uk
Feedback
Android Zone

Android Zone

Відкрити в Telegram

Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

Показати більше

📈 Аналітичний огляд Telegram-каналу Android Zone

Канал Android Zone (@androidzone777) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 31 686 підписників, посідаючи 2 706 місце в категорії Ігри та 4 445 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 31 686 підписників.

За останніми даними від 05 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 1 055, а за останні 24 години на 59, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 12.81%. Протягом перших 24 годин після публікації контент зазвичай збирає 4.60% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 4 057 переглядів. Протягом першої доби публікація в середньому набирає 1 458 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 9.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

Завдяки високій частоті оновлень (останні дані отримано 06 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Ігри.

31 686
Підписники
+5924 години
+7257 днів
+1 05530 день
Архів дописів
Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT Plus📱
About Chat GPT
Gemini Pro 📱
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင်လဲ ⤵️ Admin💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

Ladies Don't Tempt Immortality (Android/iOS) Brother တို့စဉ်းစားကြည့်လိုက်။ကိုယ်က ထာ၀ရအသက်ကိုရဖို့နဲ့ နတ်ဘုရားဖြစ်ဖို့ရာ တရားကျင့်နေတဲ့ Cultivator ဗျာ။အဲ့တာကို တရားမရအောင် ကိုယ့်ကိုသဘောကျနေတဲ့ကောင်မလေးတွေက လာဖျားယောင်းကြတယ်။ကောင်မလေးတွေကလည်း တကယ့်ကိုချောပေ့ လှပေ့ဆိုတာလေးတွေချည်းဘဲ။ ဒါဆိုရင် တရားကျင့်မလား ကောင်မလေးတွေကိုသနားလို့ပြန်ကြိုက်လိုက်မလား။ Gameplay ပုံစံ ====== Five hearts under one roof လို dating simulation ဂိမ်းတွေကြိုက်ရင် ဒီဂိမ်းကိုလည်း လုံး၀အကြိုက်တွေ့ကြမှာပါ။ Five hearts under one roof က modern dating sim ဆိုရင်၊ အခုဂိမ်းကိုတော့ Xiuxian အမျိုးစားလို့ပြောရပါမယ်။ဒီလိုဂိမ်းတွေက FMV (full motion video) ဆိုတဲ့အတိုင်း တကယ့်သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းကိုဖန်တီးထားတာဖြစ်ပြီး စကားပြောခန်းတွေမှာ Player ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီး outcome တွေပြောင်းလဲကုန်ပါတယ်။gameplay ပုံစံက ဇာတ်လမ်းကိုစီးမျောရင်းနဲ့ dialogue တွေရွေးချယ်မှုလုပ်ရတယ်၊ screen မှာပေါ်တာလေးတွေလိုက်နှိပ်ပြီးဆော့ရုံပါဘဲ။Dialogue တွေမှာ ရွေးချယ်မှုတွေမှားသွားရင်လည်း နောက်ပြန်ဆုတ်ပြီး ပြန်လည်ရွေးချယ်လို့ရတော့ ကိုယ်ကတခြားကောင်မလေးတွေနဲ့ တွဲချင်ရင်လည်း ဂိမ်းကိုအစကနေပြန်ဆော့စရာမလိုပါဘူး။ Review ==== ဒီလို FMV dating sim တွေရဲ့ဆွဲဆောင်ချက်က ကောင်မလေးတွေကလွှင့်ပစ်စရာမရှိအောင်ကိုအရမ်းလှတာဘဲဗျ။သူတို့ရဲ့ချွဲနွဲ့ပုံလေးတွေ အမူယာလေးတွေ စကားပြောပုံလေးတွေက အမျိုးသားထုကြီးကိုအရည်ပျော်ကျသွားစေတာအမှန်ဘဲ။ဂိမ်းထဲမှာ admin ဆိုရင်လည်း စော်တွေကြားဗျာများနေပြီး ဘယ်သူ့ကိုအဝှာပြုလို့ ပြုရမှန်းမသိဘူး🫢။(ချစ်တာကိုပြောပါတယ်😂) နောက်ပြီး first person view ကနေဆော့ရတာဆိုတော့ ကောင်မလေးတွေနဲ့ မျက်နှာချင်းဆိုင်စကားပြောနေရတဲ့ခံစားချက်ကိုပေးတာဗျ။ တဖက်မှာ နတ်ဘုရားဖြစ်ဖို့ရည်မှန်းချက်၊ တခြားတစ်ဖက်မှာတော့ အချစ်ကိုရွေးချယ်ရတဲ့ပုံစံဖြစ်ပြီး ဒါတွေကို ဟာသတွေနဲ့ရောစပ်ထားတော့ ဆော့ရတာမပျင်းရဘူးပေါ့နော်။five hearts under one roof နဲ့မတူတာက ending ပိုင်းမှာ ကိုယ်သဘောကျတဲ့ကောင်မလေးတွေကို ရွေးချယ်လို့ရသလိုဘဲ၊ ဘယ်သူ့ကိုမှမရွေးချယ်ဘဲတရားကျင့်ပြီး နတ်ဘုရားဘ၀ကိုဘဲရောက်အောင်လုပ်သွားမလားဆိုပြီးရွေးချယ်ခွင့်ရှိတာပါ။ Admin ကတော့ တရားမရရင်နေပါစေ...ကောင်မလေးတွေကိုတော့အထီးမကျန်စေချင်ဘူး🫢။ လက်ရှိဆော့ကြည့်ရသလောက်တော့ chapter အသစ်တွေထပ်ဒေါင်းရတာမျိုးမရှိသေးပါဘူး။ပထမဂိမ်းထဲ၀င်၀င်ချင်း အင်တာနက်ဖွင့်ရပါမယ်။ iph တွေ mod မရလို့ဝယ်ဆော့ကြပါ။ ဒီဂိမ်းက အပေါ်မှာပြောသလိုဘဲ screen ပေါ်မှာပေါ်လာလေးတွေနှိပ်ဆော့ရပြီး ဇာတ်လမ်းအသားပေးတာဆိုတော့ ခလုတ်တွေဆက်တိုက်နှိပ်ပြီးဆော့ရတဲ့ non stop action ဂိမ်းတွေမျှော်လင့်နေသူတွေအတွက် ဒီဂိမ်းကအစိမ်းသက်သက်ကြီးဖြစ်နေသလို ပျင်းစရာလည်းကောင်းလိမ့်မယ်ဗျ။ Brother တို့ကော တရားကျင့်မလား မေတ္တာထားကြမလား🤣။ ==== Size - 1.8gb+ Type - offline Link - comment Minimum requirements - Android 8.0,Ram 4 ===== #FMV

Ladies Don't Tempt Immortality (Android) Mod info - unlock full version Link - https://apkvision.org/games/role-playing/ladie
+7
Ladies Don't Tempt Immortality (Android) Mod info - unlock full version Link - https://apkvision.org/games/role-playing/ladies-dont-tempt-immortality-133426/

Repost from PREMIUM SPACE
Telegram Premium ⭐️ Telegram Premium Update Price List ⭐️ ($ Plan) ---------------------------- 1 Month - 21000 Ks(Login) SMS
Telegram Premium ⭐️ Telegram Premium Update Price List ⭐️ ($ Plan) ---------------------------- 1 Month - 21000 Ks(Login) SMS Fee - 8500 Ks (Login)
Gift Plan ($) Within 10 Mins(Official)
3 Months -   56000 Ks⭐️ 6 Months -   76500 Ks⭐️ 12 Months - 132000 Ks⭐️ ကြာချိန် - 10 မိနစ်
Note - $ Gift Plan တွေဝယ်မယ်ဆိုရင် username တစ်ခုသာ ပေးဖို့လိုအပ်ပါတယ်။✅
Mmk Link
3 Months - 49000 Ks 6 Months - 70000 Ks 12 Months - 120000 Ks ကြာချိန် - (၁နာရီအတွင်း) Telegram Premiumအပြင် အခြားဝယ်ယူချင်တဲ့Itemတွေရှိရင်လဲ         ⤵️ 💘@ZoYENix💸 မှာစုံစမ်းဝယ်ယူနိုင်ပါတယ်။ Telegram Premium နဲ့ပတ်သက်ပြီးသိချင်ရင် အောက်က Linkကတစ်ဆင့်ဝင်ကြည့်နိုင်ပါတယ်။ https://t.me/PremiumSpaceMM/1249

Brother တို့ကော ဒီဂိမ်းကိုအရင်ကဆော့ဖူးကြလား။ဆော့ဖူးရင် pro tips လေးတွေ အတွေ့ကြုံလေးတွေပြော်ဲ့ဦး။အခုမှစဆော့တဲ့သူတွေဆိုရင်လည်း စဆော့ပြီး ဂိမ်းကိုဘယ်လိုမြင်မိလဲ first impression လေးတွေရေးခဲ့ပါဦး😁 ===== Size - 400mb Type - offline Link - comment Minimum requirements - Android 5.0,Ram 2 ===== #Tycoon #Simulation

