Myanmar Hard Talk
📈 Analytical overview of Telegram channel Myanmar Hard Talk
Channel Myanmar Hard Talk (@myanmarhardtalk) in the Burmese language segment is an active participant. Currently, the community unites 32 976 subscribers, ranking 7 623 in the News & Media category and 4 425 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 32 976 subscribers.
According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -479 over the last 30 days and by 0 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 10.41%. Within the first 24 hours after publication, content typically collects 8.29% reactions from the total number of subscribers.
- Post reach: On average, each post receives 3 432 views. Within the first day, a publication typically gains 2 732 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 86.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“This is the News Channel”
Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 09 September | +8 | |||
| 08 September | +8 | |||
| 07 September | +1 | |||
| 06 September | +1 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | +3 | |||
| 02 September | 0 | |||
| 01 September | +2 |
| 2 | အိမ်ရှင်အမျိုးသမီးကြီးကိုသတ်ကာ ပစ္စည်းများယူဆောင်သွားသည့် အိမ်အကူသားအမိနှစ်ဦး ဖမ်းဆီးရမိ
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၌ အိမ်ရှင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်ထွက်ပြေးသွားသည့် အိမ်အကူသားအမိနှစ်ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ၄၁ လမ်းရှိ နေအိမ်မှ အိမ်ရှင် ဦးခင်မောင်သည် အပြင်သို့ထွက်သွားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်သိန်းမြင့်နှင့် အိမ်အကူ ဒေါ်တင်နွယ်၊ ၎င်း၏သမီး မအေးမြတ်မွန်တို့ နေအိမ်တွင် ကျန်ရှိခဲ့ကြောင်း သိရသည်။
ထိုနေ့ညပိုင်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ဦးခင်မောင်က ဇနီးဖြစ်သူ ဒေါ်သိန်းမြင့်အား နေအိမ်ရှေ့ခန်း၌ မျက်နှာပေါ်တွင် ခေါင်းအုံးနှင့် စောင်များ ဖိထားသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုဆိုသည်။
စစ်ဆေးချက်များအရ ဒေါ်သိန်းမြင့် ဝတ်ဆင်ထားသည့် စိန်နားကပ်တစ်ရံ၊ ပလတ်တီနမ်ဆွဲကြိုးတစ်ကုံး၊ ဖုန်းနှင့် Tablet တစ်လုံးတို့ အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ် ၁၄၁ သိန်း..
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-18 | 2 212 |
| 3 | ရေတာရှည်မြို့နယ်မှာ အရပ်သား ၆ ဦးကို PDF အမည်ခံအကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းမှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဒေသခံပြည်သူ အရပ်သား (၆) ဦးကို အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဥ်တစ်ခု စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။
ဖမ်းဆီးခံရသူများမှာ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ဦးစိုးဝင်း (၆၀) နှစ်၊ ဦးတင်ရှိန် (၇၂) နှစ်၊ ဦးကျော်ကျော်ဦး (၄၀) နှစ်၊ ဒေါ်ပူတူးမ (၃၇) နှစ်၊ ဒေါ်အိမိုးဝင်း (၃၅) နှစ်တို့ ၅ ဦးနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပိုင်းကျေးရွာ) မှ အထက်တန်းပြဆရာမ ဒေါ်ဌေးဌေးနွယ် (၃၇) နှစ်တို့ဖြစ်ကြသည်ဟုဆိုသည်။
၎င်းတို့ကို PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က အကြမ်းဖက်ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများကို ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။ | 2 170 |
