ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 823 名订阅者,在 新闻与媒体 类别中位列第 16 357,并在 缅甸 地区排名第 10 215

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 11 823 名订阅者。

根据 17 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -230,过去 24 小时变化为 -1,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.82%。内容发布后 24 小时内通常能获得 5.19% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 807 次浏览,首日通常累积 614 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 13

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 18 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 823
订阅者
-124 小时
-487 天
-23030 天
帖子存档
ဖလမ်းမြို့သို့ နေရပ်ပြန်လာသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာသန့်ဇော်လ
+9
ဖလမ်းမြို့သို့ နေရပ်ပြန်လာသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာသန့်ဇော်လွင်နှင့် အဖွဲ့မှကြိုဆို NOM စက်တင်ဘာ ၁၈၊၂၀၂၆ စက်တင်ဘာ (၁၇) နေ့တွင် ဖလမ်းမြို့သို့ နေရပ်ပြန်ရောက်ရှိလာသည့် ဒေသခံပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များက ကြိုဆိုကြသည်။ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများအား ဂုဏ်ပြုဖျော်ဖြေရန် ရောက်ရှိလာသည့် တေးသံရှင် ထူးအယ်လင်းနှင့်အတူ ကျင်မွာလ်ရပ်ကွက် လွတ်လပ်ရေးစေတီတွင် နေရပ်ပြန်လာသူများကို ကြိုဆိုနှုတ်ဆက်ကြပြီး၊ သက်ဆိုင်ရာ ဌာနဆိုင်များမှ နေရပ်ပြန်လာသူ စုစုပေါင်း (၁၁၁) ဦးတို့၏ အချက်အလက်ကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နေရပ်ပြန်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောသည်။ ဖလမ်းမြို့အား တပ်မတော်မှ ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများသည် မေလ (၆)ရက်နေ့မှ စတင်ပြီး နေရပ်ပြန်လာကြခြင်းဖြစ်သည်။  ယခုအခါ ဌာနဆိုင်ရာရုံးများ ပုံမှန်လည်ပတ်ပြီး၊ ဖလမ်းမြို့ပေါ်လူဦးရေ၏ (၂၁ ဒသမ ၆၄)ရာခိုင်နှုန်း နေရပ်ပြန်လာပြီဖြစ်ကြောင်းနှင့် နေ့စဉ် နေရပ်ပြန်လာလျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ  အခြေခံအဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများနှင့် နေရပ်ပြန်ပြည်သူများ၏ စိတ်လုံခြုံမှုရှိစေရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ (၁၈)ရက်နေ့တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရှလွယ်ခန်းမ၌ ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။ အဆိုပါပြိုင်ပွဲအား အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ဖလမ်းမြို့ပေါ်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ (၅၉) ဦးတို့က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်း (ထက်ဆင့်)၊ မူလတန်း (အောက်ဆင့်) တစ်ဦးချင်းနှင့် အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ ပြန်လည်ထောင်ရေးလုပ်ငန်းများဖြစ်သည့် မြို့ပြနှင့်အိုးအိမ်ဦးစီးဌာန၊ (၄) ခန်းတွဲ (၂) ထပ်အိမ်ရာ (၂)လုံး ပြုပြင်နေမှုများကိုလည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ပြုပြင်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြောင်းသတင်းရရှိသည်။

အနောက်ဘက်ကမ်းခြေ (West Bank) စစ်ဆင်ရေးအတွင်း အစ္စရေးစစ်သားများက ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အဆောက်အအုံ အမိုးပေါ်မှ ပစ်ချခဲ့သည့် ဗီဒီယို။

ထိုင်းတောင်ပိုင်း တိုက်ခိုက်မှု ထိုင်းပြည့်စစ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ။