Roller Coaster Tycoon Classic (Android/iOS) ဒီတစ်ခါတော့ဂေါင်းကြီးတို့က စီးပွားရေးသမားကြီးလုပ်ရမှာပါ။ရယ်လည်းရယ်ရ အရမ်းလည်းအသေးစိတ်ကျတာမို့လို့ city-building, simulation management ဂိမ်းတွေရှာနေသူတွေအကြိုက်တွေ့ကြမှာပါ။ Gameplay ======= ဒီကောင့်ရဲ့ gameplay က အစပိုင်းမှာ တခြား simulation ဂိမ်းတွေလို ပိုက်ဆံအလကားပေးထားတာမဟုတ်ဘဲ ဘဏ်ကနေအကြွေးစနစ်နဲ့ပေးထားတာဗျ။ဒီချေးထားတဲ့ငွေတွေနဲ့ ကျနော်တို့ပိုင်တဲ့ park ကြီးကို ကစားကွင်းအဖြစ်ပြောင်းလဲရမှာပါ။ ဂိမ်းနာမည်က roller coaster tycoon ဆိုပေမယ့် player အနေနဲ့ roller coaster တွေတင်မကဘဲ ချားတွေ ၊ ရဟတ်တွေ ၊သရဲအိမ်တွေ ၊ရေပေါ်ကစားနည်းတွေအစုံဆောက်ပြီး ပိုက်ဆံရှာရတာပါ။ကိုယ်ဆောက်ထားတဲ့ အဆောက်အဦးရဲ့၀င်ကြေးတွေကိုလည်းစိတ်ကြိုက်သတ်မှတ်လို့ရပါတယ်။ ဂိမ်းထဲမှာသာမာန်အဆောက်အဦး ကစားစရာလေးတွေဆောက်တာ ပြဿနာသိပ်မရှိပေမယ့် roller coaster တွေဆောက်ပြီဆိုရင်တော့ ဂိမ်းရဲ့ physics ပိုင်းကစကားပြောလာပါတယ်။roller coaster တွေရဲ့အလုပ်လုပ်ပုံက ပထမအမြင့်ဆုံးနေရာကနေ အရှိန်ယူပြီးဆင်းတဲ့ပုံစံပါ။အဲ့တာကိုမသိဘဲ ပထမဆုံးတောင်ကုန်းနေရာကနိမ့်နေပြီး နောက်တစ်နေရာကအဲ့ထက်မြင့်နေတဲ့ပုံဆောက်ထားရင် အပေါ်ကိုဆက်မတက်တော့ဘဲ ရပ်နေတာမျိုး၊ နောက်ကိုပြန်လှိမ့်သွားတာမျိုးတွေဖြစ်ပါတယ်။ဒါဆိုရင် မောင်းတဲ့အရှိန်မြှင့်ပစ်လိုက်မှာပေါ့လို့ပြောစရာရှိပေမယ့် အရှိန်အရမ်းမြန်တဲ့အခါမှာ ကွေ့တွေ၊ အတက်တွေမှာ အရှိန်လွန်လမ်းချော်ပြီးမြေပြင်ပေါ်ကျသွားပြီး လူသေတာတွေအထိဖြစ်တာပါ။ဒီလို‌တွေဖြစ်ပါများလာရင် ကစားကွင်းရဲ့ rating ကျလာပြီး လူတွေမလာတော့ဘဲအရှုံးပေါ်သွားပါတယ်။ Unique Features များ ===== ဒီလိုဆောက်ရတာတွေကတခြား simulation ဂိမ်းမှာလည်းပါတာဘဲ ဘာထူးဆန်းလို့လဲမေးစရာရှိလိမ့်မယ်။ ဒီဂိမ်းက Tycoon ဂိမ်းပီပီ လုံး၀စီးပွားရေးသမားတစ်ယောက်လိုတွေးခေါ်ရပြီး npc တွေဆီကငွေညှစ်ရတာဗျ။ဥပမာ-ကျနော်တို့က park ထဲမှာထီးဆိုင်ဖွင့်လိုက်မယ်ဆိုပါစို့။သာမာန်အချိန်မှာ ထီးတစ်ချောင်းကို 2$ နဲ့ရောင်းတယ်ဆိုပေမယ့် မိုးရွာချိန်ကျရင် ထီးတစ်ချောင်းကို 20$ ထိတင်ရောင်းလိုက်လို့ရတယ်။လူတွေကလည်း မိုးစိုမှာကြောက်တော့ အောင့်သက်သက်နဲ့ဘဲ 20$ ပေးပြီး၀ယ်သွားကြတာပေါ့😆။ နောက်ပြီး ကစားစရာတစ်ခုစီတိုင်းမှာ Excitement level,intensity level နဲ့ Nausea level ဆိုပြီးရှိကြတယ်။Exciment level များပြီး ကစားစရာက popular ဖြစ်နေချိန်မှာဆို အဲ့ကစားစရာအတွက်ပိုက်ဆံတိုးကောက်လိုက်လို့ရပါတယ်။Intensity level မြင့်နေရင်တော့ လူတွေကကြောက်လို့မစီးရဲကြတော့ဘူး။Nausea မြင့်နေတဲ့ဟာတွေဆိုရင် လူတွေစီးပြီးတဲ့အခါ ကစားကွင်းထဲမှာပျို့အန်တာတွေဖြစ်ကုန်ရော။အဲ့ကျရင် သန့်ရှင်းရေးလုပ်ဖို့ရာ အလုပ်သမားတွေခန့်ရတာ၊ အမှိုက်ပုံးတွေထားပေးရတာတွေလုပ်ရပါတယ်။နောက်ပိုင်း လူများလာချိန်မှာဆို တချို့လူတွေက အကြောင်းအမျိုးမျိုးကြောင့် Angry ဖြစ်သွားချိန်ဆိုရင် ကစားကွင်းထဲကခုံတွေရိုက်ချိုးတာမျိုး ပစ္စည်းတွေဖျက်ဆီးတာမျိုးတွေလုပ်ကြတယ်။အဲ့တာမျိုးတွေအတွက်လည်း guard တွေ security တွေခန့်ရပါတယ်။ နောက်ပြီးတော့ ဒီဂိမ်းထဲမှာ အလှဆင်တဲ့ပစ္စည်းတွေကလည်း တခြားဂိမ်းတွေလိုအလကားဖြစ်‌ေနတာမဟုတ်ဘဲ excitement level ကိုမြင့်ပေးတယ်။ဥပမာ သရဲအိမ်နားမှာ Halloween ဆန်တဲ့အပြင်အဆင်တွေချပေးထားတာမျိုး အဲ့နားမှာဘဲကျားရုပ်ထဲ၀င်ပြီးသရုပ်ပြမဲ့ joker တွေငှားပြီးထားထားတာမျိုးတွေက သရဲအိမ်ရဲ့ popularity ဖြစ်မှုကိုကျမသွားစေဘူးပေါ့။ဂိမ်းထဲမှာ feature တွေကအများကြီးဘဲ..ရေးမယ်ဆို စာတော်တော်ရှည်သွားလိမ့်မယ်။ Review ====== ဒီဂိမ်းက micro management လုပ်ရလို့လွယ်ကူတဲ့ထဲတော့မပါပေမယ့် ဆော့ရတာတော်တော်လေး fun ဖြစ်တာပေါ့နော်။အထူးသဖြင့် npc တွေဆိုရင် မိုးရွာရင် ခပ်သုတ်သုတ်ပြေးနေကြတာတွေ နေရာတကာမှာလိုက်အန်နေတဲ့အသေးစိတ်တွေထိပါပြီး သူတို့ကိုကြည့်ရတာတော်တော်လေးရယ်ရတယ်။ကလေးတွေဆိုရင်လည်း ကစားပြီးရင်ခုန်ပေါက်ပြီးပြန်ထွက်လာတာမျိုး၊ ပျော်လို့အော်ဟစ်နေကြတာတွေက ဂိမ်းကိုပိုပြီးအသက်၀င်သလို "အော်..ငါဆောက်ထားတဲ့ကစားကွင်းကြီးမှာ ပျော်နေကြတာဘဲ" ဆိုတဲ့ စိတ်ကျေနပ်မှုကို‌လည်းပေးပါတယ်။ ဒီဂိမ်းက Scenario ပုံစံနဲ့ level တစ်ခုချင်းဆော့ရတာဖြစ်ပြီး level တစ်ခုစီတိုင်းမှာ challenge အသစ်တွေ feature အသစ်လေးတွေ ထပ်တိုးလာလို့ဆော့ရတာပျင်းစရာတော့မကောင်းပါဘူး။ ဒီလောက်မိုက်တဲ့ဂိမ်းက sandbox mode မပါလို့ Player တွေက sandbox ထည့်ပေးဖို့တောင်းဆိုခဲ့ကြပေမယ့်လည်း ဂိမ်းဖန်တီးသူ Chris Sawyer ကတော့ ဒီလိုဂိမ်းမျိုးကို ပိုက်ဆံကြိုက်သလောက်သုံးနိုင်တဲ့ sandbox mode ထည့်ပေးလိုက်ရင် ခဏလေးနဲ့ရိုးအီသွားမှာစိုးလို့ ထည့်မပေးတာလို့ပြောပါတယ်။ Chris Sawyer ဆိုလို့ ဂိမ်းထဲမှာ npc တစ်ယောက်ရဲ့နာမည်ကို Chris Sawyer ဆိုတဲ့နာမည်ပေးလိုက်ရင် အဲ့ npc ကဘာမှလိုက် မကစားတော့ဘဲ ကစားကွင်းကိုဖုန်းနဲ့ဓာတ်ပုံပါတ်ရိုက်နေတဲ့ Easter egg ပါပါတယ်။တခြား Easter egg တစ်ခုလည်းရှိသေးတယ်ဆိုပေမယ့် စာလည်းရှည်နေပြီ ရေးရင်းနဲ့လည်းပျင်းလာလို့ ဒီလောက်ပါဘဲ။

