cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

သတင်းမှန် ဖိုးစီ

ပြည်သူနဲ့တသားတည်း ရပ်တည်နေတဲ့ ပြည်သူ့ဘက်တော်သား 4C

إظهار المزيد
مشاركات الإعلانات
89 196
المشتركون
+49924 ساعات
+3 1627 أيام
+9 65030 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

"အကြမ်းဖက်" ငမဲလုံးက စခဲ့တဲ့ ဇာတ်လမ်းပဲ ပြောရမှာပေါ့လေ။ ၂၀၂၁ အကုန်လောက်ကစပြီး PDF တွေကို အကြမ်းဖက် လို့ သမုတ်ကာ စစ်တပ်ပိုင် မြဝတီနဲ့ MRTV ရုပ်သံတွေကနေ ကလိမ်စေ့ ငြမ်းဆင်ပြီး ပေါက်လွှတ်ပဲစားတွေ တွင်တွင်ကျယ်ကျယ် ပြောလာခဲ့တယ်။ အဲ့ကတည်းက အညာသား PDF တွေ အချင်းချင်းတွေ့ရင် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြတော့တာပါပဲ။ "ဟျောင့်.. အကြမ်းဖက်ကောင်.. ဒီနေ့ ဘာ ယုတ်မာပြီးပြီလဲ" "ဒီနေ့တော့ ပွဲရလိုက်တယ် သားရီးရေ.." "ဟေ.. ဟုတ်လား.. နတ်သားလေး ဘယ်နှပါး သေသွားတုန်း" အမယ် ပြောပေါက် ဆိုပေါက်က ကြည့်ဦး။ ပြည်သူတွေက စစ်ခွေးပါလို့ စပြီး ပြောနေချိန်မှာ ဒင်းတို့က နတ်သားလေး တဲ့.. 😂 ကိုယ်တိုင်လုပ် တစ်ပွိုင့်ခင်း မိုင်းလေးတွေနဲ့ (အဲ့ချိန်က ပဒေသာမိုင်းတွေတောင် မသုံးနိုင်ကြသေး) စစ်မိစ္ဆာတွေကို စပြီး သတ်ခဲ့ကြတဲ့ အချိန်ပေါ့။ EAO တွေက ကြိတ်ပြီး စစ်ရေး ပြင်ဆင်နေဆဲ ကာလမှာ စစ်ကိုင်း မကွေးက အညာသားတွေက မိုင်းတွေနဲ့ စပြီး တဇွတ်ထိုး ဆော်နေကြပြီ။ တူမီးနဲ့ စခဲ့တဲ့ ဒီတော်လှန်ရေး။ စစ်တပ်ဘက်က တူမီးအကြောင်း လုပ်လုပ်သေနတ်တွေအကြောင်း ကောင်းကောင်းသိတာပေါ့။ လုံးဝ အလုပ်မဖြစ်နိုင်ဘူး ဆိုတာကို။ ဒါပေမယ့် သူတို့တွေ အငိုက်မိသွားတာက မိုင်း။ အညာသား PDF တွေရဲ့ မိုင်းထုတ်လုပ်မှုအားက ဘယ်လောက်အထိ ထိရောက် အောင်မြင်ခဲ့လဲ ဆိုရင် စစ်ရှုံးကောင်စီက မိုင်းထုတ်လုပ်ဖို့ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ ဖြစ်တဲ့ ဓာတ်မြေဩဇာတွေ၊ အိမ်ဆောက်ပစ္စည်း သံချောင်းတွေ၊ ရေတွင်းတူးတဲ့ ၄ လက်မ ဖိုက်ဘာပိုက်တွေကို အရောင်းအဝယ် မလုပ်ကြဖို့ ဖမ်းဆီး ပိတ်ပင်ရတဲ့ အထိပါပဲ။ အညာမိုင်းတွေရဲ့ ထိရောက်မှုကလား? ခွေးတွေ သေလိုက်ကြတာမှ အတုံးအရုံး။ အဲ့ချိန်က စစ်တပ်ဘက်မှာ ဂျန်မာတွေ မရှိသေးဘူး၊ ကားတွေကို သံပြား မကာရသေးဘူး။ စစ်တပ်နဲ့ ရဲတွေက မြို့ပေါ်ကနေ ရွာတွေဘက်ကို ဆင်းရင်လဲ အုပ်လိုက်ကြီးတွေ သွားကြလာကြတာ။ (စကားမစပ် စစ်တပ်မှာ တော်တန်ရုံ ကျည်မဖောက်နိုင် မိုင်းစ မထိမှန်နိုင်တဲ့ သံပြား အထူကြီးတွေ ကာထားတဲ့ အလုံပိတ် ကားတွေကို စပြီး အသုံးပြုခဲ့ကြတာက အညာဒေသပဲ) နောက်တစ်ချက် တော်လှန်ရေးဘက်က မိုင်းတွေနဲ့ စစ်တပ်က သုံးခဲ့တဲ့ မိုင်းတွေရဲ့ အဓိက ကွာခြားချက်က ထိရောက်မှု အကွာအဝေးနဲ့ မိုင်းပြင်းအားပဲ။ စစ်တပ်က ပေ ၅၀ ပတ်လည်လောက်သာ ထိချက်ကောင်းတဲ့ မိုင်းကိုပဲ အမြင့်ဆုံး တွေ့ဘူးကြုံဘူးချိန်မှာ PDF တွေရဲ့ မိုင်းက ပေ ၂၀၀ ပတ်လည်အထိ ထိချက်ကောင်းခဲ့တယ်။ ရှေ့ထွက်မိုင်း ဆိုရင် ပေ ၁၀၀၀ အထိ ပြေးမလွတ်ဘူး။ အဲ့တော့လဲ နတ်သားလေးတွေ ခမျာ မသေခံနိုင်ရိုးလား။ ပြင်းအား အနေနဲ့ ဆိုရင်လဲ တစ်ပွိုင့်လောက် ချက်ကောင်းထိလိုက်ရင်ကို ကားပေါ်ပါတဲ့ကောင်တွေ အတုံးအရုံး သေကြတဲ့အပြင် တိုပြတ် ကျိုးကန်း ဖွာလွန်ကြဲတွေနဲ့ တစ်ယောက်မှ မလွတ်သလောက်ပဲ။ တစ်လုံးခင်း မိုင်းနဲ့ကို ၄/၅ ကောင် သေပြီး ခြေပြတ် လက်ပြတ်တွေ တပုံကြီး ဖြစ်ကုန်ကြတာ မယုံမရှိနဲ့။ ယမ်းအားကို မချိန်ဆတတ်သေးတော့ ပိုထည့်ပြီး လုပ်ခဲ့ကြတာတွေလဲ ပါတာပေါ့လေ။ ၃ စိ တစ်ကောင် ဆိုရင် မိုင်းထိပြီး ခြေနှစ်ချာင်းလုံး ပြတ်ထွက်သွားချိန်မှာ သူ့ကို ပစ်သတ်ပေးဖို့ သူ့အောက်က ကောင်တွေကို တောင်းဆိုခဲ့ရတဲ့အထိ ဆော်ခဲ့ကြတာ။ အက်ကောင်လဲ ဆေးရုံအရောက် သေတာပါပဲ။ ဆိုတော့ စစ်ခွေးတွေ သေသလိုမျိုး PDF တွေရော မထိဘူးလား ဆိုရင် ကိုယ့်မိုင်းနဲ့ကိုယ် လုပ်ရင်းကိုင်ရင်း ထိတာပါပဲ။ လက်ရှိအချိန်အထိလဲ error ဖြစ်ပြီး ထိနေကြဆဲ။ ဒါပေမယ့် အညာသား PDF တွေ ရပ်တန့်သွားလားဆို ဆက်ပြီး လျှောက်မြဲ လျှောက်နေကြဆဲ။ စစ်ကိုင်း မကွေး ဒေသတွေမှာ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲကြီးတွေ အများကြီး မဖော်ဆောင်နိုင်ကြသေးပေမယ့် ၃ နှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ အင်အားကို ပြုန်းတီးစေခဲ့တဲ့ အရေအတွက်ဟာ သောင်းဂဏန်းအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြောက်ကျား နည်းဗျူဟာအရ စစ်မိစ္ဆာတွေကို ဆက်ပြီး တိုက်နေ သတ်နေကြဆဲ။ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်လက်နက် ကိုယ်ဝယ်ပြီးတော့ကို တော်လှန်နေကြဆဲ။ အင်အား ၁၀/၁၅ ယောက်လောက်ပဲ ရှိတဲ့ LPDF နဲ့ NUG PDF တပ်ဖွဲ့တွေ စုဖွဲ့ပြီး မစ်ရှင်တွေ ဖော်နေကြဆဲ။ အခုတော့ MOD ရဲ့ အထောက်အပံ့တွေ မဟာမိတ် EAO တွေ မျှဝေပေးမှုတွေကြောင့် အညာသားတွေမှာလဲ K Series, MA Series ကိုယ်စီနဲ့.. 🙂 ဟုတ်ကဲ့.. အညာသား PDF တွေက အလှူငွေ မဘုံးတတ်ကြတဲ့ အကြမ်းဖက်တွေပါ..။ #4C_TruthNews
إظهار الكل...
