en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
DAILY UPDATE 19/2/24 DAY 1114 4,561 killed (+16) 26,147 total arrested (+19) 20,147 still detained (+19) Brief aappb.org/?p=2
DAILY UPDATE 19/2/24 DAY 1114 4,561 killed (+16) 26,147 total arrested (+19) 20,147 still detained (+19) Brief aappb.org/?p=27446 arrested bit.ly/3t7IE90 still detained bit.ly/3m3Z8Lm killed bit.ly/3taCmp3 released bit.ly/3MbC3kd

တရုတ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်က စစ်ပွဲတွေမှာ လက်နက်ချ CDM ဝင်လာတဲ့ စစ်ဗိုလ်မှူးချုပ် သုံးယောက်ကို စစ်ကောင်စီက သေဒ
တရုတ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်က စစ်ပွဲတွေမှာ လက်နက်ချ CDM ဝင်လာတဲ့ စစ်ဗိုလ်မှူးချုပ် သုံးယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပြီလို့ AFP မှာ ဒီနေ့ဖော်ပြပါတယ်။ လောက်ကိုင်မြို့ တိုင်းမှူးအပါအဝင် သုံးဦးကို သေဒဏ်ချမှတ်လိုက်တာလို့ စစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ စစ်ကောင်စီတပ်သား အလုံးအရင်း လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို လက်နက်ချအညံ့ခံတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက အဲဒီဒေသမှာ တာဝန်ရှိသူတွေကို သေဒဏ်ထိ ချမှတ် အပြစ်ပေးနေတာ ဖြစ်ပါတယ်။ ဒီသေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှထုတ်ပြန်တာ မရှိသေးပါဘူး။ #rfa_burmese

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်သို့ ပြန်လာသော လူငယ်များကို စစ်တပ်က ဖမ်းဆီးခြင်းမှာ ရက္ခိင့်တပ်တော် (AA) နှင့် မပူးပေါင်းစေရန်နှင့် ထိုလူငယ်များထဲတွင် ဒရုန်း(Drone) ပညာရှင်များ ပါဝင်လာမည်ဆိုသည့် သံသယဖြင့် စစ်ဆေးနေခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။ ၁၀၂၇ စစ်ဆင်ရေးအဖြစ် လွန်ခဲ့သည့် နိုဝင်ဘာ ၁၃ တွင် AA က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများပြင်းထန်နေသည်။ ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့ အပါအဝင် ရခိုင်မြောက်ပိုင်းရှိ မြို့ကြီးများနှင့် စစ်ကောင်စီလက်အောက်ခံ တပ်စခန်းပေါင်းများစွာကို AA က သိမ်းပိုက်ထားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင် မြေပုံမြို့တို့ကို သိမ်းပိုက်ပြီးနောက် ပြည်နယ်မြို့တော် စစ်တွေ အပါအဝင် မောင်တော၊ ရသေ့တောင်တို့ကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ #ကျောက်ဖြူ #ရခိုင်ပြည်နယ် #စထွန်းအောင်#myanmarnow

