6 402
Підписники
+4524 години
-147 днів
+2 31830 день
Архів дописів
6 402
🔴🏆 𝑻𝑹𝑨𝑵𝑺𝑭𝑬𝑹 𝑵𝑬𝑾𝑺 ✍️✍️✍️
🏆 လီပါပူးလ်အသင်းဟာ အသက် (၂၈)နှစ်အရွယ် ဝါရင့် နောက်ခံလူ 𝑻𝒐𝒎𝒐𝒓𝒊 ကို ခေါ်ယူရေးအတွက် အေစီမီလန်အသင်းထံ ဆက်သွယ် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်.....။
🔴 လီပါပူးလ်အသင်းဟာ 𝑻𝒐𝒎𝒐𝒓𝒊 ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေ ရှိမရှိ သဘောပေါက်နားလည်နိုင်ရန် မီလန်အသင်းနှင့် ပထမဆုံးအကြိမ် စမ်းသပ်လေ့လာသည့် ဆက်သွယ်မှုကို စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆင့်မြင့် ဆွေးနွေးညှိနှိုင်းမှုမျိုး မရှိသေးပါဘူး.....။
🔴 လီပါပူးလ်အသင်းအနေနဲ့ အေစီမီလန်အသင်းထံ ဆက်သွယ်ခဲ့ခြင်းမှာ 𝑻𝒐𝒓𝒎𝒐𝒓𝒊 အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရန် မဆုံးဖြတ်မီ ကုန်ကျစရိတ်များနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခွင့်အရေး အခင်းအကျင်းကို သုံးသပ်ရန် ဖြစ်ကြောင်း သိရပါတယ်.....။
(✍️𝑻𝒖𝒕𝒕𝒐 𝑺𝒑𝒐𝒓𝒕)
#YNWA #TRS #LiverpoolFC #ACMilan #TransferNews #Tomori
6 402
🔴🏆 လီပါပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛, 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 တို့နဲ့ ပတ်သက်ပြီး ပြောလာခဲ့တဲ့ နည်းပြကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 ✍️✍️✍️
🏆 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣
- အခြားသူတွေလိုပဲ ပုံမှန်အားဖြင့် လိုအပ်ချက်လေးတွေ ရှိနေပေမဲ့ 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒔 ဆီကနေတော့ ကျတော့်အနေနဲ့ အထူးသဖြင့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးကို လိုအပ်ပါတယ်။ သူက ကျတော်တို့ကို ဘာတွေ ပေးနိုင်မလဲဆိုတာကို သိထားသလို၊ သူက ကျတော်တို့ရဲ့ ကစားကွက်ပုံစံနဲ့လည်း ကိုက်ညီမှု ရှိပါတယ်.....။