| 4 | MHTNewsရဲ့(09-09-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
(၁)(IIMM)အစီရင်ခံစာကိုမြန်မာအစိုးရပယ်ချ၊
(၂)(KIA)ကိုငြိမ်းချမ်းရေးဆွေးနွေးဖိုဘာကြောင့်ဖိတ်တာလဲ၊
(၃)သန်လျှင်ရေနံချက်စက်ရုံပြန်လည်ပတ်ရင်ဘာတွေဖြစ်လာနိူင်သလဲ၊
(၄)အကောက်အခွန်ဝန်ဆောင်မှုလုပ်ငန်းဆိုတာဘာလဲ၊
(၅)မြန်မာ့တပ်မတော်၏ အကြမ်းဖက်နိမ်နင်းရေးစစ်ပွဲများ၊
စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews | 3 929 |
| 5 | MHTNewsရဲ့(09-09-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
(၁)(IIMM)အစီရင်ခံစာကိုမြန်မာအစိုးရပယ်ချ၊
(၂)(KIA)ကိုငြိမ်းချမ်းရေးဆွေးနွေးဖို့ဘာကြောင့်ဖိတ်တာလဲ၊
(၃)သန်လျှင်ရေနံချက်စက်ရုံပြန်လည်ပတ်ရင်ဘာတွေဖြစ်လာနိူင်သလဲ၊
(၄)အကောက်အခွန်ဝန်ဆောင်မှု့လုပ်ငန်းဆိုတာဘာလဲ၊
(၅)မြန်မာ့တပ်မတော်၏ အကြမ်းဖက်နိမ်နင်းရေးစစ်ပွဲများ၊
စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews | 3 796 |
| 6 | အမေရိကန်-အီရန် ပဋိပက္ခ ပြင်းထန်လာမှုကြောင့် Brent ရေနံစိမ်းဈေး တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော် မြင့်တက်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာပြီး အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်ပို့မှု ထိခိုက်နိုင်မည့် စိုးရိမ်မှုများကြောင့် ကမ္ဘာ့စံညွှန်း Brent ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
Brent ရေနံစိမ်းအနာဂတ်ဈေးသည် စက်တင်ဘာ ၉ ရက်တွင် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ဒသမ ၁၉ အထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ် ဒေါ်လာ ၁၀၀ အဆင့်ကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။
ရေနံဈေးနှုန်းသည် ဩဂုတ်လအစပိုင်းမှစတင်၍ ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပြီး အမေရိကန်-အီရန် ပဋိပက္ခ ဆက်လက်ပြင်းထန်လာပါက အရေးကြီးသော ရေနံလမ်းကြောင်းများဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) နှင့် ပင်လယ်နီဒေသမှ ရေနံသယ်ယူပို့ဆောင်ရေးများ ထပ်မံထိခိုက်နိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်နေသည်။
လတ်တလော အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုများနှင့် သင်္ဘောသွားလာမှုအနှောင့်အယှက်များကြောင့်....
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-16 | 2 881 |
| 7 | ❝ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဝါဒက်ဖူးလ်က AfD ၏ EU ခွဲထွက်ရေးသဘောထားကို သတိပေး❞
≋“ဥရောပသမဂ္ဂ စည်းလုံးညီညွတ်မှု ထိခိုက်ပါက စီးပွားရေးနှင့် လုံခြုံရေးကို ထိခိုက်နိုင်” ဟုဆို≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဝါဒက်ဖူးလ် (Johann Wadephul) က ဂျာမနီနိုင်ငံ၏ လက်ယာစွန်းပါတီဖြစ်သည့် AfD (Alternative for Germany) ၏ ဥရောပသမဂ္ဂ (EU) နှင့် ယူရိုဇုန်အပေါ် သဘောထားများသည် EU ၏ စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးပြောကြားလိုက်သည်။
ဝါဒက်ဖူးလ်သည် စက်တင်ဘာ ၈ ရက်က ဘာလင်မြို့တွင် ကျင်းပသည့် ဂျာမနီသံတမန်ညီလာခံဆိုင်ရာ စီးပွားရေးဖိုရမ်အတွင်း EU ကုန်သွယ်ရေးကော်မရှင်နာ မာရော့စ် ဆက်ဖ်ကိုဗစ် (Maroš Šefčovič) နှင့်အတူ ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် သီးခြားဖြေရှင်းမည့် လမ်းကြောင်းကို ပြန်သွားခြင်းအပေါ် ပြင်းပြင်းထန်ထန် သတိပေးလိုသည်” ဟု ဝါဒက်ဖူးလ်က ပြောကြားခဲ့သည်။
၎င်းက EU သည် ကမ္ဘာ့ဈေးကွက်အတွင်း ဂျာမနီ၏ စက်မှုလုပ်ငန်းများအတွက် တရားမျှတသည့် ယှဉ်ပြိုင်မှုအခြေအနေများ ရရှိစေသည့် အရေးကြီးသော အင်အားတစ်ရပ်ဖြစ်ကြောင်း....
