es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Android Zone

Android Zone

Ir al canal en Telegram

Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

Mostrar más

📈 Análisis del canal de Telegram Android Zone

El canal Android Zone (@androidzone777) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 57 065 suscriptores, ocupando la posición 1 395 en la categoría Juegos y el puesto 2 520 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 57 065 suscriptores.

Según los últimos datos del 16 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 2 293, y en las últimas 24 horas de 29, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 13.59%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.99% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 7 755 visualizaciones. En el primer día suele acumular 2 850 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 17.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 17 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Juegos.

57 065
Suscriptores
+2924 horas
+1277 días
+2 29330 días
Archivo de publicaciones
DSRNative-data-apkvision.7z3713.19 MB

Dark souls remastered (Android/recomp port) Snapdragon 860 မှာတော့ 30 fps ငြိမ်တယ်။apkvision ကဟာက fps limit လုပ်ထားတာလည်းပါတာပေါ့။အစပိုင်းတုန်းက Mali GPU သမားတွေဆော့မရပေမယ့် အခုတော့ dimensity တွေကော Helio သမားတွေပါဆော့လို့ update ရနေပါပြီ။ dimensity 7500 မှာဆိုရင် ဘာပြဿနာမှမရှိဘဲအေးဆေး run လို့ရတယ်ပြောပါတယ်။ဒါပေမယ့် Helio g100 မှာကတော့ 22-30 fps မှာရုန်းနေရတာကိုတွေ့ရပါတယ်။ တချို့ဖုန်းတွေမှာ screen flickering တွေဖြစ်ပြီးဆော့လို့အဆင်မပြေတာမျိုးလည်းရှိပါတယ်။နောက်ပြီးတော့ ဒီ port က controller ဂျီးများပါတယ်။ playstation ခလုတ်တိုင်းကို support မပေးဘဲ Xbox style ခလုတ်တွေဘဲအဆင်ပြေတာပါ။ ကျနော်ကတော့ ဒီဂိမ်းကို ဖုန်းကောင်းမှဘဲ controller နဲ့ဆော့စေချင်တယ်။တကယ်လို့ fps ကျနေရင် motion sickness ဖြစ်ပြီးခေါင်းမူးပါတယ်။ ===== Size - 3.7gb+ Type - offline Link - comment Minimum requirements - Android 10,Ram 6, Snapdragon 845+ Controller support - Yes ======

Dark Souls Remastered (Android/recomp port) Link - https://apkvision.org/games/action/dark-souls-remastered-135635/
+5
Dark Souls Remastered (Android/recomp port) Link - https://apkvision.org/games/action/dark-souls-remastered-135635/

ဝယ်ယူနိုင်သော Games&Items များ 📱📱📱📱App Premium 📱📱📱📱 စျေးကြည့်ရန် 🤩Arena Breakout 🤩 MLBB 🤩 PUBG 🤩 Delta Force 🤩Ho
ဝယ်ယူနိုင်သော Games&Items များ
📱📱📱📱App Premium 📱📱📱📱 စျေးကြည့်ရန် 🤩Arena Breakout 🤩 MLBB 🤩 PUBG 🤩 Delta Force 🤩Honor Of King 🤩Roblox 🤩Gangstars Mirage City 🤩Free Fire Contact-@peterparker2342✅ တစ်ခြား ဂိမ်းItems များကြည့်ရန် ❗️❗️❗️❗
⏩ကျနော့်ဆီ November လထဲဘာပဲဝယ်ဝယ် ML Starlight Premium card ၂ယောက် PUBG Elite Pass ၂ယောက်စုစုပေါင်း ၄ယောက်တိတိ Novလကုန်မဲဖောက်ပေးပါမယ် ဂိမ်းမဆော့ရင်လဲ Cash ထုတ်ပေးပါမယ်😈 ⚠️Note-Channel Join ထားတဲ့သူပဲရပါမယ်😀

လက်ရှိကိုယ့်လက်ထဲမှာ mid range နဲ့ high end ဖုန်းတွေကိုင်ထားတယ်ဆိုရင် controller လေးတစ်လုံးကတော့မဖြစ်မနေ၀ယ်ထားသင့်တယ်လို့မြင်
လက်ရှိကိုယ့်လက်ထဲမှာ mid range နဲ့ high end ဖုန်းတွေကိုင်ထားတယ်ဆိုရင် controller လေးတစ်လုံးကတော့မဖြစ်မနေ၀ယ်ထားသင့်တယ်လို့မြင်တယ်။ဘာလို့ဆို Nintendo switch ပေါ်ကဂိမ်းတွေ Xbox port တွေ၊ PS2,PS Vita port တွေက mobile ပေါ်ကိုတောက်လျှောက်ရောက်လာနေတာ။လက်ရှိလဲဆက်တိုက်ထွက်နေဆဲဘဲ။ Abxylute s8 lite ကအကြမ်းခံပြီး ဈေးအမြင့် controller တွေမှာထည့်ပေးထားတဲ့ feature တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ရနိုင်တယ်။hall effect ပါလို့ joystick တွေပျက်မှာ ခလုတ်တွေကျွံမှာလည်းပူစရာမလိုပါဘူး။ဈေးနှုန်းကတော့ 169000 ဘဲရှိပါတယ်။မြန်မာတစ်နိုင်ငံလုံးကို deli ပို့ပေးပြီးအိမ်ရောက်ငွေချေစနစ်မို့လို့ ကိုယ့်လက်ထဲပစ္စည်းရောက်မှပိုက်ဆံပေးရုံပါဘဲ။ မှာယူရန် @kaung234