- 𝑾𝒊𝒓𝒕𝒛 ကို တိုက်စစ်မှူးရဲ့ နောက်ဘက် နေရာ [𝑵𝒐.10] မှာ မြင်တွေ့ရပြီး၊ ကျတော်တို့ သူ့ကို အဲဒီနေရာမှာ စတင် လေ့ကျင့်ပြင်ဆင်ပေးသွားမှာပါ။ သူက ကစားသမားတစ်ယောက်အနေနဲ့ တော်တော်လေး စုံလင်ပြည့်ဝမှု ရှိပါတယ်။ သူ လက်ရှိ ရရှိထားပြီးသား အလွန်ကောင်းမွန်တဲ့ အရည်အချင်းတွေအပေါ်မှာ နောက်ထပ် အရာတွေကို ထပ်မံ ဖြည့်ဆည်းပေးချင်တာပါ။ လက်ရှိမှာလည်း သူဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်.....။
- 𝑨𝒍𝒆𝒙 ကတော့ တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာ ကစားသမားတစ်ယောက်ပါ၊ သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်တဲ့ အခြေအနေနဲ့ လီပါပူးလ်အသင်းဆီကို ပြန်လည် ရောက်ရှိလာတာပါ။ ဒီမှာ ပထမဆုံး လေ့ကျင့်ခန်း ဆင်းခဲ့ပြီး အစောပိုင်း ကာလပဲ ရှိသေးပေမဲ့ လိဒ်စ်အသင်းနဲ့ ပွဲမှာ သူ ဝင်ရောက်ကစားနိုင်ဖို့နဲ့ သင့်တော်မှန်ကန်တဲ့ ရာသီကြို ပြင်ဆင်မှုမျိုး ရရှိသွားဖို့ ကျတော် မျှော်လင့်ပါတယ်။ အချိန်အများကြီး မဟုတ်ပေမဲ့ (၃-၄)ပတ်လောက် အစဉ်အလာမပျက် အဆင့်မြင့် လေ့ကျင့်နိုင်မယ်လို့ မျှော်လင့်ထားသလို သူဟာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကြောင်းကတော့ သူဟာ ကျတော်တို့အသင်းအတွက် အလွန် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာတော့မှာမို့လို့ပါပဲ.....။
(𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 - 𝑾𝒊𝒓𝒕𝒛, 𝑰𝒔𝒂𝒌 တို့နဲ့ ပတ်သက်ပြီး ပြောစကား)
#YNWA #TRS #LiverpoolFC #AndoniIraola #FlorianWirtz #AlexanderIsak
6 402
🔴🏆 လူငယ်ကြယ်ပွင့် ဘယ်တောင်ပံကစားသမား 𝑹𝒊𝒐 𝑵𝒈𝒖𝒎𝒐𝒉𝒂 ကို ညာတောင်ပံမှာ အသုံးပြုခဲ့ခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားလာတဲ့ နည်းပြကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 ✍️✍️✍️
🏆 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣
- ကျတော်က အသင်းမှာရှိတဲ့ တောင်ပံကစားသမားတွေကို ဘယ်/ညာ နှစ်ဖက်လုံးမှာ ကစားနိုင်တဲ့ အရည်အချင်းရှိအောင် ပုံမှန်အားဖြင့် တိုက်တွန်းအားပေးလေ့ ရှိတာပါ.....။
- သူတို့ထဲက အချို့ဟာ ဘက်တစ်ဖက်တည်းမှာပဲ ကစားရတာ ပိုပြီး သက်သောင့်သက်သာရှိကြတယ်ဆိုတာကို ကျတော် သိပါတယ်။ သို့သော်လည်း ကျတော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ ပုံသေ အချိုးညီကစားတဲ့အသင်းမျိုး မဟုတ်ပါဘူး။ ဒါကြောင့် အချို့ပွဲတွေမှာ တောင်ပံကစားသမားတစ်ယောက်ဟာ ခံစစ်ပိုင်း ပိုလုပ်ပေးရတာ၊ ပိုမို မြင့်မားတဲ့နေရာ သို့မဟုတ် အတွင်းပိုင်း/အပြင်ပိုင်းတွေမှာ ပိုပြီး ဝင်ရောက်ကစားပေးရတာမျိုးတွေ ရှိတတ်ပါတယ်.....။
