ar
Feedback
Android Zone

Android Zone

الذهاب إلى القناة على Telegram

Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Android Zone

تُعد قناة Android Zone (@androidzone777) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 37 627 مشتركاً، محتلاً المرتبة 2 215 في فئة ألعاب والمرتبة 3 788 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 37 627 مشتركاً.

بحسب آخر البيانات بتاريخ 27 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 6 578، وفي آخر 24 ساعة بمقدار 59، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 21.62‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.24‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 8 112 مشاهدة. وخلال اليوم الأول يجمع عادةً 1 591 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 28 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة ألعاب.

37 627
المشتركون
+5924 ساعات
+8767 أيام
+6 57830 أيام
أرشيف المشاركات
📲 Efootball Coin Top Up Service 📌 Supported Account ✅ Android Account ✅ iOS Account ✅ Japan Region Account 🇯🇵 ━━━━━━━━━━━
📲 Efootball Coin Top Up Service 📌 Supported Account ✅ Android Account ✅ iOS Account ✅ Japan Region Account 🇯🇵 ━━━━━━━━━━━━━━━━━━ ➕ Order တင်ရန် လိုအပ်သော အချက်အလက်များ 1️⃣ Konami ID ချိတ်ထားသော Gmail (သို့) Konami ID 3️⃣ Konami Password (Game Password) 3️⃣ UsernameKonami ID သည် User ID မဟုတ်ပါ။ 🩵 2-Step Verification (OTP) Coin ဖြည့်ရန် Account ဝင်သည့်အခါ 2-Step Verification (OTP Code) ကို Gmail ထဲသို့ ပို့ပေးမည်။ OTP တောင်းသည့်အချိန်တွင် Online ရှိပေးပြီး OTP Code ကို အမြန်ဆုံးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ OTP Code ရရှိပြီးနောက် (5) မိနစ်အတွင်း Coin ဖြည့်သွင်းပေးပါမည်။ 📱 Android Coin Price 🤩 300 Coin — 13,000 Ks 🤩 550 Coin — 23,000 Ks 🤩 750 Coin — 30,000 Ks 🤩 1,040 Coin — 38,000 Ks 🤩 2,130 Coin — 70,000 Ks 🤩 3,250 Coin — 103,000 Ks 🤩 5,700 Coin — 170,000 Ks 🤩 12,800 Coin — 357,000 Ks ━━━━━━━━━━━━━━━━━━ ✍ iOS Coin Price 🤩 550 Coin — 20,500 Ks 🤩 750 Coin — 26,500 Ks 🤩 1,040 Coin — 36,000 Ks 🤩 2,130 Coin — 68,000 Ks 🤩 3,250 Coin — 100,000 Ks 🤩 5,700 Coin — 161,000 Ks 🤩 12,800 Coin — 335,000 Ks ━━━━━━━━━━━━━━━━━━ ❤️🇯🇵 Japan ID (Japan Region) 🤩 578 Coin — 23,000 Ks 🤩 788 Coin — 29,000 Ks 🤩 1,092 Coin — 39,000 Ks 🤩 2,237 Coin — 71,000 Ks 🤩 3,413 Coin — 105,000 Ks 🤩 5,985 Coin — 173,000 Ks 🤩 13,440 Coin — 360,000 Ks ━━━━━━━━━━━━━━━━━━ 🌟 Starter Set 🌟 Silvestre — 7,000 Ks 🌟 Van Nistelrooij — 17,000 Ks 🌟 Mourinho Set — 28,000 Ks ━━━━━━━━━━━━━━━━━━ 🎁 Promo Pack 🤩 260 Coin — 8,000 Ks 🤩 840 Coin — 27,000 Ks ━━━━━━━━━━━━━━━━━━ ⏺ Order ဒီ Group ကတဆင့်တင်ပါ။ Roam Game Application - https://t.me/Roam_Game/637 Group - https://t.me/Roam_Reseller/25

Undead Horde 2 (Android/iOS) တခြားဂိမ်းတွေလို လူသားတွေက hero လုပ်ပြီး zombie တွေ vampire တွေလိုက်နှိမ်နင်းရမှာမဟုတ်ဘဲ undead king နေရာကနေ Necropolis မြို့ကြီးကိုဖျက်ဆီးသွားတဲ့ လူသားတွေကိုကလဲ့စားချေရမှာပါ။ Gameplay ====== ဂိမ်းရဲ့ထူးခြားချက်တစ်ခုက တခြား rts တွေလို building တွေဆောက်ပြီးလူထုတ်ရတာမဟုတ်ဘဲ စစ်မြေပြင်ထဲသေဆုံးသွားတဲ့စစ်သားတွေကို ဖုတ်ကောင်အဖြစ်ပြန်လည်အသက်သွင်းပြီး အမိန့်ပေးတိုက်ခိုင်းရတာမျိုးပါ။ ကျနော်တို့က မြေပုံပေါ်ကရန်သူ့စခန်းတွေကို undead တပ်မတော်ကြီးနဲ့၀င်ဖျက်ဆီးပြီး soul jar ထဲမှာအဖမ်းခံထားရတဲ့ Necropolis မြို့သားတွေကိုကယ်တင်ရမှာပါ။သေမင်းကြီးပေးတဲ့ quest တွေနဲ့ story quest တွေ complete တဲ့အခါရလာတဲ့ရွှေတွေ၊ enemy တွေသေလို့ထွက်ကျလာတဲ့ရွှေတွေကိုစုထားပြီး Necropolis မြို့ကြီးထဲက ပျက်စီးသွားတဲ့ building တွေကိုတဖြည်းဖြည်းချင်းပြန်လည်ပြုပြင်ရပါတယ်။ ဒီ building တွေထဲမှာ ကိုယ့်ရဲ့ army တွေကို upgrade လုပ်နိုင်မယ့် building တွေ၊ မန္တာန်တွေ unlock ဖြစ်မယ့် building၊ လက်နက်တွေ upgrade လုပ်လို့ရမယ့် building တွေပါပါတယ်။အစပိုင်းမှာ skeleton army တွေသာရှိသေးပေမယ့် နောက်ပိုင်းမှာ စုန်းတွေ သမန်းဝံပုလွေတွေထိ reanimate လုပ်လာနိုင်မှာပါ။ Unit တစ်ခုချင်းကို နေရာချလို့မ‌ရပေမယ့် shield နဲ့ကောင်ကိုအရှေ့မှာထားပြီး အနောက်ကမြှားနဲ့ပစ်တဲ့ long range unit နဲ့တွဲသုံးတာလိုမျိုး combo strategy တွေတော့လိုပါတယ်။character level တက်လာတဲ့အခါမှာလည်း သွေးအားတိုးလာတာလိုမျိုး၊ unit အရေအတွက်အများကြီးကိုအမိန့်ပေးတာလိုမျိုး buff တွေရတတ်ပါတယ်။ Review ==== ဒီကောင့်ရဲ့ world ကြီးက dark fantasy လို့ပြောဖို့ခက်ပြီး မှုံမှိုင်းမှိုင်းနဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ vibe ကိုပေးတော့ casual dark fantasy လို့ပြောရင်ပိုမှန်မယ်ထင်တယ်။vampire တို့ စုန်းမ လိုအယူအဆတွေလက်ခံယုံကြည်ထားတဲ့ medieval setting ပိုင်းမှာ graphic ကို low poly ဖန်တီးထားတော့ အရိုးခြောက်လေးတွေကအရုပ်လေးတွေလိုဖြစ်နေပြီး ချစ်စရာတောင်‌ကောင်းနေသေးတယ်။ ဒီဂိမ်းကလည်း perfect ဖြစ်နေတာမဟုတ်ဘဲအားနည်းချက်တစ်ခုရှိတယ်။သူ့ရဲ့ gameplay ပုံစံက map တစ်ခုမှာ enemy စခန်းတွေဖျက်၊ မနိုင်တဲ့အခါ မြေပုံအဟောင်းကိုပြန်သွားပြီး ရွှေတွေ grind လုပ်ပြီး Necropolis မှာ unit တွေ upgrade တင်ဆိုတဲ့ loop ထဲမှာဘဲတောက်လျှောက်လည်နေတာ။အဲ့တော့ဂိမ်းအစပိုင်းလောက်ကဘဲ ထူးခြားသလိုခံစားရပေမယ့် ဂိမ်းအလယ်လောက်ရောက်ရင် player ကဆော့ရတာတဖြည်းဖြည်းရိုးလာပါတယ်။ဒါကြောင့် long heavy quest action ဂိမ်းကိုမျှော်လင့်ပြီးမဆော့စေချင်ဘဲ ပေါ့ပေါ့ပါးပါးအပန်းဖြေလို့ကောင်းမယ့် action ဂိမ်းတစ်ခုလိုသာမြင်စေချင်ပါတယ်။ Admin ကတော့ ကိုယ့် taste မဟုတ်လို့မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာ မကောင်းဘူးလို့ပြောချင်တာမဟုတ်ဘူးနော်။သူ့ဟာနဲ့သူဆော့ကောင်းပါတယ်။ ==== Size - 500mb Type - offline Link - comment Minimum requirements - Android 6.0,Ram 3, Snapdragon 680+ ===== #rts #action