Roller Coaster Tycoon Classic (Android/iOS) Android - https://apkvision.org/games/strategy/rollercoaster-tycoon-classic-4924/
+8
Roller Coaster Tycoon Classic (Android/iOS) Android - https://apkvision.org/games/strategy/rollercoaster-tycoon-classic-4924/ iOS - https://iosvizor.com/games/simulation/rollercoaster-tycoon-classic-plus/ Note - iph မကိုင်ဘူးလို့ IPA file install တင်နည်းကိုမသိပါဘူး။Ai ကိုမေးကြည့်ကြပါ iOS သမားများ

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT Plus📱
About Chat GPT
Gemini Pro 📱
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင်လဲ ⤵️ Admin💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

သူတို့ပါခေါင်းမှာအချွန်တက်တွေပေါက်လာတာပါ။ဒီလို မျိုးစပ် slime တွေကို Largo slime လို့ခေါ်ပါတယ်။player ကအဲ့အချက်ကိုအသုံးချပြီး ဈေးကြီးတဲ့ plort တွေရမဲ့ slime အသစ်တွေ ထူးထူးဆန်းဆန်း slime မျိုးစိတ်အသစ်တွေကို ကိုယ့်စိတ်ကြိုက် လျှောက်ပြီးမျိုးစပ်ပစ်လို့ရပါတယ်။တခါတလေတော့ လက်လွန်ကြက်သွန်တွေဖြစ်သွားပြီး ရန်လိုတတ်တဲ့ slime တွေလည်းထွက်လာတတ်ပါတယ်။တစ်ခုသတိထားရမှာက Slime တစ်ကောင်က မတူညီတဲ့ Plort နှစ်ခုကိုစားမိတဲ့အခါမှာ Monster slime အဖြစ်ပြောင်းလဲသွားတာပါ။ဒီကောင်တွေကို Tarr လို့ခေါ်ပြီး အဲ့ကောင်တွေက ခြံထဲကဟာတွေအကုန်လိုက်ဖျက်ဆီးသလို တခြား slime ကောင်တွေကိုပါ zombie virus လိုကူးစက်ကုန်တာပါ။ဒါကြောင့် chill ဂိမ်းဆိုပေမယ့်လို့ ဆော့ရတာ challenge တော့ဖြစ်ပါတယ်။ Upgrade system နဲ့ npc များ ==== အစပိုင်းမှာ slime တွေအစာကျွေးလိုက် plort တွေရောင်းလိုက်နဲ့ဘဲဆိုပေမယ့် နောက်ပိုင်းရောက်လာတဲ့အခါ science tab တွေပွင့်အောင်လုပ်ပြီး world ထဲ resources တွေကနေတစ်ဆင့် အသုံး၀င်မဲ့ ပစ္စည်းတွေကို craft လုပ်နိုင်မှာပါ။နောက်ပြီး world ထဲက သူတို့ကိုယ်ပိုင်နယ်မြေတွေမှာ မွေးမြူရေးလုပ်နေတဲ့ npc တွေကလည်း Range Exchange ကနေတစ်ဆင့် " ငါ့ကို slime ဘယ်နှစ်ကောင်နဲ့ ဘယ်ပစ္စည်းတွေကိုပို့ပေး" ဆိုပြီး quest တွေလာပေးပါတယ်။သူတို့ပေးတဲ့ quest တွေလုပ်ပေးတဲ့အခါမှာ ကိုယ့်ကိုလည်း တန်ဖိုးရှိတာတွေပြန်ပေးပါတယ်။ဒီထဲမှာ နောက်ပိုင်းရောက်လေလုပ်စရာတွေကျယ်ပြန့်လာလေပါဘဲ။‌စာအရမ်းရှည်မှာစိုးလို့ ကျန်တဲ့ feature တွေကို brother တို့ဆော့ကြည့်ရင်းလေ့လာလိုက်ပါ။ Review ====== ဒီဂိမ်းကိုအပြင်ပိုင်းကြည့်လိုက်ရင် မွေးမြူရေးလုပ်ရတာတစ်ခုဘဲ ဘာလို့အဲ့လောက်တောင်လူကြိုက်များနေလဲဆိုပြီးမေးစရာရှိတယ်။တကယ်ဆော့ကြည့်လိုက်ရင် ဒီဂိမ်းက အရမ်းကို satisfied ဖြစ်ပြီး Player ကို dopamine အရမ်းပေးတာဗျ။အပေါ်မှာပြောသလို slime လေးတွေကလည်းချစ်စရာကောင်းပြီး ဗိုက်ဆာနေချိန်ဆိုရင် မျက်နှာလေးတွေကသနားစရာပုံစံလေးတွေဖြစ်သွားသလို အစာကျွေးလိုက်ရင် မျက်လုံးလေးတွေမှိတ်ပြပြီးပျော်နေသေးတာ။အထူးသဖြင့် Tabby slime လို့ခေါ်တဲ့ ကြောင် slime တွေဆိုရင် လူနားကိုသူတို့ကိုယ်လုံးလေးနဲ့တိုးဝှေ့ပြီး လာချွဲတာက player ကိုတော်တော်လေးအရည်ပျော်စေတာပါ။ပြောရရင် သူတို့ပုံကချစ်စရာအရမ်းကောင်းနေတော့ ကိုယ့်ကို damage ထိစေတဲ့တချို့ slime တွေကိုတောင်အပြစ်မမြင်ရက်ဘူး။နောက်ပြီး သူတို့တွေခုန်တဲ့အခါ "ဘလော့ ဘလော့" နဲ့ထွက်လာတဲ့အသံလေးတွေကအစ player ရဲ့နားထဲမှာဆွဲကျန်နေပြီး ဘာမှမလုပ်ဘဲ သူတို့ဆော့နေတာကိုထိုင်ကြည့်နေရတာကို relax ဖြစ်စေတာပါ။ Open world ကြီးဖြစ်တာကြောင့် player ကလွတ်လပ်မှုအပြည့်ရပြီး နယ်မြေအသစ်တွေလိုက်ရှာတဲ့အခါမှာ ဘယ်နေရာမှာ ဘယ်လို slime အသစ်တွေတွေ့ရဦးမလဲဆိုပြီး အမြဲတန်းစိတ်လှုပ်ရှားနေရတာပါ။ Mobile port ကိုတော့ PC ဂိမ်းတွေ mobile ပေါ်ပို့ပေးနေကျ playdigious ကဖြစ်လို့ graphic quality မကျသွားသလို ဆော့ရတာကလည်းအရမ်း smooth ဖြစ်ပါတယ်။touch screen control ပိုင်းကလည်း fluid ဖြစ်ပြီး fully controller support ပေးတာကြောင့် controller နဲ့ဆော့ရင် console experience ကိုရစေမှာပါ။playdigious ဆိုတာ optimization ပိုင်းမှာလည်းဆရာတစ်ဆူဖြစ်တာကြောင့် low device တွေလည်း graphic လျှော့ဆော့ရင် heating issues တွေမကြုံရဘဲ အေးဆေး run နိုင်ပါတယ်။ ==== Size - 582mb Type - offline Minimum requirements - Android 10,Ram 4, Snapdragon 700+ Controller support - yes ===== #Survival #Adventure