စစ်ပွဲမပြီးမီမှာပင် ရုရှားနှင့် စီးပွားရေး သဘောတူညီချက်များ ပြုလုပ်ရန် အိမ်ဖြူတော် အသင့်ဖြစ်နေ ထရန့်အစိုးရအဖွဲ့သည် ယူကရိန်းတွ
စစ်ပွဲမပြီးမီမှာပင် ရုရှားနှင့် စီးပွားရေး သဘောတူညီချက်များ ပြုလုပ်ရန် အိမ်ဖြူတော် အသင့်ဖြစ်နေ ထရန့်အစိုးရအဖွဲ့သည် ယူကရိန်းတွင် စစ်ပွဲများ လုံးဝမရပ်စဲမီမှာပင် မော်စကိုနှင့် သီးခြား စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ ပြုလုပ်ရန် စဉ်းစားနေသည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အသစ်ပြန်လည်စတင်ရန်လေးလေးနက်နက် ဆန္ဒရှိကြောင်း ပြသနိုင်မည်ဖြစ်သလို ရုရှားထိပ်သီး ခေါင်းဆောင်ပိုင်းအတွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် အကြောင်းပြချက်ကောင်းများ ရရှိစေမည်ဟု ဝါရှင်တန်က မျှော်လင့်ထားသည်။ ဤချဉ်းကပ်မှုသည် စီးပွားရေးနှင့် စစ်ရေးဖိအားများ ပိုမိုတိုးမြှင့်ရန် တောင်းဆိုနေကြသည့် အမေရိကန် ကွန်ဂရက်၊ ယူကရိန်းနှင့် ဥရောပ မဟာမိတ်များ၏ ရပ်တည်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ အမေရိကန်ကွန်ဂရက်က ရုရှားစွမ်းအင်ကဏ္ဍအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ အတည်ပြုခဲ့သော်လည်း ထရန့်၏ အဖွဲ့ကမူ စေတနာမှန် ပြသသည့်အနေဖြင့် ဆွေးနွေးပွဲများအတွက် "ဆန်းသစ်သော နည်းလမ်းများ" ကို ရှာဖွေလျက်ရှိသည်။ အမေရိကန်၊ ယူကရိန်းနှင့် ရုရှားတို့အကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲများကို အောက်တိုဘာလတွင် ပြန်လည်စတင်နိုင်ဖွယ် ရှိသည်။

ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်
ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ခြောက်မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်   စက်တင်ဘာ ၁၇၊ ၂၀၂၆   ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀ ၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားသည်။ အလားတူ အဆိုပါညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) ၌ ရေတိုက်စားမှုကြောင့် တာမိုင် ၁၂/၂ နှင့် ၁၂/၃ ကြားရှိ စွန့်ပစ်တာ၌ ယနေ့နံနက်ပိုင်းတွင် အလျားပေ ၁၆၀ ခန့် တာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။   အဆိုပါ တာကိုယ်ထည်တိုက်စားခံရမှုဖြစ်ပေါ်လျက်ရှိသည့်နေရာများ၌ ယာယီကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူးလုပ်ငန်းဆောင်ရွက်ခြင်း၊ Floating Structure တည်ဆောက်ခြင်း၊ Steel Cable Groyne ဆောင်ရွက်ခြင်း၊ စွန့်ပစ်တာအလျားပေ ၁၆၀ ခန့် ထပ်မံအိပဲ့ပြိုကျသည့်နေရာအား တာခြေထောက်ခြင်း၊ ပန်းတာတည်ဆောက်ခြင်း စသည့် မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။   ထိုသို့ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။   အလားတူ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင်ယနေ့အထိရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။   အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်း စသည့် ငဝန်ပန်း တာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။   ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။   ထိုသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံက အတိုးနှုန်းကို ၁ ရာခိုင်နှုန်းမှ ၁.၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည်။ ယခုအတိုးနှုန်းသည် ၁၉၉၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အတိုးနှုန်းဖြစ်သည်။