Repost from PREMIUM SPACE
ChatGPT Official Price list 📱 --------------------------------------- Chatgpt Go (Official) (Customer's Mail) 💗 1 Month - 3
ChatGPT Official Price list 📱
---------------------------------------
Chatgpt Go (Official) (Customer's Mail) 💗
1 Month - 30000 Ks
Chatgpt Plus (Official) (Customer's Mail)💗
1 Month - 95000 Ks ✅ Waiting Time - Within 2 Hours✅ ChatGPT Plus အပြင် အခြားလိုချင်တဲ့ Itemတွေရှိရင်လဲ ️💘 @ZoYENix 💸 မှာစုံစမ်းဝယ်ယူနိုင်ပါတယ်။
Premium Space Items List ✅
https://t.me/PremiumSpaceMM/103
Sale Proof ကြည့်နည်း😎
https://t.me/PremiumSpaceMM/234

Panzer War Definitive Edition (Android/iOS) War Thander လိုဂိမ်းကို offline ဆော့ရမယ်၊ pay to win လည်းမဟုတ်ဘဲ tank combat တွေကလည်းကောင်းရမယ်။ဒီလို offline tank shooting ဂိမ်းတွေကိုကြိုက်ရင် အခုပြောပြချင်တဲ့ Panzer war ဂိမ်းကိုစမ်းကြည့်သင့်ပါတယ်။ ဆော့ကြည့်ရသလောက် အားသာချက် အားနည်းချက်တွေရှိပြီး ဘယ်အပိုင်းကကောင်းလဲဆိုးလဲဆိုတာ အားရပါးရဝေဘင်ကြရအောင်ပါ။ Review ===== ကြိုက်တဲ့အချက်များ ==== ပထမဆုံးသဘောကျတဲ့အချက်တွေကတော့ war Thander လိုဘဲ tank combat အရမ်းကောင်းတာပါ။တင့်ကားအမျိုးစားပေါင်း နှစ်ရာနီးပါးရှိပြီး WW1 ကစလို့ လက်ရှိ modern ခေတ်ထိတင့်ကားတွေပါပါတယ်။ တင့်ကားအချင်းချင်းပစ်တဲ့အခါမှာ ကိုယ်ပစ်နေတဲ့တင့်ကားကဘာအမျိုးစားလဲ၊ light vehicle လား WW2 ခေတ်ကတင့်ကားတွေလားသိရပါမယ်။တကယ်လို့ကိုယ်ကWW2 တင့်ကားတွေကို HE အမျိုးစားကျည်ဆန်နဲ့သွားပစ်နေရင် damage လုံး၀မတိုးဘဲ ဟိုဘက်ကအယားပြေရုံလောက်ဘဲရှိမှာပါ။ တင့်ကားအမျိုးစားကိုသိတယ် ကျည်ဆန်(ammunition) ကိုရွေးထားတာမှန်နေတယ်ဆိုရင်တောင် armor မာတဲ့အပိုင်းတွေကိုပစ်မိတဲ့အခါ damage မတိုးတာရှိပါတယ်။ဒါကြောင့် တင့်ကားနှစ်စီးယှဉ်ပစ်ရင်တောင် rear armor ကိုလှည့်ပတ်ပစ်နိုင်တဲ့ဘက်က အနိုင်ရတာမျိုးပါ။ War Thander လိုမျိုး module based ဆိုတဲ့ engine တွေ၊ rack တွေ၊ rear armor လိုမျိုး weakness တွေကို target ထားပြီးဖျက်ဆီးရတဲ့ mode၊ သွေးအားလျော့တာနဲ့ဆုံးဖြတ်တဲ့ HP based mode အပြင်ကိုမှ၊ mode နှစ်ခုလုံးကိုပေါင်းစပ်ထားတဲ့ hybrid mode ထိပါပါတယ်။ ကိုယ်ကတင့်ကားတစ်စီးကိုပစ်လိုက်လို့ engine ထိပြီးမရွေ့နိုင်တော့တဲ့အခါ၊ ကိုယ်ကအနိုင်ရသွားတဲ့အခါမှာ player ကို dopamine တော်တော်ပေးပြီး ဂိမ်းကိုဆက်ဆော့စေချင်အောင် ဆွဲဆောင်ထားနိုင်တာပါ။graphic အမြင့်ဆုံးထိထားရင် tank model တွေကိုရှင်းရှင်းလင်းလင်းမြင်ရသလို တင့်ကားတွေပေါက်ကွဲထွက်ကုန်တဲ့ explosion effect တွေကလည်းတော်တော်လှပါတယ်။pay to win လုံး၀မပါသလိုစဆော့ကတည်းက တင့်ကားအများကြီးကိုစိတ်ကြိုက်ရွေးဆော့နိုင်တာပါ။ အားနည်းချက်များ ==== အမှန်တိုင်းပြောရရင် ဒီဂိမ်းကတင့်ကားအချင်းချင်းပစ်တဲ့ tank combat ကဘဲဆွဲဆောင်မှုရှိပြီး ကျန်တာတွေက အားနည်းချက်တွေချည်းဘဲ။အထူးသဖြင့် လေယာဉ်တွေကိုရွေးဆော့ရင် ထိန်းချုပ်ရတာတော်တော်ခက်ပြီး