en
Feedback
The REDS Show

The REDS Show

Open in Telegram

You'll Never Walk Alone

Show more
8 083
Subscribers
-924 hours
+1677 days
+1 75630 days
Posts Archive
🔴🏆 𝑩𝑹𝑬𝑨𝑲𝑰𝑵𝑮 - 𝑯𝑬𝑹𝑬 𝑾𝑬 𝑮𝑶 ✍️🟢 🏆 လီပါပူးလ်အသင်းရဲ့ အကယ်ဒမီမှ အသက် (၁၆)နှစ်အရွယ် ကွင်းလယ်လူငယ်ကစားသမားတွေ 𝑰𝒔𝒂𝒂𝒄 𝑲𝒐𝒏𝒅𝒆 ဟာ ပရီးမီးယားလိဂ် မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တတ်အသင်းဆီကို ပြောင်းရွှေ့ ကစားဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်.....။ (✍️𝑭𝒂𝒃𝒓𝒊𝒛𝒊𝒐 𝑹𝒐𝒎𝒂𝒏𝒐) #YNWA #TRS #LiverpoolFC #ManchesterUnited #IsaacKonde #HereWeGo

photo content

🔴🏆 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 & 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 💫🥰 🏆 လီပါပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ 𝑪𝒐𝒅𝒚 𝑮𝒂𝒌
🔴🏆 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 & 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 💫🥰 🏆 လီပါပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 နဲ့ 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 တို့ဟာ ပရီးမီးယားလိဂ် ပွဲစဥ် (၃)ရဲ့ အကောင်းဆုံး ကစားသမားဆု ပမည်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်.....။ 🔴 ပရီးမီးယားလိဂ် ပွဲစဥ် (၃)အဖြစ် ကစားခဲ့တဲ့ အစ်ဆွတ်တောင်း (၀-၂) လီပါပူးလ် ပွဲစဥ်မှာ 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 အနေနဲ့ သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့သလို 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 ကလဲ အဆိုပါ သွင်းဂိုး (၂)ဂိုးလုံးကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်.....။ #YNWA #TRS #LiverpoolFC #PremierLeague

🔴🏆 ဘောလုံးအားကစား ဝက်ဆိုဒ် 𝑾𝒉𝒐 𝑺𝒄𝒐𝒓𝒆𝒅 ရဲ့ ရွေးချယ်မှုအရ ယခု ပရီးမီးယားလိဂ် ပွဲစဥ် (၃)ရဲ့ အကောင်းဆုံး ကစားသမား (၁၁)
🔴🏆 ဘောလုံးအားကစား ဝက်ဆိုဒ် 𝑾𝒉𝒐 𝑺𝒄𝒐𝒓𝒆𝒅 ရဲ့ ရွေးချယ်မှုအရ ယခု ပရီးမီးယားလိဂ် ပွဲစဥ် (၃)ရဲ့ အကောင်းဆုံး ကစားသမား (၁၁)ဦး (𝑻𝒆𝒂𝒎 𝑶𝒇 𝑻𝒉𝒆 𝑾𝒆𝒆𝒌) မှာ လီပါပူးလ်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐, တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 နဲ့ 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 တို့ ပါဝင်လာခဲ့ပါတယ်.....။ #YNWA #TRS #LiverpoolFC #PremierLeague

