637
订阅者
无数据24 小时
-27 天
+930 天
吸引订阅者
十月 '2610月 '26
十月 '26
+15
在1个频道中
九月 '26
+35
在0个频道中
Get PRO
八月 '26
+91
在2个频道中
Get PRO
七月 '26
+96
在1个频道中
Get PRO
六月 '26
+119
在2个频道中
Get PRO
五月 '26
+195
在1个频道中
Get PRO
四月 '260
在1个频道中
Get PRO
三月 '26
+37
在1个频道中
Get PRO
二月 '260
在0个频道中
Get PRO
一月 '26
+131
在1个频道中
Get PRO
十二月 '250
在1个频道中
Get PRO
十一月 '25
+1
在1个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 26 十月 | +2 | |||
| 25 十月 | 0 | |||
| 24 十月 | 0 | |||
| 23 十月 | 0 | |||
| 22 十月 | 0 | |||
| 21 十月 | 0 | |||
| 20 十月 | +1 | |||
| 19 十月 | 0 | |||
| 18 十月 | 0 | |||
| 17 十月 | +1 | |||
| 16 十月 | 0 | |||
| 15 十月 | 0 | |||
| 14 十月 | 0 | |||
| 13 十月 | 0 | |||
| 12 十月 | 0 | |||
| 11 十月 | +1 | |||
| 10 十月 | 0 | |||
| 09 十月 | +1 | |||
| 08 十月 | +1 | |||
| 07 十月 | 0 | |||
| 06 十月 | +2 | |||
| 05 十月 | +6 | |||
| 04 十月 | 0 | |||
| 03 十月 | 0 | |||
| 02 十月 | 0 | |||
| 01 十月 | 0 |
频道帖子
ဒုတိယဖြစ်စဉ်ဟာတော့အလွန်ကြီးမားတဲ့ကြယ်များတွင်ဖြစ်ပြီးနေထုထည်ရဲ့
အဆ20မှ30အတွင်းရှိကြတဲ့ကြယ်ကြီးများမှာဖြစ်တတ်ကြပါတယ်
ပုံမှန်ဆိုရင်ကြယ်တစ်လုံးဟာနောက်ဆုံးအချိန်မှာSupernovaဖြစ်စဉ်နဲ့အတူကြယ်ရဲ့အပြင်ခွံကိုအာကာသအတွင်းသို့လွှင့်ခွာထုတ်၍အဆုံးသတ်သွားရမှာဖြစ်ပြီးတိုက်ရိုက်ပြိုလဲခြင်းဖြစ်စဉ်တွင်တော့ဆွဲငင်အားဟာအင်မတန်မှပြင်းထန်လွန်းလှသဖြင့် အပြင်ခွံကိုခွာထုတ်ဖြစ်ဖို့အတွက်အတွင်းအူတိုင်မှလှိုင်းထုတ်လွှင့်မှုဟာကျရှုံးသွားရပါတယ်
ရလဒ်အနေနဲ့ကတော့ကြယ်တစ်ခုလုံးဟာ၎င်းရဲ့အူတိုင်ကနေတစ်ဆင့်ဝါးမြိုခြင်းခံရပြီး တထောင့်တနေရာကစောင့်ကြည့်နေတဲ့သူအဖို့တော့ ကြယ်တစ်လုံးလုံးဟာပေါက်ကွဲကာပျောက်ကွယ်သွားခြင်းမျိုးကိုမြင်တွေ့ရမှာမဟုတ်ပဲမျက်စိတစ်မှိတ်အတွင်းထိုကြယ်ကြီးဟာအာကာသကောင်းကင်ယံကနေပျောက်ကွယ်သွားပြီးထိုကြယ်အစားတွင်းနက်ကြီးတစ်ခုသာချန်ရစ်ခဲ့တာကိုတွေ့မြင်ရမဇာပါ