- ဒါကြောင့် တောင်ပံကစားသမားတွေကို နှစ်ဖက်လုံးမှာ ကစားနိုင်တဲ့ အခွင့်အရေးမျိုး ပေးနိုင်ရင်တော့ ဒါဟာ သူတို့အတွက် ပွဲထွက်ခွင့် မိနစ်တွေ ပိုမိုရရှိဖို့အတွက် အတ္တဆန်ဆန်ကို အကျိုးရှိစေမှာပါ။ အခု ရာသီကြို ကာလမှာတော့ သူတို့ ဘယ်နေရာမှာ ကစားရတာ ပိုပြီး သက်သောင့်သက်သာ ဖြစ်မလဲဆိုတာကို ကျတော် ကြည့်ရှုစစ်ဆေးရမှာ ဖြစ်ပါတယ်.....။
- ဒါပေမဲ့ ကျတော့်ရဲ့ ယခင် ကလပ်အသင်းတွေမှာ တောင်ပံကစားသမား အများစုဟာ ဘက်နှစ်ဖက်လုံးမှာ ကစားခဲ့ကြဖူးသလို ပွဲစဉ်တွေအတွင်းမှာလည်း တောင်ပံကစားသမားတွေရဲ့ နေရာကို အရွှေ့အပြောင်းပြုလုပ်ပြီး ကစားစေခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ အခုချိန် ကျတော်တို့ဆီမှာ ဒီလို ဘက်စုံသုံးနိုင်တဲ့ အရည်အချင်းမျိုး (𝒗𝒆𝒓𝒔𝒂𝒍𝒊𝒕𝒚) ရှိလာနိုင်ရင်တော့ သဘောကျမိမှာပါ။ ဒါဟာ ကျတော့်အတွက် အလွန် ကြီးမားတဲ့ အကူအညီတစ်ခု ဖြစ်လာပါလိမ့်မယ်.....။
(𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 - လီပါပူးလ် နည်းပြချုပ်)
#YNWA #TRS #LiverpoolFC #andoniIraola #RioNgumoha
6 402
🔴🏆 𝑷𝑳𝑨𝒀𝑬𝑹 𝑻𝑨𝑳𝑲𝑺 - 𝑺𝒁𝑶𝑩𝑶𝑺𝒁𝑳𝑨𝑰 ✍️💫
🏆 𝑫𝒐𝒎𝒊𝒏𝒊𝒌 𝑺𝒛𝒐𝒃𝒐𝒔𝒛𝒍𝒂𝒊 🗣
- ကျတော့်အမြင်ပြောရရင် အခုဆိုရင် အသင်းရဲ့ စီနီယာကစားသမားအချို့ ထွက်ခွာသွားကြပြီဖြစ်တာကြောင့် ကျတော်တို့ဟာ အသက်အကြီးဆုံးမဟုတ်သေးပေမဲ့ ဒီမှာ ရှိနေခဲ့တာ အချိန်တော်တော်ကြာခဲ့ပါပြီ။ 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 လည်း ထိုနည်းတူပါပဲ၊ 𝑹𝒚𝒂𝒏, 𝑴𝒂𝒄𝒄𝒂, 𝑪𝒖𝒓𝒕𝒊𝒔, 𝑨𝒍𝒆𝒙, 𝑨𝒍𝒊, 𝑱𝒐𝒆 တို့ အားလုံးဟာ လှေတစ်စင်းတည်းမှာ စီးနင်းနေကြသူတွေဖြစ်ပြီး တစ်ဦးအတွက်တစ်ဦး အကောင်းဆုံးဖြစ်စေချင်ကြတာပါ။ အသင်းခေါင်းဆောင် 𝑽𝒊𝒓𝒈𝒊𝒍 ပြောသမျှကိုလည်း ကျတော်တို့ လိုက်နာကြပါတယ်။ အားလုံးက ဒီရာသီမှာ လီပါပူးလ်အသင်းနဲ့အတူ အောင်မြင်ချင်ကြတာပါ။ နည်းပြသစ်နဲ့အတူ ဒါဟာ ရေရှည်သွားရမယ့် ခရီးဖြစ်ပြီး အသင်းလည်း ပြောင်းလဲမှုတွေ ရှိနေခဲ့ပါတယ်၊ ရေရှည်မှာတော့ ဒါဟာ အဆင်ပြေ အလုပ်ဖြစ်သွားမှာပါ.....။