🔴🏆 လီပါပူးလ်အသင်းရဲ့ လာမယ့် ပွဲစဥ် (၃)ပွဲ ✍️✍️✍️ 🏆 လီပါပူးလ်အသင်းဟာ လာမယ့် အနီးစပ်ဆုံး ကစားရမယ့် ပွဲစဥ် (၃)ပွဲမှာ မတူညီတဲ့ အသင်း (၃)သင်းကို မတူညီတဲ့ ဖလားပြိုင်ပွဲတွေအဖြစ် အိမ်ကွင်း အန်ဖီးကွင်းကြီးထဲမှာ ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်.....။ 🔴 လီပါပူးလ်အသင်းဟာ ယခုအပတ် ကြားရက်အတွင်းမှာ အက်သလက်တီကိုအသင်းကို ချန်ပီယံလိဂ်၊ ဖူဟမ်အသင်းကို ပရီးမီးယားလိဂ် နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကို ကာရာဘောင်ဖလား ပွဲစဥ်တွေအဖြစ် ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်.....။ 🏆 လီပါပူးလ် 𝑽𝒔 အက်သလက်တီကို (ချန်ပီယံလိဂ်) 💻 (၁၀.၉.၂၀၂၆) ကြာသာပတေးနေ့ ⌚️ မြန်မာစံတော်ချိန် နံနက် (၁:၃၀)နာရီ 🏆 လီပါပူးလ် 𝑽𝒔 ဖူဟမ် (ပရီးမီးယားလိဂ်) 💻 (၁၂.၉.၂၀၂၆) စနေနေ့ ⌚️ မြန်မာစံတော်ချိန် ည (၈:၃၀)နာရီ 🏆 လီပါပူးလ် 𝑽𝒔 စပါး (ကာရာဘောင်ဖလား) 💻 (၁၆.၉.၂၀၂၆) ဗုဒ္ဓဟူးနေ့ ⌚️ မြန်မာစံတော်ချိန် နံနက် (၁:၃၀)နာရီ 🔴📌 လာမယ့် အိမ်ကွင်း ပွဲစဥ် (၃)ပွဲမှာ လီပါပူးလ်တို့ နိုင်ပွဲ ဘယ်လောက် ရှာဖွေသွားနိုင်မလဲ✍️✍️✍️ #YNWA #TRS #LiverpoolFC #Anfield

photo content

🔴🏆 (2027-28) 𝑳𝑭𝑪 𝑯𝒐𝒎𝒆 𝑲𝒊𝒕 ❤️🥰 🏆 လီပါပူးလ်အသင်းရဲ့ (၂၀၂၇-၂၈)ဘောလုံးရာသီအတွက် အိမ်ကွင်းဂျာစီအသစ် ပုံစုဆိုပြီး 𝑭�
+2
🔴🏆 (2027-28) 𝑳𝑭𝑪 𝑯𝒐𝒎𝒆 𝑲𝒊𝒕 ❤️🥰 🏆 လီပါပူးလ်အသင်းရဲ့ (၂၀၂၇-၂၈)ဘောလုံးရာသီအတွက် အိမ်ကွင်းဂျာစီအသစ် ပုံစုဆိုပြီး 𝑭𝒐𝒐𝒕 𝑯𝒆𝒂𝒅𝒍𝒊𝒏𝒆𝒔 ကို ဖော်ပြလာခဲ့တာပါ.....။ 🔴 အိမ်ကွင်းဂျာစီဟာ လီပါပူးလ်ရဲ့ ရိုးရာ အနီရောင် အခြေခံကို ဖြူစင်တဲ့ လိုဂိုတွေ၊ အနားသတ်တွေနဲ့ ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အဓိက ထူးခြားချက်ကတော့ ပိုမို ရင့်မှောင်တဲ့ အနီရောင် ရင့်ရင့်ကို အသုံးပြုထားတဲ့ သိမ်မွေ့လှပတဲ့ စတုရန်းကွက် ဒီဇိုင်းတွေကို ဂျာစီတစ်ထည်လုံးမှာ ပေါင်းစပ် ထည့်သွင်းထားတာဖြစ်ပါတယ်.....။ 🔴 အခုပြထားတဲ့ ဂျာစီဒီဇိုင်းကို သဘောကျကြလားဗျ ✍️✍️✍️ #YNWA #TRS #LiverpoolFC #HomeKit

