Android Zone
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234
إظهار المزيد📈 نظرة تحليلية على قناة تيليجرام Android Zone
تُعد قناة Android Zone (@androidzone777) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 41 651 مشتركاً، محتلاً المرتبة 2 011 في فئة ألعاب والمرتبة 3 503 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 41 651 مشتركاً.
بحسب آخر البيانات بتاريخ 06 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 760، وفي آخر 24 ساعة بمقدار -6، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 11.32%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 3.73% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 4 715 مشاهدة. وخلال اليوم الأول يجمع عادةً 1 555 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 10.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ်
ကြော်ညာထည့်လိုလျှင် @kaung234”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 07 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة ألعاب.
جاري تحميل البيانات...
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 07 أكتوبر | +5 | |||
| 06 أكتوبر | +4 | |||
| 05 أكتوبر | +1 | |||
| 04 أكتوبر | +32 | |||
| 03 أكتوبر | +42 | |||
| 02 أكتوبر | +85 | |||
| 01 أكتوبر | +45 |
| 2 | Dead By Daylight Mobile offline mod APK (Android)
Dead by daylight လို့ခေါ်တဲ့ 4vs1 multiplayer horror ဂိမ်းကိုလူတိုင်းသိကြမယ်ထင်ပါတယ်။လူသတ်သမား player လက်ထဲကနေ တခြား player တွေထွက်ပြေးရတာကတော်တော်လေးပျော်ဖို့ကောင်းပြီး thrilling လည်းဖြစ်ခဲ့ရတာပါ။
ဒါပေမယ့် 2025 may လမှာတော့ အကြောင်းအမျိုးမျိုးကြောင့် publisher ဖြစ်တဲ့ netease နဲ့ ဂိမ်းကိုပိုင်တဲ့ Behaviour တို့က server အပြီးတိုင်ပိတ်သိမ်းခဲ့ပါတယ်။ဒါပေမယ့် အခုတော့ modder တွေက server စစ်ဆေးမှုတွေကို bypass လုပ်ပြီး ဂိမ်းတစ်ခုလုံးကို offline ဆော့လို့ရအောင်ပြန်လည်ပြုပြင်ထားပါတယ်။
ဂိမ်းအကြောင်းအနည်းငယ်
×××××××××××××××××××××
asymmetrical horror ဆိုတာ မျှတမှုမရှိပေမယ့် စိန်ခေါ်မှုပြင်းထန်တဲ့ horror ဂိမ်းတွေကိုပြောတာပါ။ဥပမာ - pubg တို့လိုဂိမ်းတွေဆို player အားလုံးက ဘစ်လေးတစ်ထည်နဲ့ဘဲစရပြီး မျှတမှုရှိပါတယ်။
အခု dead by daylight ဂိမ်းထဲမှာတော့ killer နေရာကိုင်တဲ့ player က တခြား survivor တွေကို သတ်တာ၊ သံဆူးချွန်နဲ့တွဲလောင်းချိတ်ထားတာတွေလုပ်လို့ရပါတယ်။
Survivor ကျတဲ့လူတွေကျတော့ killer ကိုဘာမှပြန်လုပ်လို့မရဘဲ survivor အချင်းချင်းကူညီပြီး killer လက်ထဲကနေထွက်ပြေးရတာပါ။
- [Gameplay]
ဒီလို 4vs 1 ကြောင့်ဘဲ ဂိမ်းကပျော်စရာကောင်းသွားတာလို့ပြောရပါမယ်။ survivor ကိုင်တဲ့ player တွေတံခါးပွင့်ဖို့ မီးစက်ပြင်နေချိန် killer ကြီးကဘယ်အချိန်ရောက်လာမလဲဆိုပြီးအမြဲတန်းရင်တထိတ်ထိတ်ဖြစ်နေရတာပါ။စက်ပြင်ရင်း skill check ကျရှုံးသွားရင် အဲ့နေရာကို killer ကသိသွားပြီးမကြာခင်မှာဘဲရောက်လာတတ်ပါတယ်။killer ဖမ်းမိသွားတဲ့ တခြား player တွေကိုကယ်ပေးရတာမျိုး၊ ဒါဏ်ရာရနေတဲ့သူတွေကို ဆေးကုပေးရတာတွေလုပ်ပြီး ကိုယ်ကဘာမှပြန်မလုပ်နိုင်တဲ့ killer ကြီးလက်ထဲကနေ teamwork အားနဲ့ escape လုပ်ရမယ့် gameplay ပုံစံပါ။
ဒါပေမယ့် killer ကိုင်သူတွေကျတော့ တစ်ယောက်တည်းနဲ့ player အားလုံးကိုလိုက်ဖမ်းရမှာဖြစ်ပါတယ်။ killer ကိုင်တဲ့လူက survivor တွေကိုသတ်လို့ရတယ်၊ မီးစက်ရှိတဲ့နေရာတွေကနေစောင့်ပြီးဖမ်းလို့ရတယ်ဆိုပေမယ့် fpp ကြောင့် ဘေးပါတ်ပါတ်လည်ကိုကောင်းကောင်းမမြင်ရပါဘူး။ဒါကြောင့် tpp mode နဲ့ဆော့နေရတဲ့ survivor တွေက မြင်ကွင်းအရတစ်ပန်းသာနေသလိုဖြစ်နေပြီး killer ဘက်ကတော့ ခြေသံတွေကိုအဓိကနားထောင်ပြီးဆော့ရတာပါ။
ဒါက offline mod ဖြစ်တာကြောင့် bot တွေနဲ့ဘဲဆော့လို့ရမှာမို့လို့ multiplayer လောက်ပျော်စရာမကောင်းပါဘူး။အပျင်းပြေဆော့ဖို့ဘဲကောင်းပါတယ်။
ဒီတစ်ခါကတော့ game review ဆိုတာထက် game introduction ဖြစ်တာမို့လို့ ဒီလောက်နဲ့ဘဲရပ်ချင်ပါတယ်။အရှည်ကြီးရေးရမှာပျင်းတာလည်းပါပါတယ်။ဒီလိုပုံစံကို သူငယ်ချင်းတွေနဲ့ multiplayer ဆော့ချင်ရင် Identity V ကို recommend ပေးပါတယ်။
======
Size - 2.5gb
Type - offline
Link - comment
Minimum requirements - Android 9,Ram 3, Snapdragon 680+
=======
#Horror | 364 |
| 3 | dbdmloader (1).apk | 333 |
| 4 | Dead By Daylight offline mod apk (Android)