နံပါတ်မြင့်တာကိုဘဲရွေးရတာမျိုးဖြစ်သွားပြီး တခြားပစ္စည်းကိုစွန့်လွှတ်ဖို့နှမျောစိတ်မရှိသလောက်ဖြစ်သွားပါတယ်။ - [Replay value] °°°°°°°°°°°°°°°°°°°°°° ကျနော် first impression ဆော့ကြည့်ရသလောက်တော့ ဒီဂိမ်းရဲ့ replayability အရမ်းကြီးမထိုက်တန်ဘူးလို့မြင်မိတယ်။ဘာလို့ဆိုအပေါ်မှာပြောခဲ့တဲ့ campaign loop ကြောင့်ဘဲ။လမ်းအသစ်ပေါ်ရင်တောင် secret boss fight တွေ၊ item အသစ်တွေမရှိတာက explore လုပ်ချင်စိတ်ကျစေပါတယ်။နောက်ပိုင်းမှာ content အသစ်တွေ unlock ဖြစ်ကောင်းဖြစ်လာနိုင်ပေမယ့် လက်ရှိ နာရီအတော်ကြာဆော့ထားတဲ့အမြင်အရဆိုရင်တော့ gameplay ပိုင်းရဲ့ replay value ကအရမ်းကြီးမြင့်မနေပါဘူး။ -----------×---------- Art style & Atmosphere °°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ဒီဂိမ်းက dark fantasy ဆိုပေမယ့် dark souls တို့၊ blasphemous တို့လို လုံး၀မနေချင့်စရာ မျှော်လင့်ချက်မဲ့နေတဲ့ atmosphere ကိုမပေးဘဲ heroic journey ပုံစံဖြစ်နေတာ။အထူးသဖြင့် သူ့ရဲ့ art style က graphic novel ဆန်နေပြီး အသက်၀င်နေတဲ့ရုပ်ပြစာအုပ်တစ်ခုထဲ ကိုယ်တိုင်ရောက်သွားတဲ့ပုံစံမျိုးပေါ့။ Character တွေ၊ ပါတ်၀န်းကျင်ကပစ္စည်းတွေကို outline ထူထူနဲ့ရေးဆွဲထားပြီး အမှောင်နဲ့အလင်းကို contrast ကွာခြားမှုတွေက ဂိမ်းရဲ့ရုပ်ထွက်ကိုပိုပြီးအသက်၀င်စေပါတယ်။နောက်ခံက မီးလောင်နေတဲ့အိမ်တွေ၊ နဂါးအရိုးကြီးတွေ၊ အပျက်အစီးတွေကြားထဲမှာ ရန်သူအုပ်လိုက်ကြီးကိုချရတာက မျှော်လင့်ချက်မဲ့နေတဲ့ကမ္ဘာကြီးထဲမှာ ကိုယ်ကကမ္ဘာကြီးကိုကယ်တင်မယ့် သူရဲကောင်းဆိုတဲ့ feeling ဖြစ်လာတာမျိုးပါ။ energetic ဖြစ်စေတဲ့နောက်ခံတီးလုံးတွေကလည်း ဒီခံစားချက်ကိုပံ့ပိုးနေပါတယ်။ရန်သူတွေကိုတိုက်ရင် လင်းခနဲထွက်လာတဲ့ hit effect တွေ၊ ရန်သူတွေက ကိုယ့်ရှေ့မှာဘာမှမလုပ်နိုင်တဲ့ပုံစံမျိုးတွေက heroic journey ခံစားချက်ကြီးဖြစ်လာတာဘဲ ဖြစ်ပါတယ်။ -------------×------------- Mobile Port အခြေနေ ×××××××××××××××××× - [ Touch UI] ဒီဂိမ်းက controller နဲ့ဆော့တာထက်ကို touch နဲ့ဆော့ရတာပိုအဆင်ပြေသလိုခံစားမိတာ။ဘာလို့ဆို type C controller နဲ့ဆော့တာ ကိုယ်နှိပ်သလောက် character ကလိုက်ပြီးမလှုပ်ရှားနိုင်သလိုဖြစ်နေတယ်။touch UI ပိုင်းကျတော့ UI size တွေ space ထားပုံတွေသပ်ရပ်ပြီး adapt ဖြစ်ဖို့လည်းလွယ်တာပေါ့။နှိပ်လိုက်တာနဲ့ responsive ဖြစ်တာမျိုးတွေကလည်း combo ဆက်တာတွေ ရှောင်တာတိမ်းတာတွေမှာ တော်တော်အဆင်ပြေပါတယ်။ - [optimization] ကျနော် ဒီဂိမ်းကို Snapdragon 860 မှာ graphic high နဲ့ 1နာရီကျော်ကျော်ထိုင်ဆော့တာ ဖုန်းကနွေးတေးတေးအဆင့်ဘဲရှိပြီး battery ကလည်းအရမ်းကြီးမစားပါဘူး။ playdigious ကဆိုတော့ optimization ပိုင်းကတော့ပြောစရာမလိုဘဲအဆင်ပြေပြီးသားပါ။ - [Monetization] Playstore မှာ 11.99$ နဲ့ရောင်းတာဆိုတော့ မြန်မာငွေနဲ့တွက်ပြီး တန်မတန်ဆုံးဖြတ်ရင် နည်းနည်းလေးဈေးကြီးတဲ့အထဲပါတယ်။ဘာကတန်လဲဆိုတော့ ချိတ်ဆော့မယ့် သူငယ်ချင်းရှိရင် campaign မှာ co-op ဆော့လို့ရတာကတန်သွားတယ်။lore ပိုင်း၊ graphic၊ combat pacing တွေကအရမ်းမိုက်ပေမယ့် အပေါ်မှာပြောခဲ့တတဲ့ အားနည်းချက်တွေကိုလည်းထည့်တွက်ကြပေါ့နော်(၀ယ်ဆော့မယ်ဆိုရင်ပြောပါတယ်😅)။ -------×--------- နိဂုံး °°°°° Absolum ဆိုတာက classic heroic journey ပုံစံကိုမှ dark fantasy အရေခြုံထားတဲ့ beat'em'up action ဂိမ်းတစ်ခုပါ။ရိုးရှင်းတဲ့ arced ဆန်ဆန် gameplay ပုံစံကနားလည်ရလွယ်ပြီးဆွဲဆောင်မှုရှိပါတယ်။ဒါပေမယ့် atmosphere heavy ဂိမ်းတွေ strategy complex ဖြစ်တဲ့ဂိမ်းကြိုက်သူတွေအတွက်စိတ်ပျက်သွားနိုင်ပါတယ်။ ======= Size - 905mb+ Type - offline Link - comment Minimum requirements - Android 9,Ram 4, Snapdragon 680+ Controller support - Yes ======== #Beat'em'up #non_stop_action