လုံး၀အဆင်မပြေတာအမှန်ဘဲ။နောက်တစ်ခုက AAA ဂိမ်းမဟုတ်တော့ texture တွေကလည်း polish မဖြစ်ဘဲ old school graphic ပုံစံဖြစ်နေတာပေါ့နော်။ Game mode စုံတယ်ဆိုပေမယ့် commander mode ကတော့တော်တော်ကျက်သရေတုန်းတယ်။အဲ့ mode မှာ rts view ပုံစံနဲ့ တင့်ကားတွေကို နှစ်ဖက်လုံးနေရာချပြီး ထိုင်ကြည့်နေရတာ။အဲ့လိုကြည့်ပြီး ဘာလုပ်ရမှာလဲ။ တင့်ကားတွေ machine gun နဲ့ပစ်တဲ့အခါမှာလည်း လေဆာရောင်ချည်နဲ့ပစ်နေသလိုခံစားရပြီး စစ်ပွဲရဲ့ atmosphere ကိုအပြည့်အ၀မခံစားရပါဘူး။ ကျနော်ကတော့ ဆော့မယ်ဆိုရင် day time ကိုရွေးဆော့ဖို့ဘဲအကြံပေးချင်တယ်။ညပိုင်းမှာ ဘာဆိုဘာမှမမြင်ရဘဲ တင့်ကားတွေ building တွေအကုန်မဲသဲပြီးပျောက်ကုန်လို့ပါ။ နောက်တစ်ခုကတော့ optimization ပိုင်းပါ။snapdragon 860 လိုဖုန်းမှာ graphic အကုန်အမြင့်ဆုံးထားဆော့တာ battery စားသလို ဖုန်းလည်း heat တက်လာပါတယ်။UI ပိုင်းတွေကဟောင်းသလို screen မှာ UI တွေရှုပ်ရှက်ခပ်နေတာကိုလည်းတွေ့ရပါလိမ့်မယ်။ ငါက တင့်ကားအချင်းချင်းပစ်ချင်တာ ကျန်တာတွေစိတ်မ၀င်စားဘူးဆိုရင်တော့ ဒီဂိမ်းကို highly recommend ပေးပါတယ်။ Mod Information နဲ့ beginner guide ==== ဒီဂိမ်းမှာကောင်းတာတစ်ခုက ကိုယ်တိုင် map တွေ တင့်ကားအသစ်တွေတီထွင်လို့ရသလို modder တွေဖန်တီးထားတဲ့ mod တွေလည်းထည့်ဆော့လို့ရပါတယ်။ Beginner တွေဆိုရင်တော့ ပထမဆုံးအထာမသိသေးချိန်, gameplay ကိုလေ့လာနေချိန်မှာ Tiger 1 လို Sherman နဲ့ Panther လိုတင့်ကားတွေကိုရွေးပြီးဆော့စေချင်တယ်ဗျ။ဒီ tank တွေကမာလည်းမာသလို damage လည်းတိုးပါတယ်။ ==== Apk size - 547mb In-game data - 2.5gb Type - offline Link - comment Minimum requirements - Android 7.0,Ram 4, Snapdragon 720+ ==== #Action

Panzer War Definitive Edition (Android) Link - https://apkvision.org/games/action/panzer-war-de-133642/ အိုင်ဖုတ်တွေ၀ယ်ဆော့
+8
Panzer War Definitive Edition (Android) Link - https://apkvision.org/games/action/panzer-war-de-133642/ အိုင်ဖုတ်တွေ၀ယ်ဆော့

Repost from PREMIUM SPACE
Telegram Premium ⭐️ Telegram Premium Update Price List ⭐️ ($ Plan) ---------------------------- 1 Month - 21000 Ks(Login) SMS
Telegram Premium ⭐️ Telegram Premium Update Price List ⭐️ ($ Plan) ---------------------------- 1 Month - 21000 Ks(Login) SMS Fee - 8500 Ks (Login)
Gift Plan ($) Within 10 Mins(Official)
3 Months -   56500 Ks⭐️ 6 Months -   76500 Ks⭐️ 12 Months - 132000 Ks⭐️ ကြာချိန် - 10 မိနစ်
Note - $ Gift Plan တွေဝယ်မယ်ဆိုရင် username တစ်ခုသာ ပေးဖို့လိုအပ်ပါတယ်။✅
Mmk Link
3 Months - 49000 Ks 6 Months - 70000 Ks 12 Months - 120000 Ks ကြာချိန် - (၁နာရီအတွင်း) Telegram Premiumအပြင် အခြားဝယ်ယူချင်တဲ့Itemတွေရှိရင်လဲ         ⤵️ 💘@ZoYENix💸 မှာစုံစမ်းဝယ်ယူနိုင်ပါတယ်။ Telegram Premium နဲ့ပတ်သက်ပြီးသိချင်ရင် အောက်က Linkကတစ်ဆင့်ဝင်ကြည့်နိုင်ပါတယ်။ https://t.me/PremiumSpaceMM/1249