Dbdmodder -
Game - https://www.mediafire.com/file/up5msgxdn0ql8p0/dbdm.apks/file
Creator's discord - https://discord.gg/5Skb99p7D
Note - offline ဖြစ်လို့ bot တွေနဲ့ဆော့ရမှာဖြစ်တာကြောင့် multiplayer လောက်ပျော်စရာကောင်းမှာမဟုတ်ပါဘူး။လုပ်နည်းကိုတင်ပေးပါမယ် | 364 |
| 5 | Itune Giftcard တွေတွေလဲ
Premium Space မှာလာဝယ်လို့ရပါပြီ။👋
Itune Giftcard (US Region)🍏
10 $ ➡️ 52000 Ks
20 $ ➡️ 104000 Ks
50 $ ➡️ 260000 Ks
50 $ အထက်ဝယ်ချင်ရင်လဲ
💘@ZoYENix 💸
မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
Premium Space Items List ✅
https://t.me/PremiumSpaceMM/103
Sale Proof ကြည့်နည်း 😎
https://t.me/PremiumSpaceMM/234 | 683 |
| 6 | 🎯 Crystal ခေတ်ကြီး ရောက်လာပါပြီ။ ⚡️
အကောင်းဆုံးအချက်ကတော့ - သင်ဟာ Crystal, Chicken Road, Sweet Bonanza နဲ့ တခြား လျော်ကြေးပေးများတဲ့ စလော့ (Slot) ဂိမ်းတွေကို 1xBet မှာ လျှပ်စီးလို မြန်ဆန်တဲ့ စနစ်တွေနဲ့ ကစားနိုင်တာပါပဲ။
🎮 စောင့်ဆိုင်းနေစရာမလိုပါ - မြန်ဆန်တဲ့ ငွေထုတ်ယူမှုတွေနဲ့ မြင့်မားတဲ့ လျော်ကြေးတွေကို ခံစားလိုက်ပါ။
⚡️ စိတ်အေးလက်အေး ကစားလိုက်ပါ - သင့်ရဲ့ လောင်းကြေးတွေအတွက် 20% ပြန်လည်ရရှိမှာပါ။
PSG နဲ့ Serie A တို့လို ထိပ်တန်းအမည်တွေရဲ့ တရားဝင် မိတ်ဖက်ဖြစ်ပြီး — 100% ယုံကြည်စိတ်ချရတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ✅
ကျွန်တော်ကိုယ်တိုင်လည်း 1xBet မှာ Crystal ဂိမ်းတွေကို ကစားပါတယ် — အရမ်းကို ချောမွေ့တယ်၊ အသုံးပြုရလွယ်ကူပြီး ငွေထုတ်ရတာလည်း အရမ်းကို မြန်ဆန်ပါတယ်။ ⚡️
💰 အသုံးပြုသူအသစ်တွေအတွက် -
ပရိုမိုကုဒ် (Promo code) ကို အသုံးပြုပါ - AZONE777
ပြီးတော့ ငွေကျပ် ၁၀,၀၀၀,၀၀၀ အထိ ဘောနပ်စ် (Bonus) ရယူလိုက်ပါ။
👉 စမတ်ကျကျ ကစားပါ။ ပရို (Pro) တစ်ယောက်လို အနိုင်ယူလိုက်ပါ။
📌 ဒီလင့်ခ်ကို နှိပ်ပါ — https://1xapp.mobi/AZONE777
ဒါမှမဟုတ် 1xBet ကို ရှာဖွေပြီး ဒီနေ့ပဲ စတင် အနိုင်ယူလိုက်ပါ... | 290 |
| 7 | မီးပျက်နေချိန် ဖုန်းအားမစားဘဲ low device များမှာဆော့နိုင်မယ့်ဂိမ်းများ
1.Amazing spiderman 2 (Wifi ရမှဒေါင်းပါ/error ပါနိုင်)
https://t.me/androidzone777/1840?single
2.Gta sa older version
https://t.me/androidzone777/967?single
3.Gta sa update (no obb/apk only/Android 9)
https://t.me/androidzone777/1856?single
4.This War of mine
https://t.me/androidzone777/25?single
5.After Inc.
https://t.me/androidzone777/32?single
6.Flame Keeper
https://t.me/androidzone777/91?single
7.modern combat 4 (wifi ရမှဒေါင်းပါ/error ပါနိုင်)
https://t.me/androidzone777/2725?single
8.modern combat 3 (wifi ရမှဒေါင်းပါ/error ပါနိုင်)
https://t.me/androidzone777/2736?single
9.Castle Of Illusion (Android 13ထိ support နိုင်)
https://t.me/androidzone777/100?single
10.oddmar
https://t.me/androidzone777/2602?single
11.Dead Cells
https://t.me/androidzone777/2394?single
12.Oddworld stranger's wrath (Android 14ထိသာရနိုင်)
https://t.me/androidzone777/723?single
13.Typoman Remastered
https://t.me/androidzone777/715?single
14.Fire Fight RTS
https://t.me/androidzone777/485?single
15.Old man's journey
https://t.me/androidzone777/2563?single
16.Limbo
https://t.me/androidzone777/2551?single
17.Backstab (Wifi ရမှဒေါင်းပါ/error ပါနိုင်)
https://t.me/androidzone777/3090?single
18.Plants vs zombie fusion (အပင်တွေလျှောက်စပ်လို့ရ)
https://t.me/androidzone777/2344?single
19.Plants vs zombie 2 reflourish (ဘာ micro transaction မှမပါ/full game ဆော့နိုင်/world အသစ်)
https://t.me/androidzone777/2344?single
20.Max Payne (atmosphere အကောင်းဆုံး)
https://t.me/androidzone777/2358?single | 1 353 |
| 8 | ဒီလထဲမှာထွက်မယ့်ဂိမ်းတွေကပုံနေတာဘဲ။
9kings နဲ့ sifu ကတစ်ရက်တည်းမှာထွက်မယ်ကွာ
Monster outlanders နဲ့ saint rows the third ကလည်းတစ်ရက်တည်းမှာထွက်မယ်။ အရင်ထွက်ထားတာတွေတောင်ပြီးအောင်မဆော့ရသေးဘူး။ဆော့စရာတွေပုံနေပြဟ | 1 493 |
| 9 | Dead Space Mobile (Android)
Mod info - optimize for modern devices
Android 12 နဲ့ 16 မှာစမ်းထားတာအဆင်ပြေပါတယ်။
Link - https://apkvision.org/games/action/dead-space-apk-8272/