ပါကစ္စတန်ရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူပေါင်းများစွာ သေဆုံးကာ ဒဏ်ရာရရှိ ထို့အပြင် ကိုဟတ်မြို့ (Kohat) ရှိ ရဲစခန်းဝင်းအတွင်းသို့ အနည်းဆုံး လက်နက်ကိုင် သေနတ်သမား နှစ်ဦးက အတင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က AI ကို စစ်ပွဲတွေမှာ သုံးချင်ခဲ့ပေမဲ့ AI က အမေရိကန်ရဲ့ အဓိက အားနည်းချက်တွေကိုပဲ ရှာဖွေဖော်ထုတ်ပ
အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က AI ကို စစ်ပွဲတွေမှာ သုံးချင်ခဲ့ပေမဲ့ AI က အမေရိကန်ရဲ့ အဓိက အားနည်းချက်တွေကိုပဲ ရှာဖွေဖော်ထုတ်ပြနေ လွန်ခဲ့သည့် ဆယ်စုသုံးခုနီးပါးခန့်က ပင်တာဂွန်စစ်ဌာနချုပ်သည် လက်နက်သစ်များ ထုတ်လုပ်ရေးကိုသာ အဓိက အာရုံစိုက်ခဲ့ပြီး ဟောင်းနွမ်းနေပြီဖြစ်သည့် ကွန်ပျူတာ ကွန်ရက်များကို အဆင့်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်။ ယခုအခါ မတော်တဆ လျစ်လျူရှုခဲ့သည့် ထိုစနစ်များသည်ပင် ဉာဏ်ရည်တု AI နည်းပညာကြောင့် အမျိုးသား လုံခြုံရေးဆိုင်ရာ ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ကြောင်း Washington Post သတင်းတွင် ဖော်ပြထားသည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ ကျွန်တော်တို့ရဲ့ ကွန်ရက်နဲ့ ဒေတာတွေကို လက်နက်စနစ်တစ်ခုလို သဘောမထားခဲ့ကြတာ ဘာကြောင့်လဲ မသိပါဘူး။ စနစ်တွေကို ပြုပြင်ထိန်းသိမ်းဖို့ ကြာရှည်စွာ အချိန်ဆွဲ ပျက်ကွက်ခဲ့မှုတွေက အခုတော့ ကျွန်တော်တို့အတွက် အန္တရာယ် ဖြစ်လာပါပြီ" ဟု အမေရိကန် ကြည်းတပ် ဆိုက်ဘာ ကာကွယ်ရေး တပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ပေါလ် စတန်တွန်က ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြောကြားခဲ့သည်။ ယခုအခါ AI နည်းပညာများသည် ပင်တာဂွန်စစ်ဌာနချုပ်​၏ ကွန်ရက်များအတွင်း ယခင်က မသိရှိခဲ့သော အားနည်းချက်များကို ရှာဖွေဖော်ထုတ်နိုင်ရုံမျှမက လုံခြုံရေးအဖွဲ့များက ကာကွယ်ရေးစနစ်များ အချိန်မီ ပြန်လည်မပိတ်ဆို့နိုင်မီ အားနည်းချက်ပေါင်းများစွာကို လျင်မြန်စွာ ရှာဖွေစုံစမ်းနိုင်နေပြီ ဖြစ်သည်။ လတ်တလော ဖြစ်ပွားခဲ့သော စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်များကြောင့် AI လုံခြုံရေးနှင့် ပတ်သက်၍ ပိုမို သတိထားလာကြသည်။ OpenAI ၏ စမ်းသပ်မှုများအတွင်း မမျှော်လင့်ထားသော AI မူမမှန်ပြုမူမှုများကို ထုတ်ဖော်ပြောကြားခဲ့သလို၊ ပိုမိုစွမ်းဆောင်ရည်မြင့်မားလာသော AI စနစ်များကို ဆိုက်ဘာ တိုက်ခိုက်မှုများတွင် မသမာသော နည်းလမ်းဖြင့် အသုံးပြုလာနိုင်ကြောင်း သုတေသီများနှင့် နည်းပညာကုမ္ပဏီများက သတိပေးထားသည်။ ထို့အပြင် Anthropic ကုမ္ပဏီကလည်း ၎င်းတို့၏ Claude AI အား ပြိုင်ဘက်နိုင်ငံများ၏ စစ်တပ်များက မသမာသော နည်းလမ်းဖြင့် ရယူကာ စစ်ဆင်ရေးဆိုင်ရာ ပစ်မှတ်ရှာဖွေခြင်းများအပါအဝင် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုရန် ကြိုးပမ်းခဲ့ကြကြောင်း အစီရင်ခံထားသည်။ ပင်တာဂွန်သည် သမိုင်းတစ်လျှောက် ဆိုက်ဘာလုံခြုံရေး မြှင့်တင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၅ ခုနှစ် အမေရိကန် အစိုးရ တာဝန်ယူမှု၊ တာဝန်ခံမှုရုံး (GAO) ၏ အစီရင်ခံစာတစ်ခုတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက် နည်းပညာ (IT) အစီအစဉ် နှစ်ခု၌ ဆိုက်ဘာလုံခြုံရေး အန္တရာယ်များကို လျှော့ချရန် နည်းဗျူဟာမရှိကြောင်းနှင့် အခြားအစီအစဉ် လေးခုတွင်လည်း ပိုမိုတင်းကျပ်သော ဆိုက်ဘာလုံခြုံရေး စနစ်များ ကျင့်သုံးရန် အစီအစဉ်မရှိကြောင်းတွေ့ရှိခဲ့ရသည်။