The Bonfire 2 : Uncharted shore (Android/iOS) Northgard လိုမျိုး rts management လုပ်ရတာကြိုက်တဲ့ဘဲတွေအတွက် file size နည်းနည်းလေးနဲ့သောက်ရမ်းဆော့ကောင်းမယ့် offline rts ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဂိမ်းက mobile ပေါ်မှာ 1 နဲ့ 2 ရှိတာဖြစ်ပြီး 1 ကိုလည်းတင်ထား‌ပေးပါတယ်။ Gameplay ===== ဂိမ်းစစချင်း ကျနော်တို့ကို အလုပ်သမားလေးယောက်ပေးထားပါတယ်။အဲ့လေးယောက်ကို ပထမဆုံးအနေနဲ့ bonfire မီးပုံတစ်ခုဆောက်ခိုင်းရပါတယ်။ဒီ bonfire ရဲ့မီးရောင် မိုင်ပေါင်းများစွာကနေလှမ်းမြင်ရပြီး ဒီမီးအရောင်ကိုမြင်တဲ့သူတွေက ကိုယ့်ဆီမှာအလုပ်လာတောင်းတဲ့အခါမှာ အလုပ်သမားတွေတိုးလာမှာပါ။ စစချင်း ဘာမှမရှိသေးချိန်မှာ ကျွန်းပေါ်ကအပင်တွေခုတ်ပြီး အမဲလိုက်တဲ့အိမ်တွေ၊ သစ်သားစုတဲ့ storage တွေဆောက်ရပါတယ်။ပြီးရင်တော့ အလုပ်သမားတွေရဲ့ အပြေးသန်လား၊ သန်မာမှုရှိသလားဆိုတဲ့ ကိုယ်ပိုင်စွမ်းရည်ကိုကြည့်ပြီး ဘယ်သူကတော့သစ်ခုတ် ဘယ်သူကအမဲလိုက်၊ ဘယ်သူကတော့ အဆောက်အဦးတွေဆောက်ဆိုပြီး တာ၀န်တွေခွဲပေးရပါတယ်။ ဒီလိုနေ့ပိုင်းမှာ ကိုယ့်စခန်းတိုးတက်ဖို့ management လုပ်ရပေမယ့် ညပိုင်းကျရင်တော့ ပတ်၀န်းကျင်ကသားရဲတွေ တိရစ္ဆာန်ပေါင်းစုံက ကိုယ့်စခန်းကိုလာဖျက်ဆီးကြမှာပါ။ဒါကြောင့် စခန်းကိုစောင့်ဖို့ရာ အစောင့်တွေလည်းထားပေးရပါတယ်။ ဒီလိုနဲ့တဖြည်းဖြည်း စခန်းကိုတိုးချဲ့သွားရင်း နောက်ပိုင်းရောက်တဲ့အခါ မိုင်းတွေတူပြီး armor တွေ လက်နက်တွေဖန်တီးလာနိုင်မှာပါ။နွေမိုးဆောင်း ပြောင်းလဲမှုပေါ်မူတည်ပြီး challenge တွေရှိလာသလို မိုးရာသီနဲ့ ဆောင်းရာသီမှာ ရာသီဥတုဒါဏ်ကြောင့် အလုပ်သမားတွေလမ်းလျှောက်နှေးကုန်တာ၊ ကန်ထဲကရေတွေခဲကုန်တာကြောင့် ငါးမျှားလို့မရတော့တာတွေဖြစ်လာနိုင်ပါတယ်။ဒီအချိန်မှာ အစားသောက်ပြတ်လပ်ပြီး အလုပ်သမားတွေသေလာနိုင်တာလည်းရှိလို့ resources management ကိုသေချာလုပ်ရပါတယ်။ Visual တွေ relaxing ဖြစ်ပုံတွေနဲ့ atmosphere ကိုပြောပြချင်ပေမယ့် တခြား platform တွေမှာပါ content ဖန်တီးဖို့အချိန်ပေးရတာကြောင့် ဒီဂိမ်းကို gameplay မှာဘဲရပ်ချင်ပါတယ်။yt နဲ့ tt မှာတင်တော့မှဘဲ အပြည့်စုံကိုလာကြည့်ကြပါတော့။ === Size - 187mb Type - offline Link - comment Minimum requirements - Android 7.0,Ram 3, Snapdragon 660+ ==== #Simulation #Management

The Bonfire 2 : Uncharted shore (Android) Mod info - full version unlocked Link - https://pdalife.com/the-bonfire-2-uncharted
+6
The Bonfire 2 : Uncharted shore (Android) Mod info - full version unlocked Link - https://pdalife.com/the-bonfire-2-uncharted-shores-full-version-iap-android-a41684.html Note - ဂိမ်းထဲ၀င်ရင် screen ညာဘက်အောက်ထောင့်က purchase full game ဆိုတာကိုနှိပ်လိုက်ရင် full game ဆော့ရပါလိမ့်မယ်။iph တွေ၀ယ်ဆော့ရပါမယ်။