ကျောက်ဖြူလေဆိပ်တွင် ရန်ကုန်မှ ပြန်လာသည့် ရခိုင်လူငယ်များကို စစ်တပ်က စောင့်ဖမ်း ရန်ကုန်မှ လေကြောင်းဖြင့် ပြန်လာသည့် ရခိုင်လူငယ် ၁၀၀ နီးပါးကို ကျောက်ဖြူလေဆိပ်တွင် အသင့်စောင့်နေသည့် စစ်တပ်က ဖမ်းဆီးလိုက်သည်ခြင်းဖြစ်ကာ ယနေ့ မွန်းလွဲပိုင်းအထိ တစ်ဦးတစ်ယောက်မျှ ပြန်မလွတ်သေးပေ။ ကျောက်ဖြူလေဆိပ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လာသော ရခိုင်လူငယ် ၁၀၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၁၈) မှစ၍ နှစ်ရက်ဆက်ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။ ယမန်နေ့ ညနေပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် လူငယ် ၆၆ ဦး ဖမ်းဆီးခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင်လည်း မင်္ဂလာလေကြောင်းလိုင်းဖြင့် လိုက်ပါလာသည် လူငယ် ၂၆ ဦးကို စစ်တပ်က ထပ်မံဖမ်းဆီးခဲ့သည်။ ဖမ်းဆီးထားသည့် လူငယ် ၉၀ ကျော်ကို ကျောက်ဖြူမြို့ပေါ်ရှိ ‘ရမ္မာဝတီ’ ခန်းမတွင် ထားရှိကာ အမှတ်-၃ လှုပ်ရှားစစ်ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီး စစ်ဆေးနေသည်ဟုလည်း သိရသည်။ Sun Far ခရီးသွားလာရေးကုမ္ပဏီက ငှားရမ်းပြီး ရန်ကုန် – ကျောက်ဖြူသို့ ပြေးဆွဲသော မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်အမှတ် – UB 1413 ဖြင့် လိုက်ပါလာသော ရခိုင်လူငယ်များကို ဖေဖော်ဝါရီ ၁၈၊ ညနေ ၄ နာရီခွဲခန့်တွင် အသင့်စောင့်ဆိုင်းနေသာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃၆၊ အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၆၆ ဦး ဖြစ်ပြီး ၎င်းတို့အားလုံးမှာ ကျောက်ဖြူမြို့ပေါ်မှာ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံရခိုင်လူငယ်များဖြစ်သည်ဟု ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။ အလားတူ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မင်္ဂလာလေကြောင်းလိုင်း (ယခင် Air KBZ လေကြောင်းလိုင်း) ဖြင့် ရန်ကုန်မှ ကျောက်ဖြူမြို့သို့ လိုက်ပါလာသော လူငယ် ၂၆ ဦးကို စစ်တပ်က ထပ်ဖမ်းခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။ “လူငယ်တွေ စုငှားသလို ဖြစ်နေတော့ ရန်ကုန်ကတည်းက သတင်းက ကြိုရပြီးသား။ စစ်တပ်က အဆင်သင့်စောင့်နေတာ။ လေဆိပ်ရောက်တာနဲ့ တပ်ကားပေါ် အကုန်တင်သွားတာ” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။ ယနေ့ မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံထားရသူ တစ်ဦးတစ်ယောက်မျှ ပြန်လွှတ်လာခြင်း မရှိသေးဘဲ ခန်းမရှေ့တွင် မိဘ၊ ဆွေမျိုးများ လာရောက်စောင့်ဆိုင်းနေကြကြောင်း၊ ခန်းမအနီး ရဲနှင့် စစ်သား လုံခြုံရေး တင်းကျပ်ထားကြောင်းလည်း သိရှိရသည်။ “စစ်ဆေးစရာရှိလို့ဆိုပြီး စစ်တပ်က စစ်ကားနှစ်စီးနဲ့ ရမ္မာဝတီခန်းမကို ခေါ်သွားတာ။ အခုနေ့လယ်အထိ တစ်ယောက်မှ ပြန်မလွှတ်သေးဘူး။ ခန်းမရှေ့မှာတော့ မိသားစုဝင်တွေ လူ ၂၀ လောက် လာစောင့်နေတာ တွေ့ရတယ်” ဟု အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၄၀ ကျော်အရွယ် ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ ရခိုင်လူငယ် ၁၀၀ နီးပါး ဖမ်းဆီးခံရသည့် အခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနှင့် ကျောက်ဖြူမြို့မရဲစခန်းတို့ကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။ အလားတူ ဖမ်းဆီးခံ လူငယ်များ၏ မိသားစုဝင်များကိုလည်း ဆက်သွယ်၍ မရသေးပေ။ အာဏာသိမ်းစစ်တပ်က မည်သည့်အတွက် ဖမ်းဆီးခြင်းဖြစ်သည်ကို မသိရသော်လည်း ဖမ်းဆီးခံရသည့် ရခိုင်လူငယ်များမှာ စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်မြို့ကို စွန့်ခွာကာ မိမိတို့နေရပ်အသီးသီးသို့ ပြန်လာသူများဖြစ်ကြသည်ဟု ယူဆရသည်။ ယမန်နေ့ ညနေပိုင်းက ကျောက်ဖြူလေဆိပ်တွင် လူငယ်များ ဖမ်းဆီးခံရသည့် အခြေအနေကို ကြားသိရကြောင်း Sun Far ခရီးသွားလာရေးကုမ္ပဏီဝန်ထမ်းတစ်ဦးက အတည်ပြုပြီး၊ လာမည့် ရက်အနည်းငယ်အထိ ရန်ကုန် – ကျောက်ဖြူသို့ လေကြောင်းခရီးစဉ်များ ထွက်ခွာရန် မသေချာသေးကြောင်းလည်း သိရသည်။ စစ်ထဲမဝင်မနေရစနစ် ကျင့်သုံးမည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ တွင် ကြေညာပြီးနောက် နိုင်ငံတစ်ဝန်းရှိ လူငယ်များနှင့် မိဘဆွေမျိုးများ စိုးရိမ်၊ ထိတ်လန့်နေကြပြီး လူငယ်များမှာလည်း အိမ်နီးချင်း ထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ ပုံစံမျိုးစုံဖြင့် ထွက်ခွာရန်၊ တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းရန် ပြင်ဆင်နေကြသည်။ ထိုအခြေအနေတွင် ရန်ကုန်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် ရခိုင်တိုင်းရင်းသားလူငယ်များမှာ မိမိတို့ဇာတိရပ်ရွာသို့ ပြန်လိုကြသည်ဟု လှိုင်သာယာမြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။ “အများစုကတော့ ကိုယ့်ရပ်၊ ကိုယ့်ဌာနေကို ပြန်ချင်ကြတာပေါ့ဗျာ။ ကျွန်တော့ကိုလည်း ဒီကိစ္စပဲ ခဏခဏ မေးနေကြတယ်။ ပြန်ချင်ပေမယ့် လမ်းတွေ အကုန်ပိတ်နေတော့ သွားလို့လည်း မရဘူး၊ မစိုးရိမ်ကြနဲ့လို့ပဲ အားပေးစကား ပြောထားရတယ်” ဟု ရခိုင်တိုင်းရင်းသားတစ်ဦးလည်းဖြစ်သည့် အငှားယာဉ်မောင်း အမျိုးသားက ပြောသည်။