🔴🏆 အငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ 𝑨𝒓𝒂𝒖𝒋𝒐 ရဲ့ ခြေစွမ်းအပေါ် ကျေနပ်နေတဲ့ လီပါပူးလ် တာဝန်ရှိသူများ ✍️ 🏆 လီပါပူးလ်အသင်းဟာ အသက် (၂၇)နှစ်အရွယ် ဥရုဂွေး နောက်ခံလူ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 ကို (၁)ရာသီ အငှားစာချုပ်နဲ့ ဘာစီလိုနာအသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်.....။ 🔴 လက်ရှိမှာ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 အနေနဲ့ လီပါပူးလ်အသင်းရဲ့ ခံစစ်ပိုင်း လိုအပ်နေတဲ့ နေရာတွေမှာ အကောင်းဆုံး ဖြည့်ဆည်း ကစားပေးနေပြီး သူ့ရဲ့ ခြေစွမ်းတွေအပေါ် လီပါပူးလ်အသင်းရဲ့ တာဝန်ရှိသူတွေက သဘောကျကျေနပ်နေကြောင်း သိရပါတယ်.....။ 🔴 လီပါပူးလ်အသင်းအနေနဲ့ 𝑨𝒓𝒂𝒖𝒋𝒐 ကို (၁)ရာသီ အငှား + အပြီးသတ်ဝယ်ယူခွင့်ပါ ထည့်သွင်းခေါ်ယူထားတာကြောင့် 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 ကို ရာသီကုန်မှာ အပြီးသတ် ဝယ်ယူသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ.....။ (✍️𝑩𝒂𝒓𝒄𝒂 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒂𝒍) 🔴📌 ညီကိုတို့ရော...𝑨𝒓𝒂𝒖𝒋𝒐 ကြီးကို အပြီးသတ် ဝယ်စေချင်ကြလားဗျ ✍️✍️✍️ #YNWA #TRS #LiverpoolFC #Barcelona #RonaldAraujo

photo content

🔴🏆 𝑬𝑿𝑪𝑳𝑼𝑺𝑰𝑽𝑬 𝑵𝑬𝑾𝑺 ✍️✍️✍️ 🏆 လီပါပူးလ်အသင်းရဲ့ အားကစားဒါရိုက်တာ 𝑹𝒊𝒈𝒉𝒂𝒓𝒅 𝑯𝒖𝒈𝒉𝒆𝒔 ဟာ ဆော်ဒီကလပ် အယ်ဟီလေအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်တာကြောင့် လီပါပူးလ်အသင်းအနေနဲ့ အားကစားဒါရိုက်တာအသစ် ခန့်အပ်ရေးကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်.....။ 🔴 နောက်ဆက်တွဲအနေနဲ့ 𝑹𝒊𝒄𝒉𝒂𝒓𝒅 𝑯𝒖𝒈𝒉𝒆𝒔 လီပါပူးလ်အသင်းထံ ပြောင်းလာခဲ့စဥ်က ဘုန်းမောက်အသင်းကနေ အတူတူ ပါဝင်လာခဲ့တဲ့ လီပါပူးလ်အသင်း၏ ကစားသမား သစ်စိစစ်ခေါ်ယူရေးဌာန (Recruitment Department) မှ အဖွဲ့ဝင် (၂)ဦးဖြစ်ကြတဲ့ 𝑴𝒂𝒓𝒌 𝑩𝒖𝒓𝒄𝒉𝒊𝒍𝒍 နှင့် 𝑪𝒓𝒂𝒊𝒈 𝑴𝒄𝑲𝒆𝒆 တို့ကလဲ 𝑹𝒊𝒗𝒉𝒂𝒓𝒅 𝑯𝒖𝒈𝒉𝒆𝒔 နှင့်အတူ ဆော်ဒီပရိုလိဂ် ကလပ် အယ်ဟီလေအသင်းထံ လိုက်ပါသွားတော့မည် ဖြစ်ကြောင်း သိရပါတယ်.....။ (✍️𝑻𝒉𝒆 𝑨𝒕𝒉𝒍𝒆𝒕𝒊𝒄) 🔴📌 အားကစားဒါရိုက်တာ 𝑹𝒊𝒄𝒉𝒂𝒓𝒅 𝑯𝒖𝒈𝒉𝒆𝒔 အပါအဝင် လီပါပူးလ်အသင်းရဲ့ ကစားသမားသစ်ခေါ်ယူရေးအဖွဲ့က ခေါင်းဆောင်ပိုင်း (၂)ဦး ထွက်ခွါသွားမှာ ဖြစ်တာကြောင့် ဘယ်သူတွေကို လီပါပူးလ်အသင်းက ပြန်လည် ခန့်အပ်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ.....။ #YNWA #TRS #LiverpoolFC #RichardHughes #SportingDirector

