es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

The REDS Show

The REDS Show

Ir al canal en Telegram

You'll Never Walk Alone

Mostrar más
7 886
Suscriptores
+2724 horas
-237 días
-23330 días
Archivo de publicaciones
🔴🏆 ယခုနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမား ဖြစ်လာတဲ့ လီပါပူးလ် နောက်ခံလူ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 ✍️✍️✍️ 🏆 လီပါပူးလ်အသင်းရဲ့ နောက်ခံလူ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 ဟာ မနေ့က ကစားခဲ့တဲ့ လီပါပူးလ် (၂-၀) ဘရိုက်တန် ပွဲစဥ်မှာ အမြင့်ဆုံး အမြန်နှုန်း (၁)နာရီ (၃၆.၃) ကီလိုမီတာ (36.3 𝑲𝑴/𝑯) အထိ ပြေးလွှားခဲ့ပြီး ယခင် အသင်းဖော် လီပါပူးလ် ကစားသမား 𝑩𝒓𝒂𝒅𝒍𝒆𝒚 𝑩𝒂𝒓𝒄𝒐𝒍𝒂 ရဲ့ (36.2 𝑲𝑴/𝑯) နှုန်းကို ကျော်ဖြတ်ကာ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ကစားသမားတွေ အားလုံးမှာ မြန်နှုန်းအမြင့်ဆုံး ပြေးလွှားတဲ့ ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်.....။ 🏆 လီပါပူးလ်အသင်းရဲ့ မြန်နှုန်းအမြင့်ဆုံး ကစားသမားများ ✍️ 📌 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 - 36.3 𝑲𝑴/𝑯 📌 𝑩𝒓𝒂𝒅𝒍𝒆𝒚 𝑩𝒂𝒓𝒄𝒐𝒍𝒂 - 36.2 𝑲𝑴/𝑯 📌 𝑽𝒊𝒄𝒕𝒐𝒓 𝑴𝒖𝒏𝒐𝒛 - 34.9 𝑲𝑴/𝑯 #YNWA #TRS #LiverpoolFC #RonaldAraujo #PremierLeague #EPL

photo content

🔴🏆 ဘရိုက်တန်ကို အနိုင်ရရှိခဲ့တဲ့အတွက် အရမ်းပျော်ရွှင်မိကြောင်းနဲ့ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို ပြောလာခဲ့တဲ့ 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 ✍️✍️✍️ 🏆 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 🗣 ဒီနေ့ပွဲမှာ ကျတော်တို့ မှန်ကန်တဲ့ စိတ်ဓာတ်ပိုင်းကို ပြသနိုင်ခဲ့ပါတယ်။ ပထမပိုင်း (သို့မဟုတ်) ပထမမိနစ် (၃၀) အတွင်းမှာ ကျတော်တို့ သူတို့ကို အသာစီး ရယူနိုင်ခဲ့ပြီး တစ်ဦးချင်း ယှဉ်ပြိုင်မှုတွေမှာ တကယ်ကို ကောင်းမွန်ခဲ့သလို ဂိုးရဖို့ အခွင့်အရေး အများကြီးလည်း ဖန်တီးနိုင်ခဲ့ပါတယ်.....။ အခုလို အိမ်ကွင်း ပရိတ်သတ်တွေရဲ့ ရှေ့မှာ နိုင်ပွဲရတာက တကယ်ကို ပျော်စရာကောင်းပါတယ်။ ပြီးခဲ့တဲ့ လထဲမှာ အရာအတော်များများ မကောင်းခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အရာရာ အဆင်ပြေ လှပနေတဲ့အတွက် ပိုပြီးတောင် ဝမ်းသာမိပါတယ်။ ကျတော်တို့ အားလုံး လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ ဒီလို ပုံစံအတိုင်း ဆက်လက် ထိန်းသိမ်းသွားရပါမယ်.....။ ကျတော့်ရဲ့ ခြေကျင်းဝတ်က အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ လက်ရှိ ခံစားနေရတဲ့ အခြေအနေက သိပ်မဆိုးပါဘူး။ အသေးစိတ်တော့ မသိရသေးဘဲ ဆေးစစ်မှုတွေ ပြုလုပ်ရဦးမှာပါ။ ဒါပေမဲ့ အကြာကြီး အနားယူရမှာတော့ မဟုတ်ပါဘူး.....။ (𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 - လီပါပူးလ် ကွင်းလယ် ကစားသမား) #YNWA #TRS #LiverpoolFC #FlorianWirtz #BrightonFC #Anfield #EPL

