cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Myanmar Hard Talk

This is the News Channel

Show more
Advertising posts
37 129
Subscribers
+1824 hours
+1137 days
+66930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
❝ဗဟိုဘဏ်မှ ယခုလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဒေါ်လာ (၅) သန်း ထုတ်ရောင်းပေး❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုဇွန်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်‌များအား Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၅)သန်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှ တဆင့် အမေရိကန်ဒေါ်လာ (၁၀)သန်းနှင့် တရုတ်ယွမ် ၁၇ ဒသမ ၅ သန်းကို ဗဟိုဘဏ်မှ ရောင်းချပေးခဲ့သည်။ ယနေ့ ဇွန်လ ၁၉ ရက်တွင် အမေရိဒေါ်လာ ငွေလဲနှုန်းမှာ ၃၇၁၂ ကျပ်ဖြစ်သည်ဟု သိရပြီး လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များမှ ဒေါ်လာဈေးများကို မယုံကြည်ဘဲ AD လိုင်စင်ရဘဏ်များက ထုတ်ပြန်သည့် ငွေလဲနှုန်းကိုသာ ယုံကြည်ကြရန် ဗဟိုဘဏ်က အသိပေးထားသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Show all...
👍 18 3
Photo unavailableShow in Telegram
❝ဂျပန်ကုမ္ပဏီ ၃၆၀ ကျော်က မြန်မာလုပ်သား ၁၅၀၀ ကျော် ခေါ်ယူရန် ကမ်းလှမ်းထား❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk ဂျပန်နိုင်ငံရှိ ကုမ္ပဏီ ၃၆၀ ကျော်က မြန်မာအလုပ်သမား ၁၅၀၀ ကျော်ကိုခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၃၆၉ ခုဖြင့် ကမ်းလှမ်းထားကြောင်း တိုကျိုမြို့ရှိမြန်မာသံရုံး၏ ဇွန် ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မေ ၇ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၆၉ ခုနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၃၆၀ ကျော်က ကမ်းလှမ်းလာသည့်အထဲတွင် မြန်မာအလုပ်သမား အမျိုးသား ၅၀၀ ကျော် ပါဝင်သလို အမျိုးသမီး ၁၀၀၀ ကျော် ပါဝင်သည်ဟု သိရသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Show all...
👍 33
Photo unavailableShow in Telegram
❝ဆရာတော်ကိုယ်တိုင်မောင်းတဲ့ကား ဆိုင်ကယ်ကိုရှောင်ရာက လမ်းဘေးသစ်ပင်ဝင်တိုက်မိလို့ ဆရာတော်တစ်ပါးပျံလွန်တော်မူကာ ဒဏ်ရာရရှိမှုများလည်းရှိခဲ့❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk မကွေးတိုင်း၊ အောင်လံမြို့နယ် ကသစ်ကန်ရွာအနီး၊ ပြည်- အောင်လံကားလမ်းမပေါ် ဇွန်လ ၁၈ ရက်နေ့က ဆရာတော်ကိုယ်တိုင်မောင်းလာတဲ့ကားတစ်စီးဟာ မျက်နှာချင်းဆိုင်ကလာနေတဲ့ ဆိုင်ကယ်ကို ရှောင်တိမ်းရာကနေ အရှိုန်မထိမ်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး လမ်းကြုံလိုက်လာတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။ ပျံလွန်တော်မူသွားတဲ့ ဆရာတော်က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဘန့်ဘွေးကုန်းရွာကဖြစ်တယ်လို့သိရပြီး ချောက်မြို့ကိုပြန်လာတဲ့ အဆိုပါကားနဲ့ လမ်းကြုံလိုက်လာစဥ်မှာ ယခုလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာလို့ ဆိုပါတယ်။ ယင်းဖြစ်စဥ်အတွင်းမှာ ယာဥ်မောင်းဆရာတော်ကတော့ ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သလို ကားပေါ်ပါလာတဲ့ ကလေးငယ်တစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ပါ ဒဏ်ရာရရှိခဲ့တာကြောင့် ပြလို့တိုက်နယ်ဆေးရုံကနေ ပြည်မြို့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Show all...
😢 20👍 15😱 1
❝𝘼𝘼 အကြမ်းဖက်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်ဆန့်ကျင်သွားဖို့ အစ္စလာမ် ဘာသာဝင်များအဖွဲ့ ထုတ်ပြန်❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk ရခိုင်ပြည်နယ်ပျက်စီးအောင် အကြမ်းဖက်သောင်းကျန်းနေတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ခေါ်) 𝘼𝘼 ကို ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်သွားကြဖို့ အစ္စလာမ် ဘာသာဝင်များအဖွဲ့က ဇွန်လ ၁၈ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားတာက ❝၁။ အစ္စလာမ်ဘာသာဝင်များသည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်တောဒေသများတွင် ရှေးနှစ်ပေါင်းများစွာကပင် အေးချမ်းစွာနေထိုင်လာခဲ့ကြပါသည်။ သို့သော်လည်း နိုင်ငံရေး၊ လူမျိုးရေး အရောင်စိုးမှုများကြောင့် ဒေသတွင်း မတည်မငြိမ်ဖြစ်ကာ နေရပ်စွန့်ခွာ ဒုက္ခသည်များအဖြစ် မိတစ်ကွဲ၊ ဖတစ်ကွဲ နေထိုင်လာရသည်မှာ ယခုအချိန်ကာလအထိ ဖြစ်ပေသည်။ ၂။ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းမှုကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဖူးပွင့်လာသည့်အချိန်ကာလတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော်၏ လူမျိုးရေးအတ္တကြောင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ အစ္စလာမ်ဘာသာဝင် များ အတိဒုက္ခရောက်ရပြန်ပါသည်။ ၃။ ၂ဝ၂၄ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော်မှ မောင်တောမြို့ဒေသခံ ပြည်သူလူထုအား စစ်ရေးအကြောင်းပြ၍ ၂ဝ၂၄ ဇွန်လ ၁၆ ရက် ည ၉ နာရီအချိန်မှစတင်ပြီး မြို့မှ အမြန်ဆုံးချက်ချင်းထွက်ခွာရန် ထုတ်ပြန်လာမှုအပေါ် အစ္စလာမ်ဘာသာဝင် အဖွဲ့များအားလုံးမှကန့်ကွက်သည့်အပြင် ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော်အား ဘုံရန်သူအဖြစ် သတ်မှတ်ဆန့်ကျင်သွားရန် အသိပေးထုတ်ပြန်အပ်ပါသည်။ အစ္စလာမ်ဘာသာဝင်များအဖွဲ့❞ ဆိုပြီး ထုတ်ပြန်ထားပါ။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Show all...
Myanmar Hard Talk