Size - 211mb
Type - offline
Minimum requirements - Android 5.0,Ram 2 | 1 619 |
| 10 | ဒီဂိမ်းက pixel art လို့ပြောတာထက် neo-noir art လို့ပြောရင်ပိုတိကျမယ်လို့မြင်တယ်။ဘာလို့ဆို main character ကလူဆိုးမဟုတ်သလို hero လည်းဟုတ်မနေဘဲ စိတ်ဒါဏ်ရာရနေတဲ့ anti-hero ဖြစ်နေပါတယ်။ဒီတစ်ခါ neo-noir art style က player ကိုဘယ်လိုခံစားချက်မျိုးပေးလဲဆိုတာထက် story နဲ့ဘယ်လိုလိုက်ဖက်မှုရှိနေလဲဆိုတာကိုအဓိကပြတယ်ပေါ့နော်။
Main character နေတဲ့ဆင်းရဲသားရပ်ကွက်ရဲ့ ညစ်ပါတ်ပြီးစည်းကမ်းမရှိတဲ့တိုက်ခန်းကျဉ်းကျဉ်းလေးတွေ၊ ဒုစရိုက်မှုတွေကြီးစိုးနေတဲ့မြို့ပြအခြေနေနဲ့၊ အကျင့်ပျက်ချစားမှုတွေက noir ရဲ့အငွေ့သက်တွေပါဘဲ။ဒီလိုမျိုး noir ဇာတ်လမ်းကို နောက်ခံ Tv static အသံတိုးတိုးလေးဖွင့်ပြီး မှုန်ဝါးဝါးလုပ်လိုက်တဲ့အခါ "ဒီမြို့ကြီးက လုံခြုံမှုမရှိဘူး၊ စိတ်ပျက်စရာဖြစ်နေတယ်" ဆိုတဲ့စိတ်ခံစားချက်တွေကအလိုလိုပေါ်လာပြီး ဇာတ်လမ်းကိုလည်းပိုပြီးအသက်၀င်သွားစေပါတယ်။
- [Lore နဲ့ချိတ်ဆက်နေခြင်း]
ဂိမ်းတစ်၀က်လောက်မှာ tv ထဲကလို glitch တွေဖြစ်တာကိုအစက error လို့ထင်ခဲ့တာ။ဒါပေမယ့် ဒါကဇာတ်ကောင်ရဲ့စိတ်ရှုပ်ထွေးပြီး အမှားအမှန်ခွဲခြားရခက်လာတဲ့အခြေနေကိုပြတာဖြစ်နေပါတယ်။level တစ်ခုအောင်သွားရင်လည်း " Yes,that should work" ဆိုတဲ့စာသားပေါ်လာပြီး နောက်မှ ကိုယ်ဆော့ထားတာကို replay သဘောမျိုးပြန်ပြတာကိုကြည့်ရင်၊ ဒါက character ကစိတ်ထဲမှာဘယ်လိုလုပ်ရင်အောင်မြင်နိုင်လဲဆိုတဲ့အစီစဉ်ကိုကြိုတွေးနေတယ်ဆိုတဲ့ပုံစံဖြစ်ပြီး lore နဲ့ချိတ်ဆက်နေတာကိုတွေ့ရပါလိမ့်မယ်။
အားနည်းချက်များ
××××××××××××××
ဂိမ်းတိုင်းက perfect ဖြစ်နေတာရယ်လို့တော့မဟုတ်ဘူးပေါ့နော်။ trial and error ဆိုတဲ့အကြိမ်ကြိမ်သေပြီးမှအနိုင်ရတာက တချို့သောသူတွေအတွက်သွေးဆူပြီးလောင်စေနိုင်တယ်။ကျနော်မကြိုက်ဆုံးကတော့ ဆိုင်ကယ်နဲ့ V နောက်ကိုလိုက်ရချိန်ကျရင် boss ရဲ့တိုက်ခိုက်မှုတွေကတစ်ပုံစံတည်းဖြစ်နေပြီး player ကလည်းဆိုင်ကယ်နဲ့ပါတ်ရှောင်နေရတာကြောင့် action ရဲ့ pacing ကိုကျသွားတာတော့အမှန်ဘဲ။
နောက်ပိုင်းတွေမှာလည်း ရှောင်တာခုတ်တာ၊ ပစ္စည်းတွေနဲ့ပစ်ပေါက်ရဲ့ timing တိကျမှုကပိုပြီးအရေးကြီးလာတာကြောင့် ဂိမ်းကိုအပျင်းပြေလောက်ဘဲဆော့တဲ့ casual player တွေအတွက်အဆင်ပြေမယ်မထင်ပါဘူး။
Gameplay time က သုံးနာရီလောက်ဘဲကြာတာကိုတော့အားနည်းချက်လို့မမြင်ချင်ဘူး။တကယ်လို့ ဒီပုံစံချည်းကို ၈နာရီလောက်ထိုင်ဆော့ရင် ရိုးအီသွားနိုင်တာမို့လို့ gameplay time တိုတာက player ကိုဂိမ်းအဆုံးထိဆော့နိုင်ဖို့ထိန်းထားနိုင်တဲ့အချက်လို့ဘဲပြောရပါမယ်။
Mobile port
××××××××××
Mobile ပေါ်ကိုတော့ Netflix ကယူလာတာကြောင့် playstore ကဒေါင်းရင် Netflix members ၀င်ထားမှရပါမယ်။
Katana zero ဂိမ်းက တစ်ခေါက်သေပြီး၊ နောက်တစ်ခါပြန်ဆော့ရင် အလွတ်ရပြီး control ကိုအမြန်နှိပ်ဆော့ရတာကအရသာဆိုတော့ touch screen နဲ့ဆော့ရတာ experience အပြည့်သိပ်မရပါဘူး။ UI ပိုင်းက customize လုပ်လို့ရတယ်၊ ချက်ချင်း response ဖြစ်တယ်ဆိုပေမယ့် အမြန်နှိပ်ရတာကြောင့်အသားကျဖို့အချိန်တစ်ခုပေးရပါတယ်။
တချို့သော level မှာ ဂိမ်း freeze ဖြစ်သွားတဲ့ error တချို့ကိုလည်းတွေ့ရပါတယ်။
နိဂုံး
×××
Katana zero ဆိုတာ main character ကြုံတွေ့နေရတဲ့အရာတွေက အမှားလားအမှန်လားဆိုတာ ဆော့နေတဲ့ player ကိုယ်တိုင်လည်းမသိရဘဲ ဇာတ်ကောင်နဲ့အတူတူအဖြေရှာရတဲ့ဂိမ်းပါ။
bullet time mechanic,one hit kill system တွေကထူးခြားပြီး timing တိကျမှု၊ dodge လုပ်ရတာ skill လိုမှုတွေက hardcore ဆန်နေတာကြောင့် ကျွမ်းကျင်မှုကိုစိန်ခေါ်တဲ့ဂိမ်းတွေကြိုက်သူတွေအတွက် ဂိမ်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်။
=====
Size - 346mb
Type - offline
Link - comment
Minimum requirements - Android 8.0,Ram 3, Snapdragon 660+
Controller support - Yes
======
#Action | 1 461 |
| 11 | Katana Zero (Android)
- [Short review]
ရန်သူတစ်ယောက်ကိုသတ်ဖို့ရာ အခွင့်ရေးတစ်ခါဘဲရှိပါမယ်။ကိုယ်ကလည်းတစ်ချက်ထိမိတာနဲ့သေမယ့် high risk gameplay ပါ။
Katana zero ဆိုတဲ့ indie ဂိမ်းလေးက ဝေဖန်ရေးသမားတွေကော player တွေဆီကပါချီးကျူးမှုရထားတဲ့ဂိမ်းတစ်ခုပါ။
Story
×××××
ဂိမ်းရဲ့အဓိကဇာတ်ကောင်က စစ်ပွဲကြောင့်စိတ်ဒါဏ်ရာရနေတဲ့ စစ်သည်တော်ဟောင်းကြီးတစ်ယောက်ဖြစ်သလို သူကအချိန်တွေကိုနှေးနိုင်သလိုအနာဂတ်ကိုကြိုပြီးခန့်မှန်းနိုင်တဲ့ထူးခြားတဲ့အစွမ်းလည်းရှိပါတယ်။main character Zero က စိတ်ဒါဏ်ရာတွေကြောင့်လည်းညတိုင်းထူးဆန်းတဲ့အိပ်မက်တွေကိုမက်တာကြောင့် ဆရာ၀န်ဆီမှာအမြဲတန်းဆေးထိုးနေရပါတယ်။အဲ့ဆရာ၀န်က လုပ်ကြံသတ်ဖြတ်ရမယ့်လူစာရင်းကိုပေးတဲ့အလုပ်ရှင်လည်းဖြစ်ပြီးတော့ electrohead ဆိုတဲ့လူကိုသတ်အပြီးမှာတော့ ဇာတ်လမ်းရဲ့စိတ်၀င်စားစရာကောင်းတဲ့အပိုင်းတွေကစလာပါတယ်။