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-15 | 2 506 |
| 8 | “စုံ/မ” ရက်ခွဲခြားမောင်းနှင်မှုစနစ် ပယ်ဖျက်၊ မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင်ပြီ
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
စက်သုံးဆီ ချွေတာသုံးစွဲရေးနှင့် လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် မော်တော်ယာဉ်များကို “စုံ” ရက်၊ “မ” ရက် ခွဲခြား၍ မောင်းနှင်အသုံးပြုရန် ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များကို စက်တင်ဘာ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီရရှိမှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် စက်သုံးဆီ ချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နှင့် ၄ ရက်တွင် “စုံ” ရက်များ၌ စုံနံပါတ်အက္ခရာပါ မော်တော်ယာဉ်များနှင့် “မ” ရက်များ၌ မနံပါတ်အက္ခရာပါ မော်တော်ယာဉ်များ မောင်းနှင်ရန် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ စက်သုံးဆီသုံးစွဲမှုမှာ ပုံမှန်တည်ငြိမ်သည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အဆိုပါ ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် မော်တော်ယာဉ်များအနေဖြင့် “စုံ” ရက်၊ “မ” ရက် ခွဲခြားမှုမရှိဘဲ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုစနစ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လက်ရှိကျင့်သုံးနေသည့် “စုံ/မ” ရက်စနစ် သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဝယ်ယူသုံးစွဲရမည်ဖြစ်ကြောင်း အသိပေးထားသည်။ | 2 553 |
| 9 | ငှက်ပျောမျှင်ဖြင့် ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများ တရုတ်နှင့် တောင်ကိုရီးယားဈေးကွက်သို့ တင်ပို့ရန် ညှိနှိုင်းဆောင်ရွက်နေ
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
ငှက်ပျောမျှင်မှ ထုတ်လုပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော လူသုံးကုန်ပစ္စည်းများကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကနဦးအနေဖြင့် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံဈေးကွက်များသို့ တင်ပို့နိုင်ရေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း Green Banana Myanmar မှ သိရသည်။
ငှက်ပျောခိုင်များ ခုတ်ယူပြီးနောက် ကျန်ရှိသည့် ငှက်ပျောပင်စည်များမှ အမျှင်များကို ထုတ်ယူကာ ခေါင်းအုံး၊ ဖိနပ်၊ ထီး၊ အိတ်၊ ပိုက်ဆံအိတ်၊ ဖျာနှင့် အခြားလူသုံးကုန်ပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်လျက်ရှိခြင်းဖြစ်ပြီး စွန့်ပစ်ပစ္စည်းများကို စီးပွားရေးတန်ဖိုးရှိသည့် ထုတ်ကုန်များအဖြစ် ပြောင်းလဲအသုံးချနေခြင်းဖြစ်သည်။
လက်ရှိတွင် ငှက်ပျောမျှင်ဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များကို လက်မှုလုပ်ငန်းအဆင့်မှ စက်မှုလုပ်ငန်းအဆင့်သို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ပြောင်းလဲနိုင်ပါက ပြည်တွင်း၊ ပြည်ပဈေးကွက်လိုအပ်ချက်များကို..
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-14 | 2 673 |
| 10 | ဘားအံမြို့တွင် AML/CFT ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေးသင်တန်း ကျင်းပ
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
ကရင်ပြည်နယ် ဘားအံမြို့တွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး (AML/CFT) အသိပညာမြှင့်တင်ရေးသင်တန်းကို စက်တင်ဘာ ၉ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ကရင်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းနှင့် ကရင်ပြည်နယ် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်း၍ ဘားအံမြို့ အမှတ်(၃)ရပ်ကွက်ရှိ တော်ဝင်ရတနာဟိုတယ်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးကိုယ်စား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်အေးနှင့် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသာမြတ်ကျော်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။
ဒေါ်ယဉ်ယဉ်အေးက ကရင်ပြည်နယ်အတွင်း အိမ်ခြံမြေအကျိုးဆောင်များနှင့်....