| 2 | တိုက်ရိုက်ပြိုလဲခြင်းဖြစ်စဉ်ဆိုတာဟာ အလွန်ကြီးမားတဲ့အရာဝတ္ထုတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ဆွဲငင်အားအောက်မှာတင် တိုက်ရိုက်တွင်းနက်ကြီးအဖြစ်ပြောင်းလဲသွားတဲ့အလွန်ရှားပါးတဲ့ဖြစ်စဉ်မျိုးကိုခေါ်ပါတယ် ဒီဖြစ်စဉ်မှာတော့နှစ်မျိုးနှစ်စားရှိပါတယ် ပထမဖြစ်စဉ်ကတော့အစောပိုင်းစကြာ၀ဠာကြီးမှာအဖြစ်များခဲ့ပါတယ် အလွန်လေးလံသောဓာတ်ငွေ့တိမ်တိုက်များ(Hydrogenနဲ့Helium)တွေဟာ နေထုထည် အဆ10,000မှ1,000,000အထိရှိနေနိုင်တဲ့တွင်းနက်များအဖြစ်တိုက်ရိုက်ပြိုလဲသွားနိုင်ပါတယ် ထိုသို့သော်ဓာတ်ငွေ့တိမ်တိုက်များဟာများသောအားဖြင့်အပူချိန်လျော့ကျအပိုင်းအစများအဖြစ်ပြိုကွဲကာသီးခြားကြယ်များအနေနဲ့ပေါ်ထွက်ကြပါတယ် သို့သော်အနီးအနားရှိGalaxyများမှလာတဲ့ပြင်းထန်တဲ့UV Rayများဖြင့်တိမ်တိုက်ထဲပြည့်နှက်နေပါကအပူချိန်လျော့ကျခြင်းမျိုးနဲ့အစိတ်အပိုင်းများအဖြစ်လည်းမကွဲသွားနိုင်တော့ပဲတိမ်တိုက်ကြီးတစ်ခုလုံးဟာတွင်းနက်ကြီးတစ်ခုအဖြစ်သို့တိုက်ရိုက်ပြိုလဲခြင်းဖြစ်စဥ်အနေနဲ့ပြောင်းလဲသွားပါတော့တယ် ထိုဖြစ်စဉ်ဟာအရေးကြီးပြီးအဘယ်ကြောင့်အချို့သောစကြာဝဠာအစဦးပိုင်းကတွင်းနက်ကြီးများဟာမဟာပေါက်ကွဲမှုကြီးပြီးသည်နှင့်နေထုထည်ရဲ့အဆသန်းပေါင်းများစွာအထိလျှင်မြန်စွာကြီးထွားလာရသလဲဆိုတာကိုလေ့လာဖို့အတွက်ပါ | 146 |
| 3 | ထိုအရာသည်အလွန်အရေးကြီးပါတယ်
အဘယ်ကြောင့်ဆိုသော် အဆိုပါတွင်းနက်ကြီးဟာပြင်းထန်လှတဲ့Supernova ပေါက်ကွဲမှုမှတဆင့်ဖြစ်ပေါ်လာတယ်ဆိုပါကထိုမျှလောက်အကွာအဝေးမှလျော့တိလျော့ရဲစွာကပ်တွယ်နေရတဲ့ကြယ်ဟာရှင်သန်နိုင်မည်မဟုတ်ပဲအဝေးရှိအာကာသဟင်းလင်းပြင်ထဲသို့တွန်းထုတ်ခြင်းခံရမှာဖြစ်ပါတယ်
ထိုအချက်များအရ ထိုတွင်းနက်ဟာကြယ်တစ်လုံးရဲ့နောက်ဆုံးအချိန်ဖြစ်သော တောက်ပတဲ့အဆုံးသတ်မျိုးနဲ့ဇာတ်သိမ်းသွားတာမျိုးမဟုတ်ပဲ တိုက်ရိုက်ပြိုလဲခြင်း ဖြစ်စဉ်မျိုးနဲ့ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုယူဆနိုင်ပါတယ်
ကြယ်နှစ်လုံးဝန်းရံလျက်ရှိတဲ့တွင်းနက်ကြီးတစ်ခုဟာတိတ်ဆိတ်စွာနဲ့ပေါ်ထွက်လာခဲ့တာပါ | 133 |
| 4 | ပထမဆုံးအနေနဲ့ကြယ်နှစ်လုံးကလှည့်ပတ်နေလျက်ရှိနေတဲ့Triple Black hole systemတွင်းနက်တစ်ခုကိုထောက်လှမ်းတွေ့ရှိခဲ့ပါတယ် ထိုအရာကိုတော့ V404 Cygniလို့ခေါ်ပြီးကမ္ဘာမှအလင်းနှစ်8000ခန့်အကွာမှာတည်ရှိပါတယ် ဆယ်စုနှစ်ပေါင်းများစွာပညာရှင်တွေဟာထိုအရာကိုBinary star systemလို့သာယူဆခဲ့ကြတာပါ့သို့သော်အတွင်ဘက်မှာရှိနေတဲ့ကြယ်ဟာတွင်းနက်ကို6ရက်ခွဲလျှင်တစ်ကြိမ်လည်ပတ်နေပြီးဒြပ်ထုများကိုတွင်းနက်၏ဆွဲငင်အားအတွင်းသို့တဖြည်းဖြည်းနဲ့ဆုံးရှုံးလျက်ရှိပါတယ်