Slime Rancher (Android/iOS) Admin ကိုယ်တိုင်အရမ်း Hype နေတဲ့ PC ပေါ်ကဂိမ်းက mobile ပေါ်ကို official ထွက်လာခဲ့ပါပြီ။အရင်က unofficial port တွေရှိပေမယ့် error ပေါင်းသောင်းခြောက်ထောင်နဲ့မို့ဆော့ရတာအဆင်မပြေခဲ့ပါဘူး။ဒီဂိမ်းက PC ပေါ်မှာလူကြိုက်များသလို အရမ်းကို chill လို့လည်းကောင်း relax လည်းဖြစ်သလို adventure ဂိမ်းရဲ့အရသာကိုပါမပျက်သွားလို့ ဆော့ကြည့်ကြဖို့ highly recommend ပေးချင်ပါတယ်။ Story (Spoiler alert) ==== အစက ဇာတ်လမ်းကို မပြောပြတော့ဘူးလုပ်ပေမယ့်လည်း developer ‌တွေပေးချင်တဲ့ message က လေးနက်လွန်းလို့ ဇာတ်လမ်းအစဆုံးကိုအကျဉ်းချုပ်ပြောပြဖို့ဖြစ်သွားတာပါ။ ကမ္ဘာမြေကနေ အလင်းနှစ်တစ်ထောင်ကွာဝေးတဲ့ Far,Far Range ဆိုတဲ့ဂြိုလ်ကို Beatrix ဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။player ကသူ့နေရာကနေ ကစားရမှာပါ။ဂိမ်းဆော့ရင်းနဲ့ Beatrix ဆီကို ကမ္ဘာပေါ်မှာကျန်နေခဲ့တဲ့ သူ့ရဲ့ချစ်သူ Casey က mail တွေနဲ့စာတွေအချိန်မှန်မှန်ပို့ပေးပါတယ်။ဒီစာတွေကနေတစ်ဆင့် Beatrix နဲ့ Casey ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်ပြီး ကမ္ဘာပေါ်မှာတုန်းက သူတို့နှစ်ယောက်ဟာ ဂီတပွဲတွေမှာဖျော်ဖြေပေးသူတွေဆိုတာသိလိုက်ရပါတယ်။တစ်ချိန်မှာတော့ Beatrix ဟာ ရိုးရှင်းလွန်းတဲ့သူ့ရဲ့ဘ၀ကိုစိတ်ကုန်လာပြီး စွန့်စားခန်းအသစ်တွေလုပ်ဖို့ရာ Far,Far Range ဆိုတဲ့ဂြိုလ်ကိုထွက်လာခဲ့ပါတယ်။ချစ်သူဖြစ်သူ Casey ကတော့ ကမ္ဘာပေါ်မှာကျန်ခဲ့တာပေါ့။ Far,Far Range ဂြိုလ်ပေါ်ကတစ်ခြားသူတစ်ယောက် ====== Beatrix ဟာ ဂြိုလ်ပေါ်မှာ slime တွေမွေး နယ်မြေသစ်တွေရှာဖွေရင်းနဲ့ သူ့မတိုင်ခင် ဒီဂြိုလ်ပေါ်ကိုအရင်ရောက်ခဲ့တဲ့ Hobson ဆိုတဲ့လူကြီးချန်ထားခဲ့တဲ့ မှတ်တမ်း(logs) တွေကိုရှာတွေခဲ့ပါတယ်။ဒီမှတ်တမ်းတွေကနေတစ်ဆင့် Hobson ဆိုတာလည်း Beatrix လိုမျိုး စကြ၀ဠာကြီးကိုရှာဖွေမှုတွေလုပ်ချင်တဲ့သူဖြစ်ပြီး Far,Far Range ဂြိုလ်မှာဆယ်စုနှစ်ကျော်နေထိုင်ရင်းနဲ့ ဂြိုလ်တစ်ဖက်ခြမ်းက Thora ဆိုတဲ့ကောင်မလေးနဲ့ Email တွေပို့ဖြစ်ခဲ့ကြပြီး သံယောဇဉ်တွေနက်ရှိုင်းလာခဲ့ပါတယ်။ဒီဂိမ်းရဲ့ Ending နေရာဖြစ်တဲ့ The Glass Desert ဆိုတဲ့နေရာကို Hobson ရှာတွေ့သွားတော့ အဲ့နေရာမှာ အလင်းနှစ်ထောင်ချီဝေးတဲ့နေရာတွေကို teleport လုပ်ပြီးချက်ချင်းသွားနိုင်မယ့် "Ancient Teleporter" ကြီးကိုလည်းတွေ့လိုက်ရပါတယ်။ အဲ့အချိန်မှာ Hobson စဉ်းစားတယ်။သူ့အနေနဲ့ ဒီ Ancient Teleporter ကြီးကိုသုံးပြီး သူ၀ါသနာပါတဲ့စကြာ၀ဠာကြီးကိုရှာဖွေမှုတွေပိုလုပ်နိုင်မယ်။ဒါပေမယ့် တစ်ဖက်မှာလည်း ချစ်ရသူ Thora နဲ့ဝေးသထက်ဝေးသွားမယ်။နောက်ဆုံးမှာတော့ စကြာ၀ဠာကိုရှာဖွေပြီးအချိန်ကုန်ဆုံးတာထက် ချစ်ရသူနဲ့အတူတူဘ၀ကိုဖြတ်သန်းရတာက ပိုပြီးတန်ဖိုးရှိတယ်ဆိုတာသဘောပေါက်သွားပါတယ်။ဒါကြောင့် သူဖြစ်ချင်တာကိုစွန့်လွှတ်ပြီး ကမ္ဘာတစ်ဖက်ခြမ်းက Thora နဲ့ဘဲအချိန်တွေကုန်ဆုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ တစ်ဖက်ကBeatrix နဲ့ Casey တို့မှာလည်း ဂိမ်း ending ပိုင်းမှာ ကမ္ဘာမြေမှာကျန်ခဲ့တဲ့ Casey က "Beatrix ရဲ့ရွေးချယ်မှုကိုအပြစ်မမြင်ကြောင်း၊ဘယ်လောက်ဘဲဝေးပါစေ အချစ်တွေမပျက်‌ကြောင်းနဲ့၊ဘာတွေဘဲဖြစ်လာဖြစ်လာ အမြဲတန်းသူ့ရဲ့အနောက်မှာရှိနေမှာဖြစ်ကြောင်း"စာပို့လာပါတယ်။ Developer တွေပေးချင်တဲ့ message ===== Brother တို့ story ကိုဖတ်ကြည့်လိုက်ရင် Beatrix နဲ့ Hobson တို့အဖြစ်က ဆန့်ကျင်ဘက်တွေဆိုတာသတိထားမိလိမ့်မယ်။တစ်ယောက် ချစ်ရသူကိုရွေးချယ်ခဲ့တယ်..တစ်ယောက်ကတော့ သူ့ဝါသနာကိုရွေးချယ်ခဲ့တယ်။ အနေဝေးကွာနေပါစေ သို့မဟုတ် အတူရှိနေပါစေ၊ တစ်ယောက်နဲ့တစ်ယောက်အပြန်အလည်နားလည်မှုနဲ့ ချစ်ရသူတွေကိုတန်ဖိုးထားဖို့လိုပါတယ်။လက်တွေ့ဘ၀မှာလည်း ရည်မှန်းချက်နောက်ကိုလိုက်နေတာ စီးပွားတွေကုန်းရုန်းရှာနေတာနဲ့ အချိန်မကုန်သင့်ဘဲ အနီးနားကသူငယ်ချင်း ချစ်ရသူတွေ မိသားစုတွေကိုလည်းတန်ဖိုးထားအချိန်ပေးဖို့လိုတယ်ဆိုတာကို dev တွေက message ပေးချင်တာဖြစ်ပါတယ်။ Gameplay ======== Admin ဒီကောင့်ရဲ့ gameplay ကိုမပြောခင်မှာ ဂိမ်းရဲ့ဆွဲဆောင်မှုရှိတဲ့အချက်လေးတွေကိုအရင်ပြောပြချင်တယ်။အဓိက ဆွဲဆောင်မှုတွေထဲကတစ်ခုက ဂြိုလ်ပေါ်က slime လေးတွေရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေပေါ့နော်။သူတို့ရဲ့ပုံစံက အရည်ရွှမ်းရွှမ်း လုံးလုံးဝိုင်းဝိုင်းနဲ့ အူယားစရာလေးတွေ။အဓိက gameplay core ကလည်း slime လေးတွေကိုမွေးပြီးပိုက်ဆံရှာရတာပါ။ ကိုယ်မွေးထားတဲ့ slime တွေကို သစ်သီးတွေ အသားတွေ သူတို့ကြိုက်တဲ့စားစရာတွေကျွေးတဲ့အခါမှာ သူတို့က plort ဆိုတဲ့အရာလေးတွေစွန့်ထုတ်ပေးတယ်။အဲ့ plort တွေကိုပြန်ရောင်းရင် ပိုက်ဆံရပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ ခြံတိုးချဲ့တာတွေနဲ့ ကိုယ့်ရဲ့ gadget တွေကို upgrade လုပ်ရတာပါ။ Slime တွေကိုမျိုးစပ်ခြင်း ===== Far,Far Range ဆိုတဲ့ဂြိုလ်ကြီးပေါ်မှာ slime မျိုးစိတ်တွေအများကြီးရှိနေပြီး ထူးခြားတာတစ်ခုက Slime မျိုးစိတ်တစ်ခုရဲ့ plort တွေကို တစ်ခြား slime မျိုးစိတ်တစ်ခုက စားမိရင် နောက်ထပ် Slime မျိုးစိတ်အသစ်တစ်ခုဖြစ်သွားတာပါ။ဥပမာ ခေါင်းမှာအချွန်အတက်တွေပါတဲ့ rock slime တွေရဲ့ plort ကို Pink slime တွေက စားမိရင်