Story ကိုဒီလောက်ဘဲဖတ်ပြီးစိတ်၀င်စားစရာမကောင်းဘူးထင်ရင်မှားသွားလိမ့်မယ်။ဂိမ်းက twist တွေများလွန်းလို့ တမင်မရေးဘဲချန်ခဲ့တာပါ။ story ကလည်းဂိမ်းရဲ့ selling point တွေထဲကတစ်ခုဖြစ်ပြီး Zero ရဲ့စိတိဒါဏ်ရာတွေကဘာကြောင့်ရလာတာလဲ၊ သူကြုံနေရတာတွေကကော အစစ်မှန်လား၊ စိတ်ထင်နေတာလားဆိုတာတွေကိုသိချင်စိတ်ဖြစ်အောင် တဖြည်းဖြည်းတည်ဆောက်သွားတာပါ။
Gameplay
××××××××
ဒီဂိမ်းရဲ့ထူးခြားတာတစ်ခုက bullet time စနစ်ပါတာပါ။ရန်သူတွေရဲ့လှုပ်ရှားမှုတွေကိုအချိန်နှေးပြီး slow motion နဲ့ကြည့်ရင်း ကျည်ဆံတွေကိုဓားနဲ့ပြန်ခုတ် deflect လုပ်ပြီးရန်သူဆီကိုပြန်သွားအောင်လုပ်လို့ရပါတယ်။
အပေါ်မှာပြောသလို ရန်သူတွေကိုတစ်ချက်ဘဲချရတယ်ဆိုပေမယ့် ကိုယ်ကလည်းတစ်ချက်ထိတာနဲ့သေတာပါဘဲ။ရန်သူတွေက ဓားနဲ့အနီးကပ်တိုက်တဲ့ကောင်တွေ၊ shotgun တွေ gun တွေနဲ့ပစ်တဲ့ကောင်တွေရှိနေတာကြောင့် အခန်းတစ်ခုရဲ့တံခါးကိုဖွင့်ပြီးတာနဲ့ တွေဝေနေလို့မရဘဲ ရန်သူတိုက်ခိုက်မှုမထိအောင်ရှောင်ရင်းခုန်ရင်းနဲ့ စက္ကန့်ပိုင်းအတွင်းအမြန်စဉ်းစားပြီးဆော့ရတဲ့ reflex-driven ဖြစ်တာကြောင့် ခလုတ်နှိပ်ရတဲ့ reaction time ကလည်းမြန်ဖို့လိုပါတယ်။
ရန်သူတွေအများကြီးရှိနေတဲ့အခန်းတွေမှာဆိုရင် အနားမှာရှိနေတဲ့ပစ္စည်းတွေနဲ့ပေါက်တာမျိုး၊ မီးခိုးတွေထွက်လာမယ့်ပစ္စည်းတွေကိုပစ်ပေါက်ပြီး ရန်သူတွေမမြင်ရချိန်အမြန်၀င်ရှင်းပစ်တာမျိုးတွေလုပ်လို့ရတဲ့ ပစ္စည်းတွေထည့်ပေးထားတာကြောင့် risk များပြီးခက်ခဲပေမယ့် မမျှမတဖြစ်နေတယ်လို့ခံစားရမှာမဟုတ်ပါဘူး။
ကလပ်ထဲ၀င်ပြီး ကနေတဲ့လူတွေကြားကိုယ်ယောင်ဖျောက်၀င်ရတဲ့ stealth ပိုင်း၊ မြေအောက်မိုင်းရထားကိုစီးပြီးရန်သူတွေကိုဖြုတ်ရတဲ့ level တွေထည့်ထားပါတယ်။ဒါကြောင့် ရောက်နေတဲ့ level ပေါ်မူတည်ပြီး gameplay style အနည်းငယ်ပြောင်းလဲသွားတာ၊ ပါတ်၀န်းကျင်ကပစ္စည်းအချို့ကိုအသုံးပြုပြီး ရန်သူတွေကိုဘယ်လိုရှင်းရမလဲစဉ်းစားရတာတွေက level design ကိုအသုံးချထားတာကြောင့် ဂိမ်းတစ်ခုကိုဆော့နေရတာထက် ကြေးစားတစ်ယောက်လိုလှုပ်ရှားနေရတဲ့ခံစားချက်ကိုပေးတာပါ။
- [Combat feedback]
ကျနော်ကတော့ katana zero ရဲ့ combat feedback ကိုတော်တော်ကြိုက်မိတယ်။ gameplay ကတစ်ချက်မှအမှားမခံဘဲ အမြန်လှုပ်ရှားတဲ့ပုံစံမှာ ဓားနဲ့၀င်ယမ်းလိုက်ရတဲ့အရသာကတော်တော်လေးမိုက်တာ။ရန်သူတွေကိုဓားထိသွားရင်ထွက်လာတဲ့အသံပိုင်းကစိတ်ကျေနပ်မှုကိုပေးစေပြီး ဓားနဲ့ခုတ်လိုက်ရင်လည်း milli second လောက်ရပ်သွားတဲ့ hit pause တွေကြောင့် "ငါခုတ်တာထိသွားပြီ" ဆိုတဲ့စိတ်ကျေနပ်မှုတွေဖြစ်လာပြီး adrenaline rush ဖြစ်သွားစေတာပါ။
- [QOL feature]
mission complete ဖြစ်ဖို့ level အသေးစားလေးတွေနဲ့တည်ဆောက်ထားတာပါ။သေသွားတဲ့အခါ mission အစကမဟုတ်ဘဲ ရောက်နေတဲ့ level ကနေပြန်စရတာကြောင့် progress ဖြစ်တယ်ခံစားရပြီး"ဒီနေရာကိုတော့ ငါဘယ်လိုပြန်ဆော့မယ်" ဆိုပြီးအကြိမ်ကြိမ်ပြန်ဆော့မိနေတာမျိုးဖြစ်ပါတယ်။ကိစ္စတစ်ခုခုရှိလို့ ဂိမ်းထဲကထွက်လိုက်တယ်ဆိုရင်တောင် auto save ပေးထားတာကြောင့် ထွက်လိုက်လို့ mission အစကပြန်စရပြီး အကြိမ်ကြိမ်ပြန်ဆော့ရတဲ့ repetition ဖြစ်လာမှာမဟုတ်ပါဘူး။
- [Dialogue system]
ဂိမ်းထဲမှာ စကားပြောခန်းတွေကျရင် စိတ်မရှည်ဘဲကြားဖြတ်ပြောမလား၊ npc ပြောပြီးတဲ့အထိစောင့်ပြီး ဘာပြန်ပြောမလဲရွေးရတဲ့စနစ်ပါပါတယ်။ဒါက secret boss fight နဲ့၊ secret ending အပေါ်သာသက်ရောက်ပြီး main story ကိုတော့ကြီးကြီးမားမားသက်ရောက်မှုမရှိဘူးပေါ့နော်။
ဒါပေမယ့် npc တွေရဲ့ reaction တွေ၊ lore ရဲ့သိသင့်တဲ့အပိုင်းအစတွေပေါ်မှာတော့သက်ရောက်မှုရှိတယ်။ ဥပမာ - ဒုတိယ mission မှာဆိုရင် hotel က reception ကကောင်မလေးမေးတာကိုကောင်းကောင်းမဖြေရင် mission ဆုံးတဲ့အခါ ရဲတွေနဲ့ပါဆက်ပြီးတိုက်ခိုက်ရတာမျိုးရှိတယ်။ဒါကြောင့်ကိုယ်က lore ကိုအပြည့်စုံသိချင်ရင် dialogue တွေကိုတော့သတိထားပြီးရွေးပေးဖို့လိုပါတယ်။
Art style
××××××× | 1 187 |
| 12 | Katana Zero (Android)
Link - https://apkvision.org/games/action/katana-zero-netflix-117632/ | 1 311 |
| 13 | 🎯 Crystal ခေတ်ကြီး ရောက်လာပါပြီ။ ⚡️
အကောင်းဆုံးအချက်ကတော့ - သင်ဟာ Crystal, Chicken Road, Sweet Bonanza နဲ့ တခြား လျော်ကြေးပေးများတဲ့ စလော့ (Slot) ဂိမ်းတွေကို 1xBet မှာ လျှပ်စီးလို မြန်ဆန်တဲ့ စနစ်တွေနဲ့ ကစားနိုင်တာပါပဲ။