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ပေါင်မြို့နယ်အတွင်း ခရီးသွားပြည်သူများ ဘေးအန္
+2
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ပေါင်မြို့နယ်အတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရထားလမ်းကူး (Level Crossing) များ စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး   စက်တင်ဘာ ၁၈၊ ၂၀၂၆   မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာနေကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ရောက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းကူးဂိတ်များ၏ လက်ရှိအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ရထားမောင်းနှင်သွားလာမှု လုပ်ငန်းစဉ်တစ်ရပ်လုံး လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသော ရထားလမ်းကူး (Level Crossing) များတွင် မောင်းတံဂိတ်များနှင့် ဂိတ်စောင့်ဝန်ထမ်းများကို စနစ်တကျ တာဝန်ချထားရန်၊ ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများ သတိပြုနိုင်စေရန်အတွက် "ရပ်၊ ကြည့်၊ သွား" သတိပေးအမှတ်အသားနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို ထင်သာမြင်သာရှိအောင် စိုက်ထူထားရှိရန်၊ မတော်တဆထိခိုက်မှုများ အဓိကဖြစ်ပွားစေသည့် တရားမဝင် လမ်းဖြတ်ကူးထားသောနေရာများကို စနစ်တကျ ပိတ်သိမ်းထားရှိရန် လိုအပ်သည်များကို မှာကြားခဲ့သည်။   ထို့နောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းတစ်လျှောက်သို့သွားရောက်ကာ ရထားလမ်းကူး (Level Crossing) များတွင် မောင်းတံဂိတ်များ တပ်ဆင်ထားရှိမှု၊ ဂိတ်စောင့်များ လုပ်ငန်းခွင်အဆင်သင့်ရှိမှုနှင့် တရားမဝင်လမ်းကူးများ ပိတ်သိမ်းထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ခရီးသွားမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပထမဦးစားပေးဖြစ်သဖြင့် လိုအပ်သည်များကို မိမိတို့ဌာနအလိုက် ညှိနှိုင်းပေါင်းစပ်ကာ ဖြည့်ဆည်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အီရန်​၏ လက်တုံ့ပြန်တိုက်ခိုက်မှုများအတွင်း အီတလီလေတပ်ပိုင် တိုက်လေယာဉ်တစ်စီး ထိမှန်ပျက်စီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာဒေသ
အီရန်​၏ လက်တုံ့ပြန်တိုက်ခိုက်မှုများအတွင်း အီတလီလေတပ်ပိုင် တိုက်လေယာဉ်တစ်စီး ထိမှန်ပျက်စီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာဒေသ၊ တာအိဖ်မြို့ (Taif) ရှိ ကင်းဖာဟဒ် လေတပ်စခန်း (King Fahd Air Base) အား အီရန်​၏ ညဉ့်နက်ပိုင်း လက်တုံ့ပြန် တိုက်ခိုက်မှုများအတွင်း အီတလီ လေတပ်ပိုင် F-2000 ယူရိုဖိုက်တာ (Eurofighter) တိုက်လေယာဉ်တစ်စင်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း အီတလီ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ယူကေတွင် မိဘများက ကလေးငယ်များကို မျက်နှာဖုံးစွပ်ပေးပြီး စတိုးဆိုင်များအတွင်းမှ ပစ္စည်းများခိုးယူရန် စေခိုင်း၊ မိဘများကမူ အပြင်မှ ပြုံးကြည့်နေကြ ယူကေနိုင်ငံ၊ ဘုန်းမောက်မြို့ (Bournemouth) တွင် စတိုးဆိုင်ကို ၁၉ နှစ်ကြာ ဖွင့်လှစ်ထားသူ အာဒိုဂန် ရီးဂီတိုဂလူး (Erdogan Yigitoglu) က သူ၏ဆိုင်မှာ တစ်နှစ်လျှင် ပစ္စည်းခိုးယူခံရမှုကြောင့် စတာလင်ပေါင် သောင်းပေါင်းများစွာဆုံးရှုံးနေရပြီး ၎င်း၏ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာရကြောင်း ပြောကြားခဲ့သည်။ "မိမိတို့ရဲ့ ကလေးတွေကို ဒီလိုနည်းလမ်းနဲ့ လေ့ကျင့်သင်ကြားပေးကြလိမ့်မယ်လို့ ကျွန်တော် လုံးဝ မယုံကြည်နိုင်ပါဘူး" ဟု ၎င်းက ရင်ဖွင့်ခဲ့သည်။