- အခုပြီးခဲ့တဲ့ ခြေစမ်းပွဲစဉ် (၂)ပွဲဟာ ချီကာဂိုမှာ ကစားရမယ့် ပွဲစဉ် [လိဒ်စ်အသင်းနှင့် ပွဲ] နဲ့ မတူဘူးလို့ ထင်ပါတယ်။ အဲဒီပွဲကြရင် ကျတော်တို့အသင်းမှာ 𝑹𝒚𝒂𝒏, 𝑭𝒍𝒐 နဲ့ အခြားသူတွေ ပြန်လည် ပါဝင်လာနိုင်တော့မှာပါ။ ကျတော် အဲဒီပွဲစဉ်ကို ရောက်ရှိဖို့ မျှော်လင့်နေပြီး အခုပွဲတွေထက်မက ပိုမိုကောင်းမွန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.....။
- နည်းပြကြီး 𝑰𝒓𝒂𝒐𝒍𝒂 ကအလွန်ကောင်းမွန်တဲ့ နည်းပြတစ်ဦးပါ။ ဒီနှစ်မှာ ကျတော်တို့ လိုအပ်နေတာ ဒီလို ပြင်းထန်အားပါမှု (𝒊𝒏𝒕𝒆𝒏𝒔𝒊𝒕𝒚) မျိုးပါပဲ။ ကျတော်တို့ လိုအပ်နေခဲ့တဲ့အရာကို နည်းပြဘက်ကော ကစားသမားတွေဘက်ကပါ ပြန်လည် ရရှိလိုက်တာပါ။ ဒါကြောင့် အခုအချိန်မှာ ကျတော်တို့မှာရှိတဲ့ အသင်းနဲ့အတူ ဒါကို အတူတကွ ပေါင်းစပ်ဖန်တီးသွားရပါမယ်.....။
(𝑫𝒐𝒎𝒊𝒏𝒊𝒌 𝑺𝒛𝒐𝒃𝒐𝒔𝒛𝒍𝒂𝒊 - လီပါပူးလ် အဓိက ကွင်းလယ် ကစားသမား)
#YNWA #TRS #LiverpoolFC #DominikSzoboszlai
6 402
🔴🏆 ကြွက်သားဒဏ်ရာကြောင့် လီပါပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် အစပိုင်းကို လွဲချော်မယ့် 𝑱𝒐𝒆 𝑮𝒐𝒎𝒆𝒛 ✍️✍️✍️
🏆 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 🗣
- 𝑱𝒐𝒆 𝑮𝒐𝒎𝒆𝒛 ရဲ့ ဒဏ်ရာက ကျတော်တို့အတွက် ထိုးနှက်ချက် ကြီးမားတဲ့ ဒဏ်ရာတစ်ခု ဖြစ်ပါတယ်။ ကျတော်ကတော့ အမြဲတမ်း ကစားသမားတွေရဲ့ ဒဏ်ရာတွေအပေါ် (၁)လ၊ ဒါမှမဟုတ် ဒီထက် နည်းနည်း လျော့မယ်လို့ပဲ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ် ရာသီစတင်ချိန်မှာ 𝑮𝒐𝒎𝒆𝒛 ကို ရရှိဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သိပ်မကြာမီ ပြန်ပါဝင်လာနိုင်မှာပါ.....။
(𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 - လီပါပူးလ် နည်းပြချုပ်)
