ru
Feedback
Android Zone

Android Zone

Открыть в Telegram

Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

Больше

📈 Аналитический обзор Telegram-канала Android Zone

Канал Android Zone (@androidzone777) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 40 912 подписчиков, занимая 2 042 место в категории Игры и 3 574 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 40 912 подписчиков.

Согласно последним данным от 15 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 753, а за последние 24 часа — -16, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 11.42%. В первые 24 часа после публикации контент обычно набирает 3.74% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 4 674 просмотров. В течение первых суток публикация набирает 1 530 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 10.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

Благодаря высокой частоте обновлений (последние данные получены 16 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Игры.

40 912
Подписчики
-1624 часа
-267 дней
+75330 дней
Архив постов
Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချက်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON (GRAM) 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Google Storage ☁️
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

Bro တို့ရေ ကျနော့် fb page ကြီးရောင်းပလိုက်တော့မယ်။ငွေကဘယ်လိုထုတ်ထုတ် ဘဏ်ကလက်မခံတော့ စိတ်ဓာတ်တွေကျလာပြီ🥲 monetization ပွင့်ပ
Bro တို့ရေ ကျနော့် fb page ကြီးရောင်းပလိုက်တော့မယ်။ငွေကဘယ်လိုထုတ်ထုတ် ဘဏ်ကလက်မခံတော့ စိတ်ဓာတ်တွေကျလာပြီ🥲 monetization ပွင့်ပြီးသား follower 43k ရှိရင် ဘယ်လောက်လောက်ရနိုင်မလဲ။ငွေကတော့ reach ကောင်းရင်ကောင်းသလို၀င်တယ်🥲

Spidersaurs (Android) သတိ - လောင်တတ်သည် ဒီဂိမ်းကိုမြင်သာအောင်ပြောရရင် contra ကိုမှ graphic ကောင်းတဲ့ version လို့ပြောရမယ်။ခက်လည်းခက်၊ ခွီလည်းခွီရမယ် သောက်ရမ်းလည်းလောင်ရမှာပါ။ Story ×××× Spidersaurs ရဲ့ဇာတ်လမ်းက အတည်ပေါက်ကြီးမဟုတ်ဘဲ ရွှတ်နောက်နောက်ပုံစံဖြစ်နေတာကိုတွေ့ရလိမ့်မယ်။အနာဂတ်မှာ စားစရာတွေရှားပါးလာတာကြောင့် ဒိုင်နိုဆောနဲ့ ပင့်ကူကိုမျိုးစပ်ပြီး စားစရာပေါများအောင်လုပ်ရင်း ကိစ္စတစ်ခုခုကြောင့် စမ်းသပ်ခန်းတွေပျက်ဆီးသွားပြီး mutant creatures တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တဲ့ဇတ်လမ်းပါ။ စဉ်းစားကြည့်လိုက်၊ လက်တစ်ဝါးစာလောက်ဘဲရှိတဲ့ပင့်ကူတွေကို ဒိုင်နိုဆောတွေနဲ့မျိုးစပ်တယ်ဆိုကတည်းက ဇာတ်လမ်းကသောက်ခွက်ပြောင်နေပြီ။ Gameplay ×××××××× Gameplay က contra နဲ့တစ်ပုံစံတည်းသွားတူနေပါ့လားလို့အောက်မေ့တာ ဘယ်ဟုတ်မလဲ contra 4 ကိုဖန်တီးခဲ့တဲ့ WayForward developer ‌တွေကဖန်တီးထားတာဖြစ်နေတယ်။ဒီလိုမျိုး contra အငွေ့သက်တွေကိန်းအောင်းနေတာကြောင့်ဘဲ gameplay က classic ဆန်ပြီး hardcore ဘက်ကိုတော်တော်လေးရောက်သွားပါတယ်။ စက္ကန့်နဲ့မလပ်လာနေတဲ့ရန်သူတွေကို အကြည့်လွှဲလို့မရဘဲ ရှောင်ရင်းရှားရင်းနဲ့ရှယ်ပစ်ရတာပါ။mission တစ်ခုစီတိုင်းမှာ mini boss တွေနဲ့ boss အကြီးစားတွေနဲ့အမြဲတန်းချနေရပါတယ်။ Modern graphic ဆိုပေမယ့် ဟိုးအရင်ကဂိမ်းတွေကို နောက်ကိုပြန်သွားလို့မရတာ၊ ခုန်တာမတိကျဘဲ အောက်ကိုကျသွားရင်သေသွားတဲ့ mechanic တွေက unforgiving လိုဖြစ်နေပါတယ်။ Contra style သွားထားတာကြောင့် character statsတွေ၊ weapon တွေကို upgrade မြှင့်တာတွေမပါပါဘူး။ဆော့နေရင်းနဲ့ အကောင်တွေယူလာတဲ့ box တွေကိုပစ်ပြီး power up တွေစားရတာမျိုးပါ။ Mission တစ်ခုမှာ boss တွေကိုအနိုင်ယူပြီးရင် dash လုပ်ပြီးရှောင်ရတာမျိုး၊ double jump လို ability တွေရလာပါတယ်။ဒါကြောင့် ပြေးခုန်ပစ်ဆိုတဲ့ ပုံစံတစ်မျိုးတည်းနဲ့ဆော့နေရတာမျိုးမဟုတ်ဘဲ ability အသစ်တွေပွင့်လာတာနဲ့အမျှ challenge ဖြစ်လာတာမို့လို့ ရိုးသွားတယ်လို့တော့ခံစားရမှာမဟုတ်ပါဘူး။ Enemy variety စုံလင်မှု၊ နောက်ကပြောင်းလဲသွားတဲ့ background တွေနဲ့ challenge ဖြစ်တဲ့ boss battle တွေက Player ကို refresh ဖြစ်စေမှာပါ။ Audio and Atmosphere ×××××××××××××××××××× သူက environment တွေ heavy ဖြစ်တဲ့ atmosphere တွေနဲ့ဂိမ်းထဲကိုစီးမျောစေတာထက် အပေါ်မှာပြောသလို အဘက်ဘက်ကလာနေတဲ့ enemy တွေကိုအာရုံစိုက်ပြီး ဂိမ်းထဲမှာအာရုံစိုက်မိစေတာမျိုးပါ။ Heavy metal တွေ၊ hard rock တွေလို bg music တွေက မြူးကြွစေပြီး၊ ပေါ့ပေါ့ပါးပါးဟာသတွေထည့်ထားတာကြောင့် ဆော့ရတာ adrenaline rush ဖြစ်စေပြီးတက်ကြွစေတဲ့ vibe ပေးပါတယ်။ Monster တွေပုံစံကလည်း ပင့်ကူနဲ့ ဒိုင်နိုဆောမျိုးစပ်ထားလို့ ဟာသဖြစ်နေပေမယ့်၊ တစ်ဖက်မှာလည်းကြောက်စရာ‌ကောင်းတဲ့ဩဇာကိုခံစားမိမှာပါ။Laboratory ထဲမှာဆိုရင် outbreak ဖြစ်ပြီး background နံရံတွေမှာအပေါက်တွေဖြစ်နေတာ၊ လက်သည်းရာတွေဖြစ်နေတာကိုကြည့်ပြီး ကြောက်စရာကောင်းတယ်လို့ခံစားရတာထက် "ဟ ဒီမေနူးတွေရှယ်သောင်းကျန်းနေပါ့လား" ဆိုတဲ့ခံစားချက်မျိုးကိုရတာမျိုးပါ။ Replayability ပိုင်း ×××××××××××××× Difficulty ပေါ်မူတည်ပြီး challenge ဖြစ်တယ်၊ ကိုယ်ကိုင်တဲ့ character ပေါ်မူတည်ပြီး power up စားတဲ့အခါ ထွက်လာတဲ့ projectile တွေကွဲပြားကုန်လို့ replayability ပိုင်းမြင့်တယ်လို့ထင်ရနိုင်ပါတယ်။ဒါပေမယ့် အခက်ဆုံး difficulty ဖြစ်တဲ့ rare နဲ့ဆော့ရင်တောင် speed run mode အသစ်ဘဲတိုးလာပြီး တခြား content တွေများများစားစားမပါတာကြောင့် တစ်ခါအောင်ပြီးရင် နောက်တစ်ခါထပ်ဆော့ရလောက်တဲ့ထိဆွဲဆောင်မှုရှိမနေပါဘူး။ Mobile port အခြေနေ ××××××××××××××××× Mobile ပေါ်ကိုတော့ Crunchyroll ကယူလာပေးတာမို့လို့ playstore ကဒေါင်းရင် Crunchyroll member ဖြစ်နေဖို့လိုပါမယ်။ ထူးထူးခြားခြား ဒီတစ်ခါတော့ Crunchyroll ဘက်က optimization ပိုင်း၊ touch control ပိုင်းတွေကို‌အဆင်ပြေအောင်ကိုသေချာလုပ်ပေးထားတာပါ။ဒီလိုဂိမ်းမျိုးမှာ auto fire ထည့်ပေးထားတာရွေးချယ်မှုမှန်တယ်ပြောရမှာဖြစ်ပြီး player ကခုန်တာနဲ့ ရန်သူတွေကိုအာရုံစိုက်ရုံပါဘဲ။ ဒါပေမယ့် ခုန်ရတာနဲ့ dash လုပ်ပြီးရှောင်ရတာမျိုးကိုတစ်ပြိုင်တည်းလုပ်ရရင်တော့ Touch UI နဲ့ဆော့ရင်နည်းနည်းလေး unconmfort ဖြစ်နိုင်ပါတယ်။ဒါကြောင့် controller နဲ့ဆော့ဖို့ recommend ပေးချင်ပါတယ်။ ===== Size - 1.57gb Type - offline Link - comment Minimum requirements - Android 8.0,Ram 3, Snapdragon 660+ Controller support - Yes ======= #Run_and_gun #Action