🎮 စောင့်ဆိုင်းနေစရာမလိုပါ - မြန်ဆန်တဲ့ ငွေထုတ်ယူမှုတွေနဲ့ မြင့်မားတဲ့ လျော်ကြေးတွေကို ခံစားလိုက်ပါ။
⚡️ စိတ်အေးလက်အေး ကစားလိုက်ပါ - သင့်ရဲ့ လောင်းကြေးတွေအတွက် 20% ပြန်လည်ရရှိမှာပါ။
PSG နဲ့ Serie A တို့လို ထိပ်တန်းအမည်တွေရဲ့ တရားဝင် မိတ်ဖက်ဖြစ်ပြီး — 100% ယုံကြည်စိတ်ချရတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ✅
ကျွန်တော်ကိုယ်တိုင်လည်း 1xBet မှာ Crystal ဂိမ်းတွေကို ကစားပါတယ် — အရမ်းကို ချောမွေ့တယ်၊ အသုံးပြုရလွယ်ကူပြီး ငွေထုတ်ရတာလည်း အရမ်းကို မြန်ဆန်ပါတယ်။ ⚡️
💰 အသုံးပြုသူအသစ်တွေအတွက် -
ပရိုမိုကုဒ် (Promo code) ကို အသုံးပြုပါ - AZONE777
ပြီးတော့ ငွေကျပ် ၁၀,၀၀၀,၀၀၀ အထိ ဘောနပ်စ် (Bonus) ရယူလိုက်ပါ။
👉 စမတ်ကျကျ ကစားပါ။ ပရို (Pro) တစ်ယောက်လို အနိုင်ယူလိုက်ပါ။
📌 ဒီလင့်ခ်ကို နှိပ်ပါ — https://1xapp.mobi/AZONE777
ဒါမှမဟုတ် 1xBet ကို ရှာဖွေပြီး ဒီနေ့ပဲ စတင် အနိုင်ယူလိုက်ပါ... | 835 |
| 14 | PC ဂိမ်းဆိုပေမယ့် retro low poly art ဖြစ်နေတော့ လက်ရှိ mid range device တွေကတောင်သာသာယာယာလေး run နိုင်လောက်ပါတယ်။ original touch UI placement တွေကအဆင်ပြေတယ်ဆိုပေမယ့် မကြိုက်ရင် ကိုယ့်စိတ်ကြိုက် customize လုပ်နိုင်ပါတယ်။လက်ရှိမှာ error ဘာညာလည်းမတွေ့ရပါဘူး။
နိဂုံး
×××
Squirrel stapler က gameplay နဲ့ graphic ပိုင်းက မက်လောက်စရာသိပ်မရှိပေမယ့် စိတ်ခြောက်ခြားစရာ atmosphere တွေ၊ စိတ္တဇဆန်ပြီးနားလည်ရခက်တဲ့ဇာတ်လမ်းတွေကိုအသုံးချပြီး တောထဲမှာဘယ်လောက်ထိကြာကြာနေချင်သေးသလဲဆိုတာ စိန်ခေါ်တဲ့ဂိမ်းတစ်ခုလို့ပြောရပါမယ်။
=======
Size - 66mb
Type - offline
Link - comment
Minimum requirements - Android 7.0,Ram 3, Snapdragon 670+
========
#Psychological_horror | 2 356 |
| 15 | Squirrel Stapler (Android/unofficial port)
တောခြောက်တာကိုကြုံဖူးကြလား။မကြုံဘူးရင်တောင်ကြားဖူးကြမှာပေါ့။
ကျနော်ဆော့ဖူးသမျှ psychological horror တွေထဲမှာ ဒီဂိမ်းကိုဆော့ရတာစိတ်အပင်ပန်းဆုံးဘဲ။တော်တော်လေးကိုခြောက်ခြားစရာကောင်းတာ။
Review
×××××××
- [Gameplay]
Gameplay ပုံစံကိုကြားလိုက်ရင် ကြောင်တောင်တောင်နဲ့ဘာကြီးလဲဆိုပြီးထင်ကြလိမ့်မယ်။ဘာလို့ဆို တောထဲကရှဉ့်တွေကိုအမဲလိုက်ပြီးတော့ ဇနီးသည်ရဲ့အလောင်းကောင်ကြီးပေါ်မှာရှဉ့်သေတွေကိုထားရတာပါ။gameplay loop ကဒီပုံဘဲဆိုပေမယ့်တောထဲဝင်တဲ့အခါ အကောင်အထည်မပြဘဲနဲ့ကိုရက်ရက်စက်စက်ခြောက်ပြီး ဂိမ်းတစ်လျှောက်လုံးစိတ်မသက်မသာဖြစ်မှုတွေနဲ့ခြောက်ခြားရမှာဖြစ်ပါတယ်။
Atmosphere
------------
ဂိမ်းထဲမှာ ကျနော်တို့ကိုယ်တိုင်ကမုဆိုးဖြစ်နေသလို မမြင်ရတဲ့တစ်စုံတစ်ယောက်ကလည်း player ကိုအမဲလိုက်နေတာပါ။ဒီလိုမျိုး ဘာမှန်းမသိတဲ့အရာကြီးကိုကြောက်နေရတဲ့ unknown fear ကြီးကိုအသုံးချပြီးတော့ စိတ်မလုံခြုံအောင်လုပ်ထားတာဖြစ်ပါတယ်။
- [အသံ atmosphere]
ပထမဆုံးတောထဲ၀င်ချိန်မှာ ငှက်အော်သံ ပိုးကောင်အော်သံလေးတွေကသာယာတယ်ထင်ရပေမယ့် ဒီအသံတွေကတဖြည်းဖြည်းနဲ့ခြောက်ခြားစရာကောင်းလာပါတယ်။တခါတလေ ကျီးပြိုလိုက်တဲ့အသံတွေ၊ အသံနက်ကြီးနဲ့အော်လိုက်တဲ့အသံတွေက တောထဲမှာပဲ့တင်ထပ်နေပြီး အသံလာရာကိုလိုက်ရှာပြီးသွားကြည့်ရင်လည်းဘာကောင်မှရှိမနေပါဘူး။ဒါကြောင့်မို့လို့ ဒီတောကြီးကတစ်ခုခုမူမမှန်ဖြစ်နေတာဆိုတာကိုရိပ်မိလာမှာပါ။သစ်ပင်တွေကလည်းကိုယ်အနားရောက်သွားမှ ချက်ချင်းကြီးကြီးထွားလာတာကကိုမြင်ရတာက uncanny vibe ကြီးကိုဖြစ်စေပါတယ်။တိတ်ဆိတ်တဲ့ပါတ်၀န်းကျင်မှာ ကိုယ့်ခြေသံကိုပြန်ကြားရတာအကြောင်းမဟုတ်ပေမယ့်၊ ကိုယ့်ခြေသံအပြင် နောက်ကတစ်ယောက်ယောက်ကလိုက်လာသလိုခြေသံတွေကိုကြားနေရတာက နောက်ကျောမလုံဖြစ်စေပြီး အကောင်အထည်မမြင်ရဘဲ အသံပိုင်းတွေနဲ့တင်ကို eerie ဖြစ်နေရတာပါ။
- [Environmental storytelling]
ဂိမ်းရဲ့ဇာတ်လမ်းကို developer တွေကတိုက်ရိုက်ပြောမပြဘဲ ပါတ်၀န်းကျင်က record တွေ note တွေကိုဖတ်ပြီးကိုယ့်ဟာကိုဖော်ထုတ်ရတာပါ။
ဥပမာ - "တောထဲမှာတစ်ခုခုရှိနေတယ် သူတို့ကညပိုင်းတွေမှာနံရံတွေကိုကုတ်ခြစ်ပြီး အိမ်ထဲကို၀င်ဖို့ကြိုးစားနေတယ်။မနက်ဆိုရင်လည်း အိမ်ရှေ့မှာလည်ပင်းလိမ်ချိုးခံထားရတဲ့ ရှဉ့်အသေတွေရှိနေတယ်" ဆိုတဲ့ ထူးထူးဆန်းဆန်း record တွေ၊ ရက်ရက်စက်စက်သတ်ခံလိုက်ရတဲ့ the lady ရဲ့ note တွေကိုဖတ်ရတာက ဒီထဲမှာဘာတွေဖြစ်နေလဲဆိုတာပိုစိတ်၀င်စားစရာကောင်းပါတယ်။
အိမ်ထဲကထွက်ပေါက်နားမှာလည်း "Day 5 the god is coming" ဆိုပြီးသွေးနဲ့ရေးထားတဲ့စာက ငါးရက်မြောက်နေ့မှာဘာဖြစ်လာမှာလဲဆိုတဲ့သိချင်စိတ်နဲ့ဂိမ်းကိုအဆုံးထိဆော့မိအောင်ဆွဲခေါ်ထားနိုင်တာပါ။
