fa
Feedback
Android Zone

Android Zone

رفتن به کانال در Telegram

Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

نمایش بیشتر

📈 تحلیل کانال تلگرام Android Zone

کانال Android Zone (@androidzone777) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 40 452 مشترک است و جایگاه 2 089 را در دسته بازی‌ها و رتبه 3 593 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 40 452 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 25 اوت, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 1 560 و در ۲۴ ساعت گذشته برابر 77 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 11.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.04% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 4 719 بازدید دریافت می‌کند. در اولین روز معمولاً 1 633 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 9 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 26 اوت, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته بازی‌ها تبدیل کرده‌اند.

40 452
مشترکین
+7724 ساعت
+2307 روز
+1 56030 روز
آرشیو پست ها
Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချက်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

Controller support - Yes ===== #Rpg #Simulatiom

Discounty (Android/iOS) ဒီဂိမ်းရဲ့ပုံစံကိုမြင်အောင်ပြောရရင် Stardew valley ကိုမှ နည်းနည်းလေး dark ဖြစ်တဲ့ version လို့ပြောရမယ်။ သူက သာမာန် life sim မဟုတ်ဘဲ moral dilemma ဘက်ကိုသွားတယ်။ Gameplay ==== စစဆော့ချင်းတုန်းက ဒီဂိမ်းကို gameplay ကရိုးရှင်းပြီး chill ဖြစ်မယ့် cozy management ဂိမ်းထင်ခဲ့တာ။ ဒါပေမယ့် ရောင်းစရာပစ္စည်းအသစ်တွေများလာတာနဲ့အမျှ၊ ဘယ်ပစ္စည်းကုန်ပြီလဲလိုက်ကြည့်ပြီး delivery သမားကိုလှမ်းမှာရတာ၊ ပစ္စည်းတွေနေရာချရတာက တဖြည်းဖြည်းနဲ့လက်မလည်အောင်ဖြစ်လာတယ် တကယ်လို့ ကုန်ပစ္စည်းတွေကို ပြီးပြီးရော ပြွတ်သိပ်ချထားလိုက်ရင် အတွင်းဘက်ထဲရောက်သွားတဲ့ ပစ္စည်းတွေကို npc တွေကလက်လှမ်းမမီလို့မယူဘဲထွက်သွားကြတယ်။ မိုးရွာတဲ့နေ့တွေဆိုရင်လည်း ဆိုင်ခန်းတွေထဲမှာဗွက်တွေပွလို့သန့်ရှင်းရေးလိုက်လုပ်ရတာကပိုသေးတယ်။သန့်ရှင်းရေးမလုပ်ရင် အဲ့နားကပစ္စည်းတွေရဲ့ရောင်းအားကကျသွားတတ်တယ်။ ဒီလိုအလုပ်ရှုပ်နေရတဲ့ကြားထဲမှာ ပိုက်ဆံတွက်တာကြာနေရင်လည်း npc တွေကဒေါသတွေထွက်ကုန်ပြီး bonus income တွေကကျကုန်ရော။ ဂိမ်းရဲ့ personality ==== အစပိုင်းမှာ ‌supermarket ထဲမှာ manager လုပ်လိုက်၊ ညနေဘက် မြို့ထဲမှာလျှောက်သွားရင်း npc တွေနဲ့စကားပြောလိုက်အဆင်ပြေနေပေမယ့် ပထမဆုံးဆိုင်ခန်းကိုတိုးချဲ့လိုက်ချိန်ကစပြီး npc တွေက ကိုယ့်အပေါ်မုန်းစပြုလာတော့တာဘဲ။ Main character ရဲ့အဒေါ်ဖြစ်သူ Teller ကိုလည်း မြို့ထဲကတချို့အ‌သေးစားလုပ်ငန်းရှင်လေးတွေက "မင်းအဒေါ်နဲ့ဆိုရင် အလုပ်တွဲမလုပ်နိုင်ဘူး" ဆိုပြီးပြောလာတာတွေရှိလာတယ်။ တကယ်တန်းကျတော့ ဒီ Discounty supermarket ကြီးကို နောက်ကွယ်က corporation တစ်ခုက ဂိမ်းစပါပြီဆိုကတည်းကချယ်လှယ်နေတာ။computer မှာဘာလုပ်ပါ၊ ဘာလုပ်ပါဆိုပြီး daily quest တွေပေးတာ၊ အဒေါ်ဖြစ်သူ Teller ကနေတစ်ဆင့်လည်း