🔴📌 လီပါပူးလ်အသင်းရဲ့ နောက်ခံလူ 𝑱𝒐𝒆 𝑮𝒐𝒎𝒆𝒛 ဟာ ကြွက်သားဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ရာသီသစ် စတင်မည့် ပွဲစဉ်များကို လွဲချော်ရတော့မည် ဖြစ်သည်။ အဆိုပါ 𝑮𝒐𝒎𝒆𝒛 ရဲ့ ဒဏ်ရာ အခြေအနေကြောင့် လီပါပူးလ်အသင်းရဲ့ ခံစစ်ပိုင်းအတွက် ကစားသမားသစ်များ ထပ်မံ ဖြည့်တင်းရန် လိုအပ်ချက်ကို ပိုမို မြင့်မားလာစေပြီး လက်ရှိ စျေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူရေးအတွက် ပိုမို လှုပ်ရှားလာဖို့ ရှိနေပါတယ်.....။
(✍️ 𝑱𝒂𝒎𝒆𝒔 𝑷𝒆𝒂𝒓𝒄𝒆 𝑳𝑭𝑪)
#YNWA #TRS #LiverpoolFC #InjuryUpdate #JoeGomez #AndoniIraola
6 402
🔴🏆 သူ့ရဲ့ အနာဂတ်နဲ့ လီပါပူးလ် နည်းပြသစ် 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 တို့နဲ့ ပတ်သက်ပြီး ပြောလာခဲ့တဲ့ ကွင်းလယ်လူ 𝑯𝒂𝒓𝒗𝒆𝒚 𝑬𝒍𝒍𝒊𝒐𝒕𝒕 ✍️✍️✍️
🏆 𝑯𝒂𝒓𝒗𝒆𝒚 𝑬𝒍𝒍𝒊𝒐𝒕𝒕 🗣
- ကျတော်က လီပါပူးလ်အသင်းကို ဘယ်လောက်အထိ ချစ်သလဲဆိုတာ အားလုံး သိပြီးသားပါပဲ။ ကျတော် ငယ်ငယ်လေးတည်းက ဒီအသင်းကို အားပေးခဲ့တာပါ။ ဒါဟာ ကျတော့်ရဲ့ ငယ်ဘဝ အိမ်မက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအသင်းရဲ့ ဂျာစီကို နောက်တစ်ကြိမ် ပြန်လည် ဝတ်ဆင်ခွင့်ရတာဟာ ဘာနဲ့မှ မတူတဲ့ ခံစားချက်မျိုးပါ.....။
- ပြီးခဲ့တဲ့ နွေရာသီတုန်းကတော့ ကျတော့်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို လိုချင်ခဲ့ပါတယ်။ ကျတော့်ရဲ့ သက်သောင့်သက်သာရှိတဲ့ အသိုက်အဝန်းထဲကနေ ထွက်ခွာချင်ခဲ့တာပါ။ ဒါဟာ ကစားသမားတစ်ယောက်အနေနဲ့ ကျတော့်ကို နောက်တစ်ဆင့် မြှင့်တင်ပေးနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဖြစ်မလာခဲ့ပါဘူး။ ဒါဟာ အထူးသဖြင့် နည်းပြသစ်နဲ့အတူ ရရှိတဲ့ ဒုတိယအကြိမ် အခွင့်အရေးမျိုးပါပဲ။ နည်းပြရဲ့ အကြိုက်တွေ့စရာ ကစားသမားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်.....။
- နည်းပြကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 က မယုံနိုင်စရာကောင်းလောက်အောင် တော်ပါတယ်။ သူရော၊ သူ့ရဲ့ နည်းပြအဖွဲ့နဲ့ ဝန်ထမ်းတွေပါ အလွန်ကောင်းမွန်ကြပါတယ်။ သူတို့ ဘာလုပ်ချင်တယ်၊ ကစားသမားတွေဆီက ဘာတွေ မျှော်လင့်ထားတယ်ဆိုတာကို အသေးစိတ်အထိကို ရှင်းလင်းပြတ်သားစွာ ညွှန်ကြားပါတယ်။ ဒါဟာ စတင်ကာစ အစောပိုင်း ကာလပဲ ရှိသေးတာ အမှန်ပါပဲ။ ပုံမှန်အားဖြင့် ကစားသမား အများစု ပြန်လည် ပူးပေါင်းလာချိန် (ကစားသမားအချို့လည်း လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ပြန်ရောက်လာတာ ဖြစ်ပါတယ်)၊ လူစာရင်းတစ်ခုလုံး စုံလင်သွားချိန်မှာ အရာရာဟာ အကောင်အထည် ပေါ်လာတော့မယ်လို့ ထင်ပါတယ်.....။