သတင်းကောင်းတွေ လာမယ် အမျိုးတို့!

Repost from AA Info Desk
မင်းပြားမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ (၂) ခမရ (၃၇၉)၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား
+8
မင်းပြားမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ (၂) ခမရ (၃၇၉)၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ #AAInfoDesk February 16, 2024 Website Link: https://www.arakanarmy.net/ VK Link: https://vk.com/arakanarmyinfodesk

ရှားတော အောင်ပွဲ!

ဘန်ကာဆောက်နေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ၉ ဦးဒဏ်ရာရ (ရုပ်/သံ) မကွေး၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄။ မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နဲ့ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။ ပခုက္ကူမြို့နယ် ပခုက္ကူ-ပေါက်လမ်းပိုင်း မင်းနန်းတောလမ်းဆုံမှာ စစ်ဆေးရေးလုပ်ဖို့ ဘန်ကာတွေဆောက်နေတဲ့ နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်ကနေ နေ့လယ် ၁ နာရီအထိ Fix Wings လေယာဉ်ငယ်တွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီ ၁၅ ရက်မှာပဲ မြိုင်မြို့နယ်အရှေ့ဘက် ကန်နီက ထွက်လာတဲ့ စစ်ယာဉ်တန်းကို ပုသိမ်-မုံရွာလမ်းမှာ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။ ၂ ရက်သာအတွင်း ဗုံးကြဲချခဲ့တာမှာ ဒဏ်ရာရတာ ၉ ဦးဝန်းကျင်ရှိပြီး သေဆုံးတာမရှိဘူးလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ ကမ္မတပ်ပေါင်းစု နှင့် Pakokku People Defense Force (PPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #မကွေး #စစ်အုပ်စု #ဘန်ကာ #တိုက်ခိုက် #သတင်း https://youtu.be/z2-07-DM_yI

တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ် (ရုပ်သံ) ပေါင်းတည်၊ ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တဦးကို ဖေဖေါ်ဝါရီလ ၁၅ ရက် မနက် ၉ နာရီက ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၂ က တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။ ကျဆုံးသူဟာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၂ ဧရာညီနောင်စစ်ကြောင်းက ကိုယ်ပိုင်အမှတ် P2 -၃၆၀၁၃၉၇ တပ်စိတ်မှူး ရဲဘော်တောင်တန်းလို့ ပြောပါတယ်။ ရဲဘော်တောင်တန်းဟာ ဖေဖေါ်ဝါရီလ ၁၁ ရက် မနက် ၇ နာရီက အုတ်ဖိုမြို့နယ် မင်းလှဆည်ရှင်းလင်းဆောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ‌သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နဲ့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၂ဧရာညီနောင်စစ်ကြောင်းတို့ပေါင်းကာ ဝင်တိုက်ချိန် စစ်သားတဦးပစ်တဲ့ သေနတ်ကျည်ထိမှန် ကျဆုံးခဲ့တာလို့ ပြောပါတယ်။ သတင်း-ခန့်‌အောင်၊ စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော် #မြေလတ်အသံ

ယမန်နေ့တိုက်ပွဲသတင်းများအနေဖြင့် (၈) စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသရှိ မြို့နယ်များနှင့် တပ်စခန်းများကို စစ်ဆင်ရေး (၂) လတာအတွင်း တစ်ပြိုင်နက်တည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် ရက္ခိုင့်တပ်တော်ထိန်းချုပ်ရာမြို့နယ်များအား လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက်မက ဆက်တိုက်ပြုလုပ်လာလျက်ရှိသည်။ ယမန်နေ့၊ ည (၁၀) နာရီကျော်အချိန်ခန့်ကလည်း ရက္ခိုင့်တပ်‌တော် အလုံးစုံထိန်းချုပ်ထားပြီဖြစ်သည့် ကျောက်တော်မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်သည် လေကြောင်းမှ ညအချိန်မတော် တစ်ဖက်သတ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကျောက်တော်မြို့နယ်၊ ပိုက်သည် ရပ်ကွက်အတွင်းမှ အရပ်သားပြည်သူ (၇) ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး (၉) ဦးနီးပါးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ထို့အပြင် ၎င်းရပ်ကွက်အတွင်းရှိ နေအိမ် (၁) ဆောင်မှာလည်း လက်နက်ကြီးကျည်ပေါက်ကွဲခဲ့၍ မီးလောင်ခဲ့ရသည်။ မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ MNDAA + TNLA + AA #operation1027 https://twitter.com/operation1027 https://vk.com/mndaa_tnla_aa