Slime Rancher (Android) Link - https://apkvision.org/games/action/slime-rancher-106836/ iOS တွေ၀ယ်ဆော့ရပါမယ်။
+8
Slime Rancher (Android) Link - https://apkvision.org/games/action/slime-rancher-106836/ iOS တွေ၀ယ်ဆော့ရပါမယ်။

ကိုသေချာလိုက်ဖတ်မယ်ဆိုရင်လည်း စုန်းမရဲ့ personality က ဂျစ်ကန်ကန်၊ အတ္တကြီးသလိုဖြစ်နေပေမယ့်လည်း တကယ်တန်းသူ့ရဲ့လုပ်ရပ်တွေ၊ကူညီမှုတွေက စိတ်ထားကောင်းတယ်ဆိုတာပြနေပါတယ်။ဒါတွေဘာလို့ထည့်ပြောလဲဆိုရင် game ဆိုတာအနုပညာဆိုသလို developer တွေရဲ့အားစိုက်မှုကိုသိစေချင်လို့ပါ။ Cinematic အလန်းစားတွေနဲ့ဇာတ်လမ်းကိုဖော်ပြတာမဟုတ်ဘဲ dialogue တွေကနေတစ်ဆင့် story ကိုသိရတာပါ။ဒါကြောင့် cutscene တွေမှာဆိုရင်လည်း ရုပ်ပြစာအုပ်တစ်ခုကိုဖတ်နေသလိုခံစားနေရတာပါ။admin လိုသောက်ပျင်းတွေကတော့ အကုန်ကျော်မယ်ဆိုတာသိပါတယ်။ Gameplay ပိုင်းကိုသဘောကျမိပေမယ့်လည်း mobile port အတွက်ကတော့ perfect ဖြစ်နေတာတော့မဟုတ်ဘူးဗျ။အထူးသဖြင့် control ပိုင်းမှာ နည်းနည်းလေးလိုအပ်ချက်ရှိနေပြီး joystick က fixed ဖြစ်နေတော့ control ကကိုယ့်နောက်မလိုက်သလိုခံစားရတာပေါ့။တခါတလေ control ကိုနှိပ်လိုက်ပေမယ့်လည်း character က react မလုပ်တာတော့ရှိပါတယ်။ဒါကလည်း တခါတလေမှပါ..ပြန်ထွက်ပြီးပြန်၀င်လိုက်ရင်အဆင်ပြေပါတယ်။ Personally ခံစားချက်ကတော့ cozy ဖြစ်တယ်..တစ်ဖက်မှာလည်း adventure vibe ကိုခံစားမိပါတယ်။art work လေးကလည်း mobile ဂိမ်းတစ်ခုအတွက်အရမ်းလှပြီး စာအုပ်လေးတစ်အုပ်အပေါ်မှာလမ်းလျှောက်နေရတဲ့ခံစားချက်ကိုပေးမှာပါ။ ===== Size - 1.13gb Type - offline Minimum requirements - Android 11+,Ram 4, Snapdragon 700+ ==== #Adventure #Cozy

Wytchwood (Android/iOS) Repost ရုပ်ရှင်တွေ animation တွေမှာ စုန်းမကိုကောက်ကျစ်တဲ့ character အဖြစ်ပုံဖော်ထားတာများပေမယ့် ဒီဂိမ်းထဲမှာတော့ထူးထူးဆန်းဆန်း ကိုယ်ကစုန်းမနေရာကနေကစားရမှာပါ။Diseny animation တွေထဲကလို fairytale ကမ္ဘာကြီးထဲမှာဇာတ်လမ်းတွေဖြစ်ပျက်နေတာကြောင့် visual ပိုင်းတွေ character design တွေက unique ဖြစ်နေပါတယ်။ အရင်တုန်းကတစ်ခါတင်ဖူးပေမယ့် review သေချာမလုပ်ပေးလိုက်ရတာကြောင့်ကော အခု YouTube video ထဲမှာဒီဂိမ်းကိုထည့်ချင်တာကြောင့်ပါ နောက်တစ်ခါတင်ဖြစ်သွားတယ်ဆိုပါတော့လေ။ Story ==== စုန်းမကြီးရဲ့အိမ်ဘေးအနီးနားက The Shrine ဆိုတဲ့နေရာမှာ အိပ်ပျော်နေတဲ့မင်းသမီးလေး "Sleeping Maiden" ရှိပါတယ်။တစ်ဖက်က ကျနော်တို့ဆော့ရမဲ့စုန်းမကြီးကတော့ memory lost ဖြစ်ပြီး မှတ်ဉာဏ်တစ်ချို့ပျောက်ဆုံးနေပါတယ်။တစ်ရက်မှာစုန်းမဆီကို ဆိတ်နက်ကြီးတစ်ကောင်ကရောက်လာခဲ့ပြီး အကြောင်းကတော့ တချိန်ကစုန်းမကြီးကသူ့ကိုပေးထားတဲ့ ကတိကြောင့်ပါ။စုန်းမကြီးအနေနဲ့ ခုနကအိပ်ပျော်နေတဲ့မင်းသမီးလေးကို နိုးထအောင်လုပ်ပေးမယ်လို့ကတိပေးထားပါတယ်။မင်းသမီးလေးကို နိုးထစေဖို့ဆိုရင် ဒီကမ္ဘာကြီးထဲက သတ္တဝါကြီးတွေရဲ့ ဝိဉာဉ်ဆယ့်နှစ်ခုကိုလိုက်ယူဖို့လိုပါတယ်။စုန်းမအနေနဲ့ မှတ်ဉာဏ်တွေပျောက်နေပေမယ့်လို့ သူပေးထားတဲ့ကတိဖြစ်နေတာကြောင့် ဝိဉာဉ်တွေကိုယူပြီး မင်းသမီးလေးကိုပြန်လည်နိုးထစေဖို့ လုပ်ပေးရမှာပါ။ ဂေါင်းကြီးတို့ဒီ story ကိုဖတ်ပြီး Disney ရဲ့ sleeping beauty နဲ့တူတယ်လို့ထင်မိကြလိမ့်မယ်။တကယ်တန်းအဲ့ထက်ကို dark ဖြစ်တဲ့ ဇာတ်လမ်းအလှည့်ပြောင်းတွေက မင်းသမီးနိုးထလာတဲ့အချိန်မှာသိလိုက်ရတာဘဲ။ဒီမင်းသမီးအိပ်ပျော်သွားတဲ့ နောက်ကွယ်ကအဖြစ်ပျက်တွေက ထင်ထားတာထက်ကို player ကို shock ရစေမှာပါ။ Gameplay Review ======= အမှန်တိုင်းပြောရရင် ဒီဂိမ်းကို action အကြမ်းတမ်းတွေကြိုက်တဲ့ admin တောင်သဘောကျမိတယ်။gameplay ပုံစံကိုမြင်သာအောင်ပြောရရင် Don't Starve ကိုမှ cozy ဖြစ်တဲ့ version လေးပေါ့နော်။ဓားတွေ လက်သီးတွေသုံးပြီး combat တွေနဲ့တိုက်ခိုက်ရတာထက် စုန်းမပီပီ spell တွေ မန္တာန်တွေအသုံးပြီး enemy တွေကိုရင်ဆိုင်ရတာပါ။ဒီဂိမ်းရဲ့ ထူးခြားတဲ့အချက်က "witch eye" ဆိုတဲ့အရာပါတာဖြစ်ပြီး player အနေနဲ့ witch eye ကိုအသုံးပြုပြီး enemy တွေရဲ့အားနည်းချက်တွေနဲ့ ပတ်၀န်းကျင်ကပစ္စည်းတွေကို ဘယ်လိုအရာကိုအသုံးပြုပြီးယူရမလဲဆိုတာ သိနိုင်ပါတယ်။ ဥပမာ မြက်‌‌ခြောက်တွေကိုလိုချင်ရင် witch eye နဲ့မြက်ခြောက်ကိုထောက်ကြည့်လိုက်ပါ.. weakness က shred ဆိုပြီး ကတ်ကြေးပုံလေးနဲ့ပြပါတယ်။အဲ့အခါမှာ ကိုယ်က ကတ်ကြေးကို craft ဖို့ရာလိုအပ်တဲ့ resources တွေကို world ထဲမှာလိုက်ရှာရပါမယ်။ အဲ့လိုဘဲ အသက်၀င်နေတဲ့သစ်ပင်ကြီးကိုနှိမ်နင်းဖို့ရာ ဆိုရင် သူ့ရဲ့အားနည်းချက်ကို witch eye နဲ့ကြည့်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို world ထဲမှာလိုက်ရှာရပါတယ်။ အစပိုင်းမှာ ပစ္စည်းတွေက craft ရတာရိုးရှင်းပေမယ့်လည်း နောက်ပိုင်းမှာအဆင့်ဆင့် craft ရတဲ့ chain crafting ပုံစံဖြစ်တာလာတာပါ။ဥပမာ ကျနော်တို့က သတ္တဝါတစ်ကောင်ကိုပညာပေးဖို့ရာ spell တစ်ခုလိုအပ်ပါတယ်၊အဲ့ဒီ spell ကိုရဖို့ရာလိုအပ်တဲ့ပစ္စည်းကို world ထဲက တခြားအကောင်တွေကိုထောက်ချောက်ဆင်ဖမ်းတာမျိုး ပစ္စည်းတွေလိုက်ရှာတာမျိုးနဲ့ရှာရတာပါ။ပါ၀င်ပစ္စည်းတွေကိုလည်း Grimorie ဆိုတဲ့ စုန်းမရဲ့လက်ဆွဲတော်စာအုပ်ကြီးနဲ့ကြည့်ရတာမို့လို့ ပစ္စည်းတွေကို grind လုပ်နေတယ်မခံစားရတော့ဘဲ အစီရင်အတွက်လိုက်ရှာနေတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေတာပါ။ npc တွေနဲ့စကားပြောပြီး quest လုပ်လိုက်၊quest complete ဖို့ရာလိုအပ်တဲ့ပစ္စည်းလိုက်ရှာလိုက်နဲ့ ဒီလိုပုံချည်းဘဲ ထပ်တလဲလဲဆော့နေရတော့ ကြာရင်ပျင်းသွားနိုင်တယ်ဆိုတာ developer တွေကသိပါတယ်။ဒါကြောင့် နေရာအသစ်တွေထည့်ပေးထားပြီး ပြောင်းလဲသွားတဲ့ environment style နဲ့ ရင်ဆိုင်ရတဲ့ enemy အသစ်တွေက player ကိုအမြဲတန်း refresh ဖြစ်စေပြီး ရိုးအီသွားတာမျိုးကိုမဖြစ်စေပါဘူး။gameplay ပုံစံက adventure ဆန်ပေမယ့် cozy vibe လေးသွားထားတာကြောင့် အရမ်းကြီးခက်မှာမဟုတ်ဘဲ လိုအပ်တဲ့ resources တွေကို Grimorie စာအုပ်ထဲမှာ အချိန်မရွေးပြန်ကြည့်လို့ရတာကြောင့် ပစ္စည်းရှာဖို့ရာခေါင်းအရမ်းစားစရာမလိုဘဲ အေးအေးဆေးဆေးဆော့ချင်သူတွေအတွက် အကိုက်ဖြစ်မဲ့ gameplay ပါ။ Review ===== ဒီဂိမ်းထဲမှာ admin သတိထားမိတာက fairytale ဆိုပေမယ့်လို့ dark fantasy ရဲ့အငွေ့သက်တွေကိုတွေ့ရတယ်။အထူးသဖြင့်တချို့သော character design တွေက monster ပုံစံပေါက်နေပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကလည်း နည်းနည်းစိတ်ခြောက်ခြားစရာကောင်းနေတာပါ။ဒါပေမယ့်လည်း hand-drawn 2d art style မှာ colorful ဖြစ်တဲ့ visual တွေကကြည့်ရတာ မျက်စိပဒါသဖြစ်ပါတယ်။အပေါ်မှာပြောသလိုဘဲ environment design အသစ်တွေနဲ့ player ကိုဆွဲခေါ်သွားသလို နောက်ခံတေးငြိမ့်ငြိမ့်လေးတွေကလည်း player ကိုဂိမ်းထဲမှာ ပိုပြီးနစ်မြောသွားစေပါတယ်။အထူးသဖြင့် Swamp biome မှာဆိုရင် ဖားအော်သံတွေ မိုးကျသံတဖြောက်ဖြောက်တွေက player ကိုအရမ်းကို relax ဖြစ်စေတာပါ။brother တို့အနေနဲ့ story

