ar
Feedback
The REDS Show

The REDS Show

الذهاب إلى القناة على Telegram

You'll Never Walk Alone

إظهار المزيد
3 605
المشتركون
+1624 ساعات
+4447 أيام
+1 01530 أيام
أرشيف المشاركات
🔴🏆 𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑶𝒖𝒓 𝑵𝒆𝒘 𝑪𝒐𝒂𝒄𝒉 𝑨𝑵𝑫𝑶𝑵𝑰 𝑰𝑹𝑨𝑶𝑳𝑨 💫 🏆 ဒီနေ့ဟာ ကျတော်တို့ လီပါပူးလ်အသင်းရဲ့ နည်းပြသစ်ကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 ရဲ့ အသက် (၄၄)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်.....။ 🔴 လာမယ့်ဘောလုံးရာသီက စတင်ပြီး လီပါပူးလ်အသင်းကြီးနဲ့အတူ ဆုဖလားအောင်မြင်တွေမှုတွေ အများကြီး ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် နည်းပြကြီးရေ 💪💪 #YNWA #TRS #LiverpoolFC #AndoniIraola

photo content

🔴🏆 နည်းပြသစ်ကြီး 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 အတွက် ဒီနွေရာသီမှာ လီပါပူးလ်အသင်းအနေနဲ့ ဘယ်ကွင်းလယ်ကစားသမားကို ခေါ်ယူသွားသင့်လဲ ✍️✍️✍️ 🏆 လက်ရှိအချိန်မှာ လီပါပူးလ်အသင်းအနေနဲ့ ကွင်းလယ်ခံစစ်ပိုင်းကို အဓိက အပြောင်းအလဲ ပြုလုပ်ဖို့ ရည်ရွယ်နေပြီး 𝑨𝒍𝒆𝒙𝒊𝒔 𝑴𝒂𝒄 𝑨𝒍𝒍𝒊𝒔𝒕𝒆𝒓 နဲ့ 𝑪𝒖𝒓𝒕𝒊𝒔 𝑱𝒐𝒏𝒆𝒔 တို့ အနာဂတ် မတည်ငြိမ်တဲ့ အခြေအနေမှာ ကွင်းလယ်ခံစစ် ကစားသမားသစ်ကို ခေါ်ယူဖို့ ရည်ရွယ်နေတာပါ.....။ 🔴 မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ လီပါပူးလ်အသင်းရဲ့ ကွင်းလယ် ပစ်မှတ်ကစားသမားတွေ အဖြစ် - - 𝑨𝒅𝒂𝒎 𝑾𝒉𝒂𝒓𝒕𝒐𝒏 (၂၂ - နှစ်) - 𝑨𝒍𝒆𝒙 𝑺𝒄𝒐𝒕𝒕 (၂၂ - နှစ်) - 𝑳𝒂𝒎𝒊𝒏𝒆 𝑪𝒂𝒎𝒂𝒓𝒂 ( ၂၂ - နှစ်) - 𝑴𝒂𝒎𝒂𝒅𝒐𝒖 𝑺𝒂𝒏𝒈𝒂𝒓𝒆 (၂၃ - နှစ်) - 𝑨𝒚𝒚𝒐𝒖𝒃 𝑩𝒐𝒖𝒂𝒅𝒅𝒊 (၁၈ - နှစ်) 🔴📌 ညီကိုတို့ အနေနဲ့ရော...လီပါပူးလ်အသင်းရဲ့ ကွင်းလယ်ခံစစ်အတွက် ဘယ်ကစားသမားကို ခေါ်ယူစေချင်ကြလဲဗျ ✍️✍️✍️ #YNWA #TRS #LiverpoolFC #TransferNews

photo content

🔴🏆 𝑻𝑹𝑨𝑵𝑺𝑭𝑬𝑹 𝑵𝑬𝑾𝑺 ✍️✍️✍️ 🏆 အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါး အသင်းဟာ လီပါပူးလ်အသင်းရဲ့ တိုက်စစ်မှူး 𝐂𝐨𝐝𝐲 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 ကို ခေါ်ယူရေးအတွက် လီပါပူးလ်အသင်းထံကစားပြောဆိုမှုအချို့ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်…..။ 🔴 စပါးအသင်းဟာ အသက် (၂၅)နှစ်အရွယ် တိုက်စစ်ကစားသမား 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 ကို ဆွဲဆောင်ဖို့အတွက် နည်းပြသစ် 𝐃𝐞 𝐙𝐞𝐫𝐛𝐢 ရဲ့ စီမံကိန်းမှာ အဓိက သော့ချက်ကစားသမားအဖြစ် ကမ်းလှမ်းထားတဲ့အပြင်၊ (၂၀၃၁) ခုနှစ်အထိ ရှိမယ့် ရေရှည် စာချုပ်နဲ့ပါ ချဉ်းကပ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်…..။ 🔴 လီပါပူးလ်အသင်းအနေနဲ့ 𝑪𝒐𝒅𝒚 𝑮𝒂𝒌𝒑𝒐 ရဲ့ အနာဂတ်အပေါ် ဘယ်လို တုံ့ပြန်/ ဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်…..။ (✍️𝑵𝒊𝒄𝒐 𝑺𝒄𝒉𝒊𝒓𝒂) 🔴📌 ညီကိုတို့အနေနဲ့ရော...𝑮𝒂𝒌𝒑𝒐 ကို လီပါပူးလ်အသင်းမှာ ဆက်မြင်ချင်ကြလား၊ ဒါမှမဟုတ် ရောင်းစေချင်ကြလားဗျ ✍️✍️✍️ #YNWA #TRS #LiverpoolFC #TOTSpurs #CodyGakpo