- Galandra ကတော့ ကျနော်အကြိုက်ဆုံး character ဖြစ်ပြီး သူက all-rounder character လို့ပြောရင်လည်းမမှားပါဘူး။တိုက်ခိုက်မှုတွေ ရှောင်တာတိမ်းတာတွေက ထိန်းချုပ်ရလွယ်ပြီး ရန်သူအုပ်လိုက်ကြီးဆိုရင်လည်း ဓားနဲ့တစ်ချက်ယမ်းလိုက်ရင် အလဲလဲအကွဲကွဲဖြစ်ကုန်ပါတယ်။ - လူပုမျိုးနွယ် Karl ဆိုရင်တော့ တိုက်ကွက်တွေနည်းနည်းလေးပေမယ့် damage output များပြီး ရန်သူအုပ်လိုက်ကြီးကိုဖြိုခွင်းဖို့အကောင်းဆုံး character ပါ။ - Assassin ပုံစံဖြစ်တဲ့ Brome ကတော့ ရန်သူတွေကြားထဲမှာ လှစ်ခနဲ လှစ်ခနဲ၀င်ပြီးသွက်သွက်လက်လက်နဲ့ဆော့ရတဲ့ပုံစံဖြစ်ပါတယ်။ အဲ့လို character တစ်ယောက်ချင်းစီတိုင်းက play style မတူညီကြသလို သူတို့မှာလည်း Arcana လို့ခေါ်တဲ့ မတူညီတဲ့ special abilities တွေရှိကြပါတယ်။ဥပမာ - - Galandra ရဲ့ necrotic wave ဆိုရင် လမ်းကြောင်းမှာရှိတဲ့ရန်သူတွေကို damage ပေးတာ၊ Draconic ascent ဆိုရင် ရန်သူတွေကိုလေပေါ်မြောက်တက်သွားစေပါတယ်။ - Karl ရဲ့ Grenade bullet ဆိုရင်ရန်သူအုပ်လိုက်ကြီးကိုဖြေရှင်းရာမှာအသုံး၀င်သလို၊ blast bullet arcana ကတော့ အနီးနားကရန်သူကို damage အပြင်းဆုံးထိစေတာမျိုးပါ။ ပြောချင်တာကကိုယ်ယူတဲ့ arcana ပေါ်မူတည်ပြီး battle အတွင်း strategy အနည်းငယ်ပြောင်းလဲသွားပါတယ်။ - [lore နဲ့ gameplay ဆက်စပ်မှု] °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° Absolum ရဲ့ lore ကတစ်ခါတည်းနဲ့အကုန်ရှင်းပြသွားတာမဟုတ်ဘဲ Hades လိုမျိုး သေမှ lore ကိုတဖြည်းဖြည်းသိလာရတာမျိုးပါ။Roguelite ဂိမ်းတို့ထုံးစံသေရင်အစကပြန်စရတာကို Mother Uchawi ရဲ့ rebirth မှော်အစွမ်းအသုံးပြုမှုနဲ့ချိတ်ဆက်ထားပါတယ်။တစ်ခါသေပြီးရင် Talamh ကမ္ဘာထဲမှာ အပြောင်းလဲအနည်းငယ်ဖြစ်ပြီး၊ goblin တွေကစစ်ကြေညာတာမျိုးဆိုရင်တောထဲမှာ ထောင်ချောက်တွေပိုများလာပြီး အဲ့ run ကပိုခက်တတ်ပါတယ်။အဲ့လိုဘဲ တခါတလေလမ်းမှာတွေ့ရတဲ့ npc တွေဆီက side quest တွေရလာပြီး လမ်းအသစ်ပွင့်လာတာမျိုးတွေရှိပါတယ်။ ပြောရရင် တစ်ခါသေလေ ဒီကမ္ဘာကြီးထဲမှာဘာတွေဖြစ်နေလဲသိရလေဖြစ်တဲ့ပုံစံမျိုးပါ။ ----------×-------------- အားနည်းချက်များ ----------------- - [repetitive ဖြစ်လွယ်ခြင်း] °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ဒီဂိမ်းကိုအဓိက ဖျက်သွားစေတဲ့တရားခံက တူညီတဲ့ campaign loop ဘဲပေါ့နော်။သေပြီးပြန်စတဲ့ roguelite ဂိမ်းက တူညီတဲ့ campaign ထဲမှာဘဲဆော့နေရတော့ character ဘယ်လောက်ဘဲစုံပါစေ ဒီရန်သူတွေကို ဒီနေရာမှာဘဲချနေရတဲ့ပုံစံမျိုးဆိုတော့ အချိန်ကြာကြာဆော့ရင်ရိုးလာနိုင်ပါတယ်။လမ်းအသစ်တွေတိုးလာတယ်ဆိုပေမယ့် အဲ့လမ်းတွေမှာ ထူးထူးခြားခြား content တွေ ပစ္စည်းတွေဘာမှရှိမနေဘဲ အချိန်တန်ရင် main campaign လမ်းကြောင်းပေါ်ဘဲပြန်ရောက်လာတာပါ။ရန်သူတွေကလည်း ဘယ်နေရာမှာ ဘယ်ရန်သူရှိရမယ်ဆိုတာ ကြိုသတ်မှတ်ထားတော့ စိတ်လှုပ်ရှားတာမျိုးမဖြစ်တော့ပါဘူး။ Character ဘယ်လောက်ဘဲများပြီး play style တွေကွဲပြားပါစေ ဒီနေရာမှာ ဒီရန်သူတွေကိုဘဲချနေရတဲ့ campaign loop ကြောင့် တစ်နာရီလောက်ထိဆက်တိုက်ဆော့ရင်ပျင်းလာနိုင်တာဖြစ်ပါတယ်။ - [Level Design အားနည်းချက်] °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° Environment variety နည်းပါတယ်ဆိုမှ ရန်သူတွေကို environmental killing လုပ်ရတာမျိုးလည်းမရှိပါဘူး။များသောအားဖြင့် level တွေက arena ပုံစံမျိုးဖြစ်နေပြီး လာသမျှရန်သူတွေကိုသတ်ရတဲ့ pure arcade style ဖြစ်နေပါတယ်။ပါတ်၀န်းကျင်မှာလည်း သူ့နေရာနဲ့လိုက်မယ့်ပစ္စည်းတွေမရှိဘဲ နေရာတော်တော်များများက စည်ပိုင်းပျက်တွေ အမှိုက်ပုံလိုပစ္စည်းတွေဘဲထားထားတာများပြီး တချို့နေရာတွေမှာသဘာ၀မကျသလိုခံစားရတာပါ။ - [Combat repetitive] °°°°°°°°°°°°°°°°°°°°°°°°°°°°° အပေါ်မှာ combat feedback နဲ့ tempo ကိုချီးကျူးခဲ့ပေမယ့်လည်း Absolum ရဲ့ combat ပိုင်းက perfect ဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။combo ဆက်တယ်ဆိုတာ လေပေါ်ခုန်ချလိုက် dash လုပ်ပြီးချလိုက်ပုံစံဘဲဖြစ်ပြီး street of rage 4 လို အကွက်သစ်တွေနဲ့ချရတာမျိုးမရှိပါဘူး။များသောအားဖြင့် button တစ်ခုကိုဆက်တိုက်နှိပ်ပြီး tempo မပျက်အောင်ဓားနဲ့ခုတ်လိုက် parry လုပ်ပြီး enemy ဟန်ချက်ပျက်ချိန်ချလိုက်ပုံစံနဲ့ဆော့ရတာပါ။ဒါကြောင့် combo တွေအများကြီးကိုစိတ်ကြိုက်ဖန်တီးတာလိုမျိုးမျှော်လင့်ပြီးဆော့ရင် ဒီဂိမ်းက အနည်းငယ်စိတ်ပျက်စေနိုင်ပါတယ်။ - [Synergy Build မရှိခြင်း] °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° Roguelite ဂိမ်းဆိုတာ run တစ်လျှောက်ရလာတဲ့ buff တွေ၊ ability တွေအမျိုးမျိုးကိုပေါင်းစပ်သုံးပြီး အသစ်အသစ်သော synergy တွေထွက်လာတာကအသက်ပါ။ဒါပေမယ့် ဒီဂိမ်းမှာက အဲ့လို synergy build ကမရှိသလောက်ဖြစ်နေပါတယ်။Ritual တွေက ability တွေကို မီး၊ရေ၊လေ လိုမျိုး သဘာ၀စွမ်းအင်တွေပေါင်းထည့်တယ်ဆိုပေမယ့် damage ပြင်းသွားစေတာမျိုးလောက်ဘဲရှိတာပါ။အဲ့လိုဘဲ trinkets တွေကလည်း သွေးတိုးစေတာမျိုး၊ mana တိုးစေတာမျိုး standalone stat boost သက်သက်တွေသာဖြစ်ပါတယ်။ဒါတွေကြောင့် Ritual နှစ်ခု၊ trinkets နှစ်ခုပြိုင်ရွေးရရင်တောင်