- လီပါပူးလ်အသင်းမှာရှိတဲ့ စီနီယာ ကစားသမားတွေအပေါ်ရော အထူးသဖြင့် လူငယ်ကစားသမားတွေအပေါ် သူ ဆက်ဆံခဲ့တဲ့ ပုံစံ၊ ဒီနေ့နဲ့ ဆန်းဒါးလန်းနဲ့ ပွဲမှာလိုမျိုး သူတို့ကို ဝင်ရောက်ကစားပြီး လွတ်လပ်စွာ ပျော်ပိုက်ခွင့် ရရှိအောင် အခွင့်အရေးပေးခဲ့တာတွေဟာ မယုံနိုင်စရာပါပဲ။ ဒါဟာ လက်ရှိအချိန်မှာ အလွန် သာယာတဲ့ ခံစားချက်တစ်ခု ဖြစ်ပါတယ်.....။
- လက်ရှိမှာတော့ ကျတော့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ရာခိုင်နှုန်း အပြည့် အဆင်သင့်ဖြစ်နေဖို့နဲ့ ကွင်းအတွင်းမှာ စိတ်စွဲမှတ်စရာကောင်းအောင် ကြိုးစားပြဖို့ပဲ တွေးတောထားပါတယ်။ နည်းပြကြီးကို မေးမြန်းဖို့ သင့်တော်တဲ့ အချိန်ရောက်လာရင်တော့ ကျတော် သွားရောက် မေးမြန်းသွားမှာပါ.....။
- ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါဟာ ကျတော့်အပေါ်ပဲ မူတည်ပါတယ်။ ကွင်းထဲမှာ ကြိုးစားအားထုတ်မှုနဲ့ လိုချင်တပ်မက်စိတ်ကို ပြသနိုင်သမျှ ကာလပတ်လုံး သူ့ဆီသွားပြီး မေးမြန်းဖို့ အခွင့်အရေး ရှိမယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ကျတော် ပြောခဲ့သလိုပါပဲ၊ လက်ရှိအချိန်မှာတော့ ကျတော်လည်း သေချာ မသိသေးပါဘူး။ ကွင်းထဲမှာ ဝင်ရောက်ကစားပြီး အစွမ်းကုန် ပေးဆပ်ဖို့ပဲ အာရုံစိုက်ထားပါတယ်......။
(𝑯𝒂𝒓𝒗𝒆𝒚 𝑬𝒍𝒍𝒊𝒐𝒕𝒕 - လီပါပူးလ် လူငယ် ကြယ်ပွင့် ကစားသမား)
#YNWA #TRS #LiverpoolFC #AndoniIraola #HarveyElliott
6 402
🔴🏆 𝑻𝑹𝑨𝑵𝑺𝑭𝑬𝑹 𝑵𝑬𝑾𝑺 ✍️✍️✍️
🏆 လီပါပူးလ်အသင်းဟာ အသက် (၂၇)နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူ 𝑨𝒍𝒆𝒙𝒊𝒔 𝑴𝒂𝒄 𝑨𝒍𝒍𝒊𝒔𝒕𝒆𝒓 ကို လုံးဝ မရောင်းချမယ့် ကစားသမားအဖြစ် သတ်မှတ်ထားခြင်း မရှိဘဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေရှိပါက လက်ခံ ဆွေးနွေးသွားဖို့ ရှိနေပါတယ်.....။
