en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 501 subscribers, ranking 16 779 in the News & Media category and 10 290 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 501 subscribers.

According to the latest data from 11 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -156 over the last 30 days and by 4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.77%. Within the first 24 hours after publication, content typically collects 4.64% reactions from the total number of subscribers.
  • Post reach: On average, each post receives 664 views. Within the first day, a publication typically gains 534 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 12 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 501
Subscribers
+424 hours
-227 days
-15630 days
Posts Archive
ညောင်ရွှေမြိုတွင် ရေကြီးမှုကြောင့် လူဦးရေ ၇၀၀ ခန့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရ NOM၊နိုဝင်ဘာ၁၂၊၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ယနေ့နိုဝင်ဘာ၁၂ရက်နံနက်ပိုင်းက မိုးများပြီး ချောင်းရေမြှင့် တက်လာသည့်အတွက် ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် လူဦးရေ ၇၀၀ခန့် ကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားရသည်ဟု သိရသည်။ ညောင်ရွှေမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး နမ့်ကတ်ချောင်းရေလျှံမှုကြောင့် ကံသာရပ်ကွက်၊ မြို့လယ်ရပ်ကွက်၊ ဝင်းရပ်ကွက်၊ နန်းပန်ရပ်ကွက်၊ သာစည်ရပ်ကွက်များတွင်ရေဝင်မှုများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများကိုညောင်ရွှေမြို့၊ ရန်ကုန်ကျောင်း၊ ရွှေချမ်းသာဘုရားနှင့် မဟာရန်အောင်မြေဘုရား တို့တွင် ယာယီ ဖွင့်လှစ်ထားသည့်ကယ်ဆယ်ရေးစခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်အတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ညောင်ရွှေမြို့နယ်အပြင် ရွှေညောင်၊ ရပ်စောက်၊ မိုင်းပွန်၊ နမ့်စန်နှင့် လွိုင်လင်မြို့များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ် ရေးစခန်းများသို့ ရွှေ့ပြောင်းပေးနေရ ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တရားမဝင် ရေဆက်သွယ်သုံးစွဲပါက ငါးသိန်းအထိ ငွေဒဏ်ချမှတ်မည် NOM၊နို၀င်ဘာ၁၂၊၂၀၂၆ ရန်ကုန်မြို့တော်အတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်၍ ရေခိုးသွယ်ယူခြင်းနှင့် တရားမဝင် ရေဆက်သွယ်အသုံးပြုခြင်းများ ပြုလုပ်ပါက ငွေဒဏ်ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က သိရသည်။ ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ခြင်း၊ နေအိမ်အတွင်း ဆက်သွယ်ယူခြင်း၊ ဆင့်ပွားပိုက် တပ်ဆင်ခြင်းနှင့် မော်တာ သို့မဟုတ် တုံကင်သုံး၍ ရေရယူခြင်းများကို တားမြစ်ထားသည်။ မူလတပ်ဆင်ထားသည့် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခြင်းနှင့် တိုးချဲ့ခြင်းများ မပြုလုပ်ရန်လည်း ပါဝင်သည်။ အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃၆ (ဂ) အရ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ငွေဒဏ်ကျခံရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရေပေးဝေရေးစနစ်မှတစ်ဆင့် ရေရယူသုံးစွဲလိုပါက YCDC ၏ www.ycdc.gov.mm ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အိမ်ရေဆက်သွယ်ခွင့် လျှောက်လွှာဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ်ရေဖြန့်ဖြူးရေးရုံးများတွင်ဖြစ်စေ တရားဝင်လျှောက်ထားနိုင်ကြောင်း အသိပေးထား သည်။

ကိုယ်တိုင်ကားရေဆေး ရုံတစ်ခုတွင် ကားကို ၇ နာရီနှင့် ၃၈ မိနစ်ကြာအောင် ဆေးကြောသန့်စင်ခဲ့ပြီးနောက် တရုတ်အမျိုးသားတစ်ဦး ကားရေဆေးစံချိန်သစ် ချိုးလိုက်ပြီ ၎င်းသည် သောကြာနေ့ ညနေပိုင်းတွင် စတင်ဆေးကြောခဲ့ရာ စနေနေ့ မနက်ပိုင်းရောက်မှသာ ပြီးစီးခဲ့ခြင်း ဖြစ်သည်။ ကားရေဆေးရသည်မှာ စိတ်အပန်းပြေလွန်းသဖြင့် အချိန်ကုန်သွားမှန်းပင် လုံးဝသတိမထားမိတော့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၌ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ နိုဝင်ဘာ ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသက
ပြင်ဦးလွင်မြို့နယ်၌ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ နိုဝင်ဘာ ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဧရိယာအတွင်း သောက်သုံးရေရရှိရေး ဂါလန်ငါးသိန်းဆံ့ရေစုကန်နှင့် ရေစစ်ကန်အဆင့်ဆင့်၊ ရေတွန်းစက်ရုံနှင့် ရေပိုက်လိုင်းများ၊ လမ်းသစ်နှစ်လမ်းဖောက်လုပ်ရန်အတွက် အမာခံမြေသားလမ်းဖောက်လုပ်ခြင်း၊ မြေညှိခြင်း၊ မြေဖြတ်ခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားကာ အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုလမ်းမကြီး မန္တလေး-ပြင်ဦးလွင်လမ်းအပိုင်း မိုင်တိုင် (၁၉) ၃ ဖာလုံနှင့် ၄ ဖာလုံအကြားရှိ လမ်းအကွေ့နေရာသို့ ရောက်ရှိပြီး ယာဉ်မတော်တဆဖြစ်ပွားမှုမဖြစ်စေရေး၊ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးတို့အတွက် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သောနေရာတွင် အန္တရာယ်ကာကွယ်တန်း (Guard rail) များ ပြန်လည်အားဖြည့်တပ်ဆင်ခြင်းနှင့် အမြန်နှုန်းကန့်သတ်ချက် အသိပေးသတိပေးဆိုင်းဘုတ်များကိုလည်း ထပ်မံတပ်ဆင်သွားရန် မှာကြားကာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့်နေရာတွင် အရှိန်ထိန်းသဲကွင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ယာဉ်များ စနစ်တကျသွားလာနေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ စည်ပင်သာယာရေးကော်မတီပိုင် အိမ်ရာဝင်းအတွင်းသို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ၄ ခန်းတွဲ ၄ ထပ် အရာထမ်းအိမ်ရာ ငါးလုံးနှင့် ၄ ခန်းတွဲ ၄ ထပ် အမှုထမ်းအိမ်ရာငါးလုံး စုစုပေါင်း ၁၀ လုံးဆောက်လုပ်နေမှု၊ လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်က လုပ်ငန်းအခြေအနေအား ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းအတိုင်း စနစ်တကျဆောက်လုပ်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ တိုက်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ကလည်း အမြဲတမ်းစစ်ဆေးဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မတူညီသော အမျိုးသမီးနှစ်ဦး (တစ်ဦးမှာ ၎င်း၏ လက်အောက်ခံ အမှုဆောင်အရာရှိဖြစ်သူ) နှင့် အိမ်ထောင်ရေးဖောက်ပြန်မှုများဖြင့် ဟိုးလေးတက
မတူညီသော အမျိုးသမီးနှစ်ဦး (တစ်ဦးမှာ ၎င်း၏ လက်အောက်ခံ အမှုဆောင်အရာရှိဖြစ်သူ) နှင့် အိမ်ထောင်ရေးဖောက်ပြန်မှုများဖြင့် ဟိုးလေးတကျော်ဖြစ်နေသော အမေရိကန် နဗီးဒီးယား (Nvidia) နည်းပညာကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ် (Jensen Huang) အား ရာထူးမှဖယ်ရှားရန် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့က ပြင်ဆင်နေပြီး ယနေ့တွင်ပင် အစည်းအဝေး ကျင်းပနိုင်ခြေရှိနေကြောင်း Wall Street Journal (WSJ) သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်သူလျှိုဟု စွပ်စွဲခံရသည့် အမျိုးသမီးနှင့်တင် ဖောက်ပြန်ခြင်းမဟုတ်ဘဲ အခြားအမျိုးသမီးတစ်ဦးနှင့်လည်း အိမ်ထောင်ရေးဖောက်ပြန်ခဲ့
တရုတ်သူလျှိုဟု စွပ်စွဲခံရသည့် အမျိုးသမီးနှင့်တင် ဖောက်ပြန်ခြင်းမဟုတ်ဘဲ အခြားအမျိုးသမီးတစ်ဦးနှင့်လည်း အိမ်ထောင်ရေးဖောက်ပြန်ခဲ့သည့် နဗီးဒီးယား (NVIDIA) အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ် နဗီးဒီးယား (NVIDIA) နည်းပညာကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ် (Jensen Huang) ၏ "ဒုတိယမြောက် အိမ်ထောင်ရေးဖောက်ပြန်မှု" သတင်းသည် နိုင်ငံတကာ သတင်းခေါင်းစဉ်များတွင် ဟိုးလေးတကျော် ဖြစ်နေသည်။ အိမ်ထောင်သည်တစ်ဦးဖြစ်သည့် နဗီးဒီးယား (NVIDIA) ဝန်ထမ်း ကင်မ်ဘာလီ ပါဝဲလ် (Kimberly Powell) နှင့် ငြိစွန်းနေကြောင်း နယူးယောက်တိုင်းမ်စ် (NYT) သတင်းဌာနက စွပ်စွဲဖော်ပြထားသည်။

ဥဇဘက်ကစ္စတန်မှာ လက်ထပ်ခွင့်တောင်းတာ ထင်သလိုဖြစ်မလာ...