photo content

🔴🏆 စပိန် (၄-၀) ဆော်ဒီအာရေးဗျ ပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်များ ✍️💫 🏆 𝑳𝒂𝒎𝒊𝒏𝒆 𝒀𝒂𝒎𝒂𝒍, 𝑶𝒚𝒂𝒓𝒛𝒂𝒃𝒂𝒍 တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဆော်ဒီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ကမ္ဘာ့ဖလားမှာ နောက်တဆင့်ကို တတ်ရောက်သွားဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်လာခဲ့ပြီဖြစ်တဲ့ စပိန်အသင်း ✍️✍️✍️ #YNWA #TRS #FifaWorldCup #Spain #Saudi

🔴🏆 ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ခြေစွမ်းတွေကို ကိုယ်စီ ပြသနေကြတဲ့ လီပါပူးလ်အသင်းရဲ့ ကစားသမားများ 💫💪 📌 လီပါပူးလ်အသင်းဆီ ပြန်လာရင် အဲဒီခြေစွမ်းတွေကို ပါအောင်ယူလာခဲ့ကြပါကွာ 🥺💪 #YNWA #TRS #LiverpoolFC #FifaWorldCup

photo content

🔴🏆 New Zealand 🇳🇿 (1-3) 🇪🇬 Egypt (𝑭𝑻) 🏆 နယူးဇီလန်ကို အီဂျစ်အသင်းက (၃-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ လီပါပူးလ်အသင်းရဲ့ တိုက်စစ် ကစားသမားဟောင်းကြီး 𝑴𝒐 𝑺𝒂𝒍𝒂𝒉 ဟာ သွင်းဂိုး (၁)ဂိုး၊ ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းတွေကို ပြသကာ အဆိုပါ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်.....။ 📌 𝑪𝒐𝒏𝒈𝒓𝒂𝒕𝒖𝒍𝒂𝒕𝒊𝒐𝒏𝒔 𝑲𝑰𝑵𝑮 𝑴𝑶 𝑺𝑨𝑳𝑨𝑯 💫💪 #YNWA #TRS #MoSalah #Egypt #FifaWorldCup

photo content
+3

🔴🏆 (2026) ကမ္ဘာ့ဖလားမှာ သွင်းဂိုး ပါဝင်ပတ်သက်မှု အများဆုံး ပြုလုပ်ထားနိုင်တဲ့ လီပါပူးလ်အသင်းရဲ့ ကစားသမားများ ✍️✍️✍️ 🏆 (2026)ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သက်ဆိုင်ရာမိခင် နိုင်ငံအသင်းတွေနဲ့အတူ ကလပ်အသင်း အသီးသီးက ကစားသမားတွေက ဝင်ရောက် ယှဥ်ပြိုင် ကစားနေကြတာ ဖြစ်ပါတယ်.....။ 🔴 အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိအချိန်အထိ သွင်းဂိုးပါဝင်ပတ်သက်မှု ပြုလုပ်ထားနိုင်တဲ့ အနေအထားမှာ လီပါပူးလ်အသင်းရဲ့ ကစားသမားတွေက သွင်းဂိုး (၄)ဂိုး၊ ဂိုးဖန်တီးမှု (၈)ကြိမ်၊ စုစုပေါင်း သွင်းဂိုး ပါဝင်ပတ်သက်မှု (၁၂)ကြိမ်အထိ ပြုလုပ်ထားနိုင်တာ ဖြစ်ပြီး ကလပ်အသင်း အားလုံးမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်.....။ 1️⃣ လီပါပူးလ် ကစားသမားများ -(၁၂)ကြိမ် 2️⃣ ဘိုင်ယန်မြူးနစ် ကစားသမားများ- (၈)ကြိမ် 3️⃣ ရီးရဲယ်မက်ဒရစ် ကစားသမားများ - (၈)ကြိမ် 4️⃣ အာဆင်နယ် ကစားသမားများ - (၇)ကြိမ် (✍️𝑶𝒑𝒕𝒂) 🔴📌 ယနေ့ နံနက်အစောပိုင်းက ကစားခဲ့တဲ့ပွဲစဥ်များ မပါဝင်သေးပါဘူးခင်ဗျာ ❌✍️ #YNWA #TRS #LiverpoolFC #FifaWorldCup

