ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

The REDS Show

The REDS Show

Открыть в Telegram

You'll Never Walk Alone

Больше
7 861
Подписчики
-224 часа
-517 дней
-27130 дней
Архив постов
🔴🏆 လီပါပူးလ်အသင်းဟာ ခြေစွမ်းထက်နေတဲ့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ အနိုင်ရပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းအ
🔴🏆 လီပါပူးလ်အသင်းဟာ ခြေစွမ်းထက်နေတဲ့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ အနိုင်ရပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းအတွက် ရင်ဆိုင်ရ ခက်ခဲ မာကျောတဲ့ "𝑩" (၃) "𝑩" နဲ့ ရင်ဆိုင်ရာမှာ (၃)သင်းလုံးကို ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်တာ ဖြစ်ပါတယ်.....။ 📌 ဘုန်းမောက် (၀-၁) လီပါပူးလ် 📌 ဘရန့်ဖို့ (၁-၂) လီပါပူးလ် 📌 လီပါပူးလ် (၂-၀) ဘရိုက်တန် 🔴📌 နည်းပြသစ်ကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 ရဲ့ ယခုရာသီ လီပါပူးလ်အသင်း စွမ်းဆောင်ရည်ကို ဘယ်လို မြင်မိကြလဲဗျ ✍️ #YNWA #TRS #LiverpoolFC #AndoniIraola

🏆 𝑾𝒉𝒐 𝑺𝒂𝒚 𝑵𝒐 ❓🤭 #YNWA #TRS #LiverpoolFC #RonaldAraujo
🏆 𝑾𝒉𝒐 𝑺𝒂𝒚 𝑵𝒐 ❓🤭 #YNWA #TRS #LiverpoolFC #RonaldAraujo

🔴🏆 𝑨𝑳𝑬𝑿𝑨𝑵𝑫𝑬𝑹 𝑰𝑺𝑨𝑲 💫✍️ 🏆 လီပါပူးလ်အသင်းရဲ့ တိုက်စစ်မှူး 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 ဟာ ယခုရာသီမှာ လီပါပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ပွဲ ဝင်ရောက် ကစားထားပြီး သွင်းဂိုး (၆)ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်.....။ 📌 နော်တင်ဟမ်ဖောရက် ⚽️ 📌 အစ်ဆွတ်တောင်း ⚽️⚽️ 📌 ဖူဟမ် - 📌 ဘုန်းမောက် ⚽️ 📌 ဘရန့်ဖို့ ⚽️ 📌 ဘရိုက်တန် ⚽️ 🔴📌 ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် ယခုရာသီမှာတော့ 𝑰𝒔𝒂𝒌 ရဲ့ အကောင်းဆုံး ပုံစံနဲ့ ဂိုးသွင်းနှုန်းတွေကို ပြန်လည် မြင်တွေ့နေရပြီလို့ ဆိုရမှာ ဖြစ်ပါတယ် 🥰✍️✍️✍️ #YNWA #TRS #LiverpoolFC #AlexanderIsak

photo content

🔴🏆 လီပါပူးလ် (၂-၀) ဘရိုက်တန် ပွဲစဥ်က နောက်ခံလူ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 ရဲ့ စွမ်းဆောင်ရည် 💫✍️ - 59 touches - 15/27 succes
🔴🏆 လီပါပူးလ် (၂-၀) ဘရိုက်တန် ပွဲစဥ်က နောက်ခံလူ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 ရဲ့ စွမ်းဆောင်ရည် 💫✍️ - 59 touches - 15/27 successful passes - 10 passes into final third - 9 line-breaking passes - 8 clearances - 6x possessions won - 5/11 accurate long balls - 5/5 duels won - 3 tackles - 1/1 successful take-ons - 1/1 shots on target 🔴📌 ဒီဘဲကြီးကို အခုချက်ချင်းကို အပြီးသတ် စာချုပ် ချုပ်လိုက်ပါတော့ 𝑭𝑺𝑮 ရေ ✍️💪💪💪 #YNWA #TRS #LiverpoolFC #RonaldAraujo #Brighton #EPL

🔴🏆 အန်ဖီးကောင်းကင်ယံမှာ စင်ယော်တွေအတွက် အမြင့်ပျံသန်းဖို့ နေရာမရှိ 🤭 📌 လီပါပူးလ်အသင်းဟာ 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌, 𝑮𝒓
🔴🏆 အန်ဖီးကောင်းကင်ယံမှာ စင်ယော်တွေအတွက် အမြင့်ပျံသန်းဖို့ နေရာမရှိ 🤭 📌 လီပါပူးလ်အသင်းဟာ 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌, 𝑮𝒓𝒐𝒃 (𝑶𝑮) သွင်းဂိုးတွေနဲ့အတူ အရမ်းကောင်းနေတဲ့ ဘရိုက်တန်ကို (၂-၀) နဲ့ အနိုင်ရရှိခဲ့ပြီး နည်းပြကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 အနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံး အန်ဖီးကွင်း နိုင်ပွဲကို ရယူနိုင်ခဲ့ပါပြီ.....။ #YNWA #TRS #LiverpoolFC #Anfield