Repost from PREMIUM SPACE
Telegram Premium ⭐️ Telegram Premium Update Price List ⭐️ ($ Plan) ---------------------------- 1 Month - 21000 Ks(Login) SMS
Telegram Premium ⭐️ Telegram Premium Update Price List ⭐️ ($ Plan) ---------------------------- 1 Month - 21000 Ks(Login) SMS Fee - 8500 Ks (Login)
Gift Plan ($) Within 10 Mins(Official)
3 Months -   56000 Ks⭐️ 6 Months -   76500 Ks⭐️ 12 Months - 132000 Ks⭐️ ကြာချိန် - 10 မိနစ်
Note - $ Gift Plan တွေဝယ်မယ်ဆိုရင် username တစ်ခုသာ ပေးဖို့လိုအပ်ပါတယ်။✅
Mmk Link
3 Months - 49000 Ks 6 Months - 70000 Ks 12 Months - 120000 Ks ကြာချိန် - (၁နာရီအတွင်း) Telegram Premiumအပြင် အခြားဝယ်ယူချင်တဲ့Itemတွေရှိရင်လဲ         ⤵️ 💘@ZoYENix💸 မှာစုံစမ်းဝယ်ယူနိုင်ပါတယ်။ Telegram Premium နဲ့ပတ်သက်ပြီးသိချင်ရင် အောက်က Linkကတစ်ဆင့်ဝင်ကြည့်နိုင်ပါတယ်။ https://t.me/PremiumSpaceMM/1249