photo content

🔴🏆 မနေ့က 𝑺𝒌𝒚 𝑺𝒑𝒐𝒓𝒕𝒔 ရဲ့ အစီအစဥ်မှာ 𝑪𝒂𝒓𝒓𝒂𝒈𝒉𝒆𝒓 နဲ့ 𝑵𝒆𝒗𝒊𝒍𝒍𝒆 တို့ "𝑲𝒂𝒊 𝑯𝒂𝒗𝒆𝒓𝒕𝒛 နဲ့ 𝑭𝒊𝒓𝒎𝒊𝒏𝒐 ခိုင်းနှိုင်းမှု" နဲ့ ပတ်သက်ပြီး အငြင်းပွါးခဲ့ကြတာပါ.....။ 📌 𝑪𝒂𝒓𝒓𝒂𝒈𝒉𝒆𝒓 🗣 𝑯𝒂𝒗𝒆𝒓𝒕𝒛 ရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားတွေအပေါ် ချိတ်ဆက်နိုင်စွမ်း၊ ဖိအားပေးနိုင်စွမ်းနဲ့ ရွေ့လျားမှုတွေက "𝑩𝒐𝒃𝒃𝒚 𝑭𝒊𝒓𝒎𝒊𝒏𝒐" လိုမျိုးပါပဲ.....။ 📌 𝑮𝒂𝒓𝒚 𝑵𝒆𝒗𝒊𝒍𝒍𝒆 🗣 ဟေ့ 𝑱𝒂𝒎𝒊𝒆, ကျေးဇူးပြု၍ မင်းပြောနေတာတွေကို အခုချက်ချင်း ရပ်လိုက်ပါတော့။ 𝑲𝒂𝒊 𝑯𝒂𝒗𝒆𝒓𝒕𝒛 ကို 𝑩𝒐𝒃𝒃𝒚 𝑭𝒊𝒓𝒎𝒊𝒏𝒐 နဲ့ နှိုင်းယှဥ်နေတာတွေကို ရပ်လိုက်စမ်းပါ။ ဒါက မင်းအနေနဲ့ 𝑩𝒐𝒃𝒃𝒚 𝑭𝒊𝒓𝒎𝒊𝒏𝒐 ကို လုံးဝ လေးစားမှု မရှိတဲ့ ပြောစကားတွေပါပဲ။ 𝑩𝒐𝒃𝒃𝒚 𝑭𝒊𝒓𝒎𝒊𝒏𝒐 ဆိုတာက တိုက်စစ်မှာ 𝑺𝒂𝒅𝒊𝒐 𝑴𝒂𝒏𝒆, 𝑴𝒐 𝑺𝒂𝒍𝒂𝒉 တို့ ဖြစ်လာဖို့အတွက် မရှိမဖြစ် လိုအပ်ခဲ့တဲ့ 𝑭𝒂𝒍𝒔𝒆-9 ဘောလုံး ဗိသုကာ ပညာရှင်တစ်ဦးကွ။ 𝑯𝒂𝒗𝒆𝒓𝒕𝒛 အနေနဲ့ ဘယ်လိုအခြေအနေ ဘယ်လို နေရာမျိုးပဲ ရောက်ရောက် 𝑩𝒐𝒃𝒃𝒚 𝑭𝒊𝒓𝒎𝒊𝒏𝒐 ရဲ့ အဆင့်အတန်းကို ဘယ်တော့မှ မှီလာမှာ မဟုတ်ဘူး......။ (✍️𝑺𝒌𝒚 𝑺𝒑𝒐𝒓𝒕𝒔) 🔴📌 𝑪𝒂𝒓𝒓𝒂𝒈𝒉𝒆𝒓 ဆိုတဲ့ကောင်က ကစားသမားဘဝလဲ ချစ်မွှေးမပါခဲ့သလို အခု ဘောလုံးသုံးသပ်သူအဖြစ်လဲ စကားက ဘောင်ဝင်အောင် မပြောတတ်ဘူး...တကယ့် ချီးပေကောင် 🤧 #YNWA #TRS #LiverpoolFC #RobertoFirmino #Carragher #GaryNeville