🔴🏆 လီပါပူးလ် (၂-၀) ဘရိုက်တန် (ပွဲပြီး) 🏆 ဘရိုက်တန်ကို အနိုင်ကန်နည်း သင်ပေးရမလား 🤭 ပုံ/ အန်ဒိုနီ အီရာအိုလာ (လီပါပူးလ်နည်းပြ) #YNWA #TRS #LiverpoolFC #BrightonFC #EPL

photo content

photo content
+1

🔴🏆 𝑶𝑭𝑭𝑰𝑪𝑰𝑨𝑳 𝑨𝑵𝑵𝑶𝑼𝑵𝑪𝑬𝑴𝑬𝑵𝑻 ✍️ 🏆 လေပြင်းများ တိုက်ခတ်နေဝေါ်လည်း ပွဲစဥ်များ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း လီပါပူးလ်အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက် ✍️ 📌 မုန်တိုင်းဒဏ်ကြောင့် လေပြင်းတိုက်ခတ်မှုများရှိနေသော်လည်း အန်ဖီးလ်ကွင်း နှင့် စိန့်ဟယ်လင်စ် ကွင်းတို့တွင် ယနေ့ ကျင်းပရန်ရှိသည့် ပွဲစဉ်များအားလုံး ပုံမှန်အတိုင်း ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း လီပါပူးလ်အသင်းက တရားဝင် အတည်ပြု ကြေညာလိုက်ပါတယ်.....။ 📌 ရာသီဥတု အလွန်ဆိုးရွားပြီး လေပြင်းတိုက်ခတ်နေသည့်အတွက် ကွင်းများဆီသို့ သွားရောက်ကြမည့် ပရိသတ်များအနေဖြင့် ခရီးသွားလာရာတွင် အထူးဂရုစိုက်ကြရန်၊ ခရီးစဉ်ကို ကြိုတင် စီစဉ်ကြရန်နှင့် အချိန်ပိုပေး၍ ထွက်ခွာကြရန် တိုက်တွန်းထားပါတယ်.....။ 📌 ပရိသတ်များ ဘေးကင်းလုံခြုံရေးအတွက် ကွင်းဝန်ထမ်းများနှင့် လုံခြုံရေးများက ကွင်းနှစ်ကွင်းစလုံးတွင် အသင့်ရှိနေမည်ဖြစ်ရာ ရောက်ရှိလာသည့်အခါ ၎င်းတို့၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်.....။ 🔴📌 လီပါပူးလ် နဲ့ ဘရိုက်တန်ပွဲက ကစားဖြစ်ပြီဆိုတော့ အားပေးကြဖို့ အဆင်သင့်ပဲလားဗျ 💪💪💪 #YNWA #TRS #LiverpoolFC #BrightonFC #Anfield #EPL #MatchDay

photo content

🔴🏆 ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဥ်အတွက် လီပါပူးလ်အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက် အခင်းအကျင်း ✍️✍️✍️ 🏆 လီပါပူးလ်အသင်းဟာ ယနေ့ (တနင်္ဂနွေနေ့)ည မြန်မာစံတော်ချိန် (၈:၃၀)နာရီမှာတော့ ဒီနှစ်ရာသီမှာ ခြေစွမ်းထက်နေတဲ့ ဘရိုက်တန်အသင်းကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ကစားသွားရမှာ ဖြစ်ပါတယ်.....။ 🔴 ယနေ့ည ပွဲစဥ်အတွက် လီပါပူးလ်အသင်းရဲ့ လူစာရင်းမှာ ဒဏ်ရာရနေကြတဲ့ တိုက်စစ်မှူး 𝑬𝒌𝒊𝒕𝒊𝒌𝒆, ကွင်းလယ်လူ 𝑺𝒛𝒐𝒃𝒐𝒔𝒛𝒍𝒂𝒊, နောက်ခံလူ 𝑭𝒓𝒊𝒎𝒑𝒐𝒏𝒈, 𝑳𝒆𝒐𝒏𝒊, 𝑩𝒓𝒂𝒅𝒍𝒆𝒚 တို့ ပါဝင်ကစားနိုင်မှာ မဟုတ်သလို 𝑽𝒊𝒄𝒕𝒐𝒓 𝑴𝒖𝒏𝒐𝒛 ကလဲ စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်.....။ 🔴 ဖြစ်လာနိုင်ဖွယ် ပွဲထွက်အခင်းအကျင်းအဖြစ် ✍️ 📌 𝑨𝒍𝒊𝒔𝒔𝒐𝒏 𝑩𝒆𝒄𝒌𝒆𝒓 📌 𝑲𝒆𝒓𝒌𝒆𝒛, 𝑽𝒂𝒏 𝑫𝒊𝒋𝒌, 𝑱𝒂𝒄𝒒𝒖𝒆𝒕, 𝑨𝒓𝒂𝒖𝒋𝒐 📌 𝑴𝒂𝒄 𝑨𝒍𝒍𝒊𝒔𝒕𝒆𝒓, 𝑮𝒓𝒂𝒗𝒆𝒏𝒃𝒆𝒓𝒄𝒉, 𝑾𝒊𝒓𝒕𝒛 📌 𝑩𝒂𝒓𝒄𝒐𝒍𝒂, 𝑹𝒊𝒐 𝑵𝒈𝒖𝒎𝒐𝒉𝒂, 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 🔴📌 ညီကိုတို့ရော...ဘယ်ကစားသမားတွေ ပွဲထွက်လာမယ် ထင်ကြလဲဗျ ✍️✍️✍️ #YNWA #TRS #LiverpoolFC #BrightonFC #EPL #MatchDay