ခဏနေမှဂိမ်းတင်ပေးမယ်။ လောလောဆယ် သောက်ရမ်းကောင်းတဲ့ vpn လေးညွှန်းချင်လို့။ ကြော်ညာလုံး၀မတက်၊ လိုင်းရှယ်ကောင်း၊ ချိတ်ချိန်ကလည်း
ခဏနေမှဂိမ်းတင်ပေးမယ်။ လောလောဆယ် သောက်ရမ်းကောင်းတဲ့ vpn လေးညွှန်းချင်လို့။ ကြော်ညာလုံး၀မတက်၊ လိုင်းရှယ်ကောင်း၊ ချိတ်ချိန်ကလည်းစက္ကန့်ပိုင်းလေးဘဲကြာတယ်။ပိုက်ဆံတွေဘာတွေလည်းပေးစရာမလိုဘူး နိုင်ငံတော်တော်များများရလို့ညွှန်းတာ။limit လည်းမရှိဘူး။လိူင်းပိတ်ပြီး ပြန်ဖွင့်လိုက်ရင်တောင် auto ပြန်ချိတ်တယ် Skyvora vpn - https://play.google.com/store/apps/details?id=com.skyvora.vpn Iphone တွေတော့မရသေးဘူး။

Brother တို့ဒီထဲမှာ Tt မှာ Ai content လုပ်ပြီးငွေရှာချင်သူရှိကြလား။ monetization အောင်ပြီးသားအကောင့်ပြန်ရောင်းချင်လို့။ Viola
Brother တို့ဒီထဲမှာ Tt မှာ Ai content လုပ်ပြီးငွေရှာချင်သူရှိကြလား။ monetization အောင်ပြီးသားအကောင့်ပြန်ရောင်းချင်လို့။ Violation မရှိဘူး၊ account active ဖြစ်တယ်။Follower ကတော့ သောင်းသုံးထောင်ကျော်တယ်။ အဲ့လောက်ဆိုရင် ဘယ်လောက်ရမယ်ထင်ကြလဲ🥲