- [စိတ္တဇဖြစ်လွန်းခြင်း]
အပေါ်မှာပြောသလို မိန်းမရဲ့အလောင်းကောင်ကြီးရှဉ့်တွေကပ်ရတာကကြောင်တောင်တောင်နိုင်ပါတယ်။ပိုဆိုးတာက ဒီအလောင်းကောင်ကြီးက အရေခွံတွေမရှိတော့ဘဲ သွေးသံတရဲရဲနဲ့ အသားတွေအရိုးတွေပေါ်နေတာပါ။ဒီလိုမျိုး အလောင်းကောင်ကြီးရဲ့ဘေးနားမှာအိပ်ရတယ်ဆိုတာကိုတွေးကြည့်ရုံနဲ့တင်ကို တော်တော်စိတ်ထဲမသိုးမသန့်ဖြစ်နေရပါပြီ။
အဲ့အလောင်းကြီးနားမှာ ယဉ်ကောင်တွေအုံနေတာ၊ အိမ်ထဲမှာလည်းအစီရင်လိုဟာမျိုးတွေကိုတွေ့ရတာက စိတ်မသက်မသာဖြစ်စေပါတယ်။
သစ်လုံးအိမ်ကလည်း low poly art မှာ ညစ်နွမ်းနွမ်းဖြစ်ပြီးမှောင်မဲနေပါတယ်။ဒီလိုနေရာမျိုးမှာ first person view နဲ့ ဆော့ရတာဆိုတော့ camera ကိုအကျယ်ကြီးမမြင်ရဘဲစိတ်ကျဉ်းကျပ်စေတာပါ။ကိုယ့်မိန်းမရဲ့အလောင်းကောင်ကြီးကလည်း တချက်တချက်သူ့ဟာသူနေရာတွေရွေ့နေတာဆိုတော့ အိမ်ကိုပြန်ရောက်ရင်တောင်အသက်ရှူမချောင်ဘဲ "ဒါကြီးကငါ့နားကိုဘယ်အချိန်ရောက်လာမလဲ" ဆိုတဲ့ခံစားချက်ကြီးပါ။
တောကောင်တွေရဲ့ပုံစံကလည်း low poly မှာရှင်းရှင်းလင်းလင်းဖြစ်မနေဘဲ ပုံပျက်ပန်းပျက်ကြီးတွေဖြစ်နေတာပါ။ပြောရရင် ဒီဂိမ်းထဲမှာမြင်ရသမျှ၊ ကြားရသမျှအရာရာတိုင်းက စိတ်သက်သာစရာတစ်ခုမှမရှိပါဘူး။
- [Cosmic horror အငွေ့အသက်]
အပေါ်မှာပြောသလို ဘာမှန်းမသိတဲ့အရာကြီးကကိုယ့်နောက်ကိုလိုက်နေတာ၊ ကိုယ်တိုင်ကလည်းဘာမှန်းမသိတဲ့အရာကြီးနဲ့ရင်ဆိုင်နေရတာက cosmic horror ရဲ့အငွေ့သက်တွေပါဘဲ။god is coming ဆိုတဲ့စာသားက ကိုယ်နားမလည်နိုင်တဲ့အရာကြီးကလာနေပြီဆိုတဲ့သဘောမျိုးသက်ရောက်နေပြီး၊ တောစပ်တွေမှာလည်း ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ထွက်မရအောင်ပိတ်ထားတာက ကိုယ့်ထက်စွမ်းအားကြီးတဲ့ဖြစ်တည်မှုကြီးရဲ့ကစားစရာတစ်ခုလိုသာဖြစ်နေပြီး ဘာမှမတတ်နိုင်ဘဲအားကိုးရာမဲ့သွားစေပါတယ်။
အားနည်းချက်တစ်ချို့
×××××××××××××××××
အားနည်းချက်ကတော့ gameplay time အရမ်းတိုလွန်းတာပါ။အလွန်ဆုံးမှ 40min လောက်ဘဲရှိပါတယ်။
Graphic ကလည်း low poly ဖြစ်နေတော့ realistic modern graphic ကြိုက်သူတွေအတွက်စိတ်ပျက်စရာဖြစ်နေနိုင်ပါတယ်။
စိတ်ခြောက်ခြားစရာကောင်းတာကိုတော့ အားနည်းချက်လို့မသက်မှတ်ချင်ပါဘူး။ဘာလို့ဆိုဂိမ်းရဲ့ selling point ကိုကအဲ့တာဖြစ်နေတာကိုး။
Port အခြေနေ
×××××××××××× | 2 279 |
| 16 | Squirrel Stapler (Android/unofficial port)
Link - https://apkvision.org/games/action/squirrel-stapler-134738/ | 2 439 |
| 17 | 🎯 Crystal ခေတ်ကြီး ရောက်လာပါပြီ။ ⚡️
အကောင်းဆုံးအချက်ကတော့ - သင်ဟာ Crystal, Chicken Road, Sweet Bonanza နဲ့ တခြား လျော်ကြေးပေးများတဲ့ စလော့ (Slot) ဂိမ်းတွေကို 1xBet မှာ လျှပ်စီးလို မြန်ဆန်တဲ့ စနစ်တွေနဲ့ ကစားနိုင်တာပါပဲ။
🎮 စောင့်ဆိုင်းနေစရာမလိုပါ - မြန်ဆန်တဲ့ ငွေထုတ်ယူမှုတွေနဲ့ မြင့်မားတဲ့ လျော်ကြေးတွေကို ခံစားလိုက်ပါ။
⚡️ စိတ်အေးလက်အေး ကစားလိုက်ပါ - သင့်ရဲ့ လောင်းကြေးတွေအတွက် 20% ပြန်လည်ရရှိမှာပါ။
PSG နဲ့ Serie A တို့လို ထိပ်တန်းအမည်တွေရဲ့ တရားဝင် မိတ်ဖက်ဖြစ်ပြီး — 100% ယုံကြည်စိတ်ချရတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ✅
ကျွန်တော်ကိုယ်တိုင်လည်း 1xBet မှာ Crystal ဂိမ်းတွေကို ကစားပါတယ် — အရမ်းကို ချောမွေ့တယ်၊ အသုံးပြုရလွယ်ကူပြီး ငွေထုတ်ရတာလည်း အရမ်းကို မြန်ဆန်ပါတယ်။ ⚡️
💰 အသုံးပြုသူအသစ်တွေအတွက် -
ပရိုမိုကုဒ် (Promo code) ကို အသုံးပြုပါ - AZONE777
ပြီးတော့ ငွေကျပ် ၁၀,၀၀၀,၀၀၀ အထိ ဘောနပ်စ် (Bonus) ရယူလိုက်ပါ။
👉 စမတ်ကျကျ ကစားပါ။ ပရို (Pro) တစ်ယောက်လို အနိုင်ယူလိုက်ပါ။
📌 ဒီလင့်ခ်ကို နှိပ်ပါ — https://1xapp.mobi/AZONE777
ဒါမှမဟုတ် 1xBet ကို ရှာဖွေပြီး ဒီနေ့ပဲ စတင် အနိုင်ယူလိုက်ပါ... | 849 |
| 18 | 2011 ခုနှစ်လောက်မှာ သူများတွေက unreal engine တွေနဲ့ တခြားဂိမ်း engine တွေသုံးပြီး 3d model တွေကို realistic ဆန်အောင်အပြိုင်အဆိုင်လုပ်နေကြပေမယ့် Ubisoft ကတော့ ubiart engine သုံးပြီး ဒီဂိမ်းကိုလုံး၀ 2d hand-drawn art နဲ့ထုတ်ပေးခဲ့ပါတယ်။ဂိမ်းကလည်း အရောင်အသွေးစုံလင်ပြီး ကာတွန်းကမ္ဘာထဲကိုကိုယ်တောင်ရောက်သွားသလိုခံစားရတဲ့အထိအသက်၀င်ခဲ့ပါတယ်။
ပထမဆုံး level တွေမှာဆိုရင် စိမ်းစိုလှပနေတဲ့သစ်ပင်တွေကြားက နေရောင်ခြည်ထိုးကျလာပုံတွေကတော်တော်လေးအသက်၀င်ပြီး ကြည့်ရတာမျက်စိပဒါသဖြစ်စေပါတယ်။ character design တွေကလည်းချစ်စရာကောင်းပေမယ့် စုန်းမလို character တွေဆိုရင် သူတို့ရဲ့ personality မပျောက်အောင်ရေးဆွဲထားနိုင်တာပါ။
- [Audio]