စီးပွားရေးကိုတိုးတက်အောင်လုပ်ဖို့အမိန့်‌ပေးပြီးနောက်ကွယ်ကချယ်လှယ်နေတာပါ။ တစ်ဖက်က မြို့ခံတွေကလည်း သူတို့တန်ဖိုးထားတဲ့အဆောက်အဦးတွေ၊ အမှတ်တရတွေ၊ ရိုးရာကိုဆန့်ကျင်ပြီးလုပ်လာတော့ Discounty ကိုတဖြည်းဖြည်းနဲ့အမြင်မကြည်လာတော့ဘူး။ player က corporation ဘက်ကရပ်တည်ရင် npc တွေမုန်းတာခံရမယ်၊ ဒါပေမယ့် စီးပွားတက်မယ်။တကယ်လို့ မြို့ခံတွေဘက်ကရပ်တည်ရင် corporation ဘက်ကခြိမ်းခြောက်မှုတွေဖိအားတွေပေးလာလိမ့်မယ်။ဒီအချိန်မှာ ရိုးရိုး life sim ဆိုတာထက်ကို၊ ကိုယ့်အကျိုးအတွက်ကြည့်မလား၊ မြို့ခံတွေဘက်ကရပ်တည်မလားဆိုတဲ့ moral dilemma ပိုင်းဖြစ်သွားတယ်။ ကိုယ်ရွေးချယ်တဲ့အပေါ်မူတည်ပြီးတော့လည်း ending တွေကွဲပြားကုန်မှာပါ။ ဒါကဘဲ Discounty ကို life sim ဆိုတာထက် rpg ဆန်သွားစေတာဖြစ်ပါတယ်။ Review ===== သူ့ရဲ့ atmosphere က Stardew တို့လို စိမ်းစိုနေတာမဟုတ်ဘဲ Gloomy ဆန်ဆန် မီးခိုးရောင်တွေရောယှက်နေတာကိုတွေ့ရတယ်။ npc တွေနဲ့စကားပြောရင်လည်း သူတို့ပုံကရုပ်သေကြီးတွေ၊ စိတ်မပါလက်မပါဖြစ်နေတာက cozy vibe ထက်ကို ဒီမြို့မှာတစ်ခုခုမှားနေတယ်ဆိုတဲ့ခံစားချက်မျိုးကိုရတာပါ။ မြို့ထဲမှာ ခဏခဏမိုးရွာတာ၊ တောထဲမှာလေ့လာမှုတွေလုပ်နေလို့ မသွားရဘူးဆိုပြီးပိတ်ပင်ထားတာတွေကလည်း ဒီမြို့ကြီးမှာဘာတွေဖြစ်ပျက်နေလဲဆိုတဲ့သိချင်စိတ်ကိုနှိုးဆွပေးနေပါတယ်။ ဒါပေမယ့် pixel art style မှာ 8bit ဆန်တဲ့နောက်ခံတီးလုံးတွေ၊ pause menu က ခေတ်ဟောင်းဂိမ်းစက် style ဖြစ်နေတာက retro vibe ကိုခံစားမိစေမှာပါ။ Art style က gloomy ဆန်ပေမယ့် depression မဖြစ်သွားဘဲ၊ ညနေပိုင်း မီးရောင်အောက်မှာလမ်းလျှောက်ရတာ၊ ဆိပ်ကမ်းဘက်မှာဆိုရင် လှိုင်းသံလေးတွေ၊ မိုးကျသံလေးတွေက တမျိုးလေးစိတ်အပန်းပြေစေပြီး နွေးထွေးလုံခြုံတယ်ဆိုတဲ့ cozy vibe ကိုပေးပါတယ်။ ကားလမ်းမတွေမှာ ကားတွေမပြတ်သွားလာနေတာ၊ npc တွေကလည်း dialogue တွေမထပ်တာက မြို့လေးကိုအသက်၀င်နေတယ်လို့ခံစားမိစေမှာပါ။ မြို့လေးကကျဉ်းပေမယ့် story progress ပေါ်မူတည်ပြီး နေရာအသစ်တွေကိုသွားလို့ရလာတာ၊ အသက်၀င်နေတဲ့မြို့လေးမှာ explore လုပ်ရတဲ့ခံစားချက်၊ ဆိုင်မှာ upgrade ဖြစ်လာတာနဲ့အမျှ gameplay mechanic အသစ်တချို့ကိုထပ်ပေါင်းထည့်ပေးတာက ဂိမ်းတစ်လျှောက်လုံးကိုပျင်းမသွားရအောင် ဆွဲခေါ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီဂိမ်းက supermarket တစ်ခုတည်ဆောက်ချင်လို့ ဆော့ရတဲ့ game ထက်၊ supermarket တစ်ခုကြောင့် မြို့လေးတစ်မြို့ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ကိုယ်တိုင်မြင်ချင်လို့ ဆော့ရတဲ့ game ပိုဆန်ပါတယ်။ Mobile port ==== ကျနော် mobile port မှာသဘောမကျတာတစ်ခုက တံခါးဖွင့်တော့မယ်၊ ပစ္စည်းတစ်ခုခုနဲ့ interact လုပ်တော့မယ်ဆိုရင် screen အလယ်ကို လက်မကြီးနဲ့ထောက်ပြီး interact လုပ်ရတာဘဲ။အမှန်ဆိုရင် potion permit တို့လို ဘေးက interact လုပ်တဲ့ UI လေးထည့်ပေးလိုက်ရင် တော်တော်လေး portable ဖြစ်သွားမှာပါ။ ကျန်တဲ့ optimization ပိုင်း၊ bug တွေ error တွေကတော့ပြောစရာသိပ်မတွေ့ဘူး။ setting မှာ resolution လျှော့ဆော့လို့လည်းရတော့ ဖုန်းအလယ်အလတ်ပိုင်းတွေအတွက်ပါအဆင်ပြေစေမှာပါ။ ===== Size - 631mb Type - offline Link - comment Minimum requirements - Android 8.1,Ram 3, Snapdragon 680+