photo content

🔴🏆 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 ကို ချီးကျူးခဲ့ပြီး (၄)ပွဲဆက် နိုင်ပွဲရခဲ့တဲ့အပေါ် ပျော်ရွှင်မိကြောင်း ပြောလာတဲ့ နည်းပြကြီး 𝑰𝒓𝒂𝒐𝒍𝒂 ✍️✍️✍️ 🏆 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 က အရမ်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်တာကြောင့် ကျတော်တို့သာ သူ့ကို မှန်ကန်တဲ့ နေရာတွေဆီ ပို့ပေးနိုင်မယ်၊ ဖြတ်တင်ဘော ကောင်းကောင်းတွေနဲ့ အခွင့်အရေး ကောင်းကောင်းတွေ ဖန်တီးပေးနိုင်မယ်ဆိုရင် ဂိုးတွေကို အများကြီး သွင်းယူပေးသွားမယ့်သူပါ.....။ ဒီပွဲမှာဆိုရင် 𝑩𝒓𝒂𝒅𝒍𝒆𝒚 𝑩𝒂𝒓𝒄𝒐𝒍𝒂 က ယှဉ်ပြိုင်မှုမှာ အနိုင်ရခဲ့ပြီး တစ်ယောက်ချင်း အနေအထားကို တိုးဝင်နိုင်ခဲ့တယ်။ ပြိုင်ဘက်ထက် မြန်ဆန်ခဲ့ပြီး မှန်ကန်တဲ့ နေရာဆီကို အကွက်ကျကျ ဖန်တီး ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 က ဂိုးသွင်းယူခဲ့တာပါ.....။ ဒီနေ့ နိုင်ပွဲအတွက် တကယ်ကို ဝမ်းသာမိပါတယ်။ (၄) ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့အတွက် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ ဟိုတစ်နေ့က ဗီလာရီးရဲယ်နဲ့ ပွဲလိုပဲ ဒီနေ့မှာလည်း နည်းစနစ်ပိုင်း အရမ်းကောင်းမွန်တဲ့ ထိပ်တန်း ပြိုင်ဘက်တစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သူတို့ကို ခံစစ်ကစားဖို့ဆိုတာ အကြိမ်ကြိမ် ခက်ခဲလေ့ရှိပြီး ဒီနေ့မှာတော့ ကျတော်တို့ ပွဲစတင်ခဲ့တဲ့ ပုံစံက အဓိက သော့ချက် ဖြစ်ခဲ့ပါတယ်.....။ ကျတော်တို့ဘက်က ပွဲစတာနဲ့ အားစိုက်ထုတ်မှု ပြင်းပြင်းထန်ထန် ပြုလုပ်ဖို့၊ တိုက်စစ်စတင်ပုံတွေ အားကောင်းဖို့၊ ဘောလုံးတွေ ပြန်လည်လုယူဖို့၊ တစ်ဦးချင်း ယှဉ်ပြိုင်မှုတွေကို အနိုင်ရယူဖို့နဲ့ တုံ့ပြန်တိုက်စစ်တွေမှာ အန္တရာယ် ပေးနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ကျတော်တို့ အဲဒါကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ မကြာသေးမီက ပထမဂိုး အရင်ပေးလိုက်ရပြီးမှ ပြန်လာခဲ့ရတဲ့ ပွဲတွေနဲ့မတူဘဲ ကွဲပြားတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ ပိုမိုကောင်းမွန်စွာ စတင်နိုင်ခဲ့တာကြောင့် ပွဲကစားပုံလည်း အပြောင်းအလဲ ဖြစ်သွားခဲ့တာပါ.....။ (𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 - လီပါပူးလ် နည်းပြချုပ်) #YNWA #TRS #LiverpoolFC #AndoniIraola #AlexanderIsak #BradleyBarcola #BrightonFC