Medal Of Honor Heroes 2 (Psp) Android/iOS ဒီတစ်ခါတော့ mobile မဟုတ်ဘဲ psp ဘက်ကိုသွားကြရအောင်ပါ။medal of honor heroes ဆိုတာ psp platform ရဲ့အအောင်မြင်ဆုံးစစ်ဂိမ်းတွေဖြစ်ပြီး graphic ပိုင်းကိုလည်း အဲ့ခေတ်က psp platform ပေါ်မှာတောင်တော်တော်လေးကောင်းအောင်လုပ်ပေးနိုင်ခဲ့တာပါ။ Story ==== Medal Of Honor Heroes 2 ထဲမှာတော့ ကျနော်တို့တွေက OSS ရဲ့အထူး agent ဖြစ်သူ John Berg နေရာကဆော့ရမှာပါ။သူ့ရဲ့တာ၀န်က သာမာန်စစ်သားတွေလို ရှေ့တန်းမှာစစ်တိုက်ရုံတင်မကဘဲ ပြင်သစ်ရွာထဲမှာပုန်းအောင်းနေတဲ့ နာဇီတပ်တွေရဲ့ လျှို့ဝှက်ချက်ကို တစ်ကိုယ်တော်ထိုးဖောက်ပြီးစုံစမ်းရမှာဖြစ်ပါတယ်။ဒီလိုစုံစမ်းရင်းကနေ နာဇီတွေရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးကိုသိသွားရပါတယ်။ အဲ့တာကတော့ နာဇီတွေက အင်္ဂလန်ကိုလှမ်းထုဖို့ V2 rocket ကြီးပြင်ဆင်နေတာပါ။ဒါကြောင့် D-Day အဖြစ်ပျက်ကနေစပြီး ပြင်သစ်ရွာတွေ နာဇီတပ်တွေရဲ့ မြေအောက်စခန်းတွေထဲထိ၀င်ပြီး V2 rocket ကြီးကိုဖျက်ဆီးပစ်ရမှာပါ။ ပြောရရင် အခုခေတ်ဂိမ်းတွေလို drama ဆန်တဲ့ ဇာတ်လမ်းအလှည့်ပြောင်းတွေမပါဘဲ လုံး၀ action တဖြောင့်တည်းသွားတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းဇာတ်ကွက်ဖြစ်ပါတယ်။ Review ===== ဒီဂိမ်းက လက်ရှိ modern ဂိမ်းတွေနဲ့ယှဉ်ရင် enemy Ai တွေက smart မဖြစ်ဘူး၊ အသံပိုင်းအားနည်းချက်တွေနဲ့ စစ်ပွဲတစ်ခုထဲရောက်နေသလိုမခံစားရဘူးဆိုပေမယ့် ဆော့ရင်းနဲ့ပျင်းသွားတာ ရိုးအီသွားတာမျိုးမဖြစ်ဘူးဗျ။ အကြောင်းကတော့ arcade ဆန်တဲ့ run and gun ပုံစံဖြစ်နေပြီ enemy တွေကို စက္ကန့်နဲ့မလပ်ပစ်နေရတော့ ပျင်းချိန်မရဘဲ ဂိမ်းထဲမှာအမြဲတန်းအာရုံစိုက်နေရပါတယ်။enemy တွေက flank လုပ်တာမျိုးတွေမရှိပေမယ့်လည်း ကိုယ်ရွေးချယ်တဲ့ difficulty ပေါ်မူတည်ပြီး သူတို့ရဲ့ပစ်ချက်တွေကတိကျလာသလို ပိုပြီးတော့လည်းမာလာပါတယ်။ဒါကြောင့် ကွင်းပြင်ထဲကနေ ဒီတိုင်းရပ်ပစ်လို့မရဘဲ အကာကွယ်တွေနောက်မှာဘဲ သေချာချိန်ပစ်ရတာ တော်တော်လေး challenge ဖြစ်ပါတယ်။ သေနတ်နဲ့ပစ်လိုက်တဲ့အခါ ဦးထုပ်ကိုမှန်ပြီး ဦးထုပ်ကျွတ်သွားတဲ့အခါ "ဒေါင်" ခနဲမြည်သွားတာတွေ၊ enemy တွေရဲ့ "အား" ဆိုပြီးအော်သံတွေ၊ ကျည်ထိတဲ့နေရာမှာ အပေါက်ကြီးဖြစ်ကျန်ခဲ့တာလိုမျိုး hit feedback တွေက action ဂိမ်းတစ်ခုကိုပိုအသက်၀င်စေသလို "ငါပစ်လိုက်တာ ဒီကောင်အထိနာသွားပြီ" ဆိုတဲ့ စိတ်ကျေနပ်မှုကိုလည်းရစေတာပါ။ သေနတ်တွေရဲ့အသံပိုင်းက flat ဖြစ်နေပေမယ့် ကျည်ဖြည့်တဲ့အခါ ကျည်အိမ်ကိုဆွဲထုတ်လိုက်တဲ့ "ကလစ်" ဆိုတဲ့အသံ၊ မောင်းဆွဲလိုက်တဲ့ "ဂျောက်" ဆိုတဲ့အသံပိုင်းတွေကို reloading animation ပိုင်းတွေမှာ တိတိကျကျကြားနေရတာဖြစ်လို့ player အနေနဲ့ visual ကောအသံပိုင်းရဲ့အရသာကိုပါ တခါတည်းခံစားရတာပါ။ ဒီလိုကျစ်ကျစ်လစ်လစ်ရှိတဲ့ gunplay ပုံစံ၊ အပို mission တွေမပါဘဲ linear ဆန်တဲ့ gameplay နဲ့ challenge ဖြစ်တဲ့ enemy တွေက player ကိုမပျင်းအောင်ဆွဲခေါ်ထားတာဖြစ်ပါတယ်။ တခုရှိတာက touch screen မှာ လွတ်လွတ်လပ်လပ်ချိန်ရတာမဟုတ်ဘဲ sensitivity တွေ သေနတ်ကိုင်ပြေးတဲ့ animation တွေကလေးလေးကြီးဖြစ်နေပါတယ်။ဒါကြောင့် control အသားကျဖို့ဆိုရင် အချိန်တစ်ခုပေးရပြီး first person view မှာ အာရုံလည်းအရမ်းစိုက်ရတော့ ခေါင်းမူးပြီး motion sickness ဖြစ်နိုင်ပါတယ်။ ==== Download Size - 184mb Unzip size - 1.5gb+ Type - offline Link - comment Minimum requirements - Android 6.0,Ram 3, Snapdragon 660+ Controller support - yes ==== #arcade #shooting

Medal of honor heroes 2 (Psp) Android/iOS Link - https://cdromance.org/psp/medal-of-honor-heroes-2-usa/ Console ဂိမ်းဖြစ်တာ‌က
+6
Medal of honor heroes 2 (Psp) Android/iOS Link - https://cdromance.org/psp/medal-of-honor-heroes-2-usa/ Console ဂိမ်းဖြစ်တာ‌ကြောင့်Ppsspp emulator နဲ့ဆော့ရပါမယ် Ppsspp - https://play.google.com/store/apps/details?id=org.ppsspp.ppsspp iOS - app store Low device တွေမှာအေးဆေး run နိုင်ပါတယ်။လုပ်နည်းကတော့ မလုပ်တတ်သူများရင် ခဏနေတင်ပေးပါ့မယ်

⭕️ Roam Application ကို အလွယ်တကူ Download ဆွဲပြီး အသုံးပြုနိုင်ပါပြီ။🤩 🤩24Hours⏰ စောင့်စရာမလိုပဲ Roam Application , Website
⭕️ Roam Application ကို အလွယ်တကူ Download ဆွဲပြီး အသုံးပြုနိုင်ပါပြီ။🤩 🤩24Hours⏰ စောင့်စရာမလိုပဲ Roam Application , Website & MiniApp ကနေ Game items တွေကိုယ်တိုင်ဝယ်ယူလိုက်ပါ။ 🧠 Application Download🔗Website 🔗Bot🔗Premium Accounts🔗Customer Review 🔗Game Account🔗Course  💣 🤩မကြာခင်မှာ Playstore🔥 ပေါ်မှာ မြင်တွေ့ရမှာဖြစ်ပြီး အခုကတော့ Android Users အတွက် Application Download လုပ်ပြီး အသုံးပြုလို့ရသလို IOS သမားတွေအတွက် Website & Telegram Bot ကနေလဲ ဝယ်ယူနိုင်ပါတယ်။🙏 🤩 Game Account 🎮 တွေကို Application ကတဆင့်ဝယ်ယူနိုင်တဲ့ အပြင် Rc 100% Full Warranty✅ / Vc 👤/ YGN-BGO လူတွေ့🗣️ ဝယ်လို့ရပါတယ်။⚙️🕷 🔥Contact Admin 👤

