖို့ ကိုယ်ဘာတွေကို လုပ်နေလဲ, ဘယ်လို စိတ်မျိုးထားနေလဲ ဆိုတာ ... သေသေချာချာ သိနားလည်ဖို့ လိုအပ်ပါတယ် ... သိစိတ်ထက် မသိစိတ်က ပိုအရေးကြီးတယ် ဆိုတော့ကာ ... ကိုယ့် မသိစိတ်ထဲက Pattern တွေအထိ Deep နက်နက်တူးပြီး သွားကြည့်ဖို့လိုတယ် ... ပြင်ဆင်ဖို့ လိုအပ်ပါတယ် ... ဒီ Process မှာ ကိုယ့်ကိုယ်ကို စိတ်ရှည်ဖို့လဲ လိုအပ်ပါတယ် ... ပြီးတော့ မေတ္တာဆိုတာ ဓါတ်တစ်မျိုး ဆိုရင် မေတ္တာပို့တယ် ဆိုတာ Sending Energy to Other လုပ်တာပါပဲ ... ကိုယ့်ရဲ့ မြင့်မားတဲ့ စိတ်အခြေအနေကနေ ... တပါးသူရဲ့ မြင့်မားတဲ့ စိတ်အခြေအနေကို ကောင်းကျိုးလိုလားခြင်း ရည်ရွယ်ချက် Intention နဲ့ မေတ္တာဓါတ်ကို ပို့လွှတ်ပေးခြင်း ဖြစ်ပါတယ် ... ဒီတော့ ကိုယ့်ရဲ့ Higher Self နဲ့ သူ့ရဲ့ Higher Self ကို Energy Sending လုပ်ခြင်းပါပဲ ... ဒါ့အပြင် မေတ္တာပို့တဲ့ အခါ ကိုယ့်ကိုယ်ကို အရင်ဆုံး ပို့ပြီးမှ အခြားကို ပိုပေးတဲ့ နည်းလမ်းကို သုံးလေ့သုံးထ ရှိပါတယ် ... ဒါဟာလဲ ကိုယ့်ရဲ့ Higher Self ကို ပထမဉီးစွာ မေတ္တာပို့တာ ဖြစ်နိုင်ပါတယ် ... ဖတ်ဖူးတဲ့ စာသားလေးလို ... မေတ္တာဆိုတာက ယနေ့ခေတ် ရင်ဆိုင်နေရတဲ့ ပြသနာ အတော်များများကို ဖြေရှင်းနိုင်တဲ့ အရာဆိုလဲ မမှားပါဘူးတဲ့ ... ပိုက်ဆံနဲ့ ဝယ်လို့မရသလို ... ဘယ်လို Technology နဲ့မှလဲ ဖန်တီးလို့ ရမှာ မဟုတ်ပါဘူးတဲ့ ... 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

လူတိုင်းကို စိတ်ကြေနပ်အောင် ပြုလုပ်ပေးနေခြင်း၊ ပဋိပက္ခတွေကို ရှောင်ရှားနေခြင်းအားဖြင့် ကိုယ့်ရဲ့ ဆက်ဆံရေးတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ လူတိုင်းကို စိတ်ကြေနပ်အောင် ဖြည့်စည်းပေးတတ်တဲ့ သူ People Pleaser တွေဟာ ဆက်ဆံရေးအတွင်း အဆင်မပြေမှာကို စိုးရိမ် ပူပန်တတ်တာကြောင့် ပြသနာတွေကို ဘယ်တော့မှ မဖြေရှင်းနိုင်ပဲ တိတ်တဆိတ် နေတတ်ကြပါတယ်။ ဒီလိုနဲ့ လူအများကို စိတ်ကျေနပ်အောင် လုပ်ပေးနေတာကြောင့်ပဲ ကိုယ့်ကိုယ်ကို မကျေနပ်စိတ်တွေ စုပုံလာတတ်ကာ နောက်ဆုံးတော့လဲ အဆင်မပြေမှုတွေကို ဖန်တီးနေသလိုပဲ ဖြစ်သွားတတ်ကြပါတယ်။ တကယ်က အဆင်မပြေမှုတွေကို ရှောင်ရှားလိုတဲ့ စိတ်နဲ့ မလိုလားအပ်တဲ့ ပြသနာတွေကို တားဆီးလိုတဲ့ ကြိုးစား အားထုတ်မှုတွေ ကနေ နောက်ဆုံးတော့လဲ မတည်ငြိမ်မှုတွေနဲ့ တင်းမာမှုတွေ ဆီကို ရောက်သွားတာပါပဲ။ ပဋိပက္ခတွေကို ရှောင်ရှားခြင်းဟာ ကိုယ့်ရဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်း ပေးနိုင်လိမ့်မယ်လို့ သင် ထင်ကောင်း ထင်နေပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းက မမြင်ရတဲ့ တင်းမာမှုတွေနဲ့ ဖော်ပြခွင့် မရတဲ့ မကျေမနပ် စိတ်တွေကိုသာ ကိုယ့်ရဲ့ အတွင်းမှာ ပျိုးထောင်နေမိတာ ဖြစ်ပါတယ်။ သင် တစ်ယောက်ယောက်နဲ့ ဆွေးနွေးဖို့ လိုအပ်တဲ့ အခါမျိုးတွေမှာ ငြင်းဆန် နေမိတာက ပြသနာတွေ သူ့အလိုလို ပျောက်ကွယ်သွားတာ မဟုတ်ပါပဲ စိတ်ရဲ့ ဟိုး အတွင်းထဲမှာ ကိုယ်ကိုယ်ကို