photo content

🔴🏆 ဘရိုက်တန်အသင်းကို အနိုင်ရရှိပြီးနောက် တိုက်စစ်ကစားသမား 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 ရဲ့ ပြောစကားများ ✍️✍️✍️ 🏆 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 🗣 ဒီနေ့မှာ ကျတော်တို့အသင်းအတွက် ထိပ်တန်း အသင်းတစ်သင်းကို အနိုင်ရရှိခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ နိုင်ပွဲတစ်ခုပါပဲ။ ကျတော်တို့အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး အိမ်ကွင်းနိုင်ပွဲ ရယူနိုင်ခဲ့တာ အရေးပါလှပြီး အဲဒီလို လုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း တကယ်ကို ဝမ်းသာမိပါတယ်.....။ ဒီနေ့ နိုင်ပွဲဟာ အသင်းတစ်သင်းလုံးရဲ့ စည်းလုံးမှုကြောင့် ရရှိလာတဲ့ နိုင်ပွဲပါ။ ခံစစ်ပိုင်းမှာ ကျတော်တို့ အများကြီး သတ္တိရှိမှုတွေကို ပြသနိုင်ခဲ့ပါတယ်။ တစ်ခါတလေကျရင် စွန့်စားမှုတွေယူပြီး နောက်တန်းမှာ တစ်ယောက်ချင်း ရင်ဆိုင် ကာကွယ်ခဲ့ကြရတာတွေ ရှိပါတယ်.....။ အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကလည်း အဲဒီလို နေရာတွေမှာ တာဝန်ယူနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်မှု ပေးထားပါတယ်။ ရှေ့တန်းပိုင်းမှာလည်း တစ်ခုခု ဖန်တီးဖို့ လိုအပ်တယ်လို့ ခံစားရရင် အမြဲတမ်းတော့ အဆင်မပြေနိုင်ပေမဲ့ သွားရောက် ကြိုးစားပြီး အကောင်းဆုံး အသုံးချရမှာပါပဲ.....။ ဒီနေ့နိုင်ပွဲက ကျတော်တို့အသင်းအတွက် တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ။ အကောင်းဆုံးအချက်ကတော့ ကျတော်တို့ ပိုမို တိုးတက်လာနေတယ်လို့ ခံစားရတာပါပဲ။ ဘယ်အဆင့်ထိ ရောက်မလဲဆိုတာ မသိနိုင်သေးပေမဲ့ စောင့်ကြည့်ရမှာပါ။ ပွဲတိုင်းမှာ အရာရာ ပိုမို ကောင်းမွန်လာတယ်လို့ ခံစားရပါတယ်။ အချို့ပွဲစဉ်တွေမှာ အမြဲတမ်း အဲဒီလို မဖြစ်နိုင်ရင်တောင်မှပေါ့.....။ ကျတော်တို့ အားလုံး ဒီလို ခံစားချက်နဲ့ စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားပြီး 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 လိုမျိုး ရာနှုန်းပြည့် အစွမ်းကုန် စိတ်ဓာတ်နဲ့ သွားနိုင်မယ်ဆိုရင်တော့ အခြေအနေက အများကြီး ကောင်းမွန်လာမယ်ဆိုတာ အသေအချာပါပဲ.....။ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 က တကယ်ကို စိတ်သဘောထား ကောင်းမွန်တဲ့သူ တစ်ယောက်ဖြစ်သလို အရမ်းလည်း ရယ်စရာကောင်းသလို သူတစ်ပါးကိုလည်း ဂရုစိုက်တတ်ပါတယ်။ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်လာရင်တော့ အရမ်း စည်းကမ်းကြီးပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်လေ့ ရှိပါတယ်။ ကွင်းထဲ ခြေချလိုက်ပြီဆိုတာနဲ့ သူက စိတ်ဓာတ်ကို ချက်ချင်း ပြောင်းလဲလိုက်ပြီး သူ ရနိုင်မယ်လို့ ထင်တဲ့ ဘောလုံး လုယူမှုတိုင်းဆီကို အရှိန်အဟုန် အပြည့်အဝနဲ့ တိုးဝင်လေ့ ရှိပါတယ်။ ဒီလိုမျိုး အစွမ်းထက်ပြီး ခိုင်မာတဲ့ နောက်တန်း လေးယောက်ရှိနေဖို့ဆိုတာက အသင်းအတွက် အရမ်း အရေးကြီးပြီး သူကလည်း အံ့ဩစရာကောင်းလောက်အောင် ခြေစွမ်းပြသနေတာပါ.....။ အခုလို အိမ်ကွင်းမှာ ကစားရတာက အမြဲတမ်း အထောက်အကူ အများကြီး ဖြစ်စေပါတယ်။ ဒီနေ့လိုမျိုး ခွန်အားတွေ အပြည့်အဝ စိုက်ထုတ်လိုက်တဲ့အခါ ပရိသတ်တွေဆီက ပံ့ပိုးမှု အမြောက်အမြား ပြန်ရပါတယ်။ သူတို့က ကျတော်တို့ရဲ့ နောက်မှာ အမြဲရှိနေပေးကြတာပါ။ ဒါပေမဲ့ ကျတော်တို့ ပိုကောင်းအောင် ကစားနိုင်လေလေ သူတို့ရဲ့ အားပေးသံတွေက ပိုမို အံ့ဩစရာ ကောင်းလာလေလေပါပဲ။ လီပါပူးလ် ပရိတ်သတ်တွေရဲ့ အားပေးမှုက တကယ်ကို အံ့ဩစရာ ကောင်းလှပါတယ်.....။ (𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 - လီပါပူးလ် တိုက်စစ်ကစားသမား) #YNWA #TRS #LiverpoolFC #Anfield #CodyGakpo #RonaldAraujo