ကချင်KIA ဒုတပ်ရင်းမှူး ဝါကျယ်နော်တောင်ကို ရှမ်းနီအမျိုးသားများတပ်မတော်SNA မှ ဖမ်းဆီးရမိ ကချင်KIA ရဲ့ တပ်မဟာ (၉)၊ တပ်ရင်း(၆) မ
ကချင်KIA ဒုတပ်ရင်းမှူး ဝါကျယ်နော်တောင်ကို ရှမ်းနီအမျိုးသားများတပ်မတော်SNA မှ ဖမ်းဆီးရမိ ကချင်KIA ရဲ့ တပ်မဟာ (၉)၊ တပ်ရင်း(၆) မှ ဒုတပ်ရင်းမှုး ဝါကျယ်နော်တောင်ကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ကာမိုင်းမြို့နယ်ထဲမှာ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ဒုတပ်ရင်းမှူး ဝါကျယ်နော်တောင် ရဲ့ ဖုန်းထဲမှာ ပြည်သူလူထုကို သတ်ဖြတ်ထားတဲ့ ပုံများ များစွာတွေ့ခဲ့ရပြီး မူးယစ်ဆေးဝါးဖြန့်ဝေရေးဆိုင်ရာ အချက်အလက်တွေကိုလည်းမသင်္ကာဖွယ် တွေ့ရှိထားရတယ်လို့ ဆိုပါတယ်။ ကာမိုင်းမြို့နယ်ထဲက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သား စုဆောင်းတာတွေ၊ လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲပြီး ငွေနဲ့ ရွေးခိုင်းတာတွေကို ကချင် KIA တပ်မဟာ (၉) က ကျူးလွန်ထားတယ်လို့လည်း တပ်ရင်း(၆) ၊ ဒုတပ်ရင်းမှုး ဝါကျယ်နော်တောင်က ထုတ်ဖော်ပြောဆိုထားပါတယ်။ တိုက်ပွဲသတင်းစုံ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြည်သူ့စစ်တပ်ဖွဲ့များ လိုက်ပါလာသည့် ယာဉ်တန်းတိုက်ခိုက်ခံရ သောကြာနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြည်သူ့စစ်တပ်ဖွဲ့များ လိုက်ပါလာသည့် ယာဉ်တန်းတိုက်ခိုက်ခံရ သောကြာနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ်အနီးခရိုင်တစ်ခုဖြစ်သည့် နရာသီဝတ်ခရိုင် (Narathiwat)၊ သုခီရင်မြို့နယ် (Sukhirin) တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို အကြမ်းဖက်သမားများက လမ်းဘေးဗုံးထောင် တိုက်ခိုက်ခဲ့ပြီးနောက် သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ရုံဆိုင်းကျေးရွာအုပ်စု (Rom Sai)၊ မူ ၂ (Moo 2) တွင် မွန်းလွဲ ၃:၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစောပိုင်းသတင်းများအရ ဗုံးပေါက်ကွဲမှုသည် သုခီရင်မြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကို ထိမှန်ခဲ့ပြီးနောက် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကူညီပံ့ပိုးရေးတပ်ဖွဲ့များကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်၍ စစ်ကူပေးခြင်းနှင့် နယ်မြေစိုးမိုးရေး လုပ်ဆောင်လျက်ရှိသည်။ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေများကိုမူ မသိရှိရသေးပေ။ NOM

အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်လိုပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ကိုင်လိုစိတ်ရှိရန်သာဖြစ်ကြောင်း နိုင်ငံတော်သ
အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်လိုပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ကိုင်လိုစိတ်ရှိရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား ပြည်သူများအလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို အစိုးရကဖန်တီး ပေးရမည်ဖြစ်ပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ် ကိုင်လိုစိတ်ရှိခြင်းပင်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် ပြောကြားခဲ့ခြင်းဖြစ် ပါတယ်။ ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် နိုင်ငံ့ဝန်ထမ်း ရွေးချယ်ခေါ်ယူခန့်ထားရေး၌ စနစ်ကျသည့် စံသတ်မှတ်ချက်များရှိရန်လိုပြီး အတန်းပညာ အောင်မြင်မှုများအလိုက် သင့်လျော်မှန်ကန်သည့် အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