လေ့လာမှူအသစ်အရဒုတိယမြောက်ကြယ်တစ်လုံးထပ်ရှိနေပြီးအလွန်ဝေးကွာတဲ့အကွာအဝေးမှနေပြီးလှည့်ပတ်နေတာကိုမမျှော်လင့်ပဲတွေ့ရှိခဲ့ရပါတယ် ထိုကြယ်ဟာတွင်းနက်မှ 3500AUအကွာအဝေးမှာရှိပြီးပလူတိုဂြိုလ်နှင့်နေအကွာအဝေးထက်အဆ100ခန့်ကွာဝေးပါတယ်ထိုမျှဝေးကွာသဖြင့်တွင်းနက်ကိုတစ်ပတ်ပြည့်အောင်လည်ပတ်ဖို့ရာနှစ်ပေါင်း70,000ခန့်ကြာမြင့်မှာပါ | 136 |
| 5 | နောက်တစ်ယောက်ထပ်ဆုံးသွားပြီလို့သိရ
ရုရှားအစိုးရကအခြေအနေအမှန်ကိုအရှိတိုင်းမထုတ်ပြန်ပဲချပ်လှပ်လျှို့ဝှက်ထားနေတာတွေရှိတယ်လို့လည်းသိရပါတယ် | 190 |
| 6 | ဒီကျောက်ဟာ ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးဖြစ်ပြီး 1ခုတည်းသာတွေ့ရှိပါသေးတယ်
ထိုကျောက်ကိုတော့ Kyawthuite(ကျော်သူအိုက်)လို့ခေါ်ပြီးမြန်မာနိုင်ငံမှာထွက်ရှိခဲ့တာပါ
၎င်းကိုမြန်မာနိုင်ငံမှတွင်းထွက်သတ္တုဗေဒနှင့်ကျောက်မျက်ပညာရှင် ဒေါက်တာကျော်သူက ဒေသတွင်းဈေးကွက်တစ်ခုမှ၂၀၁၀ခုနှစ်ကဝယ်ယူခဲ့တာပါ
ထိုကျောက်ကိုတန်ဖိုးကြီးနီလာနှင့်ပတ္တမြားများထွက်ရှိရာကမ္ဘာကျော်မိုးကုတ်မြို့၊ချောင်းကြီးလျှိုအတွင်းရှိရေတိုက်စားခံထားရတဲ့အနည်ကျကျောက်စရစ်ခဲများထဲတွင်Crystalအနေနဲ့စတင်တွေ့ရှိခဲ့ပါတယ်
ကျောက်မြတ်ရတနာအဖြစ်သွေးဖြတ်ပြီးနောက်ဓာတုဗေဒနည်းများနှင့်စစ်ဆေးကြည့်ရာယခင်ကမှတ်တမ်းတင်ထားခဲ့ခြင်းမျိုးမရှိတဲ့ကျောက်အမျိုးအစားဖြစ်နေကြောင်းကိုသိပ္ပံပညာရှင်များကသိခဲ့ရပါတယ်
၎င်းမှာအဓိကပါတဲ့ဒြပ်စင်တွေကတော့ Bismuth,antimonyနဲ့Oxygenတို့ဖြစ်ပြီး၎င်းတို့ဘာသာဆိုလျှင်တော့မရှားပါးကြပါ
ထိုဒြပ်စင်များကိုပေါင်းစည်းပေးဖို့လိုအပ်တဲ့ဖြစ်တောင့်ဖြစ်ခဲအခြေအနေများကြောင့်သာဒီကျောက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်
စိန်ကဲ့သို့တောက်ပတဲ့အရောင်ပြေးပြီးအလင်းဖောက်နိုင်တဲ့နီညိုရောင်/လိမ္မော်ရောင်ရှိပါတယ် ဒီကျောက်ကိုတော့အမေရိကန်နိုင်ငံ Los Angelesခရိုင်ရှိသဘာဝသမိုင်းပြတိုက်မှာပြသထားပါတယ် | 184 |
| 7 | Russiaက Siberia ဒေသ Irkutsk ဒေသကဓာတ်ခွဲခန်းတစ်ခုမှာ ပလိပ်ပိုးပါဝင်တဲ့စမ်းသပ်ပြွန်တစ်ခုကျကွဲပြီး အသက်28နှစ်အရွယ်ရှိတဲ့ဝန်ထမ်းတစ်ဦးသေဆုံးသွားပြီးတော့သူမနဲ့ထိတွေ့ခဲ့တဲ့လူအယောက်200နီးပါးကိုသီးသန့် Quarantineထား ထားနေရပါတယ်တဲ့ဓာတ်ခွဲခန်းမှာဇီဝပြွန်တွေကိုကိုင်တွယ်နေရင်းပြင်းထန်အဆုတ်ရောင်ပုလိပ်ရောဂါဖြစ်စေနိုင်တဲ့Yersinia pestis bacteria ပိုးပါဝင်တဲ့ပြွန်ဟာစက်တင်ဘာ 25ရက်နေ့ကကျကွဲခဲ့ပြီးတိုက်ရိုက်ထိတွေ့ခဲ့မိတဲ့ ထိုအမျိုးသမီး(patient Zero)ဟာပြင်းထန်အဆုတ်ရောင်ရောဂါများကိုခံစားပြီးOct2ရက်နေ့ကဆုံးပါးသွားခဲ့ပါတယ် | 919 |