photo content

🔴🏆 ဘရိုက်တန်ကို အနိုင်ရရှိအပြီး တိုက်စစ်မှူး 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 ရဲ့ ပြောစကားများ ✍️✍️✍️ 🏆 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 🗣 ဒီနေ့မှာ အထူးသဖြင့် ကောင်းမွန်တဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရာမှာ ကျတော်တို့ အသင်းရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပြသခဲ့တာတွေက ကျတော်တို့ ဖြစ်ချင်တဲ့ ပုံစံပါပဲ။ ဘောလုံးကို လုယူနိုင်ခဲ့တာတွေနဲ့ အားစိုက်ထုတ်မှု ပုံစံတွေပါပဲ.....။ ဒီလိုမျိုး နိုင်ပွဲတွေကို အကြာကြီး ဆက်လက် ထိန်းထားဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။ ခြေစွမ်းပြနေတဲ့ အသင်းတစ်သင်းကို ဂိုးမပေးရဘဲ အနိုင်ရခဲ့တာ ဘာနဲ့မှ မလဲနိုင်တဲ့ ရလဒ်ကောင်းပါပဲ။ တကယ်ကို ဝမ်းသာပီတိ ဖြစ်ရပါတယ်.....။ ပထမပိုင်းမှာ ဘောလုံးလုယူပြီး ပြန်လည် တိုက်စစ်ဆင် ခဲ့တာတွေကနေ အခွင့်အရေးများစွာ ရခဲ့ပါတယ်။ ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်တာပါ။ ကျတော့်ရဲ့ သွင်းဂိုးမှာတော့ 𝑩𝒂𝒓𝒄𝒐𝒍𝒂 က တကယ်ကို အကောင်းဆုံး ဆောင်ရွက်ပေးခဲ့ပြီး ကျတော့်အတွက်တော့ အဆုံးသတ်ဖို့ မှန်ကန်တဲ့ နေရာမှာ အသင့်ရှိနေပေးဖို့ပဲ လိုခဲ့တာပါ.....။ (𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 - လီပါပူးလ် တိုက်စစ်မှူး) #YNWA #TRS #LiverpoolFC #AlexanderIsak #BradleyBarcola #BrightonFC #EPL