This is the News Channel

👍 63😁 5
Photo unavailableShow in Telegram
❝𝘼𝘼 အကြမ်းဖက်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်ဆန့်ကျင်သွားဖို့ အစ္စလာမ် ဘာသာဝင်များအဖွဲ့ ထုတ်ပြန်❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk သတင်းအပြည့်အစုံ 👇👇👇👇👇👇👇
Show all...
👍 47😁 2 1
❝အင်ဒိုနီးရှားနိုင်ငံရှိ အာဆီယံအမွေအနှစ်ဥယျာဉ်များသို့ မြန်မာနိုင်ငံမှ သစ်တောဦးစီးမှူးများ ၅ ရက်ကြာ သွားရောက်လေ့လာမည်❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk အာဆီယံအမွေအနှစ်ဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များသို့ မြန်မာနိုင်ငံမှ သစ်တောဦးစီးမှူးများ ၅ ရက်ကြာ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေ့လာရေးခရီးစဉ်သည် ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး ယင်းခရီးစဥ်အတွင် နတ်မတောင်အမျိုးသား ဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးကန်ဘေးမဲ့တော၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ပုပ္ပားတောင်အမျိုး သားဥယျာဉ်နှင့်ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့မှ အုပ်ချုပ်ရေးမှူးများနှင့် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူများ ပါဝင်မည်ဟုဆိုသည်။ Read More... https://telegra.ph/Myanmar-Hard-Talk-06-19-4
Show all...
👍 51 9
❝အကြမ်းဖက် NUG က လူပွဲစားတွေ တရားမဝင် ခေါ်သွင်းထားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇၀ နီးပါး ထိုင်းမှာအဖမ်းခံရ❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk အကြမ်းဖက် NUG နဲ့ ခေတ်သစ်အပါအဝင် မီဒီယာအမည်ခံ လူကုန်ကူးသမားတွေက နစကရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းရှာပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးသွင်းထားတဲ့ မြန်မာနိုင်ငံသား ၇၀ နီးပါးကို ထိုင်းနိုင်ငံ၊ ပတ္တယားမြို့လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် ဇွန်လ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ ချွန်ဘူရီပြည်နယ်၊ ဘန်လာမန်ဒေသမှာရှိတဲ့ အမှတ် (၁၀)ကျေးရွာအတွင်းကို သတင်းအရ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာကနေ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၈ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တာလို့ သိရပြီး အဲဒီအထဲမှာ အမျိုးသား ၆၀ ဦးနဲ့ အမျိုးသမီး ၈ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ထိုင်းသတင်းဖော်ပြမှုတွေထဲမှာ အဆိုပါ မြန်မာနိုင်ငံသားတွေဟာ NUG နဲ့ မီဒီယာအမည်ခံ လူကုန်ကူးဂိုဏ်းတွေက ခေါ်ယူထားသူတွေဖြစ်ကြောင်း ဖော်ပြမထားပေမယ့် ယခုအဖမ်းခံရသူအများစုဟာ အဲဒီ အကြမ်းဖက် NUG နဲ့ ပြည်ဖျက်မီဒီယာ လူကုန်ကူးသူတွေက ပုံစံအမျိုးမျိုးနဲ့ ခေါ်သွင်းထားတာဖြစ်တယ်လို့ မဲဆောက်သတင်းရင်းမြစ်တစ်ခုက MHT ကို ပြောပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသား ၆၈ ဦးကို အသေးစိတ်ထပ်မံစုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်တာတွေနဲ့ လိုအပ်သလို အရေးယူမှုတွေကိုပါ လုပ်ဆောင်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Show all...
Myanmar Hard Talk

This is the News Channel

👍 77😢 3😱 1
❝အကြမ်းဖက် NUG က လူပွဲစားတွေ တရားမဝင် ခေါ်သွင်းထားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇၀ နီးပါး ထိုင်းမှာအဖမ်းခံရ❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk သတင်းအပြည့်အစုံ 👇👇👇👇👇👇👇
Show all...
👍 62😢 5😁 3 1
Photo unavailableShow in Telegram
ယနေ့ (၁၉- ၆- ၂၀၂၄) ရက် ဒေါလာဈေး။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Show all...
👍 59
Photo unavailableShow in Telegram
❝ယနေ့ ရွှေအဖွင့်ဈေး အနည်းငယ်ကျဆင်း❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟗〕 https://t.me/myanmarhardtalk ဒီကနေ့ (ဇွန်လ ၁၉ ရက်)၊ နံနက်ပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေစျေးကွက် အဖွင့်ဈေးနှုန်းက ရန်ကုန်- ၄,၅၈၄,၈၆၃ ကျပ်နဲ့ မန္တလေး ၄,၅၇၄,၈၆၃ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ ယမန်နေ့ ဇွန်လ ၁၈ ရက် ညနေပိုင်းက အကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်း(ရန်ကုန်) ဟာ ၄,၅၈၈,၂၁၆ ကျပ်ဖြစ်တာကြောင့် ဒီကနေ့မှာ ၃၃၅၃ ကျပ် ကျဆင်းသွားတာ တွေ့ရပါတယ်။ ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးအနေနဲ့ YGEA ရဲ့ ယခု သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်း၊ အဝယ်ပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Show all...
👍 57