| 8 | ပုံမှာပါတဲ့ မည်းမည်းအရာကြီးက
ပြီးခဲ့တဲ့ဇူလိုင်လ ၂၄ ရက်နေ့က ကမ္ဘာပတ်လမ်းထဲကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့ SpaceX ရဲ့ Starship Flight 13 (Ship 40) ဒုံးပျံကြီးပဲ ဖြစ်ပါတယ်
ဟိုးအရင်ကဆိုရင် ဒုံးပျံတွေဟာလွှတ်တင်ပြီးတာနဲ့ပင်လယ်ထဲပျက်ကျအဆုံးသတ်ကြရတာပါ
ဒါပင်မဲ့အခုနောက်ပိုင်းဒုံးပျံတွေဟာလွှတ်တင်ပြီးတာနဲ့လေယာဥ်ပျံတွေလိုခေါက်တုံ့ခေါက်ပြန်ပြန်လည်အသုံးပြုနိုင်အောင်ပြန်လည်မွမ်းမံလို့ရနေပါပြီ
လက်ရှိမှာတော့ ဒီဒုံးပျံကြီးဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် (Texas) မှာရှိတဲ့ Brownsville က Starbase စခန်းဆီကို အောက်တိုဘာ ၆ ရက် သို့မဟုတ် ၇ ရက်နေ့လောက်မှာ ဆိုက်ရောက်ဖို့ ဦးတည်ခုတ်မောင်းနေပါတယ်
ဘာအတွက် ပြန်သယ်လာတာလဲဆိုတော့ လေထုထဲကို အပူချိန် ပြင်းပြင်းနဲ့ ပြန်ဝင်လာချိန်မှာ ဒုံးပျံရဲ့ အပူခံပြားတွေ (Heat shields) နဲ့ ကိုယ်ထည် ဘယ်လောက် ခံနိုင်ရည်ရှိခဲ့လဲ ဆိုတာကို အသေးစိတ် လေ့လာဆန်းစစ်ဖို့အတွက်ပါ | 277 |
| 9 | ဂြိုလ်သားတွေရှိလောက်လားဆိုတော့ရှိလောက်ပါတယ် စကြာဝဠာထဲမှာGalaxyပေါင်းဘီလီယံ ထရီလီယံနဲ့ချီရှိပြီးတော့အဲ့ထဲမှာကြယ်ပေါင်းသိန်းသန်းမကရှိကြမှာပါ
အဲ့ကြယ်တွေကိုလည်ပတ်နေကြတဲ့ဂြိုလ်ပေါင်းများစွာလည်းရှိနေကြပြီးအဲ့ထဲမှာကမ္ဘာနဲ့ဆင်တူတဲ့ သက်ရှိဖြစ်တည်နေနိုင်တဲ့အကွာအဝေးမှာရှိနေတဲ့ဂြိုလ်ပေါင်းဟာလည်း သန်းနဲ့ချီပြီးရှိနေနိုင်ပါတယ် ကျောက်ခဲကျောက်ဆိုင်တွေနဲ့ပြည့်နေတဲ့ကမ္ဘာတို့၊ရေတွေသာရှိပြီးကုန်းမြေမရှိတဲ့ကမ္ဘာအစရှိသဖြင့်အမျိုးမျိုးဖြစ်တည်နေကြမှာပါ အခြေအနေအရပ်ရပ်သာမျက်နှာသာပေးရင်သက်ရှိတွေဖြစ်တည်ကြမှာဖြစ်ပြီးပုံသဏ္ဍာန်အမျိုးမျိုးနဲ့တည်ရှိနေကြမှာပါ
ရေတစ်စက်ကိုသာမန်မျက်စိနဲ့ကြည့်ပြီးဘာမှမရှိဘူးပြောလို့မရပါ သင့်တော်ရာ microscope အစရှိတဲ့စက်ပစ္စည်းအကူအညီနဲ့အနီးကချဲ့ကြည့်ရင်ရှင်သန်လှုပ်ရှားနေကြတဲ့
Microscopic organisms လေးတွေကိုတွေ့မြင်နိုင်မှာဖြစ်ပြီးစကြာဝဠာအနှံ့မှာလည်းအမျိုးမျိုးကွဲပြားမတူညီကြတဲ့သက်ရှိတွေရှင်သန်ဖြစ်တည်နေကြမှာကိုတော့ ကျနော်ယုံကြည်ပါတယ် | 294 |