Absolum (Android/iOS) - [First impression review] Talamh ကမ္ဘာကြီးဟာကပ်ဘေးကြီးတစ်ခုအပြီးမှာ ပျက်စီးလုနီးပါးဖြစ်သွားပါပြီ။ဒီအခြေကိုအခွင့်ကောင်းယူပြီး Sun King Azra ဟာအာဏာသိမ်းလိုက်ပါတယ်။ပြီးတော့ Cataclysm ကပ်ဘေးဟာ မှော်ဆရာတွေကြောင့်ဖြစ်တယ်လို့သတင်းဖြန့်လိုက်ပြီး သူ့ရဲ့စစ်တပ် Crimson order နဲ့ မှော်ဆရာအားလုံးကိုအမြစ်ပြတ်နှိမ်နင်းပါတယ်။ဒါပေမယ့် root of sister ရဲ့ခေါင်းဆောင် Mother Uchawi ကတော့အညံ့မခံဘဲ Azra ကိုပြန်လည်တော်လှန်ပါတယ်။Uchawi ကတားမြစ်မှော်အစွမ်းဖြစ်တဲ့ ပြန်လည်ရှင်သန်ခြင်း‌အစွမ်းကိုအသုံးပြုပြီး Azra ကိုတော်လှန်တဲ့သူရဲကောင်းတွေသေသွားရင် ပြန်လည်အသက်သွင်းပေးပါတယ်။ Player ကသူရဲကောင်းလေးယောက်နေရာကဆော့ရမှာဖြစ်ပြီး Cataclysm ဘယ်လိုဖြစ်လာတာလဲ၊ ဒီကမ္ဘာကြီးထဲမှာကောဘာတွေဖြစ်ပျက်နေတာလဲ Uchawi ကကောတကယ် ကယ်တင်ချင်တာဟုတ်ရဲ့လားဆိုတာတွေကိုဆော့ရင်းနဲ့အဖြေရှာရမှာပါ။ {Review} --------- ဒီဂိမ်းကိုဆော့ကြည့်ရသလောက်ဆိုရင် mobile ဂိမ်းတစ်ခုအတွက်အားရစရာကောင်းတဲ့အချက်တွေရှိနေသလို roguelite ဂိမ်းတစ်ခုအတွက်ဆိုရင်လည်း အားနည်းချက်တွေကတစ်ပုံတစ်ပင်ကြီးဘဲ။အဲ့တော့ ကျနော်‌ဆော့ကြည့်ရသလောက် အားသာချက် အားနည်းချက်တွေကိုပြောပါမယ်။ဆော့သင့်မဆော့သင့်ကိုယ်တိုင်ဆုံးဖြတ်ကြပါ။ အားသာချက်များ ----------------- Gameplay ××××××××× ဒီကောင်က dark fantasy ဆိုပေမယ့် hack'n'slash ထက်ကို roguelite element တွေပေါင်းစပ်ထားတဲ့ fast-paced beat'em'up ဘက်ကိုသွားတယ်လို့မြင်မိပါတယ်။စစဆော့ချင်းတုန်းက combat ပိုင်းကို button smash လုပ်ရတယ်ထင်ပြီး "ဒါဘဲလား" လို့အထင်သေးခဲ့ပေမယ့် ဆော့ရင်းနဲ့မှ skill-based ဂိမ်းတစ်ခုဖြစ်နေတာကိုသိလာရတာပါ။ - [Enemy ဖိအားပေးနိုင်မှု] °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° Fast-paced ဂိမ်းတွေရဲ့အဓိကအသက်က ရန်သူတွေက အဘက်ဘက်ကဖိအားပေးနိုင်လားဆိုတာပါ။ဒီဂိမ်းထဲမှာတော့ အဲ့အချက်ကအားနည်းမှုမရှိပါဘူး။parry timing/dodge timing က reflex rate ကို challenge ခေါ်တယ်ဆိုပေမယ့် တကယ်တန်းရန်သူအုပ်လိုက်ကြီးနဲ့ရင်ဆိုင်ရတဲ့အခါ position ပိုင်းကအရေးကြီးလာပါတယ်။ဘယ်လောက်ဘဲ လက်မြန်ပါစေ crowd နဲ့ရင်ဆိုင်ရချိန် အကုန်လုံးကိုမရှောင်နိုင်ပါဘူး။ဒါကြောင့် ရန်သူတွေကိုနောက်ကျောဘက်မှာမရှိအောင်နေရာယူထားပြီး အနားကရန်သူတွေကိုချနေချိန် အဝေးကပစ်လာတဲ့ projectile တွေကိုလည်း မြန်မြန်ဆန်ဆန်နဲ့ counter လုပ်ရပါတယ်။ကိုယ်က run အစကတည်းက damage taken များနေရင် နောက်ပိုင်း boss fight တွေမှာဆိုရင် နိုင်နိုင်ဖို့အခွင့်အရေးနည်းသွားပါတယ်။ - [enemy variety စုံလင်ခြင်း] °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° Absolum ထဲမှာ နောက်တစ်နေရာကိုရောက်သွားရင် ရန်သူအသစ်တွေနဲ့ရင်ဆိုင်ရပြီး ရန်သူတစ်မျိုးချင်းစီတိုင်းကလည်း attack pattern တစ်မျိုးစီရှိကြပါတယ်။ကိုယ့်တိုက်ကွက်ကိုရှောင်နိုင်တဲ့ assassin တွေ၊ teleport လုပ်ပြီးတိုက်နိုင်တဲ့ ghost တွေ၊ ဗုံးနဲ့လှမ်းပစ်တဲ့ goblin တွေစုံလင်ပြီး သူတို့တွေက အဘက်ဘက်ကတိုက်ခိုက်တာဆိုတော့ player ကိုတစ်နေရာတည်းမှာဘဲမနေနိုင်အောင် ဖိအားပေးနိုင်ပါတယ်။ Boss တွေကလည်း button smash လုပ်ပြီးဆော့လို့မရဘဲ သူတို့ရဲ့ attack pattern တွေကိုမှတ်ထားပြီး parry timing,dodge timing တွေက boss battle တွေမှာစကားအရမ်းပြောပါတယ်။ - [combat pacing] °°°°°°°°°°°°°°°°°°°°°°°°°° ဂိမ်းက beat'em'up ပုံစံသွားထားပြီး developer တွေကလည်း street of rage 4 ကိုထုတ်တဲ့ developer တွေနဲ့အတူတူဘဲဆိုတော့ combat tempo ကလုံး၀ကျမသွားဘဲ ဆော့ရတာတော်တော်လေးအရသာရှိတယ်။လက်သီးတွေ တံတောင်တွေနဲ့ဆက်တိုက်ချပြီး ရန်သူလွင့်သွားရင် dash လုပ်ပြီးဓားနဲ့ခုတ်ရတာလို combo တွေဆက်ရတာကတော်တော်လေးအားရစရာကောင်းပါတယ်။combo ဆက်နေရင်းနဲ့ ရန်သူတွေရဲ့တန်ပြန်မှုတွေကိုလည်း counter လုပ်ရတာ, puzzle တွေဘာတွေမပါဘဲ action သီးသန့်အသားပေးထားတာက non-stop beat'em'up action pacing ကိုထိန်းထားနိုင်ပြီး ဖုန်းကိုလက်ကမချတန်းဆော့မိစေတာပါ။ ထိချက်တစ်ခုစီတိုင်းမှာထွက်လာတဲ့ effect နဲ့အသံတွေ ရန်သူတွေရဲ့အော်သံတွေနဲ့၊ finisher တိုက်ကွက်တွေမှာလွင့်ထွက်ကုန်တာတွေမြင်ရတာက combat ပိုင်းကိုပိုအားရမိစေပြီး စိတ်ကျေနပ်မှုကိုဖြစ်စေပါတယ်။ - [character variety စုံလင်မှု] °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° အပေါ်မှာပြောသလို playable character လေးယောက်ထိပါပြီး character တစ်ကောင်ချင်းစီတိုင်းမှာလည်း မတူညီတဲ့ play style တွေရှိကြပါတယ်။ဥပမာ - စက်ရုပ်တစ်ပိုင်းဖြစ်နေတဲ့ Cider ဆိုရင် တိုက်ခိုက်မှုတွေက တခြား character တွေထက်မြန်ပြီး အဝေးကနေ ချိတ်နဲ့လှမ်းချိတ်ရန်သူကို ‌အပေါ်စီးကနေရိုက်ရတဲ့ပုံစံပါ။