Repost from PREMIUM SPACE
Android မှာဝယ်ဆော့ဖို့ အမြဲမေးနေကြတဲ့ Total War : Napoleon / Tomb Raider / Red Dead Redemption / Hitman အပြင် အခြား Official
Android မှာဝယ်ဆော့ဖို့ အမြဲမေးနေကြတဲ့ Total War : Napoleon / Tomb Raider / Red Dead Redemption / Hitman အပြင် အခြား Official Playstore Game တွေကို Customer's Mail နဲ့ မင်"တို့ရဲ့  Premium Space မှာဝယ်လို့ရပါပြီ။ Customer's Mail နဲ့ဝယ်ပေးတာဖြစ်တဲ့အတွက် Mail မပျက်သ၍ ဝယ်ထားတဲ့ Game တွေကို install ပြန်လုပ်လို့ရနေမှာဖြစ်ပါတယ်။✅
Note - Google Play Store MMK Payment ဈေးနှုန်းတွေက သက်သာတယ်ဆိုတာ သိပါတယ်ခင်ဗျာ။ Google ဘက်မှ Myanmar Region ကန့်သတ်ချက်များကြောင့် Game များကို MMK Payment ဖြင့် ဝယ်ယူ၍ မရတော့တဲ့အတွက် လက်ရှိ $ Rate (Current Market Rate) နဲ့ သာ ရောင်းချပေးပါတယ်။
အခြားဝယ်ချင်တဲ့ Premium / Subscription တွေရှိရင်လဲ 💘 @ZoYENix 💸 မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
Package 2 မျိုးအကြောင်း
https://t.me/PremiumSpaceMM/2096
Company Of Heros 🪖
https://t.me/PremiumSpaceMM/1776?single
Tomb Raider 🎮
https://t.me/PremiumSpaceMM/2434
Total War Series 💂‍♂️
https://t.me/PremiumSpaceMM/2038
Stardew Valley 🧑‍🌾
https://t.me/PremiumSpaceMM/2018
Premium Space Items List ✅
https://t.me/PremiumSpaceMM/103
Sale/Sell Proof ကြည့်နည်း✅
https://t.me/PremiumSpaceMM/234

Hoa (Android) ဂိမ်းဆိုတာထက် အနုပညာတစ်ခုလို့ပြောချင်ပါတယ်။moba တွေ BR တွေဆော့ပြီးလောင်နေတဲ့ bro တွေ sis တွေအတွက် ဘာစိတ်ပင်ပန်းစရာမှမရှိဘဲ အေးဆေး chill နိုင်မယ့် atmosphere-driven ဂိမ်းလေးတစ်ခုအကြောင်းပြောပြပါမယ်။ Gameplay ×××××××× ဒီဂိမ်းထဲမှာဘာရန်သူမှမပါသလို ကျနော်တို့ရဲ့ main character က ခုန်တာ၊ ပစ္စည်းတွေတွန်းရွှေ့တွေလုပ်နိုင်ပါတယ်။ဒီလို ability တွေနဲ့ လမ်းအသစ်တွေပွင့်အောင် puzzle တွေဖြေရှင်းရင်းဆော့ရမှာဖြစ်ပါတယ်။ Area တစ်ခုရဲ့အကောင်ကြီးတွေကို puzzle တွေဖြေရှင်းပြီးနှိုးနိုင်သွားရင်၊ နှစ်ချက်ခုန်တဲ့ ability လို လေပေါ်မှာဝဲနေနိုင်တဲ့ ability တွေရလာပါတယ်။ဒီ ability အသစ်တွေကိုလည်း နောက်ထပ် area အသစ်တွေဆီရောက်တဲ့အခါမှာ puzzle တွေဖြေရှင်းတဲ့အခါအသုံးချရတာမျိုးပါ။ Review ×××××× ဒီဂိမ်းက cozy လို့ပြောတာထက် "လှပပြီးလွမ်းမောစရာကောင်းတဲ့" Melancholic ခံစားချက်လို့ပြောရင်ပိုမှန်ပါမယ်။နေရာတကာစိမ်းစိုနေတဲ့သစ်ပင်မြက်ပင်တွေက လှပေမယ့်၊ နောက်က tempo အနိမ့် စန္ဒယားတေးသံတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တစ်ခုခုကိုလွမ်းမောမိသလိုခံစားမိစေမှာပါ။ တောထဲတောင်ထဲကငှက်အော်သံတွေ၊ မှောင်နေတဲ့နေရာမှာလည်း ပိုးကောင်အော်သံလေးတွေက နားထောင်ရတာစိတ်ကို relax ဖြစ်စေပါတယ်။သစ်ပင်တွေ မြက်ပင်တွေကလည်း စိမ်းတောက်နေတာမဟုတ်ဘဲ စိမ်းနုနုလေးမှာ မြူခိုးတွေလွှမ်းနေတာကကြည့်ရတာ မျက်စိပဒါသဖြစ်စေပြီး "အေးချမ်းလိုက်တာ" ဆိုပြီးခံစားမိမှာမျိုးပါ။ သစ်ရွက်တွေကြားကနေရောင်ခြည်ထိုးကျနေတဲ့ visual တွေ၊ ပိုးကောင်လေးတွေပျံသန်းနေပုံတွေကို parallax effect သုံးပြီး depth ရှိတယ်ထင်ရအောင်ဖန်တီးထားတာက အသက်၀င်နေတဲ့ပန်းချီကားလေးထဲကိုကိုယ်တိုင်ရောက်သွားသလိုပါဘဲ။ ကျနော်တို့ရဲ့ main character Hoa လေးကလည်း ခြေထောက်တွေ လက်တွေမပါဘဲ၊ တစ်ကိုယ်လုံး၀တ်ရုံအနီရောင်ခြုံထားပြီး မျက်စိလုံးလုံးနဲ့မျက်နှာလေးဘဲဖော်ထားတာက အပြစ်ကင်းစင်တဲ့ကလေးလေးတစ်ယောက်လို ချစ်စရာ‌ကောင်းပါတယ်။သူကသစ်ရွက်တွေထက်တောင်သေးနေပြီး၊ ဒီလိုသေးငယ်တဲ့ ဖြစ်တည်မှုလေးကဘယ်ဆီကိုအသည်းအသန်သွားနေတာလဲဆိုတာကလည်း စိတ်၀င်စားစရာကောင်းပါတယ်။ ဒီလိုမျိုး အရမ်းလှပတဲ့ visual ပိုင်းတွေ၊ cute ဖြစ်တဲ့ character design တွေကြောင့် အသက်၀င်နေတဲ့ fairy tale ကမ္ဘာလေးထဲရောက်သွားသလိုဖြစ်နေမှာပါ။ အားနည်းချက်များ ×××××××××××××× ဒီလိုမျိုး atmosphere-driven ဂိမ်းတွေအများစုက gameplay ပိုင်းမှာအားနည်းချက်ရှိတာကိုတော့လက်ခံဖို့လိုပါတယ်။ Hoa ဂိမ်းကလည်း နေရာအသစ်ရောက်တိုင်း အဲ့ area ထဲကလိပ်ပြာဖမ်း၊ အကောင်ကြီးတစ်ကောင်ကိုနှိုးပြီး ability အသစ်ယူဆိုတဲ့ gameplay loop ထဲမှာလည်နေတော့ တထိုင်တည်းဆော့မယ်ဆိုရင် repetitive ဖြစ်ပြီးပျင်းလာနိုင်တာမျိုးပါ။ Puzzle တွေက level design ကိုအသုံးချတယ်လို့ပြောလို့မရဘဲ တချို့နေရာတွေက အကောင်ကြီးတွေပိတ်ထားပြီး ability အသစ်ရမှရှေ့ဆက်လို့ရတာကြောင့် checklist တစ်ခုကိုဖြေရှင်းနေရသလိုငြီးငွေ့လာနိုင်မှာပါ။ နောက်ပြီး အစပိုင်းမှာ bg music ကနားထောင်ကောင်းပေမယ့် ဂိမ်းတစ်လျှောက်လုံး ဒီတစ်မျိုးတည်းကိုဘဲအခေါက်ခေါက်ဖွင့်ထားတော့ နားကျပ်နဲ့တပ်ဆော့ရင် ear fatigue ဖြစ်လာပြီး ရိုးရှင်းတဲ့ gameplay ပုံစံကြောင့်တော်တော်‌လေးပျင်းလာနိုင်ပါတယ်။ အဲ့တော့ ဒီဂိမ်းက challenge ဖြစ်တဲ့ puzzle တွေ၊ action platform ဂိမ်းတွေမျှော်လင့်ပြီးဆော့သူတွေအတွက်အဆင်ပြေစေမှာမဟုတ်ဘဲ၊ အခုလိုမိုးရွာနေတဲ့ညပိုင်းမှာ ခဏတဖြုတ်၀င်ဆော့ပြီး relax လုပ်တာပိုကောင်းပါတယ်။ Mobile port အခြေနေ ×××××××××××××××××× Mobile ပေါ်ကို Crunchyroll ကယူလာတာဆိုတော့ playstore ကဒေါင်းရင် Crunchyroll ကိုလစဉ်ကြေးပေးဆော့ရပါတယ်။ Optimization ပိုင်းအဆင်ပြေတယ်၊ Touch UI ပိုင်းကအဆင်ပြေတယ် fluid ဖြစ်တယ်ဆိုပေမယ့်၊ control customize option လေးထည့်ပေးရင်ပိုကောင်းမှာပါ။ နောက်ပြီး ဆော့နေချိန်အတွင်း Crunchyroll ဆိုတဲ့ logo ကြီးပေါ်လာပြီး ဂိမ်းထဲကထွက်သွားတဲ့ error က တော်တော်လေး feel ငုပ်ရပါတယ်။ဂိမ်း crash ဖြစ်တာလောက်ထိမဆိုးဝါးပေမယ့် တော်တော်လေး အာရုံနောက်ရတဲ့ error ပါ။ အဲ့တော့ နိဂုံးချုပ်ရရင် ဘာအပူပင်မှမရှိဘဲ အရမ်းလှတဲ့ visual တွေကြားမှာ ကိုယ်တိုင် fairy tale ကမ္ဘာကြီးထဲမှာစီးမျောရင်း relax လုပ်ချင်သူတွေအတွက် Hoa ဂိမ်းကရွေးချယ်စရာတစ်ခုဖြစ်မှာပါ။ ===== Size - 1.41gb Internet - Offline Link - comment Minimum requirements - Android 8.0,Ram 4, Snapdragon 720+ ===== #Platform #puzzle_adventure