| 10 | Standard Cosmology တွင်တော့Dark Energy ဟာGalaxyများတစ်ခုနှင့်တစ်ခုညှင်သာစွာဝေးကွာသွားစေရန်တွန်းကန်အားပေးသည့် ကိန်းသေအား(Cosmology Constant)တစ်ခုအဖြစ်လုပ်ဆောင်ပါတယ် သို့သော်Big Ripဖြစ်သည်Theoryအရ Phantom Energyဟုခေါ်သောအသွင်ကွဲစွမ်းအင်တစ်မျိုးပေါ်မှာခြေခံနေပါတယ်
Equation of State(အခြေအနေပြညီမျှခြင်း) (w)
စကြာဝဠာပညာရှင်များသည်Dark Energyကို w ဟုခေါ်တဲ့ကိန်းရှင်တစ်ခုနဲ့တိုင်းတာကြပြီးအကယ်၍ w= -1ဖြစ်နေပါကDarl Energyရဲ့သိပ်သည်းဆဟာကိန်းသေဖြစ်နေမည်ဖြစ်ပြီး
Big Freeze(သို့)အပူစွမ်းအင်ကုန်ဆုံး၍စကြာဝဠာကြီးပျက်သုန်းခြင်း(Heat Death)ဖြစ်စဉ်သို့သာဦးတည်သွားမှာပါ
အရှိန်လွန်တိုးပွားခြင်း(The Overdrive) (w<-1)
အကယ်၍wဟာ-1ထက်ငယ်နေပါကစကြာဝဠာကြီးကျယ်ပြန့်လာသည်နှင့်အမျှPhantomစွမ်းအင်ဟာလည်းပိုမိုတိုးပွားလာမည်ဖြစ်ပြီးယင်းကအထိန်းအကွပ်မဲ့တုံ့ပြန်မှုသံသရာ(Runaway feedback loop)ကိုဖြစ်ပေါ်စေပြီးSpace-timeကျယ်ပြန့်မှုကိုပါအလွန်အမင်းပြင်းထန်စွာအရှိန်မြှင့်တင်ပေးသဖြင့်တစ်ခုနှင့်တစ်ခုစုစည်းတည်ရှိနေသာရုပ်ဝတ္ထုတည်ဆောက်မှုပုံစံများကိုပါသတင်ဖျက်စီးပါတော့တယ် | 260 |
| 11 | The Big Rip ဆိုတာဟုစကြာဝဠာကြီးရဲ့အဆုံးသတ်ကံကြမ္မာနှင့်ပတ်သက်တဲ့ Theory အခြေခံစကြာဝဠာဗေဒတစ်ခုဖြစ်ပါတယ်
ဒီဖြစ်စဉ်မှာတော့ ကြီးမားလှတဲ့Galaxyများမှနေ၍တစ်ခုချင်းသောAtomsများအထိရှိသောဒြပ်ထုအားလုံးဟာစကြာဝဠာကြီးရဲ့အရှိန်ပြင်းစွာကျယ်ပြန်လာမှုကြောင့် အစိမ်းလိုက်ဆွဲဖြဲဖျက်စီးခြင်းကိုခံရမှာဖြစ်ပါတယ်
မတည်ငြိမ်တဲ့အမှောင်စွမ်းအင်(Dark Energy)ကြောင့်ဖြစ်ပေါ်နေရသည့်ထိုကျယ်ပြန့်ခြင်းဟာအကန့်အသတ်ရှိသောအချိန်ကာလတစ်ခုမှာ အနန္တ(အတိုင်းအဆမဲ့)ကိန်းဂဏန်းတစ်ခုသို့ရောက်ရှိသွားမှာဖြစ်ပြီးသဘာဝတရားကြီးရဲ့အခြေခံရုပ်ပိုင်းဆိုင်ရာစွမ်းအင်စုအားလုံးကိုဖျက်စီးလွှမ်းမိုးသွားမှာပါ | 236 |
| 12 | ဤအချက်ပြလှိုင်းဟာဂြိုလ်သားများတည်ရှိနေတယ်ဆိုတဲ့သက်သေအထောက်အထားမဟုတ်ပဲ၎င်းဟာသိပ္ပံပညာအတွက်ပိုမိုအသုံးဝင်သောအရာတစ်ခုဖြစ်ပြီးကမ္ဘာပြင်ပြရှိဂြိုလ်များရဲ့မမြင်နိုင်တဲ့သံလိုက်စက်ကွင်းပတ်ဝန်းကျင်များကိုတိုက်ရိုက်စူးစမ်းလေ့လာဖို့နည်းလမ်းသစ်တစ်ခုပင်ဖြစ်ပါတယ် | 205 |