photo content

🔴🏆 ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့အပေါ် လီပါပူးလ် နည်းပြ 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 ရဲ့ ပြောစကား ✍️✍️✍️ 🏆 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣 ကျတော်တို့အတွက် ဒီနေ့မှာ နိုင်ပွဲရဖို့က တကယ်ကို လိုအပ်နေတာပါ။ ဒီနေ့မှာတော့ ကျတော်တို့ အိမ်ကွင်းပရိသတ်တွေရဲ့ ကူညီပံ့ပိုးမှုက အဓိက သော့ချက်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ပွဲစတာနဲ့ တိုက်စစ်ကို ပြင်းပြင်းထန်ထန်နဲ့ အားစိုက်ပြီး စတင်နိုင်ခဲ့ဖို့၊ ပထမဂိုးကို အစောပိုင်း ရယူနိုင်ဖို့နဲ့ သူတို့ကို ဖိအားအောက် ရောက်သွားအောင် လုပ်နိုင်ဖို့က အဓိကကျခဲ့ပါတယ်.....။ ဘာလို့လဲဆိုတော့ ဘရိုက်တန်က အတော်လေး ယုံကြည်မှုအပြည့်၊ အံ့သြစရာ ကိန်းဂဏန်း မှတ်တမ်းကောင်းတွေနဲ့ လာရောက်ယှဉ်ပြိုင်တဲ့ အသင်းဖြစ်တာကြောင့် ပွဲစတာနဲ့ ဒီပွဲက သူတို့အတွက် ခက်ခဲလိမ့်မယ်ဆိုတာကို ချက်ချင်း သိရှိခံစားသွားရအောင် ကျတော်တို့ လုပ်ဆောင်ချင်ခဲ့တာပါ.....။ ကျတော်တို့ မကြာသေးခင်က ကစားခဲ့တဲ့ ပွဲတွေမှာ ပထမဂိုးတွေကို အရင် ခွင့်ပြုပေးလိုက်ရလေ့ ရှိပါတယ်။ အဲဒီနောက်မှ ပြန်လာနိုင်ခဲ့တာ ပုံစံကောင်း ဖြစ်ခဲ့ပေမဲ့ ဒါက အများကြီး ပိုပြီး ခက်ခဲစေပါတယ်။ ဒါကြောင့် အထူးသဖြင့် ဘရိုက်တန်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့သာ ဦးဆောင်ဂိုး အရင်ရသွားခဲ့ရင် ပိုပြီးတော့တောင် အန္တရာယ်များလာနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာ ကျတော်တို့ စတင်ပြီး ဂိုးသွင်းယူနိုင်ခြင်းက ပွဲအပြီးမှာ တိုင်ပွဲရဖို့ အရေးပါခဲ့တာပါ.....။ (𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 - လီပါပူးလ် နည်းပြချုပ်) #YNWA #TRS #LiverpoolFC #AndoniIraola #BrightonFC #EPL

photo content

🔴🏆 𝑪𝒐𝒏𝒈𝒓𝒂𝒕𝒖𝒍𝒂𝒕𝒊𝒐𝒏𝒔 𝑹𝑶𝑵𝑨𝑳𝑫 𝑨𝑹𝑨𝑼𝑱𝑶 💫✍️ 🏆 လီပါပူးလ် (၂-၀) ဘရိုက်တန် ပွဲစဥ်အတွက် လီပါပူးလ်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆု (𝑪𝒂𝒓𝒍𝒔𝒃𝒆𝒓𝒈 𝑷𝒍𝒂𝒚𝒆𝒓 𝑶𝒇 𝑻𝒉𝒆 𝑴𝒂𝒕𝒄𝒉) ကို နောက်ခံလူ 𝑹𝒐𝒏𝒂𝒍𝒅 𝑨𝒓𝒂𝒖𝒋𝒐 က ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိသွားတာ ဖြစ်ပါတယ်.....။ 59 touches 15/27 successful passes 10 passes into final third 9 line-breaking passes 8 clearances 6x possessions won 5/11 accurate long balls 5/5 duels won 3 tackles 1/1 successful take-ons 1/1 shots on target #YNWA #TRS #LiverpoolFC #RonaldAraujo #POTM