GTA 5 mobile လာတော့မယ် ဂေါင်းကြီးတို့။63gb တဲ့💀 Minimum Android 13,Ram 8, Snapdragon 865 လို့ပြောတယ်။ဖုန်းကောင်းသူတွေစက်ရှင်
GTA 5 mobile လာတော့မယ် ဂေါင်းကြီးတို့။63gb တဲ့💀 Minimum Android 13,Ram 8, Snapdragon 865 လို့ပြောတယ်။ဖုန်းကောင်းသူတွေစက်ရှင်းထားကြတော့။

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချက်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Google Storage ☁️
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

Dark fantasy game fan တွေအတွက် November 5 ရက်နေ့ကျရင်လည်း Nintendo switch ပေါ်က indie ဂိမ်းကောင်းက mobile ပေါ်ရောက်လာပါတော့မယ
+4
Dark fantasy game fan တွေအတွက် November 5 ရက်နေ့ကျရင်လည်း Nintendo switch ပေါ်က indie ဂိမ်းကောင်းက mobile ပေါ်ရောက်လာပါတော့မယ်။action adventure ဂိမ်းဖြစ်တာကြောင့် ခပ်ကြမ်းကြမ်း action ဂိမ်းဆော့ချင်သူတွေအတွက်ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။ Release date ကတော့ Nov 5 ရက်နေ့ဖြစ်ပြီး၊ sep 30 ကျရင်လည်း switch ပေါ်က survival ဂိမ်းကောင်းတစ်ခုရောက်လာမှာဖြစ်သလို.. လူတိုင်းစောင့်နေကြတဲ့ 9 Kings mobile ကလည်း Oct 8 ရက်နေ့ထွက်လာတော့မှာပါ။ မနက်ဖြန်ကျရင်လည်း five hearts under one roof လို dating sim ဂိမ်းအသစ် mod ထွက်လာတော့ပါမယ်။ကျနော်လည်း ဟိုးအရင်ကတင်ပေးဖူးတဲ့ masterpiece တစ်ခုကို review နောက်တစ်ခေါက်ပြန်လုပ်ဖို့အစီစဉ်ရှိပါတယ်