photo content

🔴 https://theredshow.site ဒီနေ့ည ကစားမယ့် ပွဲစဥ်တွေ အားလုံးကို အခုပြထားတဲ့ Website ထဲကနေ ဝင်ကြည့်လို့ ရပါမယ်ခင်ဗျာ....။ 📌 ဘောလုံးပွဲကြည့်ဖို့ Application ကိုလဲ အဲဒီ Website ထဲမှာပဲ Download ဆွဲလို့ ရပါတယ်ဗျ.....။ 📌 လာမယ့် လီပါပူးလ်အသင်းအပါအဝင် ကျတော် (ကိုဇင်) ပြမယ့် ပွဲစဥ်တွေကိုလဲ ကျတော့် အသံနဲ့ ကြည့်လို့ ရအောင် စီစဥ်နေပါတယ်ခင်ဗျာ.....။ 📌 စမ်းသပ်သုံးစွဲပြီး အကြံဥာဏ်လေးတွေ ပေးခဲ့ကြပါအုံးဗျ ✍️✍️✍️

🔴 https://theredshow.site ဒီနေ့ည ကစားမယ့် ပွဲစဥ်တွေ အားလုံးကို အခုပြထားတဲ့ Website ထဲကနေ ဝင်ကြည့်လို့ ရပါမယ်ခင်ဗျာ....။ 📌 ဘောလုံးပွဲကြည့်ဖို့ Application ကိုလဲ အဲဒီ Website ထဲမှာပဲ Download ဆွဲလို့ ရပါတယ်ဗျ.....။ 📌 လာမယ့် လီပါပူးလ်အသင်းအပါအဝင် ကျတော် (ကိုဇင်) ပြမယ့် ပွဲစဥ်တွေကိုလဲ ကျတော့် အသံနဲ့ ကြည့်လို့ ရအောင် စီစဥ်နေပါတယ်ခင်ဗျာ.....။ 📌 စမ်းသပ်သုံးစွဲပြီး အကြံဥာဏ်လေးတွေ ပေးခဲ့ကြပါအုံးဗျ ✍️✍️✍️