photo content

🔴🏆 ကွင်းလယ်လူ 𝑴𝒂𝒄 𝑨𝒍𝒍𝒊𝒔𝒕𝒆𝒓 ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ပြောလာခဲ့တဲ့ နည်းပြ 𝑰𝒓𝒂𝒐𝒍𝒂 ✍️✍️✍️ 🏆 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣 ကျတော့်အတွက်တော့ (ပြီးခဲ့တဲ့ရာသီက 𝑴𝒂𝒄𝒄𝒂 ရဲ့ ခြေစွမ်း ဘာတွေဖြစ်ခဲ့လဲဆိုတာ) ပြောဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကျတော် လီပါပူးလ်အသင်းမှာ ရှိမနေခဲ့လို့ပါ။ ဒါကြောင့် ကျတော်တို့ ခန်းမှန်းချက်တွေကိုပဲ ပြောနေကြတာ ဖြစ်ပါလိမ့်မယ်။ အဖြေမှန်ကိုတော့ 𝑴𝒂𝒄𝒄𝒂 ကိုယ်တိုင်ပဲ ကျတော့်ထက် ပိုပြီး သိပါလိမ့်မယ်.....။ 𝑴𝒂𝒄𝒄𝒂 နဲ့ ပတ်သက်ပြီး ကျတော် ပြောနိုင်တာကတော့ ကျတော် အရမ်းကို ဝမ်းသာမိပါတယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ကျတော် လီပါပူးလ်အသင်းကို စရောက်ခဲ့တဲ့ ပထမဆုံးနေ့ကတည်းက သူ့ရဲ့ စွမ်းဆောင်ရည်တွေက အရမ်းကို ကောင်းမွန်နေခဲ့လို့ပါပဲ.....။ ကျတော် လီပါပူးလ်အသင်းကို စတင်ရောက်လာတဲ့ အချိန်မှာ သူက နိုင်ငံအသင်း တာဝန်တွေကနေ နောက်ဆုံးမှ လီပါပူးလ်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပေမဲ့ ရောက်ရောက်ချင်းမှာပဲ လိုအပ်တဲ့ အချက်အလက်တွေ၊ ညွှန်ကြားချက်တွေ အားလုံးကို ချက်ချင်း လက်ခံနားလည်နိုင်ခဲ့ပါတယ်။ 𝑴𝒂𝒄𝒄𝒂 က အရမ်း ဉာဏ်ကောင်းပြီး သဘောပေါက်လွယ်ပါတယ်။ သူ့ကို အကြောင်းအရာတစ်ခုတည်းကို (၇) ကြိမ်မက ထပ်ခါထပ်ခါ ပြောနေစရာကို မလိုတဲ့ ကစားသမားကောင်း တစ်ဦးပါ.....။ (𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣 𝑷𝒂𝒖𝒍 𝑮𝒐𝒓𝒔𝒕) #YNWA #TRS #LiverpoolFC #AndoniIraola #AlexisMacAllister