230👍 108👏 10😱 2🤣 1
Photo unavailableShow in Telegram
"Before and After နေဝင်ချိန် ခမ်းနားနေမှုကြီး" အ..ဟစ်..ဟစ်.. 🤣 #4C_TruthNews
إظهار الكل...
🤣 304👍 122👏 11 9😱 5❤‍🔥 1
Photo unavailableShow in Telegram
အေးလေ.. အေးလေ..အခုတော့ တောင်ကျောင်းမမီ မြောက်ကျောင်းမမီတဲ့ ရွာဆော်ကြီး ခွေးလို ဖစ်နေဘီယေ.. အ..ဟစ်..ဟစ်.. 🤣 #4C_TruthNews
إظهار الكل...
😁 255👍 64🤣 25 2
02:04
Video unavailableShow in Telegram
ခွေးတွေက ခွေးဇာတ်ခင်းကြတာ.မဆန်းပေမယ့် ခွေးတွေကိုမှ ဆရာတင်နေကြသူများကိုတော့ ဘယ်သူမှန်သလဲလို့ငြင်းမနေတော့ဘဲ ဘယ်သူကျန်ခဲ့သလဲဆိုတဲ့အချိန်အထိ ဆက်သွားကြတာက အကောင်းဆုံးပါဘဲ
စောအယ်မူး #KyimyindaingNetworks
إظهار الكل...
videoplayback.mp48.50 MB
👏 145👍 93 18
Photo unavailableShow in Telegram
"စစ်ရှုံးကောင်စီ ပြိုလဲချိန် နီးပြီလား" ■ တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် စစ်ရှုံးကောင်စီ သတ်မှတ် တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ရှုံးကောင်စီက ဇူလိုင်လ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ စစ်ရှုံးကောင်စီ ပြိုလဲဖို့ နီးလာတာနဲ့ တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တာက ဘာဆက်စပ်ရှိလဲလို့ မေးလာခဲ့ရင် ကြံ့ဖွတ် အစိုးရလက်ထက် သူတို့ ပြုတ်တော့မယ် ဆိုတာ သေချာသလောက် ဖြစ်လာချိန်မှာ နောက်တက်လာမယ့် အစိုးရကို အကျပ်အတည်း ဖြစ်အောင် မွှေခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ပထမ တစ်ချက်က စစ်တပ်ရဲ့ ဥပဒေတွေကို ကာချုပ်လက်ထဲ ဝကွက်ပြီး အပ်ခဲ့တာပါ။ အကျိုးဆက်ကတော့ ဒီကနေ့ ကြုံတွေ့နေရတဲ့ အခြေအနေပါပဲ။ ဒုတိယ တစ်ချက်က နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးခဲ့တာပါ။ ဝန်ထမ်းတွေဘက်ကပဲ ကြည့်ကြည့် နိုင်ငံတစ်ခုရဲ့ အဆင့်အတန်းကို အကဲဖြတ်ဖို့ပဲဆိုဆို ဝန်ထမ်းတွေကို လစာတိုးပေးခဲ့တာက သဘောကျစရာပါ။ ဒါပေမယ့် တချိန်လုံး ဥပေက္ခာပြုထားခဲ့ပြီး သူတို့တွေ ဆင်းရတော့မယ့် အချိန်ရောက်ကာမှ ကျေးဇူး အတင်ခံရတော့ သူတို့ အစိုးရ၊ ဘတ်ဂျက်ပြသနာ ကိုင်တွယ်ရမှာက နောက်အစိုးရ၊ ဒီလိုအကွက်နဲ့ လုပ်ချသွားခဲ့တာက စေတနာ ကောင်လွန်းလှတယ်လို့ မဆိုသာပါဘူး။ ဒါက ထင်ရှားတာတွေကိုပဲ ပြောပြတာ။ ဒီလို အကွက်တွေ အများကြီး ရှိသေးတယ်။ ထားပါတော့။ အခုလဲ တစ်နိုင်ငံလုံးက တော်လှန်ပြည်သူရော ဘောမတွေပါ တရုတ်အပေါ် သံသယတွေနဲ့ သတိထားပြီး စောင့်ကြည့်နေရတဲ့ အနေအထားမှာ တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ကြေညာလိုက်တယ်။ နောက်အစိုးရက ဖျက်ပစ်ပြန်ရင်လဲ တရုတ်နဲ့ ဆက်ဆံရေးက အိုးတိုးအမ်းတမ်း