🇪🇺🛢📉 အီရန်အပေါ် ဆင်နွှဲသည့် အမေရိကန်-အစ္စရေး စစ်ပွဲအတွက် ဥရောပသားများ မည်သို့ ပေးဆပ်ရမည်နည်း ဥရောပတိုက်သည် သဘာဝဓာတ်ငွေ့ အ
🇪🇺🛢📉 အီရန်အပေါ် ဆင်နွှဲသည့် အမေရိကန်-အစ္စရေး စစ်ပွဲအတွက် ဥရောပသားများ မည်သို့ ပေးဆပ်ရမည်နည်း ဥရောပတိုက်သည် သဘာဝဓာတ်ငွေ့ အရန်သိုလှောင်မှု လျော့နည်းနေချိန်နှင့် ဓာတ်ငွေ့ဈေးနှုန်းများ ဖေဖော်ဝါရီလကထက် သုံးဆနီးပါး မြင့်တက်နေချိန်တွင် ဆောင်းရာသီသို့ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ရာ အပူချိန် ထိုးကျသွားပါက အိမ်ထောင်စုများနှင့် စက်ရုံအလုပ်ရုံများ အကာအကွယ်မဲ့ အထိနာမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ဥရောပတိုက်အနေဖြင့် အအေးဒဏ်ကာကွယ်ရန် အပူပေးစွမ်းအင် လိုအပ်ချက် အမြင့်ဆုံးအချိန် ရောက်ရှိနေစဉ်မှာပင် အီရန်ကို တိုက်ခိုက်သည့် အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် လောင်စာဆီနှင့် ဓာတ်ငွေ့ ထောက်ပံ့မှုများ ပြတ်တောက်သွားခဲ့ရသည်။ ဥရောပ စံသတ်မှတ်ချက် သဘာဝဓာတ်ငွေ့ဈေးနှုန်းသည် အောက်တိုဘာ ၂၈ ရက်နေ့တွင် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်မဂ္ဂါဝပ်နာရီလျှင် ယူရို ၁၀၀ အထက်သို့ ကျော်လွန်သွားခဲ့သည်။ ဥရောပသမဂ္ဂ စွမ်းအင်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (ACER) ၏ အဆိုအရ အောက်တိုဘာ ၂၁ ရက်နေ့တွင် EU ၏ ဓာတ်ငွေ့သိုလှောင်မှု ပမာဏမှာ ၇၅ ရာခိုင်နှုန်းသာ ပြည့်မီသေးသဖြင့် အအေးလှိုင်းဖြတ်ခြင်းနှင့် သွင်းကုန်ပြတ်တောက်ခြင်းတို့ကို ခံနိုင်ရည်ရှိရန် အရန်အင်အား များစွာ နည်းပါးနေသည်။ သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရန် အအေးခံထားသည့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ဥရောပ၏ မှီခိုအားထားမှု မြင့်တက်လာခြင်းကြောင့် အာရှဒေသတွင် အအေးပိုလာခြင်းသည်လည်း ဥရောပအတွက် ပြဿနာတစ်ခု ဖြစ်လာစေသည်။ ဝယ်လက်များသည် ရရှိနိုင်သည့် ကုန်တင်သင်္ဘောများကို အပြိုင်အဆိုင် ဝယ်ယူကြရသောကြောင့် ဥရောပ၏ ရာသီဥတုက သာမန်မျှသာ ရှိနေလျှင်ပင် အာရှ၏ ဝယ်လိုအား မြင့်တက်လာမှုက ဥရောပ ပေးချေရမည့် ဓာတ်ငွေ့ဈေးနှုန်းကို ဆွဲတင်လိုက်နိုင်သည်။ နွေရာသီအတွင်း ကာတာနိုင်ငံမှ သဘာဝဓာတ်ငွေ့ရည်များ EU သို့ သိသိသာသာ ရောက်ရှိလာခြင်း မရှိကြောင်း ACER က ဆိုသည်။ ကာတာနှင့် ရုရှားတို့ထံမှ တင်ပို့မှုများ ကျဆင်းသွားသဖြင့် ယခုအခါ အမေရိကန်၏ ထောက်ပံ့မှုသည် EU တစ်ဖွဲ့လုံး စုစုပေါင်း ဓာတ်ငွေ့ရရှိမှု၏ ၃၀ ရာခိုင်နှုန်းခန့် ရှိလာသည်။ ရုရှားအပေါ် မှီခိုမှုကို လျှော့ချလိုက်ခြင်းက ဥရောပကို အမေရိကန်၏ ပို့ကုန်များနှင့် ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု ဈေးကွက်ပြိုင်ဆိုင်မှုအပေါ် ပိုမိုမှီခိုအထိခိုက်လွယ်စေခဲ့သည်။ ဤကုန်ကျစရိတ်သည် အိမ်သုံးအပူပေးစရိတ်များထက် များစွာကျော်လွန်နေသည်။ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားခြင်းကြောင့် စွမ်းအင်ပမာဏ တစ်စက်မျှ ပိုမိုဝယ်ယူရခြင်း မရှိဘဲ ဥရောပ၏ ရုပ်ကြွင်းလောင်စာ တင်သွင်းမှု ကုန်ကျစရိတ်တွင် ယူရို ၁၂၇ ဘီလီယံ အပိုထပ်ဆောင်း ကုန်ကျသွားစေကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် (Ursula von der Leyen) က ပြောကြားခဲ့သည်။ အကြွေးဝန်ထုပ်ဝန်ပိုး ပိနေပြီးဖြစ်သော အစိုးရများအနေဖြင့် စားသုံးသူများကို ထောက်ပံ့ပေးရန် ဖိအားများနှင့် ရင်ဆိုင်နေရသလို စီးပွားရေးလုပ်ငန်းများမှာလည်း ပိုမိုမြင့်မားလာသည့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များကို ခါးစည်းခံနေရသည်။ သက်တမ်း ၁၈၂ နှစ်ရှိပြီဖြစ်သော ဂျာမန် ကြွေထည်စက်ရုံတစ်ရုံသည် ၎င်း၏ မီးဖိုများကို ပိတ်သိမ်းရန် ပြင်ဆင်နေပြီး ပိုလန်နိုင်ငံမှ ဓာတ်မြေဩဇာ ထုတ်လုပ်သူများကလည်း အစိုးရ၏ ကြားဝင်ကူညီမှုကို တောင်းဆိုနေကြကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။ အပူစွမ်းအင် သို့မဟုတ် သဘာဝဓာတ်ငွေ့ ပမာဏအများအပြား လိုအပ်သည့် စက်မှုလုပ်ငန်းများအတွက် ဈေးနှုန်းမြင့်မားမှု ကာလရှည်ကြာခြင်းသည် ယာယီထုတ်လုပ်မှု လျှော့ချခြင်းမှသည် အပြီးတိုင် စက်ရုံပိတ်သိမ်းရသည့် အခြေအနေသို့ ပြောင်းလဲသွားစေနိုင်သည်။ ယေဘုယျအားဖြင့် အအေးပေါ့မည့် ဆောင်းရာသီ ဖြစ်နိုင်ကြောင်း မိုးလေဝသ ခန့်မှန်းချက်များက အနည်းငယ် စိတ်သက်သာရာ ရစေသော်လည်း ပျမ်းမျှရာသီဥတု အပူချိန်ကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်သည့် အအေးလှိုင်းဖြတ်မှုများကိုမူ ကြိုတင်တွက်ဆ၍ မရပေ။ အပူပေးစွမ်းအင် လိုအပ်ချက် ရုတ်တရက် မြင့်တက်လာပါက သိုလှောင်ထားသည့် ဓာတ်ငွေ့များကို ပိုမိုလျင်မြန်စွာ ကုန်ခန်းသွားစေမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အာရှ၌ အအေးပိုလာပါက အစားထိုးဝယ်ယူရမည့် ဓာတ်ငွေ့သင်္ဘောများ ပိုမိုဈေးကြီးသွားမည်ဖြစ်သည်။ ဥရောပသည် မိမိ၏ မဟာမိတ်များ ကိုယ်တိုင်စတင်ခဲ့သော စစ်ပွဲအတွက် ပေးဆပ်နေရခြင်း ဖြစ်သည်။ အစိုးရ၏ ထောက်ပံ့ငွေများက ကုန်ကျစရိတ်ကို ခွဲဝေကျခံပေးနိုင်သော်လည်း ပြတ်လပ်နေသည့် သဘာဝဓာတ်ငွေ့ကိုမူ အစားထိုးပေးနိုင်မည် မဟုတ်ပေ။ ပြင်းထန်သော ဆောင်းရာသီနှင့် ကြုံတွေ့ရပါက ဥရောပအစိုးရများသည် စစ်ပွဲ၏ နောက်ဆက်တွဲဂယက်များမှ ပြည်သူများကို ကာကွယ်ရန် ငွေကြေးပိုမိုသုံးစွဲရမည်ဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းရှင်များမှာမူ ထုတ်လုပ်မှု ပိုမိုလျှော့ချရခြင်း၊ စက်ရုံပိတ်သိမ်းရခြင်းနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ဆုံးရှုံးခြင်းတို့ကို ရင်ဆိုင်ရမည် ဖြစ်သည်။

ခရေပင်သစ်ဆိပ်နှင့် ကင်းသာသစ်ဆိပ်တို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် သစ်ထုတ်ရာသီတွင် ထုတ်လုပ်ထွက်ရှိခဲ့သည့် သစ်မာသစ်လုံးများနှင့် ဖမ်းဆီးရမ
ခရေပင်သစ်ဆိပ်နှင့် ကင်းသာသစ်ဆိပ်တို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် သစ်ထုတ်ရာသီတွင် ထုတ်လုပ်ထွက်ရှိခဲ့သည့် သစ်မာသစ်လုံးများနှင့် ဖမ်းဆီးရမိ ကျွန်း/သစ်မာသစ်လုံး/ခွဲသားများ ထိန်းသိမ်းထားမှု ကြည့်ရှုစစ်ဆေး နိုဝင်ဘာ ၁၁၊ ၂၀၂၆ နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၄၀/၁) ဝန်ပြန်ကျေးရွာအနီး ရှမ်းပြည်နယ် (အရှေ့/တောင်) တောင်ကြီးသစ်ထုတ်ရေးဒေသ ခရေပင်သစ်ဆိပ်နှင့် နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် တပ်ကုန်း- ပင်လောင်းကားလမ်း မိုင်တိုင်အမှတ် (၃/၀) ကင်းသာကျေးရွာအနီး နေပြည်တော်သစ်ထုတ်ရေးဒေသ ကင်းသာသစ်ဆိပ်တို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် သစ်ထုတ်ရာသီတွင် ထုတ်လုပ်ထွက်ရှိခဲ့သည့် သစ်မာသစ်လုံးများနှင့် သစ်တောဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖမ်းဆီးသစ် ကျွန်း/ သစ်မာသစ်လုံး/ ခွဲသားများ စုပုံထိန်းသိမ်းထားရှိမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် အယ်လ်နီညိုဖြစ်စဉ်အခြေအနေအပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေရေးအတွက် သစ်ဆိပ်အားလုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်၊ ဝန်ထမ်းများအား နေ့/ည အပိုင်းလိုက် အချိန်များခွဲ၍ တာဝန်ပေးအပ်သွားရန်၊ သစ်ဆိပ်ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်၊ မီးဘေး၊ ရေဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ၊ အရေးပေါ်တုံ့ပြန်ရေးအစီအမံများကို စနစ်တကျဆောင်ရွက်ထားရှိကြရန် မှာကြားပြီး သစ်ဆိပ်မီးဘေးကာကွယ်ရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆရာဇော်ဂျီစာကြည့်တိုက်ကြီးကို ဆက်လက်ရှင်သန်တိုးတက်အောင်ဝိုင်းဝန်းကြိုးပမ်းပေးကြရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်များကို အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” မှာကြားခဲ့ပြီးစာကြည့်တိုက်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျာပုံမြို့ပြည်သူ့ဆေးရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောက်ကပ်သွေးသန့်စင်ခန်း၌ ကျောက်ကပ်သွေးသန့်စင်နေသည့် လူနာများ၊ ကလေးကုသဆောင်၌ တက်ရောက်ကုသနေသည့် ကလေးလူနာများကို ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ထို့နောက် မြို့ရေပေးဝေရေး JICA ဖြင့် ရေချိုဖြန့်ဖြူးဆောင်ရွက်ထားရှိမှုတို့အား ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဖျာပုံမြို့၌တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာလုပ
+3
ဖျာပုံမြို့၌တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် ရေချိုဖြန့်ဖြူထားရှိမှုများအား လိုက်ကြည့်ရှု နိုဝင်ဘာ ၁၂၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး​ဆောင်ရွက်ထားရှိမှု၊ဖျာပုံ​ပြည်သူ့ဆေးရုံးကြီးရှိ ကျောက်ကပ်သွေးသန့်စင်ခန်း၌ ကျောက်ကပ်သွေးသန့်စင်နေသည့်လူနာများ၊ ကလေးကုသဆောင်၌ တက်ရောက်ကုသနေသည့် ကလေးလူနာများကို ကြည့်ရှုခြင်းနှင့် မြို့ရေပေးဝေရေး JICA ရေချိုဖြန့်ဖြူထားရှိမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဖျာပုံခရိုင်အတွင်း စိုက်ဧကများ တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ရေငန်ဝင်ရောက်သည့်ဒေသများတွင် စိုက်ဧကများ တိုးတက်‌စေရေး၊ ရိုးပြတ်ကျန်ဧကများမရှိ‌စေရေးနှင့် ဒုတိယသီးနှံစိုက်ပျိုးရာတွင် ရေချိုများ ရရှိ‌စေရေးအတွက် ရေငန်တားတာများတည်ဆောက်‌ပေးလျက်ရှိပါကြောင်း၊ ရေငန်ဝင်ရောက်သည့်နေရာများတွင် ရေချိုရရှိအောင်ဆောင်ရွက်၍ စိုက်ဧကများတိုးတက်အောင် နှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊စားသုံးဆီဖူလုံမှုရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ခရိုင်များအနေဖြင့် ရည်မှန်းချက်ပေးထားသည့်အတိုင်း အောင်မြင်ဖြစ်ထွန်းနိုင်သည့်နေရာများတွင် စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ စိုက်ဧကများနှင့် အထွက်နှုန်းများမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဖျာပုံခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးနှင့် သားငါးကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်သည့် ခရိုင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေး ကုန်ကြမ်းများကိုအခြေခံသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပသို့ export တင်ပို့နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်သည့်အပြင် ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်တိုးမြှင့်အဖွဲ့များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများကို သိရှိနားလည်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်‌အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စိုက်ဧကတိုးတက်ရေးနှင့် အထွက်နှုန်းတိုးတက်ဖိုလိုကြောင်း” ပြောကြားသည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ဖျာပုံခရိုင်၏ စိုက်ပျိုးရေးကဏ္ဍ၊ ပေါ်ဆန်းစပါးစိုက်ပျိုးနိုင်မှု၊ နွေစပါးစိုက်ပျိုးနိုင်ရေး စီမံထားရှိမှုနှင့် မွေးမြူရေးကဏ္ဍများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စူပါအယ်နီညိုဖြစ်စဉ်ကြောင့် ပင်လယ်ရေငန်ဝင်ရောက်မှု မြင့်တက်လာနိုင်မှုနှင့် ကြိုတင်ကာကွယ်ရေးအစီအမံ ဆောင်ရွက်မှုများနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေပေးမြောင်းများနှင့် ရေထိန်းတံခါးများ တည်ဆောက်မှုအခြေအနေများကိုလည်းကောင်း၊ ဖျာပုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေငန်တား á€á€Źá€™á€ťá€Źá€¸á€á€Šá€şá€†á€ąá€Źá€€á€şá€á€źá€„်း၊ ရေချိုရရှိမှုနှင့် နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်‌ပေးဝေ နိုင်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထိုမှတဆင့်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို၊ ဆရာဇော်ဂျီရာပြည့် စာကြည့်တိုက်၊ ဗေဒါခန်းမတွင်ပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်း အစည်းအ‌ဝေးသို့ တက်ရောက်ခဲ့ရာ ဆရာဇော်ဂျီ á€›á€Źá€•ဟည်အစဏကဟညအ်တိုက်က္ဏ်မတဎဥတွင်းရ္းမသူးက ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဒေသအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သုတ၊ ရသစာအုပ်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

💵 အီရန်အပေါ် ဆင်နွှဲသည့် အမေရိကန်စစ်ပွဲကြောင့် ပင်လယ်ကွေ့စီးပွားရေးနိုင်ငံများ ဒေါ်လာ ၁ ထရီလီယံနီးပါး ဆုံးရှုံးနစ်နာနိုင်ခြေ