Gameplay ကသာ hardcore ဆန်နေပေမယ့် ဂိမ်းတစ်လျှောက်လုံးကခွီနေရပြီးသောက်ခွက်ပြောင်ထားတာကိုတွေ့ရပါတယ်။နောက်ခံအသံတွေဆိုရင် ဘင်ခရာသံတွေ၊ လူတွေရဲ့ရယ်စရာအသံတွေပေါင်းစပ်ပြီး ဖန်တီးထားတာဆိုတော့ ဆော့ရတာတော်တော်လေးပေါ့ပေါ့ပါးပါးရှိတာပါ။ခုန်တဲ့အသံတွေဆိုရင်လည်း "ဘုန် ဘွမ်" နဲ့ကာတွန်းဆန်နေပြီး character တွေကလည်းရုပ်ပြောင်ကောင်တွေမို့လို့ ဂိမ်းကခက်ပေမယ့်ရယ်စရာကောင်းနေတာဖြစ်ပါတယ်။
Environment ပြောင်းလဲသွားတဲ့ပေါ်မူတည်ပြီး အသံပိုင်းတွေပြောင်းလဲသွားမှု၊ ရန်သူတွေရဲ့လှုပ်ရှားမှုတွေက နောက်ခံတီးလုံးအသံနဲ့စီးချက်ကျနေမှု၊ စတဲ့ dynamic ဖြစ်တဲ့အသံပိုင်းတွေနဲ့ အသစ်အသစ်သော environment တွေက player ကို refresh ဖြစ်စေပြီး၊ gameplay,audio,art style,humor ပိုင်းတွေကပြည့်စုံလွန်းနေတာမို့လို့ ဒီလိုပြည့်စုံမှုတွေပေါင်းစည်းလိုက်တဲ့အခါမှာတော့ platforming ဂိမ်းကောင်းတစ်ခုဖြစ်သွားပါတယ်။
Port အခြေနေ
×××××××××××
- [Touch]
စဆော့ချင်းတုန်းကဒီဂိမ်းက fan port မှဟုတ်ရဲ့လားတောင်တွေးမိတယ်။ဘာလို့ဆို UI design တွေကတော်တော်လေးကိုသေသပ်နေတာ။joystick ဆိုရင်လည်းအပြာနုရောင်လေးက ဂိမ်းရဲ့ art design နဲ့လိုက်ဖက်နေသလို၊ ခုန်တာ၊ attack လုပ်တဲ့ action UI တွေရဲ့ space ထားပုံတွေကလည်းသပ်ရပ်နေတာပါ။
အကြိုက်ဆုံးကတော့ controller support ပေးတာပါဘဲ။fan port ဆိုပေမယ့် control delay ဖြစ်တာမျိုးတွေမရှိဘဲ graphic quality ကလည်း PC version နီးနီးဆိုတော့ controller နဲ့ဆော့ရင် Console experience ကိုခံစားရမှာပါ။
ဒါပေမယ့် touch နဲ့ဘဲဆော့မယ်ဆိုရင် အသားကျဖို့အချိန်နည်းနည်းပေးရပြီး မသေသင့်ဘဲသေတာမျိုးတွေဖြစ်တတ်တာမို့လို့ ပျော်စရာကောင်းမယ့်ဂိမ်းက လောင်စရာဖြစ်သွားတတ်ပါတယ်။
- [Optimization]
Optimization ပိုင်းကိုကြည့်ပြန်ရင်လည်း Snapdragon 700 အထက်လောက်ဆိုရင်ကိုအေးအေးဆေးဆော့လို့ရနေတာကိုတွေ့ရပါတယ်။lag တယ်လို့ခံစားရရင် resolution ဘာညာလျှော့ချနိုင်ပြီး thermal Throttling အဖြစ်မြန်တဲ့ redmi turbo 3 လိုဖုန်းမှာတောင် battery မစား၊ ဖုန်းမပူဘဲအေးဆေး run နိုင်တာပါ။
- [Bug & Errors]
Optimization ပိုင်းဘာညာအဆင်ပြေတယ်ဆိုပေမယ့် error တွေကိုတော့တွေ့ရပါတယ်။အထူးသဖြင့် ဖုန်းတချို့မှာ black screen ဖြစ်ပြီးဘာမှပေါ်မလာတာ၊ အခန်းတက်မရဘဲဖြစ်တာ၊ graphic glitch တွေပေါ်ပေါ်လာတာမျိုးတွေရှိပါတယ်။ဒါကြောင့်မို့လို့ လက်ရှိဆော့စရာရှိသေးတယ်ဆိုရင် update တွေကိုစောင့်လိုက်ပါဦး။ internet သမားတွေဆိုရင်လည်း wifi ရမှာသာဒေါင်းကြပါ။ unofficial port ဆိုတော့ဖုန်းတိုင်းမှာအဆင်ပြေမှာမဟုတ်တာတော့ သတိထားရပါမယ်။
ကျနော်ပထမဆုံးဒေါင်းတဲ့ apkvision website ကဟာက error တွေများတာမို့လို့ လက်ရှိဆော့ရတာအဆင်ပြေတဲ့ error သိပ်မပါတဲ့ file ကိုပေးထားပါတယ်။
နိဂုံး
×××
Rayman origins ဂိမ်းက ဇာတ်လမ်းသွားကိုဦးစားပေးတာမဟုတ်ပါဘူး။simple ဖြစ်တဲ့ main goal ထဲမှာ level design ကိုအသုံးချပြီး adventure ခံစားချက်ရအောင်ဖန်တီးထားနိုင်တာကိုတွေ့ရပါတယ်။
Fluid ဖြစ်တဲ့ animation တွေက ဂိမ်းရဲ့ pacing ကိုထိန်းထားနိုင်ပြီး၊ hardcore ဆန်ပေမယ့်လည်း အသံပိုင်းနဲ့ ချစ်စရာကောင်းတဲ့ art style တွေကြောင့်ပေါ့ပေါ့ပါးပါးဖြစ်စေတာပါ။
2d platformer ဂိမ်းကြိုက်သူတွေဆော့ဖို့ထိုက်တန်တဲ့ဂိမ်းတစ်ခုလို့ပြောချင်ပေမယ့်လည်း Android ပေါ်မှာက unofficial port ဖြစ်နေတာဆိုတော့ crash ဖြစ်တာတွေ၊ graphic error တွေကိုလည်းကြုံရနိုင်ပါတယ်။
======
Size - 1.29gb
Type - offline
Link - comment
Minimum requirements - Android 8.0,Ram 4, Snapdragon 700+
Controller support - Yes
========
#Adventure
#platformer | 2 655 |
| 19 | Rayman Origins Compact (Android/Unofficial port)
- [ Medium Short review]
Oddmar လို 2d platformer ဂိမ်းကောင်းတစ်ခုကိုရှာနေသူတွေအတွက် platform ဂိမ်းတွေထဲမှာ masterpiece လို့တင်စားခံခဲ့ရတဲ့ Rayman Origins ဂိမ်းကတော့ PC version အတိုင်းဆော့နိုင်အောင်လုပ်ထားတဲ့ unofficial port က Android platform ပေါ်ကိုရောက်လာခဲ့ပါပြီ။
ထိတွေ့မိသူတိုင်းအကြိုက်တွေ့ကြတဲ့ဂိမ်းကို အခု mobile ပေါ်မှာ free to play ကြုံးရတာမှာဆိုတော့တော်တော်လေးတန်ပါတယ်။
Gameplay
×××××××××
Gameplay တောက်လျှောက်ကိုကြည့်လိုက်မယ်ဆိုရင် စမှတ်ကနေ ဆုံးမှတ်ကိုသွား၊ လမ်းမှာ electron လေးတွေကိုလိုက်ကယ်ဆိုတဲ့ simple loop လေးဘဲရှိတာပါ။ဒါပေမယ့် ဒီလိုရိုးရှင်းတဲ့ loop လေးကို level design တွေနဲ့ animation ပိုင်းတွေကလုံး၀ရိုးမသွားအောင်ထိန်းပေးထားနိုင်ပါတယ်။