photo content

🔴🏆 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 & 𝑩𝒓𝒂𝒅𝒍𝒆𝒚 𝑩𝒂𝒓𝒄𝒐𝒍𝒂 🤙🥰📸 🏆 ဘရိုက်တန်နဲ့ ပွဲစဥ်က ဒုတိယ အနိုင်သွင်းဂိုးအတွက် ဂိ
🔴🏆 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 & 𝑩𝒓𝒂𝒅𝒍𝒆𝒚 𝑩𝒂𝒓𝒄𝒐𝒍𝒂 🤙🥰📸 🏆 ဘရိုက်တန်နဲ့ ပွဲစဥ်က ဒုတိယ အနိုင်သွင်းဂိုးအတွက် ဂိုးသွင်းရှင် 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 နဲ့ ဖန်တီးရှင် 𝑩𝒂𝒓𝒄𝒐𝒍𝒂 တို့ရဲ့ အောင်ပွဲခံမှု ပုံစံ 🤙🤙 #YNWA #TRS #LiverpoolFC #BradleyBarcola #AlexanderIsak

🔴🏆 𝑰𝑵𝑱𝑼𝑹𝒀 𝑼𝑷𝑫𝑨𝑻𝑬 - 𝑭𝑳𝑶𝑹𝑰𝑨𝑵 𝑾𝑰𝑹𝑻𝒁 ✍️ 🏆 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣 စိတ်မကောင်းစွာနဲ့ပဲ 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 က ခြေကျင်းဝတ် အနည်းငယ် ခေါက်သွားတာကြောင့် ကွင်းအတွင်းကနေ ထွက်ခွာခဲ့ရပါတယ်။ ဒဏ်ရာက အလွန်အမင်း ကြီးမားပုံတော့ မရပါဘူး၊ ဒါပေမဲ့ ကျတော်တို့က (၃) ရက်ကို (၁)ပွဲနှုန်းနဲ့ ဆက်တိုက် ကစားနေရတာ ဖြစ်တာကြောင့် သူ့ရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ စောင့်ကြည့် ဆန်းစစ်သွားရပါမယ်။ 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 နဲ့ ပတ်သက်ရင်သူ့ရဲ့ သွင်းဂိုး ဒါမှမဟုတ် ဖန်တီးမှု ကိန်းဂဏန်းတွေ အကြောင်းတွေကိုပဲ အမြဲတမ်း ပြောနေလို့ မရပါဘူး။ သူ ကွင်းထဲမှာ ရှိနေတဲ့အခါ အသင်းရဲ့ ကစားပုံက ဘယ်လောက်အထိ ပိုမို ကောင်းမွန်လာလဲဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်.....။ 🏆 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 🗣 ကျတော့်ရဲ့ ဒဏ်ရာက အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ အခြေအနေက သိပ်မဆိုးပါဘူး။ အသေးစိတ်တော့ မသိရသေးဘဲ ဆေးစစ်မှုတွေ ပြုလုပ်ရဦးမှာပါ၊ ဒါပေမဲ့ အကြာကြီး အနားယူရမယ့် ဒဏ်ရာတော့ မဟုတ်ပါဘူး.....။ (𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 နဲ့ 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 တို့ရဲ့ ဘရိုက်တန်နဲ့ ပွဲပြီး ပြောစကားများ) #YNWA #TRS #LiverpoolFC #AndoniIraola #FlorianWirtz

photo content

🔴🏆 လီပါပူးလ်အသင်းဟာ ခြေစွမ်းထက်နေတဲ့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ အနိုင်ရပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းအ
🔴🏆 လီပါပူးလ်အသင်းဟာ ခြေစွမ်းထက်နေတဲ့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ အနိုင်ရပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းအတွက် ရင်ဆိုင်ရ ခက်ခဲ မာကျောတဲ့ "𝑩" (၃) "𝑩" နဲ့ ရင်ဆိုင်ရာမှာ (၃)သင်းလုံးကို ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်တာ ဖြစ်ပါတယ်.....။ 📌 ဘုန်းမောက် (၀-၁) လီပါပူးလ် 📌 ဘရန့်ဖို့ (၁-၂) လီပါပူးလ် 📌 လီပါပူးလ် (၂-၀) ဘရိုက်တန် 🔴📌 နည်းပြသစ်ကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 ရဲ့ ယခုရာသီ လီပါပူးလ်အသင်း စွမ်းဆောင်ရည်ကို ဘယ်လို မြင်မိကြလဲဗျ ✍️ #YNWA #TRS #LiverpoolFC #AndoniIraola