photo content

🔴🏆 တိုက်စစ်ကစားသမား 𝑭𝒆𝒅𝒆𝒓𝒊𝒄𝒐 𝑪𝒉𝒊𝒆𝒔𝒂 ကို လာမယ့် ဇန်နဝါရီစျေးကွက်မှာပဲ လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လီပါပူးလ် ✍️✍️✍️ 🏆 အသက် (၂၈)နှစ်အရွယ် တိုက်စစ်ကစားသမား 𝑭𝒆𝒅𝒆𝒓𝒊𝒄𝒐 𝑪𝒉𝒊𝒆𝒔𝒂 အနေနဲ့ လီပါပူးလ်အသင်းမှာ နေရာပြန်ရဖို့ အကောင်းဆုံး ကြိုးစားနိုင်မယ်လို့ ယုံကြည်ပြီး အန်ဖီးကနေ ထွက်ခွာဖို့ ကမ်းလှမ်းချက်တွေကို အမြဲ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်.....။ 🔴 ဒါပေမဲ့ လက်ရှိမှာတော့ လီပါပူးလ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ တိုက်စစ်ကစားသမား 𝑭𝒆𝒅𝒆𝒓𝒊𝒄𝒐 𝑪𝒉𝒊𝒆𝒔𝒂 ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်.....။ 🔴 လီပါပူးလ်အသင်းအနေနဲ့ 𝑭𝒆𝒅𝒆𝒓𝒊𝒄𝒐 𝑪𝒉𝒊𝒆𝒔𝒂 ကို စာချုပ်သစ် ကမ်းလှမ်းဖို့ (ဒါမှမဟုတ်) ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အစီအစဉ် လုံးဝ မရှိတော့ကြောင်း သိရပါတယ်.....။ (✍️𝑪𝒂𝒍𝒄𝒊𝒐𝒎𝒆𝒓𝒄𝒂𝒕𝒐.𝒊𝒕) #YNWA #TRS #LiverpoolFC #FedericoChiesa #TransferNews

photo content

🔴🏆 ယနေ့ည ကစားရမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲစဥ်အပေါ် နည်းပြကြီး 𝑰𝒓𝒂𝒐𝒍𝒂 ရဲ့ ပြောစကား ✍️✍️✍️ 🏆 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣 ကျတော်ကတော့ အိမ်ကွင်းပဲဖြစ်ဖြစ်၊ အဝေးကွင်းပဲဖြစ်ဖြစ် ကစားရတဲ့ ပွဲတိုင်းကို နိုင်ချင်တာပါပဲ။ ဘယ်နေရာမှာပဲ ကစားနေရပါစေ ပွဲတိုင်းကို ရမှတ်တွေ အပြည့်အဝ ရယူနိုင်ဖို့ပါပဲ။ အခုကစားခဲ့တဲ့ ပွဲတွေက အဆင့်အတန်း မြင့်မားတဲ့ပွဲတွေ ဖြစ်ခဲ့ပြီး အက်သလက်တီကို၊ စပါးနဲ့ ဗီလာရီးရဲယ်တို့နဲ့ ပွဲတွေမှာ ကျတော်တို့ အိမ်ကွင်းမှာပဲ အနိုင်ရခဲ့သလို ခြေစွမ်းလည်း ကောင်းမွန်ခဲ့တာပဲလေဗျာ.....။ ဘရိုက်တန်အသင်းက တကယ်ကို အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်နေပြီး ရထိုက်တဲ့ ချီးကျူးမှုတွေ အားလုံးနဲ့ ထိုက်တန်ပါတယ်။ နည်းပြကောင်းကောင်းတစ်ဦးကို ခန့်ထားပြီး အပိုင်းတိုင်းမှာ တော်တော်လေး ကောင်းမွန်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အရည်အသွေးကောင်းမွန်တဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါပဲ။ အဲဒါကြောင့် ကျတော်တို့အနေနဲ့လဲ အကောင်းဆုံး ပုံစံနဲ့ ရှိနေမှ ဖြစ်ပါမယ်။ ကျတော့်ရဲ့ လီပါပူးလ်အသင်း အနေအထားကလည်း ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ မြင်ပါတယ်.....။ ဒီပွဲက ဗီလာရီးရဲယ်နဲ့ ကစားခဲ့တဲ့ ပွဲနဲ့ အရမ်းတော့ မကွာခြားလောက်ပါဘူး။ သူတို့က ကစားကွက်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး နည်းစနစ်ပိုင်းလည်း ကောင်းမွန်ပါတယ်။ ဒါကြောင့် ဗီလာရီးရဲယ်နဲ့ပွဲလို ပုံစံမျိုးကိုပဲ မြင်ရလိမ့်မယ် ထင်ပါတယ်။ ဘာမှ ထူးထူးခြားခြား မဖြစ်တဲ့ (၀-၀) သရေ ပွဲမျိုးတော့ ဖြစ်လာမယ် မထင်ပါဘူး။ (၂) သင်းလုံးက ပွဲကို အကောင်းဆုံး ထိန်းချုပ်ဖို့ ကြိုးစားကြမှာပါ.....။ (𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 - လီပါပူးလ် နည်းပြချုပ်) #YNWA #TRS #LiverpoolFC #BrightonFC #EPL #MatchDay #AndoniIraola

photo content