| 13 | ၎င်းရဲ့ပြင်းထန်သောစက်ဝိုင်းပုံစံစွမ်းအင်လှိုင်းစီးဆင်းမှူ(Circular polarization)က
ဂြိုလ်၏သံလိုက်စက်ကွင်းနှင့်လျှပ်စစ်ဓာတ်ဆောင်တဲ့အမှုန်များအပြန်အလှန်သက်ရောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ Auroral radio emissionကိုညွှန်ပြနေပါတယ်
ထိုလုပ်ဆောင်ချက်ကိုတော့ electron cyclotron maser instabilityလို့ခေါ်ပြီးကြာသာပတေးဂြိုလ်ကဲ့သို့သောဓာတ်ငွေ့ဂြိုလ်ကြီးများမှပြင်းထန်တဲ့ရေဒီယိုလှိုင်းတွေထွက်ပေါ်လာနေရခြင်းရဲ့အခြေခံအချက်တစ်ခုပဲဖြစ်ပါတယ်
တိုင်းတာမှုများအရ၎င်းလှိုင်းစတင်ထွက်ပေါ်လာတဲ့နေရာတွင် ကမ္ဘာ့သံလိုက်စက်ကွင်းထက်အဆ 1250 gauss ခန့်ပိုမိုပြင်းထန်တဲ့သံလိုက်စက်ကွင်းတည်ရှိနေကြောင်းကိုသိရှိရပါတယ်
ထိုတိုင်းတာမှုဟာနေအဖွဲ့အစည်းပြင်ပမှာရှိတဲ့ဂြိုလ်တစ်လုံးရဲ့သံလိုက်စက်ကွင်းကိုပထမဆုံးအကြိမ်အနေနဲ့တိုင်းတာနိုင်လိုက်ခြင်းပါ
Beta Pictoris Bဟာအလွန်မြန်ဆန်သောအရှိန်နှုန်းဖြင့်လည်ပတ်နေပြီးတစ်ပတ်ပြည့်ရန် 8နာရီမှ9နာရီခန့်သာကြာမြင့်ပြီးထိုကဲ့သို့မြန်ဆန်စွာလည်ပတ်နေခြင်းဟာ၎င်းရဲ့ကြီးမားသောသံလိုက်စက်ကွင်းကိုစွမ်းအင်ပေးရန်ကူညီပေးနေတာပါ | 193 |
| 14 | နက္ခတ္တဗေဒပညာရှင်များသည် ၎င်းတို့၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်နေအဖွဲ့အစည်းပြင်ပဂြိုဟ် (exoplanet) တစ်ခုထံမှတိုက်ရိုက်လာနေသော ရေဒီယိုအချက်ပြလှိုင်း(radio signals) များကိုဖမ်းယူရရှိခဲ့ကြပါတယ်
ထိုဂြိုလ်ကိုတော့Beta Pictoris Bလို့ဟုခေါ်ပြီးကမ္ဘာမှအလင်းနှစ် 64နှစ်အကွာမှာတည်ရှိကာကြာသာပတေးဂြိုလ်(Jupiter)ထက် ၁၀ဆပိုမိုကြီးမား၍သက်တမ်းနုဧရာမဓာတ်ငွေ့ဂြိုလ်ကြီးတစ်လုံးပဲဖြစ်ပါတယ် သုတေသီများဟာတောင်အာဖရိကရှိ Meerkat Radio Telescopeကိုအသုံးပြု၍0.85နဲ့3.5 gigahertzအကြားလျှင်မြန်ပြီးထပ်တလဲလဲထွက်ပေါ်နေတဲ့လှိုင်းများကိုဖမ်းယူရရှိခြင်းမှတဆင့်သိရှိခဲ့တာပါ အဓိကအရေးပါတဲ့အောင်မြင်မှုတစ်ရပ်ကတော့ဒီအချက်ပြလှိုင်းတွေဘယ်နေရာကလာသလဲဆိုတာကိုအတိအကျဖော်ထုတ်နိုင်ခြင်းပါ အဆိုပါရေဒီယိုလေ့လာချက်များကို ထိုဂြိုလ်၊၎င်း၏မိခင်ကြယ်နှင့်တည်ငြိမ်သောအညွှန်းမှတ်များအနေနဲ့လုပ်ဆောင်ပေးတဲ့အဝေးမှာရှိနေတဲ့ Quasarများရဲ့တိကျသောနေရာများနှင့်နှိုင်းယှဉ်တွက်ချက်ခဲ့ကြရာအဆိုပါရေဒီယိုလှိုင်းများဟာမိခင်ကြယ်စီမှမဟုတ်ပဲ Beta Pictoris Bဂြိုလ်နှင့်သာအတိအကျထပ်တူကျနေခဲ့တာပါ | 176 |