Repost from ROAM Game Empire
🎮🎮 Event Free Token လာတာနဲ့ တန်းထည့်ချင်တယ်ဆိုရင် Roam Application ကိုသာ သုံးလိုက်တော့နော်။ 🎮🎮Events အသေးစိတ်။ 🤩 Roam Ap
🎮🎮 Event Free Token လာတာနဲ့ တန်းထည့်ချင်တယ်ဆိုရင် Roam Application ကိုသာ သုံးလိုက်တော့နော်။ 🎮🎮Events အသေးစိတ်။
🤩 Roam App ကို Playstore မှာ Download လုပ်ပြီး Diamond တွေကို 24hours လုံး ကိုယ်တိုင် ဖြည့်လို့ရပါပြီ။
📱 Playstore >> '' Roam Game Empire '' '' Roam Game App '' လို့ရိုက်ရှာနိုင်ပါတယ်။ 🩸တိုက်ရိုက်သွားရန်။ 🩸User Account ဖွင့်နည်း။ 🩸 ငွေဖြည့်နည်း။

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချက်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Mochichat 🤩
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

ဆော့နေကြပြီလား GTA နဲ့ need for speed ရောထားသလိုဘဲ မိုက်တယ်😁
ဆော့နေကြပြီလား GTA နဲ့ need for speed ရောထားသလိုဘဲ မိုက်တယ်😁