မြို့တွေ၊ ရွာနဲ့ ခံတပ်တွေသိမ်းချင်ရင် အရင်ဆုံး လူလိုက်စုရပါမယ်။ မြို့တွေ ရွာတွေကနေ တပ်သားအသစ်တွေလိုက်ဝယ်၊ ကိုယ်လို Hero တွေကို အဖွဲ့ထဲခေါ်တာမျိုးတွေနဲ့ လူစုရတာပါ။ သာမန်စစ်သားအတွက် မြို့တွေကနေ အလွယ်တကူ ဝယ်လို့ရပေမယ့်လို့ Hero တွေကျတော့ အဲ့လိုမရတော့ဘူးဗျ။ သူတို့ခိုင်းတဲ့ Quest တွေ သေချာလုပ်ပေးတာမျိုး၊ လက်ဆောင်တွေ ပေးတာမျိုးတွေလုပ်ပြီးမှ မိတ်ဖွဲ့ရတာ။ အဖွဲ့သားတွေ များလာပြီဆိုရင်လည်း စားစရာအလုံအလောက်ရှိဖို့ လိုပါတယ်။ လိုအပ်တဲ့ပစ္စည်း Item အသေးတွေက Open World ထဲက လိုက်ကောက်လို့ရတယ်... Dungeon တွေထဲဝင်ရှာလို့ရပေမယ့် စားစရာတွေကကျတော့ Merchant တွေဆီမှာ ပိုပေါပါတယ်။ ဒီဘက်မြို့မှာ ဈေးပေါတဲ့ပစ္စည်းကိုဝယ်ပြီး တခြားမြို့မှာတော့ ဈေးကြီးကြီးနဲ့ ပြန် Trade တာလိုမျိုး စီးပွားရေး Strategy ပိုင်းတွေလည်း ပါပါတယ်။ ဒီလို Trade တာတွေ၊ Resources Management လုပ်ရတာတွေအပြင်ကိုမှ စစ်သားတွေ Level တက်တဲ့အခါမှာ တစ်ယောက်ချင်းစီကို Upgrade မြှင့်ပြီး Micro Management လုပ်ရသေးတာပါ။ မြို့တွေ ခံတပ်တွေသိမ်းပြီးရင်တော့ ဒီမြို့က ရန်သူ့တပ်နဲ့ ဝေးလား နီးလားကြည့်ပြီး၊ ဝေးရင် စီးပွားရေးနဲ့ပတ်သတ်တဲ့ Building တွေဆောက်... နီးရင်တော့ Military Building တွေဆောက်ပြီး Total War ဂိမ်းတွေလို Macro Management လုပ်ရပြန်ပါတယ်။ ပြောရရင် Player အနေနဲ့ ဂိုဏ်းကွဲနေတဲ့ Faction တွေကို ပြန်လည်စုစည်းစေမလား ဒါမှမဟုတ် ဖရိုဖရဲအခြေအနေတွေကို အသုံးချပြီး ကန္တာရတစ်ခုလုံးကို သိမ်းမလားဆိုတာ ရွေးချယ်ခွင့်ရှိတယ်။ Open World ဖြစ်တာကြောင့် ဒီ Quest ကိုမလုပ်ချင်ရင် Abandon လုပ်ပြီး တခြားလွယ်မယ့် Quest တစ်ခုကို လိုက်ရှာပြီး လုပ်လို့ရပါတယ်။story mode နဲ့ sandbox mode နှစ်ခုပါပြီး beginner တွေအတွက်ဆို quest တွေလုပ်ရင်း gameplay ပိုင်းကိုတဖြည်းဖြည်းနားလည်လာမယ့် story mode ကိုသာ‌ဆော့စေချင်ပါတယ်။gameplay သဘောတရားကိုနားလည်သွားမှသာ sandbox mode ထဲမှာသောင်းကျန်းကြပါ။ 📝 Review ====== Admin ဒီထဲမှာ သတိထားမိတာကတော့ သူ့ရဲ့ Attack Animation ပိုင်းတွေက Dota ဂိမ်းထဲကနဲ့ နည်းနည်းဆင်တူသလိုပဲ။ Dota ဂိမ်းထဲမှာလို လက်ကိုနောက်ပစ်ပြီး အရှိန်ယူတိုက်ခိုက်တဲ့ Swing Animation ပုံစံလုပ်ထားတော့ Dota ရဲ့ အငွေ့အသက်တွေကိုလည်း ခံစားမိတယ်။ နောက်ပြီး ကိုယ့်တပ်သားတွေကို အရှေ့မှာတိုက်ခိုင်းထားပြီး နောက်ကနေ Enemy တွေကို Spell နဲ့ ထိုင်ထုရတာလည်း အရသာတစ်မျိုးပါပဲ။ ဂိမ်းရဲ့ Action have Consequences (လုပ်ဆောင်ချက်တိုင်းမှာ နောက်ဆက်တွဲရလဒ်ရှိခြင်း) စနစ်ကလည်း တစ်ခုခု ဆုံးဖြတ်ချက်မချခင်မှာ Player ကို နောက်တစ်ခါ ပြန်စဉ်းစားမိစေပါတယ်။ ဥပမာ - Bandit Camp တစ်ခုကို ဝင်သိမ်းတော့မယ်ဆိုရင် နိုင်ရင်တော့ အဲ့ဒီစခန်းကို ကိုယ်ရမယ်၊ ရှုံးရင်တော့ ကိုယ့်တပ်သားတွေ အဖမ်းခံရသလို ကိုယ့်ဆီက ပစ္စည်းတွေလည်း ဆုံးရှုံးသွားရမှာမျိုးပါ။ စစချင်းတုန်းက "ဘာဂိမ်းကြီးလဲ၊ ဘာလုပ်ရမှန်းမသိဘူး" ဆိုပြီး ဖျက်ချင်စိတ် ပေါ်ခဲ့ပေမယ့် သေချာဆော့ရင်း ဂိမ်းရဲ့ Deep Mechanic ကို နားလည်သွားတဲ့အခါ တော်တော်လေး စွဲပါတယ်။ Gameplay မိုက်ပေမယ့် Casual Player တွေအတွက်တော့ လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။ မြေပုံမှာ ဘာလုပ်ရမယ်ဆိုပြီး Quest Marker တွေမပါဘဲ Open World ကို ကိုယ်တိုင် Explore လုပ်၊ NPC တွေနဲ့စကားပြောပြီး သူတို့ဘာပြောလဲဆိုတာ စာကို သေချာဖတ်ရင်းနဲ့မှ ဘာလုပ်ရမယ်ဆိုတာနဲ့ ဂိမ်းရဲ့ Lore ကို သိနိုင်တာမျိုးမို့လို့ သာမာန် Player တွေအတွက်ဆို အရမ်းလည်းခက်ပြီး "ဘာဂိမ်းကြီးမှန်းမသိဘူး" ဆိုပြီးဖြစ်သွားကြမှာပါ။ လူတော်တော်များများက 2.5d လို့ပြောကြပေမယ့် ကျနော်ကတော့ 2d ကို 3d လို့ထင်အောင် top down view (အပေါ်စီးကကြည့်ရတဲ့ view) နဲ့လှည့်စားထားတယ်လို့ဘဲမြင်မိပါတယ်။ touch screen control ပိုင်းက စစထွက်ချင်းတုန်းက UI သေးလို့ အဆင်မပြေဖြစ်ခဲ့ကြပေမယ့် အခု update မှာတော့ တော်တော်လေးအဆင်ပြေလာပါတယ်။UI တစ်ခုနဲ့တစ်ခုကြားမှာလိုအပ်သ‌လောက် space ခြားထားတာမို့လို့ skill တွေမှားနှိပ်တာမျိုးမဖြစ်တော့ပါဘူး။mobile game တစ်ခုအတွက် animation ပိုင်းတွေကအရမ်း fluid ဖြစ်သလို ၀တ်ရုံတွေလေပေါ်ဝဲနေတာတွေအထိတော်တော်ကြည့်ကောင်းပါတယ်။အားနည်းချက်လေးတစ်ခုကတော့ ဂိမ်းရဲ့အသံပိုင်းတွေကိုအားမရမိတာပါ။AAA ဂိမ်းတွေလိုမျိုး voice acting ပိုင်းတွေ စိတ်လှုပ်ရှားစရာနောက်ခံတီးလုံးတွေထည့်မထားတာကြောင့် ဂိမ်းထဲကိုသိပ်ပြီး immerse ဖြစ်တယ်လို့မခံစားရပါဘူး။ စာလည်းတော်တော်ရှည်နေပါပြီ။ကျန်တာတွေကအရေးမကြီးလို့ထည့်မရေးတော့ပါဘူး။ ===== Size - 1.95gb Type - offline Link - comment Minimum requirements - Android 6.0,Ram 4, Snapdragon 680+ ===== #Action #Strategy

