cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Myanmar Hard Talk

This is the News Channel

Ko'proq ko'rsatish
Reklama postlari
37 783
Obunachilar
+3024 soatlar
+1117 kunlar
+69430 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

MHTNewsရဲ့( 16-07-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့ - မေမြို့ကကိုယ်ပိုင် အထက်တန်းကျောင်းတွေမှာဖြစ်သွားတဲ့ကိစ္စ၊ - ကြောက်စရာကူးဆက်မြန်ဝမ်းရောဂါ၊ - မြန်မာ့ပြဿနာတွေကိုကုလအဖွဲ့ဝင်နိူင်ငံတွေကဘာကြောင့်အခုမှစိုးရိမ်တာလဲ၊ - ဒေါ်နယ်ထရန်အမေရိကန်သမ္မတဖြစ်လာနိူင်မလား၊ - စစ်ပွဲတွေကိုအလေးထားသလို စစ်ရှောင်တွေကိုလည်းကူညီသင့်၊ စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။ K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။ #mhtnews
Hammasini ko'rsatish...
MHT News (16-07-2024).m4a79.89 MB
👍 139 16😁 1
57:44
Video unavailableShow in Telegram
MHTNewsရဲ့( 16-07-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့ - မေမြို့ကကိုယ်ပိုင် အထက်တန်းကျောင်းတွေမှာဖြစ်သွားတဲ့ကိစ္စ၊ - ကြောက်စရာကူးဆက်မြန်ဝမ်းရောဂါ၊ - မြန်မာ့ပြဿနာတွေကိုကုလအဖွဲ့ဝင်နိူင်ငံတွေကဘာကြောင့်အခုမှစိုးရိမ်တာလဲ၊ - ဒေါ်နယ်ထရန်အမေရိကန်သမ္မတဖြစ်လာနိူင်မလား၊ - စစ်ပွဲတွေကိုအလေးထားသလို စစ်ရှောင်တွေကိုလည်းကူညီသင့်၊ စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။ K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။ #mhtnews
Hammasini ko'rsatish...
FZCF5240.MP4455.54 MB
👍 132 24💩 1
Photo unavailableShow in Telegram
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို လေးရက်အတွင်း ဒေါ်လာ ၁၅ သန်းကျော်နှင့် တရုတ်ယွမ် ၅ သန်း ဗဟိုဘဏ်ရောင်းချ၊ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~16〕 ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို Online Trading Platform ကတစ်ဆင့် တရုတ်ယွမ် ငါးသန်းကို ဗဟိုဘဏ်က ရောင်းချခဲ့တယ်လို့ သိရပါတယ်။ Online Trading Platform ကတစ်ဆင့် အခုလို ရောင်းချခဲ့တာကြောင့် လေးရက်အတွင်း ဒေါ်လာ (၁၅)သန်းကျော်နှင့် တရုတ်ယွမ် ငါးသန်းကို ရောင်းချနိုင်ခဲ့တယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အခုလို ရောင်းချရာမှာ ဇူလိုင်လ (၂ )ရက်နေ့က ဒေါ်လာ ငါးသန်းကိုလည်းကောင်း၊ ဇူလိုင်လ (၃)ရက်နေက Online Trading Platform မှာ နိုင်ငံခြားသုံးငွေတွေ ရောင်း ဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေကတစ်ဆင့် နိုင်ငံခြားငွေဝယ်ယူလိုကြောင်း တင်ပြလာတဲ့ စားသုံးဆီ၊ ဓာတ်မြေသြဇာ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဒေါ်လာ (၅)ဒသမ (၄ )သန်း၊ ဇူလိုင်လ (၁၀)ရက်နေ့က ဒေါ်လာ ငါးသန်း၊ ဇူလိုင်လ (၁၅)ရက်နေ့က နိုင်ငံခြားငွေကြေးစျေးကွက်မှာ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တွေကို Online Trading Platform ကတစ်ဆင့် တရုတ်ယွမ် ငါးသန်းကို ဗဟိုဘဏ်က ရောင်းချပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇွန်လအတွင်းကလည်း ဗဟိုဘဏ်အနေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို Online Trading Platform ကတစ်ဆင့် ထိုင်းဘတ်သန်း (၄၀)နဲ့ ဒေါ်လာ (၅ )သန်းကို ရောင်းချပေးခဲ့ကြောင်းလည်း သိရပါတယ်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Hammasini ko'rsatish...
👍 119 15😁 2
Photo unavailableShow in Telegram
တောင်သူအစုအဖွဲ့များ စုပေါင်း၍ နှမ်းသီးနှံ စုပေါင်းရောင်းချပွဲကို တစ်လတာကျင်းပ၊ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~16〕 မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ တိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေး အဖွဲ့ (RFDA)၊ မြို့နယ်တောင်သူ အကျိုးဆောင် အသင်း (FFA) နှင့် မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေး ကုမ္ပဏီတို့ပူးပေါင်း၍ ဇူလိုင်လ(၁၅ )ရက်တွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ၌ နှမ်းသီးနှံစုပေါင်း ရောင်းချပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါတောင်သူအစုအဖွဲ့များ စုပေါင်း ကျင်းပသည့် နှမ်းသီးနှံစုပေါင်း ရောင်းချပွဲကို ဇူလိုင်လ (၁၅)ရက်မှ သြဂုတ်လ (၁၅)ရက်အထိ တစ်လတာ ကျင်းပမှာဖြစ်ပြီး ဆီထွက်သီးနှံနှမ်းများ ဝယ်ယူရာတွင် အရည်အသွေး ကောင်းမွန်မှုပေါ်မူတည်၍ (A,B,C) အဆင့်များ သတ်မှတ်ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်၌ မြို့နယ်တောင်သူ အကျိုးဆောင်အသင်း (FFA) အဖွဲ့က ယခုကဲ့သို့ တောင်သူသီးနှံ စုပေါင်းရောင်းချပွဲကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တောင်သူအသိပညာပေး ဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုး ရေးလုပ်ငန်းသုံး သွင်းအားစုပစ္စည်းများ အချိုးကျ သုံးစွဲတတ်စေရေးနှင့် သဘာဝ မြေသြဇာအသုံးပြုရေး ဆိုင်ရာများကို အသိပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Hammasini ko'rsatish...
👍 86 5
စားသုံးဖို့မသင့်တဲ့ အစားအသောက် (၁၄)မျိုး ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်၊ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~16〕 ခွင့်မပြုဆိုးဆေးနဲ့ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းတွေကို သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲထားတဲ့ စားသုံးဖို့မသင့်တဲ့ အစားအသောက် ၁၄ မျိုးကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။ ဈေးဆိုင်တွေ၊ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ဝယ်ယူစစ်ဆေးရာ အစားအသောက် (၁၄)မျိုးဟာစားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ခွင့်မပြု‌ဆိုးဆေးများ ပါဝင်နေမှုနဲ့ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းတွေကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို့ ထုတ်ပြန်အသိပေးထားတဲ့ မစားသုံးသင့်တဲ့ အစားသောက်တွေထဲမှာ ပဲခူးတိုင်းက ၇ မျိုး၊ မကွေးတိုင်းက ၃ မျိုး၊ ရခိုင်ပြည်နယ်က ၂ မျိုုး၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁ မျိုး၊ ဧရာဝတီတိုင်းက ၁ မျိုးတို့ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီအစားအသောက်တွေကို ရေရှည်စားသုံးမိရင် အစာအိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီးခြင်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့အတွက် စားသုံးခြင်းမပြုရန် အသိပေးထားတာ ဖြစ်ပါတယ်။ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေဟာ အစားအသောက်တွင်သုံးစွဲဖို့ ခွင့်မပြုတဲ့ ဆိုးဆေးတွေ၊ တာရှည်ခံဓာတုပစ္စည်းတွေကို လုံးဝအသုံးမပြုရန်နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ၂၈(က) အရ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Hammasini ko'rsatish...
👍 86😱 4 3😁 1
Photo unavailableShow in Telegram
❝မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးနည်းလမ်းအသစ်အဖြစ် ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုအတွက် ပို့ကုန်လိုင်စင် ၁၅ စောင်နှင့် သွင်းကုန်လိုင်စင် ၅၉၈ စောင် ခွင့်ပြုထား❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~𝟏𝟔〕 နယ်စပ်ကုန်သွယ်ရေး နည်းလမ်းအသစ်တစ်ခုအဖြစ် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး (ရန်ကုန်-ကော့သောင်း-ရနောင်း)နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်)ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုအတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈ ရက်အထိ ပို့ကုန်လိုင်စင် ၁၅ စောင်နှင့် သွင်းကုန်လိုင်စင် ၅၉၈ စောင် ခွင့်ပြုထားကြောင်း သိရသည်။ အဆိုပါ ပို့ကုန်လိုင်စင် ၁၅ စောင်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ သန်းကျော်ရှိသလို သွင်းကုန်လိုင်စင် ၅၉၈ စောင် ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်ရှိသည်ဟုဆိုသည်။  ထိုသို့ ကုန်သွယ်မှုဆောင်ရွက်ခွင့်ကို သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်... Read More... https://telegra.ph/Myanmar-Hard-Talk-07-16-7
Hammasini ko'rsatish...
👍 109 10😁 1😢 1
Photo unavailableShow in Telegram
ယူအေအီးနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသူ မြန်မာနိုင်ငံသူတစ်ဦးအား နိူင်ငံတော်အစိုးရမှပြန်လည်ခေါ်ဆောင်ပေးခဲ့၊ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~16〕 ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မဇူးဇူးလှိုင်အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဇူလိုင်လ (၁၄)ရက်နေ့က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဒူဘိုင်း - ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ဇူလိုင်လ (၁၄)ရက်နေ့ ည ၁၀ နာရီကျော်မှာ ရောက်ရှိခဲ့ကြောင်း သိရသည်။ အသက်က (၂၁ )နှစ်အရွယ် မြန်မာနိုင်ငံသူ မဇူးဇူးလှိုင်သည် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ အလုပ်လုပ် ကိုင်ရန်ရောက်ရှိစဉ် အေးဂျင့်ရုံးမှ နိုင်ငံကူးလက်မှတ်၊ ဖုန်းနှင့် ခရီးဆောင်အိတ်တို့ကို သိမ်းဆည်းထားခဲ့ပြီး အေးဂျင့်ရုံးနေရာခြောက်နေရာသို့ တစ်နှစ်အတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ရသော်လည်း အလုပ်အကိုင်မရခဲ့သောကြောင့် နောက်ဆုံးတွင် အေးဂျင့်ရုံးတစ်ခုမှ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ဆက်သွယ်အကြောင်းကြားပေးမှုဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် စာရွက်စာတမ်းများရရှိရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွါခွင့်ရရှိခဲ့တာဖြစ်တယ်လို့ မဇူးဇူးလိုင်ရဲ့ပြောဆိုချက်အရ သိရပါသည်။ ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့်အဆင် မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေးဂျင်စီရုံးများနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်ထံ လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့နေကြရကြောင်း နစကအစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကလည်း အရှေ့အလယ်ပိုင်းနိုင်ငံများကို နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်အလုပ်လုပ်ကိုင်ရန်စေလွှတ်မှုမရှိကြောင်းလည်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်တိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေကြောင်းလည်း သိရသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Hammasini ko'rsatish...
👍 72 9
Photo unavailableShow in Telegram
ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကျင်းပ၊ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~16〕 ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Yangon Regional Tourism Development Forum) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၁၅ )ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဒေါက်တာသက်သက်ခိုင်ကရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းနှင့်ခရီးစဉ် ဒေသများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျှော်မှန်း၍ လက်တွေ့ကျပြီး စနစ်တကျဆောင်ရွက်နိုင်သည့်အစီအမံများကို တက်ရောက်လာကြသူများအားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း၊ ယခုဖိုရမ်မှရရှိလာမည့် ဆွေးနွေးမှုရလဒ်များကိုလည်း အထူးဂရုပြုအလေးထားပြီး ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လည်းရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO)များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များပါဝင်သည့် အဖွဲ့ငါးဖွဲ့ဖွဲ့၍ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးဆောင်ရွက်မည့်အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အထောက်အကူပြုစေနိုင်မည့် စီမံချက် (Yangon Regional Tourism Development Plan)ကို ရေးဆွဲနိုင်ရေးဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဆွဲဆောင်မှု အရင်းအမြစ်များအပေါ်မူတည်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများအားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်းလည်း ဒေါက်တာသက်သက်ခိုင်က ပြောဆိုခဲ့ကြောင်း သိရသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Hammasini ko'rsatish...
👍 70 4😁 3
Photo unavailableShow in Telegram
ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ၊ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~15〕 ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဇူလိုင်လ (၁၅ )ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)တို့အကြား လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ UNFPA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Hammasini ko'rsatish...
👍 77😁 3 1
Photo unavailableShow in Telegram
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ကတ်စနစ်/မိုဘိုင်းပေးချေမှုနဲ့ ငွေပေးချေနိုင်ရေး ဆွေးနွေး၊ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~16〕 အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ကတ်စနစ်/မိုဘိုင်းပေးချေမှုနဲ့ ငွေပေးချေမှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးကို နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို လက်ခံတွေ့ဆုံစဉ်မှာ ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တွေ့ဆုံစဉ်မှာ အိန္ဒိယ ရူပီး/မြန်မာကျပ် တိုက်ရိုက်ငွေပေးချေမှုနည်းလမ်းနဲ့ လက်ရှိဆောင်ရွက်နေတဲ့ကုန်သွယ်မှုမှာ ပိုမိုအကျိုးရှိစေနိုင်တဲ့ ကိစ္စရပ်တွေနဲ့ မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား ကတ်စနစ်/မိုဘိုင်းပေးချေမှုနဲ့ ငွေပေးချေမှုလုပ်ငန်းတွေဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဗဟိုဘဏ်ဘက်က သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Hammasini ko'rsatish...
👍 94 4😁 3
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.