Dead Cells (Android/iOS) ဟိုးအရင်တုန်းက ဆော့ကောင်းကောင်းနဲ့ဆော့ခဲ့တာ။ဘာလို့အရမ်းဆော့ကောင်းလဲဆိုတာ သေချာမသိခဲ့ဘူးရယ်။အဲ့တာကြောင့် ဒီနေ့မှာ dead cells ကဘာလို့လူကြိုက်အရမ်းများလဲဆိုတဲ့ admin နဲ့အတူတူ review လုပ်ရင်း အဖြေရှာကြည့်ရအောင်😁 Review + Gameplay ===== ဒီဂိမ်းက fast paced gameplay ထက်ကိုမှ combat feedback တွေက player ကိုဆွဲဆောင်ထားတာဗျ။ဓားနဲ့ဝှေ့လိုက်ရင် ဒါမှမဟုတ် မြှားနဲ့ပစ်လိုက်တဲ့အခါမှာ လေကိုခွင်းထွက်သွားသံတွေနဲ့ ရန်သူတွေရဲ့အသားထဲကိုစိုက်၀င်သွားတဲ့အသံတွေကို ပီပီပြင်ပြင်ကြားရတာ အရမ်းကို satisfied ဖြစ်ရတာပါ။heavy weapon တွေဆိုရင်လည်း နောက်ဆုံး damage ပြင်းတဲ့ တိုက်ကွက်တွေမှာဆို gameplay ပိုင်းက mili second လောက်နှေးသွားတော့ weapon ရဲ့ impact အားကြီးကို player ကပါခံစားမိသွားပါတယ်။ လက်နက်တွေရဲ့ variety ကလည်းစုံလင်ပြီး ရိုးရိုးဓားကနေစလို့ မြှားတွေ တင်းပုပ်တွေ ဓားတိုတွေ သေနတ်တွေထိကိုပါတာပါ။ကိုယ်ကိုင်ထားတဲ့ လက်နက်ပေါ်မူတည်ပြီးလည်း combo တွေကပြောင်းလဲသွားသလို သွက်သွက်လက်လက်ဆော့ရတဲ့ fast paced combat မှာလက်နက်နှစ်ခုရဲ့ combo တွေပေါင်းစပ်ပြီး သုံးရတာကလည်း တော်တော်အရသာရှိပါတယ်။ ရေခဲ spell နဲ့ပစ်ပြီး enemy တွေခဲသွားချိန်မှာ ဓားနဲ့၀င်ပိုင်းတာတို့၊ nut cracker လိုတင်းပုတ်ကြီးနဲ့ အားရပါးရထုရတာတွေကတော်တော်အရသာရှိပါတယ်။enemy တွေသေသွားပြီဆိုရင်လည်း ဒီတိုင်းသေသွားတာမဟုတ်ဘဲ သွေးတွေ ဖြာခနဲပန်းထွက်သွားတာတွေ အသားစတွေပြန့်ကြဲကုန်တာတွေကို pixel art မှာလှလှပပတွေ့ရတာက စိတ်ကျေနပ်မှုကိုပေးမှာပါ။ Gameplay ပုံစံက side scrolling platformer ဂိမ်းဆိုပေမယ့် ဒီလိုဓားတစ်ချက်ဝှေ့လိုက်တိုင်း စိတ်ကျေနပ်မှုရတာတွေ၊ အမြဲတန်းပြောင်းလဲနေတဲ့ procedural generate world တွေ challenge ဖြစ်တဲ့ boss fight တွေနဲ့ enemy variety စုံလင်မှုတွေကြောင့် ဘယ်လောက်ဆော့ဆော့ရိုးသွားတယ်မခံစားရဘဲ သေပြီးအစကပြန်စရတိုင်းမှာ player ကိုအမြဲတန်း refresh ဖြစ်စေတာပါ။ Gameplay ပိုင်းကရိုးရှင်းပေမယ့် skill ကတော့တော်တော်‌ေလးလိုအပ်ပြီး boss တွေမှာသူတို့ရဲ့ attack pattern မှတ်ထားပြီး အချိန်ကိုက်ရှောင်ရင်းရှားရင်းဆော့ရတာ၊ parry လုပ်ရတာတွေ၊ ကိုယ်အဓိကသုံးမယ့် လက်နက်ပေါ်မူတည်ပြီး အထောက်ကူဖြစ်စေမဲ့ mutation ရွေးရတာတွေကိုဆရာကျမှ story တစ်ခုလုံးကိုအောင်မြင်နိုင်မှာမျိုးပါ။ သေပြီးလို့အစကပြန်စရင်တောင် ကိုယ်ရပြီးသား blueprint တွေ၊ ability နဲ့ ၀ယ်ထားသမျှအရာတွေက permanent ပိုင်ဆိုင်သွားတာကြောင့် ကိုယ်ဆော့တာခရီးရောက်တယ်လိုခံစားမိပြီး ဂိမ်းကိုဆက်ဆော့ဖို့တွန်းအားတစ်ခုဖြစ်လာတာပါ။ Dead cells ရဲ့အဓိကဆွဲဆောင်ချက်တွေထဲမှာ movement ပိုင်းတွေကလည်းအသက်လို့ပြောရမှာဖြစ်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်တိုင်းမှာချက်ချင်း respond လုပ်တာပါ။လေထဲမှာတင်ရပ်နေပြီး combo တွေဖန်တီးလို့ရတာ၊ roll လုပ်ပြီးရှောင်လိုက်ချိန် အရှိန်မပျက်ဘဲ နောက်ကိုချက်ချင်းလှည့်ပြီး တိုက်ခိုက်လို့ရတာတွေက fluid ဖြစ်သလို fast paced action ဂိမ်းတစ်ခုရဲ့ pacing ကိုကျမသွားပါဘူး။ Mobile port ကို playdigious ကတာ၀န်ယူထားတာဖြစ်လို့ control ပိုင်း optimization ပိုင်းတွေဘာမှပြောစရာမလိုဘဲ low device တွေမှာ အေးဆေး run နိုင်ပါတယ်။နောက်ပြီး PC, console ပေါ်က dlc အကုန်လုံးကလည်း mobile ပေါ်မှာပါပြီးသားဖြစ်ပါတယ်။ ==== Size - 1.81gb Type - offline Minimum requirements - Android 6.0,Ram 3 Controller support - yes ==== #Platformer #side_scrolling

Dead Cells (Android) All Dlc unlocked Link - https://apkvision.org/games/action/dead-cells-apk-1-64455/ Low device တွေအေးဆေးဆ
+8
Dead Cells (Android) All Dlc unlocked Link - https://apkvision.org/games/action/dead-cells-apk-1-64455/ Low device တွေအေးဆေးဆော့ရပါတယ်