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေး သေဆုံးပြီဟု သတင်းထွက်ပေါ် https://www.tachileik.net/mm/news/35082 * * * * * ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအုပ်စုအတွင်းရှိ ညောင်ခါးရှည်ဂိတ်တွင် ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေး အပါအဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ၎င်းတို့နှင့် အဆက်အသွယ်မရဖြစ်နေသဖြင့် မိသားစုဝင်များက စိတ်ပူနေ‌ကြောင်း သိရသည်။ မနိုဘယ်လ်အေးအပါအဝင် (၂)ဦးကို စစ်ကောင်စီတပ်က ပဲခူးတိုင်း ညောင်ခါးရှည်ဂိတ်၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၂၉)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပထမဆုံး ဖမ်းမိတဲ့ အမျိုးသားတစ်ဦးကို သတ်လိုက်တယ်။ ပြီးတော့ နှစ်ယောက်လုံးကို သတ်လိုက်တယ်လို့ သတင်းထွက်လာတယ်။ ဒီသတင်းကြားတာ နှစ်ပတ်လောက်တော့ရှိပြီ။ ဖမ်းမိကတည်းက အဆက်အသွယ်မရတော့တာ"ဟု ၎င်းတို့ နှင့်နီးစပ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက Tachileik News Agency ကို ပြောသည်။
၎င်းတို့ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၈)ရက်နေ့တွင် ဝေါမြို့ နယ်တရားရုံးသို့ ရုံးထုတ်ပြီးအပြန် ကျိုက်လတ်ရွာတွင် ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
"ညောင်ခါးရှည်မှာ လက်နက်တွေနဲ့ မိတဲ့နှစ်ဦးကို (၈)ရက်နေ့က တရားရုံးမှာ ရုံးထုတ်ပြီးတော့ အပြန်လဲကျရော ပစ်သတ်လိုက်တာ။ အဲဒီအလောင်းကို ဝေါဆေးရုံပို့တယ်။ ဘယ်သူမှလည်းကြည့်ခွင့်မရဘူး။ ပြီးတော့ တိုးတိုးတိတ် တိတ်ဘဲ မြေမြှုပ်လိုက်တယ်လို့ ပြောတယ်။ ဒီသတင်းကို သက်ဆိုင်ရာ ဖရဲသီးတွေက ပြောတာ။"ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ပြောသည်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ၎င်းတို့နှစ်ဦးကို စနိုက်ပါတစ်လက်၊ အမ် (၁၆)တစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်အိမ် (၅)ခု၊ ကျည် (၂၉၀၀)တောင့်၊ ယမ်းပျော့ (၆)ကီလိုဂရမ်တို့ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ဝါဒဖြန့်ခဲ့သည်။ မနိုဘယ်လ်အေးသည် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးပြီး ၂၀၀၇ ခုနှစ် လောင်စာဆီကိစ္စတွင်လည်း ထပ်မံဖမ်းခံခဲ့ရသူ ဖြစ်ပြီး Covid19 ကာလအတွင်း၌လည်း လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူဖြစ်သည်။ #TachileikNewsAgency

Repost from People Media
ယနေ့ ညနေပိုင်းက မွန်ပြည်နယ်၊ရေးမြို့နယ်၊လမိုင်းမြို့နယ်ခွဲ၊မော့ကနင် ကျေးရွာ အနီးရှိ တပ်မတော် စခန်းကို တိုက်ခိုက်ရန် မွန်ပြည်သစ်ပါတီ (ခွဲထွက်) အဖွဲ့ နှင့် ရေးဘီးလူးအဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ရန် ကျေးရွာအတွင်း၌ လှုပ်ရှား လျက်ရှိနေသည်။ #PeopleMedia

"တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်နိုင်ရန် (၂)" ------------------------------------------------ တော်လှန်ရေး တပ်သားသစ် ခေါ်ယူနေတဲ့ မြန်မာပြည် အရပ်ရပ်ရှိ တပ်ရင်း/တပ်ဖွဲ့တွေရဲ့ Facebook Page တွေကို KyimyindaingNetworks မှ စိစစ်ပြီး စုစည်းပေးထားတာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အခုအချိန်မှာ မိမိတို့ရဲ့ အနီးဆုံးမှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ရှာဖွေပြီးတော့ ဆက်သွယ်ကြဖို့ အကြံပြုချင်ပါတယ်။ ‼️အထူးသတိပေးချက်‼️ အကြမ်းဖက် စစ်ကောင်စီဘက်မှ အယောင်ဆောင် အကောင့်တုနှင့် Page အတုများ ဖန်တီးကာ အချက်အလက်များ လိမ်လည်ယူပြီး အကျပ်ကိုင် ဖမ်းဆီးခြင်းများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် တပ်သားသစ် ခေါ်ဆိုနေသည့် Form ဖြည့်သွင်းရာတွင် မိမိအမည်အရင်းနှင့် နေရပ်လိပ်စာ အစစ်များအားဖြည့်စွက်ခြင်းကို သတိပြုကြပါရန်!!!
ရန်ကုန်
"ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်များခေါ်ယူခြင်း" - ရန်ကုန်တပ်ရင်း ၅၁၀၁ https://www.facebook.com/YGNMilitaryCommand
ပဲခူး
Kawa People Defense Force - KAWA PDF https://www.facebook.com/KPDFBago
သာယာဝတီ
Myanmar Defence Force - MDF (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး) https://www.facebook.com/profile.php?id=100081313510471
မန္တလေး
Mandalay People’s Defence Force MDY PDF မှ တပ်ဖွဲဝင်အသစ်များကို ခေါ်ယူနေပါပြီဗျို့ .. https://www.facebook.com/profile.php?id=100093438597181
မိုးကုတ်
Red Wolves Of Mogok မိုးကုတ်ဗျူဟာ သင်တန်းတက်လိုသူများ အနေဖြင့် ဖေ့စ်ဘုတ် မက်ဆင်ဂျာမှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ https://www.facebook.com/redwolvesofmogok
ရှမ်းတောင်
1005 Infantry ပြည်သူ့ကာကွယ်ရေးတပ်တော် တပ်ရင်းအမှတ် (၁၀၀၅) ရှမ်းတောင် (SSPDF) မှ တာဝန်ထမ်းဆောင်လိုသူ ပြည်သူများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း အသိပေးလိုပါသည်။ https://www.facebook.com/PDF1005 1008 Infantry ပြည်သူ့ကာကွယ်ရေးတပ်တော် တပ်ရင်းအမှတ် (၁၀၀၈) ရှမ်းတောင် (SSPDF) မှ တာဝန်ထမ်းဆောင်လိုသူ ပြည်သူများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း အသိပေးလိုပါသည်။ https://www.facebook.com/profile.php?id=100083288321728 အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F https://www.facebook.com/profile.php?id=61555478890383
Drone
Cloud Wings တိုက်စစ်မှူး အသစ်တွေ စိစစ် ခေါ်ယူနေပါပြီ ပါဝင်မယ်ဆို Page CB မှာ တိုက်ရိုက် စုံစမ်းနိုင်ပါတယ်။ https://www.facebook.com/CloudWingsDroneForce Spring UAV Force - G3 ဂဠုန်စစ်ကြောင်း၏ Fixed-Wings နည်းပညာ ဒရုန်းတပ်ဖွဲ့ https://www.facebook.com/profile.php?id=100090944432201
Medic
DOVE KK Medical Team (ကရင်နီဒေသ) https://www.facebook.com/DoveKK.MedicalCrew University of Medicine 2, Yangon Student Committee နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ) https://www.facebook.com/universityofmedicine2.studentcommitte.ec
CDM/Emergency
ပြည်သူ့ရင်ခွင် ပြည်သူ့ရင်ခွင် - People's Embrace Telegram: https://t.me/MyanmarPeople Telegram (သို့) @MyanmarPeople Signal: +66968847969 Viber: +66968847969 မည်သူမဆို လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်ပါသည်။ #4C_TruthNews

+3
ရခိုင် တစ်ကြောမှ ပုံရိပ် ပေါင်းစုံနှင့် သံချေးကိုက် အရည်ကျို သင်္ဘောများ၏ နောက်ဆုံးခရီး!