အပြစ်ရှာဖို့ခက်တဲ့ level design
------------------------------
ဂိမ်းတစ်လျှောက်လုံးမှာကြုံရမယ့် ရန်သူတွေ၊ အခက်ခဲတွေက အတင်းလုပ်ယူထားပြီး player ကိုတားဆီးနေတာမဟုတ်ပါဘူး။ enemy တွေက ကိုယ့်ကိုအတင်းရန်လိုနေတာမဟုတ်ဘဲ သူတို့ကိုခုန်ပျံကျော်လွှားပြီး lum လေးတွေလိုက်စားရတာမျိုး၊ သူတို့ကိုယ်ပေါ်ကိုခုန်တက်ပြီး အမြင့်ပိုင်းတွေကိုတက်ရတာမျိုးတွေ၊ ရေစီးကြောင်းအတိုင်းဆင်းသွားရတာမျိုးနဲ့ အခက်ခဲတွေဖန်တီးထားတာပါ။ဒါကြောင့် "ဒါတွေက ငါ့လမ်းမှာအတင်းပိတ်နေတယ်ဆိုတာထက်၊ ငါသွားချင်တဲ့နေရာရောက်ဖို့အခက်ခဲတွေကိုဖြတ်ကျော်နေရတယ်" ဆိုတဲ့ adventure vibe ဖြစ်သွားတာပါ။
- [မပျင်းအောင်ဆွဲခေါ်ထားတဲ့ progress]
အစပိုင်းမှာ player က ခုန်တဲ့ ability လေးတစ်ခုဘဲရှိတယ်ဆိုပေမယ့်၊ level တဖြည်းဖြည်းတက်လာတာနဲ့အမျှ dash လုပ်တာ၊ လေထဲမှာ glide စီးတာ၊ ရန်သူတွေကိုလက်သီးနဲ့ထိုးလို့ရတဲ့ ability တွေကတဖြည်းဖြည်းတိုးလာပါတယ်။တိုးလာတဲ့ ability ကိုလည်း level တိုင်းမှာသုံးလို့ရအောင် design ဆွဲထားတာမို့လို့ အခန်းတိုင်း အခန်းတိုင်းမှာရိုးသွားတယ်ရယ်လို့မရှိဘဲ challenge ဖြစ်ပြီးပျော်စရာကောင်းနေပါတယ်။
World အသစ်တွေကိုရောက်သွားရင် environment တွေပြောင်းလဲကုန်ပြီး၊ ပြောင်းလဲသွားတဲ့ environment တွေအပေါ်မူတည်ပြီးတော့လည်း ရင်ဆိုင်ရတဲ့အခက်ခဲပုံစံတွေ၊ ရန်သူပုံစံတွေပြောင်းလဲသွားတာပါ။ဒီလို mechanic အသစ်တွေကိုတဖြည်းဖြည်းချင်းအသစ်ထည့်ပေးနေမှုကြောင့် level တစ်ခုချင်းစီတိုင်း၊ world အသစ်တက်တိုင်းမှာ ပျင်းသွားတယ် ရိုးသွားတယ်လို့မရှိဘဲ အမြဲတန်းစိတ်လှုပ်ရှားပြီးပျော်စရာကောင်းနေတာဖြစ်ပါတယ်။
- [Fluid ဖြစ်လွန်းတဲ့ animation ]
Rayman Origins ဆိုတာ oddmar လိုတအိအိနဲ့သွားရတဲ့ပုံစံမဟုတ်ဘဲ အရှိန်အဟုန်နဲ့ rhythm ကျကျခုန်ပေါက်ဆော့ရတဲ့ high-speed platforming ဂိမ်းပါ။အရှိန်နဲ့ပြေးမယ်၊ ချောက်တွေ ရန်သူတွေအပေါ်ကိုဆက်တိုက်ခုန်တက်သွားမယ်၊ နောက်တစ်နေရာရောက်ရင် glide စီးသွားမယ်ဆိုတဲ့ action တွေကို၊ ဆက်တိုက်လုပ်သွားရပြီး action တစ်ခုနဲ့တစ်ခုအကူးအပြောင်းကလည်းတော်တော်လေး smooth ဖြစ်ပါတယ်။လေထဲမှာတင် joystick နဲ့ဟိုဘက်ဒီဘက်လှည့်လို့ရတာမျိုး၊ ပြေးနေတုန်းမှာအရှိန်လျှော့ပြီး တစ်ဖက်ကိုချက်ချင်းလှည့်လို့ရတာတွေက မြန်မြန်ဆန်ဆန်ဆော့ရတဲ့ platform ဂိမ်းတစ်ခုရဲ့ pacing ကိုအချိန်ပြည့်ထိန်းထားနိုင်တာပါ။control နှိပ်လိုက်တာနဲ့လည်း character ကချက်ချင်း response လုပ်တာမို့လို့ ဆော့နေတဲ့သူကလည်းအရှိန်ပျက်သွားတာမျိုးတွေမခံစားရပါဘူး။
သေသွားရင် loading time စောင့်စရာမလိုဘဲ instant respawn ဖြစ်တဲ့ feature၊ level အကူးအပြောင်း loading screen မှာတောင် character ကို player ကထိန်းချုပ်ပြီးကလိနေလို့ရတာတွေကလည်း ဂိမ်းခလုတ်မချချင်အောင် pacing ထိန်းထားနိုင်မှုတွေထဲကတစ်ခုပါဘဲ။
- [hardcore but fun]
Rayman Origins ရဲ့အစပိုင်း level တွေကလွယ်တယ်ထင်ရပေမယ့် နောက်ပိုင်းမှာခုန်တာတိကျမှုတွေကအရေးပါလာပြီး hardcore ဆန်လာပါတယ်။ဒါပေမယ့်လည်း Mario တို့လို အသက်အကန့်တွေမရှိတာကြောင့် ကြိုက်သလောက်သေ checkpoint ကနေပြန်စလို့ရပါတယ်။ဒါကြောင့်မို့လို့ အသက်အကန့်သတ်နဲ့ level အစကနေအကြိမ်ကြိမ်ပြန်ဆော့ရတဲ့ငြီးငွေ့မှုတွေလုံး၀မရှိတော့ပါဘူး။တစ်နေရာတည်းမှာခဏခဏသေရင်တောင် အစကပြန်မစရတာကြောင့် အကြိမ်ကြိမ်ကြိုးစားမိနေတာမျိုးပါ။
- [Replayability]
ဒီဂိမ်းက တစ်ခါအောင်ပြီးရင်အကြိမ်ကြိမ်ပြန်ဆော့ချင်လောက်အောင်လည်း ဆွဲဆောင်မှုရှိပါတယ်။အထူးသဖြင့် hardcore gamer တွေအတွက်ပေါ့။level တိုင်းမှာ electron လေးတွေကိုအကုန်လုံးကိုလိုက်ကယ်ရတာ၊ အဝါရောင် lazy lum လေးတွေကိုစုပြီး electron challenge တွေကိုအောင်အောင်လုပ်တာမျိုးတွေဆော့ပြီး game ကို 100% အောင်မြင်အောင်ဆော့လို့ရပါတယ်။ဒီလိုတွေလိုက်စုတာက new character skin တွေ unlock ဖြစ်စေသလို အခက်ဆုံး secret final world ပါပွင့်လာဦးမှာပါ။ဒါကြောင့် 100% complete ဖြစ်အောင်ကြိုးစားရတာကအလကားမဖြစ်ဘဲ reward တွေရှိနေတာကြောင့် အောင်ပြီးသွားရင်တောင်အစဆုံးနောက်တစ်ခါထပ်ဆော့ချင်အောင်ဆွဲခေါ်ထားနိုင်တာဖြစ်ပါတယ်။
Art design + Audio
××××××××××××××××
- [Art style] | 2 363 |
| 20 | Rayman Origins Compact (Android)
- Unofficial port
Link - https://gofile.io/d/AITJnu
Note - link ထဲ၀င်မရရင် vpn ခံ၀င်ပါ။စတုတ္ထမြောက်က Rayman file ကို download ဆွဲရပါမယ်။port အခြေနေကိုသိဖို့ review ရဲ့အောက်ဆုံးအပိုင်းကိုဖတ်ပါ | 2 450 |