💎 ➡️ Event လာတိုင်း 💎Diamond ဝယ်မို့ မစောင့်ချင်တဲ့ Customer တို့အတွက် Roam Application မှာ စောင့်စရာမလိုပဲ 💎 Diamond တွေက
💎 ➡️ Event လာတိုင်း 💎Diamond ဝယ်မို့ မစောင့်ချင်တဲ့ Customer တို့အတွက် Roam Application မှာ စောင့်စရာမလိုပဲ 💎 Diamond တွေကိုယ်တိုင်ဝယ်လို့ရနေပါပြီ။ ✅ Myanmar Sever အတွက်လဲ ဝယ်နိုင်သလို Global အပြင် အခြား Sever တွေပါဝယ်ယူနိုင်တယ်နော်။ 💥MM Sever ဆိုစျေးပိုသက်သာပါမယ်နော်။ ➕ ငွေဖြည့်နည်း။ ✅ Game တွေအပြင် VPN, Ai, Editing Software တွေပါ Application တခုထဲမှာတင် ဝယ်ယူနိုင်နေပြီနော်။ ✅
Sanrio Event အတွက်လဲ Diamond တွေ ဖြည့်လို့ရနေပါပြီနော်❤️
👍 Event Ticket - 17 ခုရမှာဖြစ်ပြီးတော့ 💎250Diamond Recharge&Spend ဖြစ်ပါတယ်။
😀 24hours စောင့်စရာမလိုပဲ RGE Website & Application  မှာဝယ်ယူနိုင်ပါပြီ။💙
Download Application 🎮 Customer Feedback 🗣️ Reseller Group ( For Business Beginner ) ⚙️ • Bot | Website 🔗 Admin 😀

Repost from PREMIUM SPACE
📱 TON Coin(GRAM) •TON Wallet ထဲမှာ သိမ်းထားမလား? •Telegram Account Username/NFT လှလှလေးတွေ ဝယ်မလား? •Telegramမှာ Ads run ဖို
📱 TON Coin(GRAM)
•TON Wallet ထဲမှာ သိမ်းထားမလား? •Telegram Account Username/NFT    လှလှလေးတွေ ဝယ်မလား? •Telegramမှာ Ads run ဖို့အတွက် Wallet ထဲ TON ထည့်မလား? • TON Coin လိုသလောက်ကို ဈေးမှန်မှန်နဲ့ အမြန်ဆုံး ပို့ပေးပါတယ်။
TON📱 ဈေးနှုန်း အတက်/အကျ မြန်တဲ့အတွက် TON📱ဝယ်မယ်ဆိုရင် ဈေးနှုန်းအမြဲမေးပေးပါ။) TON📱 မင်"ဆီ့မှာ ရောင်းချင်ရင်လဲ ပေါက်ဈေးနဲ့ခွာပြီး ပြန်ဝယ်ပါတယ်။
TON စိတ်ကြိုက်ဝယ်ချင်တယ်ဆိုရင်တော့ 💘 @ZoYENix 💸 မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
Premium Space Items List ✅
https://t.me/PremiumSpaceMM/103

နိဂုံးချုပ်ရရင် Felix the reaper ဆိုတာ သေချင်းတရားကိုကြောက်စရာလို့မမြင်စေဘဲ dark comedy ဆန်ဆန်တင်ဆက်ထားတဲ့ puzzle ဂိမ်းတစ်ခုပါ။ Mobile port အတွက်က optimization ပိုင်းဘာညာ အကုန်အဆင်ပြေလို့ ထည့်မရေးတော့ပါဘူး။ ==== Size - 1.55gb Type - offline Minimum requirements - Android 6.0,Ram 4, Snapdragon 660+ ==== #puzzle