Absolum (Android/iOS) Link - https://apkvision.org/games/action/absolum-134541/ Iph တွေ၀ယ်ဆော့ပါ။
+9
Absolum (Android/iOS) Link - https://apkvision.org/games/action/absolum-134541/ Iph တွေ၀ယ်ဆော့ပါ။

Resident Evil 4 update အသစ်ပါ။ cheat တွေကော တခြား character တွေနဲ့ပါဆော့လို့ရပါပြီ။bug error တော်တော်များများကိုလည်းပြင်ထားပါ
Resident Evil 4 update အသစ်ပါ။ cheat တွေကော တခြား character တွေနဲ့ပါဆော့လို့ရပါပြီ။bug error တော်တော်များများကိုလည်းပြင်ထားပါပြီ။ လောလောဆယ်တော့ ဒါဘဲဆော့ထားကြပါဦး။dark fantasy ဂိမ်းတစ်ခုက review လုပ်ဖို့ကို ဆော့နေတုန်းမို့လို့ review မလုပ်အားသေးလို့ပါ။ Game file - https://t.me/androidzone777/3393?single Apk - https://github.com/Andiweli/CubeEvil4-Android/releases/tag/0.99.17-rc (21mb ဆိုတာကိုဒေါင်းပါ)

သင်သိပါသလား Resident Evil 5, Borderlands 2,Gow collection ဂိမ်းတွေကို port လုပ်ပေးခဲ့သူက လက်ရှိမှာ iOS ပေါ်က resident Evil 4
သင်သိပါသလား Resident Evil 5, Borderlands 2,Gow collection ဂိမ်းတွေကို port လုပ်ပေးခဲ့သူက လက်ရှိမှာ iOS ပေါ်က resident Evil 4 remake ကို Android ပေါ်မှာဆော့ရအောင် စပြီးလုပ်နေပြီဆိုတာ🤭

အပေါ်ဆုံးက လေးခုကိုဒေါင်းရပါမယ်နော်။ အောက်က hd texture က graphic ကောင်းကောင်းနဲ့ဆော့ချင်ရင်ဒေါင်းပါ။ -------- ‌main file နဲ့
အပေါ်ဆုံးက လေးခုကိုဒေါင်းရပါမယ်နော်။ အောက်က hd texture က graphic ကောင်းကောင်းနဲ့ဆော့ချင်ရင်ဒေါင်းပါ။ -------- ‌main file နဲ့ ဒီဟာတွေ download ပြီးရင် အကုန်လုံးက Download folder ထဲမှာရှိနေရပါမယ်။ပြီးရင် APK ထဲ၀င်ပြီး main file နဲ့ work.bin ကိုရွေးပေးပါ။ install တင်တဲ့အပိုင်းကိုဘAPK ကအလိုလိုလုပ်သွားပါလိမ့်မယ်။ install တင်နေချိန် wifi ဖွင့်ထားဖို့လိုပါမယ်။ပြီးရင်ဆော့ရပါပြီ