𝗥𝗲𝗮𝗱 𝗟𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-13 | 2 644 |
| 11 | မလေးရှားတွင် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုပေးနေသည့် “Flying Doctor” ရဟတ်ယာဉ်ပျက်ကျ၊ ဆရာဝန်နှင့် သူနာပြုများအပါအဝင် ၅ ဦး သေဆုံး
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
မလေးရှားနိုင်ငံ ဆာရာဝက်ပြည်နယ်တွင် ဝေးလံခေါင်သီဒေသများသို့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု ပေးနေသည့် “Flying Doctor Service” ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါသူ ၅ ဦးစလုံး သေဆုံးခဲ့ကြောင်း မလေးရှားအာဏာပိုင်များက အတည်ပြု ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ဆာရာဝက်ပြည်နယ်၊ Long Lellang Short Take-Off and Landing (STOL) လေဆိပ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး BO-105 အမျိုးအစား ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။
ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးနှင့် မလေးရှားကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၄ ဦး လိုက်ပါခဲ့ပြီး သေဆုံးသူများထဲတွင် ဆရာဝန်တစ်ဦး၊ ဆေးဘက်အကူဝန်ထမ်းတစ်ဦးနှင့် သူနာပြု ၂ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါရဟတ်ယာဉ်သည် မလေးရှားနိုင်ငံ၏ “Flying Doctor Service” အစီအစဉ်အတွက် အသုံးပြုနေသည့် လေယာဉ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးလက်နှင့် ဝေးလံခေါင်သီဒေသများရှိ ပြည်သူများထံ ဆေးကုသမှု၊.....
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-12 | 2 513 |
| 12 | ဘတ် ၃ သန်းကျော်တန်ဖိုးရှိတဲ့ ကြေးနီကြိုးဓားပြတိုက်ယူခဲ့တဲ့ မြန်မာ ၅ ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီး
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ ကြေးနီကြိုး ဓားပြတိုက်ယူမှုတစ်ခုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဖာန်ထောင်းမြို့နယ်မှာရှိတဲ့ စက်ရုံတစ်ရုံမှာ သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၁၀ ဦးကျော်ပါဝင်တဲ့ အုပ်စုတစ်ခုက စက်ရုံထဲ ဝင်ရောက်ကာ ကြေးနီကြိုးတွေကို ဓားပြတိုက် ယူဆောင်သွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကျူးလွန်သူတွေဟာ မျက်နှာဖုံးတွေ ဝတ်ဆင်ထားပြီး စက်ရုံလုံခြုံရေးဝန်ထမ်းကို ဓားနဲ့ခြိမ်းခြောက်ကာ ထိန်းချုပ်ထားခဲ့ပြီးနောက် စက်ရုံအတွင်းရှိ ကြေးနီကြိုးများကို ဖြတ်တောက်ယူဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ယူဆောင်သွားခဲ့တဲ့ ကြေးနီကြိုးတွေရဲ့ ဆုံးရှုံးမှုတန်ဖိုးကို ဘတ် ၃ သန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပြီး တရားခံတွေဟာ ပစ်ကပ်ကား ၂ စီး အသုံးပြုထွက်ပြေးခဲ့ကြတာလို့ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ စက်တင်ဘာ ၈ ရက်နေ့မှာ ချွန်ဘူရီနဲ့ စမွတ်ပရာကန်
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-11 | 2 647 |
| 13 | အမေရိကန် ရေအောက်ဒရုန်းကို ဖမ်းဆီးရရှိခဲ့တယ်လို့ အီရန်ကြေညာပြီး LEGO ကာတွန်းနဲ့ သရော်ဗီဒီယို ထုတ်ပြန်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
အီရန်က အမေရိကန်ရဲ့ မောင်းသူမဲ့ ရေအောက်ယာဉ် (Underwater Drone) တစ်စီးကို ဖမ်းဆီးရရှိခဲ့ကြောင်း ကြေညာပြီးနောက် အဆိုပါဖြစ်ရပ်ကို သရော်ထားတဲ့ LEGO ပုံစံ ကာတွန်းဗီဒီယိုတစ်ခုကို လူမှုကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ပါတယ်။
ဗီဒီယိုထဲမှာ အီရန်ဘက်က အမေရိကန်ရဲ့ အဆင့်မြင့် ရေအောက်ယာဉ်ကို “မင်းတို့ရဲ့ စမတ်ဝေလငါးက အခု ငါတို့လက်ထဲ ရောက်နေပြီ” လို့ ဟာသပုံစံနဲ့ ပြောဆိုထားတာဖြစ်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ်ရေလက်ကြားအဝင်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ ရေအောက်ယာဉ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။
အီရန်ဘက်ကတော့ ဒီယာဉ်ဟာ အလွန်ခေတ်မီတဲ့ စစ်ဘက်နည်းပညာပစ္စည်းဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် အမေရိကန်ဘက်ကတော့ ၎င်းယာဉ်မှာ လျှို့ဝှက်နည်းပညာများ မပါဝင်ဘဲ စစ်ဆင်ရေးအတွက် အသုံးပြုနေတဲ့ မောင်းသူမဲ့ ရေအောက်ယာဉ်တစ်စီးသာဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။ | 2 585 |
| 14 | ❝နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
ကာတွန်းကဏ္ဍ | 2 405 |
| 15 | ကမမောင်း-ဖာပွန်လမ်းကြောင်း ပြန်လည်ထိန်းချုပ်နိုင်ရေး တပ်မတော်စစ်ကြောင်းများ ဆက်လက်ဆောင်ရွက်၊ ဖျက်ဆီးခံထားရသည့် လမ်းနှင့်တံတားများ ပြန်လည်ပြုပြင်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားခဲ့သည့် ကမမောင်း-ဖာပွန်လမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်းနှင့်တံတားများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ကမမောင်း-ဖာပွန်လမ်းကြောင်းကို ထိန်းချုပ်နိုင်ရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ လမ်းကြောင်းတစ်လျှောက်ရှိ လုံခြုံရေးတပ်စခန်းများကို Drone နှင့် လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များက ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ယာယီဆုတ်ခွာပေးခဲ့ရသဖြင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက လမ်း....
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-10 | 3 343 |
| 16 | လူနာ ၆ ဦးအား နှလုံးစက်အသုံးပြုခြင်းမရှိဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်းဖြင့် ခွဲစိတ်ကုသပေးခဲ့
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ Yida Hospital၊ Shanghai University Medical School မှ Chairman and Professor of Department of Cardiovascular Surgery Center ဒေါက်တာ Feng Wan ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ နှလုံးသွေးကြောပိတ်ရောဂါ လူနာ ၆ ဦးအား နှလုံးစက်အသုံးပြုခြင်းမရှိဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာ ၆ ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပါမောက္ခ ဒေါက်တာ Feng Wan သည် ၂၀၀၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၏ နှလုံးနှင့်သွေးကြော..
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-9 | 2 854 |
| 17 | စာတတ်သူတိုင်း စာဖတ်ကြပြီး အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းဖြစ်လာရေး နိုင်ငံတော်သမ္မတတိုက်တွန်း
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက စာတတ်မြောက်ခြင်းသည် လူသားတိုင်း၏ အခြေခံရပိုင်ခွင့်တစ်ရပ်ဖြစ်သကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း၊ စာတတ်မြောက်မှသာ လေ့လာသင်ယူထားသည့် အသိပညာနှင့် အတတ်ပညာများကို အသုံးချကာ ဘဝကို ပိုမိုကောင်းမွန်စွာ ရှင်သန်ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ လူတိုင်းစာတတ်မြောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်....
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-09-8 | 3 365 |
| 18 | သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မယ်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟖》
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဟာ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ အသိပေးထားပါတယ်။
အလားတူ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်ရေး၊ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်းနဲ့ ပြည်သူများအကြား ဆက်ဆံရေး တိုးမြှင့်ရေးအပြင် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးသွားမယ်လို့..
𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-08-17 | 3 677 |
| 19 | MHTNewsရဲ့(08-09-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
(၁)ပြည်သူပေးတဲ့သတင်းစကား၊
(၂)သမ္မတကြီး၏ခရီးစဉ်များနှင့်မြန်မာ့နိူင်ငံရေး၊
(၃)ရခိုင်ပြည်စစ်ပွဲများ၊
(၄)KIA အတွက်နောက်ဆုံးနေ့ရက်များ၊
(၅)မြန်မာ့နိူင်ငံရေးနှင့်ကမ္ဘာ့အခင်းအကျင်း။
စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews | 7 051 |
| 20 | MHTNewsရဲ့(08-09-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
(၁)ပြည်သူပေးတဲ့သတင်းစကား၊
(၂)သမ္မတကြီး၏ခရီးစဉ်များနှင့်မြန်မာ့နိူင်ငံရေး၊
(၃)ရခိုင်ပြည်စစ်ပွဲများ၊
(၄)KIA အတွက်နောက်ဆုံးနေ့ရက်များ၊
(၅)မြန်မာ့နိူင်ငံရေးနှင့်ကမ္ဘာ့အခင်းအကျင်း။
စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews | 6 976 |