photo content

🔴🏆 ကွင်းလယ်လူ 𝑪𝒖𝒓𝒕𝒊𝒔 𝑱𝒐𝒏𝒆𝒔 အတွက် တန်ရာတန်ကြေးမရရင် လက်လွှတ်သွားဖို့ အစီအစဥ်မရှိတဲ့ လီပါပူးလ်အသင်း ✍️✍️✍️ 🏆 အင်တာမီလန်အသင်းဟာ ကွင်းလယ်လူ 𝑪𝒖𝒓𝒕𝒊𝒔 𝑱𝒐𝒏𝒆𝒔 ကို ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းခဲ့ပေမယ့် လီပါပူးလ်အသင်းက ချက်ချင်း ပယ်ချခဲ့တာ ဖြစ်ပါတယ်.....။ 🔴 လီပါပူးလ်အသင်းဟာ 𝑪𝒖𝒓𝒕𝒊𝒔 𝑱𝒐𝒏𝒆𝒔 အတွက် ပြောင်းရွှေ့ကြေး ပေါင် (၃၅)သန်း ဝန်းကျင့် အလိုရှိနေပြီး အဆိုပါ ပြောင်းရွှေ့ကြေးကို မရပါက လက်လွှတ်သွားဖို့ အစီအစဥ် မရှိကြောင့်း သိရပါတယ်.....။ 🔴 လီပါပူးလ်အသင်းရဲ့ အကြီးအကဲပိုင်း ပုဂ္ဂိုလ်တွေကတော့ လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ 𝑪𝒖𝒓𝒕𝒊𝒔 𝑱𝒐𝒏𝒆𝒔 ကို တန်ဖိုးလျှော့ဈေးနဲ့ သဘောတူရောင်းချလိုက်တာမျိုးထက် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့် စွန့်စားရမှုကိုပဲ ပိုပြီးလက်ခံသွားမယ်လို့ အခိုင်အမာ ရည်ရွယ်ထားပါတယ်.....။ 🔴 လက်ရှိမှာ 𝑪𝒖𝒓𝒕𝒊𝒔 𝑱𝒐𝒏𝒆𝒔 𝑻𝒉𝒆ရဲ့ စာချုပ်ဟာ လီပါပူးလ်အသင်းနဲ့အတူ (၁)နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ လက်ရှိအချိန်မှာတော့ ဘာဆွေးနွေးမှုမှ တက်ကြွစွာ လုပ်ဆောင်နေခြင်း မရှိပါဘူး။ သို့သော် ကစားသမားဘက်က မျှော်မှန်းထားတဲ့ တောင်းဆိုချက်တွေနဲ့ ကလပ်အသင်းဘက်က ပေးချေလိုတဲ့ ပမာဏကြားက ကွာဟချက်ကိုသာ အဆင်ပြေအောင် ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ လီပါပူးလ်အသင်းအနေနဲ့ စာချုပ်သစ်တစ်ခု ထပ်မံချုပ်ဆိုနိုင်ရေးကို ဆက်လက်ကြိုးပမ်းသွားဖို့ စိတ်အားထက်သန်နေဆဲပဲ ဖြစ်ပါတယ်.....။ (✍️𝑱𝒂𝒎𝒆𝒔 𝑷𝒆𝒂𝒓𝒄𝒆 𝑳𝑭𝑪) 🔴📌 ညီကိုတို့ရော...𝑪𝒖𝒓𝒕𝒊𝒔 𝑱𝒐𝒏𝒆𝒔 ကို လီပါပူးလ်အသင်းမှာ ဆက်ပြီး ရှိနေစေချင်ကြလားဗျ ✍️✍️✍️ #YNWA #TRS #LiverpoolFC #InterMilan #TransferNews #CurtisJones

photo content

🔴🏆 𝑺𝒑𝒂𝒊𝒏 𝑽𝒔 𝑺𝒂𝒖𝒅𝒊 ပွဲ ပြထားပြီးပါပြီဗျ။ ကြည့်ရန် ညာဘက်အပေါ်ထောင့်က 𝑱𝒐𝒊𝒏 ကို နှိပ်ပါ ခင်ဗျာ