ဖြစ်ရပြန်မယ်။ ဆက်ပြီး အတည်ပြုပြန်ရင်လဲ ပြည်သူတွေရဲ့ သဘောထားက ဘယ်လို လာဦးမယ် မသိ။ ကန့်ကွက်ဖို့က ရာခိုင်နှုန်း များပါလိမ့်မယ်။ သေချာတာကတော့ ဒီအကွက်ကလဲ နောက်တက်လာမယ့် အစိုးရအတွက် အကြီးအကျယ် အိုးနင်းခွက်နင်း ဖြစ်စေမယ့်အကွက်။ မင်းအောင်လှိုင် အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကောင်းဖို့ မျက်နှာရဖို့ ဆိုတာထက် အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ အတွင်းစည်းမှာ စစ်ရှုံးကောင်စီ ပြိုလဲနိုင်တဲ့ အနေအထားကို သုံးသပ်မိနေပြီလို့ပဲ မှန်းဆရပါတယ်။ မဟုတ်ရင် တခြား ဘာအကြောင်း ဖြစ်မလဲ။ ဒီကိစ္စက သာမန် သွေးရိုးသားရိုး မဟုတ်တာတော့ ကျိန်းသေတယ်..။ #4C_TruthNews
إظهار الكل...
👍 594😁 55 24🤣 24👏 9🤬 8💯 6
4C က လိုင်းပေါ်က လေသမား မဟုတ်ဘူး မြေပြင်မှာ လက်တွေ့ လုပ်နေတဲ့ကောင်.. Channel ထောင်ပြီး စောက်ဆံ လိမ်စားနေတဲ့ကောင်လဲ မဟုတ်ဘူး.. လိမ်စားဖူး တောင်းစားဖူးရင် ကြိုက်တဲ့ကောင် လာပြော 😎 ချန်နယ်က တလရ အတွက် မြေပြင်မှာ လုပ်နေရင်း အားနေတဲ့ အချိန်မျိုးမှာ အချိန်ဖြုန်းရင်း ဖွင့်ထားတဲ့ သဘောပဲ.. ငစနူ လော်ဘီငဖား ဘောမတွေကို လည်မြိုနင်းရင်းပေါ့လေ.. လက်ရည်ချင်း တူမယ် ထင်လား.. မြေပြင် ဖွတ်ကျား လိုင်းပေါ် ဖွစားကောင်တွေ ငါ့​ခြေရာ နင်းနိုင်အောင် ကြိုးစားပါဦးကွာ.. ဟဲဟဲ.. 😇😇 #4C_TruthNews
إظهار الكل...
372👍 231👏 25🤣 16🏆 6😁 1🤔 1
"လက်နက်ကိုင် တော်လှန်ရေးမှတပါး အခြားမရှိ" 4C ချန်နယ်က လက်နက်ကိုင် တော်လှန်ရေးကို အပြည့်အဝ ယုံကြည် ထောက်ခံတဲ့ တော်လှန်ရေး ချန်နယ် စစ်စစ်ပါ။ လက်နက်ကိုင် တော်လှန်ရေးက လွဲရင် စစ်မိစ္ဆာတွေကို မျိုးဖြုတ်ပစ်ဖို့ တခြားနည်းလမ်း မရှိဘူးလို့ ခံယူထားတဲ့ ချန်နယ်။ 4C ရဲ့ ခံယူချက်က ရှင်းတယ်။ စစ်ခွေးတွေကို လက်နက်ကိုင်ပြီး တိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့တိုင်းကို ထောက်ခံတယ်။ တော်လှန်ရေးရဲ့ ဦးတည်ချက် ပန်းတိုင်ကို ဖျက်ဆီးနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပြစ်တင်ရှုပ်ချတယ်။ ဒီအချိန်က "လွတ်လပ်စွာ" ဆိုတဲ့ ဒီမိုကရေစီ စံနှုန်းတွေကို ခေတ္တခဏ မျက်ကွယ်ပြုထားရတဲ့ အချိန်ပါ။ အသက်တွေ ဘဝတွေ အနာဂတ်တွေနဲ့ ရင်းနှီးထားရတဲ့ ဒီတော်လှန်ရေးကို ဘယ်လိုနည်းနဲ့မှ ပုံဖျက် မခံနိုင်ပါဘူး။ အာဏာရှင် ဆန်တယ်လို့ စွပ်စွဲရင်လဲ ပြိုင်မငြင်းပါဘူး။ တော်လှန်ရေးကာလ ကျင့်သုံးရတဲ့ နည်းလမ်းတွေက ဒီမိုကရေစီ စံနှုန်းတွေနဲ့ ဘယ်လိုမှ မတူနိုင်လို့ပါ။ ပြည်သူတွေ လွတ်လပ်ဖို့ ဒီလမ်းကိုပဲ ဆက်လျှောက်ရမှာပါ။ ဒါသည် တော်လှန်ရေး အပေါ်ထားတဲ့ 4C ရဲ့ သစ္စာတရားပါပဲ..။ #4C_TruthNews
إظهار الكل...
