cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Myanmar Hard Talk

This is the News Channel

Mostrar más
Publicaciones publicitarias
37 367
Suscriptores
+2024 horas
+1817 días
+63630 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
❝ရေမော်တာနဲ့ အိမ်သုံးရေတင်ရာကနေ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်မှာ ဇွန်လ ၃၀ ရက်၊ ညနေ ၆ နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦးဟာ ရေမော်တာနဲ့ အိမ်သုံးရေတင်တာကနေ ဓာတ်လိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ရွှေကြေးစည်လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။ အဲဒီဖြစ်စဥ်က ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသားဟာ အသက် ၃၂ နှစ်အရွယ် လူပျိုကြီးတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်စဥ်ဖြစ်ပွားရာနေရာကို ရွှေကြေးစည်လူမှုကူညီရေးအသင်းက သွားရောက်ကူညီပေးခဲ့ပေမယ့် အဲ့ဒီရွာကနေ ဆေးရုံကိုရောက်ဖို့ မိနစ် ၂၀ လောက်မောင်းရတဲ့အပြင် လမ်းကလည်းဆိုး လူနာအခြေနေကလည်း ဆိုးတာကြောင့် လမ်းမှာပဲဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပြီး ရုပ်အလောင်းကိုတော့ မန္တလေးပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Mostrar todo...
❝ရုရှားနိုင်ငံ၌ကျင်းပသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော် (နဂါးလှေလှော်) ပြိုင်ပွဲတွင် မြန်မာအသင်းပထမ (ရွှေတံဆိပ်) ဆု (၂) ခုဖြင့် နိုင်ငံအလိုက် အဆင့်ပထမရရှိ❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန် (၂၈) ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေလှော်ပြိုင်ပွဲ) (International Sports Festival Altai Regatta. Dragon Festival) ပြိုင်ပွဲ၌ မြန်မာအသင်းက ပထမ (ရွှေတံဆိပ်) ဆု (၂) ခုရရှိပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်၌ ပထမနေရာတွင်ရပ်တည်လျှက်ရှိကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဇွန်လ ၂၈ ရက်၊ ဒေသစံတော်ချိန် ၂ နာရီ ၄၀ မိနစ်တွင် ကျင်းပခဲ့သည့် မီတာ (၂၀၀) အမျိုးသား (၁၀)တက်လှော်ပြိုင်ပွဲတွင် စံချိန် ၄၃ ဒသမ ၆၀၂ ဖြင့် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်တွင်ကျင်းပခဲ့သည့် မီတာ (၅၀၀) အမျိုးသား (၁ဝ) တက် လှော်ပြိုင်ပွဲတွင် ဒုတိယမြောက် ပထမ (ရွှေတံဆိပ်) ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒေသစံတော်ချိန် (၁၃:၃၀) နာရီတွင် ဆက်လက်ကျင်းပသည့် အမျိုးသား (၁၀) တက်လှော်မီတာ (၂၀၀၀) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အဆင့် (၆) ဖြင့်သာကျေနပ်ခဲ့ရသော်လည်း ပြိုင်ပွဲဝင်အသင်း (၇) နိုင်ငံအနက် နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်၌ ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Mostrar todo...
Myanmar Hard Talk

This is the News Channel

👍 25 8🤮 1
❝ရုရှားနိုင်ငံ၌ကျင်းပသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော် (နဂါးလှေလှော်) ပြိုင်ပွဲတွင် မြန်မာအသင်းပထမ (ရွှေတံဆိပ်) ဆု (၂) ခုဖြင့် နိုင်ငံအလိုက် အဆင့်ပထမရရှိ❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk သတင်းအပြည့်အစုံ 👇👇👇👇👇👇👇
Mostrar todo...
👍 16 7
Photo unavailableShow in Telegram
❝အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင် အစည်းအဝေးနှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ ဟိုတယ်/ခရီး ဒုဝန်ကြီးတက်ရောက်❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) ၏ ပထမအကြိမ် အာရှနှင့်ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်နှင့် (၃၆) ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေးသို့ တက်ရောက်ရန် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနအတွင်းဝန်တို့၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်ဟု သိရသည်။ အဆိုပါ ဖိုရမ်နှင့် အစည်းအဝေးတို့ကို ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၈ ရက် အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံစီဘူးမြို့ Read More... https://telegra.ph/Myanmar-Hard-Talk-07-01-6
Mostrar todo...
👍 54 9😁 1🤮 1
Photo unavailableShow in Telegram
❝မြစ်ရေဝင်ရောက်နေမှုကြောင့် ရေဘေးသင့်နေသည့် ဒေသခံပြည်သူ ၃၀၀ ကျော်ကို တပ်မတော်သားများက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာအတွင်းသို့ ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းက ရေ ခြောက်ပေခန့် ဝင်ရောက်ခဲ့သည်ဟု သိရသည်။ အဆိုပါ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည့်နေရာများသို့ နယ်မြေခံတပ်မတော်သားများကသွားရောက်၍ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၅၀ ခန့်၊ လူဦးရေ ၃၈၀ ခန့်တို့ကို ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။ လက်ရှိတွင် အဆိုပါ ရေဘေးသင့်ပြည်သူများက်ု အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းတွင် ယာယီထားရှိသည်ဟု သိရပြီး အခြားလိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Mostrar todo...
👍 63 22
❝မီတာယူနစ်တွေ လိုဖတ်/ ပိုဖတ်မဖြစ်အောင် သတ်မှတ်ကာလအတွင်း မီတာကို မှန်ကန်စွာဖတ်ရှုပြီး စာရင်းရေးသွင်းဖို့ လျှပ်စစ်ဒုဝန်ကြီး တိုက်တွန်း❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk ပြည်သူများ၏ ဓာတ်အားသုံးစွဲမှု မှန်ကန်မှုရှိစေရန် မီတာယူနစ်များ လိုဖတ်/ ပိုဖတ်ခြင်းမရှိစေရေးအတွက် သတ်မှတ်ကာလအတွင်း မီတာများမှန်ကန်စွာဖတ်ရှု၍ စာရင်းရေးသွင်းရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က တိုက်တွန်းပြောကြားသည်။ ဇွန်လ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံစဥ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍လည်း ဓာတ်အားခများ အပြည့်အဝကောက်ခံ ရရှိရေးနှင့် ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးအတွက် နေ့စဉ်ကောက်ခံရရှိငွေစာရင်းနှင့် ဓာတ်အားခ တောင်းခံလွှာ လက်ခံဖြတ်ပိုင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်/ပျက်/နှေး မီတာများကို ပုံမှန်ကွင်းဆင်းစစ်ဆေး၍ အမြန်ဆုံးအစားထိုး လဲလှယ်တပ်ဆင်ပေးရန်လည်း ဒုဝန်ကြီးက မှာကြားသည်။ အလားတူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လည်း လျှပ်စစ်စွမ်းအားဒုဝန်ကြီးက မှာကြားခဲ့သည်ဟု သိရသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Mostrar todo...
Myanmar Hard Talk

This is the News Channel

👍 61
Photo unavailableShow in Telegram
❝မီတာယူနစ်တွေ လိုဖတ်/ ပိုဖတ်မဖြစ်အောင် သတ်မှတ်ကာလအတွင်း မီတာကို မှန်ကန်စွာဖတ်ရှုပြီး စာရင်းရေးသွင်းဖို့ လျှပ်စစ်ဒုဝန်ကြီး တိုက်တွန်း❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk သတင်းအပြည့်အစုံ 👇👇👇👇👇👇👇
Mostrar todo...
👍 59
❝ခရီးသည်တင်ကား (၈) စီးကို PDF အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူတစ်ဦးသေဆုံးပြီး သံဃာတော်တစ်ပါးအပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိ❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး မြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်များကို လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ကာ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူအချို့သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဉ်သည် ယမန်နေ့ ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-မုံရွာ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်များဖြစ်သော ရွှေစင်စင်္ကြာ၊ စိန်ဌေးလှိုင်၊ နယူးစွမ်း၊ FAMOUS (၃) စီး၊ ရွှေမန္တလာနှင့် ရွှေသလ္လာခရီးသည်တင်ယာဉ်၊ စုစုပေါင်း ၈ စီးတို့မှာ ရန်ကုန်မြို့မှ ထွက်ခွာလာစဥ် အခင်းဖြစ်နေရာအရောက်၌ အပြမ်းဖက်သမားများ၏ တိုပ်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။   ထိုသို့ တိုက်ခိုက်ထံရမှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါးနှင့် အမျိုးသား ၁၃ ဦး... Read More... https://telegra.ph/Myanmar-Hard-Talk-07-01-5
Mostrar todo...
😢 59👍 17😁 2🤮 2
Photo unavailableShow in Telegram
❝စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်း❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~ 𝟏〕 https://t.me/myanmarhardtalk ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ယနေ့ ဇူလိုင် ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၈၅ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါဈေးနှုန်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းမှာ ၅၄၀၀ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်တွင် ၁၅ ကျပ် ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။ #𝙈𝙃𝙏𝙉𝙀𝙒𝙎
Mostrar todo...
👍 70😁 3💩 1
❝MRF ထုတ်ပြန်တဲ့ဈေးနှုန်းထက်ပိုမိုဈေးနှုန်းမြှင့်တင် ရောင်းဝယ်နေတဲ့ ဆန်/စပါးလုပ်ငန်းရှင်တွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း နစကထုတ်ပြန်❞ 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙇𝙔 ~𝟏 〕 https://t.me/myanmarhardtalk မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ လစဉ်ထုတ်ပြန် သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ပိုမိုဈေးနှုန်းမြှင့်တင် ရောင်းဝယ်နေသည့် ဆန်/စပါးလုပ်ငန်းရှင်များကို ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်အရ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါး လုပ်ငန်းရှင် ၅၈ ဦးတို့ကို လုံခြုံရေးအဖွဲ့အစည်းများက ဖော်ထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးခဲ့ရာ လုပ်ငန်းရှင် ၅၈ ဦးအနက် ၂၇ ဦးသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ လစဉ်ထုတ်ပြန် သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမို ရယူကာရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သလို လုပ်ငန်းရှင် ၂၄ ဦးမှာ... Read More... https://telegra.ph/Myanmar-Hard-Talk-07-01-4
Mostrar todo...
👍 73 11💩 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.