Majesty Northern Expansion (And/iOS) - Short review ဆော့ဖူးသမျှ rts တွေထဲမှာ ဒီဂိမ်းကကြောင်တောင်တောင်အနိုင်ဆုံးဘဲ။မင်းတို့စဉ်းစားကြည့်လိုက်..ကိုယ့်ရဲ့စစ်သားတွေ၊ ထုတ်သမျှ unit တွေကခိုင်းတာမလုပ်ဘဲ သူတို့လုပ်ချင်ရာလုပ်နေကြတာကွာ။ Gameplay ××××××××× အပေါ်မှာပြောသလိုဘဲ player အနေနဲ့ထုတ်ထားသမျှ unit တွေကိုခိုင်းလို့မရဘူး။အဲ့အစား ကိုယ်သတ်ချင်တဲ့အကောင်တွေ၊ ရန်သူတွေရဲ့စခန်းတွေကို bounty ဆုကြေးထုတ်ရတာမျိုးပါ။အဲ့လို bounty ထုတ်လိုက်မှ ပိုက်ဆံလိုချင်တဲ့ warrior တွေကသွားပြီးနှိမ်နင်းတာမျိုးဖြစ်ပါတယ်။ ဥပမာ - goblin စခန်းတစ်ခုကို ဆုကြေး1500 ထုတ်လိုက်ပြီဆိုရင် bounty မြင့်တာကြောင့်မို့လို့ warrior တွေကအလုအယက်သွားပြီးဖျက်ဆီးကြပါတယ်။ လူထုတ်တာလည်း ပိုက်ဆံကုန်တယ်၊ bounty ထုတ်တာလည်းကိုယ့်ပိုက်ဆံကုန်တာမှန်ပေမယ့် အခွန်တွေကနေတစ်ဆင့်၀င်ငွေပြန်ရတာမျိုးပါ။ အခွန်ကနေရလာတဲ့ငွေတွေကနေမှ blacksmith တွေဆောက်ပြီး healing potion တွေ၊ armor အကောင်းတွေထုတ်လို့ရလာပါတယ်။warrior တွေကလည်း တိုက်ပွဲကနေရလာတဲ့ ပိုက်ဆံတွေကိုသုံးပြီး blacksmith ကနေ armor ၊ potion တွေလာ၀ယ်ကြပါတယ်။ဒီလိုနဲ့တိုင်းပြည်၀င်ငွေစီးဆင်းမှု balance ဖြစ်လာပြီး အခွန်အခတွေကနေတစ်ဆင့် ကိုယ်ကပိုက်ဆံပြန်ရလာတာမျိုးပါ။ ဒါကြောင့်မို့လို့ Gameplay ပုံစံက rts ဆိုပေမယ့် battle တွေထက်ကို မြို့တွင်းငွေလည်ပါတ်မှုရှိအောင် macro management လုပ်ရတယ်လို့ပြောရပါမယ်။ ‌mid game လောက်ကျရင် main palace ကြီးကို upgrade လုပ်ပြီးအဆောက်အဦးအသစ်တွေတိုးလာမှာဖြစ်သလို၊ wizard temple တွေ၊ spell အသစ်တွေကိုလည်း research လုပ်လာနိုင်မှာပါ။ အားနည်းချက်အချို့ ×××××××××××××××× Skirmish mode မှာ challenge အသစ်တွေထည့်ပြီးဆော့ရတာ၊ campaign မှာ objective မတူတဲ့ mission အမျိုးမျိုးပါတာကြောင့် replay value မြင့်တယ်လို့ထင်ကောင်းထင်ရနိုင်တယ်။ဒါပေမယ့် gameplay loop က ဒီပုံစံဘဲဖြစ်နေပြီး အသစ်အဆန်းတွေသိပ်မပါတော့ နောက်ပိုင်းဂိမ်းကိုကျွမ်းကျင်သွားရင်ပျင်းလာနိုင်တယ်။ ပိုဆိုးတာက Ai စနစ်ပိုင်းမှာ hero တွေကသွေးနည်းနေချိန်ငွေမက်ပြီးအသေခံ၀င်တိုက်တာမျိုး၊ enemy တွေက main palace ကိုဖြိုနေချိန် သူတို့ကလုပ်ချင်ရာလုပ်နေတာတွေကြောင့် ‌တော်တော်လေးစိတ်မရှည်တာမျိုးတွေလည်းကြုံရနိုင်ပါတယ်။ Unit variety မစုံလင်မှုတွေကလည်း "ဒါဘဲလား" ဆိုပြီးစိတ်ပျက်သွားနိုင်ပါတယ်။ Graphic ကလည်း ခေတ်ဟောင်းဂိမ်းဖြစ်တာကြောင့် world က dynamic မဖြစ်ဘဲ flat ဖြစ်နေပြီး graphic ကောင်းတာမှဆော့ချင်သူတွေအကြိုက်တွေ့မယ့်ဂိမ်းတော့မဟုတ်ပါဘူး။ ဒါဆိုဘာကြောင့်ဆော့သင့်လဲ ×××××××××××××××××××××× ဒါပေမယ့် ဒီ Northern Expansion မှာ original Majesty ထက်ကို boss battle တွေ၊ ice golem လို monster ကြီးတွေပါ၀င်လာမှုတွေ၊ ရန်သူတွေက စခန်းကိုအမြဲတန်းလာတိုက်ပြီးဖိအားပေးမှုတွေကြောင့် repetitive ဖြစ်မှုကိုသတိမထားမိလောက်အောင် လျော့ကျသွားစေပါတယ်။ Gameplay concept ကလည်း တခြား rts တွေနဲ့မတူဘဲ unique ဖြစ်တာကြောင့် experience အသစ်ကိုရစေမှာပါ။ အပေါ်ယံကြည့်လိုက်ရင် သာမာန် rts ဂိမ်းထင်ရနိုင်ပေမယ့်၊ guard tower နေရာချမှုတွေ၊ tax collector တွေကိုမသေအောင် အဆောက်အဦးတွေစီမံရမှုတ ဆိုတဲ့ strategy ပိုင်းတွေကိုသိမှ အသာစီးရနိုင်မယ့်အခြေနေမျိုးဖြစ်ပါတယ်။ graphic က ကာတွန်းဆန်ပေမယ့် character design တွေက၊ hero ဆိုရင်လည်း hero ပီသတဲ့ design၊ villain ဆိုရင်လည်း ကြောက်စရာကောင်းအောင်လုပ်ထားနိုင်ပါတယ်။ ပိုက်ဆံရမှအလုပ်လုပ်တဲ့ အပျင်းထူတဲ့ hero တွေ၊ ဟာသတွေရောထားမှုတွေ၊ အရောင်အသွေးစုံလင်တဲ့ graphic ပုံစံက dark fantasy တွေလိုစိတ်လေးလေးပင်ပင်ကြီးမဖြစ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ပျော်စရာကောင်းစေမှာပါ။အနောက်က audio ပိုင်းတွေကလည်း retro ဆန်တာကြောင့် အရင်တုန်းက Snes ဂိမ်းတွေကိုတောင်ပြန်သတိရမိစေပါတယ်။ နိဂုံးချုပ်ရရင် Majesty ဆိုတာ gameplay concept ထူးခြားတဲ့ rts ဂိမ်းတစ်ခုဖြစ်ပြီး fantasy အရသာပျက်မသွားတဲ့ kingdom expansion ဆန်တဲ့ဂိမ်းလို့ပြောရပါမယ်။ ===== Size - 67mb Internet - offline Link - comment Minimum requirements - Android 6.0,Ram 2 ===== #rts #strategy

Majesty Northern Expansion (Android) Link - https://pdalife.com/majesty-the-northern-expansion-android-a7609.html
+8