Bad North : Jotunn Edition (Android/iOS) File size အကြီးကြီးနဲ့ graphic အမြင့်ကြီးတွေမနိုင်တဲ့ low device သမားတွေအတွက် ဆော့လေဆွဲလေဖြစ်စေမယ့် rts ဂိမ်းလေးတစ်ခု recommend လုပ်ချင်ပါတယ်။ Admin ကိုယ်တိုင်လဲ "ဒီတစ်ပွဲပြီးရင်ထွက်မယ်ကွာ" ဆိုပြီး ဆက်တိုက်ဆော့ဖြစ်သွားတာပါ။ Gameplay ====== စစဆော့ချင်းတုန်းက gameplay က tower defense ဆန်နေပြီး ရိုးရှင်းလွန်းတော့ first impression down ခဲ့တာအမှန်ဘဲ။ဒါပေမယ့် ဆော့ရင်းနဲ့ strategy တွေ၊ unit နေရာချပုံတွေကအရေးကြီးတယ်ဆိုတာ တဖြည်းဖြည်းသဘောပေါက်လာပါတယ်။ Gameplay ကတော်တော်ရိုးရှင်းပါတယ်။ကျွန်းပေါ်မှာ ရထားတဲ့ unit နည်းနည်းနဲ့ ပင်လယ်ထဲကသင်္ဘောနဲ့လာတိုက်တဲ့ enemy တွေကိုခုခံရမှာပါ။ ဒါပေမယ့် ဒီလိုခုခံတဲ့နေရာမှာ unit တစ်ခုချင်းစီရဲ့အားသာချက် အားနည်းချက်တွေကိုသေသေချာချာလေးသိထားဖို့လိုပြီး နေရာချပုံတိကျမှုတွေကအစအရေးကြီးတာပါ။ ဥပမာ archer တွေဆိုရင် hand to hand combat မှာအားနည်းပေမယ့်၊ ကျွန်းရဲ့အမြင့်ပိုင်းနေရာကနေပစ်ရင်အသာစီးရပါတယ်။ အဲ့လိုဘဲလှံရှည်ကောင်တွေက tile တစ်ခုလောက်ကနေခွာတိုက်ရင် အသာစီးရတာမျိုးရှိပါတယ်။ Unit လေးဖွဲ့လောက်နဲ့ အဘက်ဘက်ကနေလာတဲ့ enemy တွေကိုခုခံရတာကြောင့်၊ ဘယ် unit ကိုဘယ်နေရာမှာနေရာချမယ်ဆိုပြီး အမြန်စဉ်းစားရတဲ့ micro management ပိုင်းကတော်တော်အရေးကြီးတာပါ။ ဒီဂိမ်းက tower defense၊ roguelike နဲ့ rts သုံးခုကိုပေါင်းစပ်ထားတာပါ။ ကျွန်းတစ်ခုမှာ ရန်သူတွေမဖျက်ဆီးဘဲကျန်ရစ်ခဲ့တဲ့ အဆောက်အဦးအရေအတွက်ပေါ်မူတည်ပြီး unit တွေ upgrade လုပ်လို့ရမယ့် currency တွေရလာပါတယ်။ Campaign progress က turn based ပုံစံနဲ့သွားတာဖြစ်ပြီး commander တွေက စစ်တစ်ခါတိုက်ပြီးရင် turn တစ်လှည့်အနားယူကြပါတယ်။ နောက်ပိုင်း commander အသစ်တွေရလာတဲ့အခါ turn တစ်လှည့်မှာ currency တွေအများကြီးရအောင် ကျွန်းနှစ်ကျွန်းလောက်ထိတိုက်ပြီး၊ commander ကို upgrade လုပ်တာလို currency management လည်းလုပ်ရပါတယ်။ ကိုယ်က commander တွေကို campaign တစ်လျှောက်လုံး upgrade လုပ်ပြီး သေချာဥထားပြီးမှ သေသွားရင်လည်း တော်တော်‌လေးနှမျောပြီးဒေါသထွက်ဖို့ကောင်းတာပါ။ Review ===== Sound design and atmosphere ===== ကျနော် ဒီထဲမှာသဘောကျတာက ရိုးရှင်းပြီးလှပတဲ့ minimalist art style နဲ့ စစ်ပွဲရဲ့ brutal ဖြစ်တဲ့ contrast နှစ်ခုကိုသေသေချာချာလေးရောစပ်ထားနိုင်တာပါဘဲ။ ဂိမ်းမစခင်မှာ colorful ဖြစ်တဲ့ ကျွန်းရဲ့အလှတွေ၊ အရုပ်လေးတွေလိုချစ်စရာကောင်းတဲ့ စစ်သားတွေ၊ ပင်လယ်လှိုင်းသံလေးတွေက နောက်ခံတေးငြိမ့်ငြိမ့်လေးမှာလှချင်တိုင်းလှနေတာပါ။ ဒါပေမယ့် စစ်ပွဲစပြီဆိုတာနဲ့ သင်္ဘောတွေရဲ့စစ်ပွဲအချက်ပြသံနဲ့အတူ ချက်ချင်းအငွေ့သက်ပြောင်းသွားပါတယ်။ ခုနကလှပနေတဲ့ကျွန်းလေးက ဓားသံ လှံသံတွေနဲ့ နေရာတကာမှာလည်းသွေးတွေနဲ့ပြန့်ကျဲကုန်ပါတယ်။မိုးတွေသဲသဲမဲမဲရွာနေချိန်ကျရင်လည်း မိုးခြိမ်းသံတွေက စစ်ပွဲရဲ့ကြမ်းတမ်းမှုကိုပိုပြီးတော့တောင် အားကောင်းသွားစေပါသေးတယ်။ Enemy Ai ကြမ်းလား ===== ရန်သူတွေက smart ဖြစ်တာထက်ကို ကိုယ်ရွေးချယ်တဲ့ difficulty ပေါ်မူတည်ပြီး wave တစ်ခုဆီတိုင်းမှာ ဘက်ပေါင်းစုံကရောက်လာပြီးဖိအားပေးတာပါ။ Difficulty အမြင့်တွေမှာဆို ဂိမ်းအစပိုင်းတွေကတည်းက shield တွေနဲ့အကောင်တွေ၊ သွေးအားပိုတောင့်တဲ့ စစ်ဗိုလ်တွေပါလာတာကြောင့် နေရာချလွဲတာနဲ့ unit တစ်ခုလုံးပြုတ်ကုန်တတ်ပါတယ်။ Brother တို့အခုမှစဆော့မယ်ဆိုရင် normal difficulty လောက်နဲ့ဆော့ကြည့်ဖို့အကြံပေးပါတယ်။ Replayability မြင့်မားခြင်း ====== ဒီဂိမ်းက campaign တစ်ခုကိုအောင်သွားရင် ပစ်ထားလိုက်ရမယ့်ဂိမ်းမဟုတ်ပါဘူး။ campaign တစ်ခုချင်းစီက procedural generate level တွေဖြစ်တာကြောင့် campaign တစ်ခုချင်းစီက strategy တွေ ဆော့ရတဲ့ experience တွေတူမှာမဟုတ်ပါဘူး။ အပေါ်မှာပြောတဲ့ difficulty ပေါ်မူတည်ပြီး ရန်သူတွေကြမ်းတာ၊ level restart လုပ်လိုက်ရင်ကို enemy တွေလာတဲ့လမ်းကြောင်းက ခုနကလာတဲ့လမ်းတွေအတိုင်းမတူ‌တော့တာနဲ့၊ ကျွန်း design ပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုတွေက player ကို refresh ဖြစ်စေပြီး အမြဲတန်း challenge ဖြစ်စေမှာပါ။ တစ်ပွဲတစ်ပွဲကလည်း မိနစ်ပိုင်းဘဲကြာတော့ progress ဖြစ်တာမြန်တယ်လို့ခံစားရပြီး ဂိမ်းကိုပိုစွဲလမ်းလာစေပါတယ်။ အားနည်းချက်အချို့ ==== အားနည်းချက်ဆိုတာထက် တချို့သောသူတွေအတွက်အဆင်မပြေဘူးလို့ပြောရင်ပိုမှန်ပါမယ်။ ဘာလို့ဆို gameplay loop က defense လုပ်လိုက်၊ commander တွေ upgrade လုပ်လိုက်ဆိုတဲ့ loop ထဲလည်နေတော့ gameplay ရိုးရှင်းပြီး တချို့သူတွေအတွက် ဘာဂိမ်းကြီးလဲ ဆိုပြီးဖြစ်သွားနိုင်ပါတယ်။ အဲ့တော့နိဂုံးချုပ်ရရင် ဂိမ်းတစ်ခုမှာအချိန်အကြာကြီးလည်းမပေးနိုင်ဘူး၊ ရိုးရှင်းပြီး challenge ဖြစ်တဲ့ strategy ဂိမ်းရှာနေရင် bad north ကရွေးချယ်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ ==== Size - 191 mb Type - offline Link - comment Minimum requirements - Android 8.0, Ram 3 ===== #Startegy #micro_rts