| 15 | 3. The Black Hole Era (ယခုကစနောက်နှစ်ပေါင်း 10⁴⁰ မှ 10¹⁰⁰ နှစ်အကြာ)
ထိုအချိန်မှာတော့တွင်းနက်ကြီးတွေသာတည်ရှိတော့မှာဖြစ်ပြီးဟာကြွင်းကျန်ရစ်သော ဒြပ်ဝတ္ထုများအပေါ်မှာတဖြည်းဖြည်း ဖြေးညှင်းစွာ စားသုံးနေဥိီးမှာပါ
သို့သော်လည်း၎င်းတို့ဟာ Hawking Radiation လို့ခေါ်တဲ့ ဓာတ်ရောင်ခြည်ဆုံးရှုံးခြင်းနဲ့အငွေ့ပျံခြင်းဖြစ်စဉ်နဲ့အတူပျောက်ကွယ်သွားမှာပါ
4. The Dark Era ( နှစ်ပေါင်း10¹⁰⁰ နှစ်နောက်ပိုင်း)
နောက်ဆုံးလက်ကျန်တွင်းနက်အငွေ့ပျံပျောက်ကွယ်သွားပြီးနောက်စကြာဝဠာကြီးဟာ ဗလာနတ္တိဘာမှမရှိတော့ပဲ အေးစက်မှောင်မိုက်နေတဲ့နေရာကြီးတစ်ခုဖြစ်သွားမှာပါ photons, neutrinos,နဲ့electronsတွေဟာဆိုရင်လည်း 0မှတ်နီးပါးအထိအေးခဲသွားမှာဖြစ်ပါတယ် ဒါဟာစကြာဝဠာကြီးရဲ့အဆုံးသတ်များထဲကတစ်ခုပါ | 226 |
| 16 | The Big Freeze(Heat Death)
ဒါကတော့အတော်များများလက်ခံကြတဲ့စကြာဝဠာကြီးအဆုံးသတ်မဲ့ပုံခန့်မှန်းချက်တစ်ခုဖြစ်ပါတယ် အရမ်းပြန့်ကားလာတဲ့အချိန်မှာစွမ်းအင်များကိုအညီအမျှဖြန့်ဝေအသုံးပြုနိုင်ခြင်းမရှိတော့တဲ့အခြေအနေမျိုးဖြစ်လာပြီးနောက်အဆုံးမှာ မှောင်မိုက်အေးခဲကာအဆုံးသတ်သွားမယ်လို့ဆိုပါတယ်
1. The Stelliferous Era (The Age of Stars)
အခုလက်ရှိအဆင့်ကတော့ ကြယ်အသစ်တွေဟာ Nebula ဓာတ်ငွေ့တိမ်တိုက်တွေကနေပေါ်ပေါက်လာနိုင်သော်လည်းဒီအခြေအနေတွေဟာတစ်နေ့နေ့တစ်ချိန်ချိန်ဓာတ်ငွေ့များကုန်ခန်းသွားတဲ့အချိန်ကျရင်ကြယ်အသစ်များမွေးဖွားခြင်းဟာရပ်တန့်သွားမှာပါ
2. The Degenerate Era (ယခုကစနောက်နှစ်ပေါင်း10¹⁴ မှ 10⁴⁰နှစ်အကြာ)
နောက်ဆုံးလက်ကျန်ကြယ်များဟာလောင်စာကုန်ခမ်းသွားပြီးနောက်သက်တမ်းကုန်သွားကြမှာ
ဖြစ်ပါတယ် စကြာဝဠာအနှံ့အပြားမှာသေဆုံးပြီးကြယ်အကြွင်းအကျန်များဖြစ်တဲ့ White dwarf,Brown drawf, Neutron Starနဲ့Blackholeများဖြင့်သာပြည့်နှက်နေတော့မှာပါ
ဒါပင်မဲ့သူတို့မှာလည်းသက်တမ်းကုန်ဆုံးချိန်တွေရှိကြပါတယ် | 236 |
| 17 | အရာရာတိုင်းမှာ အဆုံးသတ်ရှိသလို စကြာဝဠာကြီးဟာဆိုရင်လည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာအဆုံးသတ်သွားမှာပါ အဆုံးသတ်မည့်ပုံကိုခန့်မှန်းချက်အမျိုးမျိုးရှိတဲ့အထဲမှာမှ အဖြစ်နိုင်ဆုံး 3 မျိုးကို ညနေကျရင် ဖတ်ရပါမယ် | 196 |