မင်းကင်းအမည်ခံ မင်းကင်းမနေရဲတဲ့ မောင်ညစ်က အခုမှ Facebook ပေါ်ကနေ (၁၆) ရက်နေ့တိုက်မှာတဲ့သတင်းပို့တုန်းရှိသေးတယ် အဟီးးး အလံဖြူလ
မင်းကင်းအမည်ခံ မင်းကင်းမနေရဲတဲ့ မောင်ညစ်က အခုမှ Facebook ပေါ်ကနေ (၁၆) ရက်နေ့တိုက်မှာတဲ့သတင်းပို့တုန်းရှိသေးတယ် အဟီးးး အလံဖြူလေးတွေ ဆောင်ထားလို့ မပြောလိုက်ပုလား🤣🤣🤣

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris နဲ့ host Indicolite တို့ရဲ့ T
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris နဲ့ host Indicolite တို့ရဲ့ Tea Talk ကို https://us02web.zoom.us/j/84646877766?pwd=VW5jdm1vaFZmQjBVWDRKcDg4cjJyZz09 ကနေ ည ၉ နာရီအချိန်မှာ ပါဝင်နားဆင်ကြလို့ရပါပြီ။ Meeting ID: 846 4687 7766 Passcode: 679611 တို့ကိုသုံးပြီးလည်း ပါဝင်နိုင်ပါတယ်။

အင်အား ၁၇၀ လောက် ပါတဲ့ စစ်ကြောင်းတခု ဝင်လာလို့ တိုက်ပွဲတွေ ဖြစ်နေတာ ထူးခြားတာက အခု စစ်ကြောင်းမှာ မိန်းကလေး တွေပါ ပါလာတာကို တွေ့ရတယ်၊ မိန်းကလေးတွေ ပါတယ်လို့ သိရတာက သူတို့နဲ့ အပြန်အလှန်ပစ်တဲ့အခါမှာ သိရတာ၊ စစ်ယူနီဖောင်းတွေ ဝတ်ထားကြတာ၊ အမျိုးသမီး စစ်သည်တွေပေါ့၊ ၁၀ ယောက် အထက်မှာ ရှိတယ်၊ တိုက်ပွဲထဲမှာလည်း မိန်းမအသံတွေက ပိုများတယ် Website တွင် ဖတ်ရန် https://bit.ly/42FB59P #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။ Support The Irrawaddy: https://bit.ly/3btQYpR

မြောက်ခင်ရန်းရွာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက လူစုလိုက်အပြုံလိုက်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့ မကွေး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂
+8
မြောက်ခင်ရန်းရွာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက လူစုလိုက်အပြုံလိုက်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့ မကွေး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ ဒေသခံ ၇ ဦးကိုသတ်ပြီး နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် မနေ့က မနက် ၅ နာရီကျော်လောက်မှာ မြောက်ခင်ရန်းရွာနေ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားအင်အား ၂၀ ကျော်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး အဲ့ဒီရွာနဲ့ တမိုင်လောက်ဝေးတဲ့ သင်တောရွာထဲကို လက်နက်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် သင်တောရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတချို့နဲ့ ကောက်ပဲသီးနှံတွေကို ရိတ်ဖို့သွားတဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားပြီး အဲဒီထဲက အမျိုးသား ၇ ဦးကိုတော့ သင်တောရွာတောင်ဘက်ရှိ ဘုရားကုန်းမှာ သတ်ခဲ့တယ်လို့ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/မြောက်ခင်ရန်းရွာ_ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက_လူစုလိုက်အပြုံလိုက်သတ်ပြီး_နေအိမ်တွေကိုပါမီးရှို့ခဲ့

ခွေးမသား စာမတတ် ပေမတတ် လူလို နားမလည်တဲ့ ဘူးလတ်လှဆွေ ဦးဆောင်တဲ့ ပျူတွေကွာ!! ခွေးမသားတွေ!