God Of War Collection (Android/recomp port) အားလုံးစောင့်မျှော်နေတဲ့ gow collection Android port ကတော့ထွက်လာပါပြီ။initial release ဆိုပေမယ့် တော်တော်ကိုမိုက်ပါတယ်။အရင်တုန်းက gow 1,2 ကို Snapdragon 860 မှာ setting တွေချိန်ဆော့ခဲ့ရပေမယ့် အခုမြန်လွန်းလို့ခက်နေပါတယ်။group တွေထဲမှာဆိုရင် Helio g88 မှာ hd texture တွေထည့်ဆော့နေတာတောင်တွေ့ရပါတယ်။ Size ကလည်းအများကြီးမဟုတ်တော့ဘဲ gow1,2 နှစ်ခုလုံးကိုမှ 5gb ကျော်ကျော်ဘဲရှိပါတော့တယ်။ps 2 မှာဆိုရင် နှစ်ဂိမ်းပေါင်း 14gb ကျော်ပါတယ်။ touch control ကလည်း vibration support ဖြစ်သလို responsive လည်းဖြစ်တော့ ဆော့ရတာတော်တော်အဆင်ပြေပါတယ်။controller နဲ့ဆိုပိုကောင်းတာပေါ့။ တစ်ခုရှိတာက cutscenes တွေမှာ green screen ဖြစ်ပြီးအသံဘဲကြားရတဲ့ bug ရှိပါတယ်။ဒါပေမယ့် cutscenes တွေကိုကျော်ပစ်လို့ရတော့ bug ကိုလျစ်လျှူရှုလို့ရပါတယ်။နောက်တစ်ခုက screen မှာပေါ်လာတဲ့ခလုတ်တွေကို auto နှိပ်ပေးတာမျိုးထည့်ထားတာက feel အောက်စေပါတယ်။အခုမှထွက်တာမို့လို့ တခြား bug နဲ့ error တွေရှိနိုင်တာမို့လို့ wifi နဲ့မှဘဲဒေါင်းကြပါ။ ======= Size - 5gb+ Free space required - 12gb+ (install တင်ပြီးရင် download file ဖျက်လို့ရ) Link - comment Minimum requirements - Android 9,Ram 4, Snapdragon 680+ Recommend - Ram 6, Snapdragon 720+ Controller support - Yes =======

work.bin0.01 KB

God Of War Hd Collection (Android/recomp port) Main file - https://romsretro.com/god-of-war-collection-rom/ Work.bin - APK +
+9
God Of War Hd Collection (Android/recomp port) Main file - https://romsretro.com/god-of-war-collection-rom/ Work.bin - APK + other file - https://github.com/luisxl15/GOD-OF-WAR-HD-COLLECTION-ANDROID-PORT/releases

Battlefield bad company 2 port တဲ့ အရင် emulator မှာကတည်းက ‌mid range တွေအေးဆေးဆော့လို့ရခဲ့တာ။အခုတော့ ရှယ်ကြုံးရတော့မယ်။ Link
+1
Battlefield bad company 2 port တဲ့ အရင် emulator မှာကတည်းက ‌mid range တွေအေးဆေးဆော့လို့ရခဲ့တာ။အခုတော့ ရှယ်ကြုံးရတော့မယ်။ Link ကတော့လိုက်ရှာတုန်း🤭

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချင်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star⭐
About Telegram Star ⭐️
TON (GRAM) 📱
Mobile Legends Diamond 💎
Lets VPN 🚀
Nord VPN 📱
Jump Jump Premium VPN ⏫
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Itunes Giftcard 🍏 Steam Giftcard 🎮
Google Play Store Games 📱
Google Storage ☁️
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

ဝယ်ယူနိုင်သော Games&Items များ 📱📱📱📱App Premium 📱📱📱📱 စျေးကြည့်ရန် 🤩Arena Breakout 🤩 MLBB 🤩 PUBG 🤩 Delta Force 🤩Ho
ဝယ်ယူနိုင်သော Games&Items များ
📱📱📱📱App Premium 📱📱📱📱 စျေးကြည့်ရန် 🤩Arena Breakout 🤩 MLBB 🤩 PUBG 🤩 Delta Force 🤩Honor Of King 🤩Roblox 🤩Gangstars Mirage City 🤩Free Fire Contact-@peterparker2342✅ တစ်ခြား ဂိမ်းItems များကြည့်ရန် ❗️❗️❗️❗
⏩ကျနော့်ဆီ November လထဲဘာပဲဝယ်ဝယ် ML Starlight Premium card ၂ယောက် PUBG Elite Pass ၂ယောက်စုစုပေါင်း ၄ယောက်တိတိ Novလကုန်မဲဖောက်ပေးပါမယ် ဂိမ်းမဆော့ရင်လဲ Cash ထုတ်ပေးပါမယ်😈 ⚠️Note-Channel Join ထားတဲ့သူပဲရပါမယ်😀

Warzone mobile offline version ကတော့ရနေပြီ။လောလောဆယ် assets တွေအကုန် download မပြီးသေးတော့ graphic က ဂျပန်ကားကို mosaic လျှော
Warzone mobile offline version ကတော့ရနေပြီ။လောလောဆယ် assets တွေအကုန် download မပြီးသေးတော့ graphic က ဂျပန်ကားကို mosaic လျှော့ချထားသလိုဖြစ်တာလေးတစ်ခုဘဲ။ Game ထဲ၀င်၀င်ချင်း internet ဖွင့်ရတယ်။တခါတလေ crash ဖြစ်သွားတတ်တယ်။

Gameplay test on 8s gen 3 - 1× native resolution - 720p screen resolution - anti-aliasing 16× 60 fps