| 18 | ပိုပြီးထူးဆန်းတာကအတောက်ပဆုံးသောအပူကွက်ကြီးဟာ2015ခုနှစ်ကရရှိခဲ့တဲ့ALMAရဲ့အချက်အလက်များထဲမှတူညီတဲ့တည်နေရာမှာမှာပဲပြန်လည်ပေါ်ထွက်လာခြင်းပါ
ထိုအချက်ကBetelguese၏လေထုထဲရှိ အချို့သောဖွဲ့စည်းတည်ဆောက်ပုံများသည် အနည်းဆုံးခုနစ်နှစ်ခန့်အထ ရေရှည်တည်တံ့နေနိုင်ကြောင်းကိုဆိုလိုပြီးယင်းမှာဧရာမအပူစီးကူးမှု (Giant Convection) ဆိုင်ရာလက်ရှိ သိပ္ပံနည်းကျပုံစံငယ်များခန့်မှန်းထားသည်ထက်များစွာပိုမိုကြာရှည်နေခြင်းဖြစ်ပါတယ်
ထိုအပူလှိုင်းများဖြာထွက်နေတဲ့နေရာကွက်ကြီးဟာကြယ်ရဲ့အပြင်ဘက်အလွှာများစီသို့တုန်ခါလှိုင်းများပို့လွှတ်နေသည့်များပြားလှတဲ့ဓာတ်ငွေ့ဆဲလ်များနဲ့ဆက်စပ်နေမယ်လို့ဆိုပါတယ်
ထိုသို့ပြင်းထန်တဲ့လှုပ်ရှားမှုများဟာBetelgeuse ကြယ်ကြီးနောက်ဆုံးပေါက်မကွဲသွားခင် အာကာသထဲသို့ဒြပ်ပစ္စည်းများစွန့်ထုတ်ရန်အကူအညီပေးတဲ့အတွက်ထိုအချက်သာအလွန်အရေးကြီးပါတယ်
ကျွန်ုပ်တို့ဟာသာမန်ကြယ်ကြီးတစ်လုံးကိုမြင်တွေ့နေရခြင်းမဟုတ်ပဲ သေဆုံးလုဆဲဆဲ အသက်ငင်နေတဲ့ ကြယ်ကြီးတစ်လုံးရဲ့နောက်ဆုံးအချိန်ကိုစောင့်ကြည့်နေကြရတာပါ | 264 |
| 19 | Betelgeuse ကြယ်ကြီးရဲ့မီးလျှံများတောက်လောင်ပြီးပွက်ပွက်ဆူနေတဲ့မျက်နှာပြင်ကြီးကိုအသေးစိတ်ပုံရိပ်တစ်ခုအနေနဲ့တွေ့မြင်လိုက်ရပါပြီ
နက္ခတ္တဗေဒပညာရှင်များဟာ ALMA Telescopeကြီးကိုအသုံးပြု၍တစ်နေ့တွင်Supernovaအဖြစ်ပေါက်ကွဲသွား(သို့)ပေါက်ကွဲပြီးဖြစ်တဲ့Orionကြယ်အစုအဝေးရှိနာမည်ကျော်ကြယ်နီကြီးBetelgeuseရဲ့အတွင်းပိုင်းလေထုပုံကိုရိုက်ကူးနိုင်ခဲ့ကြပါတယ်
ထိုကြယ်ကြီးအားနေလုံးကြီး၏နေရာမှာအစားထိုးလိုက်မည်ဆိုပါကMarsဂြိုလ်ရဲ့ပတ်လမ်းကိုပင်လွန်သွားလိမ့်သည်အထိအရွယ်အစားကြီးမားလှပါတယ်
ထိုသို့ကြီးမားလှသောအရွယ်အစားကြောင့်သာ၎င်းလေထုရဲ့အနုစိတ်အချက်အလက်များကိုခွဲခြမ်းစိတ်ဖြာတွေ့မြင်နိုင်ခြင်းဖြစ်ပြီးအခြားသောကြယ်အများစုအတွက်မလုပ်ဆောင်နိုင်သေးတဲ့အရာတစ်ခုလည်းဖြစ်ပါတယ် ALMA၏လေ့လာတွေ့ရှိတဲ့အခြေအနေများအရ၎င်းဟာချောမွေ့လုံးဝန်းပြီးတောက်ပနေတဲ့အလုံးအထည်မဟုတ်တော့ကြောင်းသိရပါတယ် လေထုသည်ပုံသဏ္ဌာန်ပျက်ယွင်းနေပြီးလှိုင်းတွန့်များဖြစ်ပေါ်နေကာဧရာမ အပူလှိုင်းဖြာထွက်ရာနေရာကွက်များဖြင့်ပြည့်နှက်နေပါတယ်အချို့သောအကွက်များဟာဘေးပတ်ဝန်းကျင်မှာရှိတဲ့ဓာတ်ငွေများထက် 800Kပိုပြီးပူလောင်နေတာပါ | 190 |
| 20 | Marsဂြိုလ်ပေါ်က နံနက်ခင်း | 232 |