Felix The Reaper (Android/iOS) သေမင်းဆိုရင် တစ်ကိုယ်လုံးမှာအမည်းရောင်ခြုံထည်ကြီးခြုံထားတဲ့ ခြောက်ခြားဖွယ်ရာပုံစံနဲ့ဘဲပုံဖော်ကြတာများပါတယ်။ဒါပေမယ့် ဒီဂိမ်းထဲမှာတော့ ကျနော်တို့ဆော့ရမဲ့သေမင်းက ဖက်တီးလေးဖြစ်ပြီး နားကျပ်နဲ့အမြဲတန်းကခုန်နေတာပါ။ Story ==== ဂိမ်းဇာတ်လမ်းဖြစ်ပျက်ရာကမ္ဘာထဲမှာ Ministry of death နဲ့ Ministry of life ဆိုပြီး လောကနှစ်ခုရှိပါတယ်။Ministry of death က အမြဲတန်းမှောင်မှိုင်းမှိုင်းဖြစ်နေပြီး ဒီဘက်မှာဖြစ်တည်နေတဲ့ဘုံသားတွေက Ministry of life ဘက်မှာရှိတဲ့သက်ရှိတွေကို ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့သေမလဲဆိုတာ ဆုံးဖြတ်ပေးရသူတွေပါ။ကျနော်တို့ဆော့ရမဲ့ သေမင်းက Ministry of life ဘက်က သက်ရှိကောင်မလေးတစ်ယောက်ကိုချစ်မိသွားတာမို့လို့ အဲ့ဒီကောင်မလေးဆီရောက်ဖို့ရာ တခြားလူတွေရဲ့သေခြင်းတရားကို puzzle တွေနဲ့ဖြေရှင်းဆုံးဖြတ်ရင်း ကောင်မလေးဆီကိုရောက်အောင်သွားရမှာပါ။ Gameplay ==== ဒီဂိမ်းရဲ့ challenge ဖြစ်တာတစ်ခုက ကျနော်တို့သေမင်းက နေရောင်ခြည်ထိလို့မရဘဲ အရိပ်ထဲမှာဘဲနေလို့ရတာပါ။ဒါကြောင့်မို့လို့ ပတ်၀န်းကျင်ကအရိပ်ကျနေတဲ့နေရာတွေကနေသွားရင်း main objective တွေကို complete ဖြစ်အောင်လုပ်ရမှာမျိုးပါ။ player အနေနဲ့ နေလုံးကြီးကို အရှေ့နဲ့အနောက်စိတ်ကြိုက်ရွှေ့နိုင်ပြီး နေလုံးရှိတဲ့နေရာပေါ်မူတည်ပြီးအရိပ်ကျတာတွေကပြောင်းလဲကုန်ပါတယ်။ဒီအရိပ်ကျတဲ့နေရာတွေကိုသေချာကြည့်ပြီး ကိုယ်အဓိကသွားချင်တဲ့လမ်းကြောင်းပေါ်အရိပ်ရောက်အောင် ပစ္စည်းတွေရွှေ့ပြီးအရိပ်တွေရှည်လာအောင်ဖန်တီးတာမျိုးတွေလုပ်ပြီး puzzle တွေဖြေရှင်းရတာပါ။အစပိုင်းမှာရိုးရှင်းပေမယ့် နောက်ပိုင်း level တွေကျရင် အရပ်မျက်နှာပြောင်းလဲသွားတဲ့နေလုံးပေါ်မူတည်ပြီး ပစ္စည်းတွေရဲ့ပုံသဏ္ဌာန်တွေပြောင်းလဲသွားတာမျိုး၊ လမ်းတွေအများကြီးကနေသွားမရအောင် tile အကွဲတွေနဲ့ကန့်သတ်ထားတာမျိုး‌တွေထိပါလာလို့ level မြင့်လာလေ ခေါင်းအရမ်းစားလာလေပါဘဲ။hitman go တို့လို အကွက်တွေထဲမှာဘဲရွှေ့ရတဲ့ grid-based movement ပုံစံဆော့ရတာကြောင့် ဆော့ရတာပိုပြီးတောင် challenge ဖြစ်စေပါသေးတယ်။ လူတစ်ယောက်သေဖို့ရာလည်း သူသေစေမဲ့ကိစ္စတွေကို level တစ်ခုချင်းဆီမှာတဖြည်းဖြည်းစီဖန်တီးသွားရတာမျိုးပါ။ level တစ်ခုချင်းဆီမှာ အကျိုးသင့်အကြောင်းသင့် cutscene လေးတွေနဲ့ပြသွားပြီး နောက်ပိုင်းမှာ ဘယ်လိုသေသွားမလဲဆိုတာကိုသိချင်စိတ်ဖြစ်စေတာကလည်း ဒီဂိမ်းရဲ့ဆွဲဆောင်မှုတစ်ခုဘဲဗျ။ Review ===== Felix reaper ဂိမ်းက အရမ်းခက်တဲ့ puzzle တွေနဲ့ gameplay ပိုင်းကြောင့်တင်ဆွဲဆောင်မှုရှိတာမဟုတ်ဘဲ Grotesque art style ကြောင့်လဲပါတယ်။Grotesque ဆိုတာမြင်သာအောင်ပြောပြရရင် ချစ်စရာကောင်းတာနဲ့ ကြောက်စရာကောင်းတာဆိုတဲ့ ဆန့်ကျင်ဘက်စကားလုံးနှစ်ခု ကြားထဲမှာရှိနေပြီး၊ ကြည့်လိုက်တာနဲ့ ချစ်စရာကောင်းတဲ့ခံစားချက်ကော ကြောက်စရာကောင်းတဲ့ခံစားချက်ပါ‌ပေးတဲ့ art style ဖြစ်ပါတယ်။ အခုဒီဂိမ်းထဲမှာလည်း ဗိုက်ရွှဲရွှဲ ခန္ဓာကိုယ်လုံးနေတဲ့ character design တွေ၊ အရောင်သွေးစုံလင်တဲ့ graphic ပုံစံကရုတ်တရက်ကြည့်လိုက်ရင် ချစ်စရာကောင်းနေပေမယ့် သေချာကြည့်လိုက်ရင် ခန္ဓာကိုယ်ကပုံပျက်နေတာနဲ့ ပျက်စီးနေတဲ့ပါတ်၀န်းကျင်ပုံစံတွေကိုတွေ့ရလိမ့်မယ်။ character ရဲ့မျက်နှာအမူယာတွေကလည်းပုံသေကြီးဆိုတော့ အလောင်းကောင်ကြီးလှုပ်ရှားနေသလိုဖြစ်နေပြီး ကျောချမ်းစရာကောင်းတဲ့ uncanny vibe ကြီးကိုရတာပါ။ နောက်ပြီး လူတွေသေတဲ့ပုံစံတွေကလည်း ပစ္စည်းတွေပိသေကုန်တာတွေ ခေါင်းတွေပြတ်ထွက်ကုန်တာတွေလိုမျိုးတွေဆိုပြီး ရက်ရက်စက်စက်သေကုန်တာက brutal ဖြစ်လွန်းတယ်လို့ခံစားမိကြမှာပါ။ ဒါပေမယ့် နားကျပ်နဲ့ကနေတဲ့သေမင်းဖက်တီးရဲ့ပုံစံ၊ mission အောင်မြင်သွားတဲ့အခါမှာ မီးရောင်စုံတွေနဲ့အောင်ပွဲခံတာတွေ၊ cutscene တွေမှာ character တွေရဲ့ဟာသဆန်တဲ့ personality တွေကြောင့် သေချင်းတရားကို ကြောက်စရာအဖြစ်မမြင်တော့ဘဲ dark comedy တစ်ခုလိုခံစားလာရတာပါ။ နောက်တစ်ခု admin သဘောကျတာက အစပိုင်းမှာ tutorial နဲ့ဇာတ်လမ်းပြောပြတဲ့ narrator ရဲ့ voice acting တွေပါ။သူ့ရဲ့စကားလုံးတစ်လုံးချင်းစီကို အသံအောအောကြီးနဲ့ အဖြတ်တောက်မှန်မှန်ပြောပြတာက ဂိမ်းရဲ့ dark ဖြစ်နေမှုကိုပိုပြီးတောင်လေးနက်စေပါသေးတယ်။ Puzzle တွေကအရမ်းခက်တာမို့လို့ level တစ်ခုမှာ hint တစ်ခုမှမယူဘဲ အောင်မြင်အောင်ဆော့နိုင်သွားရင် ကိုယ့်ကိုယ်ကိုအောင်နိုင်သူကြီးလို genius ကြီးတစ်ယောက်လိုခံစားသွားရစေတာပါ။chapter တစ်ခုမပြီးမချင်း ဒီနေရာမှာဘဲဆော့ရတယ်ဆိုပေမယ့်level တစ်ခုစီတိုင်းမှာပစ္စည်းအထားအသိုတွေ နေလုံးရှိရာအရပ်မျက်နှာတွေမတူတော့ အမြဲတန်း challenge ဖြစ်နေပါတယ်။level တစ်ခု complete ဖြစ်ဖို့ အမှားတွေအကြိမ်ကြိမ်လုပ်ပြီးမှ အောင်မြင်သွားတာမျိုးပါ။ star challenge လေးတွေလည်းပါပြီး နောက် level တက်ဖို့ရာ star အရေအတွက်နဲ့မကန့်သတ်ထားပေမယ့် ပိုပြီး challenge ဖြစ်ဖြစ်ဆော့ချင်သူတွေအတွက် ပိုပြီးစိန်ခေါ်မှုရစေမှာပါ။ ဒါကြောင့် အရမ်းခက်တာတွေမကြိုက်ရင် မဆော့သင့်ပါဘူး။