Bad North (Android) Link - https://apkvision.org/games/strategy/bad-north-jotunn-edition-apk-52747/ Only for 64bit device
+7
Bad North (Android) Link - https://apkvision.org/games/strategy/bad-north-jotunn-edition-apk-52747/ Only for 64bit device

Gangster Mirage City ရဲ့ game size က total 9gb လောက်ယူပါတယ်။ဂိမ်းဆော့တဲ့အခါ 11gb+ ထိဖြစ်သွားနိုင်လို့ အနည်းဆုံး free space 15
+1
Gangster Mirage City ရဲ့ game size က total 9gb လောက်ယူပါတယ်။ဂိမ်းဆော့တဲ့အခါ 11gb+ ထိဖြစ်သွားနိုင်လို့ အနည်းဆုံး free space 15gb+ ရှိမှဒေါင်းကြပါ။ Hd asset,hd audio ကိုမဒေါင်းဘဲချန်ရင်တော့ 4.5gb လောက်သက်သာနိုင်ပါတယ်။ Recommend Snapdragon 850+ ပါ

Repost from ROAM Game Empire
🩸 ပေါင်းချုပ် ကို Roam Application ထဲမှာ ဝယ်လို့ရပြီနော်။ 📇 ဒီ Post ကို သူငယ်ချင်း တယောက်ကို Share ထားတဲ့ ''Screen Shot'' ပ
🩸 ပေါင်းချုပ် ကို Roam Application ထဲမှာ ဝယ်လို့ရပြီနော်။
📇 ဒီ Post ကို သူငယ်ချင်း တယောက်ကို Share ထားတဲ့ ''Screen Shot'' ပြ ပြီး ဝယ်မယ်ဆိုရင် Outline 1လ အဝသုံး Unlimited ကို ''2000Ks'' လျော့စျေးနဲ့ဝယ်ယူလိုက်ပါ။ 🩸 Us 3000MMK 🩸Singapore 3500MMK 🩸Japan 3500MMK 📱📱🔐📶📶
📱 Express 1M - 2500MMK
နိုင်ငံပေါင်းစုံရပါမယ်။
➡️ Jumpjump 1M - 8500MMK🩸
1Device နိုင်ငံ ပေါင်းစုံ အသုံးပြုနိုင်ပါတယ်။
😀24hours စောင့်စရာမလိုပဲ RGE Website & Application  မှာဝယ်ယူနိုင်ပါပြီ။
🩸 Download Application 🩸 Customer Feedback 🩸 Bot 🩸 Website 🩸 Admin

Channel မှာတင်ထားဖူးသမျှ total war series များ Total war BI - https://t.me/androidzone777/2798?single Total War Alexander (be
Channel မှာတင်ထားဖူးသမျှ total war series များ Total war BI - https://t.me/androidzone777/2798?single Total War Alexander (beginner တွေ gameplay‌ လေ့လာဖို့အကောင်းဆုံး) - https://t.me/androidzone777/1695?single Rome Total War - https://t.me/androidzone777/242?single Total War Medieval 2 - https://t.me/androidzone777/1138?single Total War : Empire (apk + data) - https://t.me/androidzone777/1147?single ==== ဂိမ်းထဲ၀င်ရင် update တောင်းတာကိုဘယ်လိုဖြေရှင်းမလဲ - https://t.me/androidzone777/1148

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချက်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

ဒါကြောင့် strategy ဆိုတာထက်၊ Huns တွေ ရောမကိုသိမ်းနိုင်ခဲ့ရင်ဘာဖြစ်လာမလဲ၊ western Roman ဘက်က ကျူးကျော်လာတဲ့ Vandals လူမျိုးစုတွေကိုတိုက်ထုတ်နိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ Simulation တစ်ခုကိုဆော့နေရသလိုဖြစ်မှာပါ။ Mobile အတွက်ကတော့ unit များလို့ frame drop တာတွေ၊ battery အရမ်းစားတာတွေမတွေ့ရပါဘူး။ ===== Size - 2.63gb Type - offline Link - Offline Minimum requirements - Android 9,Ram 4, Snapdragon 700+ ==== #Strategy