Exxon Mobil ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုရှိ အကြီးမားဆုံး ဒီဇယ်ဆီချက်စက်ရုံများထဲမှ တစ်ခုကို လည်ပတ်မှု ရပ်ဆိုင်းလိုက်သည်။ အဆ
Exxon Mobil ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုရှိ အကြီးမားဆုံး ဒီဇယ်ဆီချက်စက်ရုံများထဲမှ တစ်ခုကို လည်ပတ်မှု ရပ်ဆိုင်းလိုက်သည်။ အဆိုပါ ဆီချက်စက်ရုံသည် တစ်ရက်လျှင် ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဂါလန် ၁၁ သန်းခန့် ထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။ စက်ရုံရပ်ဆိုင်းလိုက်ရခြင်းမှာ စက်ပစ္စည်း/လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပြဿနာများကြောင့်ဖြစ်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

“အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ - Together Against Corruption” ခေါင်းစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်း
“အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ - Together Against Corruption” ခေါင်းစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးက ကျင်းပပြုလုပ်မည့် လူငယ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူမှုကြော်ငြာပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အသိပေးတိုက်တွန်းနှိုးဆော်ခြင်း

ပြည်သူ့စစ်မှုထမ်းများအား လက်မှတ်၊ တံဆိပ်နှင့် ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့် စက်တင်ဘာ ၁၈၊ ၂၀၂၆ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်
+9
ပြည်သူ့စစ်မှုထမ်းများအား လက်မှတ်၊ တံဆိပ်နှင့် ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့် စက်တင်ဘာ ၁၈၊ ၂၀၂၆ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) မှ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းများအား စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

+4
အီရန်နိုင်ငံသည် 'ဂျန်ဖာဒါ' (Janfada - မိမိကိုယ်ကို စန့်လွှတ်စွန့်စားခြင်း) စစ်ဆင်ရေး/လှုပ်ရှားမှု စတင်ခြင်း အထိမ်းအမှတ်အဖြစ် မြို့တော် တဟီရန်တွင် စစ်ကြောင်းအသီးသီးပါဝင်သည့် အဓိက စစ်ရေးပြအခမ်းအနားကြီးကို ကျင်းပလျက်ရှိသည်။ လွန်ခဲ့သည့် လေးငါးရက်က အီရန်နိုင်ငံသား သန်းပေါင်းများစွာထံ စစ်မှုထမ်းရန် ဆန္ဒရှိပြီး စွမ်းဆောင်နိုင်ပါက တပ်မတော်အတွင်း သမိုင်းဝင် တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ရန် အစိုးရထံမှ SMS စာတိုများ ပေးပို့ ဖိတ်ခေါ်ခဲ့သည်။ လာမည့် သီတင်းပတ်များနှင့် လများအတွင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ပြည်သူ့စစ်အဖွဲ့ ဖြစ်သည့် ဘာဆီးဂျ် (Basij) အဖွဲ့အတွင်းသို့ တပ်ဖွဲ့ဝင်အသစ် သောင်းပေါင်းများစွာ ဝင်ရောက်လာမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း ကြည့်ရှုစစ်ဆေး   စက်တင်ဘာ ၁၇၊ ၂၀၂၆   မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းကို ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း ဦးဆောင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့က သွားရောက် ကြည့်ရှုစစ်ဆေးသည်။   ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင် စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိနိုင်မှုအခြေအနေ၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နိုင်မှုအခြေအနေ၊ စာပေဖတ်ရှုခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိမှုအခြေအနေ၊ မိသားစုတွေ့ဆုံခွင့်နှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ အခြေအနေ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု ရှိ မရှိ အခြေအနေတို့ကို မေးမြန်းမှတ်တမ်းတင်ကာ သီးခြားတွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားသုံးဦးကိုလည်း လွတ်လပ်စွာ သီးခြားတွေ့ဆုံမေးမြန်းမှတ်တမ်းတင်ခဲ့သည်။   ထို့နောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို လှူဒါန်းသည်။   အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်း ယနေ့အတက်အကျမရှိ NOM၊စက်တင်ဘာ၁၈၊၂၀၂၆ ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ယနေ့ (စက်တင်ဘာ ၁၈ ရက်) တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ဓာတ်ဆီ 92 Ron ၃,၈၂၅ ကျပ်၊ ဓာတ်ဆီ 95 Ron ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၀ ကျပ်၊ ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ကျပ်အထိ ဖြစ်သည်။ စက်တင်ဘာ ၂၄ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။