Apk size - 167mb Each chapter download size - 700-800mb Free space requirements - 5gb+ Internet - Online Minimum requirements - Android 7.0,Ram 4, Snapdragon 660mb ====== #dating_sim #FMV

Five Hearts Under One Roof (Android/iOS) ကိုယ်ကသောက်ပေါကြီးဖြစ်နေပေမယ့် စော်တွေဝိုင်းဝိုင်းလည်နေတဲ့အဖြစ်ကိုစိတ်ကူးကြည့်လိုက်။စော်လေးတွေကလည်း ချောပေ့လှပေ့ဆိုတာလေးတွေချည်းဘဲ။ မပြောကောင်းမဆိုကောင်း ဂေါင်းကြီးတို့ဘ၀မှာအဲ့လိုကြုံခဲ့ရရင် ဘယ်ကောင်မလေးကိုရွေးကြမလဲ Review ×××××× ဒီလို FMV(Full motion-video) ဂိမ်းတွေကို review လုပ်မယ်ဆိုရင် gameplay ထက်ကို character တွေကသရုပ်ဆောင်ကောင်းလားဆိုတာကိုအဓိကကြည့်ဖို့လိုတယ်ပေါ့နော်။ဒီဂိမ်းမှာ acting ပိုင်းကောင်းတယ်လို့ပြောရမလား၊ မကောင်းဘူးလို့ပြောရမလားဆိုတာ...ပြောရခက်တယ်လို့ဆိုရမှာဘဲ။ တချို့သော scene တွေမှာ character တွေကကိုယ့်ကိုကြည့်ပြီးပြောတဲ့အချိန်တွေဆိုရင် အသက်မပါသလိုခံစားရသလို၊ တချို့နေရာတွေကျတော့လည်း over ဖြစ်နေသလိုခံစားရတယ်။ဒါပေမယ့် ကောင်မလေးတွေကတော်တော်လေးချစ်စရာကောင်းတော့ သရုပ်ဆောင်ပိုင်းကိုတောင်သတိမထားလောက်အောင်ဘဲ။ ပြောလို့သာပြောရတာ admin ကလည်း သရုပ်ဆောင်ပိုင်းထက် စော်တွေဘဲလိုက်ကြည့်နေတာများတယ်🤣။ Character တွေရဲ့ personality ×××××××××××××××××××××××× ကျနော်တို့ character ကငတုံးကြီး၊ သောက်ပေါကြီးဖြစ်နေသလိုဘဲ ကောင်မလေးတွေမှာလည်း သူ့စရိုက်နဲ့သူရှိကြပါတယ်။ - သူငယ်ချင်းဖြစ်သူ Mal-sook ဆိုရင် ပွင့်ပွင့်လင်းလင်းရှိတယ်၊ ပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်ရှိတာမျိုး - Yu-na ဆိုရင်သိမ်သိမ်မွေ့မွေ့နဲ့ အမြဲတန်းသပ်သပ်ရပ်ရပ်နေတတ်သလို၊ ရှက်တတ်တဲ့ပုံစံလေးနဲ့ပေါ့။(admin type :⁠^⁠) - အဲ့လိုဘဲဆေးရုံက nurse မလေးဆိုရင် ကိုယ်သတိမေ့နေချိန်ခြောက်လလုံးလုံး ကိုယ့်အနားမှာပြုစုပေးရတော့ သံယောဇဉ်တွယ်ပြီး ကိုယ်ဘာခိုင်းခိုင်းလုပ်မယ့်ပုံစံပါ - ဒါပေမယ့် doctor မကြီးကတော့လုံး၀အထန်နော်။အထာပေးရင် ဆရာလေးတောင်ချမ်းသာမပေးတဲ့ကောင်တွေဆိုရင် doctor မကိုပိုကြိုက်ကြလိမ့်မယ်။ အဲ့တော့ character တွေရဲ့ personality ပေါ်မူတည်ပြီး ဘယ်သူနဲ့အဝှာပြုမလဲဆိုတာတော့ ကိုယ့်ဟာကိုရွေးကြပေါ့။ချစ်တာကြိုက်တာကိုပြောပါတယ်။ Atmosphere ခံစားချက် ×××××××××××××××××× ဒီဂိမ်းက dating-sim ဆိုတော့ atmosphere ကို ပါတ်၀န်းကျင်ကနေပုံဖော်တာထက် ကောင်မလေးတွေရဲ့အပြုအမူတွေ၊ မျက်နှာပေးတွေကနေတစ်ဆင့် player ကိုအသဲယားအောင်လုပ်တာမျိုးပါ။ First-person view ကနေဆော့နေရတော့ ကောင်မလေးတွေကိုကိုယ့်ကိုတည့်တည့်ကြီးကြည့်နေသလိုခံစားရသလို၊ မျက်နှာက camera နဲ့နီးလာရင်လည်း player နားကိုကပ်လာသလိုခံစားရပါတယ်။သူတို့တွေမျက်စောင်းထိုးလိုက်တဲ့ပုံလေးတွေ၊ ရှက်လို့ခေါင်းငုံ့သွားပုံလေးတွေက ဆော့နေတဲ့ယောက်ျားထုကြီးကိုအရည်ပျော်ကျစေမှာပါ။ အရင်ဂိမ်းထက်ကို 18+ ဆန်လာပြီး လမ်းလျှောက်ပုံတွေကိုအနှေးကွက်နဲ့ရိုက်ပြတာ၊ တစ်ကိုယ်လုံးကို camera နဲ့အသေးစိတ်ရိုက်ပြတာမျိုးတွေပါလာပါတယ်။ တခြား 18+ ဆန်တဲ့ scene နဲ့ စကားပြောတာတွေကို ဟာသတစ်ခုအဖြစ်ပုံဖော်ထားတာကြောင့်လည်း၊ မိုက်မိုက်ရိုင်းရိုင်းကြီးမဟုတ်ပေမယ့် လူကြားထဲမှာလုံး၀ဆော့သင့်တဲ့ဂိမ်းတစ်ခုတော့မဟုတ်ပါဘူး။ ပြောရရင် အချစ်နဲ့ Adult ဆန်တဲ့ဟာသကိုအချိုးကျကျရောစပ်ထားတဲ့ကိုရီးယားဇာတ်လမ်းပုံဖြစ်ပြီး ဇာတ်လမ်းခံစားရတာပေါ့ပေါ့ပါးပါးနဲ့‌ရယ်ရတယ်လို့ပြောရပါမယ်။ Gameplay & Replayability ××××××××××××××××××××× FMV အမျိုးစားဖြစ်တာကြောင့် gameplay ပိုင်းကိုအသားပေးတာမျိုးတော့မဟုတ်ပါဘူး။character တွေပြောတဲ့စကားကိုနားထောင်ပြီး ဘာပြန်ပြောမလဲဆိုတာရွေးချယ်မှုလုပ်ရမယ့်ပုံစံပါ။ကိုယ်ရွေးချယ်လိုက်တဲ့တုန့်ပြန်မှုပေါ်မူတည်ပြီး ကောင်မလေးတွေနဲ့ဆက်ဆံရေးပိုကောင်းလာဝာာ၊ ဝေးကွာသွားတာမျိုးတွေဖြစ်တတ်ပါတယ်။player အနေနဲ့လည်း ကောင်မလေးတွေအကုန်လုံးကိုတခါတည်းနဲ့ရွေးလို့မရတာကြောင့်မို့လို့ တစ်ယောက်ကိုလိုချင်ရင် တစ်ယောက်ကိုစွန့်လွှတ်ရမယ့်အခြေနေတွေကမဖြစ်မနေကြုံရပါတယ်။ ဒီလိုရွေးချယ်မှုပေါ်မူတည်ပြီး consequences အမျိုးမျိုးဖြစ်သွားတာမို့လို့ တစ်ခါအောင်ပြီးသွားရင်တောင် နောက်တစ်ခါအစကပြန်ဆော့ပြီး၊ conversation တွေမှာရွေးချယ်မှုအသစ်တွေလုပ်ပြီး နောက်ထပ် scene အသစ်တွေနဲ့၊ ending အသစ်တွေ unlock လုပ်လို့ရတာမို့လို့ replayability ပိုင်းမြင့်မားတယ်ပြောရပါမယ်။ Quality of life feature ×××××××××××××××××× တကယ်လို့ game ဆော့နေချိန်အတွင်းရွေးချယ်မှုအမှားတစ်ခုလုပ်မိသွားရင် ချက်ချင်း flowchart ကိုပြန်သွားပြီး ကိုယ်မှားသွားတဲ့ scene ကိုနှိပ်ပြီးပြန်ရွေးလို့ရပါတယ်။သိပြီးသား dialogue တွေကိုကျော်လိုက်လို့ရတာ၊ Flowchart မှာ ဇာတ်လမ်းအခွဲတွေဘယ်နှစ်မျိုးထိပါလဲကြည့်လို့ရတာက၊ ဘာရွေးရင်ဘာဖြစ်မလဲဆိုတဲ့သိချင်စိတ်ကိုနှိုးဆွပေးပြီး၊ ending အသစ်ရဖို့ရာလည်း အစကနေပြန်ဆော့စရာမလိုပါဘူး။ Monetization ပိုင်း ××××××××××××××× Mobile version မှာ playstore မှာ full game ၀ယ်ဆော့ရသလို free version မှာလည်း Consequences ကောင်းတဲ့ရွေးချယ်မှုတစ်ခုအသစ်ပွင့်ဖို့ကြော်ညာကြည့်ရတာက ဂိမ်းရဲ့အရသာကိုတော်တော်ပျက်စေပါတယ်။ ဒါကြောင့် မ၀ယ်ချင်တဲ့သူတွေ mod version ကိုဆော့ဖို့အကြံပေးပါတယ်။ =======