Total War : Barbarian Invasion (Android/iOS) နယ်မြေသိမ်းရတဲ့ဂိမ်းတွေကိုမှကြိုက်ပါတယ်ဆိုတဲ့ဂေါင်းကြီးတို့အတွက် feral interactive ကနေ mobile ပေါ်ယူလာပေးတဲ့ total war series ထဲက ဂိမ်းတစ်ခုအကြောင်းနည်းနည်း‌ပြောပြချင်ပါတယ်။ ထုံးစံအတိုင်း ဒီလိုဂိမ်းကို full review လုပ်ရင် လပိုင်းလောက်ထိလေ့လာရမှာမို့လို့ အရင်တစ်ခါလို civ 6 လိုဘဲ short review ဘဲလုပ်ပါတော့မယ်။ Gameplay ====== ဒီ barbarian invasion ရဲ့ထူးခြားချက်က horde mode ပါလာတာပါဘဲ။ တချို့သော Huns တို့လို barbarian faction တွေကစခန်းမရှိတာကြောင့်မို့လို့၊ စစချင်း ပေးထားတဲ့စစ်သည်တွေနဲ့ မြေပုံပေါ်ကစခန်းကိုအမြန်၀င်သိမ်းရတဲ့ပုံစံနဲ့ဆော့ရပါတယ်။ Micro,macro management ပိုင်းကတော့ တခြား total war ဂိမ်းတွေလိုဘဲ turn-based ပုံစံနဲ့ဆော့ရတာပါ။ Player ရဲ့ turn အလှည့်မှာ ကိုယ့်မြို့တွင်းမှာဘယ်အဆောက်အဦးတွေလိုအပ်နေလဲ၊ ၀င်ငွေနဲ့ထွက်ငွေမျှတရဲ့လား၊ မြို့တွင်းမှာ public order တွေကျပြီး ပြည်သူတွေပုန်ကန်တော့မလားလိုက်ကြည့်ရပါတယ်။ နောက်ပြီး ဒီ barbarian invasion ထဲမှာက medieval 2 ထက်ကို ဘာသာရေးအဓိကရုဏ်းတွေဖြစ်လာနိုင်တာပါ။ မြို့သားတွေက paganism ဘာသာကိုးကွယ်နေလို့ ကိုယ်က ခရစ်ယာန် church ကျောင်းတွေအတင်းဆောက်ရင် ဘာသာရေးကြောင့်အုံကြွမှုဖြစ်လာပြီး သူပုန်တွေထွက်လာပါတယ်။ Spy လွှတ်ပြီး သူများနိုင်ငံရဲ့စစ်သည်အင်အားကိုထောက်လှမ်းခိုင်းတာမျိုး၊ diplomat ဆိုတဲ့ သံတမန်တွေလွှတ်ပြီး အပေးယူလုပ်ပြီး မိတ်ဖွဲ့ခိုင်းတာတွေထိလုပ်လို့ရပါတယ်။ Management က turn based ဆိုပေမယ့် battle တွေမှာတော့ မြင်းစီးတပ်တွေ၊ မြှားတပ်တွေ၊ လှံတပ်တွေနဲ့ real-time မှာမြိုင်မြိုင်ဆိုင်ဆိုင်ကြီးချရပါတယ်။ Tactical deep ဖြစ်လား ==== အဖြေကတော့ yes လို့ပြောရပါမယ်။ Real time battle တွေမှာ unit တစ်ခုချင်းစီရဲ့အားသာချက် အားနည်းချက်တွေကိုသေချာသိထားပြီး micro management သာကောင်းရင် enemy တွေဘက်က လူအင်အားများလဲ အနိုင်ရနိုင်ပါတယ်။ တိုက်ပွဲအတွင်း စစ်သူကြီးတွေ၊ ခေါင်းဆောင်တွေကျတဲ့အခါ၊ unit တစ်ခုမှာအသေအပျောက်များတဲ့အခါ စစ်သားတွေက moral ကျပြီး တိုက်ပွဲကနေထွက်ပြေးကုန်ပါတယ်။ တိုက်ပွဲအတွင်းမလိုအပ်ဘဲနဲ့ ပြေးတက်ခိုင်းရင်လည်း စစ်သားတွေမောပြီးတိုက်ပွဲမှာအရေးနိမ့်နိုင်တာကြောင့် တိုက်ပွဲတွေမှာသေချာလေး အမိန့်ပေးဖို့လိုအပ်ပါလိမ့်မယ်။ Enemy Ai ကြမ်းလား ===== ဒီ total war BI ရဲ့ enemy Ai ကသောက်ရမ်းကြမ်းတယ်လို့ပြောရပါမယ်။ ကိုယ်ရွေးချယ်တဲ့ difficulty ပေါ်မူတည်ပြီး သောက်ရမ်း Aggressive ဖြစ်တာပါ။ Admin ဆိုရင် ကြားနေနိုင်ငံတခုကို အစားသောက်ပြတ်လပ်အောင်ဝိုင်းထားပြီး၊ ခဏကြာတော့ကိုယ့်တပ်ကို လူအင်အားခဏလျှော့ချလိုက်တာ၊ နောက် turn ရောက်တာနဲ့ အင်အားနည်းသွားတာကိုသိတဲ့ ရန်သူတပ်က ချက်ချင်းထွက်တိုက်တာပါ။ တိုက်ပွဲတွေမှာလည်း enemy ဘက်က အဝေးကလှမ်းပစ်တဲ့မြှားသမားတွေပါရင် မြင်းတပ်တွေနဲ့အရင်၀င်ကြုံးပစ်တာမျိုးတွေ၊ နောက်ကနေပတ် flank လုပ်ပြီး စစ်သားတွေ moral ကျအောင်တိုက်တာမျိုးတွေလုပ်တတ်ပါတယ်။ Campaign မှာလည်း Western Roman empire ကိုင်ရင် Huns တွေကဆက်တိုက်လာပြီး ဖိအားပေးတာ၊ မဟာမိတ်တပ်တွေက ကိုယ်အားနည်းချိန် သစ္စာဖောက်တာတွေထိလုပ်ပြီး ဖိအားပေးတာကြောင့် လွယ်ကူတဲ့ဂိမ်းတော့မဟုတ်ပါဘူး။ Replayability မြင့်မားခြင်း ==== Total War BI က တစ်ခါဆော့ပြီး ပစ်ထားရမယ့်ဂိမ်းမဟုတ်ပါဘူး။ ကိုယ်ရွေးချယ်တဲ့ faction တွေ၊ difficulty ပေါ်မူတည်ပြီး strategy တွေပြောင်းလဲသွားတာပါ။ Huns,Vandals တို့လို barbarian faction တွေဆိုရင် စခန်းအတည်တကျမရှိဘဲ horde mode နဲ့ရောမမြို့တစ်မြို့လုံးကိုပတ်မွှေရတာ၊ Western Roman Empire ဆိုရင် ဂိမ်းစစချင်းစီးပွားရေးကျပ်တည်းပြီး barbarian faction တွေရဲ့၀င်တိုက်ခိုက်တာကိုခံရတာ၊ Eastern Empire ကစီးပွားရေးကောင်းပြီး ရောမရဲ့မြို့တစ်ချို့ကိုသတ်မှတ်ချိန်အထိထိန်းချုပ်ထားနိုင်အောင် လုပ်ရတာမျိုးပါ။ ဒါကြောင့် ကိုယ်ကိုင်တဲ့ faction ၊ ရေမြေအနေထားပေါ်မူတည်ပြီး enemy ကအမျိုးမျိုးဖိအားပေးတော့ တစ်ပွဲနဲ့တစ်ပွဲ strategy မတူတော့ပါဘူး။ Turn-based management လုပ်ရတာမကြိုက်ရင်လည်း Historical campaign တွေမှာ real-time battle mode သီးသန့်ဆင်နွှဲလို့ရပါသေးတယ်။ စစ်တိုက်ရတဲ့ခံစားချက် ==== ဒီကောင်က ကိုယ့်ကိုယ်ကို general တစ်ယောက်လိုခံစားချက်မျိုးပေးပါတယ်။တပ်သားအစုလိုက်တွေကို ဘယ်ကနေတိုက် ဘယ်ကနေတိုက်ဆိုပြီး၊ အပေါ်စီးကနေအမိန့်ပေးရတာ၊ campaign မှာလည်း အခွန်တွေကအစ ကြီးကျပ်ရတာပါ။ Battle တွေမှာဆိုရင် သွေးကြွစေတဲ့နောက်ခံတေးမှာ စစ်သားတွေက ညာသံပေးပြီးအော်တက်သွားတာ၊ ဓားသံ လှံသံတချွန်ချွန်နဲ့က သမိုင်း၀င်စစ်ပွဲကြီးတစ်ခုကိုဆင်နွှဲနေရတဲ့ feeling မျိုးဖြစ်ပါတယ်။ ရောမမြို့ကြီး အရှေ့ရောမနဲ့ အနောက်ရောမဆိုပြီး နှစ်ခြမ်းကွဲသွားချိန်၊ Huns တွေက၀င်ရောက်တိုက်ခိုက်တဲ့ ကာလမှာဇာတ်အိမ်တည်ထားသလို၊ လက်နက်တွေကလည်း မြင်းစီးတပ်၊ လှံရှည်တပ်တွေကိုအဓိကအားထားရတဲ့ Late Roman Army ခေတ်ကိုအခြေခံထားပါတယ်။