🔴🏆 ပရီးမီးယားလိဂ် ပထမဆုံးနိုင်ပွဲအပေါ် ကျေနပ်မနေဘဲ ချန်ပီယံလိဂ်အတွက် အာရုံစိုက်သွားရမယ်ဆိုတဲ့ နောက်ခံလူ 𝑴𝒊𝒍𝒐𝒔 𝑲𝒆𝒓𝒌𝒆𝒛 ရဲ့ အင်တာဗျူး ✍️✍️✍️ 🏆 𝑴𝒊𝒍𝒐𝒔 𝑲𝒆𝒓𝒌𝒆𝒛 🗣 📌 ပရီးမီးယားလိဂ် ပထမဆုံး နိုင်ပွဲနှင့် ပတ်သက်ပြီး ... တကယ်ကို ကောင်းမွန်ပါတယ်။ ကျတော်တို့ ပထမ ပွဲအစကတည်းက ပွဲထဲမှာ စူးစိုက်မှု အပြည့်ရှိခဲ့ကြတယ်လို့ ထင်ပါတယ်။ ပထမ (၂)ပွဲအပြီးမှာ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ပြောဆိုခဲ့ကြတာတွေကို အခုပွဲမှာ ထူးထူးချွန်ချွန် လုပ်ပြနိုင်ခဲ့ပါတယ်။ 𝑨𝒍𝒆𝒙 ကလည်း ဂိုးတွေ စတင် သွင်းယူနေပြီဖြစ်လို့ ဒါက ဆက်လက် ဖြစ်တည်သွားမယ်လို့ မျှော်လင့်ပါတယ်။ အသင်းဖော်တွေအတွက် ပျော်ရွှင်ရသလို ကျတော်တို့ ဘယ်လောက်အထိ ထိရောက်ပြင်းထန်စွာစတင်နိုင်ခဲ့လဲဆိုတဲ့ အပေါ်မှာလည်း ကျေနပ်မိပါတယ်.....။ 📌 (၂)ဂိုးရပြီးနောက် ပွဲကို ထိန်းချုပ်ပုံ.... ကျတော်တို့လို ဖိအားပေး ကစားတဲ့အခါ ပွဲချိန် မိနစ် (၉၀)လုံး အပြည့်အဝ လုပ်ဆောင်ဖို့ဆိုတာ နည်းနည်း ခက်ခဲပါတယ်။ ပထမ မိနစ် (၃၀)ကနေ (၃၅)မိနစ်အထိနဲ့ ဒုတိယပိုင်း အစမှာ ပြန်လုပ်နိုင်ပေမဲ့ အဲဒီနောက်မှာတော့ အသင်းလိုက် ကျစ်လစ်စွာ စုစည်းထားဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆို ဆက်သွယ်ဖို့ပဲ လိုအပ်တော့တာပါ။ ဒါဟာ ကျတော်တို့ ပိုမို တိုးတက်အောင် လုပ်ဆောင်ရမယ်လို့ ပြောထားတဲ့ အချက်ဖြစ်ပြီး ခံစစ်မှူးတွေအနေနဲ့ ပေးဂိုးမရှိ (𝑪𝒍𝒆𝒂𝒏 𝑺𝒉𝒆𝒆𝒕) ရရှိခဲ့တဲ့အပေါ် ပျော်ရွှင်မိပါတယ်။ ပြိုင်ဘက်ရဲ့ ဖြတ်တင်ဘောတွေနဲ့ ပြစ်ဒဏ်ဘောတွေကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပြီး အားလုံး (၁၀၀) ရာခိုင်နှုန်း အာရုံစိုက်ထားနိုင်ခဲ့ကြပါတယ်.....။ 📌 နည်းပြကြီး 𝑰𝒓𝒂𝒐𝒍𝒂 ရဲ့ ကစားဟန်... ဟုတ်ပါတယ်၊ သေချာပေါက်ပါပဲ။ ကွင်းအတွင်းမှာ လူတိုင်း ပိုမို သက်တောင့်သက်သာ ရှိလာကြပြီး ကျတော့်ကိုယ်ကျတော် ပြန်ကြည့်ရင်လည်း ကစားဟန်မှာ ပိုမို ပါဝင်လာနိုင်ပြီး ပိုကောင်းလာတာကို တွေ့ရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း ခက်ခဲမှုကြားက ပေးဂိုးမရှိ ရရှိခဲ့တာ ဖြစ်လို့ ကျတော်တို့ ပျော်ရွှင်ရပေမဲ့ အလွန်အမင်း အောင်ပွဲခံနေလို့တော့ မရပါဘူး – အခုဆိုရင် (၃)ရက် (၁)ပွဲ ကစားရတော့မှာဖြစ်လို့ နောက်ပွဲဆီ အာရုံစိုက်ရပါတော့မယ်.....။ 📌 ဘယ်တောင်ပံမှာ မတူညီတဲ့ တိုက်စစ်ကစားသမားများ အခြေအနေ ... အခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ညှိယူရတာ ကျတော်တို့ရဲ့ အလုပ်ပါပဲ။ ဒါကြောင့်လည်း ကျတော်တို့ လေ့ကျင့်ရေး သင်ခန်းစာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီနှစ်မှာ 𝑪𝒐𝒅𝒚 နဲ့ နားလည်မှု ပိုမို ကောင်းမွန်လာခဲ့ပါတယ်။ 𝑩𝒂𝒓𝒄𝒐𝒍𝒂 ဝင်လာချိန်မှာလည်း ကောင်းမွန်တဲ့ တွဲဖက်မှုတွေ ရှိခဲ့ပြီး ကျတော် သူ့ဆီ ထိုးဖောက် ပို့ဆောင်ပေးခဲ့တဲ့ ဘောလုံးကလည်း အဆင်ပြေခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ နေ့စဉ်နေ့တိုင်း နားလည်မှု တည်ဆောက်နေတာ ဖြစ်လို့ အကောင်းဆုံး နားလည်မှုတွေနဲ့ ရှေ့ဆက်သွားဖို့ပဲ လိုပါတော့တယ်.....။ (𝑴𝒊𝒍𝒐𝒔 𝑲𝒆𝒓𝒌𝒆𝒛 - လီပါပူးလ် ဘယ်နောက်ခံလူ) #YNWA #TRS #LiverpoolFC #MilosKerkez #AndoniIraola

photo content

The REDS Show - Statistics & analytics of Telegram channel @theredsshowtrs