💵 အီရန်အပေါ် ဆင်နွှဲသည့် အမေရိကန်စစ်ပွဲကြောင့် ပင်လယ်ကွေ့စီးပွားရေးနိုင်ငံများ ဒေါ်လာ ၁ ထရီလီယံနီးပါး ဆုံးရှုံးနစ်နာနိုင်ခြေရှိနေ အီရန်ကို ပစ်မှတ်ထားသည့် အမေရိကန်-အစ္စရေး စစ်ပွဲသည် ဘက်ပေါင်းစုံတွင် ကုန်ကျစရိတ် ကြီးမားသည့် စွန့်စားမှုတစ်ခု ဖြစ်လာခဲ့သည်။ အာမခံကုမ္ပဏီကြီး Allianz Trade ၏ အစီရင်ခံစာအရ ယင်းစစ်ပွဲကြောင့် ပါရှန်ပင်လယ်ကွေ့ စီးပွားရေးနိုင်ငံများတွင် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရှိနေပြီဖြစ်ပြီး အထူးသဖြင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများတွင် အထိနာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် စစ်ပွဲ၏ နောက်ဆက်တွဲဂယက်များကြောင့် မျှော်မှန်းထားသည့် စီးပွားရေးတိုးတက်မှုတန်ဖိုး ဒေါ်လာ ၇၉၀ ဘီလီယံခန့်အထိ ဆုံးရှုံးသွားနိုင်ခြေ ရှိနေသည်။ အဆိုပါ အစီရင်ခံစာတွင် အောက်ပါအချက်များကို ဖော်ပြထားသည်- 🔴 ပင်လယ်ကွေ့ဒေသတစ်ဝန်းရှိ အမေရိကန် အကျိုးစီးပွားနေရာများကို အီရန်၏ လက်တုံ့ပြန် တိုက်ခိုက်မှုများအတွင်း (အဓိကအားဖြင့် ကူဝိတ်၊ ကာတာနှင့် ဘာရိန်းနိုင်ငံတို့တွင်) စွမ်းအင်ဆိုင်ရာ အဆောက်အအုံပေါင်း ၈၀ ကျော် ထိမှန်ခဲ့ပြီး ယင်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ ပြင်းထန်စွာ ပျက်စီးခဲ့သည်။ ထို့အပြင် လေဆိပ်များ၊ ပင်လယ်ဆိပ်ကမ်းများနှင့် ခရီးသွားအထင်ကရနေရာများလည်း ထိခိုက်ပျက်စီးခဲ့သည်။ 🔴 ၂၀၂၆ မှ ၂၀၃၀ ပြည့်နှစ်အတွင်း စစ်ပွဲမတိုင်မီ ခန့်မှန်းချက်များနှင့် နှိုင်းယှဉ်ပါက ပင်လယ်ကွေ့နိုင်ငံများ၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ ၅.၉% နှင့် ညီမျှသော ပမာဏကို ဆုံးရှုံးနိုင်သည်။ 🔴 ပျက်စီးဆုံးရှုံးမှုများကြောင့် ခရီးသွားလုပ်ငန်းနှင့် အိမ်ခြံမြေကဏ္ဍများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ဟု ခန့်မှန်းရသည်။ 🔴 ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် အစိုးရများသည် နိုင်ငံပိုင်ကြွယ်ဝမှုရန်ပုံငွေ (Sovereign Wealth Funds) များမှ ဒေါ်လာ ၁၂၀ ဘီလီယံခန့်ကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဘက်သို့ ပြောင်းလဲအသုံးပြုရန် ရှိနေရာ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအနှီးများ သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။ 🔴 ကုန်သွယ်ရေးနှင့် ပြည်ပပိုင်ဆိုင်မှုများမှ ရရှိသည့် ပိုလျှံဝင်ငွေမှာ ထက်ဝက်ခန့်အထိ ထိုးကျသွားနိုင်သည်။ 🔴 အစိုးရများ၏ ဘဏ္ဍာငွေသုံးစွဲမှု ဦးစားပေးအစီအစဉ်များသည် ရည်မှန်းချက်ကြီးမားသော ဧရာမစီမံကိန်းကြီးများ (Mega-projects) ဘက်မှ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးဘက်သို့ ပြောင်းလဲလာနေသည်။

ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ နိုဝင်ဘာ ၁၁၊ ၂၀၂၆ ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း
ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ နိုဝင်ဘာ ၁၁၊ ၂၀၂၆ ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူ သန်းထိုက်အောင်နှင့် မခင်သီတာအောင် (ခ) မီးမီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရွာငံမြို့နယ် မြို့ကြီးရွာအနီးတွင် ပုသိမ်ကြီးမြို့နယ် ကန်ကောက်ရွာနေ သန်းထိုက်အောင် (၃၈) နှစ် မောင်းနှင်ပြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်နေ မခင်သီတာအောင် (ခ) မီးမီး (၅၄) နှစ် လိုက်ပါလာသော SUZUKI CARRY အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့နှစ်ဦး သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၆၀၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀၀၀) အား ဖမ်းဆီးရမိသဖြင့် သန်းထိုက်အောင်နှင့် မခင်သီတာအောင် (ခ) မီးမီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ အလားတူ နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးကောင်းမြို့နယ် ဖိုးချစ်ကုန်းရပ်ကွက်အနီးတွင် ဟိုပင်မြို့ မြဇေယျာရပ်ကွက်နေသူများဖြစ်သည့် စိန်ဝင်း (၄၅) နှစ် မောင်းနှင်ပြီး မကေကေဝင်း (ခ) မကေ (၄၁) နှစ် လိုက်ပါလာသော KENBO-125 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ  စိတ်ကြွဆေးပြား ၁၁၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၇၅ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် စိန်ဝင်းနှင့် မကေကေဝင်း (ခ) မကေတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း၊ရုပ်သိမ်း၊စိစစ်ခြင်းလုပ်ဆောင်မည့်ရက်များ UEC အသိပေး
ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း၊ရုပ်သိမ်း၊စိစစ်ခြင်းလုပ်ဆောင်မည့်ရက်များ UEC အသိပေး နိုဝင်ဘာ ၁၂၊ ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် ပတ်သက်သည်နေ့ရက်များကို နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိပေးထုတ်ပြန်ထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက်သည် ဒီဇင်ဘာ ၇ ရက်နေ့ဖြစ်ပြီး နောက်ဆုံးတင်သွင်းရမည့်နေရက်သည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ ထိုပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းနိုင်ကြောင်း အသိပေးထားသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့် နေ့ရက်ကိုမူ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၉ရက်အထိ သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ နမ့်စန်နှင့် မောက်မယ်မြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချော
+8
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ နမ့်စန်နှင့် မောက်မယ်မြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု ၄၂၄ စုမှ ပြည်သူ ၁,၇၃၃ ဦးကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်း ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစ
+1
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်း ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက် နိုဝင်ဘာ ၁၁၊ ၂၀၂၆ မြန်မာနှင့် ထိုင်းလေတပ် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်း ဦးဆောင်သောတပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Sakesan Kantha ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရာ တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံ၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ထိုင်းဘုရင့်လေတပ် ဌာနချုပ်မှ Deputy Chief of the Air Staff(Civil and Special Affair) ဖြစ်သူ Air Marshal Theerawat Intarapiroj၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူး Group Captain Trisanat Palakawong Na Ayudhya နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။     ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော  တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်လေတပ် ဌာနချုပ်သို့ သွားရောက်ရာ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kanthaက  ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး ထိုင်းဘုရင့် လေတပ်အောက်မေ့ဖွယ်အထိမ်း အမှတ်နေရာ၌   ဂုဏ်ပြုပန်းခွေချ အလေးပြုကြသည်။ ထို့နောက် ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်  လက်မှတ် ရေးထိုး၍ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။      ဆက်လက်၍ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် Air Technical Training School သို့ သွားရောက်ကြရာ Director  of Intelligence နှင့် Deputy Director of Education and Training တို့ကကြိုဆိုနှုတ်ဆက်ကြသည်။     ထို့နောက် Air Technical Training School မှ တာဝန်ရှိသူတစ်ဦးက သင်တန်းကျောင်း၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်၊  သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်များ၊ သင်တန်းသားအရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းကျောင်းအတွင်းရှိ Aircraft Maintenance Simulation Center အား ကြည့်ရှုလေ့လာကြသည်။     ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။     ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းတွင် RTAF Museumသို့သွားရောက်လေ့လာကြပြီး ဗန်ကောက်မြို့မှ ပြန်လည်ထွက်ခွာရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိ၍ နေပြည်တော်တိုင်းစစ် ဌာနချုပ်၊ တိုင်းမှူးနှင့်တပ်မတော်(လေ)မှ အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့်ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘ
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့်ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘန့်အား လက်ခံတွေ့ဆုံ နိုဝင်ဘာ ၁၁၊ ၂၀၂၆ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် (၅) ကြိမ်မြောက် မြန်မာ-ဘရာဇီးလ်နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘရာဇီးလ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန်ကလီဘန့်အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အဆင့်မြင့်ခရီးစဉ်များ စီစဉ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်ထောက်ခံကူညီရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိမိတို့နိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လို မိမိ
မိမိတို့နိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လို မိမိတိုနေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် မိမိတိုနိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လိုကြောင်းနိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့တွင် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနား၌ လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပါသည်။ ထိုပြင် နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး၊ မြေဆီလွှာ၊ ရေနှင့် သီးနှံအခြေအနေကို သိရှိပြီး အချိန်မီစီမံနိုင်ရေးအတွက် အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ် ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် သုတေသနပြု ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

📈🛢 နျူကလီးယားကုန်ကြမ်းများကို ဆက်လက်ထိန်းသိမ်းထားမည်ဟု အီရန်က ပြောကြားလိုက်ပြီးနောက် ရေနံကြိုတင်ရောင်းဝယ်မှုဈေးနှုန်းများ ရ
📈🛢 နျူကလီးယားကုန်ကြမ်းများကို ဆက်လက်ထိန်းသိမ်းထားမည်ဟု အီရန်က ပြောကြားလိုက်ပြီးနောက် ရေနံကြိုတင်ရောင်းဝယ်မှုဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာ အီရန်လုံခြုံရေးအကြီးအကဲ မိုဆန် ရီဇာအီး (Mohsen Rezaei) က သန့်စင်ပြီး နျူကလီးယားကုန်ကြမ်း တစ်စက်ကလေးမျှပင် နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီးနောက် Brent ရေနံစိမ်းဈေးမှာ ၁.၄ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၉၂.၇၆ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး WTI ရေနံစိမ်းဈေးမှာလည်း ၈၆.၅၃ ဒေါ်လာသို့ ခုန်တက်သွားခဲ့သည်။ 🗣 "နျူကလီးယားစွမ်းအင်သုံး သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့အတွက် ကျွန်တော်တို့မှာ ဒီသန့်စင်ပြီးသား ကုန်ကြမ်းတွေ လိုအပ်ပါတယ်" ဟု ရီဇာအီးက ပြောကြားခဲ့သည်။ ယခင်ကမူ အီရန်အပေါ် ထပ်မံတိုက်ခိုက်ရန် မလိုအပ်ကြောင်း အမေရိကန်တာဝန်ရှိသူများက လျှော့ပေါ့ပြောဆိုခဲ့ပြီးနောက် ရေနံဈေးနှုန်းများသည် ၃ ဒေါ်လာကျော်အထိ ကျဆင်းခဲ့သည်။ စစ်ပွဲပြီးဆုံးတော့မည်ဟူသော မျှော်လင့်ချက်များကြောင့် ယခုလအစပိုင်းမှစ၍ Brent နှင့် WTI ရေနံဈေးနှုန်းများမှာ ၂၁ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်းခန့် အသီးသီး ကျဆင်းထားခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံအပေါ် နောက်ထပ်ကျူးကျော်တိုက်ခိုက်မှု ထပ်မံပြုလုပ်လာပါက ဥရောပရှိ အမေရိကန်စစ်အခြေစိုက်စခန်းများသည် အီရန်၏ ဒုံးကျည်တ
အီရန်နိုင်ငံအပေါ် နောက်ထပ်ကျူးကျော်တိုက်ခိုက်မှု ထပ်မံပြုလုပ်လာပါက ဥရောပရှိ အမေရိကန်စစ်အခြေစိုက်စခန်းများသည် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုအတွက် "တရားဝင်ပစ်မှတ်များ" ဖြစ်လာလိမ့်မည်ဟု အီရန်ထိပ်တန်းလုံခြုံရေးအကြီးအကဲ မိုဆန် ရီဇာအီး (Mohsen Rezaee) က ပြောကြားလိုက်သည်။