466👍 321🤣 20👏 10❤‍🔥 5💯 2🕊 1
Photo unavailableShow in Telegram
"တော်လှန်ရေးကို စောက်ဖောင်းထုတဲ့ ကိစ္စ" မပြောတော့ဘူး နေတာ.. စောက်ပိန်းတွေ သိအောင်လို့ ပြောလိုက်ဦးမယ်။ "အလိမ်ခံရလို့ ဆုံးရှုံးသွားတဲ့ အလှူငွေက အခု ရနေတာထက် ပိုများတယ်" လို့ ပြောတာက ဘယ်အချက်အလက်တွေကို ကိုးကားပြီး ပြောတာလဲ? အဲ့စကားက ဘယ်အထိ တာသွားလဲ သိကြလား။ ရည်ရွယ်ချက်က ဘာလဲ? ပြည်သူတွေကို တော်လှန်ရေး အတွက် မကူ မလှူတော့စေချင်တာလား? ဒီလောက် တွေးတတ်ရင် ရပြီ။ အဲ့လောက်မှ ဥာဏ်ရည် မမီရင် 4C ချန်နယ်ကနေ leave လုပ်လိုက်တော့.. OK! တော်လှန်ရေး ချန်နယ် ဖွင့်တိုင်းလဲ တော်လှန်ရေး ဘက်တော်သားလို့ ဘယ်သူက အာမခံပေးထားလဲ? ဘောမချန်နယ် ဖွင့်ထားပြီး ဖရဲသီး လုပ်ပေးနေတဲ့ ဖားပြုတ် လိုကောင်ကိုရော ဘာပြောမလဲ.. 😀 #4C_TruthNews
إظهار الكل...
👍 513👏 38 26😁 7❤‍🔥 4🤣 3
"စစ်မှုထမ်းဟောင်း အရာရှိကောင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ" MDY-PDF က သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဆိုတဲ့ ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) ကို စဥ့်ကူးမြို့နယ် စစ်ဆင်ရေး အတွင်းမှာ အရှင်ဖမ်းဆီးရမိခဲ့တယ်။ မှတ်ပုံတင်ထဲက အသက်နဲ့ ဒီကောင့် ရာထူးနဲ့ ချိန်ကြည့်ရင် ဒီကောင်လဲ စစ်မှုထမ်းဟောင်းထဲကနေ ပြန်ခေါ်ခဲ့တဲ့ကောင်ပဲ။ ဆိမ့်ကြရဲ့လား ဘောမတွေ.. 😀 #4C_TruthNews
إظهار الكل...
👍 569👏 93 31❤‍🔥 9🤣 4😢 3🏆 3
"စဉ့်ကူးမြို့နယ် အတွင်းရှိ ရွှေပြည် ရဲစခန်းနဲ့ ပင်လယ်ကြီး တပ်စခန်း အပါအဝင် စစ်ရှုံးကောင်စီ တပ်စခန်းပေါင်း (၁၁) ခုကို MDY-PDF တိုက်ခိုက်သိမ်းပိုက်" ■ စစ်ရှုံးကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅) ဦးကို အရှင်ဖမ်းဆီးရမိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ- စဉ့်ကူးမြို့နယ် အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်းနဲ့ ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း၊ စဉ့်ကူးမြို့နယ် အတွင်း ယခင်သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ရှုံးကောင်စီ တပ်စခန်းပေါင်း (၁၁) ခုအထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ စဉ့်ကူး စစ်ဆင်ရေးအတွင်း စစ်ရှုံးကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ချ အလင်းဝင်လာတဲ့ ပသစ (ပျူစောထီး) တပ်ဖွဲ့တွေလဲ ရှိခဲ့ကြောင်း၊ ဒါ့အပြင် စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ရှုံးကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့တဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့မှ တရားဝင် သတင်းထုတ်ပြန်ပါတယ်။ #4C_TruthNews
إظهار الكل...
401👍 233👏 48❤‍🔥 2🫡 2🤣 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.