Sand of Salzaar (Android / iOS) ဒီတစ်ခါတော့ စစ်သားတွေစု၊ မြို့တွေ၊ ရွာတွေနဲ့ ခံတပ်တွေကို လိုက်သိမ်းချင်သူတွေအတွက် High-Fantasy Xianxia ကမ္ဘာကြီးထဲကို အလည်ခေါ်သွားချင်ပါတယ်။ Sand of Salzaar ဆိုတာ သူ့ကိုယ်ပိုင်ဟန်နဲ့သူ တော်တော်ဆော့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Player အများစုက Mount & Blade နဲ့ Diablo ဂိမ်းနှစ်ခု ပေါင်းစပ်ထားတယ်လို့ ပြောကြပါတယ်။ အထူးသဖြင့် Unique ဖြစ်တဲ့ Gameplay ကို ခံစားချင်သူတွေနဲ့ Gaming Experience အသစ်ရချင်တဲ့ Hardcore Gamer တွေ မဖြစ်မနေ စမ်းဆော့ကြည့်သင့်ပါတယ်။ 📜 Story ==== Sand of Salzaar ဂိမ်းကြီးကို စတင်စေခဲ့တာက Black Sun War လို့ခေါ်တဲ့ အဖြစ်အပျက်ကြောင့်ပါ။ ဇာတ်အိမ်တည်ရာ Salzaar ကန္တာရကြီးကို အရင်တုန်းက Old Elms ဆိုတဲ့ အင်အားကြီး အင်ပါယာကြီးတစ်ခုက အုပ်ချုပ်ပါတယ်။ ဂိမ်းဇာတ်လမ်းမစတင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီ Salzaar ကန္တာရအတွင်းမှာ နေကြတ်ခဲ့ပါတယ်။ ဒါကို ဂိမ်းထဲမှာ Black Sun ဖြစ်တယ် (နေအမဲရောင် ပြောင်းလဲသွားတယ်) လို့ ပြောကြတာပါ။ နေကြတ်ခြင်းနဲ့အတူ မြေအောက်ကမ္ဘာက Ifrit နတ်ဆိုးတွေ နိုးထလာခဲ့ကြပြီး လူသားတွေရဲ့ ကမ္ဘာကို ကျူးကျော်ခဲ့ကြတာကြောင့် လူသားတွေက ပြန်လည်ခုခံခဲ့ကြပါတယ်။ ဒီစစ်ပွဲကြီးကို Black Sun War လို့ ခေါ်ကြပြီး Ifrit တွေကိုတော့ သူတို့နေရပ်ဆီ ခက်ခက်ခဲခဲနဲ့ ပြန်လည်မောင်းထုတ်နိုင်ခဲ့ပါတယ်။ ပေးဆပ်မှုအနေနဲ့ကတော့ Old Elms အင်ပါယာကြီး တစ်စစီ ပျက်စီးသွားခဲ့ရပါတယ်။ အုပ်ချုပ်သူမရှိတဲ့ Salzaar ကန္တာရကြီးက ဖရိုဖရဲဖြစ်ကုန်ပြီး အာဏာလုနေကြတဲ့ ဂိုဏ်းကြီး Faction ငါးခု ပေါ်ပေါက်လာပါတယ်။ ဒီလို လူသားတွေ အာဏာလုနေကြချိန်မှာပဲ Ifrit တွေ တစ်ခါပြန်ပေါ်လာပြီး လူသားတွေရဲ့ နယ်မြေကို နောက်တစ်ခါ ဖျက်ဆီးဖို့ ကြိုးစားလာပြန်ပါတယ်။ Player ကတော့ ကန္တာရထဲကို အကြောင်းတရားတစ်ခုခုကြောင့် ရောက်လာတဲ့ Character နေရာကနေ ဆော့ရမှာဖြစ်ပြီး Quest တွေလိုက်လုပ်ရင်း ဇာတ်လမ်းကို နားလည်လာပြီး၊လူသားတွေကို အမျိုးဖြုတ်ဖို့ကြံနေတဲ့ Ifrit တွေကို နှိမ်နင်းရမှာပါ။ ဒါပေမယ့် ဇာတ်လမ်းက အဲ့လောက်ရိုးရှင်းနေတာမဟုတ်ဘဲ နောက်ပိုင်းမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်း (Plot Twists) တွေကိုပါ ကြုံရဦးမှာပါ။ 🎮 Gameplay (စာရှည်ပါမယ်) ======== ဂိမ်းစစချင်းမှာ Brother တို့ကို Character အရင်ရွေးခိုင်းတာကို တွေ့ရလိမ့်မယ်ဗျ။ ဒီ Character ရွေးချယ်မှုက ဂိမ်းရဲ့ အဓိကဇာတ်လမ်းကို မပြောင်းလဲပေမယ့်လို့ Quest လုပ်ရတာတွေနဲ့ Gameplay ပိုင်းကိုတော့ တော်တော်သက်ရောက်မှုရှိတယ်။ Character တွေအောက်မှာ Exclusive Plot ဆိုတာတွေက သူတို့မှာ ကိုယ်ပိုင်ဇာတ်ကြောင်းတွေရှိပြီး Main Quest အပြင်ကိုမှ သူတို့ကိုယ်ပိုင်ဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ Quest အချို့ကိုပါ လုပ်ရပါတယ်။ ဥပမာ - ပထမဆုံး Spiritmancer ဆိုရင် သေရွာပြန်တစ်ယောက်ဖြစ်ပြီး သူ့ကို ဒုက္ခပေးခဲ့တဲ့ ဇနီးဖြစ်သူကို ဂလဲ့စားချေဖို့ရာ Salzaar ဆီကို ရောက်လာခဲ့တာပါ။ Jackal ကိုရွေးရင်တော့ ဓားပြခေါင်းဆောင်ဖြစ်ပြီး စစချင်းမှာ နောက်လိုက်အနည်းငယ်နဲ့ စရတတ်ပြီး လူအင်အားပိုတောင့်ပါတယ်။ ဒါပေမယ့် ဓားပြအဖွဲ့ဖြစ်တာနဲ့အညီ တခြားအဖွဲ့တွေနဲ့ ရန်ညှိုးတွေ ရှိနေပြန်ပါတယ်။ ဒါကြောင့် Character ရွေးလိုက်တဲ့အပေါ်မှာ NPC တွေရဲ့ တုန့်ပြန်မှုက တူမှာမဟုတ်သလို သူတို့မှာ အားနည်းချက် အားသာချက်တွေ ရှိကြတာပေါ့။ စစဆော့မယ့် Beginner ဆိုရင် Difficulty နိမ့်တဲ့ Spiritmancer နဲ့ Jackal ကို ရွေးစေချင်တယ်ဗျ။ဂိမ်းစပြီဆိုတာနဲ့ Brother တို့အနေနဲ့ မြို့တွေ ချက်ချင်းလိုက်သိမ်းလို့မရပါဘူး။ပထမဦးစားပေးက Character ကို Level တက်အောင် လုပ်မှရပါမယ်။ မြို့ထဲက Tavern တွေထဲက စိန်ခေါ်ပွဲတွေဝင်ချတာမျိုး၊ မြို့ပြင်က ဓားပြအဖွဲ့လေးတွေ လိုက်ချတာမျိုးလုပ်ရင် ပိုက်ဆံလည်းရ Levelလည်း တက်ပါတယ်။ Quest တွေအနေနဲ့လည်း စုံလင်တယ်ပြောရမှာဖြစ်ပြီး Story Quest အပြင်ကိုမှ ပစ္စည်းရှာရတဲ့ Quest တွေ၊ လူလိုက်ရှာရတာမျိုးနဲ့ ရွာတွေဆီကို စာပို့ပေးတာလိုမျိုး Side Quest အသေးလေးတွေလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်။ ဒီလို Side Quest လေးတွေလုပ်ပေးရင် ပိုက်ဆံရမယ့်အပြင်ကိုမှ အဲ့ဒီမြို့နဲ့ Favorability (ခင်မင်မှု) တွေ တက်လာမှာပါ။ 💡 Beginner များအတွက် အကြံပြုချက်: ====== Beginner တွေဆိုရင်တော့ စစချင်း လူလိုက်ရှာရတာလိုမျိုး Side Quest တွေ လက်မခံစေချင်ဘူး။ ဘာလို့ဆို အဲ့ရှာရမယ့်လူတွေက မြေပုံအနှံ့ လျှောက်သွားနေတော့ ဘယ်နေရာကို လိုက်ရှာရမှန်းမသိ ဖြစ်စေတာ။ ဒါပေမယ့် တချို့သော ခရီးသွားကုန်သည်တွေ ဒါမှမဟုတ် မြို့ Tavern မှာရှိတဲ့ အရက်ဆိုင်ပိုင်ရှင်ကို ပိုက်ဆံပေးပြီး အဲ့ဒီလူ ဘယ်နေရာမှာ ရှိနေလဲ စုံစမ်းလို့ရပါတယ်။ Gameplay ပုံစံကို အသေးစိတ်ရေးရင် တော်တော်ရှည်မှာစိုးလို့ အသေးစိတ်မရေးတော့ဘဲ လူတွေစုပြီး မြို့တွေသိမ်းပုံ ကို ဆက်ပြောပြမယ်။

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT Plus📱
About Chat GPT
Gemini Pro 📱
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင်လဲ ⤵️ Admin💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

𝐞𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐦𝐨𝐛𝐢𝐥𝐞ဆော့ကြတယ်ဆိုရင်ဒီ𝐂𝐡𝐚𝐧𝐧𝐞𝐥လေးနဲ့ မိတ်ဆက်ပေးချင်တယ် 𝑻𝒖𝒏𝑻𝒂𝒊𝒏𝒀𝒂𝒏𝑶𝒐ဆီမှာ 𝐞𝐅𝐨𝐨
𝐞𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐦𝐨𝐛𝐢𝐥𝐞ဆော့ကြတယ်ဆိုရင်ဒီ𝐂𝐡𝐚𝐧𝐧𝐞𝐥လေးနဲ့ မိတ်ဆက်ပေးချင်တယ် 𝑻𝒖𝒏𝑻𝒂𝒊𝒏𝒀𝒂𝒏𝑶𝒐ဆီမှာ 𝐞𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐬အစုံကို ငွေစင်တခါတည်းဝယ်ရသလို အရစ်ကျပါယူလို့ရတယ် 𝐂𝐨𝐢𝐧ထည့်ချင်ရင်လည်းရသေးတာဗျာ နောက်ပြီးတော့ တစ်လအတွင်းတစ်သိန်းဖိုးပြည့်အောင်ဝန်ဆောင်မှုယူပြီးတာနဲ့ လကုန်ရင် 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝐑𝐞𝐭𝐫𝐨 𝐉𝐞𝐫𝐬𝐞𝐲တစ်ထည်ရနိုင်မယ့်ကံစမ်းမဲတိုကင်ပါပြန်ရဦးမယ် 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐬တွေ ဆော့ဝသွားလို့ပြန်သွင်းချင်ရင် %ခွာပြီးချက်ချင်းပြန်ယူပေးတယ် အလဲထပ်လည်းလုပ်ပေးတယ် တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဝန်ဆောင်မှုပေးနေတာမို့ တကြိမ်လောက် 𝐂𝐡𝐚𝐧𝐧𝐞𝐥ဆီအလည်လာဖို့ဖိတ်ခေါ်ပါတယ် ချန်နယ်ဝင်ရန်📎 https://t.me/tuntainyanoopes 👑စကားပြောရန် https://t.me/tuntainyanoo888