Total War : Barbarian Invasion (Android) Link - https://liteapks.com/rome-total-war-bi-2.html Note - ဂိမ်းထဲ၀င်ရင် အင်တာနက်တွ
+8
Total War : Barbarian Invasion (Android) Link - https://liteapks.com/rome-total-war-bi-2.html Note - ဂိမ်းထဲ၀င်ရင် အင်တာနက်တွေ wifi တွေမဖွင့်ပါနဲ့။ဖွင့်ရင် update တောင်းမယ်၊ license တောင်းပါလိမ့်မယ်။ Link ထဲကို ၀င်မရရင် vpn နဲ့၀င်ပါ။jump jump vpn recommend ပေးပါတယ်

Total War : Barbarian Invasion (Android) Link - https://liteapks.com/rome-total-war-bi-2.html Note - ဂိမ်းထဲ၀င်ရင် အင်တာနက်တွေ wifi တွေမဖွင့်ပါနဲ့။ဖွင့်ရင် update တောင်းမယ်၊ license တောင်းပါလိမ့်မယ်။ Link ထဲကို ၀င်မရရင် vpn နဲ့၀င်ပါ။jump jump vpn recommend ပေးပါတယ်

Bonfire 2 (New Update) Mod Info - Active premium/unlock full game Link - https://apkvision.org/games/strategy/the-bonfire-2-u
+6
Bonfire 2 (New Update) Mod Info - Active premium/unlock full game Link - https://apkvision.org/games/strategy/the-bonfire-2-uncharted-shores-full-version-iap-72141/ အရင်တစ်ခါ mod version ကအလုပ်မဖြစ်ဘူးဆိုလို့ အလုပ်ဖြစ်တဲ့ version ပါ

Repost from ROAM Game Empire
🎮🎮 Jujutsu Kaisen x MLBB Collab Event Premium Supply ဒီနေ့လာပြီနော်။ 😉 August 7 to September 11 လာမှာဖြစ်ပြီး Revamp တွေနဲ
🎮🎮 Jujutsu Kaisen x MLBB Collab Event Premium Supply ဒီနေ့လာပြီနော်။
😉 August 7 to September 11 လာမှာဖြစ်ပြီး Revamp တွေနဲ့လာမှာဆိုတော့ Skin တွေက အရင်ထက်ကိုပိုပြီး လန်းသွားမှာပါ။ Revamp ➡️ 😄😏😐☺️
Phase 1 🌟August 14 ~ 18 Phase 2 🌟August 21 ~ 25
🤞 Phase 1&2 နှစ်ခုလုံးမှာ Dia 250 Recharge and Spend ပြုလုပ်ပေးရင် Free Tokens 29 ခု ရရှိမှာဖြစ်ပါတယ်။ ☺️ စုစုပေါင်း Free Tokens 58 ခု ရယူနိုင်မှာပါ။ 🎮🎮JJK Skin တွေ ကို 1,200 Coins နဲ့ လဲလို့ရမှာပါ။ 🎮🎮Event စထဲက Diamond ထည့်ပြီး Daily Draw + Premium Supply နဲ့ဆို JJK Skin 1 ခုကို လူတိုင်းနီးပါး Try လို့ရမှာပါ။ 🎮🎮ကိုယ်က 2ခု လောက် Try ချင်တယ်ဆိုရင် တခုကို သက်သက်သာသာနဲ့ ဖောက်ပြီးကျန်တဲ့ တခုအတွက်ပဲ ကုန်ကျမှာပါ။ Recommend 🥊 Weekly Pass ,Double Diamond တို့နဲ့ တွက်ပြီး ထည့်ရင် ပိုသက်သာပါမယ်၊ နောက်တော့ Myanmar Sever ကနေ ထည့်ရင် လဲ Global ထက် ပိုသက်သာပါမယ်။ 🧐 ဒီထက် သက်သက်သာသာနဲ့ Event လာတိုင်း မစောင့်ပဲ တန်းထည့်ချင်ရင်တော့ Roam Application ကိုသာ အသုံးပြုပြီး ထည့်လိုက်ပါ Brother တို့။ 👍 ငွေဖြည့်နည်း။ All Guide 👍 Website 👍 Bot New User 20% Promotion account ရပါမယ်၊ Admin ကို Account ဖွင့်ပြီးဆက်သွားပါ။ 🎮🎮Skin 1 ကောင် Try မဲ့ ဘောဒါတွေအတွက် 50000Ks နဲ့ အထက်ဖြည့်တာနဲ့ လျော့စျေး Coupons တွေ လက်ဆောင် ပေးမယ်နော်၊ ဖြည့်တဲ့လူတိုင်းရပါမယ်။

Pixel art လည်းဖြစ်တယ်၊ CPU heavy မဖြစ်စေမယ့်ဟာတွေလဲမပါတာကို ဘာလို့ lag နေလဲစဉ်းစားလို့ကိုမရတာအမှန်ဘဲ။ ကျနော့်ဖုန်းမှာ bug ဖြစ်တာလည်းဖြစ်နိုင်တယ်ဆိုတော့ အတိအကျတော့ပြောလို့မရပါဘူး။ ==== ဘာဘဲဖြစ်ဖြစ်ပါ Stardew Valley လို game တွေမှာ farming ထက် NPC relationship နဲ့ daily routine ပိုင်းကို သဘောကျတဲ့သူတွေဆိုရင် ဒီဂိမ်းကို အကြိုက်တွေ့နိုင်ပါတယ်။ ===== Size - 279mb Type - offline Link - comment Minimum requirements - Android 8.0,Ram 3, Snapdragon 680+ ===== #Life_sim