Five Hearts Under One Roof 2 (Android) Mod info - unlock full version/removed ads Link - https://playmods.net/game/five-heart
+8
Five Hearts Under One Roof 2 (Android) Mod info - unlock full version/removed ads Link - https://playmods.net/game/five-hearts-under-one-roof-2-mod/com.storytaco.pc04mclient Note - online ဂိမ်းဖြစ်ပါတယ်။ingame ဒေါင်းမရတာမျိုးတွေဖြစ်ရင်၊ UI မပေါ်တာမျိုးတွေဖြစ်ရင် vpn ခံဖို့လိုပါမယ်

Gambonanza (Android/iOS) ပုံကိုကြည့်လိုက်ရင်တော့ ရိုးရိုး chess ဂိမ်းလို့ဘဲထင်သွားနိုင်တယ်။ဒါပေမယ့် ဒါက chess ဂိမ်းပုံစံကိုမှ roguelike element နဲ့ developer ရဲ့ ဆန်းသစ်တဲ့ idea နဲ့ပေါင်းစပ်ထားတဲ့ဂိမ်းလို့ပြောရမယ်။ Gameplay ======== challenge ဖြစ်တာတစ်ခုက ပွဲတစ်ပွဲမှာ chess pieces ၃ခု ၄ခုလောက်နဲ့ဘဲ တစ်ဖက်ပြိုင်ဘက်ကိုအနိုင်ယူရတာပေါ့နော်။ ပြိုင်ဘက်မှာ ဘယ် chess pieces တွေရှိလဲဆိုတာကြည့်ရတယ်၊ ဘယ်အကွက်ကိုရွှေ့ရင်ဘာဖြစ်မလဲဆိုတဲ့ဖြစ်နိုင်ချေတွေကိုစဉ်းစားပြီး သတ်မှတ်ထားတဲ့ chessboard area အတွင်း၊ ကိုယ့်မှာရှိနေတဲ့ chess pieces တွေကိုနေရာချရပါတယ်။တစ်ပွဲတစ်ပွဲအကြာကြီးမဖြစ်အောင်လည်း သတ်မှတ်ထားတဲ့အချိန်ကျရင် crumble mode ၀င်သွားပြီး chess ခုံက tile တွေတစ်ခုချင်းအောက်ပြုတ်ကျကုန်ပါတယ်။ Roguelite ဆိုတဲ့အတိုင်း ပွဲတစ်ပွဲပြီးတဲ့အခါမှာရလာတဲ့ပိုက်ဆံအချို့နဲ့ gambit တွေ၊ chess pieces အသစ်တွေဝယ်လို့ရပါတယ်။ Gambit ဆိုတာ ပွဲပြီး bonus ရတာမျိုး၊ chess ခုံကအကွက်တစ်ခုထဲမှာထောင်ချောက်ချပြီး ရန်သူကအဲ့အကွက်ထဲ၀င်သွားရင် ရွှေ့မရတော့တာမျိုးတွေဖြစ်သွားစေတဲ့ bonus power-up တွေပါ။ ကျနော်သဘောကျမိတာက သာမာန် chess ကစားနည်းတွေလို ကိုယ့်အကွက်ထဲ၀င်ရင်စားလို့ရတာမျိုးတင်မကဘဲ၊ မနိုင်တော့တဲ့အချိန် tile တွေတစ်ခုချင်းကျသွားတဲ့ crumble mode ကိုစောင့်ပြီးအနိုင်ယူမလား၊ ပြိုင်ဘက်ကိုထောင်ချောက်ဆင်ထားတဲ့အကွက်ထဲ၀င်အောင် ဖိအားပေးပြီး gambit အားကိုးနဲ့အနိုင်ကျင့်မလားဆိုပြီး အနိုင်ယူနည်းတွေအမျိုးမျိုးရှိပါတယ်။ တချို့သော boss fight တွေမှာဆိုရင်လည်း သတ်မှတ်ထားတဲ့အကွက်ထဲ၀င်သမျှ chess pieces တွေက အနိမ့်ဆုံး "Pawn" အဆင့်ထိကျသွားမျိုးတွေဖြစ်ပြီး တစ်ပွဲနဲ့တစ်ပွဲမတူအောင်ဖိအားပေးတာမျိုးပါ။ Review ====== ကောင်းတဲ့အချက်တွေ ××××××××××××××××× Gameplay loop ကရိုးရှင်းတယ်ဆိုပေမယ့် စစချင်း random chess pieces တွေနဲ့စရတာ၊ ပွဲတစ်ပွဲချင်းစီမှာ encounter တွေမတူတဲ့ procedural generate level တွေဖြစ်တာကြောင့်လည်း ရှုံးပြီးအစကပြန်စရင်တောင်၊ အရင်ပွဲ‌တွေမှာသုံးထားတဲ့ strategy ဟောင်းတွေကအလုပ်မဖြစ်တော့ပါဘူး။ ပွဲတစ်ခုမှဆုံးရှုံးလိုက်ရတဲ့ chess pieces တွေကလုံး၀ပြန်မရနိုင်တာကြောင့် ရွှေ့တာတစ်ချက်မှားသွားတာနဲ့ တန်ဖိုးကြီးတဲ့ chess တစ်ခုဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ tension က ဂိမ်းထဲကိုအပြည့်အ၀အာရုံစိုက်မိစေတာမျိုးပါ။ chess pieces တစ်ခုကိုထိုးကျွေးမယ်ဆိုရင်တောင် ဒီဟာကိုထိုးကျွေးလို့ ပြန်စားရမယ့်ဟာကတန်ရဲ့လား...ငါပြန်စားရမယ့်ဟာက ပြိုင်ဘက်ကိုခက်ခဲသွားစေနိုင်လားဆိုပြီး သေချာစဉ်းစားရပါတယ်။ ရိုးမသွားတဲ့ procedural generate level တွေ၊ တစ်ပွဲတစ်ပွဲကလည်း မိနစ်ပိုင်းဘဲကြာတာဆိုတော့... "တစ်ပွဲဆော့လိုက်ဦးမယ်ကွာ"ဆိုပြီး နာရီချီတဲ့အထိဆော့မိသွားစေပါတယ်။ Art style and atmosphere ××××××××××××××××××××× သူ့ရဲ့ art design ကိုအပေါ်ယံကြည့်လိုက်ရင် သာမန်ဘဲလို့ထင်ရနိုင်ပါတယ်။ဒါပေမယ့် chess ခုံကြီးကလေပေါ်ဝဲနေပြီး အောက်မှာအဆုံးမရှိတဲ့ချောက်နက်ကြီးရှိနေတာက လုံး၀ surrealism ကြီးပါ.. (surrealism ဆိုတာ အိပ်မက်ဆန်ပြီးဘာတွေဖြစ်နေလဲဆိုတာရှင်းပြလို့မရတဲ့အဖြစ်ပျက်ကိုပြောတာပါ) ဒီလို surrealism vibe ကြီးကို dark ambient sound နဲ့ပေါင်းစပ်လိုက်တော့ "ဒီပွဲကိုနိုင်မှဖြစ်မယ် မနိုင်ရင်ကြီးကြီးမားမားပေးဆပ်ရလိမ့်မယ်" ဆိုတဲ့ခံစားချက်ကြီးနဲ့ဂိမ်းထဲကိုစီးမျောစေတာဖြစ်ပါတယ်။ Tutorial ပိုင်းမှာလည်း ဂိမ်းကိုမိတ်ဆက်ပေးပုံကသူငယ်ချင်းတစ်ယောက်လိုရင်းရင်းနှီးနှီးရှင်းပြတာ၊ chess pieces တစ်ခုကသူ့နားကကောင်ကိုစားချင်လို့တုန်နေတာက ပြုံးမိစေပြီး စိတ်ကိုပေါ့ပါးစေပါတယ်။ပြောရရင် surrealism နဲ့ humor contrast နှစ်ခုကိုအချိုးကျကျရောစပ်ထားတယ်လို့ဆိုရပါမယ်။ အားနည်းချက်အချို့ ××××××××××××××× ဂိမ်းရဲ့အကြီးမားဆုံးအားနည်းချက်ကြီးတစ်ခုက ပြိုင်ဘက် Ai က challenge မပေးနိုင်တာပါဘဲ။အစပိုင်းမို့လို့ limit ထားထားတယ်ထင်ပေမယ့် late game ရောက်တဲ့အခါကျတော့လည်း player ကထိုးကျွေးရင်ချက်ချင်းစားပစ်တာမျိုး၊ player ကိုအကွက်ကျကျစီမံပြီး ဖိအားမပေးနိုင်တာတွေက hardcore အရသာကိုပျက်စေတာတော့အမှန်ပါဘဲ။ နောက်ပိုင်းကျရင် ကိုယ့်မှာ gambit တွေ၊ bonus tile တွေများလာပြီး op ဖြစ်လာတာကလည်း tension ကိုကျသွားစေပါတယ်။ အထူးသဖြင့် chess ကစားရတာကိုကြိုက်တဲ့ chess ဂျိုးတွေအတွက်တော့ ဒီဂိမ်းကလုံး၀လွယ်ကူနေတယ်လို့ခံစားရမှာပါ။ ဂိမ်းပုံစံကလည်း စဉ်းစားပြီးဆော့ရတဲ့ပုံဆိုတော့ action crazy တွေ၊ casual player တွေအတွက်အဆင်ပြေမှာတော့မဟုတ်ပါဘူး။ ====== Size - 104mb Type - offline Link - comment Minimum requirements - Android 6.0,Ram 3 ======= Personal Rating ××××××××××××× Gameplay - 7/10 Graphic - 5/10 Monetization - 10/10 Total - 6.5/10 ×××××××××××××× #Strategy #boardgame #Roguelite

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချက်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103