🔴 𝑨𝒍𝒆𝒙𝒊𝒔 𝑴𝒂𝒄 𝑨𝒍𝒍𝒊𝒔𝒕𝒆𝒓 အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်မပြနိုင်ခဲ့သလို လီပါပူးလ်အသင်းရဲ့ တာဝန်ရှိသူတွေကလဲ အသင်းရဲ့ ကွင်းလယ်ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိနေတာကြောင့် 𝑨𝒍𝒆𝒙𝒊𝒔 𝑴𝒂𝒄 𝑨𝒍𝒍𝒊𝒔𝒕𝒆𝒓 အတွက် သင့်တော်သော ကမ်းလှမ်းမှုတွေ ရှိလာပြီး ကစားသမားကိုယ်တိုင်က ထွက်ခွါဖို့ ဆန္ဒရှိပါက လီပါပူးလ်အသင်းဘက်က အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဥ်းစားသွားဖို့ ရှိနေပါတယ်.....။
(✍️𝑫𝒂𝒗𝒊𝒅 𝑳𝒚𝒏𝒄𝒉 𝑳𝑭𝑪)
#YNWA #TRS #LiverpoolFC #AlexisMacAllister
6 402
🔴🏆 𝑬𝑿𝑪𝑳𝑼𝑺𝑰𝑽𝑬 𝑵𝑬𝑾𝑺 ✍️✍️✍️
🏆 လီပါပူးလ်အသင်းနဲ့ နည်းပြကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 ရဲ့ ယခုနှစ် ရာသီကြို ခြေစမ်းပွဲစဥ်တွေကို လွဲချော်ထားတဲ့ နောက်ခံလူသစ် 𝑱𝒆𝒓𝒆𝒎𝒚 𝑱𝒂𝒄𝒒𝒖𝒆𝒕, တိုက်စစ်မှူး 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌, ကွင်းလယ်လူ 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 နဲ့ 𝑹𝒚𝒂𝒏 𝑮𝒓𝒂𝒗𝒆𝒏𝒃𝒆𝒓𝒄𝒉 တို့ဟာ လာမယ့် သြဂုတ်လ (၃)ရက်နေ့၊ အမေရိကမြေပေါ်မှာ နောက်ဆုံးကစားမယ့် လိဒ်ယူနိုက်တတ်နဲ့ ရာသီကြို ခြေစမ်းပွဲမှာ လီပါပူးလ်အသင်းအတွက် ဝင်ရောက် ကစားပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်.....။
#YNWA #TRS #LiverpoolFC #AndoniIraola
6 402
🔴🏆 𝑻𝑹𝑨𝑵𝑺𝑭𝑬𝑹 𝑵𝑬𝑾𝑺 - 𝑮𝑨𝑲𝑷𝑶 ✍️
🏆 ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ လီပါပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 ကို ခေါ်ယူရေးအတွက် အပြင်းအထန် စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ယခုရာသီ အပြောင်းအရွှေ့ စျေးကွက် မပိတ်မီမှာ လီပါပူးလ်အသင်းထံ ကမ်းလှမ်းမှု ပြုလုပ်လာဖို့ ရှိနေကြောင်း သိရပါတယ်.....။
🔴 လီပါပူးလ်အသင်းဘက်ကတော့ အဆိုပါ အသက် (၂၇)နှစ်အရွယ် နယ်သာလန်တိုက်စစ် ကစားသမားကို ရောင်းချဖို့ အစီအစဥ်မရှိပေမယ့် စပါးအသင်းဘက်က တိုက်စစ်ပိုင်း အင်အားဖြည့်တင်းရေးအတွက် တွန်းအားပေး ကမ်းလှမ်းမှုတွေ ရှိလာဖွယ် ရှိတာကြောင့် အပြောင်းအရွှေ့ စျေးကွက် မပိတ်မီမှာ 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး စောင့်ကြည့်သွားရမှာပါ.....။
(✍️𝑭𝒂𝒃𝒓𝒊𝒛𝒊𝒐 𝑹𝒐𝒎𝒂𝒏𝒐)