ယုံကြည်မှုနဲ့ အခြားသူတွေ အပေါ် ရင်းနှီးမှုတွေကို ချိုးဖြတ်မိနေသလို ဖြစ်နေတတ်တာပါ။ ထို့အတူ ကိုယ့် ခံစားချက်တွေကို မြိုသိပ်လိုက်ခြင်း၊ ကိုယ်ပြောမဲ့ စကားတွေကို ရုပ်သိမ်းထားလိုက်ခြင်း၊ ကိုယ် အဆင်မပြေရင်တောင် အဆင်ပြေတယ်လို့ အယောင်ဆောင်လိုက်ခြင်း တွေဟာ နောက်ဆုံးမှာ အဆင်မပြေစွာ ပေါက်ကွဲမည့် ဖိအားတွေကို အကြိမ်ကြိမ် တည်ဆောက်နေမိတာနဲ့ အတူတူပါပဲ။ #MyoThihaKyaw ~ Randy ဒါ့ကြောင့် အသေးစား ကိုယ် ကိုင်တွယ် ဖြေရှင်းလို့ ရနိုင်တဲ့ ပဋိပက္ခ ငယ်လေးတွေကို ရှောင်ရှားနေခြင်းဟာ ပိုမို ကြီးမားပြီး ဆက်ဆံရေးတွေကို ပျက်ဆီးစေနိုင်မည့် ပဋိပက္ခကြီးတွေကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ပြုစု ပျိုးထောင် အုပ်ထိန်းမှု မတည်ငြိမ်တဲ့ မိသားစုတွေမှာ ပေါက်ဖွားလာရတဲ့ ကလေးတွေ၊ အငြင်းပွားမှုတွေ၊ ပေါက်ကွဲမှုတွေ၊ ပစ်ထားမှုတွေများတဲ့ မိသားစုမှာ မွေးဖွားလာရတဲ့ ကလေးတွေနဲ့ ဒီလို ပုံစံမျိုး ကြီးပျင်းလာခဲ့ကြရတဲ့ ကလေးတွေဟာ ပဋိပက္ခ ဖြစ်တာက အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်တယ်လို့ ယူဆ မိတတ်ကြပါတယ်။ ဒါ့အပြင် သဘောထား ကွဲလွဲမှုတွေဟာ ဆက်ဆံရေးတွေကို အဆုံးသတ် စေနိုင်တယ်လို့ ယူဆမိပြီး ဘယ်လို နည်းနှင့် မဆို လူတွေရဲ့ စိတ်ကြေနပ်အောင် People Pleaser အဖြစ် လုပ်ပေးရမယ်၊ ပြောဆို ဆက်ဆံရေးတွေကို ရှောင်ရှားနိုင်ရမယ်လို့ သင်ယူမိ၊ ယုံကြည်လာမိ တတ်ကြပါတယ်။ ကိုယ်က ဒီလိုမျိုး ယုံကြည်နေမိပြီး People Pleaser ဖြစ်နေရမယ်လို့ အဓိပ္ပါယ် ဖွင့်ထားမိတယ် ဆိုရင် ငယ်စဉ် ကလေးဘဝတုန်းက ဒါမှမဟုတ် တစ်ချိန်တုန်းက အဆင်ပြေခဲ့၊ အလုပ်ဖြစ်ချင် ဖြစ်ခဲ့ပေမယ့် ရေရှည်မှာတော့ ဒါဟာ အဆင်ပြေမယ့် နည်းလမ်း တစ်ခု မဟုတ်တာ အသေအချာပါပဲ။ ကျန်းမာတဲ့ ဆက်ဆံရေး Healthy Relationship တွေ အတွက် ကောင်းမွန် မှန်ကန်တဲ့ ပြသနာ ဖြေရှင်းနည်းတွေ၊ အပြန်အလှန် နားလည်မှုတွေနဲ့ အတွင်းကျကျ နက်ရှိုင်းတဲ့ အကျိုးရှိတဲ့ ပဋိပက္ခ ပြသနာတွေ ဆိုတာတွေက လိုကို လိုအပ်ပါတယ်။ ပြသနာ သေးငယ်ချိန်မှာ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ သင်ယူခြင်းဟာ ဆက်ဆံရေးတွေကို အဆုံး သတ်စေနိုင်တဲ့ ပေါက်ကွဲမှုကြီးတွေ မဖြစ်ပေါ်လာစေဖို့ တားဆီးပေးနိုင်ပါတယ်။ ပဋိပက္ခ ပြသနာတွေက ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေး Relationship တွေ အတွက် ရန်သူ မဟုတ်ပါ။ တကယ့် ရန်သူက မဖြေရှင်းရသေးတဲ့ မကျေနပ် စိတ်တွေကို မြိုသိပ် ထိန်းသိမ်းထားခြင်းနဲ့ စကားပြောဆိုမှုတွေကို ရှောင်ရှားထားခြင်းကသာ ကြာလာတာ နှင့်အမျှ ရင်းနှီး ချစ်ခင်မှုတွေကို ဖျက်ဆီးနေတာပဲ ဖြစ်ပါတော့တယ်။ 🍀 လိုအပ်လျှင် Coaching ယူပါ … Twinflame Coaching သီးသန့် ရှိပါတယ် … Have A Nice Day! 🩵🩵🩵 #မျိုးသီဟကျော် ~ #Randy ⭐️ Life & Relationship Coach ⭐️ Healer & Spiritual Guidance Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …