cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Kyimyindaing Networks

ပြည်သူနှင့်အတူ - KMD18 Kyimyindaing Scout Channel - KSC ကြည့်မြင်တိုင်မြို.နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ. Contact 📌 @Skrillex191

Show more
Advertising posts
10 257
Subscribers
+3624 hours
+1647 days
+1 06430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ရန်သူ့အကွက်ထဲဝင်ကြမှာလား
မြန်မာ့ပြည်တွင်းပဋိပက္ခဟာ မြန်မာနိုင်ငံရဲ့ အပေါ်ခြမ်းမှာ၊ အရှေ့အနောက် ဘယ်ညာမှာရော အောက်ခြမ်းမှာပါ ဆက်လက်ပြင်းထန်နေတာပါ။ ဒီလိုပြင်းထန်မှုနဲ့အတူ ERO များနဲ့ PDF တပ်များရဲ့ အောင်ပွဲတွေ ဆက်တိုက်တွေ့မြင်လာပြီး အာဏာရူးစစ်တပ်ရဲ့ အလဲလဲ အကွဲကွဲ ၊ အရူးမီးဝိုင်းအခြေအနေကိုလဲတွေ့မြင်နေကြရတာဖြစ်တယ်။ ဒီလိုအခြေအနေအောက်မှာ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ မသတီလောက်အောင် လုပ်ရဲတဲ့ အကွက်တွေလဲတွေ့လာကြရတာပါ။ ဒီရက်ပိုင်းမှာပဲထုတ်ပြန်တဲ့ နိုင်ငံတကာအကြပ်အတည်းများလေ့လာရေးအဖွဲ့ (ICG ) ရဲ့ အစီရင်ခံစာမှာ ဒီအချက်ကိုဖော်ပြလာတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ AA တပ်တော်က စစ်တပ်ရဲ့ စခန်းကြီးငယ်တွေ မြို့ရွာတွေကို ၆ လအတွင်း ဒရစပ်သိမ်းပိုက်ပြီးတဲ့နောက် ရခိုင်မှာ သုံးပွင့်ဆိုင် ပဋိပက္ခများနဲ့ ရင်ဆိုင်လာရပြီလို့ ရေးထားတာပါ။ စစ်တပ်ဟာသူ့ရဲ့ ရှုံးနိမ့်မှုတွေကို ဗုဒ္ဓဘာသာရခိုင်လူမျိုးများနဲ့ မူဆလင်ရိုဟင်ဂျာများကြား စစ်ပွဲအဖြစ်အသွင်ပြောင်းပစ်ဖို့ လုပ်လာတာပဲဖြစ်ပါတယ်။ ဒီအချက်က စစ်တပ်ရဲ့ လုပ်နည်းတွေနဲ့ အံခွနေအောင်ကြုံဖူးပြီးဖြစ်တဲ့ တနိုင်ငံလုံးက ပြည်သူတွေ နောကြေအောင်သိပြီးဖြစ်ပါတယ်။ အဲသလို သုံးပွင့်ဆိုင် ပဋိပက္ခဖြစ်လာရင်တော့ ရန်သူဆင်ထားတဲ့ ခွင်ထဲကို ကျရောက်သွားတာပဲ ဖြစ်မယ်ဆိုတာလဲသိကြတာပါပဲ။ ဒါပေမယ့် အကြပ်အတည်းတွေကြားမှာပိတ်မိနေတဲ့ အားနည်းတဲ့ လူအုပ်စုတွေအတွက် တချို့အခြေအနေတွေဟာ ရှောင်ဖို့ခက်ပါတယ်။ အထူးသဖြင့် အင်အားတစုံတရာရှိနေသေးတဲ့ အစိုးရ ယန္တယားတချို့ကိုင်ထားနိုင်သေးတဲ့သူတွေက ဖောက်လွဲဖောက်ပြန်ပြုမူလာတဲ့အချိန်မျိုးမှာ မူလအခုအခံတချို့ရှိထားတဲ့ အုပ်စုတွေကြား ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကို ရှောင်နိုင်ဖို့အတော်ခက်တာပါ။ သို့သော်လည်း ဒီပြသနာမှာတော့ ရခိုင်နဲ့ မူဆလင်ခေါင်းဆောင် များက အရေးအကြီးဆုံးအခန်းကနေ ပါဝင်လာတာဖြစ်တယ်။ သူတို့ရဲ့ သဘောထားကြီးမှုနဲ့ အနာဂါတ်ကိုမျှော်တွေးနိုင်မှုတို့ကသာ ဒီပြဿနာကို လျော့ပါးသက်သာအောင်လုပ်နိုင်မှာပါ။ စစ်တပ်ကတော့ မတည့်တဲ့ ကလေးနှစ်ယောက်လိုသဘောထားကာ ထပ်ပြီးရန်တိုက်ပေးလိုက်တာပါပဲ။ ဒါကိုကျော် လွှားနိုင်ရင် အနာဂါတ်ရခိုင်ပြည်ကို အေးချမ်းစွာ တန်းတူညီမျှစွာတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှု.ရန်⏺
Show all...
👍 3🔥 2
အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၀၀ရက် ရှိပြီဖြစ်
မေလ 1️⃣5️⃣ရက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုများကို မလိုက် လျောသလို ဆန္ဒပြသူများအား စစ် ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို  အကြမ်းဖက်သတ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ် ကောင်စီကို ခုခံ တော်လှန်စစ်ဆင်နွှ နေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ ရေး ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ် နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ် မှောက် နေကြသည်။ #KyimyindaingNetworks #KyimyindaingScoutChannel
Show all...
❤‍🔥 2🫡 2👍 1🔥 1
The News of 🔤🔤🔤🔤🔤🔤
မေလ 1️⃣4️⃣ရက် 📍ရန်ကုန် ©ရန်ကုန်မှာ လုံခြုံရေးသတိရှိဖို အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းမှာနေ ➡️ရန်ကုန်တိုင်းအတွင်း လုံခြုံ‌ရေးလစ်ဟာမှုမရှိစေရေးနဲ့ လုံခြုံရေးအသိ၊ သတိရှိကြဖိုကို ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက ရန်ကုန်တိုင်းအစိုးရအဖွဲနဲ့တွေ့ဆုံချိန် မနေ့က မေ ၁၃ရက်မှာ ပြောခဲ့ပါတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ ဖွဲစည်းထားရှိမှုနဲ့ပတ်သက်ပြီးလည်း စာရင်းဇယားအရသာမဟုတ်ဘဲ မြေပြင်မှာ အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖိုလိုတယ်လိုလည်း ဒုတိယစစ်ခေါင်းဆောင်က မှာနေပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ပေါက်ကွဲမှုတွေနဲ့ စစ်ကောင်စီအထိုင်ချနေရာတွေကို တိုက်ခိုက်မှုတွေကို တော်လှန်ရေးအင်အားစုတွေက မကြာခဏပြုလုပ်လေ့ရှိပြီး စစ်ကောင်စီကစစ်မှုထမ်းဥပဒေ အတည်ပြုပြီး နောက်မှာလည်း ရန်ကုန်တိုင်းထဲက မြိုနယ် ၁၀ခုထက်မနည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ အုပ်ချုပ်ရေးအဖွဲဝင်တွေရဲ့ နေအိမ်အနီးမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီက ရန်ကုန်တိုင်းထဲက ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တို မြိုနယ်တွေက ပုဒ်မ-၁၄၄ အရ ညမထွက်ရအမိန့်ကို အချိန်ထပ်တိုးသတ်မှတ်လိုက်ပါတယ်။©BVJ 📍ရန်ကုန် ©အကျဉ်းထောင်များတွင် သောက်ရေသုံးရေ မလုံလောက်ဘဲ သန့်ရှင်းမှု မရှိခြင်းကြောင့် ဝမ်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အပူဒဏ်ကို ဆိုးဝါးစွာခံစားနေရ ➡️မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် သောက်ရေသုံးရေ မလုံလောက်ဘဲ သန့်ရှင်းမှု မရှိခြင်းကြောင့် ဝမ်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အပူဒဏ်ကို ဆိုးဝါးစွာခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။ မိတ္ထီလာ အကျဥ်းထောင်တွင် အကျဥ်းသားများသည် ပုံမှန် ဆပ်ပြာမတိုက်မှီ ရေ ၁၀ ခွက်၊ဆပ်ပြာ တိုက်ပြီး ရေ ၁၀ ခွက်ချိုးရပြီး ရေရှားသော အခါများတွင် စုစုပေါင်း ရေ ၁၅ ခွက် ခန့်သာချိုးရလေ့ရှိကြောင်း၊ ထောင်က ရေမပေးနိုင်၍ ရေကား ၁ စီးလျှင် ၆၅၀၀၀ ကျပ်ခန့်ဖြင့် နိုင်ငံရေးအကျဥ်းသားများစု၍ ရေဝယ်ချိုးရပြီး အလှည့်ကျ ချိုးရသည့်အတွက် ရေခွက်မလောက်၍ ဝဝလင်လင် မချိုးရသည့်အပြင် နံနက်မျက်နှာသစ်လျှင် ရေ ၃ ခွက်ဖြင့်သာ လောက်ငှအောင် သစ်နေရကြောင်း သိရှိရသည်။ ©KTM ဆက်လက်ဖတ်ရှု.ရန်❗️❗️❗️
Show all...
🔥 3👍 2
#️⃣ရေးမြိုနယ် စုံနံ့သာရွာအနီး အမှတ် ၈ လမ်းတွင် ရေးဘီလူးအဖွဲ က စစ်ဆေးရေးများ လုပ်ဆောင်ခဲ့ သော်လည်း အနီးရှိ စစ်ကောင်စီတပ်များ ထွက်မလာရဲ https://t.me/kyimyindaingnetworks/39660 #️⃣မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ် Jammer ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက် (ရုပ်/သံ) https://t.me/kyimyindaingnetworks/39669 #️⃣📸Photo News - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF စစ်ကြောင်း ၂ ရဲ့ ရှေ့တန်းရဲဘော်တွေအတွက် ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့မှုတွေနဲ့ Helmet အလုံး ၁၀၀ နဲ့ Vest အထည် ၁၁၀ တိုကို တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန် https://t.me/kyimyindaingnetworks/39670 #️⃣အကြမ်းဖက်စစ်ကောင်စီရဲ့အကျဥ်းထောင်တွေမှာ သောက်သုံးရေ မလုံလောက်မှု ဆိုးရွားစွာကြုံတွေ့နေရ https://t.me/kyimyindaingnetworks/39674 #️⃣ဘူးသီးတောင်မြိုနယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၈ နယ်ခြားစောင့်ရဲတပ်ရင်းမှတပ်ဖွဲဝင်များ စခန်းကိုစွန့်ခွာ၍ နခခ ၃ တွင်ပူးပေါင်း https://t.me/kyimyindaingnetworks/39676 #️⃣အထိနာနေသည့် အကြမ်းဖက်စစ်တပ်၏ အောင်ဇေယျစစ်ကြောင်း အင်အားထပ်မံဖြည့်တင်းနေဟုဆို https://t.me/kyimyindaingnetworks/39681 #️⃣သံတောင်ကြီးမြိုနယ်တွင် အကြမ်းဖက်စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ https://t.me/kyimyindaingnetworks/39683 #️⃣အကြမ်းဖက်စစ်ကောင်စီနှင့်တက်ကြွစွာပူးပေါင်းနေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်း ၁၄ ဦးကို အမည်ပျက်သွင်း https://t.me/kyimyindaingnetworks/39684 #️⃣ကရင်၊ ကရင်နီခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး လူချင်းတွေ့ဆုံဆွေးနွေး https://t.me/kyimyindaingnetworks/39687 #️⃣ထားဝယ်မြိုအဝင် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၂ ဦးသေဆုံး၊ ➕သပိတ်ကျင်းမြိုနယ်ရှိ လေးမိုင် တာဝါတိုင်ကုန်း စစ်စခန်းကို တိုက်ခိုက်မှု ပျူစောထီး ၂ ဦး အရှင် ဖမ်းမိ https://t.me/kyimyindaingnetworks/39688 #️⃣ဆောမြိုနယ်၊ ပေါက်တောရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ကနဦး သိရ https://t.me/kyimyindaingnetworks/39689 #️⃣လောင်းလုံးမြိုနယ်ပေါ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော တာဝါတိုင်စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြိုနယ်ရဲစခန်းတိုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦး ကျဆုံး https://t.me/kyimyindaingnetworks/39690 #️⃣📸Photo News - ဘုတလင်မြိုနယ်တွင်း တနေရာမှာ သပိတ်အင်အားစုတွေ စုပေါင်းပြီးအကြမ်းဖက် စစ်တပ်ကျရှုးရေးဆန္ဒပြသပိတ်ပြုလုပ် https://t.me/kyimyindaingnetworks/39693 #️⃣အချုပ်အခြာအာဏာ ထိခိုက်စော်ကားခံရခြင်းလော … မြန်မာနိုင်ငံအခြေအနေများ တိုးတက်မှုမရှိပါက တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာနိုင်ငံကို ဝင်ရောက်ကျုးကျော်ရနိုင်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုမှ ခြိမ်းခြောက် https://t.me/kyimyindaingnetworks/39700 #️⃣လှိုင်သာယာမြိုနယ်၊ ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူးကို ပြည်သူများ တိုင်ကြားချက်အရ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု မြိုပြပြောက်ကျား Anonymous Force အဖွဲမှ တာဝန်ရှိသူ ပြောဆို https://t.me/kyimyindaingnetworks/39701 #️⃣မတ္တရာ၊ ရေစကြိုနှင့် တနင်္သာရီ မြိုနယ် တိုတွင် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး https://t.me/kyimyindaingnetworks/39704 #️⃣Up To Date🔄 ယနေ့ သံတွဲတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး AA ထံ အလင်းဝင်၊ မြိုထဲက ရဲ ၄ ဦး လက်နက်ယူပြီးထွက်ပြေး https://t.me/kyimyindaingnetworks/39705 #️⃣Today’s People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ https://t.me/kyimyindaingnetworks/39708 #️⃣We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ https://t.me/kyimyindaingnetworks/39709 #️⃣Up To Date🔄မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၃၆ ဦးသေဆုံး https://t.me/kyimyindaingnetworks/39710
Show all...
Kyimyindaing Networks

ရေးမြိုနယ် စုံနံ့သာရွာအနီး အမှတ် ၈ လမ်းတွင် ရေးဘီလူးအဖွဲ က စစ်ဆေးရေးများ လုပ်ဆောင်ခဲ့သော်လည်း အနီးရှိ စစ်ကောင်စီတပ်များ ထွက်မလာရဲ မေလ 1️⃣4️⃣ရက် မွန်ပြည်နယ် ရေးမြိုနယ်တွင် စစ်ကောင်စီတပ် ခမရ ၅၈၆ တပ်ရင်း၊ အမြောက် တပ် ၃၄၃ တပ်ရင်း၊ ခမရ ၅၈၇ တပ်ရင်းများ၏ အလယ်တွင် ရှိသည့် ရေးမြို နယ် စုံနံ့သာကျေးရွာအနီး အမှတ် ၈ လမ်းမကြီးပေါ်သို ရေးဘီလူးအဖွဲသားများက တက်ရောက်၍ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း အကြမ်း ဖက်စစ်သားများ မထွက်လာရဲကြောင်း ရေးဘီလူးအဖွဲခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။ ယနေ့ မေလ ၁၄ ရက်နေ့ ရေးဘီလူးအဖွဲသားများက စစ်ဆင်ရေးလုပ်ဆောင်ရန် ရည်ရွယ်၍ အဆိုပါ လမ်းပိုင်းသို တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၊ ပျူစောထီးများရှိရာ ခံသင်းစစစ်ဆေးရေးဂိတ်နှင့် နီးကပ်လွန်းသည့် နေရာသို ရောက်ရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ထွက်ရှိလာခြင်းမရှိကြောင်း ရေးဘီလူးအဖွဲခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။ “သူတို မထွက်လာရဲပုံရတယ်ဗျ။ သူတိုနေတဲ့ ဝန်းကျင်နဲ့ ကျွန်တော်တိုနဲ့ တအားကြီး ကပ်တယ်ဗျ။ မီတာလောက်ပဲ မီတာနဲ့ တွက်လိုတောင် ရတယ် အခုရောက်သွားတဲ့ နေရာက ။ တပ်နဲ့လည်း အရမ်းနီးကပ်တဲ့ နေရာမှာ ရှိတယ်။ ခံသင်းစစ်ဆေးရေးဂိတ်နဲ့ဆိုရင်လည်း ပိုပြီးတော့ နီးတယ်။ ပတ်ပတ်လည်ဂိတ်တွေ တပ်တွေ ဝိုင်းထားတဲ့ အလယ်ခေါင်မှာကို ကျွန်တော်တို စစ်ဆေးရေး ဝင်ပြုလုပ်နိုင်ခဲ့တယ်။ လမ်းကို ပိုင်ပိုင်နိုင်နိုင်ကြီး ကျွန်တော်တို စိုးမိုးထားနိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို‌ ပြောဆိုသည်။ ရေးဘီးလူးအဖွဲအနေဖြင့် စစ်ကားတန်းကို ပစ်ခတ်ရန် စစ်ဆင်‌ရေးလုပ်ဆောင်ရန် လာရောက်ခဲ့သော်လည်း ပစ်ခွင့်မကြုံခဲ့ကြောင်း၊ ထိုကြောင့် လမ်းသွားသည့် ပြည်သူများကို မိတ်ဆက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲဝင်များ ပါ၊ မပါ စစ်ဆေးခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။ #KhitThitMedia #KyimyindaingNetworks

👍 2
🩸🩸🩸🅰️❓ Headline News
မေလ 1️⃣4️⃣ရက် #️⃣အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၁၉၉ရက် ရှိပြီဖြစ် https://t.me/kyimyindaingnetworks/39640 #️⃣မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ မြန်မာစစ်တပ် လဲပြိုကျခြင်း - By အီဂေါ ဗလာဇီဗစ် (သတင်းဆောင်းပါး) https://t.me/kyimyindaingnetworks/39641 #️⃣ဖောင်းပြင်မြိုနယ်၊ ပုံတောင်ရွာရှိ အကြမ်းဖက်စစ်တပ်၊ ပျူစောထီး ပူးပေါင်းစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး https://t.me/kyimyindaingnetworks/39642 #️⃣အရာတော်မြိုရှိ အကြမ်းဖက်စစ်တပ်၏ စခတ (၁၀) စစ်အခြေခံပညာသင်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ) https://t.me/kyimyindaingnetworks/39643 #️⃣ထားဝယ်မြိုအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ကင်းပတ်နေတဲ့ ယာဥ်တန်းကို ပြင်းအားမြှင့် အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်၊ ရန်သူတပ်သား ၃ဦး ဒဏ်ရာပြင်းထန် https://t.me/kyimyindaingnetworks/39644 #️⃣စစ်အာဏာသိမ်း (၁၁၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၀၁၂) ဦးအထိရှိလာ https://t.me/kyimyindaingnetworks/39645 #️⃣တွေ့ရာလူဖမ်း စစ်ထဲသွင်းသည့်စနစ် အကြမ်းဖက်စစ်ကောင်စီကျင့်သုံးနေ https://t.me/kyimyindaingnetworks/39647 #️⃣ရေဦးမြို အထက ၁ ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဗုံးကျဲမှုကြောင့် စစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံထားရသူ ၈ ဦး လွတ်မြောက် https://t.me/kyimyindaingnetworks/39648 #️⃣📸Photo News - တိုက်ခိုက်ရေးသာမက ပြည်သူလူထု ကူညီရေး လုပ်ဆောင်ပေးနေတဲ့ ပကဖ https://t.me/kyimyindaingnetworks/39649 #️⃣ရွာငံမြိုနယ်အတွင်းရှိ ကျေးရွာတစ်ခုကို ဓနုအမျိုးသားကာကွယ်ရေးတပ်က လျှပ်စစ် မီးပေးစတင်ပေးပြီး ရွာလုံးကျွတ် နေအိမ်တိုင်း မီးရရှိ https://t.me/kyimyindaingnetworks/39659 ဆက်လက်ဖတ်ရှု.ရန်❗️❗️❗️
Show all...
❤‍🔥 1
🔄မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၃၆ ဦးသေဆုံး
မေလ 🔤🔤ရက် မြန်မာနိုင်ငံတစ်ဝန်း မေလ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက် များအရ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၃၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲများ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် အကြမ်းဖက်စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲများ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် အကြမ်းဖက်စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KhitThitMedia #KyimyindaingNetworks
Show all...
👍 3🔥 1🥰 1🫡 1
We Are 🌷🔤🔤🔤🌷🔤🔤🌹
တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ မေလ 1️⃣4️⃣ရက် 🌷ဆာလင်းကြီးမြိုနယ်ရှိ ရက်ရှည်စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ရွှေရင်အေးများ အလှူရှင်ကိုယ်စား သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ 🌷ဆားလင်းကြီးမြို့နယ် ရက်ရှည်စစ်ရှောင်စခန်း၃နေရာရှိ ပြည်သူများအား တောင်ကိုရီးယား နိုင်ငံဒယ်ဂူးဘုန်းဘုန်းနှင့် နွေဦးတော်လှန်ရေးဆရာတော် ၏ ကူညီမှုဖြင့် အညာပစ်တိုင်း ထောင်လေးများအဖွဲ့မှ ထမင်း၂နပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ 🌷ဆားလင်းကြီးမြို့နယ် စစ်ရှောင်စခန်းများရှိ ပြည်သူများအား ဆားလင်းကြီမြို့နယ်-လက်ပံတောင်း တောင် ပင်မသပိတ်အဖွဲ့က ထမင်းနှင့် ဟင်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။ 🌷မကွေးတိုင်း၊ စလင်းမြိုနယ်၊ ကင်မွန်းခြုံကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများကို မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် Mission 21 - Magway တိုမှ လူသားချင်းစာနာမှု အကူအညီများ နှင့် အဟာရကျွေးမွေးခြင်းများကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ 🌷ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအား Kamlaat-Kayah IDPs Assistance Network (ကမ်းလက်) အဖွဲမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာမျှဝေခြင်း၊ စိတ်ဓါတ်ခွန်အားများ မျှဝေပေးခြင်း နှင့် အဟာရဒါနကျွေးမွေးခြင်းတို ဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။ 🌷ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအား Clean Yangon အဖွဲမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာမျှဝေခြင်း၊ ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ သင်တန်းများပြန်လည်ပိုချပေးခြင်း၊ကလေးငယ်များအား စိတ်ဓါတ်ခွန်အားများ မျှဝေပေးခြင်း နှင့် အဟာရဒါနကျွေးမွေးခြင်းတို ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ #Together #KyimyindaingNetworks
Show all...
3👍 2😍 2❤‍🔥 1
Today’s People 🔤🔤🔤🔤🔤🔤
အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ မေလ 1️⃣4️⃣ရက် ⭐️ယင်းမာပင်မြိုနယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၁၄ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ⭐️ယင်းမာပင်မြိုနယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်က စစ်မှုထမ်းဥပဒေအလိုမရှိကြောင်း ကြွေးကြော်သံများဖြင့် ချီတက်သပိတ် မှောက်ခဲ့ကြကြောင်း သိရှိရသည်။ ⭐️စစ်ကိုင်းတိုင်း ယင်းမာပင်မြိုနယ်တွင် ယင်းမာပင်မြိုနယ် မြောက်ခြမ်းကျေးရွာများသပိတ်က အကြမ်းဖက်စစ်တပ် ကျရှုးရေးအဖြစ် ချီတက်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ⭐️ရွှေဘိုမြိုနယ်ရှိ ရွာတစ်ရွာတွင် "ဖက်ဆစ်စစ်တပ်ကို လေယာဉ်ဆီ ရောင်းပေးနေတာရပ်" စာသားကိုင်ဆောင်ပြီး ရွှေဘိုမြိုနယ် သပိတ်အင်အားစုရဲဘော်များနှင့် ပြည်သူများပူးပေါင်း၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြချီတက်ခဲ့ကြကြောင်းသိရှိရသည်။ ⭐️တနင်္သာရီတိုင်း လောင်းလုံးမြိုနယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီထံ လေယာဥ်ဆီတင်ပိုရောင်းချပေးနေသည့် ကုမ္ပဏီများကို ပိတ်ပင်တားဆီးပေးရန် တောင်းဆိုသည့် ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဲဒီလှုပ်ရှားမှုကို မေလ ၁၄ ရက်နေ့တွင် ' USA, UK, EU- မြန်မာနိုင်ငံသို လေယာဥ်ဆီတင်ပိုမှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar' ဆိုသည့် ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အမျိုးသမီး၊ လူငယ်များနှင့် ဒေသပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။ ⭐️ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီဝင်များက စစ်ရှောင် စခန်းတစ်နေရာကို တော်လှန်ရုပ်ရှင်နှင့် အခြားရုပ်ရှင်များပြသခဲ့ပြီး လူထုနိုင်ငံရေးတရားများဟော ပြောခဲ့ကြောင်း သိရှိရသည်။ ဆက်လက်ဖတ်ရှု.ရန်❗️❗️❗️
Show all...
3🫡 3👍 2
အိုကွယ့် ဘောမအပေါင်းတို့ ဒေါနမှာ သောကများနေတယ် 🥴🥴🥴 ဖျင်နာစွာ အပ်ဆေးလေးများပေးပေါ့...ဘယ်မှာ အပ်ဆေး ရှိပါမလဲ...😄😄😄 #KyimyindaingNetworks
Show all...
👍 4🔥 2🤩 1
အောင်မြင်စွာနဲ့ ခွေးကျ...ကျ...ကျ.. 😛😝😜 ကာတွန်း - နာနတ်သီး #KyimyindaingNetworks
Show all...
🤩 6