🔴📌 ညီကိုတို့ရော...𝑮𝒂𝒌𝒑𝒐 ကြီးကို အသင်းမှာ ဆက်ရှိစေချင်လား...ဒါမှမဟုတ် ရောင်းစေချင်ကြလားဗျ ✍️✍️✍️
#YNWA #TRS #LiverpoolFC #TransferNews #TOTSpurs #CodyGakpo
6 402
🔴🏆 𝑻𝑹𝑨𝑵𝑺𝑭𝑬𝑹 𝑼𝑷𝑫𝑨𝑻𝑬 - 𝑩𝑨𝑹𝑪𝑶𝑳𝑨 ✍️
🏆 လီပါပူးလ်အသင်းအနေနဲ့ 𝑩𝒓𝒂𝒅𝒍𝒆𝒚 𝑩𝒂𝒓𝒄𝒐𝒍𝒂 အတွက် ပေါင်သန်း (၁၀၀)ဝန်းကျင်ဖြင့် သဘောတူညီမှုရရှိရန်နှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာနိုင်ရန် ပီအက်စ်ဂျီအသင်းနှင့် ဆက်တိုက် ဆက်သွယ် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်.....။
🔴 လီပါပူးလ်အသင်းအနေဖြင့် 𝑩𝒓𝒂𝒅𝒍𝒆𝒚 𝑩𝒂𝒓𝒄𝒐𝒍𝒂 အတွက် အပိုဆောင်းကြေး (add-ons) ပါဝင်မည့် အခြေခံ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀)ဝန်းကျင်ဖြင့် သဘောတူညီမှု ရရှိရန် မျှော်လင့်ထားတာ ဖြစ်ပါတယ်.....။
🔴 အဆိုပါ အခြေအနေမှာ ပြီးခဲ့သည့် နွေရာသီက ယလေဗာကူဆင် မှ ပေါင် သန်း (၁၀၀) ဝန်းကျင် + အပိုဆောင်းကြေး ပေါင် (၁၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် 𝑭𝒍𝒐𝒓𝒊𝒂𝒏 𝑾𝒊𝒓𝒕𝒛 ကို လီပါပူးလ် ခေါ်ယူခဲ့သည့် သဘောတူညီမှု ပုံစံမျိုးဖြစ်သည်။ နယူးကာဆယ် မှ ရောက်ရှိလာခဲ့သည့် 𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓 𝑰𝒔𝒂𝒌 မှာ ပြီးခဲ့သည့် နွေရာသီက စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၂၅)သန်း ကုန်ကျခဲ့သဖြင့် 𝑩𝒂𝒓𝒄𝒐𝒍𝒂 အတွက် ထိုပြောင်းရွှေ့ကြေးမျိုး ထပ်မံ ပေးချေဖို့ လီပါပူးလ်ဘက်က ဆန္ဒမရှိပါဘူး.....။
🔴 လီပါပူးလ်အသင်းအနေဖြင့် ပြီးခဲ့သည့် နွေရာသီက 𝑩𝒓𝒂𝒅𝒍𝒆𝒚 𝑩𝒂𝒓𝒄𝒐𝒍𝒂 အတွက် ပေါင် (၇၅)သန်းခန့်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လူငယ်တောင်ပံကစားသမား 𝑹𝒊𝒐 𝑵𝒈𝒖𝒎𝒐𝒉𝒂 ၏ တိုးတက်မှုကို မတားဆီးလိုသည့်အတွက် 𝑩𝒂𝒓𝒄𝒐𝒍𝒂 ရဲ့ အပြောင်းအရွှေ့ကို ဆက်လက် မလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဓိက တောင်ပံ ကစားသမား 𝑴𝒐 𝑺𝒂𝒍𝒂𝒉 ထွက်ခွာသွားခြင်းသည် 𝑩𝒂𝒓𝒄𝒐𝒍𝒂 ကို ခေါ်ယူရေးအတွက် လီပါပူးလ်တို့ မဖြစ်မနေ ကြိုးစားရမယ့် အခြေအနေ တစ်ခု ဖြစ်ပေါ်စေခဲ့တာပါ.....။
(✍️𝑷𝒂𝒖𝒍 𝑱𝒐𝒚𝒄𝒆)
#YNWA #TRS #LiverpoolFC #PSG #TransferNews #BradleyBarcola
